← Chapters

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

ယွမ်ကျိုး အပိုင်း(၂၃၈)

လူအိုကြီးက အိန္ဒြေသိက္ခာရှိသောပုံစံ ဝတ်စားဆင်ယင်ထားသော်လည်း ချင့်ချိန်စဉ်းစားမှုမရှိသော အမူအရာဖြင့် ပြောဆိုနေသည့်အပြင် ပွင့်ပွင့်လင်းလင်းပြောဆိုသည်။

သို့သော်ငြားလည်း ယွမ်ကျိုးက လုံးဝ ဒေါသမထွက်ခဲ့ပေ။ ထိုအစား သူက အေးအေးဆေးဆေး မေးမြန်းလိုက်သည်။

“ဘယ်သူပြောတာလဲဆိုတာ ပြောပြပေးလို့ရမလား”

“ဒါက မင်းကိစ္စ မဟုတ်ပါဘူး”

“ငါကဘယ်သူလဲဆိုတာ သိဖို့လည်း မလိုအပ်ဘူး”

လူအိုကြီးက မျက်မှောင်ကြုတ်ပြီး လှည့်ထွက်သွားရန် ပြင်ဆင်သည်။

“ခင်ဗျားက လူကြီးမင်းမာဖြစ်ရမယ်၊ ဟုတ်တယ်မို့လား”

ယွမ်ကျိုးက ဟုတ်မှန်ကြောင်း အတည်ပြုသည်။

“မင်းက ငါ့ကို သိနေတာလား”

လူအိုကြီးက ခေါင်းကိုလှည့်လိုက်ပြီး မဖော်ရွေသော လေသံဖြင့် သူ့ကိုမေးမြန်းသည်။

“မဟုတ်ဘူး၊ ကျွန်တော်ခံစားမိတာပါ”

ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် သူက တည့်တိုး ပြန်ဖြေလိုက်သည်။

“အင်း”

လူအိုကြီးက ယွမ်ကျိုးကို လျစ်လျှူရှုပြီး လှည့်ထွက်သွားခဲ့သည်။

“ခဏနေပါဦး၊ ကျွန်တော့်ကို ခဏစောင့်ပါဦးဗျာ၊ ကျွန်တော့်ကို မစောင့်တော့ဘူးလား”

ယွမ်ကျိုးက ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး လူအိုကြီး၏ မဖော်ရွေသော အမူအရာကို လျစ်လျှူရှုကာ လူအိုကြီးနောက် ပြေးလိုက်လာသည်။

“ကျုပ် မင်းနဲ့စကားပြောချင်တဲ့ဆန္ဒမရှိဘူး၊ မင်းလာတဲ့နေရာကို ပြန်သွားလိုက်ရင် ကောင်းမယ်”

လူအိုကြီးက ခေါင်းမော့ ရင်ကော့ပြီးတော့ မတူမတန်ဟန် ပြုမူသည်။

“လူကြီးမင်းမာ... ခင်ဗျားက ကျွန်တော်ရဲ့ ရည်ရွယ်ချက်ကို သိနေပုံပဲ၊ ဒါဆိုရင်တော့ လိုရင်းပဲပြောတော့မယ်၊ ကျွန်တော်က ခင်ဗျားကိုယ်တိုင် ချက်ပြုတ်တဲ့ ဟင်းပွဲတွေကို မြည်းစမ်းချင်တဲ့ဆန္ဒရှိတယ်”

ယွမ်ကျိုးက တည်ငြိမ်လေးနက်သော အမူအရာကို ဖော်ပြသည်။

“ဒီလူငယ်လေးက စကားကြီး စကားကျယ်တွေ ပြောတတ်တာပဲ၊ ငါက မင်းအတွက် ဘာလို့ ဟင်းချက်ပေးရမှာလဲ”

“ဘုရားသခင်ရဲ့ လက်ဆောင်တွေကို ဒီလိုနည်းနဲ့ ချက်ပြုတ်ရင် အလဟဿဖြစ်တယ်လို့ ခင်ဗျားပြောခဲ့တယ်လေ၊ ဒါဆိုရင် အရသာရှိတဲ့ ဟင်းချက်အသုံးအဆောင်ပစ္စည်းတွေ အလဟဿဖြစ်နေတာကို မြင်ချင်နေတာလား”

ယွမ်ကျိုးက အတည်ပြုဟန် မေးမြန်းသည်။

“ဒါက ငါနဲ့ ဘာမှမသက်ဆိုင်ဘူး၊ ငါနဲ့ ဝေးဝေးနေစမ်းပါ”

လူအိုကြီးက ရုတ်တရက်ဒေါသထွက်သွားပြီး ယွမ်ကျိုးကို ချက်ချင်းမောင်းထုတ်သည်။

လူကြီးမင်းမာ၏ ဆုံးဖြတ်ချက် ခိုင်မာသော အမူအယာကို မြင်တွေ့ရသောအခါ ယွမ်ကျိုးက သူ့ကို ဆက်လက်တွယ်ကပ်နေရန် မသင့်လျော်ကြောင်း သိရှိသွားသည်။

သူငှားယမ်းထားသော အိမ်သို့ ပြန်သွားရုံသာ တတ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ဆန္ဒမရှိခြင်းသည် လိုချင်သော ရလဒ်ကို မဖြစ်ပေါ်စေ

ဟား ဟား ဟား ဟား

“မင်းကို လူကြီးမင်းမာက ကြိမ်းမောင်းပြောဆိုသွားတယ်ဆိုတဲ့ သတင်းကို ကြားတယ် ဟုတ်လား”

ခပ်လှမ်းလှမ်းမှာ ရပ်နေသော လူအိုကြီးက ခနဲ့သော လေသံဖြင့် မေးမြန်းသည်။

“ဒီလိုလည်း မဟုတ်ပါဘူး၊ ကျွန်တော့်အတွက် ကြက်စွပ်ပြုတ်ချက်ပေးဖို့အတွက် သဘောမတူရုံလေးပါ”

ဤရွာငယ်လေးမှာ ထိန်ချန်ထား၍ မရမှန်း သိနေသောကြောင့် ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

“လူငယ်လေး၊ မင်းက တကယ့်ကို ရဲရင့်တာပဲ၊ ဒါပေမဲ့ လူကြီးမင်းမာက လူမှန်တော့ မဟုတ်ဘူး၊ သူဟင်းမချက်တာ တော်တော်ကြာပြီ”

လူအိုကြီးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချကာ စကားပြောသည်။

“ဘာလို့လဲ”

ယွမ်ကျိုးက ယနေ့တွင် လူကြီးမင်းမာကို အသေးစိတ် လေ့လာဆန်းစစ်ခဲ့သည်။ လူကြီးမင်းမာ၏ မျက်နှာက ပန်းဆီရောင်သမ်းပြီး စကားပြောသည့်အခါ အားကြိုးမာန်တက် ပြောဆိုနိုင်သည်။

ဒီအချက်ကို ကြည့်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်မှန်း သိနိုင်သည်။

“ဒီကိစ္စကို ငါလည်း သေချာတော့ မသိပါဘူး၊ အဲလူအိုကြီးက အရမ်းကို ထူးဆန်းတယ်၊ သူက ဘယ်တော့မှ ဟင်းမချက်ဘဲ တခြားလူချက်တဲ့ ဟင်းတွေကို ဆိုးဝါးတယ်လို့ အပြစ်တင်တယ်”

လူအိုကြီးက သူရဲ့ ဆေးလိပ်တံကို ခေါက်လိုက်ပြီး အေးအေးဆေးဆေး စကားပြောသည်။

“ဒါဆိုရင် လူကြီးမင်းမာက တစ်နေ့ ထမင်းသုံးနပ်စားဖို့အတွက် တခြားလူအိမ်မှာ သွားစားတာလား”

ယွမ်ကျိုးက စပ်စုသောလေသံဖြင့် မေးမြန်းလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကိုယ်တိုင်က စားဖိုမှူးဖြစ်သည့် အတွက် သူ့တစ်နေတာ ဝမ်းစာအတွက် ချက်ပြုတ်ရန် လိုအပ်သည်။

“ဟုတ်တယ်၊ အမှန်ပဲ၊ ဒီလူအိုကြီးက တကယ့်ကို အတ္တကြီးတယ်၊ ဒါပေမဲ့ သူ့ရဲ့ ဘိုးဘေးက တော်ဝင်စားဖိုမှူးလို့ သိထားကြတယ်၊ သူကိုယ်တိုင်ကလည်း ပြည်နယ်ပွဲတော်တွေအတွက် အရင်က ဟင်းချက်ပေးဖူးတယ်၊ ဒါကြောင့်မို့လည်း သူ့ကို တခြားသူတွေက ယုံကြည်လေးစားကြတာပေါ့၊ မဟုတ်ရင် လေးစားကြပါ့မလား”

လူအိုကြီးက ဆေးခြောက်ကို ဖွာလိုက်ပြီး ပတ်ဝန်းကျင်မှာ မီးခိုးငွေ့များ လှိုင်တက်သွားသည်။

“ပြည်နယ်ပွဲတော်လား”

ယွမ်ကျိုးက ဤကဲ့သို့သော ပွဲတော်မျိုးကို ယခင်က မကြားခဲ့ဖူးချေ။

“ဟုတ်တယ်၊ ဒါပေါ့၊ သူပထမဦးဆုံးအကြိမ် ရွာကိုပြန်လာတုန်းကဆိုရင် ရွာသားတွေအကုန်လုံးက ပျော်ရွှင်နေကြ တာ၊ ဒါပေမဲ့ အခု သူနဲ့ ဘယ်သူမှ စကားမပြောတော့ဘူး”

လူအိုကြီးက ဆေးခြောက်ကို ဆက်ဖွာနေပြီး တခြားသူအကြောင်းကို ဆက်လက်ပြောကြားနေစဉ် ယွမ်ကျိုးက သူပြောသော အကြောင်းကို လေးနက်စွာ နားစွင့်နေသည်။

ယွမ်ကျိုးက သူသိလိုသော မေးခွန်းကို ချက်ချင်းမေးမြန်းသည်။

“ရွာသားတွေက သူ့ကို ဘာဖြစ်လို့ စကား မပြောတော့တာလဲ”

“သူက ရွာကို ပြန်ရောက်တော့ တခြားလူတွေကို ဟင်းချက်တဲ့ပညာ သင်ပေးဖို့ ငြင်းတယ်လေ၊ ရွာသားတွေမှာ ပင်ကိုယ်အရည်အချင်းမရှိလို့ သင်ပေးတာ အချိန်အလဟဿဖြစ်တယ်လို့ ပြောသေးတယ်၊

ဒီပြင့် သူက သူကိုယ်တိုင် မချက်တဲ့အပြင် တခြားသူအိမ်မှာ နေ့တိုင်းလှည့်ပတ်စားတယ်၊ သူတို့ချက်တဲ့ ဟင်းပွဲတွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်သေးတယ်”

လူအိုကြီးက မခံမရပ်နိုင်ပြောသည်။ လူကြီးမင်းမာ၏ ဆိုးဝါးသော စိတ်နေသဘောထားကြောင့် သူလည်း နာကျင် ခံစားခဲ့ရပုံပေါ်သည်။

“ကျေးဇူးတင်ပါတယ်၊ ကျွန်တော် နားလည်ပြီ”

လူအိုကြီး၏ စကားကို ကြားပြီးနောက် သူ့ရည်မှန်းချက် အောင်မြင်နိုင်သော အကြံအစည်ကို ရုတ်တရက် တွေးမိ သွားသည်။

“မင်းနားလည်သွားတာလား”

လူအိုကြီးက ယွမ်ကျိုး၏ အပြုအမူကြောင့် ဒွိဟဖြစ်သွားသည်။

“မီးဖိုနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ငှားပေးလို့ရမလား”

သူမေးသောမေးခွန်းကို ဖြေဆိုမည့်အစား ယွမ်ကျိုးက တောင်းဆိုလိုက်သည်။

“ရပါတယ်၊ ဟင်းချက်ပစ္စည်းတွေအားလုံးက အံဆွဲမှာရှိတယ်၊ သုံးတဲ့ပစ္စည်းတွေအတွက် ကျသင့်ငွေပေးရင် ရပြီ၊ ခေါက်ဆွဲပြုတ်အတွက်တော့ ပေးစရာမလိုဘူး”

လူအိုကြီးက ရက်ရောသူဖြစ်သည်။

“ကျွန်တော် ခေါက်ဆွဲပြုတ်ချက်မလို့၊ အဘရော တစ်ပန်းကန်လောက် ယူဦးမလား”

ယွမ်ကျိုးက လူအိုကြီးထံမှ ခေါက်ဆွဲပြုတ်ကို အလကားစားမိ၍ အားတုံ့အားနာဖြစ်သောကြောင့် မေးမြန်းလိုက်သည်။

“ကောင်းတာပေါ့၊ ခေါက်ဆွဲပြုတ် ပြင်ဆင်ရတာ လွယ်တယ်၊ ငါ့ရဲ့အစာအိမ်ကို ဖြည့်ဖို့အတွက် ပန်းကန် သေးသေး လောက်ဆို လုံလောက်တယ်၊ အဲလောက်ပဲ လိုချင်တယ်”

လူအိုကြီးက ဆေးလိပ်တံရှည်ကို အောက်ချလိုက်ပြီး အေးအေးဆေးဆေး ပြောသည်။

“ဦးလေး၊ ကျွန်တော်လည်း တစ်ပန်းကန်လောက် လိုချင်တယ်”

ယွမ်ကျိုးက လူအိုကြီးကို ပြန်မဖြေခင် လူငယ်လေး၏ အသံက ဘေးဘက်မှ ထွက်ပေါ်လာသည်။

“ကောင်းပြီ၊ မင်းအတွက်လည်း ခေါက်ဆွဲပြုတ် တစ်ပန်းကန်လောက် ပြင်ဆင်လာမယ်”

ယွမ်ကျိုးက သူအငြှိုးမထားကြောင်း ပြသခြင်းဖြစ်သည်။ ကောင်လေးက ငယ်သေးသောကြောင့် ယွမ်ကျိုး အများကြီး ခေါက်ဆွဲပြုတ်ထားသည့်တိုင် စားနိုင်မည့်ပုံ မပေါ်ချေ။

“ကျေးဇူးတင်ပါတယ် ဦးလေး”

ကောင်လေးက ယဉ်ကျေးစွာ ပြန်ပြောသည်။ သူ၏မျက်နှာပေါ်မှာ အနီစက် များစွာ ရှိနေသော်လည်း ချစ်စရာ ကောင်းသည်။

ယွမ်ကျိုးက သူ့ရဲ့စားသောက်ဆိုင်မှာ ရောင်းချတဲ့ ခေါက်ဆွဲစွပ်ပြုတ်ကို ချက်ပြုတ်သော်လည်း အသုံးပြုမည့် ဂျုံမှုန့်နှင့် ရေက တူညီမှု မရှိပေ။

ဤရွာတွင် ရရှိနိုင်သည့် ဂျုံမှုန့်က သဘာဝနည်းလမ်းဖြင့် စိုက်ပျိုး ထားပြီး ညစ်ညမ်းမှုမှ ကင်းစင်သည့်အပြင် အသုံးပြုမည့် ရေကလည်း တောင်ကျစမ်းရေ ဖြစ်သည်။

ထို့ပြင် ယွမ်ကျိုး၏ ဟင်းချက်စွမ်းရည်ကြောင့် ခေါက်ဆွဲပြုတ်က သေချာပေါက် အရသာရှိလိမ့်မည်။

ခေါက်ဆွဲပြုတ် ချက်ပြုတ်သည့်နည်းလမ်းကို ယွမ်ကျိုး အတော်လေး ရင်းနှီးပြီးသားဖြစ်သည်။ သူက ခေါက်ဆွဲပြုတ်သုံးပန်းကန်ကို တပြိုင်နက်တည်း ချက်ပြုတ်သည်။

ကြီးမားသော ခွက်နှစ်ခွက်နှင့် သေးငယ်သော အဖြူရောင်ကြွေခွက်ထဲသို့ ခေါက်ဆွဲများကို ထည့်သည်။ အဝါရောင် အနည်းငယ်သမ်းသည့် အဖြူရောင် ခေါက်ဆွဲဖတ်၊ ကြည်လင်သော စွပ်ပြုတ်ရည်နှင့် မွှေးကြိုင်သောရနံ့က တဖြည်းဖြည်းချင်း ပျံ့လွှင့်လာ၍ အနီးအနားရှိ လူများကို သွားရည်ယိုသော ခံစားချက် ဖြစ်ပေါ်စေသည်။

“ကြက်ဥတောင် မထည့်တော့ဘူးလား၊ ကြက်သွန်မြိတ်ကလေး ပါးပါးလှီး ထည့်လို့ရတယ်လေ၊ အံဆွဲထဲမှာ ရှိတယ်၊ မင်းရှာမတွေ့လို့လား”

လူအိုကြီးက ခွက်ကို လက်ခံယူလိုက်ပြီး ဒွိဟဖြစ်သော ခံစားချက်ဖြင့် မေးမြန်းလိုက်သည်။

“ဟုတ်ကဲ့၊ ကျွန်တော် တွေ့ပါတယ်၊ ဒါပေမဲ့ ခေါက်ဆွဲပြုတ်မှာ ဒါတွေထည့်ဖို့ မလိုအပ်ဘူး”

ခေါက်ဆွဲအရသာ ပိုမိုကောင်းမွန်ရန်အတွက် တခြားသော ပါဝင်ပစ္စည်းများထည့်ရန် မလိုအပ်ကြောင်း ယွမ်ကျိုးက တွေးထားသည်။ ထို့ကြောင့် သူကလည်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

“ကောင်းပြီလေ၊ ဒါဆိုရင် ဒီတိုင်းပဲ စားလိုက်တော့မယ်”

လူအိုကြီးက ဟင်းလျာနှင့်ပတ်သက်ပြီး ကြေးများသူ မဟုတ်ချေ။ သူက ပန်းကန်လုံးကို အောက်ချလိုက်ပြီး စားသောက်ရန် ပြင်ဆင်သည်။

“ပန်းကန်လုံးလေးတွေ ငှားပေးလို့ရမလား”

ယွမ်ကျိုးက မဝံ့မရဲ မေးမြန်းသည်။

“ကိစ္စမရှိဘူး၊ ယူသုံးလေ”

လူအိုကြီးက ရက်ရက်ရောရော ပြန်ပြောသည်။

“ဂရုစိုက်ဦး ဦးလေး”

ကောင်လေးက ယွမ်ကျိုးကို ဦးလေးဟု ခေါ်နေသေးသည်။

“ကျေးဇူးတင်ပါတယ်”

ယွမ်ကျိုးက ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး သူ့ကို ကျေးဇူးတင်စကားပြောလိုက်သည်။

ပန်းကန်လုံးကိုဖုံးရန်အတွက် ပန်းကန်ပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။ ထိုမှသာ အရသာကို ဆိုးရွားစွာ ထိခိုက်စေမည့် ညစ်ညမ်းမှုများမှ ကာကွယ်နိုင်လိမ့်မည်။

ဤခေါက်ဆွဲပြုတ်ကို လူကြီးမင်းမာအတွက် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ ယွမ်ကျိုးက သူ့ရဲ့ ဟင်းချက်စွမ်းရည် သည် ထိပ်တန်းအဆင့်ဟု ယုံကြည်လက်ခံထားသည်။

လူကြီးမင်းမာက ကျော်ကြားသောသူဖြစ်သည့်အတွက် သူ့အိမ်ကို ရှာဖွေရန် အလွန် လွယ်ကူသည်။

ငါးမိနစ်ခန့်ကြာပြီးနောက် ယွမ်ကျိုးက လူကြီးမင်းအိမ်၏ တံခါးပေါက်နားသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

“လူကြီးမင်းမာ ခင်ဗျားအတွက် နေ့လည်စာပါ”

နေ့လယ် နှစ်နာရီ နှစ်ဆယ်မိနစ် အချိန်ဖြစ်သည်။ လူကြီးမင်းမာက အပြင်မှ ပြန်လာသောကြောင့် နေ့လယ်စာ မစားရသေးချေ။

“ဘာလဲ၊ ငါ့ကို အစားအသောက်တွေ လာပေးဖို့ တစ်ယောက်ယောက်က လှုံ့ဆော်လိုက်လို့လား၊ ငါက မသန်မစွမ်း မဟုတ်ဘူးနော်”

လူကြီးမင်းမာ စကားပြောတိုင်း ကောင်းမွန်သော စကားများကို မပြောတက်ချေ။ သူစကားပြောသည့် အပြုအမူက ယွမ်ကျိုးတစ်ယောက်တည်းကိုသာ အထင်အမြင်သေးသော အမူအရာဖြင့် ပြောဆိုခြင်းမဟုတ်ဘဲ လူတိုင်းအပေါ် အထင်အမြင်သေးသော အမူအရာဖြင့် စကားပြောခြင်းဖြစ်ကြောင်း ပြသလိုခြင်းဖြစ်သည်။

“စမ်းစားကြည့်ပါဦး”

ယွမ်ကျိုးက ပြောသင့် ပြောထိုက်သည့်စကားကိုသာ ပြောသည်။ သူကလည်း အခြားသူနှင့် အပြန်အလှန် စကားပြောဆိုခြင်း၌ ကောင်းမွန်သည့်သူ မဟုတ်ချေ။

“ဪ မင်းနဲ့ငါ ထပ်တွေ့ပြန်ပြီ”

လူကြီးမင်းမာက ပြောဆိုသည်။ သူက ဟင်းပွဲလာပေးခြင်းကို ငြင်းဆန်ခြင်း မရှိချေ။ ခေါက်ဆွဲပြုတ်ကို မြည်းစမ်း ကြည့်ရန်အတွက် တည်ငြိမ်စွာ ထိုင်လိုက်သည်။

အပိုင်း (၂၃၈)

ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၂၃၉) မစစ်ရသေး

“အဘိုး၊ အဲဒီဦးလေးကြီးက ခေါက်ဆွဲပြုတ်တဲ့နည်းတောင် မသိဘူးထင်တယ်၊ ကြည့်ပါဦး ကြက်ဥ တစ်လုံးတောင် မထည့်ထားဘူး”

ကောင်လေးက ယွမ်ကျိုး၏ နောက်ကွယ်မှာ အတင်းတုတ်သည်။ သူက အတော်အတန် ဗဟုသုတ ကြွယ်ဝ၍ ယွမ်ကျိုးကို ပြစ်တင်ပြောဆိုနေခြင်းဖြစ်သည်။

“ဗိုက်ပြည့်ရုံစားတယ်သာ သဘောထားလိုက်၊ ကြည့်ရတာ မဆိုးပါဘူး”

လူအိုကြီးက တူဖြင့် ခေါက်ဆွဲကို မွှေလိုက်ပြီး ခပ်တန်းတန်း စကားပြန်ပြောသည်။ သူတို့စားနေကြ ခေါက်ဆွဲနှင့် ခြားနားမှု မရှိသောကြောင့် ယွမ်ကျိုးချက်နေကြခေါက်ဆွဲကို မဆိုးဘူးဟု ယူဆလိုက်ခြင်းဖြစ်သည်။

“ကောင်းပြီလေ၊ ဒါဆို ကျွန်တော်စားတော့မယ် အဘိုး”

ကောင်လေးက ထိုစကားကို ပြောပြီးနောက် စတင်မြည်းစမ်းသည်။ တရုတ်ပြည်သည် စိုက်ပျိုးရေးကို အလေးထားသော လူမှုအဖွဲ့အစည်းဖြစ်သည်။

အများစုသည် ဂျုံအခြေပြု အစားအသောက်များကို ချက်ပြုတ် စားလေ့ရှိသည်။ ထို့အပြင် ခေါက်ဆွဲက တရုတ်ပြည်မှာ အရေးပါသော အစားအသောက်များထဲမှ တစ်မျိုးဖြစ်သည်။

ခေါက်ဆွဲများသည် လူအိုကြီး၏ ရွာတွင် မိသားစုတိုင်း ဂျုံကို သိုလှောင်ထားသောကြောင့် ရွာတွင် အတော် ကျော်ကြားသည်။

ယွမ်ကျိုး ရွာသို့ ပထမဦးဆုံး အကြိမ် လာရောက်သောအခါ လူအိုကြီးက ခေါက်ဆွဲပြုတ်ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထို့ကြောင့် မြေးအဘိုးနှစ်ယောက်သည် ယွမ်ကျိုးချက်ပြုတ်သော ခေါက်ဆွဲပြုတ်ကို စားသုံးပြီးနောက် အံ့ဩသော ခံစားချက် ဖြစ်ပေါ်သွားသည်။

“အဘိုး ခေါက်ဆွဲတွေက အရမ်း အရသာရှိတယ်”

ကောင်လေးက ရှက်ကိုးရှက်ကမ်း အမူအရာဖြင့် စိတ်လှုပ်ရှားစွာ ပြောသည်။ ထို့နောက် သူက ရပ်တန်းခြင်း မရှိဘဲ အငမ်းမရစားသုံးသည်။

တခြားတစ်ဖက်တွင်မူ အဘိုးအိုက ခြားနားမှုရှိသည်။ သူ့ဘဝတွင် ခေါက်ဆွဲမျိုးစုံကို စားသုံးဖူးသည့်အတွက် အရသာ ကောင်းခြင်း ဆိုးခြင်းကို ကောင်းမွန်စွာ ခွဲခြားနိုင်သည်။

သူစားခဲ့ဖူးသည့် သာမန်ခေါက်ဆွဲများနှင့် ခြားနားစွာ ယွမ်ကျိုးပြုလုပ်ထားသော ခေါက်ဆွဲက နူးညံ့ပြီး အရသာ ရှိသည်။

လူကြီးမင်းမာက အလွယ်တကူ ချီးမွမ်းစကားပြောတတ်သူ မဟုတ်ပေ။ ဟင်းပွဲက အရသာရှိသည့်တိုင် သူက ကောင်းမွန်သည့်စကားများကို ပြောဆိုပြီး ချီးမွမ်းလိမ့်မည် မဟုတ်ချေ။

ယွမ်ကျိုးက တောင်းဆို၍သာ ချီးမွမ်းစကားပြောမည်မဟုတ်ချေ။

“ဟင်းချက်စွမ်းရည်က မဆိုးလှပါဘူး၊ ခေါက်ဆွဲရဲ့အသားက မင်းရဲ့ ဟင်းချက်လက်ရာနဲ့တောင် မတန်ဘူး”

လူကြီးမင်းမာ၏ ပြောလိုက်သော စကားကြောင့် ယွမ်ကျိုး၏ အကူအညီတောင်းချင်သော ဆန္ဒများ ချုပ်ငြိမ်းသွားသည်။

လူအိုကြီးနှင့်ယှဉ်လိုက်လျှင် ယွမ်ကျိုးက စိတ်သဘောထား ကောင်းမွန်သူဟု ယူဆနိုင်သည်။

လူကြီးမင်းမာကို ဤရွာရှိ ရွာသားများ မကြိုက်ရသည့် အကြောင်းရင်းကို ယွမ်ကျိုး သဘောပေါက်သွားသည်။

သူက တခြားသူကို စိတ်အနှောက်အယှက်ဖြစ်စေသော လေသံမျိုးဖြင့် စကားပြောလေ့ရှိသည်။

“ဒါဆိုရင် ဟင်းပွဲတွေ ချက်ပြုတ်စေချင်တဲ့ သဘောလား”

ယွမ်ကျိုးက အသက်ခပ်ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဘာလို့ချက်ရမှာလဲ၊ မင်းရဲ့ မပြည့်စုံတဲ့ ခေါက်ဆွဲပြုတ်လေးကြောင် ဟင်းချက်ပေးစရာလား”

လူကြီးမင်းမာက မကျေနပ်သော အမူအရာကို ဖော်ပြသည်။

“ဟင်းချက်အသုံးအဆောင် ပစ္စည်းတွေက လိုအပ်ချက်နဲ့ ကိုက်ညီမှုမရှိဘူး၊ ဒါပေမဲ့ ငါ့ရဲ့ ဟင်းချက်စွမ်းရည်က ဆိုးဝါးတဲ့ သဘောတော့ မဟုတ်ဘူးလေ”

ယွမ်ကျိုးက ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။

“ဒါဆိုရင် ဒီနေရာကို ဘာအတွက်ကြောင့် လာတာလဲ”

လူကြီးမင်းမာက ချက်ချင်း စကားလမ်းကြောင်းလွှဲသည်။

“ဒီနေရာကို ဘာကြောင့် ရောက်လာရတယ်လို့ထင်လဲ”

ထိုနည်းတူစွာ ယွမ်ကျိုးကလည်း သူ့ကို ချက်ချင်း မေးခွန်းပြန်ထုတ်သည်။

“ကိစ္စနှစ်ခုကြောင့်ပဲဖြစ်ရမယ်၊ ဒီလူအိုကြီးကြောင့်ရည်၊ ပျားနို့ကြောင့်ရယ် မဟုတ်လား”

လူကြီးမင်းမာက အတော်အတန်ယုံကြည်မှုရှိသည်။

“ဟုတ်တာပေါ့၊ အဲဒီဟင်းပွဲကို ခင်ဗျားကိုယ်တိုင် ချက်ပြုတ်ချင်လား”

ယွမ်ကျိုးက ယဉ်ကျေးပျူငှာစွာပြောသည်။ နတ်ဘုရားအဆင့် ဟင်းချက်စွမ်းရည်ကို ပိုင်ဆိုင်ထားသူသည် လူအများစု၏ လေးစားမှုနှင့် ထိုက်တန်သည်။

လူအိုကြီးတွင် နတ်ဘုရားအဆင့် ဟင်းချက်စွမ်းရည် ပိုင်ဆိုင်ထား၍ တလေးတစား ဆက်ဆံရန် ထိုက်တန်သည်။

“ငါမချက်နိုင်ဘူး၊ ငါလုံးဝ မချက်ပေးနိုင်ဘူး”

လူကြီးမင်းမာက ထုံးစံအတိုင်းငြင်းပယ်သည်။ ထို့နောက် ယွမ်ကျိုးက ခွက်ဗလာဖြင့် သူငှားရမ်းထားသော အိမ်ကို ပြန်ရောက်လာသည်။

ငြင်းဆန်ခံရသည့်တိုင် ညနေခင်းတွင် နောက်ထပ် ခေါက်ဆွဲပြုတ်တစ်ပွဲ သွားပို့ပေးသည်။ အကြောင်းမူကား သူတည်းခိုနေထိုင်သည့် လူအိုကြီး၏ မြေးလေးက တောင်းဆိုသောကြောင့် ဖြစ်သည်။

မွှေးကြိုင်သော ခေါက်ဆွဲပြုတ်တစ်ပွဲက လူကြီးမင်းမာကို ဖျောင့်ဖြရန် မဆွဲဆောင်နိုင်ခဲ့ချေ။

“ဦးလေး၊ ညနေဘက်ကျရင် ခေါက်ဆွဲပြုတ် ထပ်ပြုတ်ပေးလို့ရမလား၊ ကျွန်တော် နေ့လယ်ခင်းတုန်းက အကုန် စားလိုက်မိလို့ အဖေနဲ့ အမေအတွက် မချန်ထားလိုက်မိဘူး”

ကောင်လေးက ယွမ်ကျိုးကို မြင်တွေ့သောအခါ အားတုံ့အားနာဖြစ်သွားသည်။ ကောင်လေး၏ နီမြန်းနေသော မျက်နှာက သူ့မျက်နှာပေါ်ရှိ အနီရောင်အစက်အပျောက်များကို ပို၍ သိသာ ထင်ရှားစေသည်။

“အင်း”

ယွမ်ကျိုးက ပုံမှန်အတိုင်း ပြန်ဖြေသည်။

“အမေက ပြောတယ်၊ ကောင်းမွန်တဲ့ အရာတွေဆိုရင် မျှဝေသင့်တယ်တဲ့၊ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

ကောင်လေးက ထက်မြက်သူဖြစ်သည်။ ယွမ်ကျိုးက သူရဲ့ တောင်းဆိုချက်ကို သဘောမတူကြောင်း သိရှိသွားသောအခါ အစ်ကိုကြီးဟု ခေါ်လိုက်သည်။

ကောင်လေးက သူ့ကို ဦးလေးဟု တမင်တကာ ခေါ်ရသည့် အကြောင်းရင်းကို ယွမ်ကျိုး သဘောပေါက်သွားသည်။

သို့တိုင် သူက ကောင်လေး၏ တောင်းဆိုမှုကို သဘောတူခဲ့သည်။ သူက အငြိုးအာဃာတ မထားတက်သည့် မော်ကြွားသူလည်းဖြစ်သည်။

အိမ်ပိုင်ရှင်လူအိုကြီးက ယွမ်ကျိုးနှင့်အတူတူ တောင်အောက်ကို ဆင်းပြီး ရွာသား အား ရှာတွေ့ကြောင်း ပြောကြားထားသည်။

“လူငယ်လေး... ဒါက ကျုပ်တို့ရွာက အသင့်တော်ဆုံးလူပဲ၊ သူ့နာမည်က လွီစီးလို့ ခေါ်တယ်၊ ပျားရည်စုဆောင်းတဲ့ နေရာမှာ သူက အကျွမ်းကျင်ဆုံးပဲ၊

သူ့ကိုခေါ်သွားရင် မင်းအတွက် ဘေးကင်းလိမ့်မယ်၊ သူ့အတွက် လုပ်အားခ ယွမ်ငါးရာပေးလိုက်၊ မင်းရဲ့ လုံခြုံမှုအတွက် သူအာမခံနိုင်တယ်”

လူအိုကြီး ကမ်းလှမ်းသောဈေးနှုန်းသည် သင့်လျော်မှုရှိသည်။ အတွေ့အကြုံမရှိသောသူကို တောင်အောက်ဆင်းရန် ခေါ်သွားခြင်းက အန္တရာယ်ပိုများသည်။

"ကောင်းပါပြီ၊ ကျေးဇူးအရမ်းတင်ပါတယ်"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ကျေးဇူးတင်စကားပြောသည်။

"သွားကြမယ်၊ ငါ့နောက်ကို လိုက်ခဲ့"

လွီစီးက ဆံပင်ခပ်တိုတိုကို ထောင်ထားပြီး အသားညိုညို အမျိုးသားဖြစ်သည်။ သူက စကားပြောနည်းသော်လည်း ရိုးသားသောသူ ဖြစ်သည်။

"အနှောက်အယှက်ပေးရတာ အားနာမိပါတယ်၊ အရှေ့လောင်ဂျီကျူ့ ၉၆ ဒီဂရီ ၂၈ မိနစ်နဲ့ မြောက်လတ္တီကျူ့ ၂၅ ဒီဂရီ ၇ မိနစ် ရှိတဲ့ ကိုဩဒိနိတ် နေရာကို သွားချင်လို့ပါ၊ အဲဒီနေရာက တောင်စောင်းနဲ့ကြည့်ရမယ်”

လွီစီး၏နောက်မှလိုက်ပါလာသော ယွမ်ကျိုးက စိတ်အားထက်သန်သော အမူအရာဖြင့် လွီစီးကို စကားပြောသည်။

“ကျွန်တော်သိတယ်၊ လူအိုကြီးက အဲအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်ကို ပြောထားတယ်”

“ဒါက ပျားရည်မထုတ်တာ ကြာပြီဖြစ်တဲ့ စွန့်ပစ်တောင်စောင်းပဲဖြစ်ရမယ်”

လွီစီးက စက္ကန့်ပိုင်းခန့်ကြာအောင် အစောပိုင်းတွင် အံ့အားသင့်ပြီးနောက် စိတ်တည်ငြိမ်ကာ ငြိမ်းငြိမ်းချမ်းချမ်း ပြန်ပြောသည်။

“ခင်ဗျားလမ်းကို သိတယ်မို့လား၊ အံ့ဩစရာပဲ”

ယွမ်ကျိုးက ခေါင်းကိုညိတ်လိုက်သည်။ ကိုဩဒိနိတ်အကြောင်းနှင့်ပတ်သက်၍ သိနေ၍ ယွမ်ကျိုး အတော်အတန် ကျေနပ်မိသည်။

သို့သော်ငြားလည်း တည်ကြည်သော လမ်းညွှန်လွီစီးက ဤတစ်ကြိမ်တွင် ပြန်မပြောခဲ့ပေ။ သူဌေးဖြစ်သူက ကိုဩဒိနိတ်မျဉ်းနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း တွေးနေပုံရသည်။

ယွမ်ကျိုးကို ရှင်းပြရမည်မှာ ငြီးငွေ့သောကြောင့် သူပြောခဲ့သည့် စွန့်ပစ်တောင်စောင်းသို့ ယွမ်ကျိုးကို ခေါ်ဆောင်လာခဲ့သည်။

ယန်ဖန်ရွာတွင် ရှိသောကျောက်တုံးများသည် အဖြူရောင်ကျောက်များဖြစ်သည်။ သို့သော်လည်း ဤတောင်ထိပ်တွင်ရှိသော ကျောက်တုံးများ၏ အရောင်က ခြားနားမှုရှိသည်။

ကျောက်တုံးအားလုံးက အဝါရောင်ကျောက်တုံးများဖြစ်သည့်အတွက် တောင်စောင်းကို အလွယ်တကူ ရှာတွေ့နိုင်သည်။ ယွမ်ကျိုးက တောင်ထိပ်မှာ မတ်တပ်ရပ်နေပြီး လေပြင်းတိုက်ခတ်သည့်ဒဏ်ကြောင့် မျက်လုံးဖွင့်ရခက်သည်။

“ပျားမတုပ်ခံရအောင် ပေါ်နေတဲ့ အရည်ပြားတွေပေါ်မှာ ဒါတွေသုတ်လိုက်”

လွီစီးက ယွမ်ကျိုးကို အမဲရောင်နှင့်အဝါရောင်ပစ္စည်းများဖြည့်ထားသော ပလတ်စတစ်ကို လှမ်းပေးသည်။ အနံ့က ချဉ်သော အရသာရှိပုံပေါ်သည်။ ယွမ်ကျိုးက ပလတ်စတစ်အိတ်ထဲမှ ပစ္စည်းကို မမေးမြန်းခဲ့ချေ။

“ကောင်းပါပြီ”

ယွမ်ကျိုးက မီးခိုးရောင်အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ ထိုမှသာ ပျားက ခန္ဓာကိုယ် အတွင်း ဝင်ရောက်ကိုက်ရန် မလွယ်ကူချေ။

ယွမ်ကျိုးက ဆေးကိုသုတ်လိမ်းနေစဉ် လွီစီးက ဘေးဘက်နားကနေ ကြိုးတပ်ဆင်နေသည်။ ရံဖန်ရံခါ ယွမ်ကျိုးက သူ့ကို ကူညီပေးသည်။ ကွေးဆန့်နိုင်သော လက်ချောင်းများကြောင့် ပြဿနာမရှိချေ။

လွီစီးက ယွမ်ကျိုး၏ အပြုအမူကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း သူက ယခုလို ကျွမ်းကျင်မှုရှိသည့် ခရီးသွားများကို မြင်တွေ့ထားပြီးသားဖြစ်၍ ယွမ်ကျိုးကို မေးမြန်းခြင်းဖြင့် စိတ်အနှောက်အယှက် မပေးခဲ့ချေ။

တကယ်တမ်း ယွမ်ကျိုးက လွီစီး၏ အပြုအမူကို ကြည့်ပြီး လေ့လာခဲ့ခြင်းဖြစ်သည်။

“တော်သေးတယ် ငါ့မှာ အမြင့်ကို ကြောက်တဲ့ ရောဂါမရှိလို့ ကံကောင်း”

သူတို့နှစ်ဦး တောင်စောင်းအောက်သို့ ဆင်းလာသောအခါ ယွမ်ကျိုးက ငြီးတွားပြောဆိုပြီးနောက် လွီစီးနောက်မှ ဖြည်းဖြည်းချင်း တောင်အောက်သို့ဆင်းသည်။

ထိုစဉ် စနစ်က ရုတ်တရက်ပေါ်ပေါက်လာပြီး သတိပေးချက် ထုတ်ပြန်သည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသည့်စနစ်က မြေပုံပြသပေးခြင်းဖြစ်သည်။ စာကြောင်း အချို့နှင့်အတူ မြေပုံကို ရှင်းလင်းစွာမြင်ရသည်။

“စနစ်၊ ငါက ဦးတည်ဘက်တွေနဲ့ပတ်သက်ပြီးတော့ သေချာမသိဘူးဆိုတာ မင်းလည်း သိနေတာပဲ၊ မင်းမြေပုံရဲ့ ဆိုလိုရင်းကို ငါက နားလည်ပါ့မလား”

ထိုစဉ် ယွမ်ကျိုးက ကြိုးဖြင့် တောင်စောင်းအောက်မှာ ရှိနေသည်။ စနစ်၏ မြေပုံနှင့်ပတ်သက်ပြီး မကျေမနပ် ပြောဆိုနေသည်။

ချက်ချင်းဆိုသလို မြေပုံမှာ 3D မြေပုံအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမှသာ ယွမ်ကျိုးက စနစ်၏ ဆုလာဘ်တည်ရှိသောနေရာကို ရှင်းရှင်းလင်းလင်း သိရှိသွားသည်။

“လွီစီး ငါတို့တွေ ဘေးဘက်ကို သွားလို့ရမလား”

ယွမ်ကျိုးက လက်တစ်ဖက်ဖြင့် ကြိုးကိုကိုင်ထားပြီး တခြားနေရာသို့ ညွှန်ပြသည်။

“ရတာပေါ့”

လွီစီးက လှည့်ပတ်ကြည့်ရှုလိုက်ပြီး ခေါင်းကို ညိတ်သည်။ ထို့နောက် သူက ယွမ်ကျိုးနှင့်အတူတူ ဘယ်ဘက်သို့ ဆင်းလိုက်သည်။

ထိုစဉ် စနစ်က လမ်းညွှန်ချက်များကို ဖော်ပြသည်။ ထိုမှသာ ယွမ်ကျိုး၏ မကျေမနပ်ပြောဆိုမှုကို ရှောင်ရှားနိုင်လိမ့်မည်။ တရုတ်ပြည်တွင်အသုံးပြုသော ချန်ထူးမြေပုံနှင့် ယှဉ်လိုက်လျှင် ဒီတစ်ခုက ပို၍ကောင်းမွန်သည်။

မြေပုံလမ်းညွှန်ချက်ကြောင့် ယွမ်ကျိုးက ပျားအုံကို အလွယ်တကူ ရှာတွေ့သွားသည်။ အလယ်အလတ်အရွယ်အစားရှိသော ပျားအုံဘေးနားတွင် ပျံသန်းနေသော ယန်ဖန်ပျားများကို မြင်သောအခါ ယွမ်ကျိုး ထိတ်လန့်သော ခံစားချက်ကို ခံစားမိသည်။

အပိုင်း (၂၃၉)

ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၂၄၀) Edit

သူ့ရှေ့ပတ်ပတ်လည်မှာ ပျားတွေ ပျံဝဲနေကြတယ်။အနက်ရောင် အမွှေးလေးတွေနဲ့ ပဲစေ့အရွယ်လောက်ပဲရှိတဲ့ ပျားတွေကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။

ပျား၏ဝမ်းဗိုက်ပိုင်းနဲ့ ရင်အုံပေါ်မှာ ချွန်ထက်တဲ့ အစိတ်အပိုင်းတွေရှိတယ်။သေးပြီးနူးညံ့တဲ့ခါးက ထောင့်မျိုးစုံကနေ လူတွေကို တုပ်နိုင်တယ်။သန်မာတဲ့ ခြေထောက်တွေက လူတွေကို တုပ်တဲ့အခါ သေချာ ချိတ်နိုင်အောင် ကူညီပေးတယ်။

"ဆရာ၊ ပျားတွေအများကြီးပဲ။ကျွန်တော့်ကိုဖမ်းခွင့်ပြုပါ"လို့ လွီစီ ကညင်သာစွာပြော၍ ပါးစပ်ကိုပိတ်ကာ လမ်းလျှောက်သွားခဲ့တယ်။

ဒါကလည်းပဲ ပျားတွေကို စုဆောင်းတဲ့အခါမှာ အရမ်းအသုံးဝင်သော နည်းလမ်းတစ်ခုဖြစ်တယ်။

ယွမ်ကျိုးကစိတ်ရှုပ်နေရင်း သူ့ဘက်ကိုလှည့်ကာ အသံတိုးတိုးလေးနဲ့

"ခဏစောင့်ဦး"ဟု ပြောလိုက်တယ်။

ပုံမှန်အားဖြင့် ဒီလိုအချိန်တိုင်း ယွမ်ကျိုးက အကြောင်းအရာအကုန်လုံးကို အမြဲ မေးခွန်းထုတ်ကာ တွေးတောနေတတ်တယ်။

"ပျားတွေက ရက်စက်ပုံပေါ်တယ်။အဲ့ဒါက သူတို့အတွက် ဆုလာဒ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် တုပ်တာလား" လို့ ယွမ်ကျိုးက လေးနက်စွာ သူ့ကိုယ်သူ ပြန်မေးနေခဲ့တယ်။

ပုံမှန်ဆိုလျှင် ယွမ်ကျိုးက စနစ်ကို မေးမြန်းလေ့ရှိသည်။

စနစ်က ဖော်ပြသည်။

"ရှုံယီ ပျားမျိုးက ပျားရည်အများကြီး ထုတ်လုပ်နိုင်တဲ့အပြင် ပျားနို့ကိုပါ ထုတ်လုပ်နိုင်တယ်။ဝတ်မှုန်ကူးလူးသကဲ့သို့ ပျားရည်နဲ့ပျားနို့ နှစ်မျိုးလုံးထုတ်လုပ်နိုင်တဲ့ မျိုးစိတ်ဖြစ်တယ်"

"ရှုံယီ ပျားက လိမ္မော်ရောင် တောက်တောက်ရှိတယ်။အဲ့ဒါက အတော်လေးချစ်ဖို့ကောင်းပြီး မြင်တာနဲ့သိစေတယ်။လုပ်သားပျားတွေက အရွယ်အစားကြီးတယ်။ဝမ်းဗိုက်ပေါ်မှာရှိတဲ့ ပထမ တာဂါ ၃ခုက အနက်ရောင် စက်ဝိုင်းပုံထဲမှာ လိမ္မော်ရောင်ပုံစံရှိပြီး နောက်ဆုံး တာဂါနှစ်ခုကလွဲလို့ ကျန်တစ်ခုက လိမ္မော်ရောင်ဖြစ်တယ်။ အဲဒါက အဓိကထင်ရှားတဲ့ လက္ခဏာဖြစ်တယ်။

ဒါ့အပြင် သူတို့မှာလည်း သူတို့ရဲ့သဘာဝနေထိုင်မှုပုံစံရှိတယ်။ပျားလပို့တစ်ခုမှာ ပျားဘုရင်မတစ်ကောင်နဲ့ များစွာသောပျားထီးနှင့် လုပ်သားပျားများရှိတယ်။သူတို့တွေက စိတ်တိုဒေါသထွက်လွယ်ကြတယ်။ဒါ့အပြင် သူတို့ရဲ့အမြီးမှာ အဆိပ်ပြင်းတဲ့ ချွန်မြတဲ့အရာ နှစ်ချောင်းတောင်ရှိတယ်။ပျားတုပ်ခံရပြီးလျှင် တုပ်ခံရသည့်နေရာက ယားလာပြီး နီရဲကာ ယောင်လာတယ်"

"အဲဒီတော့ ငါ့ကို တုပ်မှာလား"

ဒါက အဓိကအချက်ဖြစ်တယ်။သူတို့ရဲ့ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် ပြိုင်ဘက်က ခက်ခဲမယ်လို့ ယွမ်ကျိုးကသိနေတယ်။

သူတို့က အရွယ်အစားကြီးပြီး ဘေးပတ်ပတ်လည်မှာ အသံပေးကာ ပျံသန်းနေကြတယ်။

သူတို့က သဘာဝမျိုးစိတ်တွေဖြစ်တဲ့အတွက်ကြောင့် သတိထားပြီးနေပါ။

"အိုဟို ပျားရည်စုဆောင်းတဲ့ခရီးထွက်ရင်း ငယ်ငယ်ရွယ်ရွယ်နဲ့ သေတော့မယ်ထင်တယ်"လို့ များစွာသောပျားတွေကို ကြည့်ရင်း ယွမ်ကျိုးက ရေရွတ်လိုက်တယ်။

အမိမြေက ပွင့်တဲ့ပန်းနဲ့ အနာဂတ်ရဲ့ တစ်စုံတစ်ယောက်အတွက် သူမစွန့်စားနိုင်ဘူး။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် စနစ်က တုံ့ပြန်သည်။

"သူတို့က ပရိုပိုလစ်ကို ထုတ်လုပ်ပြီး ချိုမြတဲ့ပုံတဲ့ အရသာက ငံငံစပ်စပ်ရှိတယ်။သူ့ရဲ့လုပ်ဆောင်ချက်တွေက အသားအရေကို အစိုဓာတ်ထိန်းပေးခြင်း၊ granule ပါဝင်မှုကိုလည်း မြှင့်တင်ပေးပြီး ယောင်ရမ်းမှုတွေကို လျော့ကျစေကာ နာကျင်မှုကို ဖြေလျှော့ပေးတယ်။ပရိုပိုလစ်က ထိခိုက်နိုင်မယ့်အပိုင်းတွေကို ကူညီပေးရာမှာ အသုံးဝင်တယ်"

"မင်းကတော်တော်ကြီးကို ဗဟုသုတကြွယ်ဝတာပဲ" ယွမ်ကျိုးက စနစ်ကို ချီးမွမ်းလိုက်သည်။

"မင်းဘယ်လိုထင်လဲလို့ " ယွမ်ကျိုး စကားပြောမယ့်အချိန်ကို အကြာကြီးစောင့်နေပြီး လွီစီ က သူ့ရဲ့ထင်မြင်ချက်ကို မေးလိုက်တယ်။

"အတူတူ အလုပ်လုပ်ကြရအောင်၊မင်းငါ့ကို သင်ပေးလေ" ယွမ်ကျိုးက အစုလိုက် ပျံသန်းနေတဲ့ ပျားတွေကို ကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်တဲ့ အသံနဲ့ ပြောလိုက်တယ်။

"ကောင်းပြီလေ"လို့ပြောပြီး လွီစီက စကားတွေထပ်မပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်တယ်။

ယွမ်ကျိုးမှာ စူးရှသော မျက်လုံးများနှင့် လှပသောလက်တွေမှ အရသာရှိသော စားဖွယ်များကို ဖန်တီးနိုင်သည့်အပြင် သူ့ရဲ့ အရေအပြားပေါ်တွင် ပျားတွေရဲ့ အရည်တွေကိုလည်း တင်ခဲ့တယ်။ပျားတွေဆီက ချစ်ခြင်းကို သူအကြာကြီး ခံနိုင်ရည်မရှိခဲ့ပါဘူး။အချိန်ခဏကြာတော့ သူ့ရဲ့လှပသည့်မျက်နှာလေးဟာ များစွာသော အဖုအထစ်များနှင့် ပြည့်လာခဲ့ပါတယ်။

"မြန်မြန်လုပ်၊အခုထွက်ကြရအောင်" လွီစီက မျောက်ကဲ့သို့ တက်ပြီး ပျားရည်စုဆောင်းနေတဲ့ ယွမ်ကျိုးကို သွားပြီး ဆွဲခေါ်လိုက်တယ်။

ပျားတွေက အဝေးကို ခပ်ကျဲကျဲ ပျံသန်းနေကြတယ်။

"ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက အသက်ရှုရင်း ပြောလိုက်တယ်။

"ရပါတယ်ကွာ" လွီစီက မတ်တတ်ရပ်ရင်း ခေါင်းကို ခါနေတယ်။

ပျားလပို့တစ်ခုလုံးကို ကိုင်ပြီး "ငါတို့ အများကြီး ရလိုက်တယ်"လို့ ယွမ်ကျိုးက ပျော်ရွှင်စွာ ပြောလိုက်တယ်။

"ပိုးတုံးလုံးတွေအများကြီး ရှိသေးတယ်။ဆီနဲ့ ကြော်ရမယ်"

ရောင်ရမ်းနေတဲ့ ယွမ်ကျိုးရဲ့ မျက်နှာပေါ်မှာ အပြုံးတွေတွေ့ရတယ်။

"မင်းရဲ့မျက်နှာပေါ် ဆေးလိမ်းရဦးမယ်" အဖုအကြီးကြီးတွေပေါ်နေတဲ့ ယွမ်ကျိုးရဲ့ မျက်နှာကို ကြည့်ရင်း လွီစီက ပြောလိုက်တယ်။

"စိတ်မပူပါနဲ့။ အထဲမှာပါတဲ့ ပရိုပိုလစ်က ကုပေးပါလိမ့်" ပျားလပို့ကို လက်ညှိုးထိုးပြရင်း ပြောလိုက်တယ်။

"အေးအေး ဟုတ်တာပေါ့" လွီစီက ခေါင်းညိတ်ထောက်ခံလိုက်တယ်။

"ပြန်ကြရအောင်" ကျောင်ဆောင်ထိပ်ကနေကြည့်ပြီး ခါးမှာရှိတဲ့ကြိုးကို ဖြုတ်ရင်း ရွာကို ပြန်ဖို့ ပြင်ဆင်နေတယ်။

"ကောင်းပြီ" လွီစီက ပြန်ပြောသည်။

ထို့နောက် နှစ်ယောက်သား လာလမ်းအတိုင်း ပြန်လာခဲ့ကြတယ်။

အပိုင်း(၂၄၀)

ပြီးပါပြီ။

All Chapters