အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
ယွမ်ကျိုး အပိုင်း(၂၃၅) စစ်ပြီး
“ငါ့စိတ်တည်ငြိမ်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်တယ်”
နေ့လယ်ခင်းဆိုင်ဖွင့်ချိန်ကို အချိန်မီရောက်ရှိရန်အတွက် ဝူဟိုင်းက လေယာဉ်ပျံပေါ်မတက်ခင် မနက်စာပင် မစားသည့်အပြင် လေယာဉ်ပျံတွင် ကျွေးသော အစားအသောက်များကိုပင် မထိတွေ့ခဲ့ပေ။
သို့သော် ယခုလို ရလဒ်မျိုးကို သူကြုံတွေ့ရသည်။ တံခါးပေါ်တွင် ကပ်ထားသည့် အဖြူရောင်A4စာရွက်က သူ့ကို မျက်စိ ဆံပင်မွှေးစူးစေသည်။
ဝူဟိုင်းက မျက်ရည်ပင်မကျဘဲ အော်ငိုချင်လာသည်။ ဖုန်းကို ထုတ်လိုက်ပြီးနောက် ပြန်သိမ်းလိုက်သည်။ ရက်စွဲကို တစ်ချက်ကြည့်ပြီးနောက် ယွမ်ကျိုး အခုကလေးပင် ထွက်ခွာသွားမှန်း သူသိရှိသွားသည်။
"ဒုန်း ဒုန်း ဒုန်း ဒုန်း"
ဝူဟိုင်းက နှေးကွေးလေးလံသော ခြေလှမ်းများဖြင့် သူ၏ အနုပညာခန်းမဆီသို့ လျှောက်လှမ်းလာသည်။
အနုပညာပြခန်းသို့ ပြန်မသွားခင် ရက်ပိုင်းခန့် ဤနေရာတွင် နေထိုင်ရန် စဉ်းစားထားသည်။ သူအချိန်အတော်ကြာအောင် မျှော်လင့်ခဲ့သည့် ဟင်းပွဲများကို မစားသောက်ဘဲ ပြန်မည့်ရည်ရွယ်ချက် မရှိပေ။
ကျန်းကျဝေ၏ မှာကြားချက်များကို ဝူဟိုင်းက မေ့ဖျောက်ထားပြီးသားဖြစ်သည်။ အရသာရှိသော အစားအသောက်များ မရှိသည့်ဘဝက သောင်ပေါ်ရောက်နေသည့် ငါးတစ်ကောင်နှင့် ခြားနားမှုမရှိပေ။
ဝူဟိုင်း ကျိန်ဆဲပြောဆိုနေသည့်ယွမ်ကျိုးက ယန်ဖန်းရွာနှင့် မလှမ်းမကမ်းတွင်ရှိသောမြို့သို့ ရောက်ရှိနေပါပြီ။ လေဆိပ်မှ ထွက်ထွက်ခြင်း လူများ ဝိုင်းအုံလာပြီး သူ့ကို နှုတ်ဆက်ကြသည်။
“ဟဲလို အကိုကြီး၊ ဘယ်ကိုသွားမှာလဲ။ ကျွန်တော့်မှာ ကိုယ်ပိုင်ကားရှိတယ်နော်။ ဈေးလည်းသက်သာပါတယ်”
အမျိုးသမီးတစ်ယောက်က စိတ်အားထက်သန်စွာဖြင့် စကားပြောသည်။
“ဟေး ဟေး ... ငါ့ဆီမှာလည်း အငှားကား ဝန်ဆောင်မှုတွေ ရှိတယ်နော်”
ထိုနည်းတူစွာ အမျိုးသားတစ်ယောက်ကလည်း သူ့ကို လာစကားပြောသည်။
“လူငယ်လေးရေ၊ ငါပြောတဲ့စကားကို နားထောင်ပါဦး။ မင်းက ဒီနေရာကို ခရီးသွားဖို့လာတာလား။ အမျိုးတွေဆီ လာလည်တာလား”
ဤပုဂ္ဂိုလ်က ယုံကြည်ကိုးစားနိုင်သော အသွင်အပြင်ရှိသည်။
“အားနာပါတယ်။ ကျွန်တော်က ယန်ဖန်းရွာကို သွားမလို့ပါ”
လူအုပ်စုကြီးကို အကဲခတ်ကြည့်ရှုလိုက်ပြီး သူ ပြန်ဖြေလိုက်သည်။
“ကျွန်တော်က အဲ့နယ်မြေကို ကျွမ်းကျင်တယ်။ အဲ့ရွာသားလည်းဖြစ်တယ်။ အဲ့ဒီရွာကနေ ပျားရည်သွားဝယ်မလို့လား”
အမျိုးသားတစ်ယောက်က တီးတိုးရေရွတ်လိုက်စဉ် သူက ယွမ်ကျိုး၏ ရည်ရွယ်ချက်ကို ချက်ချင်း ထုတ်ပြောသည်။
သို့သော်လည်း ယွမ်ကျိုးက ပျားရည်များကို သူကိုယ်တိုင် စုဆောင်းရန်အတွက် ယန်ဖန်းရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။
“အဲဒီနေရာကို သွားဖို့ ဘယ်လောက်ကြာမလဲ”
ယွမ်ကျိုးက အတိအကျ မေးမြန်းသည်။
“မစိုးရိမ်ပါနဲ့။ အရမ်းမကြာပါဘူး။ အများဆုံးသွားရရင် မိနစ်ငါးဆယ်လောက်ပဲ ကြာမယ်။ ဒါပေမဲ့ ခရီးတိုကိုတော့ ခင်ဗျားဘာသာခင်ဗျား လမ်းလျှောက်သွားဖို့ လိုအပ်တယ်။ လမ်းလျှောက်သွားရင်တော့ ရွာကို ရောက်ဖို့အတွက် နာရီဝက်လောက်တော့ ကြာမယ်”
ဆံပင်ထောင်ထားသော အမျိုးသားက ရိုးသားပွင့်လင်းစွာ ပြောသည်။ တစ်စုံတစ်ယောက် အလုပ်ဖြစ်သွားသောကြောင့် ကျန်သူများက တခြားသော ခရီးသွားလာသူများထံ အာရုံပြောင်းသွားကြသည်။
“ကျသင့်ငွေ ဘယ်လောက်လဲ”
လမ်းအကြာကြီးလျှောက်ရမည့်အကြောင်းကို ကြားသောအခါ ယွမ်ကျိုးက အံ့အားသင့်သော ခံစားချက် လုံးဝမဖြစ်ပေါ်ချေ။ ထို့ကြောင့် သူက တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
“ဒီမှာ ကျွန်တော့်ရဲ့ ဆိုင်ကယ်ပါ။ ဒါနဲ့ သွားမယ်ဆိုရင်တော့ ယွမ်ငါးဆယ် ပေးရပါမယ်။ အဆင်ပြေရဲ့လား”
ဆံပင်ထောင်ထားသော အမျိုးသားက ပိုင်ရှင်ဖြစ်ပုံရသည်။
“အဆင်ပြေပါတယ်။ သွားကြတာပေါ့”
ယွမ်ကျိုး၏ ကျောပိုးအိတ်ထဲတွင် အဝတ်အစားအချို့သာ ပါရှိသည်။ ထို့ကြောင့် လမ်းလျှောက်ရခြင်းက သူ့အတွက် ပြဿနာမရှိပေ။ ထို့ပြင် ဤနေရာတွင် သူအကြာကြီး နေချင်သောဆန္ဒလည်း မရှိပေ။
“ကောင်းပြီ။ ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပါ”
ဆံပင်ထောင်ထားသော အမျိုးသားက ယွမ်ကျိုးကို လမ်းပြသည်။ မီးဖိုချောင်သုံးဓားကို ကျွမ်းကျင်စွာ အသုံးပြုတတ်သည့် ယွမ်ကျိုးက ဆိုင်ကယ်စီးရခြင်းကြောင့် ကြောက်လန့်သော ခံစားချက် မဖြစ်ပေါ်ချေ။
ပုံမှန်ဆိုလျှင် မော်တော်ဆိုင်ကယ်တစ်စီးသည် ခရီးသည်လေးဦးကို သယ်ဆောင်လေ့ရှိသည်။ ယခု အမျိုးသားနှစ်ဦးထဲ ဆိုင်ကယ်စီးရသည့်အတွက် ကောင်းမွန်သည်ဟု ပြောနိုင်သည်။
“မော်တော်ဆိုင်ကယ်ပေါ် တက်လေ။ ခဏနေရင် ထွက်မယ်”
ဆံပင်ထောင်ထားတဲ့ အမျိုးသားက မော်တော်ဆိုင်ကယ်ပေါ်
အရင်ဆုံးတက်လိုက်သည်။
“ကောင်းပြီလေ”
ယွမ်ကျိုးက ပြောလိုက်သည်။ သူ့မှာ ပစ္စည်းအများကြီးမပါလာသည့်အတွက် နောက်ထိုင်ခုံမှာ သေသပ်စွာထိုင်လိုက်သည်။
ပင်မလမ်းမမှ ထွက်ခွာပြီးနောက် လမ်းတိုအတိုင်း အရှိန်တင်ကာ ထွက်ခွာလာခဲ့သည်။ နာရီဝက်ခန့်ကြာပြီးနောက် မော်တော်ဆိုင်ကယ်ကို ဖြည်းဖြည်းချင်း အရှိန်လျော့လိုက်သည်။
ထိုစဉ် ယွမ်ကျိုးက မြေပုံနှင့်ပတ်သက်ပြီး မေးမြန်းခြင်းကို စတင်သည်။
“အရှေ့လောင်ဂျီကျူ့ ၉၆ ဒီဂရီ ၂၈ မိနစ် နဲ့ မြောက်လတ္တီကျူ့ ၂၅ ဒီဂရီ ၇ မိနစ်က ခင်ဗျားတို့ရွာရဲ့ ဘယ်အပိုင်းမှာ ရှိတာလဲ”
ယွမ်ကျိုးက နေရာကို အသေးစိတ်စစ်ဆေးကြည့်ပြီးနောက် တောင်ကြားမှန်းသိသော်လည်း နေရာအတိ အကျကို သေချာမသိသေးချေ။
“ဘာတွေပြောနေတာလဲ”
ဆံပင်ထောင်ထားသော အမျိုးသားသည် အနည်းငယ် ဒွိဟဖြစ်သွားပြီး လေတိုက်နေသောကြောင့် ယွမ်ကျိုးပြောသောစကားကို ရှင်းရှင်းလင်းလင်း မကြားနိုင်ပုံပေါ်သည်။
“အရှေ့လောင်ဂျီကျူ့ ၉၆ ဒီဂရီ ၂၈ မိနစ် နဲ့ မြောက်လတ္တီကျူ့ ၂၅ ဒီဂရီ ၇ မိနစ်က ဘယ်နေရာလဲဆိုတာ ခင်ဗျားသိလားလို့ ကျွန်တော်မေးလိုက်တာ”
ထို့နောက် ယွမ်ကျိုးက စကားတစ်ခွန်းချင်းစီကို ဖြည်းဖြည်းချင်း ထပ်မံမေးမြန်းသည်။
“ဟင့်အင်း .. ငါမသိဘူး”
မီးပွိုင့်မိသွား၍ မောင်းနှင်နေသူသည် ဆိုင်ကယ်ကို ရပ်တန့်လိုက်သည်။ ထို့နောက် ယွမ်ကျိုးကို ဆွံ့အသော အမူအရာဖြင့် ငေးစိုက်ကြည့်ပြီး ခေါင်းကို တွင်တွင်ခါသည်။
လမ်းညွှန်မြေပုံနှင့်ပတ်သက်ပြီး မေးမြန်းခြင်းထက် လူကို ကိုးရိုးကားရား ခံစားချက်ဖြစ်အောင် ပြုလုပ်နေသည်ဟု တွေးမိသည်။
“ကိစ္စမရှိပါဘူး။ ကျွန်တော်က ခင်ဗျားတို့ရွာကို သွားမှာပဲ။ တခြားသူကိုပဲ မေးလိုက်တော့မယ်”
ယွမ်ကျိုးက နားလည်ဟန် ခေါင်းညိတ်လိုက်သည်။ ဆံပင်ထောင်ထားသော အမျိုးသားသည် အနည်းငယ် ဒွိဟဖြစ်သွားသည်။
ခရီးသည်မေးသောနေရာကို တစ်စုံတစ်ယောက် သိနေခဲ့လျှင် သူ၏နာမည်ကို ပြောင်းပြန်ပြန်ခေါ်မည်ဟုပင် သူတွေးမိထားသည်။
ခဏကြာပြီးနောက် ဆံပင်ထောင်ထားသော အမျိုးသားက စိတ်သဘောထား ပြည့်ဝစွာ အကြံပြုသည်။
“ဒီလိုမျိုး ကိုဩဒိနိတ်တွေနဲ့ ခင်ဗျား လမ်းမေးနေရင် ဘယ်သူမှ အဲ့နေရာကို သိမှာမဟုတ်ဘူး”
“ဒီနေရာမှာက တောင်တွေကြီးပဲရှိတယ်မို့လား”
ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် သူပြောသော လောင်ဂျီကျူ့၊ လတ္တီကျူ့နှင့်ပတ်သက်ပြီး ဗဟုသုတ
မကြွယ်ဝသူများ ပေါများကြောင်း တွေးမိသွားသည်။ ထို့ကြောင့် မေးမြန်းသောပုံစံကို ပြောင်းလဲလိုက်သည်။
“ကျွန်တော်တို့ရွာမှာ တောင်တွေကြီးပဲ”
ဆံပင်ထောင်ထားသော အမျိုးသားက ချက်ချင်းပြန်ပြောသည်။
“အင်း”
ယွမ်ကျိုးက ပြန်ဖြေသည်။ တခြားသောကိစ္စရပ်များကို ပြောကြားခြင်းမရှိဘဲ ဆံပင်ထောင်ထားသော အမျိုးသားသည် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး သိပ်မကြာခင်မှာပင် သူတို့နှစ်ဦးသည် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားသည်။
နေရာသို့ ရောက်ရှိမှသာ ယွမ်ကျိုးကို လမ်းလျှောက်ရန် လိုအပ်ကြောင်း ပြောကြား သည့်အကြောင်းအရင်းကို နားလည်သွားသည်။
သူ့အရှေ့တွင် တောင်လျှောစောက်နှင့် တောင်ပတ်လမ်းများရှိပြီး လမ်းအတိအကျ လုံးဝမရှိပေ။ ရွှံ့ဗွက်များ ထူထပ်နေပြီး ကျောက်စရစ်ခဲများ ဖြန့်ကြဲထားသည်။
ယခုလို လမ်းမျိုးကို မော်တော်ဆိုင်ကယ်က မောင်းနှင်ရန် မလွယ်ကူပေ။
“ဒီမှာ ကျသင့်ငွေပါ။ ဒီလမ်းရဲ့အဆုံးသတ်အထိ လမ်းလျှောက်သွားဖို့ လိုအပ်လား”
ယွမ်ကျိုးက ၎င်းအမျိုးသားကို ကျသင့်ငွေ ကမ်းပေးပြီး စုံစမ်းမေးမြန်းသည်။
“ပထမဦးဆုံး ရွာကိုရောက်ဖို့အတွက် ဒီလမ်းအတိုင်း ဆက်သွားဖို့ လိုအပ်တယ်။ ပြီးရင် ပထမဦးဆုံးတွေ့ရမယ့်ရွာက ယန်ဖန်းရွာပဲ”
၎င်းအမျိုးသားက လမ်းကြောင်းကို ညွှန်ပြပြီး ၎င်း၏မော်တော်ဆိုင်ကယ်နှင့်အတူ ပြန်မောင်းထွက်သွား သည်။ ယွမ်ကျိုး၏လေ့ကျင့်မှုက အတော်အတန် အကျိုးသက်ရောက်မှုရှိသည်။
နာရီဝက်ခန့် လမ်းလျှောက်ရန် လိုအပ်သော အကွာအဝေးကို မိနစ်နှစ်ဆယ်အတွင်း ရောက်ရှိသွားသည်။
ရွာဝင်ပေါက်သို့ ရောက်ရှိသော အခါ နွမ်းလျသောခံစားချက်ကို လုံးဝမခံစားရပေ။ ရွာ၏ ဝင်ပေါက်တွင် ယန်ဖန်းရွာ ဟူသော စကားလုံးကို ဆိုင်းဘုတ်ဖြင့် ရေးထိုးထားသည်။
တရုတ်ရိုးရာ စကားလုံးများကို အသုံးပြု၍ ရေးသားထားသောကြောင့် ယွမ်ကျိုးက ရွာ၏နာမည်ကို ဆုံးဖြတ်ရန်အတွက် အချိန်အတော်ကြာယူခဲ့ရသည်။
“ယန် ဆိုတဲ့ စကားလုံးတစ်လုံးကိုပဲ ငါမှတ်မိတယ်။
ဒီရွာက ယန်ဖန်းရွာပဲ ဖြစ်ရမယ်”
နဖူးလေးကို ပွတ်သပ်နေစဉ် ယွမ်ကျိုးက အတည်ပြုဟန်ပြောသည်။
“ပျားရည်ဝယ်ဖို့ ဒီရွာကို လာတာလား”
စိတ်အားထက်သန်ပြီး တက်ကြွနေသော လူအိုကြီးက ရုတ်တရက် သူ့နားရောက်ရှိလာပြီး မေးမြန်းသည်။
“ဟုတ်တယ်။ ပျားရည်တချို့ဝယ်ချင်နေတာပါ”
ယွမ်ကျိုးက ခေါင်းကိုညိတ်လိုက်သည်။ သူက အကြောင်းပြချက် ရှာကြံခြင်းသာ ဖြစ်သည်။
“ဒါဆိုရင် ရွာထဲဝင်လေ။ တည်းခိုဖို့ အိမ်ရှာနေတာလား။ ပရဆေးသည်မိသားစုက ပျားရည်တွေ စုဆောင်းမိထားတယ်လို့ သတင်းကြားတယ်။ အဲဒီပျားရည်တွေကို မရောင်းရသေးဘူး။ သွားကြည့်ကြမလား”
လူအိုကြီးက အကြံပြုသည်။ ယွမ်ကျိုးက ပျားရည်ဝယ်ရန်အတွက် ရွာသို့ ရောက်လာသည့်သတင်းကို ကြားသိသည်နှင့် သူက
စိတ်အားထက်သန်သော အမူအရာဖြင့် ဖော်ရွေစွာ ပြောဆိုသည်။
“အခုတော့ မဝယ်သေးဘူး။ နောက်ကျနေပြီ။ တည်းခိုဖို့နေရာရှိလား”
ယွမ်ကျိုးက ခေါင်းကို ခါလိုက်ပြီး မေးမြန်းသည်။
“အဲအတွက်တော့ မစိုးရိမ်နဲ့။ ရှိတာပေါ့၊ တည်းခိုဖို့ နေရာတွေရှိတယ်။ တစ်ခါတစ်ရံ ပျားရည်ဝယ်ဖို့ လာတဲ့ လူတွေရှိတယ်။ ပျားရည်ဝယ်ဖို့ လာတဲ့သူတွေက ရွာမှာ ရက်ပိုင်းလောက် တည်းခိုတတ်ကြတယ်လေ။ ဒါပေမဲ့
ဒီနေရာမှာ မိသားစုဟိုတယ်တွေပဲ ရှိတယ်။ မင်းအတွက် အဆင်ပြေပါ့မလား”
လူအိုကြီးက ပုံမှန်အတိုင်း မေးမြန်းသည်။
“ကိစ္စမရှိပါဘူး။ ခင်ဗျားရဲ့နေရာမှာကော တည်းခိုဖို့ နေရာ စီစဉ်ပေးလား”
ယွမ်ကျိုးက ယဉ်ကျေးစွာ မေးမြန်းသည်။
“ဟား ဟား ဟား ဟား ...
ဒီလူအိုကြီးရဲ့ စုတ်ချာတဲ့အိမ်ကို အထင်မသေးဘူးဆိုရင်တော့ ဒီအိမ်မှာ နေလို့ရပါတယ်”
ယွမ်ကျိုးက သူ့အိမ်မှာ နေချင်သော ရည်ရွယ်ချက်ရှိကြောင်း ပြောသည့်အခါ လူအိုကြီးက အလွန်အမင်း ဝမ်းသာသွားသည်။
“ဒါဆိုရင် ကျွန်တော်အတွက် အခန်းတစ်ခန်း ပြင်ဆင်ပေးပါ။ ကျသင့်ငွေကိုလည်း ပြောပေးပါ။ ကျွန်တော် ပြန်သွားရင် ကျသင့်ငွေ ပေးပါမယ်”
ယွမ်ကျိုးက အထိုက်အလျောက် လူမှုရေးဝင်ဆံ့သူဖြစ်သည်။ တခြားသူများကလည်း ဤရွာတွင် ပျားရည်လာဝယ်သည့်သတင်းကို ကြားသိရသောအခါ ကိုယ်တိုင်ကိုယ်ကျ ပျားရည်လာဝယ်သည့် အကြောင်းပြချက်ပေးခြင်းအား ရွာသားများအတွက် အံ့ဩဖွယ်ကိစ္စရပ်မဟုတ်ကြောင်း ယွမ်ကျိုး လက်ခံသွားသည်။
“မစိုးရိမ်ပါနဲ့။ ဒီရွာမှာ တည်းခိုစရိတ်က မြို့လယ်မှာ ဖွင့်ထားတဲ့ဟိုတယ်တွေရဲ့တည်းခိုစရိတ်နဲ့ အတူတူပါပဲ”
လူအိုကြီးက သဘောထားပွင့်လင်းသူဖြစ်သည်။ သူက မတော်မတရား ငွေပိုငွေလျှံ ရရှိချင်သော ခံစားချက် မရှိပေ။
“ကျေးဇူးတင်ပါတယ်ဗျာ”
ထို့နောက် ယွမ်ကျိုးက လူအိုကြီးနှင့်အတူတူ ရွာထဲသို့ ဝင်ရောက်လာသည်။ ဤရွာငယ်လေးက တောင်စောင်း၏ ညီညာပြန့်ပြူးသော မြေပြင်ပေါ်တွင် ရွာတည်ထားသည်။
ရွာရှိအိမ်အများစုကို ကြီးမားသော ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားပြီး အလွန်အမင်း ခိုင်ခံ့သည့်ပုံစံ ပေါ်လွင်သည်။
ယွမ်ကျိုး ရွာထဲသို့ လမ်းလျှောက်ဝင်ရောက်လာသောအခါ ရွာသားများ အားလုံးက နှုတ်ဆိတ်နေကြပြီး သူတို့အချင်းချင်း တီးတိုး ပြောဆိုကြသည်။
“ဒီလူက ပျားရည်ဝယ်ဖို့အတွက် ရွာကို ရောက်လာပုံပဲ။ ဒီလိုဆိုရင်တော့ လွီစီးရဲ့ ပျားရည်ကို ရောင်းလို့ရပြီပေါ့”
အမျိုးသမီးတစ်ယောက်က သူ့ဘေးနားမှလူကို တိုးလျသောလေသံဖြင့်ပြောသည်။
“ဟုတ်တာပေါ့”
“ငါ့ရဲ့တတိယသားကိုလည်း လတ်ဆတ်တဲ့ ပျားရည်တွေ သွားရှာဖို့ ပြောရမယ်။
ဒီလူငယ်လေးက ပျားရည်တွေ ဝယ်နိုင်လောက်တယ်”
အမျိုးသမီးဘေးနားမှ လူက ဉာဏ်ထက်မြက်သူ ဖြစ်သောကြောင့် စီးပွားရေးလုပ်ကိုင်ရန် ချက်ချင်း အကြံပေါ်လာသည်။
ယွမ်ကျိုးက သူတို့ပြောဆိုသော အကြောင်းအရာကို ကြားသောအခါ နှုတ်ဆိတ်နေသည်။ လူအိုကြီးနောက်မှ တိတ်တဆိတ်လိုက်ပါလာသည်။
“ဒီရွာမှာ အရမ်းကို နာမည်ကြီးတဲ့ ဟင်းပွဲတွေ ရှိတယ်လို့ ကြားတယ်။ အဲတာရော ဟုတ်လား”
ယွမ်ကျိုးက အင်တာနက်ပေါ်တွင် ရွာနှင့်ပတ်သက်သော အချက်အလက်များကို စုံစမ်းထားခြင်းကို ရုတ်တရက် အမှတ်ရသွားသည်။
“ဟင်းပွဲတွေကို ပြောတာလား။ ဒါပေါ့ ရှိတာပေါ့။ ဒါပေမဲ့ ချက်ပြုတ်မယ့် ဟင်းချက်ပစ္စည်းတွေကို ကိုယ်တိုင် စုဆောင်းဖို့ လိုအပ်တယ်”
လူအိုကြီးက ထိုစကားကို ကြားသောအခါ ပြုံးကာ ပြန်ပြောသည်။
“ကိစ္စမရှိပါဘူး”
ယွမ်ကျိုးက ချက်ချင်း သဘောတူလိုက်သည်။ စားကောင်းသောက်ဖွယ်များကို စားသုံးရန်အတွက် လွယ်ကူမှုမရှိချေ။
အပိုင်း(၂၃၅)
ပြီးပါပြီ။
၂၃၆ မှ ၂၄၀
ယွမ်ကျိုး အပိုင်း(၂၃၆) စစ်ပီး
ယွမ်ကျိုးက ရွာ၏နာမည်ကျော် ဟင်းပွဲကို စားချင်ကြောင်း လူအိုကြီး ကြားသောအခါ သူ အရမ်းပျော်ရွှင်သွားသည်။ သို့သော်လည်း နာမည်ကျော်ဟင်းပွဲက ပုံမှန်အားဖြင့် ရှားပါးသည်။ စားချင်သည့် မည်သူမဆို အသုံးပြုမည့် ဟင်းချက်ပစ္စည်းများကို စားသုံးသူက ကိုယ်တိုင်ရှာဖွေရမည်။ ဤသည်ကား ရွာ၏စည်းမျဉ်း ဖြစ်သည်။
"ဟင်းပွဲကို အရသာမြည်းစမ်းလို့ ရပါတယ်။ မနက်ဖြန်ကျရင် မင်းတစ်ယောက်တည်း တောင်ထိပ်ကိုသွားပြီး မင်းရဲ့ကံကြမ္မာကို စမ်းသပ်ကြည့်ရမယ်။ တစ်စုံတစ်ယောက်ကတော့ အဲဒီနေရာမှာ ကံကြမ္မာကို အနိုင်ယူသွားခဲ့တာ လပေါင်းများစွာတော့ ကြာပြီ"
ကြင်နာသောနှလုံးသားရှိသည့် လူအိုကြီးက ယွမ်ကျိုးကို လမ်းညွှန်ပေးသည်။
"အွန်း ... မင်းမှာ မှိုဓာတ်ပုံရှိလား"
ယွမ်ကျိုးက ဤနေရာသို့ ရောက်မလာခင်တည်းက နာမည်ကျော်ဟင်းပွဲ၏ဇစ်မြစ်ကို စုံစမ်းထားပြီးသား ဖြစ်သည်။
ဝူကြက်အမည်ရှိသော ဟင်းပွဲ ပေါ်ပေါက်လာသည့် သမိုင်းကြောင်းကို ပြောရမည်ဆိုလျှင် ခန်စီဧကရာဇ် လက်ထက်က လူအိုကြီးတစ်ထောင်ကျော်အတွက် ကျင်းပပေးသောပွဲတွင် တည်ခင်းသောဟင်းပွဲဖြစ်သည်။ ထို့ကြောင့်လည်း အထိုက်အလျောက် ကျော်ကြားမှု ရှိခဲ့သည်။ ယခုခေတ်တွင် ဤဟင်းပွဲကို မေ့ပျောက်ထားသည်မှာ ကြာပါပြီ။
ယန်ဖန်းရွာ ကျော်ကြားရသည့် အကြောင်းအရင်းက ရွာသားတိုင်းသည် ဤဟင်းပွဲကို ချက်ပြုတ်နိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် တော်ဝင်စားဖိုဆောင်တွင် အလုပ်လုပ်ခဲ့ဖူးသည့် စားဖိုမှူးက ဤရွာသား ဖြစ်သည်။
"မဟုတ်သေးဘူး။ ဒါပေမဲ့ မှတ်မိရ လွယ်ကူပါတယ်။ ခင်ဗျားမြင်ရင် ဘယ်လိုမှိုအမျိုးအစားလဲ ဆိုတာ သိသွားမယ်"
လူအိုကြီးက သူ့စကားအဆုံးသတ်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးသည်။
"ကောင်းပြီလေ"
ယွမ်ကျိုး ခေါင်းညိတ်သည်။
"ငါတို့အားလုံး ရောက်ပြီ။ ဒီနေရာက လူအိုကြီးရဲ့အိမ်ပဲ။ ဒီနားက အိပ်ခန်းက ခင်ဗျား အခန်းပဲ။ မီးဖိုချောင်ရှိလို့ ဟင်းချက်စားနိုင်တယ်။ မီးဖိုက ဟိုနားမှာပဲ"
လူအိုကြီးက အနီးအနားရှိ ကျောက်တုံးအခန်းနှစ်ခန်းကို ညွှန်ပြကာ တစ်ခန်းချင်း ရှင်းပြသည်။
"ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက ခေါင်းညိတ်ပြီး သူ့ကို ကျေးဇူးတင်စကားပြောလိုက်သည်။
ယွမ်ကျိုးက သစ်သားတံခါးကို တွန်းဖွင့်လိုက်သည်။ အခန်းက အတော်လေး သန့်ရှင်းသပ်ရပ်နေသည်။ အခန်းထဲမှာ ကျောက်ကုတင်၊ ကျောက်စားပွဲ နှင့် သစ်သားသေတ္တာအလွတ်တစ်လုံး ရှိသည်။
"သန့်ရှင်းသပ်ရပ်နေလို့လား" လူအိုကြီးက ယွမ်ကျိုး၏အနောက်မှာ မတ်တတ်ရပ်နေပြီး ဝင့်ကြွားစွာ မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ အရမ်းသန့်ရှင်းနေလို့ပါ။ ကျေးဇူးပါဗျာ"
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ကျောပိုးအိတ်ကို အောက်ချထားလိုက်သည်။
"ဒါပေါ့။ ကျုပ်က အခန်းကို နေ့တိုင်း သန့်ရှင်းရေး လုပ်တယ်။ ရွာကိုလာလည်တဲ့ဧည့်သည်တွေက ငါ့အိမ်မှာနေရတာ အရမ်းကြိုက်တယ်"
လူအိုကြီးက ဝင့်ကြွားစွာ ပြုံးပြီး လှည့်ထွက်သွားသည်။
ယွမ်ကျိုးက သူ့ပါလာသော ပစ္စည်းများကို နေရာချပြီး ဖုန်းကို ထုတ်ကာ အချိန်ကို စစ်ဆေးကြည့်သည်။ နေ့လယ် ၃နာရီ အချိန် ဖြစ်သည်။ တရုတ်ပြည်ထုတ် ဖုန်းများက အရည်အသွေးကောင်းမွန်၍ တောင်ပေါ်ရောက်နေသည့်တိုင် လိုင်းမိသည်။
"နေ့လယ်စာ စားဖို့အချိန်တန်ပြီ"
ယွမ်ကျိုးက မနက်ခင်းတည်းက ခရီးထွက်လာ၍ မနက်စာစားရန် အချိန်မရခဲ့ပေ။
သူက အခန်းတံခါးကို ပိတ်လိုက်ပြီး ပိုက်ဆံအိတ်တစ်မျိုးတည်းကို ယူဆောင်ကာ အပြင်ထွက်လာသည်။
"လူငယ်လေးရေ။ ကျုပ်
စောနလေးတင် ခေါက်ဆွဲပြုတ်တစ်ပန်းကန် ပြုတ်ထားတယ်။ စားဦးမလား"
ကြွေရည်သုတ်ပန်းကန်လုံးကို သယ်ဆောင်လာသော လူအိုကြီးနှင့် အခန်းအပြင်ထွက်လာသော ယွမ်ကျိုးတို့ ထိပ်တိုက်တွေ့၍ စိတ်အားထက်သန်စွာ မေးမြန်းသည်။
"ဟုတ်ကဲ့။ ကျေးဇူးအရမ်းတင်ပါတယ်"
ယွမ်ကျိုးက ပန်းကန်လုံးကြီးကို လက်ခံယူလိုက်သည်။ ပန်းကန်လုံးထဲမှာ ကြက်သွန်မြိတ်အနည်းငယ်၊ အခွံခွာထားသော ကြက်ဥပြုတ် နှင့် ခေါက်ဆွဲအဖြူ အနည်းငယ် ပါဝင်သည်။
"အမဲဆီလဲ အထူးတလည် ထည့်ပေးထားတယ်။ အရသာမြည်းစမ်းကြည့်ပါဦး။ ကျုပ်တို့ရွာရဲ့ အထူးလက်ရာဟင်းပွဲပဲ"
လူအိုကြီးက ဝင့်ကြွားသော အမူအရာကို ဖော်ပြသည်။ ယွမ်ကျိုးက နေ့လည်စာ
မစားရသေးကြောင်းပြော၍ ခေါက်ဆွဲတစ်ပန်းကန် သွားပြင်ဆင်ခြင်းဖြစ်သည်။
"ဟုတ်ကဲ့ဗျာ .. အနံ့မွှေးကြိုင်နေတာပဲ"
ယွမ်ကျိုး ခေါင်းညိတ်သည်။
"ဒါဆိုရင် စားကြည့်တော့လေ။ ဒါပေမဲ့ မင်းက
မင်းပြောတဲ့ဟင်းပွဲကို စားချင်ရင် ရွှေအဆင်းမှိုကို သွားရှာဖို့ အကြံပြုချင်တယ်"
လူအိုကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့အခန်းကို ပြန်သွားသည်။
"ကျေးဇူးအများကြီးတင်ပါတယ်"
သူ့ကို ကျေးဇူးတင်စကားပြောပြီးနောက်
ယွမ်ကျိုးက ပန်းကန်လုံးကို စားပွဲခုံပေါ်တင်ပြီး စတင်မြည်းစမ်းသည်။
တကယ်တမ်း အမဲဆီကို အရသာပေါ့ရွှတ်သော ခေါက်ဆွဲထဲ ထည့်ရန် မသင့်လျော်ချေ။ သို့သော်လည်း ခေါက်ဆွဲက ချိုမြပြီး မွှေးကြိုင်သည်ဟု ယွမ်ကျိုး ခံစားမိသည်။ ထို့ကြောင့် သူက ခေါက်ဆွဲအကုန်စားသည့်အပြင် စွပ်ပြုတ်အရည်များကိုပင် ကုန်အောင်သောက်သည်။
သူက နေ့လယ်စာကို နောက်ကျမှစားသောကြောင့် ဖြည်းဖြည်းချင်းစား၍ ညနေ၄နာရီမှ စား၍ကုန်သွားသည်။ ထို့နောက် သူက အခန်းအပြင်သို့ထွက်ပြီး ပန်းကန်လုံးကို အရင်ဆေးသည်။ ထို့နောက် တောင်ထိပ်သို့ ခရီးထွက်လာသည်။
ယွမ်ကျိုး သိထားသလောက် ဟင်းပွဲက မှိုကြက်သားပေါင်းဟင်းပွဲ ဖြစ်သည်။ အသုံးပြုထားသောမှိုက ရွှေအဆင်းမှို ဖြစ်သည်။
ဤမှိုက သတ္တုဓာတ်ပေါကြွယ်ဝသောမြေကြီးမှာ
ကြီးထွားရန် သင့်လျော်သည်။ ရွှေအဆင်းမှိုမျိုးရိုင်းကို ရှာတွေ့လျှင် ရွှေတွင်းကို ရှာတွေ့သည်ဟု ပြောစမှတ်ပြုလေ့ရှိသည်။ ထို့ကြောင့်လည်း ရွှေအဆင်းမှိုဟု နာမည်သတ်မှတ်ပေးခြင်း ဖြစ်သည်။
မှို၏ပုံပန်းသွင်ပြင်ကို သူ သေချာမသိပေ။ အရသာက နှိုင်းယှဉ်မရအောင် လတ်ဆတ်နူးညံ့သည်။ အရသာအလွန်ကောင်းမွန်သည်ဟု ပြောနိုင်သည်။ လူအိုကြီးအယောက်တစ်ထောင်၏ ပွဲတော်တွင် တည်ခင်းသောဟင်းပွဲက ရှန်ရှီစီရင်စုမှာ ယိုယွီဟု လူသိများသော ပျောင်ကြက်ကို အသုံးပြုထားသည်။
ယွမ်ကျိုးက လမ်းတစ်လျှောက် ကျောက်စရစ်ခဲများ ခင်းထားသော လမ်းသွယ်လေးအတိုင်း စိန်ပြေနပြေ လမ်းလျှောက်လာပြီး အမှတ်တမဲ့ ဆုံတွေ့ရသော လမ်းသွားလမ်းလာများဖြင့် ရံဖန်ရံဖန် နှုတ်ဆက်စကားပြောသည်။
"ခင်ဗျားက ပျားရည်ဝယ်ဖို့အတွက် ရွာကို ရောက်လာတာလား"
စပ်စုသောသက်လတ်ပိုင်း အမျိုးသမီးများက သူ့ကို မေးမြန်းကြသည်။
"ကျွန်တော်က အများကြီး မဝယ်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော့်ကိုရောင်းဖို့ စောင့်မနေနဲ့"
ယွမ်ကျိုးက ပွင့်လင်းစွာ ပြောသည်။
"ရွှေအဆင်းမှို ခူးဖို့အတွက် ဒီနေရာ ရောက်လာတာ ဖြစ်မယ်။ ဒီနေရာမှာပဲ အချိန်ဆွဲမနေနဲ့။ တောင်ပတ်လမ်းတွေက ဆိုးရွားတယ်"
ယွမ်ကျိုးက ကုန်ပစ္စည်းအများကြီး ဝယ်ယူချင်သော ဆန္ဒမရှိမှန်း သိသွားသောအခါ သူတို့အဖွဲ့က စိတ်အနှောင့်အယှက် မပေးတော့ချေ။ ထို့အစား သူတို့က ကြင်နာစွာ အသိပေးစကားပြောသည်။
"အွန်း ကျေးဇူးပါဗျာ"
ယွမ်ကျိုးက ရှေ့သို့ ဆက်လက်ခရီးဆက်ရင်း ကျေးဇူးတင်စကားပြောသည်။
"ကိစ္စမရှိပါဘူး။ ရပါတယ်။ စောစော တောင်ပေါ်က ဆင်းလာခဲ့ပါ"
ရွာသားများ၏စကားက နားထဲ တစ်ဝဲလည်လည်ဖြစ်နေစဉ် ယွမ်ကျိုးက ခပ်လှမ်းလှမ်း ဆက်လျှောက်သွားသည်။
တောင်ထိပ်က ရွာထိပ်နှင့် သိပ်မဝေးကွာသည်ဟု ထင်ရသည်။ သို့သော်လည်း ယင်းနေရာသို့ ယွမ်ကျိုးရောက်သည်နှင့် လူအိုကြီး ဆိုလိုသည့် သဘောကို ယွမ်ကျိုး နားလည်သွားသည်။
ဤတောင်ထိပ်၏နေရာတိုင်းကို ချွန်မြသော ကျောက်တုံးများဖြင့် ဖုံးလွှမ်းထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က သတိထားပြီး လမ်းမလျှောက်လျှင် ခြေထောက် ထိခိုက်ဒဏ်ရာရနိုင်သည်။
ယွမ်ကျိုး၏မျက်လုံးနှင့် လက်က အလိုက်သင့် ပြုမူနိုင်စွမ်း ရှိပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းသော်လည်း မျက်လုံးနှင့် ခြေထောက်က ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း
အရမ်းမကောင်းသေးပေ။
ယွမ်ကျိုးက ပင့်သက်ရှိုက်လိုက်သည်။ ခဏလေးအတွင်း သူ အကြိမ်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရသည်။ ရွှေအဆင်းမှို
တစ်ခုတစ်လေမျှပင် သူ မမြင်တွေ့ရသေးပေ။
ထိုစဉ် တောင်ပေါ်မှာ တခြားသူကိုလည်း မမြင်တွေ့ရပေ။ ထို့ကြောင့် ယွမ်ကျိုးက သူတစ်ဦးတည်း မှိုရှာဖွေရသည်။
"ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နာကျင်တဲ့ ခံစားချက်ကို ခံစားနေရတဲ့ ရေသူထီးနဲ့ တူနေပြီ။ ငါ့ကို လက်ထပ်ဖို့စောင့်မျှော်နေတဲ့ မင်းသမီးလေးလည်း မရှိဘူး"
ယွမ်ကျိုးက သူ့ခြေထောက် ထပ်မံ ထိခိုက်သောအခါ သူက ထေ့ငေါ့သော ခံစားချက်ဖြင့် စကားပြောသည်။
တဖြည်းဖြည်း မှောင်ရိပ်သန်းလာသည်။ ရွှေအဆင်းမှို မဆိုထားဘိ အစိမ်းရောင် အပင်တစ်ပင်ကိုပင် မမြင်တွေ့ရချေ။ တောင်ပေါ်နယ်မြေ တစ်ဝက်ခန့်ကို ရှာဖွေခဲ့ပြီးပါပြီ။
ယန်ဖန်းရွာမှ တောင်ထိပ်သို့ရောက်ရန် မိနစ်၄၀ခန့် အချိန်ယူရသော်လည်း သွေးထွက်နေသော ခြေထောက်ကြောင့် ရွာသို့ပြန်ရောက်ရန် တစ်နာရီခန့် အချိန်ယူရမည်။ ထို့ကြောင့် သူ ယခင်ကလို မြန်မြန်ဆန်ဆန်
လမ်းမလျှောက်နိုင်ချေ။
ခြေထောက်ဒဏ်ရာဖြင့် လမ်းလျှောက်ပြန်နေစဉ် ယွမ်ကျိုးက သူ့ကိုယ်သူ ခနဲ့သောအပြုအမူ ပြုမူသည်။
"ငါ တကယ့်ကို နုနုရွရွဖြစ်သွားသလားပဲ။ ခရီးတိုလေး လမ်းလျှောက်တာတောင် ခြေထောက် သွေးထွက်သွားတယ်"
သူ့ခြေထောက်တစ်ဖက်တည်းမှာပင် သွေးစို့နေသော ဒဏ်ရာသုံးချက် ရှိနေ၍ ယွမ်ကျိုး ဆို့နင့်သွားသည်။
သူ ငှားထားသောအိမ်သို့ရောက်ခါနီး တံခါးပေါက်နားမှာ မတ်တတ်ရပ်နေသည့်ကောင်လေးကို တွေ့ရသည်။
"ပြန်လာပြီလား ဦးလေး"
မှိန်ပျပျအလင်းရောင်အောက်မှာ မတ်တတ်ရပ်နေစဉ် ကောင်လေး၏မျက်နှာပေါ်မှာ အနီကွက်များကို ယွမ်ကျိုး သတိထားမိသည်။
သို့သော်လည်း ယွမ်ကျိုးက ကောင်လေး သူ့ကို ဦးလေးဟု ခေါ်သွားခြင်းကို ပိုအာရုံစိုက်သည်။
"မင်း ငါ့ကို အစ်ကိုကြီးလို့ပဲ ခေါ်သင့်တယ်"
ယွမ်ကျိုးက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် စကားပြောသည်။
"ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ထက် အသက်ကြီးတယ်ဗျ" ကောင်လေးက ပုံမှန်အတိုင်း ပြန်ပြောသည်။ သူက သူစိမ်းကို ကြောက်လန့်သော ခံစားချက် လုံးဝ မရှိပေ။
"ငါက အဲဒီလောက်အထိ မင်းထက် အရမ်းအသက်မကြီးပါဘူး။ ငါ့ကို အစ်ကိုကြီးလို့ ခေါ်စမ်းပါ"
ယွမ်ကျိုး တိုက်တွန်းသည်။
"ဦးလေး၊ ခင်ဗျားက ကျွန်တော့်ထက် အသက်ပိုကြီးမယ့်ပုံပေါ်တယ်"
လူငယ်လေးက ယွမ်ကျိုး၏အရပ်ကို နှိုင်းယှဉ်ကြည့်ရန် သူ့လက်ကို ဆန့်တန်းလိုက်ပြီး လေးနက်စွာ ပြောသည်။
"ငါက မင်းထက် အရပ်ပိုရှည်ရုံပဲ ရှိတယ်။ ငါ့ကို အစ်ကိုကြီးလို့ ခေါ်ပေး"
ယွမ်ကျိုးက ခပ်မာမာလေသံဖြင့် ပြောသည်။
"စားချင်လား မေးဖို့ ခင်ဗျားနား လာတာလေ"
ထိုမှသာ ကောင်လေးက သူ လာရသည့် အကြောင်းအရင်းကို ထုတ်ပြောသည်။ သူက ယွမ်ကျိုး၏တောင်းဆိုမှုကို အာရုံမစိုက်သည့်အပြင် သူ့ကို ဦးလေးဟုပင် ခေါ်နေသေးသည်။
"ဟုတ်တယ်။ အမှန်ပဲ။ ငါ့ကို လမ်းပြပေးဦး။ ငါ့ကို အစ်ကိုကြီးလို့ပဲ ခေါ်စမ်းပါ"
ယွမ်ကျိုးက ဆက်လက် အသိပေးသည်။
"ခင်ဗျားက ပွားလွန်းတယ် ဦးလေးကြီးရယ်"
လူငယ်က ယွမ်ကျိုးကို စိတ်မရှည်ဟန်အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့အကြည့်က "ခင်ဗျားက အရမ်းနုံတယ်" ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုး စိတ်ဓာတ်ကျသွားသည်။
အပိုင်း(၂၃၆)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၃၇) စစ်ပီး
ကောင်လေးက ယွမ်ကျိုးကို လူအိုကြီး၏အိမ်သို့ ခေါ်သွားသည်။ ထိုမှသာ လူအိုကြီး၏မိသားစုတွင် အရွယ်ရောက်သား နှင့် ချွေးမရှိမှန်း သိသွားသည်။ ကောင်လေးက လူအိုကြီး၏မြေးဖြစ်နိုင်သည်။
ကောင်လေးက သူ့ကို အစ်ကိုကြီးဟု မခေါ်၍ ဒေါသမထွက်မိအောင် ယွမ်ကျိုး သူ့ကိုယ်သူ ထိန်းချုပ်နေရသည်။ သူက ကလေးနှင့် အငြင်းပွားစရာ အကြောင်းမရှိပေ။ သူက သေချာပေါက် စိတ်သဘောထားမြင့်မြတ်သူ ဖြစ်သည်။
"ဦးလေး၊ ဒီနေရာမှာ ထိုင်ပါ" ကောင်လေးက ရုတ်တရက်စကားပြောလာ၍ ယွမ်ကျိုး သတိပြန်ဝင်လာသည်။
"အွန်း"
ယွမ်ကျိုးက ခေါင်းလှည့်လိုက်ပြီး သူ့ကို အစ်ကိုကြီးဟု ခေါ်သင့်ကြောင်း မျက်နှာရိပ်၊ မျက်နှာကဲပြသည်။
ထိုမှသာ ကောင်လေးက အကြွေးဝယ်ကတ်ယူရန် သူ့မိဘဆီသို့ လမ်းလျှောက်သွားသည်။
"ညစာစားကြမယ်။ ဒါတွေအားလုံးက ရိုးရှင်းတဲ့ဟင်းပွဲတွေချည်းပဲ။ မင်းကိုယ်တိုင်ပဲ သူတို့ကို သွားကူညီလိုက်ဦး။ အိတ်သေးသေးလေးပဲ ယူလာတယ်မလား။ တခြားဘာမှ မယူလာဘူးမလား" လူအိုကြီးက အမြော်အမြင်ကြီးစွာ ပြောသည်။
"အွန်း .. ကျေးဇူးအရမ်းတင်ပါတယ်"
စကားနည်းနည်းပြောပြီးနောက် ယွမ်ကျိုးက ထိုင်လိုက်သည်။
စားပွဲပေါ်မှာ တကယ့်ကို ရိုးရှင်းသော ဟင်းပွဲများဖြစ်သည်။ ကြက်ဥကြော်၊ အာလူးကြော်၊ အရွက်ပြုတ်တို့ဖြစ်သည်။ တခြားအသားဟင်းပွဲများ မရှိပေ။ အရသာက တကယ့်ကို ကောင်းမွန်သည်။
"အရသာကောင်းလား။ မြို့မှာနေထိုင်သူတွေက ဒီဒေသက ဟင်းပွဲတွေကို အရသာကောင်းတယ်လို့ ပြောကြတယ်။ ဟင်းရွက်တွေက
ဓာတုဓာတ်မြေဩဇာတွေ
မသုံးထားဘူး"
လူအိုကြီးက ပြုံးရွှင်စွာ ပြောသည်။
"ဟုတ်တယ်။ အရသာက
တကယ့်ကို အံ့မခန်းပဲ"
ယွမ်ကျိုးက ခေါင်းညိတ်သည်။ အစာစားပြီးနောက် ယွမ်ကျိုးက လေးရက်စာ ကုန်ကျစရိတ်ကို ပေးသည်။
"မင်းပြောတဲ့တောင်စောင်းက ပျားရည်မထုတ်တာ နှစ်တော်တော်ကြာပြီ"
သူ့သားနှင့် ချွေးမက သူတို့ကလေးကို ချော့သိပ်ရန် အိပ်ခန်းထဲ ခေါ်သွားသည်။
ဤရွာတွင် နေထိုင်သူများက နေထွက်ချိန်အထိ အလုပ်လုပ်ကြပြီး နေဝင်ချိန်မှ အိပ်ကြသည်။
"ကျွန်တော်က ကိုယ်တိုင်ကိုယ်ကျ တောင်စောင်းအောက် ဆင်းကြည့်ချင်တယ်။ အဲဒီတောင်စောင်းအောက်ကို ဆင်းဖို့ ဦးဆောင်ခေါ်သွားနိုင်သူ ရှိလား"
ယွမ်ကျိုးက အရိုးသားဆုံး မေးမြန်းသည်။
"ခင်ဗျားက တစ်ယောက်တည်း တောင်အောက်ဆင်းချင်တာလား" လူအိုကြီးက အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း သိပ်မကြာခင်မှာ စိတ်သက်သာရာရသွားသည်။
သူ့အမြင်တွင် ယွမ်ကျိုးက အပျော်သက်သက် ခရီးထွက်လာသူနှင့် ခြားနားမှု မရှိချေ။ ခရီးသွားများက အန္တရာယ်ကို မမြင်ကြပေ။ အနည်းငယ် ဂရုမစိုက်ပြုမူမိလျှင် ချောက်ကမ်းပါးထဲ ပြုတ်ကျပြီး အသက်ဆုံးရှုံးသွားနိုင်သည်။
"လူငယ်လေး၊ မင်း အဲဒီလို မလုပ်ဖို့ အကြံပေးချင်တယ်။ မင်းက အတွေ့အကြုံမရှိဘူး။ အန္တရာယ်များတယ်"
လူအိုကြီးက အကြံပြုသည်။
"ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ချောက်ကမ်းပါးထဲ ဆင်းကြည့်ချင်သေးတယ်" ယွမ်ကျိုးက သူကိုယ်တိုင် အရသာရှိသော အစားအသောက်များကို စုဆောင်းချင်သည်။
"မင်းက ဒီကနေ့ပဲ တောင်ထိပ်ကို သွားချင်တာလား။ မင်းရဲ့ခြေထောက်က ဒဏ်ရာရထားတယ်မလား။ ချောက်ကမ်းပါးထဲ ဆင်းတာက တောင်ပေါ်တက်တာထက် ပိုပင်ပန်းမယ်"
လူအိုကြီးက ခရီးသွားများ၏အကြောင်းကို ကောင်းကောင်းသိနေသည်။ ချွန်မြသော ကျောက်တုံးများရှိသည့် တောင်ကြားနေရာသို့ မည်သူမှ မသွားလိုကြပေ။
"ဟုတ်တယ်။ ခြေထောက်မှာ သွေးထွက်နေတဲ့ဒဏ်ရာရှိတယ်"
ယွမ်ကျိုးက အတော်လေး နာကျင်နေသော်လည်း သည်းခံနိုင်သေးသည်။
"အဲ့ဒီနေရာကို သွားချင်နေတုန်းဆိုတာ သေချာလား" လူအိုကြီးက ထပ်မံမေးမြန်းသည်။
"အွန်း .. ကျွန်တော်ကိုယ်တိုင် ချောက်ကမ်းပါးအောက် ဆင်းချင်တယ်"
ယွမ်ကျိုးက ခေါင်းညိတ်ပြီးနောက် လေးနက်စွာ ပြောသည်။
"ကောင်းပြီလေ။ ချောက်ကမ်းပါးဆီ ဦးဆောင်ခေါ်သွားဖို့ တစ်ယောက်ယောက် ရှာပေးပါ။ မနက်ဖြန်ကျရင်တော့ သူ့ကို ကျသင့်ငွေပေးလိုက်"
ယွမ်ကျိုး၏ပြင်းပြသော ဆန္ဒကို နားလည်ပြီးနောက် လူအိုကြီးက သဘောတူလိုက်သည်။
"ဒါနဲ့ မင်းက ရွှေအဆင်းမှိုကို အရမ်းရှာချင်နေတာလား" ယနေ့ သူကြားခဲ့သော အတင်းအဖျင်းသတင်းကြောင်း တွေးမိသောအခါ လူအိုကြီးက ယွမ်ကျိုးကို မေးမြန်းသည်။
"အမှန်ပဲ။ ကံကောင်းတဲ့သူပဲ အဲဒီချောက်ကမ်းပါးက မှိုတွေကို ရတာလေ။ ဒါပေမဲ့ မှိုတွေကို အနီးအနားနယ်မြေမှာ ရှာနိုင်ပေမဲ့ ပိုခက်ခဲတယ်"
လူအိုကြီးက ယွမ်ကျိုးကို အသေးစိတ် ရှင်းပြသည်။
"ချောက်ကမ်းပါးနက်လေလေ မှိုရှာဖို့ ပိုလွယ်ကူတာလား" ယွမ်ကျိုးက လူအိုကြီးကို ထပ်မံစုံစမ်းသည်။
"ဒါပေါ့။ လမ်းက သွားလာရ တကယ် ခက်ခဲတယ်"
လူအိုကြီးက လေးနက်စွာ ပြောသည်။
သို့သော်လည်း လူအိုကြီးက နည်းနည်း အံ့အားသင့်သွားသည်။ ပုံမှန်ခရီးသွားများက သွားလာရခက်ခဲလျှင် ရှောင်တိမ်းသွားတတ်ကြသည်။ ဒေသခံရွာသားများပင် လမ်းခရီး အဆင်မပြေ၍ ရှောင်တိမ်းသွားတတ်သည်။
သို့သော်ငြားလည်း ယွမ်ကျိုးက မှိုမတွေ့သရွေ့ လက်မလျော့သကဲ့သို့ ပြုမူနေသည်။ ယွမ်ကျိုး၏နောက်ကျောပြင်ကို ငေးကြည့်ပြီး လူအိုကြီးက ခေါင်းတွင်တွင်ခါသည်။
ထို့နောက် ယွမ်ကျိုးက နှုတ်ဆက်စကားပြောလိုက်ပြီး ရေချိုးသန့်စင်ကာ အိပ်ရာဝင်ရန် သူ့အခန်းသို့ ပြန်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီးနောက် ပုံမှန်အတိုင်း မနက်၅နာရီ အိပ်ရာထသည်။
လေ့ကျင့်ခန်းနည်းနည်း လုပ်ဆောင်ပြီးနောက် ရွှေအဆင်းမှို ရှာဖွေရန် အိမ်မှ ထွက်ခွာလာသည်။
နောက်ထပ် ဒဏ်ရာ ၄/၅ခု ရရှိပြီးနောက် ရွှေအဆင်းမှို၏ သဲလွန်စကို ရှာတွေ့သွားသည်။
မှိုများက ကျောက်တုံးနှစ်ခုကြား ပေါက်သည်။ အဝါနုရောင်မှိုပွင့် ၊ အဖြူရောင်ရိုးတံရှိ၍ သိသာထင်ရှားသည်။ ယွမ်ကျိုးက ခဏခဏ အတည်ပြုပြီးမှသာ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
"ဟူး"
ယွမ်ကျိုးက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ထို့နောက် ယွမ်ကျိုးက သစ်သားဓားကို ထုတ်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော အဝတ်စထဲသို့ ဖြတ်တောက်ထားသည့်မှိုကို ထည့်သည်။ မှိုများကို အဝတ်အိတ်တစ်ဝက်ခန့် စုဆောင်းပြီးနောက် ယွမ်ကျိုးက ဆက်လက်ရှာဖွေခြင်း
မလုပ်ဆောင်တော့ပေ။
ပထမဆုံးအပင်ကို ရှာတွေ့ပြီး၍ ဒုတိယအပင်ကို ရှာတွေ့ရန် မခက်ခဲတော့ပေ။ မှိုကို လတ်လတ်ဆတ်ဆတ် စားသုံးရခြင်းက ပိုကောင်းမွန်သည်။
ယွမ်ကျိုး ရွာသို့ပြန်ရောက်ရောက်ခြင်း ပထမဆုံး လုပ်ဆောင်သည့် အခြင်းအရာက အန်တီလင်းဟုခေါ်သော အမျိုးသမီးထံသွားခြင်း ဖြစ်သည်။ တော်ဝင်စားဖိုမှူးကို ကမ်းလှမ်းမရ၍ ဒုတိယရွေးချယ်မှု အနေဖြင့် အန်တီလင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယွမ်ကျိုးက ခေါင်းမာသော တော်ဝင်စားဖိုမှူးအဘိုးကြီးကို အကူအညီတောင်းရန် တွေးမိသော်လည်း အဘိုးအိုက ရွာအပြင်ဘက်မှာ နေထိုင်သည့် သူငယ်ချင်းအိမ်သွားလည်နေသည်။ လူအိုကြီးကလည်း သူ့အတွေးကို မသိထားပေ။ ထို့ကြောင့် ယွမ်ကျိုးက သူ့အတွေးကို စွန့်လွှတ်လိုက်သည်။
"အန်တီလင်း ... အနှောင့်အယှက်ပေးမိလို့ အားနာမိပါတယ်"
ယွမ်ကျိုးက အဝတ်စကို ထုတ်လိုက်ပြီး သူမကို
ညင်ညင်သာသာပြောသည်။
"လူငယ်လေး၊ မှိုကို အဝတ်အိတ်ထဲ ထည့်ရမှန်းတော့ သိသားပဲ။ ငါ့ရဲ့ဟင်းချက်စွမ်းရည်နဲ့ စွပ်ပြုတ်က သေချာပေါက် အရသာရှိမှာပဲ။ ငါ အာမခံတယ်"
အန်တီလင်းက ပြုံးရွှင်ကာ သဘောတူလိုက်သည်။
သူက ကြက်ကို ချက်ချင်းသတ်လိုက်ပြီး ကြက်စွပ်ပြုတ်လုပ်သည်။ စွပ်ပြုတ်ရည်၏ ကောင်းကျိုးက လန်းဆန်းသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
သုံးနာရီခန့်ကြာပြီးနောက် စွပ်ပြုတ်က အဆင့်သင့်ဖြစ်သွားသည်။ နေ့လယ်စာ ထမင်းစားချိန်ပင် ကျော်လွန်သွားခဲ့သည်။
"လူငယ်လေးရေ၊ မင်း မှာထားတဲ့ ဝူကြက်စွပ်ပြုတ်ပါ"
အန်တီလင်းက ကြီးမားသော ပေါင်းအိုးကို သယ်ဆောင်ကာ သူ့ဆီ လမ်းလျှောက်လာသည်။
"ကျေးဇူးတင်ပါတယ်" ထို့နောက် ယွမ်ကျိုးက အိုးကို ချက်ချင်း လက်ခံယူလိုက်သည်။
"ရပါတယ်။ ဆောင်းရာသီမှာ စွပ်ပြုတ်သောက်ရတာ အကောင်းဆုံးပဲ။ အရသာရှိတယ်။ မင်း ရှာလာတဲ့ မှိုတွေက အရည်အသွေးကောင်းတော့ စွပ်ပြုတ်အရသာက ကောင်းတယ်"
အန်တီလင်းက ပြုံးရွှင်သော အမူအရာဖြင့် ပန်းကန်လွတ် နှင့် ထမင်းပန်းကန်လုံးကိုပေးကာ လှည့်ထွက်သွားသည်။
"ကျေးဇူးအရမ်းတင်ပါတယ်" ယွမ်ကျိုးက ကျေးဇူးတင်စကားပြောလိုက်သည်။
ယွမ်ကျိုး၏တည်ငြိမ်သောမျက်နှာပေါ်မှာ အပြုံးလေးပေါ်လွင်လာသည်။ သူက
ဇွန်းကို ကောက်ကိုင်လိုက်ပြီး စွပ်ပြုတ်ရည်ကို မြည်းစမ်းရန် ဇွန်းဖြင့် ခပ်လိုက်သည်။
သို့သော်လည်း စွပ်ပြုတ်က ယွမ်ကျိုး၏လည်မျိုထဲသို့ ဝင်ရောက်သွားသောအခါ ယွမ်ကျိုး၏မျက်နှာပေါ်မှ အပြုံးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ယွမ်ကျိုးက နာရီဝက်အတွင်း ကြက်သားနှင့် စွပ်ပြုတ်အကုန်လုံးကို သောက်လိုက်သည်။
"ရွှေအဆင်းမှိုရဲ့အရသာက လတ်ဆတ်နူးညံ့ပေမဲ့ ဟင်းပွဲက ထင်ထားသလောက် အရသာ မကောင်းဘူး"
ယွမ်ကျိုး ချင့်ချိန်စဉ်းစားနေစဉ် အသံတစ်သံက
သူ့အတွေးကို နှောင့်ယှက်သွားသည်။
"လူငယ်လေး၊ မင်းက အဲဒီမှိုတွေကို ရှာတွေ့ခဲ့တာလား" လူအိုကြီးက ခေါင်းလှည့်လိုက်ပြီး ယွမ်ကျိုးကို ငေးစိုက်ကြည့်သည်။
"ဟုတ်တယ်။ ကျွန်တော် ရှာတွေ့ခဲ့တယ်"
ယွမ်ကျိုးက ခေါင်းညိတ်သည်။
"ဘုရားသခင်ရဲ့ကောင်းမွန်တဲ့လက်ဆောင်တွေကို အလဟဿမဖြစ်စေနဲ့"
လူအိုကြီးက ရိုးရှင်းသော မှတ်ချက်ကို ပေးပြီးနောက် လှည့်ထွက်သွားသည်။
အပိုင်း(၂၃၇)
ပြီးပါပြီ။