ခရမ်းဓားပေါ်သွားခြင်း
Vol. 33 Ch. 428
ရန်လိုနေသည့်ဂျင်ကျောင်းမင်ကိုရင်ဆိုင်ရာ၌....
ဂျန်ဖန်းအမူအရာ တည်ငြိမ်နေခဲ့သည်။
"ပြိုင်မနေပါနဲ့..."
"မင်းအရင်းအမြစ်တွေပဲ အေးအေးဆေးဆေးသွားလဲနေလိုက်စမ်းပါ။ ပြဿနာမရှာချင်စမ်းပါနဲ့..."
ဂျင်ကျောင်းမင် နေဝင်မြို့၌ ပထမအဆင့်တာဝန်လုပ်ဆောင်ခဲ့သော်လည်း....
ဂျန်ဖန်းလည်း နောက်ကျကျန်မနေခဲ့ပေ။
သူက တတိယအဆင့် တာဝန်တစ်ခု၊ ၄ ဆရသည့် ပထမအဆင့်တာဝန်တစ်ခု၊ ဒုတိယအဆင့် တာဝန်တစ်ခုနှင့် နောက်ထပ် ပထမအဆင့်တာဝန်တစ်ခုပင်။
အကျိုးပြုမှတ်ခြင်းယှဥ်လျှင် သူက နေဝင်မြို့ရှိပါရမီရှင်တွေထက်မနိမ့်ပေ။
"ဒီတော့ မင်းက မပြိုင်ရဲဘူးပေါ့..."
ဂျင်ကျောင်းမင် အေးစက်စွာပြောလိုက်သည်။
"ရှုံးတဲ့လူလက်တစ်ဖက်ဖြတ်ကြေး...."
ဟစ်!
လူတိုင်း ကြောက်ရွံ့သွားကြ၏။
ဂျင်ကျောင်မင်က တကယ်ကို ကြမ်းတမ်း၏။
သူက ဂျန်ဖန်းလက်ကိုချက်ချင်းပင် လက်ဖြတ်ချင်နေခဲ့သည်။
လျိုချင်းရှန် ရှေ့တက်လာပြီး အော်ပြောလိုက်သည်။
"ဂျင်ကျောင်းမင် ငါ့ဂျူနီယာမောင်လေးကိုအနိုင်ကျင့်တာ ဘာကိုသက်သေပြချင်နေတာလဲ...."
"နင်က နေဝင်မြို့ကို အချိန်အတော်ကြာကတည်းကရောက်နေတာ။ ဒါပေမယ့် သူက ရောက်တာ ရက်အနည်းပဲရှိသေးတယ်...."
"နင်ဘယ်လိုတောင် သူနဲ့ပြိုင်ဖို့တွေးနေတာလဲ...."
ဤအရာက ယှဥ်ပြိုင်မှုတစ်ခုမဟုတ်ပေ။
ဂျန်ဖန်းကိုလက်စားချေပြီး လုံးဝဖျက်ဆီးပစ်ဖို့ရည်ရွယ်ထားတာ သိသာ၏။
လက်ပြတ်ခြင်း... နတ်ဆေးဆရာနှင့် စိတ်ဝိညာဥ်ဆေးရှိလျှင်တောင် ပြန်ကောင်းဖို့ ၁၀ ရက်ကနေ လဝက်ထိအချိန်ယူရမည်ပဲဖြစ်သည်။
ဤကဲ့သို့ရှည်ကြာသည့်ကုသမျိုးက အဖိုးတန်တာဝန်အခွင့်အရေးတွေကို လွဲချော်သွားစေနိုင်ပြီး အခြားလူတွေထက်နောက်ကောက်ကျကျန်ခဲ့မည်ဖြစ်သည်။
ထို့ပြင် နောက်တစ်ကြိမ်ပြန်လိုက်မှီဖို့က ခက်ခဲမည်ဖြစ်သည်။
ယဲ့ချန်းယွမ် လက်မြောက်လိုက်ပြီး ဂျင်ကျောင်းမင် အဝေးကြီးသွားလွန်းသည်ဟု ခံစားမိ၏။
သို့ပေမယ့် အဆုံးမှာတော့ ဘာမှမပြောတော့ပဲ သူ၏နေထိုင်ရာဆီသို့သာ ပြန်သွားလိုက်သည်။
အစောင့်အရှောက်တစ်ယောက်အနေဖြင့် တပည့်တွေကြားရှိအငြင်းပွားမှုတွေကိုကြားဝင်ဖို့က မသင့်တော်ပေ။
မကျေနပ်ချက်တွေရှိလျှင် သူတို့ဘာသူတို့ဖြေရှင်းခိုင်းတာ အကောင်းဆုံးဖြစ်၏။
ဂျန်ဖန်း နစ်နာရမည်ဆိုလျှင်လည်း သူဘာမှမတတ်နိုင်ပေ။
ဂျင်ကျောင်းမင် လျိုချင်းရှန်ကို စိုက်ကြည့်ပြီး အထင်မြင်သေးစွာပြောလိုက်သည်။
"သူ ဒီရောက်တာ ရက်အနည်းငယ်ပဲရှိသေးတာ သူလည်းသိတာပဲ...."
"ဒါဆို ဘာလို့ နှိမ့်နှိမ့်ချချမနေတာလဲ...."
"သူနဲ့ငါ့ကြားကကိစ္စ မင်းနဲ့ဘာမှမဆိုင်ဘူး..."
"မဟုတ်ရင်, မင်းနဲ့ပြိုင်ဖို့ နောက်ထပ်အခွင့်အရေးရှာရလိမ့်မယ်..."
နောက်ဆုံးစကားကိုကြားသည့်အခါ လျိုချင်းရှန် အမူအရာ အနည်းငယ်ပြောင်းလဲသွား၏။
သူမက သူမ၏ငွေရောင်သွားလေးတွေကို ကိုက်ပြီး အတော်လေး အစော်ကားခံရသလိုခံစားလိုက်ရ၏။
ဂျန်ဖန်း မျက်လုံးတွေ မှေးကျဥ်းသွား၏။
ဤဂျင်ကျောင်းမင်က ယခင်က တကယ်ပဲ လျိုချင်းရှန်ကို အနိုင်ကျင့်ခဲ့သည်။
ထိုသို့ဆိုလျှင်....
ဂျန်ဖန်း ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
"ပြိုင်ဖို့လား, ငါလက်ခံတယ်..."
"ဒါပေမယ့် ငါ မင်းလက်ကို စိတ်မဝင်စားဘူး..."
"အဲ့ထက် ဝတ်ဝံလက်ကင်စားရတာကမှ ပိုအရသာရှိအုန်းမယ်...."
ဂျင်ကျောင်းမင်ရယ်လိုက်၏။
"မင်းက သတ္တိရှိသားပဲ...."
"ပြော မင်းဘာလိုချင်လဲ...."
ဂျန်ဖန်း ဂျင်ကျောင်းမင်လက်ထဲရှိ ကောင်းကင်ပုဆိန်ကို လက်ညိုးထိုးပြလိုက်သည်။
ဂျင်ကျောင်းမင် ကျယ်လောင်စွာရယ်လိုက်၏။
သူက ကောင်းကင်ပုဆိန်ကို အပြင်းအထန်ဝှေ့ယမ်းလိုက်ရာ လေထဲ၌ အနက်ရောင်လှိုင်းတစ်ကြောင်း ကျန်နေခဲ့၏။
ဤအရာ လေဟာနယ်ခုတ်ပြတ်ခံလိုက်ရသည့် လက္ခဏာပင်။
"မင်းက အမြင်ရှိသားပဲ။ ဒါက အဆင့်မြင့်မှော်လက်နက်တစ်ခုလေ...."
"ငါ့ဆရာတောင်းဆိုလို့ သန့်စင်ခြင်းတစ်ထောင်ဂိုဏ်းချုပ်ကိုယ်တိုင် သွန်းလုပ်ပေးထားတဲ့ နတ်ဘုရားလက်နက်လေ။ အလေးချိန်က ပေါင်တစ်ထောင်လောက်ရှိတယ်...."
"နတ်ဆိုးသားရဲတစ်ကောင်အပေါ်ကို ခုတ်ချလိုက်ရင် ထက်ခြမ်းပြတ်မသွားရင်တောင် ပြားသွားအောင်ဖိချေပစ်လိုက်လိမ့်မယ်...."
ဂျန်ဖန်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဘာလဲ, ပေးရမှာ နှမြောနေတာလား...."
ဂျင်ကျောင်းမင် ညင်သာစွာရယ်လိုက်၏။
"ဒါဆို မင်း ဘာလောင်းချင်လဲ..."
"မင်းကြိုက်တဲ့ဘာမဆို ပြောလို့ရတယ်...."
ဂျန်ဖန်း သူ့ကိုယ်ပေါ်ရှိ ဓားနှင့် ဗျတ်စောင်းကို ညွှန်ပြလိုက်သည်။
"ဒီလိုဆိုရင်ကောဘယ်လိုလဲ, မင်းနိုင်ရင် စစ်ပုဆိန်က မင်းအပိုင်းပဲ..."
"မင်းရှုံးရင် လက်နှစ်ဖက်၊ ခြေနှစ်ဖက်နဲ့ မင်းရဲ့စိတ်ပျက်စရာကောင်းတဲ့လျှာကော ဖြတ်ရမယ်။ ငါ ဒီကောင်းကင်ပုဆိန်သုံးပြီး အဲ့တာတွေကို အပိုင်းပိုင်းဖြတ်ပစ်မယ်...."
ဂျန်ဖန်း ပုခုံးတွန့်လိုက်၏။
"ပြဿနာမရှိဘူး..."
"ဖန်း...."
လျိုချင်းရှန် စိတ်ပူသွား၏။
"ဂျင်ကျောင်းမင်က ပထမအဆင့်တာဝန် သုံးခုကို အောင်မြင်ထားပြီးပြီ..."
"နင်ရူးနေလား...."
သူမ နားမလည်နိုင်ပေ။
ပို့ဆောင်ရေးတာဝန်ယူဖူးသည့်ဂျန်ဖန်းက ဂျင်ကျောင်းမင်နှင့် အကျိုးပြုမှတ်မှာ ဘယ်လိုလုပ်ယှဥ်နိုင်မည်နည်း။
ဤအရာက ရှုံးဖို့သေချာနေသည်မဟုတ်လား။
ပထမအဆင့်တာဝန်သုံးခု?...
ထိုအရာက မျှော်လင့်ထားတာထက်နည်းနေခဲ့သည်။
သို့ပေမယ့် ဂျင်ကျောင်းမင် စိတ်အားထက်သန်စွာပြောလိုက်သည်။
"ကောင်းပြီ, သဘောတူတယ်.."
"နေဝင်မြို့မှာရှိတဲ့လူတိုင်း မျက်မြင်ပဲ..."
"ကတိဖျက်တဲ့လူ ဆံထွေးနဲ့ဝိုင်းထွေးခံရမယ်...."
စိတ်ဖိစီးမှုများနေသည့် တပည့်တွေအတွက် ဤအရာက တကယ်ကို စိတ်ဝင်စားဖွယ်ကောင်းသည့်ဖျော်ဖြေရေးတစ်ခုဖြစ်သွား၏။
သူတို့အားလုံးက ဝမ်းသာအားရထောက်ခံနေပြီး ရလဒ်ကိုသိချင်နေကြသည်။
လျိုချင်းရှန်၏နေအိမ်ကိုပြန်ရောက်သည့်အခါ...
သူက ခြံဝန်းငယ်လေး၊ ပျက်စီးနေသည့်ထင်းဂိုဒေါင်နှင့် မီးဖိုချောင်တို့ကိုကြည့်လိုက်သည်။
ဂျန်ဖန်း မနေနိုင်ပဲရယ်လိုက်၏။
"ဂိုဏ်းချုပ်သမီးက ဒီလိုနေရာမျိုးမှာ လာပြီး ဒုက္ခခံနေတာ တကယ်ကိုမလွယ်ဘူးပဲ..."
လျိုချင်းရှန် သူ့ကို စိုက်ကြည့်နေဆဲဖြစ်သည်။
"ခေါင်းစဥ်မလွှဲနဲ့...."
"နင်ဘာတွေတွေးနေတာလဲ...."
"နင် နေဝင်မြို့မှာမနေချင်လို့ ငါ့ကို မမြင်ချင်တော့လို့ ထွက်သွားဖို့ ဆင်ခြေရှာနေတာလား...."
ပြောနေရင်းဖြင့် သူမမျက်လုံးထဲမှာ မျက်ရည်တွေဝဲလာခဲ့သည်။
သူမအတွေးလွန်တာကို အပြစ်တင်လို့မရပေ။
သူမနှင့်ဂျန်ဖန်းကြား ရင်းနှီးမှုအတန်ငယ်ရှိလာသော်လည်း မလုံခြုံသလိုခံစားနေရဆဲဖြစ်သည်။
အဆိုးဆုံးတွေကို မတွေးဖို့က ခက်၏။
ဂျန်ဖန်းအံ့အားသင့်စွာရယ်လိုက်ပြီး သူမပုခုံးလေးကို ဖက်လိုက်သည်။
"မင်းဘာတွေတွေးနေတာလဲ...."
"ငါပြိုင်ရဲမှတော့ သဘာဝအတိုင်း ယုံကြည်မှုရှိလို့ပေါ့...."
"ဘယ်လိုလုပ် မင်းကို မမြင်ချင်တာဖြစ်ရမှာလဲ...."
"အဲ့လိုသာဆိုရင် မင်းကိုကယ်ဖို့ ဒိအထိတောင်လာမှာမဟုတ်ဘူ..."
လျိုချင်းရှန် ရင်ထဲထိသွား၏။
အစောပိုင်းကွပ်ကဲရေးစခန်း၌ သူမကိုကယ်ဆယ်သည့်တာဝန်က အကြီးအကဲအဆင့်တာဝန်ဆိုတာ သိခဲ့ရ၏။
ထိုအရာက ၎င်း၏အန္တရာယ်ကို ညွှန်ပြနေတာပဲဖြစ်သည်။
သို့ပေမယ့် ဂျန်ဖန်းက တွေဝေခြင်းမရှိပဲ လာခဲ့သေး၏။
"တောင်းပန်ပါတယ်, ငါ အတွေးမလွန်သင့်ဘူး..."
လျိုချင်းရှန် တောင်းပန်လိုက်ပြီး ခေါင်းလေးကို သူ့ပခုံးပေါ်မှီလိုက်၏။
"စိတ်ချပါ, ငါက မသေချာတဲ့တိုက်ပွဲတစ်ခုကို မတိုက်ပါဘူး...."
"ဒါပေမယ့်မင်း အဲ့ဒီခုံးကောင်အသားကိုခုချက်ချင်းစားပြီး မြန်မြန်မင်းခွန်အားကို မြှင့်တင်သင့်တယ်..."
"မင်း နောက်တစ်ကြိမ်အနိုင်ကျင့်ခံရမှာကို ငါမမြင်ချင်ဘူး...."
သူက ဂရုတစိုက်ပြောလိုက်သည်။
ထိုစဥ်...
ကုန်းယွမ်ဘ လက်အောက်ငယ်သားတစ်ယောက်တင်ပြနေတာကို မဲမှောင်သည့်အမူအရာဖြင့် နားထောင်နေခဲ့သည်။
"မင်းပြောတာ မျက်နှာဖုံးနဲ့တပည့်လေးတစ်ယောက်က ခရမ်းဓားကိုသုံးတယ်ပေါ့..."
လက်အောက်ငယ်သား၏အမူအရာက စိတ်လှုပ်ရှားနေခဲ့သည်။
"ဟုတ်ပါတယ်, ဖော်ပြချက်တွေအရ စွန်ချောင်ဇောင်ပြောတာတွေနဲ့အတူတူပါပဲ..."
"အစွမ်းထက်ဖိအားနဲ့ ခရမ်းရောင်အလင်းတန်းတွေထုတ်လွတ်နေပြီး အလွန်အဆင့်မြင့်ပါတယ်..."
"အဲ့လူက အသင်္ချေဓားဂိုဏ်းအနီးနားမှာပေါ်လာပြီး ဖြတ်သွားဖြတ်လာတပည့်တစ်ယောက်မြင်ခဲ့တာပါ...."
ဘန်း...
ကုန်းယွမ်ဘ လက်ဖြင့် စားပွဲကို ရိုက်လိုက်သည်။
သူက သန္ဓေသားအဆောင်သုံးသည့်လူသေဆုံးသွားပြီဟုသိရစဥ်က အတော်လေးခါးသီးစွာခံစားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းအဆောင်ပိုင်ဆိုင်တာက တိုင်ပုပိုင်ကို သတ်သည့်လူဟု အတိအကျမပြောနိုင်သောကြောင့်ပင်။
လူသတ်သမားက တစ်စုံတစ်ယောက်ကို လွဲပြောင်းပေးခဲ့တာလည်းဖြစ်နိုင်၏။
သို့ပေမယ့် ခရမ်းဓားကိုင်ဆောင်ထားသူက သံသယရှိစရာမလိုအောင် တကယ့်လူသတ်သမားဖြစ်၏။
"မင်းပြောတာ သူက တပည့်တစ်ယောက်နော်? အရမ်းထူးချွန်တဲ့ပါရမီရှင်တပည့်လား..."
"ဟုတ်ပါတယ် ဂိုဏ်းချုပ်။ အဲ့တပည့်ပြောတာတော့ အဲ့ဒီလူရဲ့ခွန်အားက ဂိုဏ်း ၉ ဂိုဏ်းအတွင်းမှာ သေချာပေါက်ထိပ်တန်းပဲတဲ့..."
ကုန်းယွမ်ဘမျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွား၏။
"အခန့်သင့်လိုက်တာ...."
"အခု ပါရမီရှင်တွေအားလုံး နေဝင်မြို့မှာရောက်နေတယ်...."
"ပြီးတော့ ဒီနေ့ည အကျိုးပြုမှတ်အဆင့်တွေ ပထမဆုံးအကြိမ်ကြေညာလိမ့်မယ်။ အဲ့ကောင်လည်း သေချာပေါက်ရှိမှာပဲ...."
"ငါသာ သူတို့ဓားတွေကို တစ်ချောင်းပြီးတစ်ချောင်းလိုက်စစ်ဆေးလိုက်ရင် တကယ့်လူသတ်သမားကို ရှာတွေ့ပြီ...."
သူက လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ကြမ်းတမ်းစွာဟိန်းဟောက်လိုက်၏။
"ငါ နောက်ဆုံးတော့ မင်းကို ရှာတွေ့တော့မယ်...."
"မင်းဘာကောင်လဲ ဘယ်လောက်ရင်းနှီးရမလဲဆိုတာ ငါဂရုမစိုက်ဘူး...."
"မင်း သေကိုသေရမယ်..."
ဧရာမဂိုဏ်းမဟာအကြီးအကဲ အသတ်ခံခဲ့ရ၏။
ထိုအရာက ယခင်ကတစ်ခါမှမရှိဘူးသည့်ရန်လာစမှုမျိုးဖြစ်သည်။
ထို့ပြင် ဧရာမဂိုဏ်း၏ အကြီးမားဆုံးအရှက်ရမှုလည်းဖြစ်သည်။
ပေါ်တင်တစ်မျိုး တိတ်တဆိတ်တစ်မျိုးနှင့် သူတို့က လှောင်ပြောင်မှုများစွာကို ခံစားခဲ့ရ၏။
ယခု နောက်ဆုံးမှာ လူသတ်သမားမျက်နှာဖုံးကိုခွာချနိုင်တော့မည်ဖြစ်သည်။
ထိုကောင့်ကိုသတ်ပြီး ကမ္ဘာကြီးဆီကြေညာရမည်ဖြစ်သည်။
ဟောင်းနွမ်းနေသည့်ခြံဝန်းအတွင်း၌...
ဂျန်ဖန်း ခြံဝန်းထဲမှာ တစ်ယောက်တည်းရှိနေပြီး သန့်စင်မိုးကြိုးအရိပ်သုံးခု၏ဒုတိယအကွက်ကို လေ့ကျင့်နေခဲ့သည်။
မိုးကြိုးငါးခုစစ်မှန်ကောင်းကင်လက်ဝါး....
သို့ပေမယ့် သူက မည်သည့်တိုးတက်မှုမှမရှိပေ။
အဘယ်ကြောင့်ဆိုသော် ဒုတိယအကွက်အတွက် လိုအပ်ချက်က ပထမအကွက် မိုးကြိုးနဂါးလျှပ်စီးခြေထောက်ထက် အများကြီးပိုများနေခဲ့သည်။
လိုအပ်သည့်မိုးကြိုးစွမ်းအားကလည်း ပထမအကွက်ထက် ၁၀ဆလောက်ပိုများ၏။
ယခင်က ငွေတောင်ပံမိုးကြိုးသိမ်းငှက်၏ မိုးကြိုးစွမ်းအားကိုမှီခိုပြီး ပထမအကွက်ကို အောင်မြင်စွာလေ့ကျင့်နိုင်ခဲ၏။
ယခု သူက ဤလောက်များသည့်မိုးကြိုးစွမ်းအင်ကို ဘယ်နေရာက သွားရှာရမည်နည်း။
ငွေတောင်ပံမိုးကြိုးသိမ်းငှက် ၁၀ ကောင်ဖမ်းသင့်သည်လား?...
ခက်တာလွယ်တာ ဘေးဖယ်ထားလိုက်အုန်း...
နတ်ဆိုးမျိုးနွယ်၌တောင် ထိုလောက်များပြားသည့် ငွေတောင်ပံမိုးကြိုးသိမ်းငှက်တွေရှိမည်လား...
ကျွီ!
လျိုချင်းရှန် အပြင်ထွက်လာပြီး သူမမျက်နှာက ပျော်ရွင်မှုတွေနှင့်ပြည့်နေကာ စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ဖန်း, ဖန်း ငါ အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ကို ချိုးဖျက်သွားပြီ..."
"နင် ငါ့ကိုပေးတဲ့ခုံးကောင်အသားက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတွေကို အဆင့်တိုးမြှင့်ပေးတဲ့ နဂါးတံတွေးဆေးလုံးထက်တောင် ပိုအာနိသင်ရှိတယ်..."
သူမက ထိုအရာကို မယုံနိုင်ဖြစ်နေ၏။
အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျတ်ပြီးတာ တစ်လပဲရှိသေးပြီး ယခု နောက်တစ်ဆင့်တိုးတက်သွားပြီဖြစ်သည်။
အရှိန်ကအလွန်မြန်ဆန်ပြီး မည်သူမှယုံမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ပုံမှန်အခြေအနေအောက်၌ နောက်တစ်ဆင့်ချိုးဖျက်ဖို့ အနည်းဆုံး နှစ်ဝက်လောက်ယူရမည်ဖြစ်သည်။
ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။
မျှော်လင့်ထားသလိုပင်။
ဤခုံးကောင်အသားက တကယ်ပဲ ရှားပါးသည့်ပစ္စည်းဖြစ်ပြီး ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲကို ပျိုးထောင်ပေးနိုင်၏။
ဤကဲ့သို့ရလဒ်မျိုးက အံ့သြစရာမဟုတ်ပေ။
"မင်းရဲ့နယ်ပယ်တည်ငြိမ်သွားတဲ့အခါကျရင် ငါမင်းကိုနောက်ထပ်တစ်ပိုင်းထပ်ပေးမယ်။ တစ်လနဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် ၃ ရောက်မလားစမ်းကြည့်ပေါ့..."
သူက ကောင်းကင်ကိုကြည့်လိုက်သည်။
ဂျန်ဖန်း သူ့ကျင့်ကြံမှုပြီးစီးသွား၍ ပြောလိုက်သည်။
"ရင်ပြင်ကို သွားစို့...."
"အကျိုးပြုမှတ်အဆင့်တွေ ထုတ်ပြန်တော့မယ်..."
သူက အတော်လေး စိတ်အားထက်သန်နေခဲ့သည်။
သူ၏အကျိုးပြုမှတ်က ကောင်းကင်ဘုံစက်ယန္ဒယားခန်မရတနာတိုက်မှ သိုလောင်ပစ္စည်းနှင့်လှဲနိုင်မလားသိချင်နေခဲ့သည်။