← Chapters

အကျိုးပြုမှတ်အတွက်ယှဥ်ပြိုင်ခြင်း

Vol. 33 Ch. 427

အကျိုးပြုမှတ်အတွက်ယှဥ်ပြိုင်ခြင်း

Vol. 33 Ch. 427

"ဟမ်?..."

လူအုပ်အံ့အားသင့်သွားကြ၏။

ဂျင်ကျောင်းမင်ကို စိန်ခေါ်ရဲတာကို သူတို့အံ့သြတာမဟုတ်ပေ။

ထိုထက်....

ဂျင်ကျောင်းမင်းတာဝန်နှင့်ယှဥ်ရဲလောက်အောင် မည်သူကရဲတင်းနေသနည်း။

ဂျင်ကျောင်းမင်က အန္တရာယ်အများဆုံး ကောင်းကင်အဆင့်တာဝန်ကို ယူခဲ့တာဖြစ်သည်။

မြေကမ္ဘာအဆင့်မဟုတ်သလို သိမ်မွေ့အဆင့်လည်းမဟုတ်ပေ။

သို့ပေမယ့်....

ပြောလိုက်သည့်လူကိုမြင်သည့်အခါ လူတိုင်း အံ့အားသင့်သွားကြ၏။

"ဂျန်ဖန်း?...."

"တိုင်ဟူရေကန်ကယ်ဆယ်ရေးတာဝန်ယူသွားတဲ့တစ်ယောက်မလား...."

"ဘာလို့ သူက ပြန်လာတာလဲ..."

နန်းကုန်းရှောင်ယွင် ချက်ချင်းပဲ သူမ၏အကောင်လေးဖြူလေးကို သတိထားမိလိုက်၏။

ထို့နောက် မော့ကြည့်လိုက်ရာ အပေါ်၌ လက်ပိုက်ထိုင်နေသည့် ဂျန်ဖန်းကို မြင်လိုက်သည်။

"ဂျူနီယာမောင်လေးဂျန်, နင်ပြန်လာပြီပဲ...."

"ငါက အတော်လေးစိတ်ပူနေတာ...."

ဂျန်ဖန်း အပြုံးတစ်ခုနှင့်ခုန်ဆင်းပြီး ဟာသလုပ်လိုက်သည်။

"မင်းက ငါ့ကိုစိတ်ပူတာလား ဒါမှမဟုတ် မင်းရဲ့ဖြူလေးကိုစိတ်ပူတာလား..."

နန်းကုန်းရှောင်ယွင်အပြုံးတွေပျောက်ကွယ်သွားခဲ့သည်။

"နင်... နင်က အမြဲတမ်းငါ့ကြင်နာမှုတွေကို အကောင်းကိုမမြင်ဘူး..."

သို့ပေမယ့် ဂျန်ဖန်းဆက်လက်ပြုံးနေတာကိုမြင်သည့်အခါ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"ကောင်းပြီ, ငါဝန်ခံတယ်, ငါတကယ် ဖြူလေးကို စိတ်ပူနေတာ...."

"ဒါပေမယ့် နင့်ကိုလည်း စိတ်ပူပါတယ်..."

"တကယ်ပါ, ငါကျိန်တယ်..."

ဂျန်ဖန်း သူမခေါင်းကိုပုတ်ပြီး ပြုံးလိုက်သည်။

"မစိုးရိမ်ပါနဲ့, ဖြူလေးက ငါနဲ့အဆင်ပြေနေပါတယ်...."

ဖြူလေးက နန်းကုန်ရှောင်ယွင်၏ မိသားစုဝင်တစ်ယောက်ကဲ့သို့ဖြစ်၏။

ဘယ်လိုလုပ် သူမမစိုးရိမ်ပဲနေမည်နည်း။

နန်းကုန်းရှောင်ယွင် ဖြူလေးကို မတွေ့ရတာကြာ၍ အလျှင်အမြန်ပဲ စစ်ဆေးလိုက်သည်။

သူမကိုအံ့အားသင့်စွာပဲ ထိခိုက်ဒဏ်ရာမရခဲ့ရုံသာမက နယ်ပယ်လည်း သိသိသာသာတိုးတက်လာခဲ့ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ ကို ချိုးဖြတ်လုနီးပါးပင်။

"ဘာ? ဖြူလေး.... နင်.... နင် အဆင့်ချိုးဖျတ်တော့မယ်...."

နန်းကုန်ရှောင်ယွင် အံ့အားသင့်စွာပြောလိုက်သည်။

ဖြူလေးအခြေအနေအရ အဆင့်ချိုးဖျက်လုနီးပါးအခြေအနေရောက်ဖို့ နောက်တစ်နှစ်လောက်လိုသေး၏။

ဂျန်ဖန်းနှင့်မစ်ရှင်တစ်ခုလိုက်သွားတာ ရွှေရောင်အခွင့်အလမ်းတစ်ခုကဲ့သို့ ချက်ချင်းပဲ အဆင့်ချိုးဖြတ်မည့်အရိပ်အယောင်တွေပြသလာခဲ့သည်။

ဖြူလေး ပျော်ရွင်စွာပဲ ပတ်ပတ်လည်ကို ခုန်ပေါ်မြူးထူးလိုက်၏။

"အကိုဂျန်ဖန်းက ငါ့ကို အံ့အားသင့်စရာတစ်စုံတစ်ခုပေးတယ်...."

သေချာပေါက်ပင် ထိုအရာက ခုံးကောင်အသားဖြစ်၏။

သို့ပေမယ့် ဖြူလေး ဂျန်ဖန်းစကားတွေကို ရှင်းရှင်းလင်းလင်းမှတ်မိ၏။

မည်သူ့ကိုမှမပြောဖို့ပင်။

သူ့သခင်အပါအဝင်ပင်။

နန်းကုန်းရှောင်ယွင်ပျော်ရွင်သွားပြီး ဂျန်ဖန်းလက်ကို ကိုင်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဂျူနီယာမောင်လေးဂျန်, ကျေးဇူးတင်ပါတယ်..."

သူမက မျက်လုံးလှန်ပြီး ပြောလိုက်သည်။

"နင် နင့်ရဲ့နောက်တာဝန်ကိုဘယ်အချိန်သွားမှာလဲ...."

"ဖြူလေးကိုနင်နဲ့ထည့်ပေးလိုက်ရအောင်လို့...."

သူမက ပုံမှန်ဆို ဖြူလေးကိုငှားဖို့ အတော်လေးတွန့်ဆုတ်နေခဲ့သည်။

ယခုတော့ ဂျန်ဖန်းကို မကြာခဏငှားရမ်းဖို့ တောင်းဆိုနေခဲ့သည်။

ထိုသို့ဆိုလျှင် နောက်တစ်ကြိမ်ပြန်လာလျှင် ဖြူလေး အမြုတေဖွဲ့စည်းခြင်းအဆင့် ၄ ကို ရောက်နေလောက်ပြီဖြစ်သည်။ ထို့နောက် အဆင့် ၅...

ထို့နောက်တဖြည်းဖြည်းနှင့် သန္ဓေသားဖွဲ့ခြင်းအဆင့်....

ထိုအခါ သူမက သန္ဓေသားအဆင့်စိတ်ဝိညာဥ်သားရဲကိုမှီခိုပြီး တစ်ဘဝလုံးအပူပင်ကင်းမဲ့စွာနေနိုင်ပြီဖြစ်သည်။

ဂျန်ဖန်း ဒေါသထွက်သွား၏။

"ငါခုမှပြန်ရောက်တာ ထိုင်တောင်မထိုင်ရသေးဘူး။ ဒါကိုမင်းက ပြန်သွားခိုင်းနေတာလား..."

"မြန်မြန် ငါ့တာဝန်ကို မှတ်တမ်းတင်ပေးအုန်း...."

နန်းကုန်းရှောင်ယွင် ထိုအခါမှသာအဓိကကိစ္စကိုအမှတ်ရသွားပြီး သိချင်သွား၏။

"အို ဟုတ်သားပဲ, နင့်တာဝန် အခြေအနေဘယ်လိုရှိလဲ...."

"ကျရှုံးခဲ့လား...."

"တကယ်တော့ နင်ကျရှုံးလည်း အဆင်ပြေပါတယ်။ ဒီတာဝန်ကနင်သွားပြီးမကြာခင်မှာပဲ အကြီးအကဲတွေ တစ်စထက်တစ်စ ပိုပိုပါဝင်လာကြတယ်...."

"ကျရှုံးတာက ရှက်စရာမဟုတ်ပါဘူး။ အသက်ရှင်လျက်ပြန်လာနိုင်တာကကို အတော်ကောင်းနေပြီ..."

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ သတင်းအချက်အလက်အချို့ရခဲ့ပုံပေါ်၏။

သူတို့က အလျှင်အမြန်ပဲ တာဝန်ကို အကြီးအကဲအဆင့်သို့ တိုးမြှင့်လိုက်ကြသည်။

ဂျင်ကျောင်းမင်၏ထက်ရှသည့်အကြည့်တွေ သူ့အပေါ်ကျရောက်လာပြီး ဖိနှိပ်သည့်အရှိန်အဝါတွေထုတ်လွတ်နေခဲ့သည်။

"ငါ့တာဝန်နဲ့ပတ်သက်ပြီး မင်းမှာပြဿနာရှိလို့လား...."

နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။

လူများစွာ ဂျန်ဖန်းကို အားရသည့်အမူအရာဖြင့် ကြည့်နေခဲ့ကြသည်။

"လူကယ်တာက မြင့်မြတ်တဲ့ကိစ္စပဲ။ အပြစ်ရှာရအောင် သူ့ကိုယ်သူဘယ်သူထင်နေလဲမသိဘူး..."

"သူ့မှာအစွမ်းအစရှိရင် တိုင်ဟူရေကန်ကလူတွေကို အောင်အောင်မြင်မြင်နဲ့ ကယ်ဆယ်သင့်တယ်...."

"တစ်ယောက်ကယ်နိုင်ရင်ကို ဂျင်ကျောင်းမင်အပေါ်မေးခွန်းထုတ်တာကို ငါအသိအမှတ်ပြုပေးမယ်။ တိုင်ဟူရေကန်တာဝန်က ပိုခက်ခဲတာမှန်ပေမယ့် သူမလုပ်နိုင်ခဲ့ဘူးလေ...."

"သူဘာတွေးနေလဲ ငါတကယ်နားမလည်တော့ဘူး။ ဂျင်ကျောင်မင်အကျိုးပြုမှတ်ကို ပေါ်တင်ကြီးမေးခွန်းထုတ်နေတယ်။ ဒါ အခြားလူတွေကိုလည်း စိတ်ဓာတ်ကျအောင်လုပ်နေတာမဟုတ်ဘူးလား..."

....

နန်းကုန်းရှောင်ယွင် အနည်းငယ်စိုးရိမ်သွား၏။

ဂျန်ဖန်းတကယ်ပဲ စကားဖြင့် လူအချို့ကို ရန်စမိလိုက်ပြီဖြစ်သည်။

သူက ဂျင်ကျောင်းမင်ကို ရန်စခဲ့ရုံသာမက သူတို့တာဝန်တွေမှာ ခက်ခက်ခဲခဲလုပ်ဆောင်နေသည့် တပည့်တွေကိုလည်း ရန်စလိုက်တာဖြစ်သည်။

ယဲ့ချန်းယွမ်တောင် အနည်းငယ်မျက်မှောင်ကြုတ်သွား၏။

မူလက တိုင်ဟူရေကန်တာဝန်ယူရဲ၍ ဂျန်ဖန်းသတ္တိကို အနည်းငယ်အသိမှတ်ပြုခဲ့၏။

သို့ပေမယ့် ဤအရာကိုကြားသည့်အခါ ဂျန်ဖန်းက စိတ်ဓာတ်ကျဥ်းမြောင်းလွန်းသည်ဟု ခံစားမိ၏။

သူက ထူးမခြားနားစွာပဲပြောလိုက်သည်။

"ဒါဆို ဘယ်လိုလုပ်သင့်တယ် မင်းထင်လဲ...."

ထိုအရာအရ ယဲ့ချန်းယွမ် အတော်လေးဒေါသထွက်နေတာ သိသာ၏။

ဂျန်ဖန်းက လက်ထောက်ခန်းမသခင်တစ်ယောက်၏ အဆိုပြုချက်ကိုတောင် မေးခွန်းထုတ်ခဲ့တာဖြစ်သည်။

ဘာကြောင့် ဂျန်ဖန်းကို မဆုံးဖြတ်ခိုင်းရမည်နည်း။

ဂျန်ဖန်း တီးတိုးပြောနေသည့် တပည့်ကိုမကြည့်သလို ဂျင်ကျောင်းမင်ကိုလည်း မကြည့်ပေ။

သူက ယဲ့ချန်းယွမ်ဆီလက်ချင်းယှဥ်ပြီး ဖြူလေးကိုခေါ်လိုက်သည်။

"လူတိုင်း ဆင်းလာခဲ့ကြပါ...."

ဟမ်?...

တာဝန်ကနေ ဂျန်ဖန်းတစ်ယောက်တည်းပြန်လာခဲ့တာမဟုတ်ဘူးလား။

ဝှစ်!

ပုံရိပ်ငါးခု တစ်ယောက်ပြီးတစ်ယောက်ဆင်းလာခဲ့ကြသည်။

သူတို့မျက်နှာတွေကို မြင်လိုက်သည့်အခါ လူအုပ်တစ်ခုလုံး ပင့်သက်ရှိုက်လိုက်၏။

"တိမ်စိမ်းဂိုဏ်းက လျိုချင်းရှန် နဲ့ ဝမ်ချန်းဂျန်...."

"သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းက ဝမ်ယန်၊ စစ်မှန်မိုးကြိုးဂိုဏ်းက ချင်ဟွိုင်၊ ကောင်းကင်သံစဥ်ဂိုဏ်းက ဝေစန်းချင်...."

"သူတို့က တိုင်းဟူရေကန်မှာ ကင်းလှည့်တဲ့အဖွဲ့မဟုတ်ဘူးလား..."

"သူတို့အားလုံးပြန်ရောက်လာပြီ... အားလုံးကိုကယ်တင်ခဲ့ပြီ...."

....

ဧရိယာက ဆူညံသံတွေနှင့် ပေါက်ကွဲထွက်လာခဲ့သည်။

သန့်စင်ခြင်းတစ်ထောင်ဂိုဏ်း၊ စစ်မှန်မိုးကြိုးဂိုဏ်း၊ ကောင်းကင်သံစဥ်ဂိုဏ်း စသည့်ဂိုဏ်းတွေမှတပည့်တွေ ရှေ့ထွက်လာပြီး ပျော်ရွင်စွာ ဂုဏ်ပြုလိုက်ကြ၏။

နန်းကုန်းရှောင်ယွင် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။

"ဘာ? နင် အားလုံးကို ကယ်ခဲ့တယ်...."

"ဒါ အကြီးအကဲအဆင့်တာဝန်လေ...."

"ဘာအန္တရာယ်နဲ့မှမတွေ့ခဲ့ဘူးလား...."

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

"နည်းနည်းပါ..."

ထို့နောက်...

သူက ယဲ့ချန်းယွမ်ဆီလက်ချင်းယှက်ပြီး လေးလေးစားစားပြောလိုက်သည်။

"လက်ထောက်ခန်းမသခင်ယဲ့ ဒီဂျူနီယာတာဝန်ကိုအောင်မြင်ခဲ့ပြီး ပျောက်နေတဲ့ တစ်ဖွဲ့လုံးကို ပြန်ခေါ်လာနိုင်ခဲ့ပါပြီ...."

"ကျေးဇူးပြုပြီး လက်ထောက်ခန်းမသခင်ယဲ့ အတည်ပြုပေးပါ...."

ယဲ့ချန်းယွမ်လည်း ယုံကြည်ဖို့ ခက်ခဲနေခဲ့သည်။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏လက်ထောက်ခန်းမသခင်တစ်ယောက်အနေနှင့် ဘာကြောင့် တာဝန်ကို အကြီးအကဲအဆင့်သို့ ရုတ်ချည်းတိုးမြင့်လိုက်လည်းဆိုတာ သူသိ၏။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံစက်န္ဒယာခန်းမက လျို့ဝှက်သတင်းတစ်ခုရရှိခဲ့သောကြောင့်ပင်။

နတ်ဆိုးအင်ပါယာက တိုင်ဟူရေကန်ကို စစ်ဗိုလ်ချုပ်တစ်ယောက်စေလွတ်ခဲ့၏။ ထိုအရာကတပည့်တွေပျောက်သွားရသည့် အကြောင်းပြချက်ဖြစ်သည်။

ဂျန်ဖန်းက စစ်ဗိုလ်ချုပ်တစ်ယောက်၏မျက်စိအောက်မှ လူတိုင်းကို ပြန်လည်ကယ်တင်နိုင်ခဲ့သည်။

ထိုအရာက နည်းနည်းလေး အံ့သြစရာကောင်းတာမဟုတ်ပေ။

သူက ဂျန်ဖန်းကို နောက်တစ်ကြိမ်အကဲခတ်လိုက်ရာ ပျော်ရွင်သည့်အရိပ်အယောင်အချို့ သူ၏အိုမင်းသည့်မျက်နှာမှာ ပေါ်လာခဲ့သည်။

"ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်..."

"တကယ်ကို လူငယ်သူရဲကောင်းလေးပဲ...."

"ဒီလိုအန္တရာယ်ရှိတဲ့တာဝန်ကနေ လူတိုင်းကို အကောင်းပကတိပြန်ခေါ်လာနိုင်တာ ငါထင်မြင်ချက်ကို ကျော်သွားပြီ...."

"ရှောင်ယွင်, နင် ဘာစောင့်နေတာလဲ။ အကျိုးပြုမှတ်အပြည့်၊ ငြင်းစရာမလိုအောင် ကျိုးပြုမှတ်အပြည့်ပဲ...."

ထိုအခိုက်အတန့်၌...

ဂျန်ဖန်း ဘာကြောင့် ဂျင်ကျောင်းမင်တာဝန်အဆင့်နှင့်ပတ်သက်ပြီး ပြဿနာရှိရလဲဆိုတာ သူနားလည်သွားခဲသည်။

မပြီးပြည့်စုံသည့်တာဝန်အတွက် ဂျင်ကျောင်းမင်ကို ပြီးပြည့်စုံသည့်အကျိုးပြုမှတ်ပေးလျှင်....

တာဝန်ပြီးပြည့်စုံအောင်လုပ်နိုင်ခဲ့သည့် ဂျန်ဖန်းကို ဘာပေးသင့်သနည်း။

အကျိုးပြုမှတ်အပြည့်ပဲလား?...

ထိုအရာက မျှတမည်မဟုတ်ပေ။

အကျိုးပြုမှတ်အချို့ထပ်ပေါင်းပေးလျှင်လည်း ထိုအရာက စည်းမျဥ်းကို ချိုးဖောက်ရာရောက်မည်ဖြစ်သည်။

ထိုအခါမှ သူနားလည်သွား၏။ ဂျင်ကျောင်းမင်ကို ဆုပေးရာ၌ တကယ်ပဲ မမျှတသလိုဖြစ်သွားခဲ့သည်။

ချက်ချင်းပဲ သူ့ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"ဂျန်ဖန်း အကျိုးပြုမှတ်အပြည့်။ ဂျင်ကျောင်းမင် အကျိုးပြုမှတ် ၈၀ ရာခိုင်နှုန်း...."

မည်သူမှမကန့်ကွက်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုအရာကမျှတသောကြောင့်ဖြစ်သည်။

"ဂျန်ဖန်း ဂျင်ကျောင်းမင်အဆင့်ကို မေးခွန်းထုတ်တာ မအံ့သြတော့ပါဘူး။ သူက တကယ် မှန်နေခဲ့တာပဲ။ ငါ အတော်လေး မဆင်မခြင်ဖြစ်သွားတယ်...."

"ငါကောပဲ။ နှိုင်းယှဥ်ကြည့်ရင် ဂျင်ကျောင်းမင်က ၈၀ ရာခိုင်နှုန်းပဲရသင့်တာ...."

"ကယ်ဆယ်ရေးတာဝန်ချင်းအတူတူ၊ ကယ်ရမယ့်လူအရေအတွက်လည်းအတူတူဆိုပေမယ့် ဂျန်ဖန်းတာဝန်ကပိုခက်ခဲတယ်။ သူတို့သာ တူညီတဲ့အကျိုးပြုမှတ်ရရင် ဘယ်မျှတတော့မလဲ..."

ဂျင်ကျောင်းမင်အကြည့် အေးစက်သွား၏။

သူရတော့မည့် အကျိုးပြုမှတ်အပြည့်က ဂျန်ဖန်းကြောင့် ဆုံးရှုံးသွားခဲ့သည်။

အကျိုးပြုမှတ် ၈၀ ရာခိုင်းနှုန်းက တာဝန်အကျိုးပြုမှတ်၏ ၈၀ ရာခိုင်းနှုန်းပဲရတော့မည်ဟု ဆိုလိုရုံသာမက....

ပိုအရေးကြီးတာက...

သူက ရှချောင်ကော၏ကောင်းကင်အဆင့်တာဝန်မှတ်တမ်းကို စိန်ခေါ်ခဲ့တာဖြစ်သည်။

သူ နောက်ဆုံးအောင်မြင်ခဲ့ပေမယ့် ၈၀ ရာခိုင်နှုန်းက သူ၏စိန်ခေါ်မှုကို အတော်လေး အဟန့်အတားဖြစ်စေ၏။

၎င်းက ရှချောင်ကောတာဝန်ကို ဘယ်လိုမှယှဥ်နိုင်တော့မည်မဟုတ်ပေ။

"ခွေးမသား, မင်းက တာဝန်လုပ်ဆောင်တဲ့နေရာမှာ တကယ်တော်တာပဲ...."

ဂျင်ကျောင်းမင် အေးစက်စွာပြောလိုက်သည်။

ဂျန်ဖန်း ဧရာမဂိုဏ်းတပည့်တွေဆီသို့ အမြင်ကောင်းမရှိရာ ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်သည်။

"မင်းထက်တော့ကောင်းတယ်...."

ဒုန်း...

ဂျင်ကျောင်မင် သူ၏ကောင်းကင်ပုဆိန်ကို မြေပြင်ပေါ်ချလိုက်ပြီး အဝေးမှဂျန်ဖန်းကို ညွန်ပြလိုက်သည်။

"အဲ့လိုလား..."

"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ အကျိုးပြုမှတ်စာရင်းက ဒီနေ့ညထွက်ပေါ်လာလိမ့်မယ်...."

"မင်းငါနဲ့ ပြိုင်ရဲလား...."

အို?....

ဂျန်ဖန်းမျက်လုံးတွေ ပျော်ရွင်သည့်အရိပ်အယောင်တွေပြသလာ၏။

သူက အကျိုးပြုမှတ်စာရင်းအတွက် တစ်လကျော်စောင့်နေခဲ့ရပြီး ဒဏ္ဍာရီလာ သိုလှောင်ရတနာနှင့် လေဟာနယ်ကြာပန်းလဲလှယ်ဖို့ အတော်လေးမျှော်လင့်နေခဲ့သည်။

All Chapters