ဘယ်လိုအခွင့်အရေးနဲ့လဲ
Vol. 33 Ch. 426
ဂျန်ဖန်းရယ်ပြီးပြောလိုက်သည်။
"ဒီတော့ သူမက ဂုဏ်သတင်းအချို့ရှိတာပေါ့..."
"ကြည့်ရတာ ငါအသိဉာဏ်နည်းသွားပုံပဲ။ ရမ္မက်ဂိုဏ်းမှာ ဒီလိုပါရမီရှင်တပည့်ရှိတာ မသိလိုက်ဘူး..."
သို့ပေမယ့် လျိုချင်းရှန် ခေါင်းခါယမ်းလိုက်၏။
"မဟုတ်ဘူး, ငါ ဒီနာမည်ကို တပည့်တွေဆီကကြားဖူးတာမဟုတ်ဘူး..."
"မြင့်မြတ်အကြီးအကဲတွေဆီကကြားခဲ့ရတာ..."
ဟမ်?...
ဂျန်ဖန်း စိတ်ရှုပ်သည့်အမူအရာတစ်ခု ပြသလာ၏။
ဘာကြောင့် တိမ်စိမ်းဂိုဏ်းမြင့်မြတ်အကြီးအကဲတွေက ရမ္မက်ဂိုဏ်းတပည့်တစ်ယောက်အကြောင်းပြောရသနည်း။
ထို့ပြင် သူမက အချိန်အများစုကိုတံခါးပိတ်ကျင့်ကြံနေပြီး တွေ့ရခဲ၏။
"သူတို့ဘာပြောလဲ..."
ဂျန်ဖန်း မေးလိုက်သည်။
လျိုချင်းရှန် တစ်ခဏစဥ်းစားပြီး ပြောလိုက်သည်။
"ငါ မေ့သွားပြီ...."
"ဒီနာမည်က ကဗျာစာသားကနေယူထားပြီး နားထောင်လို့ကောင်းလို့ မှတ်မိနေတာ...."
"ကျန်တာတွေတော့ ဘာမှမမှတ်မိဘူး...."
ကဗျာ?....
ဂျန်ဖန်းတစ်ခဏတွေးလိုက်၏။
မကြာမီ ဘယ်ကဗျာကလည်းဆိုတာ ရှာတွေ့သွားခဲ့သည်။
"ပင်လယ်ထဲက ပုလဲမှာမျက်ရည်တွေနဲ လန်ထျန်းထဲက ကျောက်စိမ်းကတော့ နေရောင်အောက်မှာ တောက်ပနေတယ်..."
၎င်းက ဤကဗျာဖြစ်သင့်၏။
ယွဲ့မင်ကျူးဆိုသည့်နာမည်သုံးလုံးက သူ့ချည်းဆို တကယ်ပဲ အရမ်းကြီးနားထောင်လို့မကောင်းသလို နည်းနည်းတောင်ကြွားဝါသလိုဖြစ်နေခဲ့သည်။
သို့ပေမယ့် ဤကဗျာနှင့်ပေါင်းစပ်လိုက်သည့်အခါ အတော်လေး စိတ်ကူးယဥ်ဆန်သည့် အငွေ့အသက်တစ်ခုရှိသွားခဲ့သည်။
"မမှတ်မိရင်လည်းထားလိုက်တော့...."
"သိပ်ပြီး အရေးမကြီးပါဘူး...."
ဂျန်ဖန်းပြောလိုက်သည်။
လျိုချင်းရှန် ခေါင်းညိတ်လိုက်ပြီး တစ်ခဏတွေဝေနေပြီးနောက် ပြောလိုက်သည်။
"သူမက သူ့အသက်ထက်တောင် နင့်ကိုပိုဂရုစိုက်တယ်။ နင်လည်း အပြန်အလှန်အနေနဲ့ ကောင်းကောင်းဆက်ဆံသင့်တယ်..."
"အခွင့်ရေးရှိရင် ငါလည်း သူနဲ့ မိတ်ဆွေဖွဲ့ရမယ်...."
ဂျန်ဖန်း ကြောင်သွား၏။
လျိုချင်းရှန်က သဝန်တိုသင့်သည်မလား။
အစောပိုင်းကကဲ့သို့ပင်။
လျိုချင်းရှန်ဘာတွေတွေးနေလဲ သူတကယ်မသိတော့ပေ။
'ငါက ဖန်းကို ငါ့ခံစားချက်တွေထုတ်ပြခဲ့ပြီး သူက လက်ခံခဲ့ပေမယ့်....'
'ရှုရို့ရန်က ငါ ရှောင်လွဲလို့မရတဲ့တစ်ယောက်ပဲ...'
'သူမက အစစ်အမှန်သတို့သမီးလောင်းပဲ။ သူမသာလက်မခံရင် ငါနဲ့ဖန်း အတူတူရှိဖို့က ခက််သွားပြီ....'
'ပြီးတော့ ငါလည်း သူ့ကို ဦးမညွှတ်နိုင်ဘူး...'
'အဲ့ဒီအစား ယွဲ့မင်ကျူးနဲ့ပူးပေါင်းတာပိုကောင်းတယ်....'
'ဒါက အကူအညီဖြစ်မလားမသိပေမယ့် တစ်ယောက်တည်းတိုက်ခိုက်တာထက်စာရင်တော့ ပိုကောင်းတယ်....'
မကြာမီ....
နှစ်ယောက်သား ကွပ်ကဲရေးဠာနရှေ့ကိုရောက်လာခဲ့သည်။
နန်းကုန်းရှောင်းယွင် ပြန်ရောက်လာသည့်တပည့်တွေအတွက် တာဝန်တွေမှတ်တမ်းတင်ရတာနှင့် အလုပ်ရှုပ်နေခဲ့သည်။
ဂျန်ဖန်း၏အစောပိုင်းသတိပေးမှုကြောင့်ဖြစ်နိုင်၏။ သူမဒေါသက တကယ်ပဲ အများကြီးလျော့နည်းသွားခဲ့သည်။
ဂျန်ဖန်း ဖြူလေးကိုရှေ့သို့မောင်းလိုက်စဥ်မှာပဲ....
သတ်ဖြတ်လိုစိတ်အပြည့်နှင့် ၁၀ဇန်လောက်မြင့်သည့်သားရဲကြီးတစ်ကောင် ဖြူလေးကို ဒုန်းဆိုင်းဖြတ်ကျော်သွားခဲ့သည်။
၎င်း၏ကြီးမားသည့်ခွာကြီးတွေက သုံးဇန်မြင့်သည့် ဖြူးလေးကိုကျော်လုနီးပါးပင်။
"မင်းကြီးတော်, မျက်စိကန်းနေလား...."
ဖြူလေး ဒေါသတကြီးကျိန်ဆဲလိုက်၏။
လျိုချင်းရှန် သားရဲပိုင်ရှင်ကိုကြည့်ပြီး အလျှင်အမြန်ပြောလိုက်သည်။
"ရှူး... စကားမပြောနဲ့...."
ဂျန်ဖန်းစိတ်ရှုပ်စွာဖြင့်ကြည့်လိုက်ရာ ထွားကြိုင်သန်မာပြီး ရွှေရောင်အသားအရည်နှင့် အေးစက်စက်လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။
သူက ကျောပေါ်၌ ရှည်လျားသည့်ကောင်းကင်ပုဆိန်ကို လွယ်ထားခဲ့သည်။
သူ၏အပေါ်ပိုင်းဗလာခန္ဓာကိုယ်က ကြွက်သားအမျှောင်တွေထင်ရှားစွာပေါ်လွင်နေပြီး ဆောက်ဖြင့်ထွင်းထားသလိုပင်။
ပေါက်ကွဲထွက်တော့မည့်စွမ်းအားတွေနှင့် ပြည့်နှက်နေပြီး လူသားသားရဲတစ်ကောင်လို ထင်မြင်ချက်မျိုးပေးစွမ်းနေ၏။
"သူက ဧရာမဂိုဏ်းကလား...."
ဂျန်ဖန်းမေးလိုက်သည်။
ဧရာမဂိုဏ်းမှတပည့်တွေ၏အသွင်အပြင်က မှတ်မိဖို့လွယ်၏။
လျိုချင်းရှန်ခေါင်းညိတ်လိုက်ပြီး မျက်လုံးထဲ၌ ကြာက်ရွံ့သည့်အရိပ်အယောင်တွေရှိနေခဲ့သည်။
"ဂျင်ကျောင်းမင်..."
"ဧရာမဂိုဏ်းတပည့်ကြီး...."
သူမက ဂျင်ကျောင်းမင်ကျောကိုကြည့်နေရင်း အနီရောင်နှုတ်ခမ်းလေးကိုကိုက်ကာ ဒေါသကို ဖိနှိပ်ထားရသည်။
"သူ မင်းကို အနိုင်ကျင့်ခဲ့တာလား...."
ဂျန်ဖန်း တုံ့ပြန်မှုကိုမြင်သည့်အခါ မေးလိုက်သည်။
လျိုချင်းရှန် သူမခံစားချက်တွေကို အလျှင်အမြန်ဖုံးကွယ်လိုက်ပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
"ငါနဲ့ ဧရာမဂိုဏ်းနဲ့ ဘာပတ်သက်စရာမှမရှိ...."
သူမ ဆက်မပြောနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ဂျန်ဖန်း သူ့အိတ်ထဲမှ လေပြင်းပုလဲကိုထုတ်ယူလိုက်သောကြောင့်ဖြစ်သည်။
ရွယ်ဝမ်ချောင်လုယူခဲ့သည့် တစ်ခုပင်။
"ဒါက ဘယ်လိုလုပ် နင့်လက်ထဲမှာရှိနေတာလဲ..."
လျိုချင်းရှန် ချက်ချင်းယူလိုက်ပြီး မျက်လုံးတွေထဲ၌ ဆုံးရှုံးသွားသည့်တစ်စုံတစ်ခုပြန်ရသည့်အတွက် ပျော်ရွင်မှုတွေနှင့်ပြည့်နေခဲ့သည်။
ဂျန်ဖန်း ပြောလိုက်သည်။
"ငါဒါကို စွန်းချောင်ဇောင်ဆီကယူခဲ့တာ...."
"သူပြောတာ မင်းသူ့ကိုပေးလိုက်တာတဲ့...."
လျိုချင်းရှန် ချက်ချင်းပြောလိုက်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ လု...."
သူမက ခေါင်းငုံ့ထားပြီး လျှာထုတ်ကာ ပြောလိုက်သည်။
"ငါ နင့်ကိုလှည့်စားဖို့ မရည်ရွယ်ပါဘူး..."
"နင့်ကိုအမှန်တိုင်းပြောလိုက်ရင် ငါ့အတွက်တရားမျှတမှုရှာပေးမယ်ဆိုတာ ငါသိတယ်...."
"ဒါက ဧရာမဂိုဏ်းကို ရန်စမိလိမ့်မယ်....."
"ဧရာမဂိုဏ်းတပည့်တွေက အရမ်းသန်မာကြတယ်။ ဂျင်ကျောင်းမင်ကိုမပြောနဲ့အုန်း သူ့အောက်က ရွယ်ဝမ်ချောင်တောင် ဘယ်ဂိုဏ်းက တပည့်ကြီးတွေနဲ့မဆို ယှဥ်နိုင်တယ်..."
"ငါ့ကိုယ်ပိုင်မကျေနပ်ချက်တွေကို ငါကိုယ်တိုင်လက်စားချေမှာပါ..."
"ဖန်း, နင်က နင့်ရဲ့ကျင့်ကြံရေးကိုပဲအာရုံစိုက်။ ဒီကိစ္စတွေက အခုချိန်မှာ နင်စိုးရိမ်နိုင်တဲ့အရာတွေမဟုတ်ဘူး...."
ဂျန်ဖန်း ဆက်မပြောတော့ပေ။
သူက ဖြူလေးကိုစီးပြီး ကွပ်ကဲရေးဠာနရှေ့ကိုသွားလိုက်သည်။
သို့ပေမယ့် အံ့အားသင့်သည့်အသံတွေ ရှေ့မှထွက်ပေါ်လာခဲ့သည်။
"ဂျင်ကျောင်းမင်ဆိုတဲ့အတိုင်းပဲ ကောင်းကင်အဆင့်တာဝန်ကို ပြီးမြောက်သွားပြီ..."
"တာဝန်တွေစတင်ထုတ်ပြန်တကည်းက ကောင်းကင်အဆင့်တာဝန်က လေးခုပဲရှိခဲ့တာ...."
"တစ်ခုက ရှချောင်ကောအောင်မြင်သွားပြီ..."
"ဒီနေ့ နောက်တစ်ယောက်အောင်မြင်သွားပြန်ပြီ...."
"ငါကြားတာတော့ ဒီတစ်ချိန် ဂျင်ကျောင်းမင်ရဲ့တာဝန်က အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ သားရဲစောင့်ကြပ်နေတဲ့နယ်မြေထဲဝင်ပြီး ဓားစာခံတွေကို ကယ်တင်ရတာတဲ့...."
"ဟုတ်တယ်, တစ်ယောက်ကံမကောင်းပြီးသေသွားပေမယ့် သူက လေးယောက်ကို အောင်အောင်မြင်မြင်ပြန်ခေါ်လာနိုင်ပြီး တာဝန်ကို အောင်မြင်ခဲ့တယ်...."
.....
ကောင်းကင်အဆင့်တာဝန်တွေက အမြဲတမ်း ကြီးမားသည့်စွန့်စားမှုတွေရှိ၏။
လက်ခံရဲလျှင်တောင် လူတစ်ယောက်က ကြီးမားသည့်သတ္တိရှိဖို့လိုအပ်၏။
အောင်မြင်ဖို့ဆို ပြိုင်ဘက်ကင်းခွန်အားပိုင်ဆိုင်ဖို့လည်းလိုအပ်၏။
ဂိုဏ်း ၉ ဂိုဏ်းနယ်မြေကိုကြည့်လျှင် ဤကဲ့သို့တာဝန်မျိုးပြီးမြောက်နိုင်သည့်တပည့် အနည်းငယ်သာရှိ၏။
နန်းကုန်းရှောင်ယွင်လည်း အနည်းငယ်အံ့အားသင့်သွား၏။
ဂျင်ကျောင်းမင် ၁၀ရက်ကျော်ပျောက်သွားသည့်အတွက် သူမက တာဝန်ကျရှုံးသွားပြီဟု ထင်ခဲ့၏။
မမျှော်လင့်စွာပဲ သူက ဓားစာခံလေးယောက်ကို အောင်အောင်မြင်မြင် ပြန်ခေါ်လာနိုင်ခဲ့သည်။
သူတို့အားလုံးက ရှေ့တန်း၌နတ်ဆိုးသားရဲတွေဖမ်းဆီးခံရသည့် လူသားကလန်၏လူငယ်အဖွဲ့ဝင်တွေဖြစ်သည်။
လျိုချင်းရှန်နှင့် သူမအဖွဲ့လို ထိပ်တန်းပါရမီရှင်တွေမဟုတ်သော်လည်း ရှားပါးသည့်ပါရမီတွေရှိနေဆဲဖြစ်ပြီး ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက သူတို့၏ကယ်ဆယ်ရေးကို အလေးအနက်ထား၏။
ဤကိစ္စက အဆောက်အဦးထဲရှိ ယဲ့ချန်းယွမ်ကိုတောင် နိုးနိုးကြားကြားဖြစ်သွားစေခဲ့သည်။
သူက လူကိုယ်တိုင်ထွက်လာပြီး ဒဏ်ရာသာရပြီး မသေသေးသည့်လူငယ်လေးယောက်ကိုကြည့်ပြီး ကျေနပ်သည့်အမူအရာပြသလိုက်၏။
"ဂျင်ကျောင်းမင်, တော်တယ်...."
ဂျင်ကျောင်မင်း သားရဲပေါ်မှချက်ချင်းဆင်းလာ၏။
သူက ယဲ့ချန်းယွမ်ရှေ့၌ မမောက်မာရဲပဲ လက်ချင်းယှက်ကာ ပြောလိုက်သည်။
"လက်ထောက်ခန်းမသခင်ယဲ့, မင်းကမြောက်ပင့်လွန်းနေပါပြီ...."
"ဒီတပည့်က အကောင်းဆုံးလုပ်ခဲ့ရုံပါ...."
ယဲ့ချန်းယွမ် ချီကျူးလိုက်၏။
"မင်းရဲ့အကောင်းဆုံးလုပ်တယ်, ဒါကောင်းတယ်..."
"အမြုတေအဆင့် ၅ သားရဲစောင့်ကြပ်နေတဲ့နယ်မြေထဲဝင်ပြီး လူကယ်ကာ မင်းအကောင်းဆုံးလုပ်နိုင်တာထက်ပိုနေပြီ...."
"ဒီလိုခွန်အားနဲ့ မင်းအနာဂတ် ကောင်းကင်ဘုံစက်ယန္ဒယားခန်းထဲဝင်တဲ့အခါကျရင် ဘယ်လိုအနာဂတ်မျိုးပိုင်ဆိုင်မလဲ ငါခန့်မှန်းတောင်မကြည့်နိုင်ဘူး..."
ပုံမှန်ဆိုတင်းမာသည့်ယဲ့ချန်းယွမ်ဆီမှ ဤကဲ့သို့ချီးကျူးမှုရတာ ဂျင်ကျောင်းမင်က ပထမဆုံးပင်။
လူတိုင်း ယဲ့ချန်းယွမ်က သူ့ကို တပည့်အဖြစ်ခေါ်ယူချင်သည့်ရည်ရွယ်ချက်ရှိတာကို ဝိုးတဝါးခံစားမိ၏။
"ရှောင်ယွင်, သူ့တာဝန်ပြီးမြောက်နှုန်းကို ပြီးပြည့်စုံခြင်းအဆင့်လို့သတ်မှတ်ပေးလိုက်..."
နန်းကုန်းရှောင်ယွင် ခဏရပ်ပြီးပြောလိုက်သည်။
"ဒါပေမယ့် လက်ထောက်ခန်းမသခင်ယဲ့ စည်းမျဥ်းအရ သူက ငါးယောက်ထဲကမှ လေးယောက်ပဲကယ်နိုင်ခဲ့တာ...."
"ဒါကြောင့် သူ့တာဝန်ပြီးမြောက်နှုန်းက ၈၀ ရာခိုင်နှုန်းပဲရှိသင့်တယ်...."
ဂျင်ကျောင်းမင်လူကယ်နိုင်ခဲ့ပေမယ့် တာဝန်ကို ပြီးပြည့်စုံစွာပြီးမြောက်ခဲ့တာမဟုတ်ပေ။
ယဲ့ချန်းယွမ် ပြောလိုက်သည်။
"အရမ်းကြီး မပြင်းထန်ပါနဲ့...."
"ဒီတာဝန်ကို ပြီးပြည့်စုံအောင်ပြီးမြောက်ဖို့က အလွန်မတန်ခက်ခဲတယ်။ သူ့ကို အကျိုးအမြတ်အပြည့်ပေးလိုက်တာ အခြားတပည့်တွေကိုလည်း မက်လုံးပေးနိုင်တာပေါ့...."
ပတ်ဝန်းကျင်ရှိတပည့်တွေအားလုံး စတင်တီးတိုးပြောလာကြ၏။
"လက်ထောက်ခန်းမသခင်ယဲ့ပြောတာမှန်တယ်....."
"အတိအကျပဲ, ဂျန်ဖန်းယူသွားတဲ့ ကောင်းကင်အဆင့်လူကယ်တဲ့တာဝန်ဆို သူ့အသက်ကိုထိန်းထားနိုင်ရင်ကို ကံကောင်းနေပြီ...."
"စီနီယာအကိုဂျင်က လူလေးယောက်ကယ်တင်နိုင်ခဲ့တယ်။ ဒါက အကျိုးအမြတ်အပြည့်မပေးသင့်ဘူးလား..."
လက်ထောက်ခန်းမသခင်ယဲ့ပြောဆိုမှု၊ အခြားတပည့်တွေ၏ထောက်ခံပေးမှုတို့ကြောင့်....
နန်းကုန်းရှောင်ယွင်ရွေးချယ်စရာမရှိပဲ စုတ်တံကိုကိုင်ပြီး ပြီးပြည့်စုံခြင်းအဆင့်ဟု မှတ်တမ်းတင်ဖို့ပြင်လိုက်၏။
ထိုအခိုက်အတန့်မှာပဲ...
မှိန်ဖျော့သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"သူက ပြီးပြည့်စုံခြင်းအဆင့်ရရင် ငါက ဘာရသင့်လဲ...."