← Chapters

ကြယ်တွေဝန်းရံထားသောဂျန်ဖန်း

Vol. 33 Ch. 429

ကြယ်တွေဝန်းရံထားသောဂျန်ဖန်း

Vol. 33 Ch. 429

နေဝင်မြို့ဗဟိုရင်ပြင်၌...

ကောင်းကင်ကမမှောင်သေးပေမယ့် တပည့်တွေ စောစီးစွာရောက်နေကြပြီဖြစ်သည်။

တာဝန်ထမ်းဆောင်နေသည့်တပည့်တွေနှင့် ပြန်မရောက်သေးသည့်တပည့်တွေမှလွဲ၍...

မြို့ထဲရှိတပည့်အားလုံး ရောက်နေပြီဖြစ်သည်။

အဆုံးမှာတော့ ဤအရာက ပထမဆုံးအကြိမ် အကျိုးပြုမှတ်စာရင်းကြေညာတာဖြစ်သည်။

အားလုံးအတွက် အရမ်းအရေးကြီး၏။

လန်ဖေးယန် လင်းဂုဟိုင်နှင့် အသင်္ချေဓားဂိုဏ်းမှတပည့်များစွာကိုဦးဆောင်လာပြီး ကွပ်ကဲရေးဠာနရှေ့မှာစောင့်နေခဲ့သည်။

"စီနီယာအကိုလန်, မင်းက ဒီတစ်လလုံး မနားပဲ တာဝန်ဆက်တိုက်လုပ်ခဲ့တာ...."

"မင်းသာ အကျိုးပြုမှတ်စာရင်းမှာ ပထမ မရရင် ငါလက်ခံမှာမဟုတ်ဘူး...."

လင်းဂုဟိုင် ပြောလိုက်၏။

လန်ဖေးယန် ခေါင်းခါယမ်းလိုက်သည်။

"ပထမဖြစ်ဖို့က အဲ့လောက်မလွယ်ဘူး..."

"ငါ့ထက်ပိုပြီး မရပ်မနားတာဝန်တွေလုပ်နေတဲ့ ရှချောင်ကောကို မပြောနဲ့အုန်း... ဂျင်ကျောင်းမင်လည်း ဒီလမနားခဲ့ဘူး..."

"ဒါ့ပြင် သူတို့နှစ်ယောက်လုံးက ကောင်းကင်အဆင့်တာဝန်တွေပြီးမြောက်ထားတာ...."

"မင်းသိသင့်တယ်, ကောင်းကင်အဆင့်တာဝန်တစ်ခုက သိမ်မွေ့အဆင့်တာဝန် ၄ ခုနဲ့ညီမျှတယ်ဆိုတာ..."

"ငါပြီးစီးထားတဲ့အမြင့်ဆုံးတာဝန်က မြေကမ္ဘာအဆင့်ပဲ..."

လန်ဖေးယန် သူ၏ကိုယ်ပိုင်စွမ်းရည်ကို ကောင်းကောင်းနားလည်၏။

"ပထမနှင့် ဒုတိယက သေချာပေါက် ရှချောင်ကောနဲ့ ဂျင်ကျောင်းမင်ပဲ။ ငါကတော့... အဆင့် ၃ လောက်တော့ ရမှာပါ..."

ထိုအခိုက်အတန့်၌....

လန်ဖေးယန် ဂျန်ဖန်းနှင့် လျိုချင်းရှန်တို့ အဝေးမှလာနေတာကို သတိထားမိလိုက်သည်။

သူက မနေနိုင်ပဲ အနည်းငယ်အံ့အားသင့်သွား၏။

"လျိုချင်းရှန်? သူမပြန်လာပြီပဲ။ ဂျန်ဖန်း ကယ်ဆယ်ရေးတာဝန်ကို အောင်မြင်ခဲ့တာပဲ...."

သူ့နောက်ရှိတပည့်တွေ ဤအကြောင်းကို သိ၏။

"စီနီယာအကိုလန်, မင်းသိချင်မှသိမှာ။ ဂျန်ဖန်းက လျိုချင်းရှန်တင်မကပဲ ကျန်တပည့်လေးယောက်ကို မထိခိုက်ပဲ ပြန်ခေါ်လာနိုင်ခဲ့တယ်...."

"လက်ထောက်ခန်းမသခင်ယဲ့တောင် သူ့ကိုချီးကျူးပြီး အကျိုးပြုမှတ်အပြည့်ပေးခဲ့တာ...."

ဘာ?...

လန်ဖေးယန် အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ဂျန်ဖန်းအသက်ရှင်လျှက်ပြန်လာနိုင်ရင်ကို အထင်ကြီးစရာကောင်းနေပြီဟု သူထင်ထားခဲ့၏။

"ကံကောင်းလို့ ဒီတစ်ကြိမ်သူပြီးထားတဲ့ကောင်းကင်အဆင့်တာဝန်က ဒီလထဲမှာဖြစ်ပြီး ရလဒ်က နောက်တစ်ကြိမ်မှကြေညာမှာ...."

"မဟုတ်ရင်, ငါ့ရဲ့အဆင့် ၃ နေရာက မသေချာတော့ဘူး...."

လင်ဂုဟိုင် လက်မခံပေ။

"စီနီယာအကိုလန် မင်းက သူ့ကို အထင်ကြီးလွန်းနေတာပဲ..."

"ငါသိသလောက်ဆိုရင် ဒီကောင်က အမြဲပို့ဆောင်ရေးတာဝန်တွေပဲယူနေတာ..."

"အစပိုင်းတုန်းက သူက အဆင့် ၃ တာဝန်တွေလုပ်ခဲ့တာ။ ဒါက သူ့ခွန်အားအကန့်အသတ်ကို ညွှန်ပြနေတာပဲ..."

လင်းဂုဟိုင် သဘာဝအတိုင်း ဂျန်ဖန်းအပေါ် နက်ရှိုင်းသည့်ထင်မြင်ချက်ရှိ၏။

တိမ်စိမ်းမြို့တုန်းက ဂျန်ဖန်းသူ့ကို အရှက်ခွဲခဲ့တာမဟုတ်လား....

ဘာ?....

လန်ဖေးယန် ပိုလို့တောင်အံ့အားသင့်သွား၏။

"မင်းဘာပြောလိုက်တယ်? သူက ပုံမှန်ဆို အဆင့် ၃ တာဝန်တွေလုပ်တာ..."

"သူက တိမ်စိမ်းဂိုဏ်းက အစွမ်းထက်လူတစ်ယောက်ယောက်ကိုများ ပြစ်မှားမိလို့လား..."

"ဒါကြောင့် သူတို့က သူ့ကိုဖိနှိပ်နေတာဖြစ်မယ်..."

ဂျန်ဖန်း ဖြူလေးကို အလွယ်တကူအနိုင်ယူသည့်မြင်ကွင်းကို ပြန်တွေးမိတော့...

လန်ဖေးယန် မနေနိုင်ပဲ ပါးစပ်ထောင့်တွန့်လိမ်သွား၏။

ကံကောင်းစွာဖြင့် ဂျန်ဖန်းဖိနှိပ်ခံထားရ၏။

မဟုတ်လျှင် သူ၏တတိယနေရာက သေချောပေါက်မသေချာတော့ပေ။

သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်ပြီး အဝေးမှ နှုတ်ဆက်လိုက်၏။

"ဂျူနီယာညီလေးဂျန်..."

ဂျန်ဖန်း ခေါ်သံကိုကြားသည့်အခါ လျှောက်သွားလိုက်သည်။

လျိုချင်းရှန် ထိတ်လန့်သွား၏။

"နင်က အသင်္ချေဓားဂိုဏ်းရဲ့ တပည့်ကြီးကို သိတယ်...."

သူမ အနည်းငယ်စိတ်ရှုပ်သွား၏။

လန်ဖေးယန်က ဂိုဏ်း ၉ ဂိုဏ်း မျိုးဆက်တူထဲ၌ အဆင့် ၅ ဖြစ်၏။

ဘယ်အချိန်က ဂျန်ဖန်း ဤကဲ့သို့တပည့်မျိုးနှင့် ရင်းနှီးသွားသနည်း။

"ခေါ်ထူးမေးပြောရှိရုံပါ..."

ဂျန်ဖန်းပြန်ပြောလိုက်သည်။

လျိုချင်းရှန် ပိုလို့တောင်စိတ်ရှုပ်သွား၏။

ခေါ်ထူးမေးပြော?...

သို့ပေမယ့် လန်ဖေးယန်၏ရင်းနှီးသည့်အပြုံးအရ ကြည့်ရတာ ဂျန်ဖန်းနှင့်ဆက်ဆံရေးကို အတော်လေးတန်ဖိုးထားပုံပင်။

သူတို့ချည်းကပ်လာသည့်အခါ လန်ဖေးယန် ချီးကျူးလိုက်၏။

"မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းက ဒီလိုတာဝန်ကို အောင်မြင်ခဲ့တာပဲ..."

"ငါတောင် အဲ့ဒီတာဝန်ကို မယူရဲဘူး..."

ဂျန်ဖန်း လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"စီနီယာအကိုမြောက်ပင့်လွန်းနေပါပြီ။ ကံကောင်းသွားရုံပါ..."

ကံကောင်းသွားရုံ?...

လန်ဖေးယန် သူ့ကိုထိုးချင်စိတ်ပေါက်သွား၏။

နှိမ့်ချလွန်းနေတာလား?...

ထိုတာဝန်က ရှချောင်ကောတောင်တွေဝေနေပြီး တဖြည်းဖြည်းလက်လျော့ခဲ့ရ၏။

ဘယ်လိုလုပ် ကံကောင်းရုံဖြင့် အောင်မြင်နိုင်မည်နည်း။

လင်ဂုဟိုင်း လှောင်ပြောင်လိုက်၏။

"မင်းက အနည်းဆုံးတော့ ကိုယ့်အခြေအနေကို နားလည်သားပဲ...."

"ကံကောင်းလို့မှန်းသိရင်လည်း သိပ်ပြီး ဘဝင်မမြင့်နဲ့...."

ထိုအရာကိုကြားသည့်အခါ...

လန်ဖေးယန်မျက်နှာ ရုတ်တရက်တင်းမာသွားပြီး တစ်ဖက်လှည့်ကာ ဆူပူလိုက်၏။

"မင်း ဂျူနီယာညီလေးဂျန်ကို ဒီလိုပုံစံနဲ့ ဘယ်လိုတောင်ပြောရဲတာလဲ...."

လန်ဖေးယန်ကိုယ်တိုင်တောင် သူ့ကိုယ်သူ ဂျန်ဖန်းခွန်အားထက်နှိမ့်ကျသည်ဟု ခံစားမိ၏။

လင်ဂုဟိုင်က အသက်ရှင်ရတာ စိတ်ကုန်နေပြီလား?...

အကြောင်းပြချက်မရှိပဲ လူတွေကို ရန်လိုက်စနေခဲ့သည်။

သူသာ တကယ် ဂျန်ဖန်းကို ဒေါသထွက်စေခဲ့လျှင် သူလည်း ကာကွယ်မပေးနိုင်ပေ။

လင်းဂုဟိုင် ထိတ်လန့်သွား၏။ လန်ဖေးယန် ဒေါသထွက်တာက မြင်ရခဲ၏။

သူက အလျင်းအမြန်ပဲ တောင်းပန်လိုက်၏။

"တောင်းပန်ပါတယ် ဂျူနီယာညီလေးဂျန်,ငါတောင်းပန်ပါတယ်...."

လန်ဖေးယန် နှာမှုတ်လိုက်၏။

"မင်း ဂျူနီယာညီလေးဂျန်ကို နောက်တစ်ကြိမ်မလေးမစားလုပ်ရဲရင် ငါအရင်းဆုံးမင်းနဲ့စာရင်းရှင်းမယ်..."

ထို့နောက် တောင်းပန်သည့်အမူအရာနှင့် ဂျန်ဖန်းဆီလက်ချင်းယှက်ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန် သူ့လိုအဆင့်နဲ့ ဖက်တုမနေပါနဲ့။ ကျေးဇူးပြုပြီးခွင့်လွတ်ပေးပါ..."

ဂျန်ဖန်း လင်းဂုဟိုင်ကို တစ်ချက်ကြည့်လိုက်သည်။

သူက ဤကဲ့သို့လူမျိုးနှင့် စကားတွေပြောပြီး အချိန်မဖြုန်းချင်ပေ။ ခေါင်းအနည်းငယ်ညိတ်ပြလိုက်၏။

ထို့နောက် လန်ဖေးယန်နှင့် ပုံမှန်အတိုင်း စကားစမြည်ပြောနေခဲ့သည်။

လျိုချင်းရှန် အံ့အားသင့်စွာပဲ ကြည့်နေခဲ့သည်။

ဘာတွေဖြစ်နေသနည်း?...

လင်းဂုဟိုင်က အသင်္ချေဓားဂိုဏ်း၏ အဆင့် ၂ ပါရမီရှင်ဖြစ်၏။

လင်ဖေးယန်က သူ့ကို ကာကွယ်မပေးရုံတင်မကပဲ ဆူတောင်ဆူလိုက်သေး၏။

သူက ဂျန်ဖန်းကို ရန်စမိမှာ ကြောက်နေသလိုပင်။

သို့ပေမယ့် ဂျန်ဖန်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ သာရှိသေး၏။

ဤလောက်ထိလိုအပ်သည်လား?...

လင်ဂုဟိုင်းလည်း မကျေနပ်ချက်တွေနှင့် ပြည့်နှက်နေခဲ့သည်။

စီနီယာအကိုကြီးက ဆိုးဝါးတာတစ်ခုခုစားမိခဲ့သည်လား?...

စိတ်ဝိညာဥ်အမြစ်မရှိသည့်အမှိုက်ကောင်အတွက် သူ့ကို ဤကဲ့သို့ဆက်ဆံနေခဲ့သည်။

"ဟေး, ဂျူနီယာညီလေးဂျန်, မင်းလည်း ဒီရောက်နေတာကိုး..."

ဟွာရှန်းချန်နှင့် လီရှီချန်း ဂျန်ဖန်းကိုအဝေးမှမြင်လိုက်ပြီး ပြေးလာခဲ့သည်။

အထူးသဖြင့် လီရှီချန်းပင်။ သူမက ပျော်ရွင်စွာဖြင့်ရောက်လာခဲ့သည်။

"ကောင်းကင်အဆင့်တာဝန်ပြီးမြောက်သွားလို့ ဂုဏ်ယူပါတယ် ဂျူနီယာမောင်လေး..."

ဂျန်ဖန်း သူမကို အံ့အားသင့်စွာကြည့်လိုက်သည်။

"မင်း... ဒီမှာရှိနေသေးတာလား..."

သူမ၏တာဝန်လုပ်ဆောင်မှုက ပယ်ဖျက်ခံလိုက်ရပြီမဟုတ်လား။

လီရှီချန်း ရှက်ရွံ့စွာပြောလိုက်သည်။

"ဂိုဏ်းချုပ်က ငါ့ကိုယ်စား လက်ထောက်ခန်းမသခင်ယဲ့ကို တောင်းပန်ပေးတယ်လေ...."

"ငါလည်း တကယ်နောင်တရနေပြီ။ ဒါကြောင့် လက်ထောက်ခန်းမသခင်ယဲ့က ငါ့ကို စောင့်ကြည့်ဖို့ခွင့်ပြုပေးခဲ့တာ..."

"ငါက တာဝန်တွေလုပ်လို့ရပေမယ့် နောက်တစ်ကြိမ်မောက်မောက်မာမာပြုမူရင် ငါ့တာဝန်လုပ်ဆောင်မှုကို ထာဝရပယ်ချပစ်မယ်တဲ့..."

"ဂျူနီယာမောင်လေးဂျန်.. စိတ်မရှိဘူးမလား..."

သူမက စိုးရိမ်စွာမေးလိုက်သည်။

ဂျန်ဖန်း အနည်းငယ်ပြုံးလိုက်၏။

"ဒါက အကောင်းဆုံးပါပဲ..."

"ခုကစပြီး အားနည်းတဲ့လူတွေကို ဂရုစိုက်ပါ။ လက်ထောက်ခန်းမသခင်ယဲ့ မင်းကို သေချာပေါက်ခွင့်လွတ်မှာပါ..."

တစ်ဖက်လူက ဦးချပြီး နှစ်ကြိမ်တောင်တောင်းပန်ခဲ့တာဖြစ်သည်။

ဘာကြောင့် ဂျန်ဖန်းက မကျေနပ်ချက်တွေ ဆုပ်ကိုင်ထားရမည်နည်း။

လီရှီချန်းမျက်လုံးတွေ တောက်ပသွားပြီး ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ, ကောင်းပြီ, ငါ ဂျူနီယာမောင်လေးစကားနားထောင်မယ်..."

ဘေးမှာရပ်နေသည့် လျိုချင်းရှန် ပဟေဠိဖြစ်သွား၏။

ဘာတွေဖြစ်နေသနည်း။

သူမသိသလောက်ဆို လီရှီချန်းက ပေါင်းသင်ဆက်ဆံဖို့ အတော်လေး ခက်၏။

သူမ နေဝင်မြို့ပထမဆုံးအကြိမ်ရောက်တုန်းကဆို သူမနှင့် နှစ်ကြိမ်တောင်တိုက်ခိုက်ခဲ့၏။

ထိုအခါမှသာ လီရှီချန်း လျိုချင်းရှန်ကို သတိထားမိသွားပြီး အလျှင်အမြန်တောင်းပန်လိုက်၏။

"ဂျူနီယာညီမလျို ငါအရင်က ရိုင်းသလိုဖြစ်သွားတယ်...."

"မင်းခွင့်လွတ်နိုင်မယ်လို့မျှော်လင့်ပါတယ်...."

ဘာ?...

တစ်ခဏ လျိုချင်းရှန် သူ့ရှေ့ရှိလူက မောက်မာမာနကြီးသည့်လီရှီချန်းနှင့်တစ်ယောက်တည်းလားဟုတောင် သံသယဝင်သွား၏။

တကယ်ကို တောင်းပန်နေခဲ့သည်။

သူမက စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်။

"အို, အဆင်ပြေပါတယ်။ ဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပါပြီ..."

ဤအခိုက်အတန့်၌...

ဟွာရှန်းချန်လည်းရောက်လာပြီး လန်ဖေးယန်ကို ခေါင်းအနည်းငယ်ညိတ်ပြလိုက်သည်။

ထို့နောက် ဂျန်ဖန်းကို လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, မင်းက အခုဆို နေဝင်မြို့မှာ နာမည်ကြီးနေပြီ..."

"ဂုဏ်ယူပါတယ်...."

လျိုချင်းရှန် တကယ်ပဲ စိတ်တွေရှုပ်နေခဲ့သည်။

မြင့်မြတ်ဂိုဏ်း၏စီနီယာအကိုကြီးလည်း ဂျန်ဖန်းနှင့် မိတ်ဆွေဖြစ်ချင်သည်လား။

မဖြစ်နိုင်တာ...

ဘယ်အရာက ဂျန်ဖန်းကို လူတိုင်းဆီမှ လောကဝတ်တွေနှင့် ထိုက်တန်သွားစေတာနည်း။

သို့ပေမယ့် ထိုအရာက အဆုံးသတ်မဟုတ်သေးပေ။

ဂျန်ဖန်း နှုတ်ဆက်ပြီးနောက်...

ခမ်းနားသည့်ဝတ်စုံဝတ်ဆင်ထားပြီး ချောမောသည့်အသွင်အပြင်နှင့် ရှဲ့လျိုရှူး လည်း ပြုံးပြီး ယဥ်ကျေးစွာပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, ငါ နေဝင်မြို့ကို ခုမှရောက်ပေမယ့် မင်းနာမည်ကတော့ နေရာအနှံ့မှာကြားနေရတယ်..."

"စီနီယာအကို တကယ်ပဲ မနာလိုဖြစ်မိတယ်..."

ဘာ?...

လျိုချင်းရှန် ကြောင်သွား၏။

ရမ္မက်ဂိုဏ်းတပည့်ကြီး?...

အားလုံး ဘာတွေဖြစ်ကုန်သနည်း။

သူမကို ပိုလို့တောင် အံ့အားသင့်သွားစေတာက.....

ပြုံးခဲသည့် ဂျင်ကျောင်းမင် ရင်သက်ရှူမောလောက်အောင်လှပသည့် အမျိုးသမီးတပည့်တစ်ယောက်နှင့် လမ်းလျှောက်လာခဲ့သည်။

"ဂျူနီယာညီမရှ, မင်း နောက်ထပ်အဆင့် ၁ တာဝန်တစ်ခုပြီးမြောက်ခဲ့တာလား...."

"မင်းက ငါ့ကို အခွင့်အရေးကိုမပေးပါလား..."

သူက မချိပြုံးပြုံးလိုက်သည်။

သူက ရှချောင်ကောနှင့် ယှဥ်ပြိုင်ချင်ခဲ့၏။

သို့ပေမယ့် မည်သူသိမည်နည်း။ ရှချောင်ကောက နောက်ထပ်အဆင့် ၁ တာဝန်တစ်ခုပြီးသွားခဲ့သည်။

ကွာဟချက်က လုံးဝကြီးသွားပြီဖြစ်သည်။

ရှချောင်ကော အသာအယာပဲ ခေါင်းခါယမ်းလိုက်သည်။

"နောက်ဆုံးအချိန်မရောက်မချင်း ရလဒ်က မသေချာသေးပါဘူး...."

ရုတ်တရက်...

သူမကြည့်လိုက်ရာ ဗဟိုရင်ပြင်မှာစုဝေးနေသည့် လူအုပ်တစ်ခုကို သတိထားမိလိုက်သည်။

အတွေ့အကြုံအရ...

အလယ်၌ အလွန်ထူးချွန်သည့်တပည့်တစ်ယောက်ရှိသင့်ပြီး အခြားသူတွေ သူ့ကို အလိုလိုအာရုံစိုက်နေကြတာဖြစ်ရမည်ပင်။

သူမက တကယ်ပဲ ဤကဲ့သို့အချိန်အခါမျိုးတွေကို မနှစ်သက်ပေ။

တိတ်ဆိတ်သည့်ထောင့်တစ်ခုသွားဖို့ပြင်လိုက်ချိန်မှာပဲ...

သူမ မမျှော်လင့်စွာပဲ ရှာတွေ့လိုက်သည်။

တပည့်တွေ၏အာရုံစိုက်မှုအလယ်မှာရှိနေတာ ဂျန်ဖန်းပင်။

သူမ၏ကြည်လင်သည့်မျက်လုံးတွေ ချက်ချင်းတောက်ပသွား၏။

တဖြည်းဖြည်းမျက်နှာတင်းမာလာသည့်ဂျင်ကျောင်းမင်ကို နောက်မှာထားခဲ့ပြီး သူမအဝတ်ကိုမကာ အဝါရောင်ငှက်မလေးတစ်ကောင်ကဲ့သို့ ပျော်ရွင်စွာပြေးသွားရင်း အော်ခေါ်လိုက်သည်။

"ဦးလေး, ဦးလေး... နင်ပြန်ရောက်ပြီပဲ..."

လျိုချင်းရှန် သူမမျက်လုံးတွေကို ယုံဖို့ခက်ခဲနေခဲ့သည်။

ရှချောင်ကော?...

ဂိုဏ်း ၉ ဂိုဏ်း နံပါတ် ၁ ပါရမီရှင်....

သူ..သူမက ဂျန်ဖန်းနှင့် ဤလောက်တောင်ရင်းနှီးသည်လား။

လျိုချင်းရှန် အိိမ်မက်မက်နေသလိုခံစားနေရ၏။

ဂျန်ဖန်း၏အကြီးအကျယ်ပြောင်းလဲမှုတွေက သူမအား ကိုယ့်ကိုယ်ကို သံသယဝင်သွားစေခဲ့သည်။

"ငါ တကယ်ပဲ ရေခဲချောက်ထဲမှာ ၁၀ ရက်ပဲနေခဲ့တာလား...."

"တစ်နှစ်တော့မဟုတ်ပါဘူးနော်..."

All Chapters