အခန်း (၂၂၆-၂၂၈)
Vol. 16 Ch. 226-228
ယွမ်ကျိုး စာစဉ်(၁၆)
စာစဉ်(၁၆) ၂၂၆ မှ ၂၄၀
ယွမ်ကျိုး အပိုင်း(၂၂၆) စစ်ပီး
ယွမ်ကျိုးရဲ့ စိတ်ကူးက လက်တွေ့ဆန်သည်။ ထို့ပြင်သူက သူ့ကိုယ်သူ စဉ်းစားချင့်ချိန်တတ်သော သူဌေးတစ်ယောက်အနေဖြင့် တွေးတောထားသည်။
သူ၏ဖောက်သည်များက ယခုလို အေးချမ်းသော ရာသီဥတုတွင် မုန့်ချိုတွေကို စားရန် ထိုက်တန်သည်ဟုလည်း တွေးထားသည်။ ထို့ကြောင့် ယွမ်ကျိုးက သရေစာမုန့်အသစ်ကို ဆုံးဖြတ်ချက်ပိုင်နိုင်စွာ လက်ခံယူလိုက်ပြီး ပြုလုပ်ရန် ပြင်ဆင်သည်။
“မုန့်ချိုက အတော်အတန် စိတ်ဝင်စားဖို့တော့ကောင်းတယ်”
ယွမ်ကျိုးက ဟင်းပွဲနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိသေးပေ။ ဟင်းပွဲကို လက်ခံယူပြီးမှသာ ဟင်းပွဲနှင့်ပတ်သက်သော အကြောင်းအရာများကို သိရှိရသည်။
သို့သော်လည်း ယနေ့တွင် ထူးထူးခြားခြား အလုပ်လာလျှောက်တဲ့သူ ရောက်လာသည်။ အင်တာဗျူးရန် လူနှစ်ယောက် တစ်ပြိုင်နက်တည်း ရောက်လာခြင်းဖြစ်သည်။ ရောက်ရောက်ခြင်း သူတို့က သူတို့ကိုယ်သူတို့ မိတ်ဆက်စကားပြောကြသည်။
“တွေ့ရတာ ဝမ်းသာပါတယ်၊ သူဌေး။ ငါ့နာမည်က ရှန်မင်ပါ။ အနီးအနားက တက္ကသိုလ်မြို့ကနေလာတာပါ။ တက္ကသိုလ် ပထမနှစ်ပါ။ အဝတ်အစားပညာကို လေ့လာနေပါတယ်။ သူဌေးရဲ့ဆိုင်မှာ အလုပ်သမားခေါ်နေတဲ့သတင်းကြားလို့ပါ”
ကောင်မလေးက ရိုးရှင်းသော တီရှပ်အဖြူ၊ အပြာရောင်ဂျင်းဘောင်းဘီနှင့် အဖြူရောင်ရှူးဖိနပ်ကို ဝတ်ဆင်ထားသည်။ သန့်ရှင်းသပ်ရပ်သောကောင်မလေးတစ်ယောက်၏ပုံစံပေါ်လွင်သည်။
“ဟုတ်တယ်။ ဝန်ထမ်းခေါ်စာ ကပ်ထားပါတယ်။ အရင်ကကော အလုပ်လုပ်ဖူးလား”
ယွမ်ကျိုးကိုယ်တိုင်လည်း ဘွဲ့ရပြီးနောက် အလုပ်လျှောက်ခဲ့ဖူးသည်။ ထို့ကြောင့် မေးခွန်းမေးမြန်းခြင်းနှင့်ပတ်သက်၍ သူ့အတွက် ပြဿနာ မရှိပေ။
“ဟုတ်ကဲ့ လုပ်ခဲ့ဖူးပါတယ်။ နွေရာသီပိတ်ရက်တွေမှာဆိုရင် အမြဲတမ်း အလုပ်လုပ်ပါတယ်။ စားသောက်ဆိုင်တွေ၊ အဝတ်ဆိုင်တွေ နဲ့ စူပါမားကက်တွေမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်”
ရှန်မင်က အနည်းငယ်စိုးရိမ်သံဖြင့် ပြောသော်လည်း သူ့ရဲ့အသံက ကြည်လင်နေသည်။
“အွန်း ဒါဆိုရင်ကောင်းတာပေါ့။ အလုပ်ချိန်နဲ့ပတ်သက်ပြီးတော့ အခက်အခဲ တစ်စုံတစ်ရာ ရှိလား။ ကျုပ်က ညဘက်မှာ အလုပ်လုပ်နိုင်တဲ့လူတွေ လိုအပ်တယ်”
ခဏတာ တွေးကြံပြီးနောက် ယွမ်ကျိုးက ညဘက် အရက်ဆိုင်မှာ အလုပ်လုပ်ဖို့ ဝန်ထမ်းလိုအပ်ကြောင်း တွေးမိသွားသည်။
“ညဘက်က ကျွန်မအတွက် ပြဿနာ မရှိပါဘူး။ ဒါပေမယ့် နေ့ဘက်တွေမှာတော့ အတန်းတက်ဖို့ လိုအပ်တယ်။ စနေ၊ တနင်္ဂနွေ ပိတ်ရက်ကတော့ ခြွင်းချက်ပေါ့”
ရှန်မင်က စိတ်အားထက်သန်စွာပြောသည်။
“တစ်ပတ်ကို အလုပ်ဘယ်နှစ်ရက်လာနိုင်လဲ”
ယွမ်ကျိုးက အဓိကအချက်ကို မေးမြန်းလိုက်သည်။
“ညဘက်ဆိုရင် နေ့တိုင်းအလုပ်ဆင်းလို့ရသလို စနေ၊ တနင်္ဂနွေပိတ်ရက်ဆို တစ်နေ့လုံး အလုပ်လာလို့ရပါတယ်။ ဒါပေမယ့် တခြားရက်တွေကတော့”
ရှန်မင်က ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ခေါင်းကိုငုံ့လိုက်ပြီး တိုးလျသောလေသံဖြင့်ပြောသည်။ သူမက အလုပ်အရမ်းလိုချင်နေသူဖြစ်သည်။ သို့သော်လည်း တက္ကသိုလ်ပထမနှစ်ကျောင်းသူတစ်ယောက်အနေဖြင့် ဒုတိယနှစ်၊ တတိယနှစ်နှင့် နောက်ဆုံးနှစ်ကျောင်းသားများကဲ့သို့ အလုပ်ရရန် မလွယ်ကူပေ။
တစ်ပတ်ငါးရက် အလုပ်လုပ်ရန်အတွက်လည်း အားလပ်ချိန် သိပ်မရှိချေ။ သို့သော်ငြားလည်း ယွမ်ကျိုးက တစ်နေ့ကို ယွမ်တစ်ရာ လစာပေးသည့်အတွက်ကြောင့် တံခါးပေါက်တွင်ချိတ်ဆွဲထားသော အသိပေးစာကို ကြည့်ပြီး အထဲသို့ဝင်လာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“မင်းခဏစောင့်ပေး”
ယွမ်ကျိုးက ရှန်မင်ကို ချက်ချင်း မငြင်းပယ်ခဲ့ပေ။
“မင်းကောဘယ်လိုလဲ”
ယွမ်ကျိုးက ရှန်မင်နောက်တွင်ရပ်နေသော လူငယ်လေးကို ညွှန်ပြပြီး မေးမြန်းသည်။
“ကျွန်တော်လား”
ကောင်လေးက အပြာနုရောင် ကုတ်အင်္ကျီ နှင့် ဝါညိုနုရောင်ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားပြီး တက်ကြွသောပုံစံပေါ်လွင်သည်။ ယွမ်ကျိုး၏ မေးမြန်းမှုကို ကြားသောအခါ သူ့ကိုယ်သူ အရင်ဆုံး လက်ညှိုးထိုးပြီး ပြန်ဖြေသည်။
“ကျွန်တော့်နာမည်က ဟူခိုင်ပါ။ အသက် ၂၀ ပါ။ အမြဲတမ်းဝန်ထမ်းအနေနဲ့ အလုပ်လုပ်ချင်လို့ လာတာပါ။ အရင်ကတော့ အနောက်တိုင်းစားသောက်ဆိုင်မှာ အလုပ် လုပ်ခဲ့ပါတယ်”
ဟူခိုင်က တည့်တည့်မတ်မတ် မတ်တတ်ရပ်လိုက်ပြီး စိတ်အားထက်သန်သော အမူအရာဖြင့် သူ့ကိုယ်သူ မိတ်ဆက်စကားပြောသည်။
“ကျေးဇူးတင်ပါတယ်။ မင်းသွားနိုင်ပြီ”
ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် သူ့ကို ငြင်းပယ်လိုက်သည်။
“ဘယ်လိုဖြစ်ရတာလဲ။ ဘာကြောင့်လဲ”
ဟူခိုင်က အနည်းငယ် ဒွိဟဖြစ်သွားသည်။ သူ့ရှေ့တွင်ရှိသော ကောင်မလေးသည် အလုပ်ခန့်စာတွင် တောင်းဆိုသည့်အချက်များနှင့် ကိုက်ညီမှုမရှိပေ။ သူဌေးက သူ့ကို အဘယ်ကြောင့် ငြင်းပယ်ခဲ့ရသနည်း။
“ယောက်ျားကြီးနှစ်ယောက် အတူတူ ရှိနေပြီးတော့ အဓိပ္ပာယ်မရှိတဲ့စကားတွေ နေ့တိုင်းပြောနေရတာကို ဘယ်လိုထင်လဲ”
ယွမ်ကျိုးက ရုတ်တရက်မေးမြန်းလိုက်သည်။
“အမ်”
ခဏကြာတွေးကြံပြီးနောက် ယွမ်ကျိုးဆိုလိုသည့်အချက်ကို ဟူခိုင် သဘောပေါက်သွားသည်။
“ကောင်းပြီလေ”
ဟူခိုင်က အလုပ်ရခြင်း၊ မရခြင်းကို သိပ်ဂရုမစိုက်ပေ။ သူက ပခုံးကို ဆတ်ခနဲ့တွန့်လိုက်ပြီး လှည့်ထွက်သွားသည်။
“မင်းရဲ့ပြဿနာကို ငါရှင်းရှင်းလင်းလင်း သိသွားပြီ။ ဒါပေမယ့် အချိန်ပြည့် အလုပ်လုပ်တဲ့ ဝန်ထမ်းကိုပဲ ငါလိုအပ်တာ”
ယွမ်ကျိုးက ဆိုင်ထဲတွင် ရှိနေသေးသည့် ရှန်မင်ကို မပွင့်တပွင့်ပြောသည်။
“ကောင်းပြီ။ ကျွန်မ နားလည်ပါပြီ၊ သူဌေး”
ရှန်မင်က ခေါင်းကိုညိတ်လိုက်ပြီး သူမကို ငြင်းဆန်တော့မည့် အချက်ကို သဘောပေါက်လိုက်သည်။
“ဒါပေမယ့် တနင်္လာကနေ သောကြာနေ့အထိ အလုပ် လုပ်ပေးနိုင်မယ့်သူကို ရှာလာနိုင်ရင် မင်းကို အလုပ်ခန့်မယ်”
သို့သော်လည်း ယွမ်ကျိုးက ရှန်မင်၏ အလုပ်လျှောက်ခြင်းကို ငြင်းပယ်ခဲ့ခြင်းမဟုတ်ပေ။
“တကယ်ပြောတာလား”
ရှန်မင်က ခေါင်းကိုမော့လိုက်ပြီး တအံ့တဩမေးမြန်းသည်။
“အွန်း၊ လစာကို တစ်ပတ်တစ်ခါ ရှင်းပေးမယ်။ အပတ်တိုင်း မင်းက ယွမ် ၁၃၀၀ ရမယ်။ အဲ့ဒါကို မင်းရဲ့ ပါတနာနဲ့ မင်းခွဲယူနိုင်တယ်”
ယွမ်ကျိုးက ခေါင်းကိုညိတ်လိုက်ပြီး လစာပေးမည့်အချက်ကို ဖော်ပြသည်။
“ကျေးဇူးတင်ပါတယ်၊ သူဌေး။ လူရအောင် ရှာလာခဲ့ပါ့မယ်။ မစိုးရိမ်ပါနဲ့။ ဒီညပဲ အဲ့ဒီလူကို ခေါ်လာပေးရမလား”
ရှန်မင်က ယွမ်ကျိုးကို ဦးညွှတ်လုနီးပါး အရမ်းကို ပျော်ရွှင်နေသည်။ ကြင်နာတတ်သော သူဌေးကြောင့် သူမ စိတ်လှုပ်ရှားသွားပုံပေါ်သည်။
“မလိုအပ်ပါဘူး။ မနက်ဖြန်မနက် ၇:၃၀ မိနစ်ကျရင် သူ့ကို ခေါ်လာလို့ရပြီ”
ယွမ်ကျိုးက အဓိကအချက်ကို ရှင်းရှင်းလင်းလင်းပြောလိုက်သည်။
“ကောင်းပြီ။ မစိုးရိမ်ပါနဲ့သူဌေး။ မနက်ဖြန်ကျရင် ကတိပေးထားတဲ့အတိုင်း ဝန်ထမ်းတစ်ယောက်ကို ခေါ်လာခဲ့မယ်”
ရှန်မင်က အာမခံသည်။
“အင်း ရတယ်လေ”
ယွမ်ကျိုးက သူမကို ထွက်သွားနိုင်ပြီဖြစ်ကြောင်း အချက်ပြသည်။
“နှုတ်ဆက်ပါတယ် သူဌေး။ ကျေးဇူးတင်ပါတယ်”
ရှန်မင်က ထွက်မသွားခင် နှုတ်ဆက်စကားပြောလိုက်သည်။
“နှုတ်ဆက်ပါတယ်”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။ ရှန်မင်က မြဲမြံသောခြေလှမ်းများဖြင့် စားသောက်ဆိုင်အပြင်ဘက်သို့ ထွက်သွားပြီး ခပ်လှမ်းလှမ်းရောက်မှသာ စိတ်လှုပ်ရှားစွာ ထခုန်သည်။ ထို့နောက် သူ့ကိုယ်သူ ရေရွတ်သည်။
“တော်တယ် ရှန်မင်လေး။ နောက်ဆုံးတော့ ကိုက်ညီတဲ့ အလုပ်တစ်ခုကို ရှာနိုင်ခဲ့ပြီ”
ဝန်ထမ်းခန့်တဲ့ကိစ္စ လုပ်ဆောင်ပြီးနောက် ယွမ်ကျိုးက တံခါးဘောင်တွင် ကပ်ထားသော ဝန်ထမ်းအလိုရှိသည့် အသိပေးစာကို ခွာလိုက်သည်။ ထို့နောက် အသိပေးစာကို နောက်တစ်ကြိမ် ပြန်အသုံးပြုနိုင်အောင် စနစ်တကျခေါက်ထားလိုက်သည်။ ထို့နောက် ခေါင်းကိုမော့လိုက်ပြီး အချိန်ကို တစ်ချက်ကြည့်သည်။
“ဆိုင်ဖွင့်ဖို့ တစ်နာရီခွဲတောင် လိုသေးတာပဲ။ အချိန်လုံလောက်တယ်”
ယွမ်ကျိုးက ခေါင်းကိုညိတ်လိုက်ပြီး ဆိုင်တံခါးကို ပိတ်လိုက်သည်။ ထို့နောက် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။
“နောက်ဆုံးတော့ အဆင်ပြေသွားပြီ”
ယခု သူ့အတွက် ဟင်းချက်ရန် အချိန်ရှိသေးသည့်အတွက် အရောင်အသွေးစုံသည့် မုန့်ချိုအသေးကို ပြုလုပ်ရန် အသေးစိတ်ပြင်ဆင်ရမည်။ အရေးကြီးဆုံးသော ကိစ္စရပ်က ပါဝင်ပစ္စည်းများ ရွေးချယ်ခြင်းဖြစ်သည်။ ပါဝင်ပစ္စည်းများထဲ ကစီဓာတ်ကြွယ်ဝသော ကောက်ညှင်းဆန်ရွေးချယ်ခြင်းက အရေးပါဆုံးဖြစ်သည်။
၎င်းကောက်ညှင်းဆန်သည် တရုတ်ပြည်တွင် မရှားပါးသည့် မျိုးစိတ်လည်းဖြစ်သည်။ ယွမ်ကျိုးက မီးဖိုချောင်ကို လှည့်ပတ်ရှာဖွေပြီးနောက် မျှော်မှန်းထားသည့်အတိုင်း ကောက်ညှင်းဆန်ဟု ရေးသားထားသော အံဆွဲကို ဆန်အံဆွဲ၏ဘေးနားတွင် တွေ့ရသည်။
“ကောက်ညှင်းဆန်မှာ ကောင်းကျိုးတွေရှိလား”
ယွမ်ကျိုးက စပ်စပ်စုစုမေးမြန်းသည်။ မည်သို့ပင်ဆိုစေကာမူ ကောက်ညှင်းဆန်သည် မုန့်ချိုပြုလုပ်ရန် အရည်အသွေးအကောင်းဆုံး ဖြစ်သည်။ ထိုအချက်ကို ဟင်းချက်အညွှန်းတွင် မိတ်ဆက်ပေးထားသည်။
စနစ်က ဖော်ပြသည်။
[ကောက်ညှင်းဆန် စိုက်ပျိုးတဲ့နေရာက တရုတ်ပြည်အလယ်ပိုင်းရဲ့ တောင်ပိုင်းဒေသမှာ စိုက်ပျိုးပါတယ်။ တောင်ပိုင်းဒေသနဲ့ သုန်ထင်ကန်ရဲ့ မြောက်ပိုင်းဒေသမှာ စိုက်ပျိုးပါတယ်။ အဲ့ဒီနေရာကို တောင်တွေ ပတ်ချာလည် ဝိုင်းထားတယ်။ အဲ့ဒီနေရာရဲ့ အလယ်ဗဟိုမှာဆိုရင် ငါးတွေ၊ ဆန်တွေ စိုက်ပျိုးတဲ့နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ ကျန်းဟန် နယ်မြေရှိတယ်]
“နေပါဦး၊ နေပါဦး။ ငါက ကောက်ညှင်းဆန်အကြောင်း သိချင်တာလေ။ ဘာလို့ ပထဝီမြေပြင်အနေအထားတွေ မိတ်ဆက်ပေးနေရတာလဲ”
ယွမ်ကျိုးက ကူကယ်ရာမဲ့အမူအရာဖြင့် နဖူးကို လက်ဖြင့်ထောက်လိုက်သည်။ ပထဝီမြေပြင် အနေအထားနှင့်ပတ်သက်ပြီး မိတ်ဆက်ပေးနေသည့် စနစ်ကို ဘဝင်မကျချေ။ ယွမ်ကျိုးက ပထဝီဘာသာရပ်တွင် အမှတ် ၄၀ ခန့်သာ ရရှိထားသူဖြစ်သည်။ စနစ်က ယွမ်ကျိုးကို နယ်မြေရှာဖွေနိုင်ရန်အတွက် အသေးစိတ် မိတ်ဆက်ပေးနေ၍ မကျေနပ်ခြင်းဖြစ်သည်။
စနစ်က ဖော်ပြသည်။
[ကျွန်တော်က စနစ်ရှင်ကို ပထဝီမြေပြင်အနေအထားနဲ့ပတ်သက်ပြီးတော့ ပြောပြနေတာပါ။ ဒီပထဝီမြေပြင် အနေအထားမှာဆိုရင် ကောက်ညှင်းဆန်ကို စိုက်ပျိုးဖို့ ဘယ်လိုမျိုး သင့်လျော်လဲဆိုတာ အသေးစိတ် ရှင်းပြနေတာလေ]
ယွမ်ကျိုးက သူ့ရဲ့ တည်ငြိမ်သောအမူအရာကို စနစ်က ခိုးယူထားသည်ဟုပင် ခံစားမိလာသည်။
“ကောင်းပြီ။ ပထဝီမြေပြင်အနေအထားကို ငါသိသင့်သလောက် သိသွားပြီ။ ကောက်ညှင်းဆန်အကြောင်းကိုပဲ ပြောပြတော့”
ယွမ်ကျိုးက ကောက်ညှင်းဆန်ကို ကိုင်ကြည့်လိုက်သည်။ ကောက်ညှင်းဆန်က ကျောက်စိမ်းကဲ့သို့ လင်းလက်တောက်ပနေသည်။
စနစ်က ဖော်ပြသည်။
[ကောက်ညှင်းဆန်စိုက်ပျိုးတဲ့နေရာက ပထဝီမြေပြင်အနေအထားအရ အကောင်းမွန်ဆုံးနေရာလို့ ပြောလို့ရတယ်။ ကောက်ညှင်းဆန်စိုက်ဖို့လည်း အသင့်လျော်ဆုံးနယ်မြေလို့လည်း သတ်မှတ်နိုင်တယ်။ စနစ်က ကောက်ညှင်းဆန်ရဲ့ ရှေးဟောင်းမျိုးစိတ်ကိုသာ ရွေးချယ်ထားတယ်။
အဲ့ရှေးဟောင်းမျိုးစိတ်က စားလို့လည်း ရသလို အာဟာရဓာတ်တန်ဖိုးလည်း မြင့်မားတယ်။ ဒီကောက်ညှင်းဆန်ရဲ့အသုံးဝင်ပုံကို ရှေးဟောင်းဆေးကျမ်းတွေမှာ ဖော်ပြထားတယ်။ အထွက်နှုန်းက နည်းပေမယ့် အရည်အသွေးက အရမ်းကောင်းတယ်။ ဒါ့ကြောင့်မို့လို့ လူတွေစားဖို့ သင့်လျော်တယ်]
“ကောင်းပြီ။ မင်းပြောတာကို အပြည့်အဝ ယုံကြည်လက်ခံသွားပြီ”
ယွမ်ကျိုးက ပထဝီမြေပြင်အကြောင်းအရာ မိတ်ဆက်ခြင်းတွေကို ဖတ်ရှုရန် အတော်အတန် စိတ်အားတင်းခဲ့ရသည်။ ပထဝီအကြောင်းအရာများကို ဖတ်ရှုပြီး ငိုက်မြည်းလာသည်။ ပထဝီအကြောင်းအရာ များကို ဖတ်ရှုပြီးမှသာ ကောက်ညှင်းဆန်ပြုလုပ် ပြင်ဆင်သည့်နည်းလမ်းကို စတင်လေ့လာသည်။
ကောက်ညှင်းဆန်နှင့်ပတ်သက်သော အကြောင်းအရာများကို စနစ်က ဖော်ပြလာသည်။ ထို့နောက် ယွမ်ကျိုးက ဝါးခြင်းတောင်းကို ယူလိုက်ပြီး ကောက်ညှင်းဆန်မှုန့်ကို ပြုလုပ်ရန် စတင်သည်။ ဦးစွာပထမ ကောက်ညှင်းဆန်များကို ကြိတ်ရန်အတွက် ကျောက်ဆုံကို ယူသည်။
တသမတ်တည်း အလျင်နှုန်းဖြင့် စိတ်ရှည်ရှည်ကြိတ်သည်။ ထိုမှသာ ကောင်းမွန်သော ကောက်ညှင်းဆန်မှုန့်ကို ရရှိပေလိမ့်မည်။ စိတ်မရှည်သည့် အစားအသောက်ဝါသနာရှင်သည် ကောင်းမွန်သော အစားအသောက် မြည်းစမ်းသူ မဖြစ်နိုင်ချေ။
အပိုင်း(၂၂၆)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၂၇) စစ်ပီး
ကျောက်ဆုံကို ပုံမှန်နှုန်းဖြင့် ကြိတ်နေစဉ် ကောက်ညှင်းဆန်၏ မွှေးကြိုင်သောရနံ့က ထွက်ပေါ်လာသည်။
သို့သော်ငြားလည်း လုံလောက်မှု မရှိသေးပေ။ ယွမ်ကျိုးက စက်ဝိုင်းပုံသဏ္ဍာန် လေးကြိမ်တိုင်အောင် နှိပ်ပြီးနောက် ကောက်ညှင်းဆန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
“ကောက်ညှင်းဆန်က မွှေးနေတာပဲ”
ယွမ်ကျိုးက Maskကို ဝတ်ဆင်ထားသောကြောင့် သူ့အသံက ဩရှရှဖြစ်နေသည်။ ကောက်ညှင်းဆန်၏ မွှေးရနံ့က ယွမ်ကျိုး၏ အနံ့ခံအာရုံစီ ပျံ့လွင့်လာ၍ ယခုလို တအံ့တဩ ပြောဆိုခြင်းဖြစ်သည်။
ယွမ်ကျိုးက ကျောက်ဆုံကိုသုံး၍ ကောက်ညှင်းဆန်ကို ကြိတ်ခဲ့၍သာ ကောက်ညှင်းဆန်၏ မွှေးရနံ့ရနေခြင်းဖြစ်သည်။
မုန့်ချို ပြုလုပ်ခြင်းနည်းလမ်းက ရိုးရှင်းသည်။ ဂျုံမှုန့်ကို စေးကပ်သောမုန့်ညှက်အဖြစ် ပြောင်းလဲပြီး ကောင်းစွာ ချက်ပြုတ်နိုင်သည်အထိ ပေါင်းပေးရမည်။
သို့တည်းမဟုတ် စိုစွတ်သော ကစီဓာတ်အဖြစ်ပြောင်းလဲပြီး ပေါင်းခြင်းကိုပြုလုပ်ရမည်။ တစ်ခုတည်းသော ပြဿနာရပ်က အနည်းငယ် အခက်အခဲရှိ၍ သာမန်လူသစ် တစ်ယောက်အနေဖြင့် အောင်မြင်အောင် လုပ်ဆောင်ရန် မလွယ်ကူချေ။
အခြားသောနည်းလမ်းက ဂျုံမှုန့်ကို မုန့်ညှက်အဖြစ် ပြောင်းလဲပြီး သေးငယ်သော အပိုင်းအစလေးအဖြစ် ဖြတ်တောက်ထားရမည်။ ဖြတ်တောက်ထားသောအပိုင်းအစများကို ပေါင်းခြင်း သို့မဟုတ် ပြုတ်ခြင်း ပြုလုပ်နိုင်သည်။
ထို့အပြင် ခေတ်မီ မီးကင်အိုးများတွင်လည်း ကင်နိုင်သည်။ ခေတ်သစ်နည်းလမ်းတွင် ဤနည်းလမ်းကို အသုံးပြုကြသည်။
မုန့်ချို၏ရာဇဝင်ကို ပြောရလျှင် ရာဇဝင်ရှည်လျားပြီး ပြုလုပ်ပုံ နည်းမျိုးစုံလည်း ရှိသည်။ ရာဇဝင်ကို နောက်ကြောင်း ပြန်လိုက်ရလျှင် အစောပိုင်း မြောက်ပိုင်းမင်းဆက် နှင့် တောင်ပိုင်းမင်းဆက်များကို အစပြုနိုင်မည်။ ဤခေတ်ကာလ ကတည်းက မုန့်ချိုက ကျော်ကြားကြောင်း သိရှိနိုင်သည်။
မုန့်ချိုများကို မွေးနေ့အတွက် အသုံးပြုသောကိတ်မုန့် (သို့တည်းမဟုတ်) လက်ထပ်မည့်သမီးအတွက် ပြုလုပ်ပေးသော မုန့်ချို၊ ဆံပင်ညှပ်ခြင်းအထိမ်းအမှတ်အတွက် ပြုလုပ်သည့်မုန့်ချို၊ တစ်လအရွယ်ကလေးအတွက် ပြုလုပ်သည့်မုန့်ချို၊ တစ်နှစ်အရွယ်ကလေးအတွက် ဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်သည့်မုန့်ချို၊ ကျောင်းဝင်ခွင့် ရရှိသည့်အတွက် ပြုလုပ်သည့်မုန့်ချို စသည်ဖြင့် နည်းလမ်းမျိုးစုံ၊ ခေါင်းစဉ်မျိုးစုံတပ်၍ စားသုံးလေ့ရှိသည်။
ယနေ့ ယွမ်ကျိုး ပြုလုပ်မည့် မုန့်ချိုက အရောင်အသွေး အစုံအလင်ရှိသော မုန့်ချိုမျိုးဖြစ်သည်။ တစ်နည်းဆိုသော် အရောင်ငါးမျိုးပါဝင်သော မုန့်ချိုကို ပြုလုပ်မည်ဖြစ်သည်။
အရောင်ငါးမျိုးက ခရမ်းပုတ်ရောင်၊ လိမ္မော်နုရောင်၊ အစိမ်းပုတ်ရောင်၊ နှင်းတမျှဖြူဖွေးသောအဖြူရောင်၊ နှင်းဆီရောင် စသည်ဖြင့် ဖြစ်သည်။ အရသာကလည်း တစ်ခုချင်းစီတွင် ခြားနားမှုရှိသည်။
ဦးစွာပထမ ယွမ်ကျိုးက အဖြူရောင်အပိုင်းကို စတင်ပြုလုပ်ရန် ဆုံးဖြတ်ထားသည်။ ယွမ်ကျိုးက ဟင်းလျာအသစ် ချက်ပြုတ်ခြင်းဖြင့် အလုပ်ရှုပ်နေစဉ် ရှန်မေ ကလည်း ဒီအတိုင်း ထိုင်နေမည့်သူမဟုတ်ပေ။
ရှန်မေက ဘတ်စ်ကားမှတ်တိုင်သို့ လမ်းလျှောက် ထွက်သွားပြီး တက္ကသိုလ်ကိုပြန်မည့် ဘတ်စ်ကားကို စောင့်ဆိုင်းနေသည်။
ထိုစဉ် ရှန်မင်က သူအသုံးပြုနေသည့် ဖုန်းစုတ်ကလေး နိုကီရာကို ထုတ်လိုက်ပြီး ဖုန်းခေါ်လိုက်သည်။ လက်ရှိကာလတွင် လူငယ်အများစုက အိုင်ဖုန်းများကို အသုံးပြုလေ့ရှိသည်။ တရုတ်ပစ္စည်းကောင်းများကို အသုံးပြုသည့်ပရိသတ်က ရှောင်းမီ နှင့် ဟွာဝေးဖုန်းများကို အသုံးပြုကြသည်။
ရှန်မင်က အိုမင်းနေသည့် ဖုန်းလေးကိုသာ အသုံးပြုရုံဖြစ်သည်။ ထို့ကြောင့်လည်း အတန်းဖော်များ၏ စနောက်ကျီစယ်မှုကို မကြာခဏ ခံရသည်။
“မင်မင်၊ နင့်ကိုနင် ကာကွယ်ဖို့အတွက် နိုကီရာဖုန်းကို အသုံးပြုနေတာလား”
သူမ၏ သူငယ်ချင်းတစ်ယောက်က စနောက်ကျီဆယ်ဟန်ဖြင့် မေးမြန်းသည်။
“နင်မှားနေပြီ။ မင်မင်က သူ့ကိုယ်သူ ကာကွယ်ဖို့ဆိုရင် အသစ်ထုတ်ထားတဲ့ နိုကီရာဖုန်းကို သုံးသင့်တယ်”
ဘေးနားက ကောင်မလေးတစ်ယောက်က သံယောင်လိုက်ပြောသည်။
“အသစ်ထုတ်ထားတဲ့ ဖုန်းလား။ အဲ့ဒီဖုန်းက ဘယ်လိုပုံစံမျိုးလဲ”
ကောင်မလေးက တအံ့တဩ မေးမြန်းလိုက်သည်။ ရှန်မင်အပါအဝင် တခြားသောသူငယ်ချင်းအားလုံးက ဤအတန်းဖော်ကို စပ်စုသောပုံစံဖြင့် ကြည့်ကြသည်။
“ပုံမှန်မဟုတ်တဲ့ ဖုန်းအမျိုးအစားလေ။ နိုကီရာဖုန်းတွေထဲမှာဆိုရင် ထူးခြားတယ်လို့ပြောလို့ရတယ်။ လူတစ်ယောက်ကို သေစေလောက်တဲ့အထိ ကျိန်စာတိုက်နိုင်တယ်"
ကောင်မလေးက အိပ်ရာကို သေသပ်ကျနအောင် ခင်းကျင်းလိုက်ပြီးနောက် ရှင်းပြသည်။
"မယုံကြည်နိုင်စရာပဲ။ ဒီလိုဖုန်းမျိုး တကယ်ရှိလို့လား။ ဒီလိုဖုန်းမျိုးက ငါတို့ကို ကာကွယ်ပေးနိုင်မှာမို့လို့လား။ တကယ်လို့ သူခိုးခိုးသွားတယ်ဆိုရင် အဲ့ဒီခိုးသွားတဲ့သူခိုးကို သေအောင်ကျိန်စာတိုက်လိုက်တာက ကျေနပ်စရာ မကောင်းဘူးလား"
ပထမဦးဆုံး မေးမြန်းသည့်ကောင်မလေးက အတွေးပေါက်သွားသည်။ ဖုန်းဆက်လာသည့် ရှန်မင် အကြောင်းကိုတွေးမိ၍ စကားလမ်းကြောင်းဖြတ်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ မင်မင်"
ဖုန်း၏ အခြားတစ်ဖက်မှ ကြည်လင်သော မိန်းကလေးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။ ကောင်မလေး၏အသံကို နားစွင့်ကြည့်ရုံဖြင့် ငယ်ရွယ်သည်ဟု ထင်ရသည်။
"ရှောင်ကျာ၊ အလုပ်ရှာတွေ့သွားပြီလား"
ရှန်မင်က မဝံ့မရဲ အမူအရာဖြင့် သူမကို မေးမြန်းလိုက်သည်။
"အလုပ်ရှာရ မလွယ်ပါဘူး။ ဘွဲ့လည်း မရသေးဘူးဆိုတော့ နှစ်ရက်နားခွင့်ရတဲ့အလုပ်ကို ရှာတာတာ မလွယ်ကူဘူး။ ဘာဖြစ်လို့လဲ"
ရှောင်ကျာအမည်ရှိသော ကောင်မလေးသည် ချက်ချင်း တည့်တိုး မေးမြန်းလိုက်သည်။
"ငါအလုပ်ရသွားပြီ။ အချိန်ပိုင်းအလုပ်"
ရှန်မင်က အကောင်းမြင်စိတ်ရှိသူ မဟုတ်ပေ။ ထို့ကြောင့် အလုပ်ကမ်းလှမ်းသည့် အကြောင်းအရာကို သူ့ သူငယ်ချင်းအား ချက်ချင်းမပြောခဲ့ပေ။
"တကယ်လား။ ဂုဏ်ယူပါတယ်။ ဒါဆိုရင်တော့ နောက်တစ်ခေါက် ငါတို့ချင်းဆုံရင် နင့်အကြိုက်ဆုံး တို့ဖူးခြောက်ကြော်နဲ့ ဂုဏ်ပြုကြမယ်"
ရှောင်ကျာက အလွန်ပျော်ရွှင်နေသည်။
"ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူဌေးက နေ့ဘက် တနင်္လာကနေ သောကြာအထိ အလုပ်လုပ်မယ့် အလုပ်သမားတစ်ယောက် ထပ်လိုသေးတယ်။ ငါကတော့ ညဘက်နဲ့ ပိတ်ရက်တွေမှာပဲ လုပ်မယ်။ အပတ်တိုင်း ယွမ် ၁၃၀၀ ပေးမယ်။ အဲ့ ယွမ် ၁၃၀၀ ကို ငါတို့ ခွဲယူလို့ရတယ်။ ရှောင်ကျာ နင်ဒီအလုပ်ကို လက်ခံနိုင်လား"
ရှောင်ကျာက သူမအတွက် ပျော်ရွှင်နေသည်ကို မြင်သောအခါ ရှန်မင်က စိတ်သက်သာရာ ရသွားပြီး သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်း ထုတ်ပြောသည်။
"တကယ်ကြီးလား တစ်ပတ်ကို ၁၃၀၀ ယွမ်တောင်ရမှာလား။ လစာကောင်းသားပဲ။ နင်တကယ်ပြောနေတာလား။ အလုပ်သွားလုပ်လို့ ပြဿနာ မရှိပါဘူးနော်"
ရှောင်ကျာက ဖုန်း၏တစ်ဖက်တွင် ပျော်ရွှင်သော လေသံဖြင့်ပြောသည်။
"တကယ်ပေါ့။ သူဌေးက ငါတို့နှစ်ယောက်စလုံးကို မနက်ဖြန် လာတွေ့စေချင်တယ်"
ရှောင်ကျာ သဘောတူပြီးနောက် ရှန်မင်က ပြုံးရွှင်သောအမူအရာဖြင့် သူမကို စတင်ရှင်းပြသည်။ ထို့နောက် သူတို့နှစ်ယောက်က ဖုန်းထဲမှတစ်ဆင့် လစာခွဲဝေမည့်အကြောင်းကို ဆွေးနွေးကြသည်။ သူတို့နှစ်ယောက်သည် အလွန်ကို ပျော်ရွှင်ပြီး သဟဇာတဖြစ်နေသည်။
ယွမ်ကျိုးရဲ့ဝန်ထမ်းကို နောက်ဆုံးတော့ အတည်ပြုနိုင်ခဲ့ပုံပေါ်သည်။ တစ်ဖက်တွင်မူ ယွမ်ကျိုးက အဖြူရောင်မုန့်ချို ပြုလုပ်ခြင်းဖြင့် အလုပ်ရှုပ်နေသည်။
ကစီဓာတ်ကင်းမဲ့သော ဂျုံမှုန့်ကို ကြိတ်ထားသော ကောက်ညှင်းမှုန့်ထဲ ရောထည့်လိုက်သည်။ ကစီဓာတ် ကင်းမဲ့သောဂျုံမှုန့်ကို ကျယ်ပြန့်စွာ အသုံးပြုသည်။
အထူးသဖြင့် သရေစာမုန့်ပြင်ဆင်ခြင်းများတွင် အသုံးပြုသည်။ ၎င်းကစီဓာတ်ကင်းမဲ့သော ဂျုံမှုန့်သည် အဖြူရောင်မုန့်ချို၏ ကြည်လင်မှုကို တိုးစေသည်။ ထို့ပြင် အထိအတွေ့နှင့် မွှေးရနံ့ကိုလည်း ပို၍ကောင်းမွန်စေသည်။
၎င်းဂျုံမှုန့်သည် တခြားသောပါဝင်ပစ္စည်းများ၏ မွှေးရနံ့ကို ဖယ်ရှားပေးပြီး ဂျုံမှုန့်၏ မွှေးရနံ့ကို ရရှိစေသည်။ သို့သော်လည်း အဓိက အချက်က အဖြူရောင်ဂျုံမှုန့်၏အစာသွပ်ပစ္စည်း ပြုလုပ်ရမည့်အချက် ဖြစ်သည်။
အခြောက်ခံထားသော ဇီးချိုသီးများကို ရေထဲမှာ ထပ်မံစိမ်ပြီးမှ အသုံးပြုပေးရမည်။ ထို့ကြောင့် ယွမ်ကျိုးက အခြောက်ခံထားသော ဇီးချိုသီးများ သိမ်းဆည်းထားသောနေရာကို ချက်ချင်းရှာဖွေလိုက်သည်။ မျှော်မှန်းထားသည့်အတိုင်း မီးဖိုချောင်ထဲတွင် တွေ့ရှိရသည်။
"အရောင်က တောက်ပတယ်။ မွှေးရနံ့ကလည်း လတ်ဆတ်တဲ့ဟာလိုပဲ မွှေးရနံ့သင်းကြိုင်တယ်။ စနစ်၊ ဒါ အခုမှ အခြောက်ခံထားတဲ့ ဇီးချိုသီးတွေလား"
ယွမ်ကျိုးက ဇီးချိုသီးတစ်ခုကို ကောက်ယူလိုက်ပြီး အသေးစိတ် စစ်ဆေးကြည့်သည်။ သူက အခွံကို ခွာလိုက်ပြီးတော့ အရသာကို မြည်းစမ်းကြည့်လိုက်သည်။
စနစ်က ဖော်ပြသည်။
[ဇီးချိုသီးတစ်လုံးအတွက် ကျသင့်ငွေက ၁၀ယွမ်ပါ]
"ဘာလဲဟာ။ စားဖိုမှူးတစ်ယောက်က အသုံးပြုမယ့် ပါဝင်ပစ္စည်းတွေရဲ့ အရသာကို မြည်းစမ်းရတာ ထုံးစံပဲလေ။ ယွမ် ၁၀ တောင်းစရာလား။ ငါက ကပ်စီးနှဲတဲ့သူ မဟုတ်ရင်တောင် မင်း ငါ့ကို ဒီလို မဆက်ဆံ သင့်ဘူး"
ယွမ်ကျိုးက သူ့လက်ထဲတွင် ကိုင်ထားသည့် အနီရောင်ဇီးချိုသီးကို ကြည့်ပြီးတော့ ဆို့နင့်သော ခံစားချက်ကို ခံစားမိသည်။
စနစ်က ဖော်ပြသည်။
[အကောင်းဆုံးသော၊ အလတ်ဆတ်ဆုံးသော ဇီးချိုသီးကို အသုံးပြုထားတာပါ။ အရည်အသွေးကတော့ အကောင်းဆုံးပါပဲ]
ယွမ်ကျိုးပြောသည့်အချက်ကို နားမလည်ဟန်ဖြင့် စနစ်က ရှင်းပြခြင်းအလုပ်ကို ဆက်လက် လုပ်ဆောင်သည်။
စနစ်က ဖော်ပြသည်။
[အနီရောင် ဇီးချိုသီးက တရုတ်ပြည်ကနေ အစပျိုးလာတာပါ။ လွန်ခဲ့သော နှစ် ၈၀၀၀ ကျော်ကတည်းက စိုက်ပျိုးခဲ့တဲ့ ရာဇဝင်လည်း ရှိပါတယ်။
ရှေးယခင်ထဲက စိုက်ပျိုးခဲ့တဲ့ သစ်သီး ၅ မျိုးထဲက တစ်ခုအဖြစ်လည်း သတ်မှတ်လို့ရတယ်။ ယခုအချိန်ထိ ကမ္ဘာပေါ်မှာ ကျော်ကြားနေတုန်းပဲ။ သူက ဗီတာမင်ပါဝင်မှုလည်း များပြားတယ်။ ဒါကြောင့်မို့လို့ သဘာဝရဲ့ ဗီတာမင်ဆေးလို့တောင် ဂုဏ်သတင်းကျော်ကြားတယ်။
စနစ်က လျှိုလင်းမူ ဇီးချိုသီးကို ရွေးချယ်ပေးထားပါတယ်။ အဲ့ဒီဇီးချိုသီးကို လွန်ခဲ့တဲ့နှစ် ၁၃၀၀ ကျော်က စိုက်ပျိုးခဲ့တဲ့ ရာဇဝင်လည်း ရှိပါတယ်။
ရွေးချယ်ထားတဲ့ မူလအပင်က နှစ် ၁၀၀၀ သက်တမ်းရှိပါတယ်။ လျှိုလင်းမူ ဇီးချိုသီးတွေက ကျောက်တုံးလေးတွေလိုပဲ သေးငယ်တယ်။ အရွယ်အစားထူပြီး လတ်ဆတ်တယ်။ သကြား ပါဝင်မှုလည်း မြင့်မားတယ်။
ဇီးချိုသီးကိတ်ကို ပြုလုပ်ဖို့အတွက် အကောင်းဆုံးသော ရွေးချယ်မှုလည်း ဖြစ်တယ်။ ဒီမုန့်ချိုကိတ်မှာ အသုံးပြုမယ့်ဇီးချိုသီးတွေက အရောင်တောက်တယ်။
မွှေးရနံ့ကလည်း လေထဲမှာ ပျံ့လွင့်နေပြီးတော့ ထိကြည့်လိုက်ရင်လည်း ဆီလိုပဲ ချောမွေ့တဲ့အသားရှိတယ်။ သကြားပါဝင်မှုကလည်း မြင့်မားတဲ့ အတွက်ကြောင့် ပုံမှန်ထက်ပိုပြီးတော့ ချိုတယ်]
သစ်ပင်တစ်ပင်က နှစ် ၁၀၀၀ ကျော် သက်တမ်းရှိလာလျှင် မိစ္ဆာနတ်ဆိုး ဖြစ်သွားနိုင်သည် မဟုတ်လော။ စနစ်၏ရှင်းပြချက်အားလုံးကို စာတစ်ကြောင်းထဲဖြင့် အနှစ်ချုပ်နိုင်သည်။
သို့တိုင် ရှုပ်ထွေးပွေလီအောင် တခမ်းတနား ရှင်းပြနေသည်။ ဇီးချိုသီးတစ်လုံးအတွက် ကျသင့်ငွေ ၁၀ယွမ်ကိုလည်း အထူးတလည် တောင်းခံနေသည်။
"စနစ်၊ ဒီအနီရောင်ဇီးချိုသီးတွေက အရမ်းကို တန်ဖိုးရှိတော့ တစ်လုံးချင်းစီရောင်းရင် မကောင်းဘူးလား"
ယွမ်ကျိုးက အနီရောင်ဇီးချိုသီးကို ယူလိုက်ပြီး ထပ်တလဲလဲ အသေးစိတ် ကြည့်သည်။ ထို့နောက် သူက အငမ်းမရ တစ်လုံးလုံးကုန်အောင် စားလိုက်သည်။
"တစ်ခုချင်းစီအတွက် ၁၀ ယွမ်ပေးရတယ်။ ပိုက်ဆံပေးပြီးသားဆိုတော့ အလဟဿတော့ အဖြစ်မခံနိုင်ဘူး"
ယွမ်ကျိုးက ဗလုံးဗထွေးဖြင့်ပြောသည်။ အကယ်၍ ဇီးချိုသီးရဲ့ အစေ့တွေက စားလို့ရမည်ဆိုလျှင် ယွမ်ကျိုးက ကုန်စင်အောင် ဝါးစားမိလိမ့်မည်။ ၁၀ ယွမ်တန်ကြေးရှိသည့် အနီရောင် ဇီးချိုသီးတစ်လုံးကို အလယ်အလတ်တန်းစား အဆင့်ရှိသည့် လူတန်းစားများသာ စားသုံးနိုင်လိမ့်မည်။
သင့်လျော်သော ဇီးချိုသီးပမာဏကို ရွေးချယ်ပြီးနောက် အထူးပြုလုပ်ထားသောခြင်းထဲသို့ ထည့်လိုက်သည်။ သန့်ရှင်းအောင် ဆေးကြောပြီးနောက် ယွမ်ကျိုးက ရေထဲမှာ ချက်ချင်းစိမ်လိုက်သည်။ ရေထဲစိမ်သောအချိန်က သိပ်မကြာပေ။
ထို့နောက် ဇီးချိုသီး စိမ်ထားသောရေဖြင့် မီးအလယ်အလတ် အပူချိန်ပေးကာ ဇီးချိုသီးများကို ပျော့လာသည်အထိ ပြုတ်သည်။
ထို့နောက် ဇွန်းဖြင့်ခပ်ယူပြီး အခွံခွာကာ ကြန့်ကြာမှု မရှိစေဘဲ ဇီးချိုသီးအတွင်းမှ အစေ့ကို ဖယ်ရှားလိုက်သည်။ ဇီးချိုသီးမွှေးရနံ့များ လှိုင်လှိုင် တက်လာ၍ ယွမ်ကျိုးက ဝါးဓားအသစ်ကို ယူလိုက်ပြီး ဇီးချိုသီးအစေ့များကို ဖယ်ရှားရန် ပြင်ဆင်သည်။
အပိုင်း(၂၂၇)
ပြီးပါပြီ။ ယွမ်ကျိုး ယွမ်ကျိုး(၂၂၈) စစ်ပီး
ဇီးချိုသီးယို ပြုလုပ်ခြင်း၏ အဓိကအချက်က အခွံခွာခြင်း ဖြစ်သည်။ အခွံဘက် အနည်းငယ် ရောယှက်ပါသွားလျှင်ပင် ဇီးချိုသီးယို၏ အရသာကို ဆိုးရွားစွာ ထိခိုက်နိုင်လိမ့်မည်။ ယွမ်ကျိုး၏ ဇီးချိုသီး အခွံခွာနေသော အပြုအမူကို လူထူးဆန်းကောင်မလေး မြင်သွားလျှင် သူဌေးလို့ သေချာပေါက် ခေါ်လိမ့်ဦးမည်။
ယွမ်ကျိုးက ညာဘက်လက်ဖြင့် ဓား၏အစွန်းဖက်ကို ဆုပ်ကိုင်ပြီး ဘယ်ဘက်လက်က ဇီးချိုသီးများကို ကိုင်ထားသည်။ ဓားကို ကျင်လည်စွာ အသုံးပြုပြီး ဇီးချိုသီးအခွံများကို အောင်မြင်စွာ ခွာလိုက်သည်။ ဤအပြုအမူကား မိန်းမချောလေးတစ်ယောက်၏အဝတ်အစားများက ချောမွတ်သော အရေပြားပေါ်မှ ကွာကျလာသည့် ညို့ယူဖွယ်ကောင်းသော မြင်ကွင်းနှင့် တူသည်။
မာကျောသော အခွံများကို ခွာပြီးနောက် လတ်ဆတ်သော အသားများက အကောင်းပကတိ ရှိနေပြီး ခွက်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အရသာပိုကဲအောင် သကြားအနည်းငယ် ရောထည့်လိုက်ပြီး ပြုတ်သည်။
"စနစ်၊ ပျားရည်လေး ထပ်ထည့်ရင် ပိုကောင်းမယ်လို့ ခံစားမိတယ်။ ဒါမှ အရသာက ပိုကောင်းသွားမှာလေ" ယွမ်ကျိုးက ဇီးချိုသီးပြုတ်ထားသော ရနံ့ကို ရှူရှိုက်ရင်း ပြောသည်။
စနစ်က ဖော်ပြသည်။
[ဟင်းချက်စွမ်းရည်နဲ့ ပတ်သက်ပြီးတော့ ကိုယ့်အဆင့်ကိုယ် နားလည်သင့်ပါတယ်]
"မင်းမှားနေပြီ။ ငါက ပျားရည် လိုချင်တယ်လို့ ပြောတာလေ"
ယွမ်ကျိုးက ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် လှောင်ရယ်လိုက်သည်။ ယွမ်ကျိုးက သူကိုယ်တိုင် ပျားရည် သွားဝယ် ချင်သော်လည်း စနစ်က အပြင်မှ ဝယ်ယူထားသော ပျားရည်များသည် အဆင့်အတန်း မပြည့်မှီဟု သတ်မှတ်ထားသည်။
ထို့အပြင် ယွမ်ကျိုး၏ပါဝင်ပစ္စည်း ရွေးချယ်မှုနှုန်းသည်လည်း အရည်အသွေး မပြည့်မှီသေးချေ။ ယွမ်ကျိုး ထိုစကားကို ပြောလိုက်စဉ် စနစ်က အချိန်အတော်အတန် ကြာအောင် နှုတ်ဆိတ် နေသည်။ ဤနှုတ်ဆိတ်နေစဉ် ကာလအတွင်း ဇီးချိုသီးယိုကို ကောင်းမွန်စွာ ချက်ပြုတ်ပြီးသား ဖြစ်သည်။
စနစ်က ဖော်ပြသည်။
[ဂုဏ်ယူပါတယ် ဆိုင်ရှင်။ ဟင်းချက်စွမ်းရည် တိုးတက်မှုအတွက် အထူးဆုလာဘ်ကို ပေးအပ်လိုက်ပါပြီ]
[အထူးဆုလာဘ်] ရန်ဖန်ပျားနို့(လက်ခံရယူနိုင်ပါပြီ)
"ဟမ် မဆိုးဘူးပဲ။ ဘယ်လိုဖြစ်ရတာလဲ"
သူ့အမြင်အာရုံတွင် ပေါ်လာသော ဆုလာဘ်ကို ကြည့်ပြီး ယွမ်ကျိုးက ချက်ချင်း လက်မခံခဲ့ပေ။ ပြီးစီးသွားသော သစ်သီးယိုကို ထပ်မံ ကြည့်လိုက်သည်။ အရောင်က နီညိုရောင် တောက်သည်။ အရသာက သဘာဝဆန်ပြီး နူးညံ့သည့် ပုံသဏ္ဍန်ရှိသည်။
"ကြံသကြားက မဆိုးဘူးပဲ။ နောက်တစ်ခေါက်ကျရင် နို့သကြားလုပ်ဖို့ အသုံးပြုနိုင်တယ်"
ယွမ်ကျိုးက သူ့ကိုယ်သူ ရေရွတ်သည်။ ယောင်္ကျားတစ်ယောက်၏ အာရုံခံစားနိုင်စွမ်းဖြင့် စနစ်က ယခုလို အချိန်မျိုးတွင် အလိုအလျောက် ဆုလာဘ်ကို ပေးအပ်ရန် ဆုံးဖြတ်ခြင်းက ထူးဆန်းနေသည်ဟု ခံစားမိသည်။
အရသာရှိသော ဟင်းပွဲ ပြုလုပ်ခြင်းကို မထိခိုက်အောင် ဆုလာဘ်ကို နောက်ပိုင်းမှ လက်ခံယူရန် ဆုံးဖြတ်လိုက်သည်။ ယခင်တုန်းက သင်ခန်းစာများကို မှတ်သားထားသင့်သည်။ မစ်ရှင် ပြီးမြောက်ခြင်း မရှိဘဲ ပေးအပ်လာသော ဆုလာဘ်များသည် အသုံးမဝင်သော ဆုလာဘ်များ ဖြစ်သည်။
အစာသွပ်ထည့်မည့်ပစ္စည်းကို ပြုလုပ်ပြီးနောက် ယွမ်ကျိုးက မုန့်သားလွှာကို ပြုလုပ်ရန် ပြင်ဆင်သည်။ မုန့်သားလွှာ ပြုလုပ်ခြင်း၏ စည်းမျဉ်းစည်းကမ်းသည် လျင်မြန်စွာ ပြီးမြောက်နိုင်သည်။ ၂စက္ကန့်အတွင်း မုန့်သားလွှာကို အပြီးသတ် ပြုလုပ်နိုင်သည်။ အချိန်တိုအတွင်း ပြုလုပ်ထားသော မုန့်သားလွှာသည် ဇီးချိုသီးယို နှင့် ကောက်ညှင်းဆန်၏ မွှေးပျံ့သောရနံ့မှလွဲ၍ တခြားသောအရသာ မရှိပေ။
ဒုတိယတစ်ခုအနေဖြင့် ယွမ်ကျိုးက နှင်းဆီရောင် မုန့်သားလွှာကို ပြုလုပ်ရမည်။ ပေးထားသော နာမည်အတိုင်း ဒဏ္ဍာရီဆန်သည့် နှင်းဆီပန်းရနံ့များလည်း ရောယှက်ရမည်။ နှင်းဆီပန်းသည် လွန်ခဲ့သော ရာစုနှစ်ကျော်ခန့်က အချစ်ကို သင်္ကေတပြုသည့် ပန်းတစ်မျိုးလည်း ဖြစ်ခဲ့သည်။ ရနံ့သင်းကြိုင်ပြီး ထည်ဝါသော အရောင်အဆင်းကြောင့် အမျိုးသမီးများ၏ စိတ်အာရုံကို အလွယ်တကူ ဖမ်းစားနိုင်သည်။
နှင်းဆီရောင်မုန့်သားလွှာကို ပြုလုပ်ရန်အတွက် ဦးစွာပထမနှင်းဆီပန်း၏ အရောင်ကို ရယူရမည်။ နှင်းဆီပန်း၏ အရောင်ကို မုန့်သားလွှာမှာ ဆိုးဆေးသဖွယ် ပြုလုပ်ရမည်။ နှင်းဆီမုန့်သားလွှာကို ပြုလုပ်ရာတွင် မုန့်သားနှစ်ထဲတွင်လည်း ရနံ့မွှေးကြိုင်ရန် လိုအပ်သည်။ ထို့နောက် ယွမ်ကျိုးက အံ့ဆွဲကို ထုတ်လိုက်ပြီး အံ့ဆွဲအတွင်းက အကောင်းပကတိအတိုင်း ရှိနေသည့် လတ်ဆတ်သည့် နှင်းဆီပွင့်များကို ထုတ်ယူလိုက်သည်။
အံ့ဆွဲကို ဖွင့်လိုက်သည်နှင့် အံ့ဆွဲအတွင်းမှ မွှေးကြိုင်သော ပန်းရနံ့များက ယွမ်ကျိုး၏ နှာခေါင်း အတွင်းသို့ ဝင်ရောက်လာသည်။ ရနံ့စူးရှခြင်း လုံးဝမဟုတ်ပေ။ ထို့အစား သူ၏ နှလုံးသားထဲထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နိုင်သည့် သင်းကြိုင်သော ရနံ့ ဖြစ်သည်။
"တကယ့်ကို လန်းဆန်းသွားတာပဲ"
ယွမ်ကျိုးက နှင်းဆီပန်း တစ်ပွင့်ကို ကောက်ကိုင်လိုက်သည်။ တစ်ချက်လှုပ်ခါလိုက်ရုံဖြင့် နှင်းဆီပန်းပွင့်မှ နှင်းစက်လေးများ ချက်ချင်း လွင့်စင်လာသည်။ အနံ့ခံအာရုံ ကောင်းမွန်သောကြောင့် ယွမ်ကျိုးက နှင်းဆီပန်း၏ ရနံ့ကို အတိအကျ သေချာအောင် ရှူရှိုက်နိုင်သည်။
စနစ်က ဖော်ပြသည်။
[ဒါက စားလို့ရတဲ့ နှင်းဆီအမျိုးအစားထဲက နေပြီးတော့ ဆေးဖက်ဝင်တဲ့ နှင်းဆီပါ။ ဒီပန်းက ဘူဂေးရီးယားနိုင်ငံရဲ့ ကိုယ်စားပြုပန်းပါ။ ဒီနှင်းဆီပန်းက သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အတွက်ကြောင့် အင်းစက်တွေ ပိုးမွှားတွေ ရန်ကနေ ကင်းဝေးတယ်။ စနစ်က စားလို့ရတဲ့ နှင်းဆီပန်းကိုပဲ အသုံးပြုထားတာပါ]
"မင်းက အကုန်တတ်သိပြီးတော့ အကောင်းဆုံးအရာဝတ္ထုတွေကိုပဲ အမြဲတမ်း သုံးတယ်နော်။ ဒါကို ငါသိပါတယ်"
ယွမ်ကျိုးက ပန်းပွင့်ရဲ့ ပွင့်ချပ်များကို ဆေးကြောပြီး စနစ်ကို ခနဲ့လိုက်သည်။ Maskတပ်ဆင်ထားသောကြောင့် သူ၏အသံကို ဖုံးလွှမ်းသွားပြီး ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။ နှင်းဆီပန်းကို ပြင်ဆင်ခြင်းက အရိုးရှင်းဆုံး ဖြစ်သည်။ သကြားနှင့် နှင်းဆီပန်းကိုသာ လိုအပ်သည်။
ထို့ကြောင့် ယွမ်ကျိုးက နှင်းဆီယိုကို အရင်ဆုံး ပြုလုပ်သည်။ လူအများစုက ၂လကြာအောင် ထိန်းသိမ်းထား ပြီးမှသာ ယိုကို စားသုံးလေ့ရှိသည်။ ယွမ်ကျိုးက လတ်ဆတ်သော နှင်းဆီယို၏ အရောင်နှင့် မွှေးရနံ့ကို ကြိုက်နှစ်သက်သည်။
နှင်းဆီပန်းနှင့် ပြုလုပ်သော မုန့်ချိုကို စားသုံးရခြင်းက နှင်းဆီပန်းခင်းထဲ ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။ ၁နာရီခွဲခန့် ကြာပြီးနောက် ယွမ်ကျိုးက မုန့်ချို ၂၅ခုကို ပြုလုပ်နိုင်ခဲ့သည်။ တစ်ရောင်ချင်းစီ ၅ခု ပြုလုပ်သည်။ ယွမ်ကျိုး၏ မုန့် ပြုလုပ်သောနှုန်းက လျင်မြန်သည်။
ပြုလုပ်ထားသော မုန့်များကို စနစ်က ထောက်ပံ့ထားသော တာရှည်ခံ အံ့ဆွဲ ထဲမှာ ထားလိုက်သည်။ ယွမ်ကျိုးက ဆိုင်တံခါးကို ဖွင့်လိုက်သည်။ ထိုစဉ် ဆိုင်ရှေ့ဝင်ပေါက်တွင် ဝိုင်းအုံ့နေသူ အများစုက မိန်းကလေးအများစု ဖြစ်သည်။ ပထမဦးဆုံး ဖောက်သည် ၁၀ယောက်က မိန်းကလေးများ ဖြစ်သည်။ သူဌေးတုံပင် ပါဝင်နေသည်။
"မင်္ဂလာညနေခင်းပါ သူဌေးယွမ်။ နှင်းဆီကွက်ကီးတွေ လုပ်နေတာလား"
ပထမဦးဆုံး ဆိုင်သို့ ဝင်ရောက်လာသည့် ဖောက်သည်က ကိတ်မုန့်ဆိုင် ပိုင်ရှင်မန်မန် ဖြစ်သည်။ သူမက ဆိုင်ထဲသို့ ဝင်ဝင်ချင်း မနေနိုင်မထိုင်နိုင် မေးမြန်းလိုက်သည်။
"မဟုတ်ဘူး"
ယွမ်ကျိုးက ခေါင်းညိတ်ပြီး နှုတ်ဆက်စကားပြောသော်လည်း မန်မန်၏ မေးခွန်းကို ငြင်းပယ်ခဲ့သည်။
"လုံးဝမဖြစ်နိုင်ပါဘူး။ နှင်းဆီပန်းရနံ့ကို အာရုံခံစားမိတယ်။ ယိုလိုမျိုး တခြားသော မွှေးရနံ့ကို ခံစားရပေမဲ့ နှင်းဆီပန်းအရသာက တကယ်ကို ခံစားမိတယ်"
ယွမ်ကျိုး ဆိုင်ထဲသို့ ဝင်ရောက်သွားသောအခါ သူမက ဆိုင်ထဲသို့ လိုက်ပါ ဝင်ရောက်လာပြီး ဟုတ်မှန်ကြောင်း ပြောသည်။
"စားကောင်းသောက်ဖွယ်တွေကို ချက်ပြုတ်နေတာလား။ သူဌေးလေးယွမ် အရသာက အရမ်းကောင်းမဲ့ပုံပဲ။ ဒီအဘွားကြီး တောင် ဒီစားကောင်းသောက်ဖွယ်ရဲ့ မွှေးရနံ့ကို ခံနိုင်စွမ်း မရှိတော့ဘူး"
သူဌေးတုံက ထပ်မံ မေးမြန်းသည်။
"မုန့်ချိုလေး ပြုလုပ်ထားတာပါ။ ဟင်းပွဲအသစ်ဖြစ်တဲ့ မုန့်ချိုလေးက စုစုပေါင်း ၂၅ခု ရှိပါမယ်"
ယွမ်ကျိုးက ပုံမှန်နေရာတွင် မတ်တတ်ရပ်လိုက်ပြီးနောက် ပြန်ဖြေသည်။
"တကယ့်ကို အရသာကောင်းမယ့် သရေစာမုန့်ပဲ။ သူဌေးယွမ် နှင်းဆီပန်းအရသာနဲ့ မုန့်တစ်ခု ပေးပါ"
မန်မန်က ချက်ချင်း မှာယူလိုက်သည်။
"အရသာက ကျရာယူရမှာပါ။ ယခုတော့ အရသာ၅မျိုးပဲ ရပါသေးတယ်"
ယွမ်ကျိုးက ထပ်မံပြောသည်။
"သူဌေးက အမြဲတမ်း ဒီလိုကြီးပဲ။ ဒါကြောင့်မို့လည်း ကောင်မလေးမရတာလား" မန်မန်က မကျေမနပ် အံ့ကြိတ်လိုက်သည်။
"မဟုတ်ဘူး။ ဒီလိုလည်း မဟုတ်ဘူး"
ယွမ်ကျိုးက တူညီသော စကားများကို ပြောရန် ကြိုးစားလာသောအခါ သူပြောမည့်စကားကို မန်မန်က နှောင့်ယှက်သွားသည်။
"ရှင်က ကောင်းကောင်း ချက်ပြုတ်တတ်လို့သာပေါ့။ မဟုတ်ရင် မလွယ်ဘူး။ ဟင်းကောင်းကောင်း ချက်တတ်တာတောင် ရှင့်ရဲ့EQက အရမ်းကို နိမ့်ကျနေလို့ ကောင်မလေး မရှာနိုင်တာလေ"
မန်မန်က ယွမ်ကျိုး ပြောမည့် စကားကို ကြားဖြတ် ဝင်ပြောပြီး သူမကိုယ်တိုင်က ယွမ်ကျိုး၏ နှစ်လိုဖွယ်ကောင်းသောပုံစံကို
မနှစ်သက်ကြောင်း ထုတ်ပြောသည်။
"စားသုံးမယ့် အစားအသောက်ကိုပဲ မှာယူပေးပါ"
ယွမ်ကျိုးက စီးပွားရေးကို လေးနက်စွာ လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။
"မုန့်ချိုတစ်ပွဲပေးပါ" နောက်တွင် ရှိသော ဖောက်သည်အများစုက ကောင်မလေးများ ဖြစ်ကြသည်။ သူတို့အားလုံးထဲမှ အများစုက မုန့်ချိုကို ရွေးချယ်ကြလိမ့်မည်။
"စုစုပေါင်း ၅၆ယွမ် ကျသင့်ပါတယ်။ ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက ကျသင့်ငွေကို သူမ သိအောင် ပြောကြားလိုက်သည်။
"ဒီမှာ ကျသင့်ငွေ၊ အတိအကျပဲနော်"
မန်မန်က ကျသင့်ငွေကို ယွမ်ကျိုးထံ လှမ်းပေးသည်။ ထို့နောက် ယွမ်ကျိုးက ဗန်းကို ထုတ်လိုက်ပြီး ဗန်းပေါ်မှာ ငွေကို လက်ခံယူသည်။ ထို့နောက် ပေးအပ်ထားသော ငွေကို အံ့ဆွဲထဲသို့ လောင်းထည့် လိုက်သည်။ သူ့လက်ဖြင့် ထိတွေ့ခြင်း မရှိခဲ့ပေ။ ငွေကြေးက ကမ္ဘာပေါ်မှာ အညစ်ပတ်ဆုံး အရာဝတ္ထု ဖြစ်သည်။
တခြား တစ်ဖက်တွင်မူ လူအများစုက ငွေကို နှစ်သက်ကြသည်။ ယွမ်ကျိုး အပါအဝင် လူအများစုက ငွေရရှိရန် အတွက် လုံ့လဝီရိယစိုက်ကြသည်။ အသင့်ပြင်ဆင်ထားသော မုန့်ချိုကို မန်မန်ထံသို့ သယ်ဆောင်လာသည်။ မန်မန် မျှော်လင့်နေသည့် နှင်းဆီမုန့်ချို ဖြစ်သည်။
"ဒီမှာ မင်းမှာယူထားတဲ့ နှင်းဆီမုန့်ချိုပါ"
ယွမ်ကျိုးက သူမ၏ နောက်တွင် ရှိသော တခြားဖောက်သည်များမှ အော်ဒါကို လက်ခံမယူခင် မှာယူထားသောမုန့်ကို မန်မန်၏စားပွဲခုံပေါ် တင်ပေးလိုက်သည်။ လက်ထောက် မရှိသောကြောင့် ယွမ်ကျိုးက အော်ဒါများကို မှာယူပြီးနောက် ဖောက်သည်များထံ အလှည့်ကျ သယ်ဆောင် သွားပေးရသည်။
"အရမ်းကို လှပလိုက်တာ"
မန်မန်က နှင်းဆီမုန့်ချိုကို ကြည့်ပြီး သရေကျလုနီးပါး ဖြစ်နေသည်။ သို့သော်လည်း မုန့်ချိုကို သလင်းပုံစံ ဇွန်းဖြင့် မမြည်းစမ်းခင် မုန့်ပွဲကို သေချာအကျအန ဗီဒီယို ရိုက်ကူးလိုက်သည်။ မုန့်ချိုက နှင်းဆီအနီရောင် သန်းပြီး လှပလွန်းသည်။
တာရှည်ခံ အံ့ဆွဲထဲမှ ထုတ်လာသောကြောင့် အေးစက်သော လေအငွေ့အသက်ကို ရရှိသည့်အပြင် မုန့်မှ အဖြူရောင် အခိုးအငွေ့လေး များလည်း ထွက်ပေါ်နေသည်။ ထိုးဖောက်မြင်နိုင်သည့် သလင်းကျောက်ရောင် အပေါ်ယံသား အတွင်းတွင် နှင်းဆီယိုများကို အလွယ်တကူ မြင်တွေ့နိုင်သည်။
မုန့်၏အရွယ်အစားက မိန်းကလေးတစ်ယောက်၏ လက်သီးဆုပ် တစ်ဝက်ခန့် အရွယ်အစား ရှိသည်။ မုန့်ချိုတစ်ခုလုံးကို အညိုနုရောင် ပန်းကန်ပြားပေါ်တွင် တင်ထားပြီး၊ ဘေးဘက်တွင် လတ်ဆတ်သော အရွက်ကလေးများဖြင့် အလှဆင်ထားသည်။ ၎င်းအရွက်များသည် နှင်းဆီရွက်များ ဖြစ်ပုံပေါ်သည်။
ဖန်တီးထားပုံက အမှတ်ပြည့် ပေးရလောက်သည့်အထိ လှပသည်။ ပုံပန်းသွင်ပြင်၊ အရသာ၊ ကြည်နူးဖွယ် ကောင်းသော အချက်များကြောင့် အမှတ်ပြည့် ပေးသင့်သည်။
အပိုင်း(၂၂၈)
ပြီးပါပြီ။