အတိတ်ဘဝက နတ်ဘုရားမ ပစ္စုပ္ပန် ကာလမှာ ရန်သူ
Vol. 1 Ch. 2
ရှန်ဂရီလာ ဟိုတယ်တွင် လာရောက် စားသုံးသူများသည် တော်ရုံ ချမ်းသာကြသူများ မဟုတ်သည်သာမက အတော်လေး ပြည့်စုံ ကြွယ်ဝသူများ ဖြစ်ကြသည်။ ယခုအချိန်သည် နေ့လည်စာ စားသုံးရန် အချိန် ဖြစ်နေသည့်အတွက် ဟိုတယ် ဧည့်ခန်းမတွင် လူအပြည့် ဖြစ်နေခဲ့သည်။ စားသုံးသူများသည် သန့်ရှင်းသပ်ရပ်ကာ ခန့်ညားစွာ ဝတ်ဆင်ထားလျှက် အစားအစာများအား အရသာ ခံကာ သုံးဆောင်လျှက် ရှိကြသည်။
ဆန္ဒစောကာ စိုးရိမ်ပူပန်သော အမူအရာဖြင့် ဟိုတယ် အတွင်းသို့ အလျှင်အမြန် ဝင်လာသည့် ရဲ့ရှင်းချန်၏ ပုံစံသည် လူအများကြားထဲတွင် ထင်းထွက်နေခဲ့သည်။ သူသည် ခုံတစ်ခုတွင် ဝင်ထိုင်လိုက်ပြီးနောက် မီးခိုရောင်နှင့် အနက်ရောင်အား ဝတ်ဆင်ထားသည့် နူးညံ့သိမ်မွေ့သော စားပွဲထိုးမလေး တစ်ဦးသည် ထူထဲသော မီနူးစာအုပ်အား ကိုင်ဆောင်လျှက် အနားသို့ ချည်းကပ်လာခဲ့သည်။
“မဂ်လာပါ ဆရာ ဒီမှာ မီနူးစာအုပ်ပါ....”
စားပွဲထိုးမလေး၏ စကား မဆုံးခင်လေးတင် ရဲ့ရှင်းချန်သည် ကြားဖြတ်ကာ ပြောလိုက်သည်။
“မဟုတ်ဘူး မီနူးကြည့်ဖို့ မလိုဘူး ငါ့ကို မီနူးထဲမှာ ပါတဲ့ ဟင်းပွဲတိုင်းကို တစ်ပွဲစီ အကုန်ချပေး “
စားပွဲထိုးမလေးသည် တုံ့ဆိုင်းသွားပြီး နောက်တွင် သူမ ပြောလိုက်သည်မှာ
“ဆရာ ဧည့်သည်တွေကို ဧည့်ခံဖို့ အတွက်လား စုစုပေါင်း လူဦးရေ ဘယ်နှစ်ယောက်ပါလဲရှင်..”
“ငါ တစ်ယောက်ထဲ”
စားပွဲထိုးမလေးသည် မျက်မှောင်ကြုတ်လျှက် တုံ့ဆိုင်းတွေဝေစွာဖြင့် သတိပေးလိုက်သည်။
“ဆရာ ဒီက မီနူးထဲမှာ ဟင်းပွဲပေါင်း အမျိုးတစ်ရာကျော် ရှိပါတယ် ဆရာ တစ်ယောက်ထဲ ဒါတွေ အကုန် စားနိုင်လောက်မှာ မဟုတ်ဘူးရှင့် ကျွန်မ အကြံပြုချင်တာက.......”
“မင်း အကြံဉာဏ်ကို ငါ မလိုအပ်ဘူး ငါ ပြောခဲ့သလိုပဲ ငါ့ကို မီနူးထဲက ဟင်းပွဲတွေကိုပဲ အကုန်ချပေး မြန်မြန်လုပ်”
ရဲ့ရှင်းချန်သည် စားပွဲထိုးမလေး၏ စကားအား ထပ်မံ၍ ဖြတ်ပြောလိုက်သည်။ ထိုစကားအား ကြားလိုက်ရချိန်တွင် စားပွဲထိုးမလေးသည် ရဲ့ရှင်းချန်အား အကဲခတ်ကာ ထိုသူသည် တစ်ခုခု ကြံစည်ကာ ဒုက္ခပေးဖို့ ရောက်လာသည်လားဟု တွေးတောမိသည်။ မည်သို့ပင် ဆိုစေကာမူ မည်သူကများ မီနူးထဲမှ ဟင်းပွဲအကုန်လုံးအား မှာယူမည်နည်း။ လူတစ်ယောက်သည် ထိုမျှလောက် မည်သို့ စားနိုင်မည်နည်း။ ခဏမျှ တုန့်ဆိုင်းသွားပြီး နောက်တွင် စားပွဲထိုးမလေးသည် သတိထားကာ ထပ်မံ၍ သတိပေးလိုက်သည်။
“ဆရာ ဒီမီနူးထဲက အကုန်လုံးကို မှာမယ်ဆိုရင် စုစုပေါင်း ငါးသိန်းကျော် ကျသင့်ပါမယ်ရှင့် “
ယခုတစ်ကြိမ်တွင် စားပွဲထိုးမလေးသည် ထပ်မံ၍ ပြောဆိုခြင်း မရှိတော့ပေ။ သို့သော် သူမ ပြောချင်သော ဆိုလိုရင်း အဓိပ္ပာယ်သည် ရှင်းလင်းနေပြီ ဖြစ်သည်။ သိန်းကျော်တန် အစားအသောက်ဖိုး တတ်နိုင်ရဲ့လား ဟု ဆိုလိုခြင်း ဖြစ်သည်။
ကျင်းဟိုင်မြို့၏ အဆင့်အမြင့်ဆုံး ဟိုတယ်သည် အဆင့်မြင့် ဟိုတယ် ဖြစ်သည့် အတွက် ဟင်းပွဲများ၏ ပါဝင်ပစ္စည်းများ ဖြစ်သည့် ဘလူးဖင်းတူနာ ကာဗီယာ (ငါးဉဆားနယ်) မက်ဆုတာကဲ မှို ကဲ့သို့ အလွန် ဈေးကြီးလှသော ပါဝင်ပစ္စည်းများကိုသာ ရရှိနိုင်သည်။ အစားအစာ တစ်နပ်စာ အတွက် သိန်းဂဏန်း သုံးရသည်မှာ ပုံမှန်သာ ဖြစ်သည်။ သို့သော် ယခုလို အလွန်အကျွံ ဖြန်းတီးမှုသည် အစွန်းရောက်လွန်းလှပေသည်။
သူမသည် ရဲ့ရှင်းချန်၏ ဦးခေါင်း တစ်ခုခု ချို့ယွင်းနေသည်လား ဟု သံသယ ရှိနေသည်။ အခုဆိုလျှင် သူတို့ နှစ်ဦး၏ စကားဝိုင်းအား အနီးအနားမှ စားပွဲများမှ အာရုံစိုက်မှုအား ခံနေရကာ ရဲ့ရှင်းချန်အား စိတ်ဝင်တစား လေ့လာနေကြသည်။ ရဲ့ရှင်းချန်သည် ထိုသူများ မည်သို့ တွေးနေသည်အား သိသောကြောင့် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“ဘာလဲ ငါ ပိုက်ဆံမရှင်းနိုင်မှာကို စိုးရိမ်နေတာလား ဘေလ် အခု ယူလာခဲ့လေ ငါ တစ်ခါထဲ ကြိုရှင်းထားမယ်”
စားပွဲထိုးမလေးသည် ခဏတာမျှ အံ့အားသင့်သွားခဲ့ကာ ရဲ့ရှင်းချန် ပိုက်ဆံ မတတ်နိုင်ဘူး ဆိုသည် အတွေးများအား ဖယ်ထုတ်လိုက်သည်။ သို့သော် သူမသည် ယခု အခြေအနေအား လက်ခံရန် ခက်ခဲနေသေးသည်။ သူမ၏ လေသံသည် အနည်းငယ် တင်းမာသွားခဲ့ကာ ပြောလိုက်သည်။
“ဆရာ အဲ့ဒါက ဆရာ ငွေမရှင်းနိုင်မှာကို ကျွန်မ သံသယ ရှိတာမဟုတ်ပါဘူး ဒါပေမဲ့....”
ရဲ့ရှင်းချန်သည် မျက်မှောင်ကြုတ်လျှက် စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်သည်။
“တော်လောက်ပြီ အဓိပ္ပာယ် မရှိတာတွေ တော်လိုက်တော့ အစားအစာတွေကို ယူလာခဲ့”
စားပွဲထိုးမလေးးသည် ထပ်မံပြောဆိုနိုင်ခြင်း မရှိပဲ ထွက်ခွာသွားခဲ့သည်။ လူတစ်ယောက်ထဲအတွက် ဒီလောက်များတဲ့ အစားအစာတွေလား ဒီလူက ဘယ်လောက်တောင် ချမ်းသာနေတာမို့လို့လဲ ဒီလူက သေချာပေါက် ဂျစ်တီးဂျစ်ကန်နဲ့ သူဌေးသား တစ်ယောက်ပဲ နေမယ်...
ဘေးပတ်ဝန်းကျင် စားပွဲဝိုင်းများမှ စားသုံးသူများသည် သူတို့ အချင်းချင်း တီးတိုး ပြောဆိုလာကြကာ အံ့အားသင့်မှု စိတ်ရှုပ်ထွေးမှု နှင့် အချို့က အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။
“မီနူး တစ်ခုလုံး ခုလို မှာတဲ့သူမျိုး ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ အဲ့ဒါက အရမ်း ဖြုန်းတီးတာပဲ သူက ရွှေတွင်း တူးမိလို့လား”
“သူ့မှာ ပြသာနာ တစ်ခုခုရှိတဲ့ ပုံပဲ ပိုက်ဆံ ရှိရင်တောင် ခုလို မသုံးသင့်ဘူး”
“ရုတ်တရက် ချမ်းသာလာတဲ့ ရောဂါဆိုတာ ကြားဖူးလား လူတစ်ချို့က ဆင်းဆင်းရဲရဲ နေပြီးမှ ချမ်းသာလာတဲ့အခါကျရင် စိတ်ပိုင်းဆိုင်ရာ ပြသာနာတွေကြောင့် လက်စားချေလိုစိတ် ပြင်းပြပြီးတော့ ပိုက်ဆံကို ခုလို အသုံးမဝင်တဲ့ နေရာမှာ ဖြုန်းတီးကြတယ်”
“.........”
စားသုံးသူများသည် အသံနိမ့်နိမ့်ဖြင့် တီးတိုးပြောနေသည့်အတွက် ရဲ့ရှင်းချန်သည် ထိုသူများ ပြောဆိုနေသည်အား ရှင်းလင်းသွာ မကြားရသော်လည်း ထိုသူများသည် သူ့အကြောင်း မကောင်းပြောနေကြသည်ကိုတော့ သိနေသေးသည်။ သို့သော် သူ ဂရုမစိုက်ပေ။
တစ်နှစ် နီးပါး ဗိုက်ပြည့်အောင် မစားခဲ့ရသူ ခေါက်ဆွဲခြောက်ကိုပင် ဇိမ်ခံ အစားအစာ အဖြစ် စားသုံးခဲ့ရသူ တစ်ဦး၏ စိတ်ခံစားချက်အား ထိုသူများ နားလည်လိမ့်မည် မဟုတ်ချေ။ ခန်းမ အတွင်း အစားအစာများ လေနှင့်အတူ ပါလာသည့် အခါတွင် မည်သို့ ခံစားရသည်အား ထိုသူတို့ နားလည်နိုင်လိမ့်မည် မဟုတ်သေးချေ။
နောက်တစ်လကြာ ပြီးနောက်တွင် သူတို့သည် သေသည်ထက် ဆိုးသော ဆာလောင်မှုနှင့် အအေးဒဏ်များအား ခံစားကြရတော့မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ကမ္ဘာပျက်ကပ် ရောက်လာပြီး ပထမဆုံး အပတ်ထဲမှာပင် ထိုလူများ၏ တစ်ဝက်ကျော်လောက်သည် သေဆုံးသွားမည် ဖြစ်ကာ တစ်လကြာပြီးနောက်တွင် လက်တစ်ဆုပ်စာလောက်သာ ရှင်သန်ကျန်ရစ်ခဲ့ကြမည် ဖြစ်သည်။
မကြာမှီမှာပင် အစားအစာများနှင့် ဟင်းပွဲများသည် စားပွဲပေါ်သို့ တစ်ပွဲပြီး တစ်ပွဲ ရောက်ရှိလာကြသည်။ ရဲ့ရှင်းချန်သည် ငတ်ပြတ်နေသော သရဲတစ္ဆ တစ်ကောင် ဝင်စားနေသကဲ့သို့ အငမ်းမရ စားသောက်နေခဲ့ကာ ပတ်ဝန်းကျင်မှ အထင်အမြင်သေးသည့် အကြည့်များအား ဆွဲဆောင်နေခဲ့သည်။
“ဟ ဟ ဟ သူစားနေတာကို ကြည့်လိုက်စမ်း အာဖရိကက ဒုက္ခသည် ကျနေတာပဲ “
“သူ့ပုံစံက လောကကြီးကို မမြင်ဖူးသလိုပဲ သူ အရင်က တော်တော် ဆင်းရဲခဲ့ပုံရတယ် သူ ပိုက်ဆံရှင်းနိုင်ပါ့မလားလိူ့တောင် ငါသံသယရှိတယ် “
“ရှန်ဂရီလာ ဟိုတယ်က အလကားစားရတဲ့ အစားအစာက သိပ်မကောင်းဖူးကွ အကယ်၍ သူသာ ပိုက်ဆံ မရှင်းနိုင်ရင် တစ်ဘဝလုံး ပန်းကန်ဆေးရင်း အဆုံးသတ်သွားလိမ့်မယ်”
ထိုဆွေးနွေးမှုများ အကြားတွင် အနည်းငယ် အံ့အားသင့်ကာ ဒေါသထွက်သံပါနေသည့် အသံတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ရဲ့ရှင်းချန် ငါ ဖုန်းဆက်တာကို လစ်လျူရှုပြီး ဒီမှာ တစ်ယောက်ထဲ တစ်ဝတစ်ပြဲ စားသောက်နေရဲတယ်ပေါ့”
မျက်လုံးများသည် အသံလာရာသို့ ရောက်ရှိသွားခဲ့ကာ သူတို့ မြင်လိုက်ကြရသည်မှာ ဒေါသထွက်နေသော အမူအရာဖြင့် မိန်းမ တစ်ယောက်သည် လမ်းလျှောက်လာနေသည်အား တွေ့လိုက်ရသည်။ ထိုအမျိုးသမီးသည် အရပ်ရှည်ကာ ဆွဲဆောင်မှု ရှိပြီး အထူးသဖြင့် သူမ၏ ရှည်လျားကာ အချိုးကျသော ခြေတံများ ရှိသည်။ သူမသည် အသားကပ် ခြေအိတ် ဝတ်ဆင်မထားသောကြောင့် သူမ၏ ဖြူဖွေးကာ ကြည်လင်သော အသားအရည်အား ဖောက်ထွင်းမြင်နေခဲ့ရသည်။ သူမ ဝတ်ဆင်ထားသော အနက်ရောင် ဒေါက်မြင့်များသည် သူမ၏ ချောမွေ့သော ခြေဖဝါးအား ပေါ်လွင်စေခဲ့သည်။ သူမ၏ ရင်သားများသည် ပြည့်ဖြိုးဝင့်ကြွားကာ ကော့စွင့်နေသော တင်ပါးများသည်လည်း ဆွဲဆောင်မှုရှိသော ကောက်ကြောင်း တစ်ခု ဖြစ်နေခဲ့သည်. သူမသည် သံသယ ဖြစ်စရာ မရှိပဲ ယောကျ်ားတိုင်း၏ စိတ်ကူး အိပ်မက်ထဲမှ တောင့်တ စွဲမက်ဖွယ်ရာ ဖြစ်သည့် မိန်းမမျိုး ဖြစ်ကာ အတွေးစိတ်ကူးများအား မီးညှိပေးနေသယောင် ဖြစ်သည်။
အရေးကြီးဆုံးအရာမှာ သူမ၏ ငယ်ရွယ် လှပကာ အနားကွပ် မပါသော မျက်မှန်အား တပ်ဆင်ထားသော မျက်နှာထက်ဝယ် ဖျက်ဆီးလိုစိတ်များ ရှိနေခဲ့သည်။ လူတိုင်းသည် ယခု သူမ၏ ညို့ငင်မှုအောက်တွင် ရှိနေခဲ့ကာ သူတို့၏ မျက်လုံးများတွင် ချုပ်တီးထားသော ဆန္ဒများ နှင့် ပြည့်နှက်နေခဲ့သည်။ အချို့က မထိန်းနိုင်ပဲ တံတွေး အကြိမ်ကြိမ် မြိုချနေခဲ့ကြသည်။
ရဲ့ရှင်းချန်သည် ရိုးရှင်းစွာဖြင့် သူမအား အထင်အမြင်သေးစွာ တစ်ချက်ကြည့်လိုက်ကာ သူ၏ ရွံရှာစိတ်အား ဖုံးကွယ် မထားခဲ့ကြပေ။ မည်သည့် စကားမှ မပြောပဲ သူသည် သူမအား လုံးလုံးလျားလျား လစ်လျူရှုကာ ဆက်လက်၍ စားသောက်နေခဲ့သည်။ ထိုမြင်ကွင်းသည် ဘေးမှ စားသုံးသူများအား စဉ်းစားစရာ ဖြစ်စေခဲ့သည်။
အဖက်မလုပ်တာလား,,,,,
မမျှော်လင့်ထားစရာပဲ .......
ဒီလို အဆင့်အတန်းရှိတဲ့ နတ်ဘုရားမမျိုးက တစ်ကယ့်ကို ရှားပါးတဲ့ တည်ရှိမှု တစ်ခုပဲ
ချန်းရူအာပင် အံ့အားသင့်သွားခဲ့သည်။ ဒါက ငါသိထားတဲ့ နောက်လိုက် ခွေးတစ်ကောင်ကော ဟုတ်ကော ဟုတ်ရဲ့လား...
ရုတ်တရက် ချန်းရူအာ၏ ဒေါသ ပို၍ ထွက်ပေါ်လာခဲ့သည်။ ယနေ့သည် သူမ၏ မွေးနေ့ဖြစ်သည်။ လွန်ခဲ့သော သုံးရက်က ရဲ့ရှင်းချန်သည် သူမအတွက် မွေးနေ့ပွဲ တစ်ခု ကျင်းပပေးမည်ဟု ကတိပေးခဲ့သည်။
ရှန်ဂရီလာ ဟိုတယ်တွင် သူမအတွက် အထူးအံ့အားသင့်စရာ ပြင်ဆင်ထားမည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူမသည် ရှန်ဂရီလာ ဟိုတယ်သို့ လာရောက်ခဲ့ကာ သီးသန့်ခန်းထဲတွင် ဘိုကင်လုပ်ကာ မီးနူးများအား ကြည့်ရှုနေခဲ့သည်။ သူမသည် ပိုက်ဆံထုတ်စက် (ရဲ့ရှင်းချန်အား ခေါ်သော နာမည်) အား လာရန် ဖုန်းဆက်ခဲ့သည်။
သို့သော် သူမ ဖုန်းဆက်တိုင်း စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေတတ်သော နာခံမှု ရှိသည့် နောက်လိုက်ခွေး ဖြစ်သည့် ရဲ့ရှင်းချန်သည် သူမ၏ ဖုန်းခေါ်ဆိုမှု ဒါဇင်ပေါင်းများစွာအား အမှန်တကယ် လစ်လျူရှုလိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့ပေ။ သူမ၏ အမြှီးနှံ နောက်လိုက်ခွေးက ဘယ်တုန်းကတည်းက ထိုလောက် ခေါင်းမာသွားခဲ့သနည်း။
“ရဲ့ရှင်းချန် ငါ နင့်ကို ပြောနေတယ်လေ နင် မကြားဘူးလား”
ချန်းရူအာသည် အံကြိတ်လျှက် ပြောလိုက်သည်။ ရဲ့ရှင်းချန်သည် သူမ၏ အဓိပ္ပာယ် မရှိသော စကားများအား ဂရုမစိုက်တော့ပဲ အေးစက်စွာြဖင့် ပြန်ပြောလိုက်သည်။
“ ထွက်သွားစမ်း ငါ စားနေတာကို မနှောင်ယှက်နဲ့”
ကမ္ဘာပျက်ကပ် နီးလာသည်နှင့် အမျှ ချန်းရူအာလို မိန်းမမျိုးများသည် ခေါက်ဆွဲခြောက် တစ်ဝက်အတွက်တောင် ဒူးထောက် တောင်းပန်ရလိမ့်မည် ဖြစ်သည်။ ထို့အပြင် ရဲ့ရှင်းချန်၏ မျက်လုံးများထဲတွင် သူမသည် သေပြီးသား ဖြစ်နေခဲ့သည်. အခုချိန်တွင် သူသည် သူမအား ရွံရှာမုန်းတီးမှုများကိုသာ ခံစားမိသည်။ အရင်ကကဲ့သို့ သူမ၏ ခြေရင်းတွင် ခယဝပ်တွားခိုင်းဖို့ ဟူသော အတွေးများသည် မေးခွန်းပင်ထုတ်စရာ မလိုအပ်ပဲ လုံးဝမလိုအပ်တော့ပေ။
သူ၏ စကားအား ကြားချိန်တွင် ချန်းရူအာ တစ်ယောက် ကြက်သေသေ သွားခဲ့သည်။ အရင် သူမ၏ အမိန့်အတိုင်း လိုက်နာခဲ့တဲ့ နောက်လိုက်ခွေးက အခုချိန်တွင် လူအများကြီး ရှေ့၌ ယခုလို စကားများ ပြောထွက်လိမ့်မည်ဟု သူမ ဘယ်တုန်းကမျှ မမျှော်လင့်ထားခဲ့ပေ။ သူမ၏ ဒေါသများသည် အပူချိန် အမှတ်သို့ ရောက်ရှိသွားခဲ့ကာ ဆင်ခြင်သုံးသပ်နိုင်စွမ်း ပျောက်ဆုံးသွားခဲ့သည်။ သူမသည် စိတ်ဆိုးမာန်ဆိုးဖြင့် ငါးစိမ်းသည်တစ်ဦးလို အော်ဟစ်လိုက်သည်။
“ရဲ့ရှင်းချန် မကောင်းတဲ့ကောင် နင်က ငါ့ကို ဒီလိုပြောရဲတယ်ပေါ့လေ ဟုတ်လား ဒီတစ်ဘဝလုံး ငါ့ကို နင့်ရည်းစား ဖြစ်ဖို့ အိပ်မက်တောင် မမက်နဲ့တော့”
ထိုစကားများ ကြားလိုက်ရချိန်တွင် ရဲ့ရှင်းချန်၏ မျက်နှာ အမူအရာသည် မှောင်မိုက်သွားခဲ့ကာ သူသည် ဖြေးညှင်းစွာြဖင့် ထရပ်လိုက်သည်။