← Chapters

ကမ္ဘာပျက်ကပ် ခံတပ် တည်ဆောက်ခြင်း

Vol. 1 Ch. 3

ကမ္ဘာပျက်ကပ် ခံတပ် တည်ဆောက်ခြင်း

Vol. 1 Ch. 3

“ရည်းစား”

ရဲ့ရှင်းချန် လှောင်ရီလိုက်သည်။

“မင်းလို စက်ဆုပ်စရာ ကောင်းတဲ့ မိန်းမကို အရင်က ငါ့ကောင်မလေး အဖြစ် ရွေးခဲ့တာ ငါ မျက်စိကန်းနေတယ်လို့ မင်းထင်နေတာလား”

လူအများကြီး ရှေ့တွင် စက်ဆုပ်စရာကောင်းတဲ့ မိန်းမ ဟု အခေါ် ခံရသောကြောင့် ချန်းရူအာသည် အမြှီးနင်းခံရသော ကြောင်တစ်ကောင်ကဲ့သို့ ဒေါသများ ထွက်ပေါ်လာခဲ့သည်။

“ရဲ့ရှင်းချန် နင် မကောင်းတဲ့ အောက်တန်းစားကောင် ဘာအကြောင်းပြချက်ကြောင့်နဲ့ ငါ့ကို စက်ဆုပ်စရာကောင်းတယ်လို့ ပြောတာလဲ “

ချန်းရူအာ၏ အော်ဟစ်လိုက်သံကြောင့် ခန်းမအတွင်းရှိ လူများ၏ အာရုံအား ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ကာ ချက်ချင်း သူတိူ့နှစ်ဦးထံသို့ လူတိုင်းသည် စူးစမ်းသလို အာရုံစိုက်နေကြသည်။

“ကောင်းပြီလေ ဘာလို့ ငါ မင်းကို စက်ဆုပ်စရာကောင်းတဲ့ မိန်းမလို့ ခေါ်ရတာလဲဆိုတာ ရှင်းပြပေးမယ်”

ရဲ့ရှင်းချန်သည် အေးစက်စွာ နှာမှုတ်လျှက် ချန်းရူအာထံသို့ လက်ညှိုးထိုးလိုက်ကာ ပြောလိုက်သည်။

“ဒီ Prada တံဆိပ် လက်ကိုင်အိတ်က တန်ဖိုး ၁၂၀၀၀၀ယွမ် ရှိတယ် အဲ့ဒါကိုလဲ ငါပဲ မင်းကို ဝယ်ပေးထားတာ”

“ဒီ အသီးတံဆိပ် စမတ်ဖုန်းကလည်း ၂၀၀၀၀ယွမ် ရှိတယ် အဲ့ဒါကိုလည်း ငါ မင်းကို ဝယ်ပေးထားခဲ့တာ “

“သြော် ပြီးတော့ Hermès တံဆိပ်က အရေအတွက် အကန့်အသတ်နဲ့ ထုတ်ထားတဲ့ အခု မင်းဝတ်ထားတဲ့ အကျီ အဲ့ဒါရဲ့ တန်ဖိုးကလည်း ၂၈၀၀၀၀ ယွမ် ရှိတယ် အင်း အဲ့ဒါလည်း ငါ မင်းကို ဝယ်ပေးထားတာ”

မင်း အခု မောင်းနေတဲ့ ကား Porsche Panamera ကလည်း ယွမ် ၁.၉၈ မီလီယံ ကျတယ် အဲ့ဒါလည်း မင်းကို ငါပဲ ဝယ်ပေးထားတာလေ”

“.......”

ရဲ့ရှင်းချန် ပြောလိုက်သည့် စကားတစ်ခွန်းစီတိုင်း ချန်းရိုအာ၏ မျက်နှာသည် ရေဆိုးရေညစ် ကဲ့သို့ မဲမှောင်သွားခဲ့ကာ သူမ၏ မျက်နှာသည် နာကျင်ကာ ပူလှောင်နေခဲ့သည်။

“ရဲ့ရှင်းချန် တော်လိုက်တော့”

ချန်းရူအာသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ရဲ့ရှင်းချန်သည် လုံးဝ တုန်လှုပ်မှု မရှိခဲ့ပေ။

“ဘာကြောင့် ငါ တော်သင့်တာလဲ ပြီးခဲ့တဲ့ နှစ် တစ်လျှောက်လုံးမှာ ငါ မင်းအတွက် သုံးခဲ့တာ ၅မီလီယံလောက်ရှိတယ် “

သူသည် အံကြိတ်လျှက် ဆက်ပြောလိုက်သည်။

“ပြီးတော့ မင်းက ငါ့ကောင်မလေး ဖြစ်ဖို့ ဆန္ဒ မရှိပဲ ကြိုးရှည်ရှည်နဲ့ လှန်ထားခဲ့တယ် ATM (ငွေထုတ်စက်) တစ်ခုလို ငါ့ကို သဘောထားခဲ့တာလေ အဲ့လို လုပ်တဲ့ မင်းကမှ စက်ဆုပ်စရာ အောက်တန်းစား မိန်းမ မဟုတ်ရင် ဘယ်သူက အောက်တန်းစားမလဲ “

ထိုအချိန်တွင် ဘေးပတ်ဝန်းကျင်မှ သူများသည် လက်ညှုိးထိုးကာ တီးတိုးပြောဆိုနေကြသည်။ သူတို့၏ မျက်လုံးများ အတွင်း၌ အထင်သေးမှုများဖြင့် ပြည့်နှက်နေခဲ့ကာ သူမအား လုံးဝ အရှက်ကွဲ သိမ်ငယ်စေခဲ့သည်။ သူမသည် လျှင်မြန်စွာ ဖြေရှင်းလိုက်သည်။

“အဲ့ဒါက ငါ နင့်ကို စမ်းသပ်နေတာလေ”

ရဲ့ရှင်းချန် လှောင်ရီလိုက်သည်။

“စမ်းသပ်တာ ငါ မင်းကို ပိုက်ဆံတွေ လက်ဆောင်တွေ ပုံအော ပေးတုန်းက မင်း တွေဝေမှုတောင် မရှိခဲ့တာလေ မင်းက ဒီလောက် လိုအင်ဆန္ဒတွေများပြီး ပစ္စည်းဥစ္စာ မက်မောနေတာတောင်မှ အရှက်မရှိ ပြောရဲသေးတယ်လား မင်းက အမှန်တကယ် သိုက်တူးတဲ့ မိန်းမပဲ “

“နင်.....”

ချန်းရူအာ ဒေါသကြောင့် တုန်ရီနေခဲ့သော်လည်း ထိုအချိန်အတွင်း ပြန်လည်ချေပရန် စကားလုံး ရှာမရခဲ့ပေ။ ရဲ့ရှင်းချန်သည် ထိုမျှဖြင့် မပြီးဆုံးသေးပေ။

“အဲ့ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူးလေ မင်းက ငါ့ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတာတင် မကသေးဘူး တစ်ချိန်ထဲမှာပဲ နောက်ထပ် ချမ်းသာတဲ့ ကောင်တစ်ကောင်နဲ့ တွဲနေခဲ့သေးတာလေ မင်း သူ့ကိုလည်း အိမ်တစ်လုံး ဝယ်ခိုင်းခဲ့သေးတယ် မင်းလို အောက်တန်းစား သိုက်တူးသမား အတွက် ဒီလောက်က အခက်အခဲ မဟုတ်ပါဘူး “

ထိုစကားများ ထွက်ပေါ်လာချိန်တွင် ညစာစားပွဲမှ ယောကျ်ားများပင် တီးတိုး မပြောကြရန် မထိန်းတော့ပဲ ပေါ်တင် ဝေဖန်ပြောဆို လာကြတော့သည်။

“ဒီလူ ဘယ်လောက် လှည့်စားခံခဲ့ရလည်း ကြည့်စမ်းပါအုန်း သူက ဒီလို ငွေမက်တဲ့ မိန်းမနဲ့ ပတ်သက်မိမယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ ဟို မိန်းမက တကယ်ကို အရှက်မရှိတာပဲ သူ့ထက်စာရင် ပြည့်တန်ဆာကတောင် ပိုပြီး သိက္ခာရှိအုန်းမယ် အနည်းဆုံးတော့ ပြည့်တန်ဆာတွေက ပွင့်ပွင့်လင်းလင်း ရှိတယ် “

“ဒီလို အကြံသမားမကို ရုပ်ရှင်ထဲမှာ မဟုတ်ပဲ အပြင်မှာပါ မြင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“ဒီလူ အစားအသောက်တွေ အများကြီး မှာတာကို မအံ့သြတော့ဘူး သူက ဟိုမိန်းမကြောင့် ရတဲ့ နာကျင်မှုတွေကို အစားနဲ့ ဖြေဖြောက်နေခဲ့တာကိုး”

“ဒီလူကို ငါ အကဲဖြတ်မှာခဲ့တာ သူက ရုတ်တရက် ချမ်းသာလာတဲ့ ဆင်းရဲသား တစ်ယောက် မဟုတ်ဘူး သူက အသည်းကွဲနေတာကိုး”

“......”

အမျိုးသမီးများတောင်မှ အကူညီမဲ့စွာဖြင့် ထိုဝေဖန်မှု အတွင်း ပါဝင်လာခဲ့ကြသည်။

“ဒီလောက် အောက်တန်းကျတဲ့ မိန်းမက တကယ် ရှက်စရာကောင်းတယ် အကယ်လို မင်းက တစ်စုံတစ်ယောက်ကို လက်မခံနိုင်ရင် ဘာလို့ သူ့စီကနေ ငါးမီလီယံကို ယူခဲ့သေးလဲ “

“ဒီ အရှက်မရှိတဲ့ အောက်တန်းစားမက တစ်ဖက်ကို အရှက်မရှိ ပြန်အော်ရဲသေးတယ် သူ့အရေပြားက ဘယ်လောက်တောင် ထူရတာလဲ“

“.......”

ထိုကဲ့သို့ ပြောဆိုနေသံများအား ကြားလိုက်ရသော် ချန်းရူအာသည် အချိန်ကြာကြာ ရပ်မနေနိုင်တေ့ာပဲ ရဲ့ရှင်းချန်အား ဒေါသတကြီး စိုက်ကြည့်လျှက် သူမ၏ ခေါင်းအား ငုံ့လျှက် ထွက်သွားတော့သည်။ ထိုမြင်ကွင်းအား မြင်လိုက်ရသော အခါ ရဲ့ရှင်းချန်သည် စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော် လုံလောက်ရန် ဝေးနေသေးသည်။ အခုချိန်မှ အစပင် ရှိသေး၏။

သူသည် သူ၏ အတိတ်ဘဝမှ အညှိုးအတေးများအတွက် ဖြေးညှင်းစွာ ကလဲ့စား ပြန်ချေသွားမည် ဖြစ်သည်။ အနည်းငယ် စားသောက်ပြီးသော် ရဲ့ရှင်းချန်သည် ငွေရှင်းလိုက်ကာ ကျန်ခဲ့သော ဟင်းပွဲများအား မည်သည်ကိုမျှ အလေအလွင့် အဖြစ် မခံပဲ ထုတ်ပိုးကာ ယူဆောင်လာခဲ့သည်။ ကမ္ဘာပျက်ကပ်အား ဖြတ်သန်းဖူးသူ တစ်ဦး အနေဖြင့် သူသည် အစားအစာများ၏ တန်ဖိုးအား တခြားသူများထက် ပို၍ နားလည်လေသည်။ ထို့နောက်တွင် သူသည် လူအများ၏ ရှုပ်တွေးသော အကြည့်များ အောက်တွင် ရှန်ဂရီလာ ဟိုတယ်မှ ထွက်လာခဲ့သည်။

ကမ္ဘာပျက်ကပ် နောက်ပိုင်းတွင် အစားအသောက် အရင်းအမြစ်များ ရှိရုံဖြင် မလုံလောက်ပေ။ ပုန်းအောင်းရန် လုံခြုံသော နေရာတစ်ခုလည်း လိုအပ်ပေသည်။ တစ်နည်းအားဖြင့် ကိုယ်ပိုင်ဆိုင်သမျှသည် သန်မာသော သူများထံမှ လုယက်ခံရနိုင်သည်။ ပိုဆိုးပါက ကိုယ်တိုင်ပင် သူများအတွက် အစာဖြစ်သွားနိုင်ပေသည်။

ထိုကြောင့် လုံးဝ လုံခြုံ စိတ်ချရသော ကမ္ဘာပျက်ကပ် ခတပ်တစ်ခုအား တည်ဆောက်ရန် အခုအချိန်တွင် အလွန် အရေးကြီးသော အရာ ဖြစ်နေသည်။ ရဲ့ရှင်းချန်သည် လုံဒန် လုံခြုံရေး ကုမ္ပဏီသို့ ကားမောင်းသွားလိုက်သည်။ ထို လုံခြုံရေးကုမ္ပဏီသည် ကျင်းဟိုင်မြို့တွင်သာမက တစ်နိုင်လုံးတွင် ထိပ်ဆုံး ၃နေရာ အတွင်းမှ တစ်ခု ဖြစ်သည်။ သူသည် မန်နေဂျာနှင့် အာလပသလ္လာပ ပြောဆိုနေရခြင်းအား ရှောင်ကာ တန်းမေးလိုက်သည်။

“ခင်ဗျားတို့ ခံတပ်တစ်ခု ဆောက်ပေးနိုင်လား”

မန်နေဂျာသည် သူ့အား သုံးစက္ကန့်ခန့် စိုက်ကြည့်ကာ မျက်လုံးများ ပြူးကျယ်လျှက် ပြန်မေးလိုက်သည်။

“ဘာလဲ”

ရဲ့ရှင်းချန်သည် စိတ်ရှည်စွာဖြင့် ပြန်လည် ရှင်းပြလိုက်သည်။

“ကျွန်တော် ပြောနေတာ ကမ္ဘာပျက်ကပ် ခံတပ် အကြောင်းပါ နျူကလီးယား ပေါက်ကွဲမှုကိုပါ ခံနိုင်တဲ့ အမျိုးအစားမျိုးပေါ့ ခင်ဗျား အဲ့ဒါကို သိလား ဒါပေါ့ လိုအပ်ချက်က အများကြီး မမြင့်ပါဘူး အဲ့ဒါက ပေါက်ကွဲမှုတွေကို ခံနိုင်ရည် ရှိပြီး ဖြိုဖျက်တဲ့ ဘောလုံးတွေရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ လုံလောက်တဲ့ မာကျောမှု ရှိဖို့ပဲ လိုအပ်တာပါ”

မန်နေဂျာသည် သုံးစက္ကန့်မျှ နောက်ထပ် ကြောင်အသွားခဲ့ကာ ထို့နောက် သူသည် လုံခြုံရေးအစောင့်များအား ခေါ်လိုက်သည်။

“ဘယ်မှာလဲ သူတို့တွေ အစောင့်တွေ အစောင့်တွေ ဒီလူကို ဆွဲထုတ်သွားလိုက်ကြစမ်း”

ရဲ့ရှင်းချန်သည် ထိုသူ၏ အပြုအမူနှင့် ပတ်သက်၍ နားလည်နိုင်ပေသည်။ ယခုလိုမျိုး ဖောက်သည် တစ်ဦးနှင့် ဆုံလာချိန်တွင် မည်သူမဆို စိတ်မကျန်းမာသူ ဟု သံသယ ဝင်လာနိုင်သည်။ ထိုအခြေအနေအား ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းသည် ငွေလမ်းခင်းလိုက်ရန်သာ ဖြစ်သည်။

“ကျွန်တော် ခင်ဗျားကို တစ်သန်း အရင်စရံ ချထားလိုက်မယ် ခင်ဗျား ဒီဇိုင်းဆွဲပြီးတာနဲ့ ကျွန်တော် ကျန်တဲ့ ပိုက်ဆံတွေကို ချက်ချင်းပေးမယ် ခင်ဗျား ဘတ်ဂျက် သတ်မှတ်ပြီးတာနဲ့ ခင်ဗျား အလုပ်စတဲ့အခါ ကျွန်တော် ၈၀ ရာခိုင်နှုန်းကို ကြိုပေးထားမယ်”

ထိုကမ်းလှမ်းမှု နှင့်အတူ မန်နေဂျာသည် အသိစိတ် ပြန်ဝင်လာခဲ့သည်။ ရဲ့ရှင်းချန် စနောက်နေသည် မဟုတ်သည်အား သူသိသွားခဲ့သည်။ သူသည် အထဲသို့ ပြေးဝင်လာသော လုံခြုံရေးများအား လက်ဝှေ့ယမ်း ပြလိုက်သည်။

“အဆင်ပြေသွားပြီ မင်းတို့ အခု သွားလို့ရပြီ “

သူသည် ရဲ့ရှင်းချန်အား သံသယဖြစ်သော မျက်လုံးများဖြင့် ကြည့်လိုက်ကာ ထပ်မံ၍ မေးမြန်းလိုက်သည်။

“ဆရာ ဘာလို့ ကမ္ဘာပျက်ကပ် ခံတပ်ကို ဆောက်ချင်တာလဲ “

ရဲ့ရှင်းချန်သည် ထပ်မံ၍ ရှင်းပြမနေတော့ပဲ ရိုးရှင်းစွာ ပြောလိုက်သည်။

“ဒီ ပရောဂျက်ကို မင်း လက်ခံလား လက်မခံဘူးလား အကယ်၍ လက်မခံဖူးဆိုရင်လည်း ငါ နောက်တစ်ယောက်ကိုပဲ သွားရှာလိုက်မယ်”

မန်နေေဂျာသည် လျှင်မြန်စွာ ခေါင်းညိမ့်လိုက်ကာ ပြောလိုက်သည်။

“ဟုတ်တာပေါ့ ကျွန်တော်တို့ ယူမှာပါ ခင်ဗျား ကျွန်တော့်ကို လိုချင်တဲ့ အချက်အလက်တွေ ပြောပြပေးပါ”

လုံခြုံရေး ကုမ္ပဏီ တစ်ခု အနေဖြင့် သူတို့သည် အရင်က ကမ္ဘာပျက်ကပ် ခံတပ် တစ်ခုအား မဆောက်လုပ်ဖူးပေ။ သို့သော် သူတိူ့သည် ရုပ်ရှင်များနှင့် လျို့ဝှက် စာတမ်းများမှ အချက်အလက်များအား အခြေခံကာ အခြေခံနားလည်မှုများ ရှိသည်။ မည်သို့ပင် ဆိုစေကာမူ သူတို့တွင် သက်ဆိုင်သော အချက်အလက် အချို့လည်း ရှိနေသးသည်။

အကယ်၍ ထူထဲသော သံမဏိနှင့် ခဲပြားများ ပါသော ကွန်ကရစ် အဆောက်အအုံတစ်ခု ဆိုလျှင်တောင် သူတိူ့အတွက် ဆောက်လုပ်ရန် ခက်ခဲလိမ့်မည် မဟုတ်ချေ။ ဒါပေါ့ ကမ္ဘာပျက်ကပ် ဘန်ကာတစ်ခုသည် ရိုးရှင်းနိုင်မည် မဟုတ်ပေ။ အသက်ရှင် ရပ်တည်ရန် အတွက် စနစ်များ ပါဝင်ရန် လိုအပ်သည်။ အကယ်၍ သူတို့သည် ထိုစနစ်များ ထည့်သွင်းနိုင်မည် ဆိုပါက သူတို့အတွက် လုံလောက်သော အမြတ်အစွန်းများ ကျန်ရှိနိုင်ပေသည်။ ပိုက်ဆံ ရှာရလွယ်သလောက် ဤကဲ့သို့ နုံအသော ဖောက်သည်သည် ရှာရခက်ပေသည်။ ရဲ့ရှင်းချန်သည် အချိန်ဖြုန်းရန် ဆန္ဒ မရှိသောကြောင့် သူလိုချင်သည့် အချက်များအား ပြောပြလိုက်သည်။

“ကွန်ကရစ်နံရံ အထူက သုံးမီတာလောက် ထူပြီးတော့ အလယ်မှာ ထူတဲ့ သံမဏိပြားတွေနဲ့ လုပ်ထားတာ ပြီးတော့ ခဲပြားတွေက မလိုအပ်ပါဘူး...........”

ရဲ့ရှင်းချန်သည် သူ လိုအပ်သော အချက်များအား အကြမ်းဖျဉ်း ပြောပြနေချိန်တွင် မန်နေဂျာသည် အစပိုင်းတွင် တွေဝေသွားသော်လည်း နောက်ပိုင်းတွင် တဖြေးဖြေး ထိတ်လန့်သော အမူအရာများ ပြသလာခဲ့သည်။

‘ဘုရားရေ သူ တကယ် ပြောနေတာပဲ ‘

နောက်ဆုံးတွင် ရဲ့ရှင်းချန်သည် သူ၏ အပြီးသတ် စကားအား ပြောလိုက်သည်။

“ကျွန်တော် ခင်ဗျားရဲ့ ဒီဇိုင်းကို ဒီည မြင်ချင်တယ် မနက်ဖြန် ခင်ဗျားရဲ့ မြေတူးသက်တွေနဲ့ အုတ်မြစ် တူနေတာကို မြင်ချင်တယ် အကယ်၍ အဆင်မပြေရင်တော့ ကျွန်တော် နောက်တစ်ယောက်ကိုပဲ ရှာလိုက်တော့မယ်

အခုဆိုလျှင် မန်နေဂျာသည် စိတ်တည်ငြိမ်မှုများ ပြန်လည် ရရှိသွားပြီ ဖြစ်သည်။ ရဲ့ရှင်းချန်သည် သူ့အား နောက်ပြောင်နေသည်လား ဟုပင် သံသယ ဝင်သွားခဲ့သည်။ ရဲ့ရှင်းချန်အား စိုက်ကြည်ကာ သု၏ အသံတွင် သံသယဝင်နေဟန်များဖြင့် ပြောလိုက်သည်။

“ခင်ဗျားရဲ့ လိုအပ်ချက်တွေကို အခြေခံရမယ်ဆိုရင် ဒီပရောဂျက်က လုံးဝ ဈေးပေါမှာ မဟုတ်ဘူး ခန့်မှန်းချေ သန်း သုံးဆယ်လောက် ကျနိုင်တယ် ခင်ဗျားမှာ ပိုက်ဆံ ရှိရဲ့လား”

ရဲ့ရှင်းချန်သည် ခြုံပုတ်ကို ရိုက်မနေတော့ပဲ ( ဝေ့ဝိုက်မနေပဲ) ပြောလိုက်သည်။

“အကယ်လို့ အခု ခင်ဗျား ကျွန်တော်နဲ့ သဘောတူ စာချုပ်မှာ လက်မှတ်ထိုးမယ် ပြီးတော့ ဆောက်လုပ်ရေးကို နှစ်ပတ်အတွင်း ပြီးစီးအောင် လုပ်ပေးမယ်လို့ အာမခံရင် ကျွန်တော် ခင်ဗျားကို ဆယ်သန်း ချက်ချင်း ပေးမယ်”

မန်နေဂျာ၏ မျက်လုံးများ ချက်ချင်း အရောင်တောက် သွားတော့သည်။

“ကောင်းပြီလေ သဘောတူတယ် ပိုက်ဆံသာ ရှိမယ်ဆိုရင် အလု်ကို ၂၄ နာရီလုံး မရပ်မနား လုပ်ရင်တော့ သေချာပေါက်နှစ်ပတ် အတွင်း ပြီးပါတယ်”

All Chapters