ပစ္စည်းများအား အကြီးအကျယ် ဝယ်ယူခြင်း
Vol. 1 Ch. 4
ရဲ့ရှင်းချန်သည် စာချုပ်တွင် လက်မှတ်ထိုးကာ ၁၀သန်း ပေးချေ ပြီးနောက်တွင် မန်နေဂျာသည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့ကာ ရဲ့ရှင်းချန်သည် သူ့အား နောက်ပြောင်နေသည် ဟူသော အတွေးများအား ဖယ်ထုတ်နိုင်သွားခဲ့သည်။
သို့သော် မန်နေဂျာ၏ စိတ်အတွင်း အတွေးသစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
သူ၏ ရှေ့မှ လူငယ်လေးထံတွင် ဦးခေါင်းနှင့် ဆိုင်သော ပြသာနာ တစ်ခုခု ရှိနေသလို ထင်လိုက်မိသည်။ သူ သတိထားကာ မေးမြန်းလိုက်သည်။
“ဆရာ ဘာလို့ ကမ္ဘာပျက်ကပ် ဘန်ကာ တစ်ခု ဆောက်ချင်တာလဲ ဆိုတာ ကျွန်တော် မေးလို့ရမလား”
ရဲ့ရှင်းချန်သည် ခဏမျှ တွေးတောလိုက်ကာ သတိပေးလိုက်သည်။
“ကမ္ဘာပျက်ကပ်က နောက်တစ်လလောက်နေရင် ရောက်လာတော့မှာ အကယ်လို့ ခင်ဗျား ကျွန်တော့ကို ယုံရင် ရိက္ခာတွေကို စုဆောင်းပြီးတော့ လုံခြုံတဲ့ နေရာကို ရှာထားလိုက်ပါ”
မန်နေဂျာသည် ခဏတာမျှ မှင်တက်သွားခဲ့ကာ ရီမောလျှက် ပြောလိုက်သည်။
“ခင်ဗျားက တကယ် ဟာသဉာဏ် ရှိတာပဲ “
အချိန်တို အတွင်းမှာပင် သူသည် ရဲ့ရှင်းချန်၌ စိတ်ပိုင်းဆိုင်ရာ ပြသာနာများ ရှိသည်ဟု မှတ်ချက် ချလိုက်သည်။ ထိုသို့ မဟုတ်လျှင် ဤကဲ့သို့ အဓိပ္ပယ် မရှိသော စကားများ မည်သို့ ပြောထွက်လိမ့်မည်နည်း။
ရဲ့ရှင်းချန်သည် မန်နေဂျာ၏ အတွေးများအား ရိပ်မိသော်လည်း သူသည် နောက်ထပ် မည်သည်ကိုမျှ ဆက်မပြောတေ့ာပေ။ သူလူပ်နိုင်သလောက် အားလုံး လုပ်ပေးခဲ့ပြီးပြီ ဖြစ်သည်။ ကမ္ဘာပျက်ကပ် ရောက်လာချိန်တွင် သူ မည်မျှ ရှင်သန်နိုင်မည် ဆိုသည်မှာ သူ၏ ကံတရားပေါ်တွင်သာ မှီတည်နိုင်တော့မည် ဖြစ်သည်။ ဆောက်လုပ်ရေး ကုမ္ပဏိီမှ ထွက်လာပြီးနောက်တွင် ရဲ့ရှင်းချန်သည် ချန်းရူအာထံမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။
(ငါ နင့်ကို အရင်က အမှန်တကယ် စမ်းသပ်နေခဲ့တာ ဘာလို့ ငါ့ ရည်ရွယ်ချက်ကို နားမလည်ရတာလဲ စဉ်းစားကြည့်တော့ ငါ နည်းနည်း လွန်သွားတယ် ထင်တယ် ငါ နင့်ရဲ့ ချစ်သူဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီ ငါတို့ တွေ့ကြမလား )
“တော်တော် သရုပ်ဆောင် ကောင်းတာပဲ ဟန်ဆောင်ကောင်းချက်ကတော့”
ရဲ့ရှင်းချန် လှောင်ပြောင်လိုက်ကာ သူမအား သူ၏ ဆက်သွယ်မှုစာရင်းထဲမှ ဖျက်ပစ်လိုက်ကာ ကျင်းဟိုင်မြို့၏ ခြေကျင်ဈေးတန်းဘက်သို့ ကားမောင်းထွက်လာခဲ့သည်။ သူ၏ လက်အောက်မှ စူပါမားကတ် ဆိုင်ခွဲများသည် လတ်ဆတ်သော စားသောက်ကုန်များနှင့် နေ့စဉ်သုံးပစ္စည်းများ ကိုသာ အဓိကထားကာ အဝတ်အထည်များ ဖိနပ်နှင့် ဖျော်ဖြေရေး နှင့် အားကစားပစ္စည်းများ မရှိပေ။ ထို့ကြောင့် သူသည် ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်ရန် အတွက် ထိုအရာများသည် အလွန် လိုအပ်ပေသည်။ ထို့အပြင် လုံလောက်သော သိုလှောင်ထားမှုသည် အရေးကြီးလှသည်။ တစ်ဖက်တွင်တော့ ချန်းရူအာသည် ရဲ့ရှင်းချန်၏ ပြန်စာအား စောင့်နေခဲ့သည်။
နေ့လည်ခင်းတွင် ရှန်ဂရီလာ ဟိုတယ်၌ ရဲ့ရှင်းချန်၏ အရှက်ခွဲမှုအား ခံရပြီးနောက်တွင် စစချင်း ထိုသူအား အလွန်အမင်း ဒေါသထွက်ကာ သေမလောက် မုန်းတီးခဲ့သည်။
သို့သော် သူမ စိတ်တည်ငြိမ်လာချိန်တွင် ထိုနှစ်များတစ်လျှောက် သူမ ပြုမူခဲ့သမျှ ပြန်လည် တွေးတောမိလာခဲ့သည်။ သူမ လုပ်ခဲ့သမျှသည် အလွန် မပါးနပ်ခဲ့ကြောင်း ပြန်တွေးမိသွားခဲ့သည်။ မည်သူမဆို အချိန်အတော်ကြာ ရင်းနှီးမြှပ်နှံပြီးနောက် မည်သည့် တုံ့ပြန်မှုကိုမှ မကြုံရလျှင် သဘာဝအတိုင်း မကျေမချမ်း ဖြစ်လာကြမည် ဖြစ်သည်။
သူမ၏ ပန်းတိုင်သည် အနည်းဆုံး ဘီလီယံများစွာ ပိုင်ဆိုင်သည့် ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်အား ရှာဖွေကာ ဘဝ၏ လူနေမှု အဆင့်အတန်းအား အပြည့်အဝ မြှင့်တင်ရန် ဖြစ်သည်။ ရဲ့ရှင်းချန်သည် သူမ၏ ပန်းတိုင်နှင့် အလွန် ဝေးကွာနေခဲ့သည်။
သို့သော် သူမကိုယ် သူမ သာမာန်လူများ လက်လှမ်းမမှီနိုင်သည့် အဆင့်အတန်းမြင့်သည့် သူတစ်ဦး အဖြစ် ပုံဖော်နိုင်ရန် အတွက် ငွေထုတ်စက် တစ်လုံး လိုအပ်နေခဲ့သည်။ ထို့မှသာလျှင် သူမသည် ပို၍ အောင်မြင်နေသော သူများနှင့် ထိတွေ့နိုင်ရန် အခွင့်ရေး ရနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ရဲ့ရှင်းချန်အား ကြိုးရှည်ရှည်ဖြင့် လှန်ထားရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ် အနည်းငယ် အတွင်း ရဲ့ရှင်းချန်၏ နောက်လိုက်ခွေးတစ်ကောင် ကဲ့သို့ အပြုအမူများသည် သူမသည သူ၏ ချစ်သူ ဖြစ်ရန် သဘောတူလိုက်လျှင် ရဲ့ရှင်းချန်သည် သူမအတွက် နောက်လိုက်ခွေး ပြန်ဖြစ်လာမည်ဟု သူမ ယုံကြည်ထားခဲ့သည်။
သူမ အမြင်အရ ရဲ့ရှင်းချန်၏ ရည်းစားဖြစ်ရန် လက်ခံလိုက်သည်မှာ ကိစ္စကြီး တစ်ခု မဟုတ်ပေ။ အများဆုံး သူတို့ လက်ကိုင်ခြင်း ဖက်ခြင်း အပြင် နမ်းကောင်း နမ်းကြလိမ့်မည်။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ် ကိုမူ လုံးဝ စဉ်းစားစရာ မလိုပေ။
မည်သို့ပင်ဆိုစေကာမူ တစ်နာရီ ကုန်လွန်သွားပြီး နောက်တွင် ရဲ့ရှင်းချန်ထံမှ မည်သည့် ပြန်စာကိုမှ သူမ မရခဲ့သေးချေ။ သူမ စတင်၍ သံသယ ဝင်လာခဲ့သည်။
သူ တကယ် လက်လျော့လိုက်ပြီလား....
သို့ပေမဲ့ သူမသည် ထိုအတွေးအား လျှင်မြန်စွာ ဖယ်ရှားလိုက်သည်။
မဖြစ်နိုင်ပေ။
လုံးဝ သေချာပေါက် မဖြစ်နိုင်ဘူး
နှစ်ပေါင်းများစွာ ငါ့ခြေရင်းမှာ ဝပ်တွားခဲ့တဲ့ အခိုင်းအစေ ခွေးတစ်ကောင်က ဘယ်လိုလုပ် လက်လျော့နိုင်မှာလဲ....
“ဟမ့် ငါနဲ့ ကြောင်နဲ့ ကြွက် ကစားသလို လာကစားချင်သေးတယ် ဝါနုသေးတယ် ဒီလိုကိစ္စတွေမှာ ဒီကောင်မလေးက ဆရာကြီးပဲ”
အေးစက်စွာ သရော်လိုက်ကာ ချန်းရူအာသည် စာတစ်စောင် အလျှင်အမြန် ရေးသားလိုက်သည်။
(ရဲ့ရှင်းချန် ရှင် ဘာလို့ စာ မပြန်တာလဲ ဒီနေ့ ရှင် ကျွန်မကို လူအများကြီးရှေ့မှာ အရှက်ခွဲခဲ့တာကို ကျွန်မ စိတ်ထဲ မထားပါဘူး ရှင် ဘာလို့ ဒီလောက် စိတ်သဘောထား သေးသိမ်ရတာလဲ အကယ်၍ ရှင်က အဲ့လို လူမျိုးဆိုရင် ကျွန်မ ရှင့် ရည်းစား ဖြစ်သင့် မဖြစ်သင့် ပြန်စဉ်းစားရတော့မယ်)
သေချာ စစ်ဆေးပြီးနောက်တွင် ချန်းရူအာသည် ထိုစာအား သေချာ ဂရုတစိုက် ပြန်ဖတ်ကြည့်လိုက်သည်။ ထိုသို့ဖြင့် သူမ၏ ဂုဏ်သိက္ခာကိုလည်း ထိန်းထားနိုင်သလို ရဲ့ရှင်းချန်အား သိက္ခာဆယ်ရန် အခွင့်အရေး ပေးထားခြင်း ဖြစ်သည်။ သူမသည် ထိုစကားလုံးများအား အတော်လေး ကျေနပ်သွားသည်။
(T/N : မပြောချင်လည်း ပြောရအုန်းမယ် ဘာလို့ ဒီလောက် ကွကို အထင် စွတ်ကြီးနေမှန်းလည်း နားမလည်ဖူး သူများစီက ချူစားနေတာတောင် ကွကို မှန်တယ်ဆိုတဲ့ အတွေးက လက်ကိုင်ထားတုန်းပဲ ဘာလို့ ကို့ဘာကို အဲ့လောက် အထင်ကြီးရတာလဲ နားကိုမလည်ဖူးရော် အဲ့လိုလူတွေကပဲ နောက်ဆုံး မယင ဖြစ်လာတာ အသည်းယားလိုက်တာ လွန်ရော.......)
“ဟမ့် ရဲ့ရှင်းချန် ရှင် ဘယ်လို ကြိုးစားပါစေ နောက်ဆုံးတော့ ရှင်က ကျွန်မရဲ့ ထိန်းချုပ်မှု အောက်ကို ပြန်ရောက်လာမှာပဲ ဟုတ်တယ်မလား”
အေးစက်စွာ ရီမောလိုက်ကာ ချန်းရူအာသည် ပို့ရန် ခလုတ်အား နှိပ်လိုက်သည်။ ခဏအကြာတွင် သူမသည် နေရာတွင်ပင် တစ်ကိုယ်လုံး တောင့်တင်းသွား ခဲ့သည်။ သူမသည် ဖုန်းမျက်နှာပြင်အား ကြည့်ကာ တဖြေးဖြေး ဒေါသထွက်လာကာ အော်ဟစ်လိုက်သည်။
“ရဲ့ရှင်းချန် နင်ကများ ငါ့ကို ဘယ်လို သတ္တိနဲ့ ဖျက်လိုက်တာလဲ”
(မင်မင်ထင်တာ ဖုန်းကို BLOCK လုပ်လိုက်တာ ထင်တယ် ဒါပေမဲ့ မူရင်းမှာတော့ ဖျက်ပစ်တယ်လို့ သုံးထားလို့ မူရင်းတိုင်း ပြန်ထားတာပါနော်)
ထိုသို့ပြောပြီးနောက် သူမသည် ရဲ့ရှင်းချန်အား ချက်ချင်း ဖုန်းခေါ်လိုက်သည်။ ထိုခဏတွင် ရဲ့ရှင်းချန်သည် ခြေလျှင်လမ်းသို့ ရောက်ရှိပြီး ဖြစ်ကာ အဆင့်မြင့် အားကစားပစ္စည်းများအား သီးသန့် ရောင်းချသော ဆိုင်ကြီးတစ်ဆိုင်သို့ သွားရန် ပြန်ဆင်နေခဲ့သည်။ ကမ္ဘာပျက်ကပ်အတွင်း အမျိုးမျိုးသော မသိနိုင်သည့် အန္တရာယ်များအား ရင်ဆိုင်နိုင်ရန် အတွက် ခန္ဓာကိုယ် ကြံ့ခိုင်မှု ရှိနေရန် အရေးကြီးပေသည်။
သူ၏ အတိတ်ဘဝတွင် သူသည် အမြဲလိုလို ငတ်မွတ်နေခဲ့သာကြောင့် လေ့ကျင့်ခန်း လုပ်ရန် ဝေးစွ ရှိနေသည့် စွမ်းအင်အား ချွေတာရန်ပင် အနည်းကြိုးစားခဲ့ရခြင်း ဖြစ်သည်။ သို့သော် ယခုတွင်မူ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။ ကြွယ်ဝလှသော အရင်းအမြစ်များ ရှိနေပြီ ဖြစ်ရာ အချိန်တိုင်း သူ၏ ခန္ဓာကိုယ်အား အကောင်းဆုံး အခြေအနေတွင် ထားရှိနိုင်ပြီ ဖြစ်သည်။ သူသည် စတိုးဆိုင်သို့ ဝင်ရောက်ချိန်တွင် သူ၏ ဖုန်းမြည်လာခဲ့သည်။ သူ တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ထို ဖုန်းခေါ်ဆိုမှုသည် ချန်းရူအာ ထံမှ ဖြစ်သည်။
“အရင်လိုပဲ ဇွဲကောင်းတုန်း”
ရဲ့ရှင်းချန် လှောင်ပြောင်လိုက်ကာ ဖုန်း ချပစ်လိုက်ကာ သူမ၏ ဖုန်းနံပါတ်ကိုပင် ပိတ်ဆို့လိုက်သည်။ ထိုအချိန်တွင် တင်းကြပ်လှသည့် အားကစားဝတ်စုံအား ဝတ်ဆင်ထားကာ မြင်းမြှီကဲ့သို့ ကျစ်ဆံမြှီး ကျစ်ထားသော ငယ်ရွယ်သော အမျိုးသမီးလေး တစ်ဦးသည် နုပျိုလှသော စွမ်းအင်များအား ထုတ်လွှတ်ရင်း ပြုံးလျှက် လျှောက်လာခဲ့သည်။
“ဆရာ ဘာပစ္စည်းများ လိုအပ်လို့ပါလဲ ကျွန်မတို့စီမှာ ရှိတဲ အားကစားပစ္စည်းတွေက ကျင်းဟိုင် တစ်မြို့လုံးမှာ အစုံဆုံးဖြစ်ပါတယ်ရှင့်”
ရဲ့ရှင်းချန်သည် ထိုနေရာသို့ တိုက်ရိုက်ရောက်လာသည်နှင့် အတူ ူသည်လည်း သဘာဝအတိုင်း သိပြီး ဖြစ်သည်။ သူသည် စကားလုံးများဖြင့် အချိန်မဖြုန်းတော့ပဲ တိုက်ရိုက် ပြောလိုက်သည်။
“မင်းတို့စီမှာ ရှိတဲ့ အကောင်းဆုံး ပစ္စည်း အားလုံးကို တစ်မျိုး ၁၀စုံစီ ငါ့စီ ယူလာခဲ့ပေး”
ငယ်ရွယ်သော မိန်းမပျိုလေးသည် ခေတ္တမျှ ကြက်သေ သေသွားခဲ့ကာ သူမနားကိုယ် သူမ မယုံနိုင် ဖြစ်သွားခဲ့သည်။ သူမသည် မယုံကြည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။
“ဆရာ တကယ် ပြောလိုက်တာလား”
ရဲ့ရှင်းချန်သည် အကူညီမဲ့သလို ခံစားလိုက်ရကာ တစ်လုံးချင်း ဖြေးညှင်းစွာ ပြန်လည်ပြောလိုက်သည်။
“အမျိုးအစား အားလုံးရဲ့ အဆင့်အမြင့်ဆုံး အကောင်းဆုံး အားကစားပစ္စည်းတွေကို တစ်မျိုးကို ဆယ်စုံ ယူလာပေးပါ ချက်ချင်း ပြေစာပါ တစ်ခါထဲ ထုတ်ပေးပါ ကျွန်တော် ငွေပါ တစ်ခါထဲ ရှင်းလိုက်မယ်”
၁၀စုံစီ ဝယ်ရသော အကြောင်းအရင်းမှာ ရေခဲခေတ်သည် မည်မျှ ကြာမည်အားလည်း မသိသလို တစ်သက်စာလည်း ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။ စက်ပစ္စည်းများသည် ပျက်စီးသွားနိုင်ကာ သူသည်လည်း မပြင်တတ်သောကြောင့် အရန်ရှိထားသည်မှာ သေချာရန် လိုအပ်သည်။
သူမသည် သေချာ အတည်ပြုလိုက်ပြီးနောက်တွင် သူမ၏ ကြက်သေသေသော အမူအရာများသည် ပျောက်ကွယ်သွားခဲ့ကာ အံ့အားသင့်မှုဖြင့် အစားထိုးသွားခဲ့သည်။ ထို့နောက် သူမ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် အနီရောင်သို့ ပြောင်းလဲသွားခဲ့သည်။
“ကောင်းပါပြီ ကောင်းပါပြီ ရှင်.... ခဏ စောင့်ပေးပါ ပြေစာပါ ထုတ်ပြီး ယူလာခဲပေးပါ့မယ်”
ထို မိန်းမပျိုလေးသည် စိတ်လှုပ်ရှားစွာဖြင့် ဗလုံးဗထွေး ပြောလိုက်သည်။ ယခုကဲ့သို့ ဈေးမဆစ်ပဲ အများကြီး ဝယ်သော ဝယ်သူသည် အမှန်ပင် ရှားပါးလှသည်။ ဤမျှ များလှစွာသော အားကစားပစ္စည်းများ ရောင်းချလိုက်ရခြင်းဖြင့် သူမအတွက် ကော်မရှင်ခ အများအပြား ရရှိလိမ့်မည် ဖြစ်သည်။ သူမသည် ပမာဏ အတိအကျ မတွက်ချက်နိုင်သေးပေ။ သို့သော် အနိမ့်ဆုံး သူမ၏ တစ်နှစ်စာ လစာနှင့် ညီမျှလိမ့်မည် ဖြစ်သည်။
“မန်နေဂျာဝမ် မန်နေဂျာဝမ် အောဒါကြီး အော်ဒါကြီး”
ထိုမိန်းမပျိုလေးသည် အံ့အားသင့်စွာဖြင့် ဆိုင်အတွင်းသို့ အောဟစ်ကာ ချက်ချင်း ပြေးဝင်သွားလိုက်သည်။ လူတိုင်းသည် သူမအား နားမလည်နိုင်သည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ မန်နေဂျာဝမ်၏ မျက်နှာသည် မဲမှောင်သွားကာ အေးစက်စွာဖြင့် မေးလိုက်သည်။
“ဘာလို့များ နင်ဒီလောက် ရေးကြီးခွင့်ကျယ် လုပ်နေရတာလဲ ဘယ်လို အော်ဒါမျိုးမို့လို့ နင် ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ”
အမျိုးသမီးငယ်လေးသည် ဝမ်းသာအားရ ပြောလိုက်သည်။
“ဒီဆိုင်မှာ ရှိတဲ့ အကောင်းဆုံး အားကစား ပစ္စည်းစက်တွေ တစ်မျိုးကို ၁၀စုံစီ”
မန်နေဂျာဝမ်သည်လည်းပဲ ခဏမျှ အေးခဲသွားခဲ့ကာ မအော်ဟစ်ပဲ မနေနိုင်တော့ပေ။
“နင် လာနောက်နေတာလား”
ဒီနေရာတွင် သူတို့ ရောင်းနေသည့် အားကစားပစ္စည်းများသည် အကုန်လုံး အဆင့်မြင့် ပစ္စည်းများ ဖြစ်သည်။ တိုင်နိုကျန်းမာရေးမှ ထုတ်လုပ်သော လေ့ကျင့်ရေး ကရိယာသည်ပင် ယွမ်၂၄၀၀၀၀ ကျော်လေသည်။ ထိုအရာသည် ယွမ် ထောင်ဂဏန်းလောက်သာ တန်သည့် ပစ္ဏည်းမျိုး မဟုတ်ပေ။
အကယ်၍ စက်ပစ္စည်း အားလုံး ၁၀မျိုးစီသာ ဆိုပါက အနည်းဆုံး ယွမ် ၆သန်းနှင့် ၇သန်းကျော်လောက် ကျသင့်မည် ဖြစ်သည်။ ထိုအရာအား အော်ဒါကြီးဟု သတ်မှတ်နိုင်ပေသည်။ သူတို့ ပြောဆိုနေသည်များအား ကြားလိုက်ချိန်တွင် ဆိုင်အတွင်းမှ လူတိုင်း၏ အမူအရာများသည် အံ့အားသင့်နေသော အမူအရာများ ဖြစ်သွားကြသည်။
“အိုး ဘုရားရေ အဲ့ဒါက အရမ်း လက်ဖွာတာ မဟုတ်ဘူးလား”
လေ့ကျင့်ခန်းလေး တစ်ခါလုပ်ဖို့ အတွက် ဒီလောက် ဈေးကြီးတဲ့ အဆင့်မြင့် ပစ္စည်းတွေကို ဒီလောက် ဝယ်တာ ဟုတ်လား”
“သူက ဆင့်မြင့် ဂျင် ခန်း ဖွင့်မလို့ ထင်တယ် မဟုတ်ရင် ဘယ်သူက ဒီလောက် ပစ္စည်းတွေကို တစ်ယောက်ထဲ အတွက် ဝယ်မှာတဲ့လဲ “
“အဓိပ္ပာယ် ရှိတယ်”
“......”