ဓားစာခံသူရဲကောင်း
Vol. 33 Ch. 425
ဒါဇင်ကျော်လောက်ရှိသည့်စိတ်ဝိညာဥ်သားရဲတွေ ရောက်လာခဲ့သည်။
တစ်ယောက်ချင်းစီက နာမည်ကျော်အစွမ်းထက်ပုဂ္ဂိုလ်တွေဖြစ်သည့် အဖွဲ့က ကောင်းကင်ဘုံချိုင်ကြီးကဲ့သို့သော လက်ဝါးရာကြီးရှေ့မှာရပ်လိုက်ကြ၏။
သွေးနဂါး၏ အသားပြားကြီးကိုစိုက်ကြည့်ပြီး သူတို့မျက်ခွံ့တွေ အပြင်းအထန်ကျုံ့သွားကြ၏။
ကုန်းယွမ်ဘ ဒေါသကောစိတ်လှုပ်ရှားမှုကောနှစ်မျိုးလို့ဖြင့် ပြောလိုက်သည်။
"ဒါအမှန်ပဲ, ဒါအမှန်ပဲ..."
"ဒါက သန္ဓေသားအဆောင်ရဲ့တိုက်ခိုက်မှုပဲ..."
"ဒီအဆောင်ကို ဘယ်သူသုံးလိုက်တာလဲ...."
ဤအဆောင်ပိုင်ဆိုင်သည့်မည်သူမဆို ဧရာမဂိုဏ်းအကြီးအကဲကိုသတ်သည့်လူဆိုတာ သံသယရှိစရာမလိုပေ။
မကြာမီ...
သူတို့က အဝေးရှိဖြူလေးနှင့် အခြားလူတွေကို မြင်လိုက်ကြ၏။
"ဒါ ပျောက်သွားတဲ့ကင်းလှည့်အဖွဲ့မလား...."
"ပြီးတော့ သူတို့ကိုကယ်တဲ့တိမ်စိမ်းဂိုဏ်းတပည့်က ဂျန်ဖန်း..."
ဂျန်ဖန်း?...
ကုန်းယွမ်ဘနှုတ်ခမ်းတွေတွန့်လိမ်သွားပြီး အော်ပြောလိုက်၏။
"မင်းက ဒီမှာဘာလုပ်နေတာလဲ...."
"မင်းတစ်ခုခုဖြစ်သွားရင် ငါဘယ်လိုလုပ်မလဲ...."
ရှေ့ထွက်တော့မည့် ယွဲ့မင်ကျူး အံ့အားသင့်မှုကြောင့်အေးခဲသွား၏။
ခဏနေပါအုန်း, သူက ဧရာမဂိုဏ်းချုပ်လား?...
ဘာလို့ ဂျန်ဖန်းလုံခြုံရေးကို တိမ်စိမ်းဂိုဏ်းထက်တောင် ပိုဂရုစိုက်နေတာလဲ....
လူတိုင်း ပဟေဠိဖြစ်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
သူတို့မှတ်မိတာမှန်လျှင် ဧရာမဂိုဏ်းနှင့် တိမ်စိမ်းဂိုဏ်းကြားရှိဆက်ဆံရေးက မကောင်းပေ။
ကုန်းယွမ်ဘပါးစပ်မှဤစကားတွေကိုကြားသည့်အခါ တစ်မျိုးကြီးခံစားရ၏။
ကုန်းယွမ်ဘ လက်ထောက်ခန်းမသခင်နှစ်ယောက်၏အကျပ်ကိုင်ခံရတာကို ဝန်ခံဖို့မျက်နှာမရှိပေ။
သူက မှုန်ကုပ်သည့်မျက်နှာဖြင့်သာမေးလိုက်သည်။
"မင်းထိခိုက်မိသေးလား..."
ဂျန်ဖန်း လက်ချင်းယှက်ပြောလိုက်သည်။
"စီနီယာကုန်းရဲ့စိုးရိမ်မှုအတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်အဆင်ပြေပါတယ်...."
လက်ထောက်ခန်းမသခင် ၂ ယောက်၏စကားတွေက တကယ်ပဲ သြဇာကြီးတာတော့ ဝန်ခံရမည်ပင်။
ဂျန်ဖန်းလုံခြုံရေးကို အကြောက်ဆုံးလူက ကုန်းယွမ်ဘဖြစ်သွားစေခဲ့သည်။
ထိုအခါမှသာ ကုန်းယွမ်ဘသက်ပြင်းချနိုင်ပြီး မေးလိုက်သည်။
"မင်းတာဝန်က ဒီနေရာမှာဆိုတော့ သန္ဓေသားအဆောင်သုံးလိုက်တဲ့လူကို မြင်လိုက်သေးလား..."
ဂျန်ဖန်း သူ့နှာခေါင်းကို ပွတ်သပ်လိုက်သည်။
ဒါက မင်းအိမ်ကဆန်ခိုးကြွက်ကိုမေးနေတာနဲ့မတူဘူးလား....
တစ်ခဏတွေဝေနေပြီးနောက် သူက ပြန်ပြောလိုက်သည်။
"ကျွန်တော်သေသေချာချာမမြင်လိုက်ဘူး..."
ကုန်းယွမ်ဘ မျက်မှောင်ကြုတ်သွား၏။
"မင်းမြင်တာလား, မမြင်ဘူးလား။ ဘာကို သေချာမမြင်လိုက်တာလဲ..."
ဂျန်ဖန်းပြန်ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ အဲ့သန္ဓေသားအဆောင်သုံးတဲ့လူက ကန်ရေအောက်မှာပုန်းနေတဲ့ အစွမ်းထက်ဖြစ်တည်မှုတစ်ခုကို အသိပေးသလိုဖြစ်သွားလို့ပဲ..."
"ကျွန်တော့်မှာ သေချာတောင်ကြည့်ဖို့အချိန်မရှိလိုက်ဘူး။ အဲ့သတ္တဝါက သူတို့ကို အရိပ်တောင်မကျန်အောင် သတ်ဖြတ်ပြီးသွားပြီ..."
"ငါ့ဂိုဏ်းရဲ့မဟာအကြီးအကဲကိုသတ်နိုင်တဲ့လူတစ်ယောက်က သေချာပေါက် ရိုးစင်းမှာတော့မဟုတ်ဘူး...."
"ဘယ်လိုမကောင်းဆိုးဝါးမျိုးမိုလို့ သဲစွန်စတောင်မကျန်ပဲသတ်နိုင်သွားရတာလဲ..."
ကုန်းယွမ်ဘသံသယတွေ အဆက်မပြတ်ကြီးထွားလာခဲ့သည်။
သို့ပေမယ့်....
ဘယ်လိုဖြစ်တည်မှုမျိုးက သန္ဓေသားကျွမ်းကျင်သူ၏တိုက်ခိုက်မှုကို ခုခံနိုင်မည်နည်း။
သွေးနဂါးတောင် အသားပြားဖြစ်သွားရသည်မဟုတ်လား။
ထိုအခိုက်အတန့်၌ မြင့်မြတ်အကြီးအကဲတစ်ယောက် တစ်ခါက တိုင်ဟူရေကန်ဖြစ်ခဲ့ဖူးသည့် ချောက်နက်ကြီးကို စိုက်ကြည့်နေခဲ့သည်။
သူ့အသံထဲ၌ ကြောက်ရွံ့သည့်အရိပ်အယောင်တွေရှိနေခဲ့သည်။
"နတ်ဆိုးမျိုးနွယ်မှာ နတ်အသွင်ပြောင်းခြင်းအဆင့် နတ်ဆိုးဧကရာဇ်ထွက်ပေါ်လာတာလား..."
"တိုင်ဟူရေကန်ကိုတောင် လုံးလုံးလျားလျား အငွေ့ပျံသွားစေတယ်..."
"သန္ဓေသားကျင့်ကြံသူတစ်ယောက်မှာ ဒီလိုစွမ်းအားမျိုးမရှိဘူး..."
ထိုအခါမှသာ အဖွဲ့သိလိုက်၏။
တစ်ခါက တောက်ပပြီး အနက်မသိရသည့်တိုင်ဟူရေကန်က ယခုချိန်မှာ လုံးဝကို ခြောက်ကပ်နေခဲ့သည်။
"အဲ့မှာ နန်းတော်တစ်ခုရှိတယ်..."
တစ်စုံတစ်ယောက်သတိထားမိသွားပြီး ကန်အောက်ခြေရှိ ပျက်စီးယိုယွင်းနေသည့်နန်းတော်ဆီအပြေးသွားလိုက်သည်။
တစ်ဝက်တစ်ပြတ်ပျက်စီးနေသည့်ဆိုင်းဘုဒ်မှ သူတို့က ၎င်း၏မူလကို မှန်းဆနိုင်ခဲ့၏။
"ဒါက နတ်ဆိုးမျိုးနွယ်ဘာသာစကားပဲ။ လီမီးတောက်ကောင်းကင်နန်းတော်...."
"ကြည့်ရတာ သာမန်မဟုတ်တဲ့တစ်စုံတစ်ခုကို ဒီနေရာမှာ ပျိုးထောင်ခဲ့တယ်နဲ့တူတယ်..."
"နတ်ဆိုးအင်ပါယာရဲ့စစ်ဗိုလ်ချုပ်တစ်ယောက် ဒီနေရာမှာပေါ်လာတာ အဓိပ္ပာယ်ရှိတယ်။ သူက ဒီပစ္စည်းထွက်လာတာကို စောင့်ကြပ်နေတာပဲဖြစ်မယ်..."
ဂျန်ဖန်းတိတ်တဆိတ် သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
ကောင်းကင်လောင်ကျွမ်းခြင်းပုလဲ ဓားစာခံဖြစ်သွားတာ ကျေးဇူးတင်ရမည်ပင်။
မဟုတ်လျှင် ယနေ့ သေချာပေါက်ရှင်းပြဖို့ခက်ပြီပင်။
ကုန်းယွမ်ဘ ပင့်သက်ရှိုက်လိုက်သည်။
"နတ်အသွင်ပြောင်းလဲခြင်းအဆင့်ဖြစ်တည်မှု...."
"ဒါ....ဒါက...ဂျန်ဖန်း, မင်း အဲ့တာဘာလဲဆိုတာမြင်လိုက်လား..."
ဂျန်ဖန်း ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲ၏တည်ရှိမှုကို မထုတ်ဖော်ရဲပေ။
သူက ထိတ်ထိတ်ပျာပျာဖြစ်မှုကိုရှောင်ရှားချင်ပြီး သတင်းနတ်ဆိုးမျိုးနွယ်တွေဆီမပျံ့အောင်ကာကွယ်ရမည်ဖြစ်သည်။
သူက မချိပြုံးပြုံးလိုက်သည်။
"အဲ့လိုကြောက်စရာဖြစ်တည်မှုမျိုးကို ကျွန်တော်ဘယ်လိုလုပ် ချောင်းကြည့်ရဲမှာလဲ..."
"လွတ်အောင်ပဲမနည်းပြေးလာရတာ..."
မည်သူမှ ထိုအရာကို သံသယမရှိပေ။
ကန်ရေတစ်ခုလုံးကို အငွေ့ပျံအောင်လုပ်နိုင်သည့်တစ်စုံတစ်ခုက ဘယ်လိုကြောက်စရာသတ္တဝါမျိုးဖြစ်နိုင်မည်နည်း။
သူတို့သာဆိုလျှင်လည်း ချောင်းကြည့်ရဲမည်မဟုတ်ပေ။
ကုန်းယွမ်ဘ ဒေါသနှင့် မခံချိမခံသာဖြစ်မှုကြားမှာ အချိန်အတော်ကြာဖြတ်ပြေးနေပြီး တွန့်ဆုတ်စွာ နှာမှုတ်လိုက်၏။
"အဲ့ကောင် အဲ့ဖြစ်တည်မှုလက်ထဲမှာသေသွားတာကံကောင်းတယ်ပြောရမယ်...."
"ငါ့ဧရာမဂိုဏ်းလက်ထဲရောက်လို့ကတော့ သေထာထက်ပိုဆိုးသွားစေရမယ်...
ထိုသို့ဖြင့်....
အုပ်စုက ပတ်ဝန်းကျင်ကို စတင်ရှာဖွေကြတော့၏။
ချော်ရည်ပူတွေထိထိုးဖောက်နေသည့် အပေါက်ကြီးကိုလည်း ရှာတွေ့ခဲ့ကြ၏။
၎င်းက သူတို့အား ကြောက်မက်ဖွယ်သတ္တဝါ၏ခွန်အားကို နောက်ထပ် သက်သေပြနိုင်ခဲ့သည်။
ပျက်စီးနေသည့်နန်းတော်ထဲရှိခွဲကြေနေသည့်ခုံးကောင်အခွံက အဖိုးတန်ရတနာတစ်ခုဖြစ်ပြီး အကြီးအကဲတွေ ခွဲဝေယူလိုက်ကြ၏။
သွေးနဂါးအလောင်းတောင်အညီအမျှခွဲဝေယူလိုက်ကြသည်။
အဖိုးတန်ဖိုး နတ်ဆိုးအမြုတေနှင့် စိတ်ဝိညာဥ်အသားပျက်ဆီးနေသော်လည်း...
အင်အားကြီးပုဂ္ဂိုလ်တွေ စုစည်းပြီး များစွာအားစိုက်ထုတ်ခဲ့ရ၍ သူတို့ကလက်ဗလာဖြင့် ပြန်မသွားနိုင်ပေ။
ပတ်ဝန်းကျင်ကိုရှင်းလင်းပြီးနောက်....
နောက်ထပ်သဲလွန်စမရှိတာသေချာမှ အဖွဲ့က တွန့်ဆုတ်စွာထွက်ခွာလာခဲ့ကြသည်။
ဂျန်ဖန်းအလျင်အမြန်ပဲ လူတိုင်းကိုဖြူလေးကျောပေါ်တက်ဖို့တိုက်တွန်းပြီး အတူတူထွက်ခွာသွားခဲ့ကြသည်။
ယွဲ့မင်ကျူး သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
သူမက အပြစ်တွေအားလုံးခံယူပြီး ကျောက်စိမ်းအဆောင်ကိုယူခဲ့ကြောင်းဝန်ခံဖို့ ပြင်ဆင်ပြီးပြီဖြစ်သည်။
ဂျန်ဖန်း မီရူနတ်ဆိုးအမြုတေဖြင့် ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲကို ဘယ်လိုလှည့်စားခဲ့တယ်ဆိုတာတွေးပြီး...
သူမက မနေနိုင်ပဲ ချီးကျူးလိုက်၏။
"ဂျန်ဖန်း, နင့်ရဲ့ဉာဏ်များမှုကတော့ အဆုံးမရှိပဲ..."
ဂျန်ဖန်း ပြန်ပြောလိုက်၏။
"မင်းရဲ့ချီးကျူမှုအတွက်ကျေးဇူးပါ...."
"လူတိုင်း, တက်ကြ..."
"အပြန်လမ်းက ဘေးကင်းမှာပါ...."
လျိုချင်းရှန်၏တင်းမာနေသည့်အာရုံကြောတွေ လျော့ကျသွားခဲ့သည်။
ဖြူလေး၏လှုပ်ယမ်းမှုနှင့်အတူ သူမခန္ဓာကိုယ်ကညင်သာစွာလိုက်ပါဝှေ့ယမ်းနေပြီး အလျှင်အမြန်ပဲ အိပ်ငိုက်လာခဲ့သည်။
ထို့နောက် ခေါင်းလေးစောင်းသွားပြီး ဂျန်ဖန်းရင်ခွင်ထဲလဲကျသွားခဲ့သည်။
သူမနောက်တစ်ကြိမ်နိုးလာသည့်အခါ...
ပတ်ဝန်းကျင်ရှိ ဆူညံသံတွေနဲ့ စကားပြောသံတွေကို ကြားလိုက်ရ၏။
မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ...
သူမတို့ နေဝင်မြို့လယ်ကိုရောက်နေတာကို သိလိုက်၏။
သူမကိုရှက်ရွံ့စွာစေတာက သူမကဂျန်ဖန်းရင်ခွင်ထဲမှာအိပ်ပျော်နေတာမှန်းသိလိုက်ရတာပဲဖြစ်သည်။
"လမ်းတစ်လျှောက်လုံး ငါအိပ်ပျော်နေခဲ့တာလား...."
အနည်းဆုံး တစ်နေ့နှင့်တစ်ညရှိ၏။
ယွဲ့မင်ကျူး ဟန်လုပ်ပြုံးလိုက်၏။
"ဂျန်ဖန်းက နင်ပိုကြာကြာအိပ်ဖို့ဆုတောင်းနေတာ။ ဒါမှ နင့်ကိုကြာကြာဖက်ထားလို့ရမှာလေ..."
လျိုချင်းရှန်၏ ပိုပိုနီရဲလာသည့်ပါးပြင်ကို လျစ်လျူရှူထားပြီး....
ယွဲ့မင်ကျူးမတ်တပ်ရပ်လိုက်ပြီး သူမအသံ၌ မနာလိုလှောင်ပြောင်မှုတွေပါဝင်နေခဲ့သည်။
"ကောင်းပြီလေ, နင့်ရဲ့အချစ်လေးကိုကယ်ဖို့ ငါကူညီပြီးပြီ...."
"ဒီနေရာမှာ လမ်းခွဲကြတာပေါ့...."
ဂျန်ဖန်း စိတ်ထဲမှာ အတော်လေးကျေးဇူးတင်နေခဲ့သည်။
တစ်ခဏစဥ်းစားပြီးနောက် သူက ဆက်သွယ်ရေးကျောက်စိမ်းလိပ်တစ်စုံကိုထုတ်ပြီး တစ်ခုကိုသူမအားပေးလိုက်သည်။
"မင်းတစ်ခုခုလိုအပ်တာရှိရင် ငါ့ကိုဆက်သွယ်လိုက်ပါ...."
"ဒီတစ်ကြိမ်မင်းရဲ့ကူညီမှုအတွက်ပြန်ပေးဆပ်တယ်လို့သဘောထားလိုက်..."
"ဟီ..ဟီ.. ငါသိသားပဲ နင် ငါ့ကို ဒီအတိုင်းထွက်မသွားခိုင်းပါဘူးလို့..."
ယွဲ့မင်ကျူး ဝမ်းသာအားရပြောလိုက်ပြီး ကျောက်စိမ်းစာလိပ်ကို ချက်ချင်းယူလိုက်သည်။
ဤအရာနှင့်ဆိုလျှင် သူတို့တွေဘယ်လောက်ပဲဝေးဝေး တစ်ယောက်နှင့်တစ်ယောက်အမြဲဆက်သွယ်နိုင်ပြီဖြစ်သည်။
သူမက စာလိပ်ကို လျို့ချင်းရှန်ရှေ့ ဂုဏ်ယူစွာဝှေ့ယမ်းပြလိုက်သည်။
"နတ်သမီးလျို, နင် နင့်လူကို အနီးကပ်သေချာစောင့်ကြည့်ထားတာပိုကောင်းမယ်..."
"တစ်နေ့နေ့မှာ ငါသူကိုခိုးသွားမှာတော့ နင်မလိုလားဘူးမလား..."
ထိုနောက်ပဲ့တင်ထပ်သည့်ရယ်သံတစ်ခုနှင့် ထွက်ခွာသွားခဲ့သည်။
လျိုချင်းရှန် ခြေဆောင့်ပြီး မေးလိုက်သည်။
"ဖန်း, အဲ့မိန်းမကဘယ်သူလဲ..."
အဆုံးမှာတော့ သူက သူမကို ပေါ်တင်စိန်ခေါ်သွားတာဖြစ်သည်။
ရဲတင်းလွန်းလှ၏။
ဂျန်ဖန်းရယ်လိုက်၏။
"သူမက ငါ့မိတ်တွေတစ်ယောက်ပါ။ ရမ္မက်ဂိုဏ်းတပည့်လေ။ နာမည်က ယွဲ့မင်ကျူးတဲ့..."
"ဒီတစ်ချိန် သွေးနဂါးနဲ့ပင်လယ်ညို့ဓာတ်တို့နဲ့ရင်ဆိုင်ရတော့ သူကငါလွတ်မြောက်နိုင်အောင် သူမကိုယ်သူမစတေးလုနီးပါးပဲ...."
ယွဲ့မင်ကျူး ဂျန်ဖန်းအတွက် သူမအသက်ကိုစတေးတာကြားတော့...
လျိုချင်းရှန်ဒေါသတွေပျောက်ကွယ်သွားခဲ့သည်။ ထိုအစား စူးအောင့်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် သူမ ဂျန်ဖန်းအတွက် ဤလောက်ထိ မလုပ်ပေးဖူးသောကြသောကြောင့်ပဲဖြစ်သည်။
"ဒါပေမယ့်... နင်ပြောတာ သူ့နာမည်က ယွဲ့မင်ကျူးနော်..."
လျိုချင်းရှန် မေးထောက်ပြီး အပြင်းအထန်မျက်မှောင်ကြုတ်နေခဲ့သည်။
"ဘာလို့ ဒီနာမည်က အရမ်းရင်းနှီးသလိုဖြစ်နေရတာလဲ..."