← Chapters

ချန်းရူအာ သူထံသို့ ပစ်ဝင်လာခြင်း

Vol. 1 Ch. 5

ချန်းရူအာ သူထံသို့ ပစ်ဝင်လာခြင်း

Vol. 1 Ch. 5

ဆိုင်ဝန်ထမ်းများနှင့် ဧည့်သည်များသည်သာမက မန်နေဂျာဝမ်သည်ပင် အတွေးတူနေခဲ့သည်။ သူသည် မျက်နှာချိုသွေးသည့် အပြုံးတစ်ခုနှင့် ချည်းကပ်လာပြီး ပြောလိုက်သည်။

“ဆရာ ကျွန်တော် ဆရာ့အတွက် ပြေစာ ထုတ်ခဲ့ပြီးပါပြီ ဘယ် အားကစားရုံကို ကျွန်တော် ပို့ဆောင်ပေးရမလဲ ခင်ဗျာ”

ရဲ့ရှင်းချန် ပြန်တုန့်ပြန်လိုက်သည်မှာ

“ကျွန်တော့် အိမ်ကိုပဲ ပို့ပေးပါ”

“.......”

မန်နေဂျာဝမ်သည် ခဏတာမျှ တွေဝေသွားခဲ့သည်။ ထို့နောက် သံသယဖြင့် မေးလိုက်သည်။

“ဆရာ ဆရာ့ အိမ်ကို ပို့ပေးရမှာ သေချာရဲ့လား”

“ဟုတ်တယ်”

ရဲ့ရှင်းချန်သည် မျက်မှောင်ကြုတ်လျှက် ပြန်မေးလိုက်သည်။

“ပြသာနာ ရှိလို့လား”

“အိုး မရှိပါဘူး မရှိပါဘူး ကျွန်တော်တို့ ဒီဘက်မှာ ငွေပေးချေမှုကိစ္စကို တစ်ခါထဲ ဆောင်ရွက်ပေးလိုက်ပါ့မယ်”

ထို့နောက် ရဲ့ရှင်းချန်သည် ယွမ် ၇သန်း နှင့် ရှစ်သိန်းအား မည်သည့် တွေဝေမှုမှ မရှိပဲ တစ်ခါထဲ ပေးချေလိုက်သည်။ သူသည် “မင်းငွေပေးသလောက် ပြန်ရမယ်”ဆိုသည့် မူကို ယုံကြည်ပေသည်။ ထို့အပြင် ကမ္ဘာပျက်ကပ်အတွင်း ကမ္ဘာတစ်ဝှမ်းလုံး ဆိုင်ရာ စီးပွားရေး စတစ် ပြိုလဲသွားပြီးနောက်တွင် ငွေစက္ကူများသည် အသုံး မဝင်တော့ပေ။ မီးမလောင်နိုင်သည့် သဘာဝကြောင့် စက္ကူစုတ်များလောက်ပင် တန်ဖိုး မရှိတော့ပေ။

ထို့အတွက် ငွေသုံးသည့် အချိန်တွင် သူသည် အနည်းငယ်မျှပင် နောင်တရမှု နှမြောမှုများ မဖြစ်မိပေ။ သူ၏ စိတ် အတွင်း အစီစဉ် တစ်ခုပင် ရှိနေသေးသည်။ သူပိုင်ဆိုင်သည့် စူပါမားကတ်ဆိုင်ခွဲများအား မကြာခင် ရောင်းထုတ်ပစ်မည်။ အကယ်၍များ မရောင်းရခဲ့လျှင် အရင်းအမြစ်များ ပိုရရန်အတွက် ထိုအရာများအား အပေါင်အဖြစ် အသုံးချမည် ဖြစ်သည်။

ပို့ဆောင်ရမည့် လိပ်စာအား ပေးပြီးနောက်တွင် ရဲ့ရှင်းချန်သည် ကွန်ပြူတာနှင့် တခြား ဂိမ်းပစ္စည်းများ ရောင်းသည့် ဆိုင်သို့ သွားခဲ့သည်။ စက်ပစ္စည်းများသည် ပျက်လွယ်ကာ သူသည်လည်း မပြင်တတ်သည့်အတွက် သူသည် မြင်သမျှ ဖျော်ဖြေရေးစက် အမျိုးအစားတိုင်း အစုံ၁၀၀ စီ ဝယ်ယူလာခဲ့သည်။

ထို့နောက် သူသည် အဝတ်အစား အထည်ဆိုင်သို့ သွားကာ ဂိုထောင် အတွင်း ရှိသည့် သိုလှောင်ထားသော သူ၏ အရွယ်အစားနှင့် ကိုက်ညီသည့် အထည်များ အားလုံးကို ဝယ်ယူလိုက်သည်။ ထို့နောက် သူသည် စိတ်လွတ်လက်လွတ် စျေးမဆစ်ပဲ စျေးဝယ်နေခြင်းသည် လမ်းလျှောက်စျေးတန်း ပေါ်ရှိ ဆိုင်ရှင်များ အကြားတွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။ စျေးမဆစ်ပဲ အော်ဒါကြီးမှာနေသည့် သူဌေးတစ်ဦးအကြောင်း သူတိူ့ သိသွားကြချိန်တွင် ရဲ့ရှင်းချန်အား သူတိူ့၏ ဆိုင်သို့ မျက်နှာသာပေးကာ ဝင်ရောက်လာမည်ကို မျှော်လင့်နေခဲ့ကြသည်။

တစ်ဖက်တွင် ချန်းရူအာသည် ရဲ့ရှင်းချန်နှင့် လုံးဝ အဆက်သွယ် ပြတ်တောက်သွားသည့်အတွက် ဒေါသထွက်ကာ အိမ်တွင်ရှိသမျှ ပစ္စည်းများအား ရိုက်ခွဲ ဖျက်စီးနေတော့သည်။

“ခွေးကောင်”

“ခွေးသူတောင်းစား သူ ဘယ်လိုတောင် မောက်မာရဲတာလဲ”

“သူကများ ဘာလို့ ငါ့ကို ဒီလို ဆက်ဆဲရတာလဲ ငါ့လို ချောမောတဲ့ ကောင်မလေးမျိုးကို ရမှာက သူ့ရဲ့ ရှစ်ဘဝစာ ကုသိုလ်ကံပဲ “

“ငါ့ကိုများ သူငယ်ချင်း စာရင်းကဖျက်ပြီး ငါ့ဖုန်းတွေကိုပါ ပိတ်ထားတာ သူ့ကိုသူ ဘာထင်နေတာလဲ”

“.....”

ရိုင်းရိုင်းစိုင်းစိုင်း ကျိန်ဆဲပြီးနောက်တွင် ချန်းရူအာသည် တဖြေးဖြေး တည်ငြိမ်လာခဲ့ကာ ယခု ဖြစ်ပျက်နေသည့် အခြေအနေများအား မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေခဲ့သည်။ ရဲ့ရှင်းချန် ပြောသည်မှာ မှန်ပေသည်။ သူမသည် တစ်ချိန်ထဲမှာပင် အခြားသော ဒုတိယမျိုးဆက် သူဌေးသား တစ်ဦးအား တစ်ပြိုင်နက် တွဲနေခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ထို ဒုတိယမျိုးဆက် သူဌေးသား သည် သူမအပေါ်တွင် သန်းချီ သုံးဖြုန်းပြီးနောက်တွင် သူလိုချင်တာ မရသည့်အတွက် သူမအား ကျိန်ဆဲကာ အဆက်ဖြတ်သွားခဲ့သည်။

အလုပ်အကိုင် မရှိပဲ ချမ်းသာသည့် မိန်းမချော တစ်ယောက်ပုံစံ ကို ထိန်းသိမ်းနိုင်ရန် အတွက် နေ့စဉ် ကုန်ကျစားရိတ်များပြား နေချိန်တွင် ငွေထုတ်ပေးသည့် နွားတစ်ကောင် မရှိပါပဲ သူမသည် မည်သို့ ရပ်တည်နိုင်လိမ့်မည်နည်း။

“မဖြစ်ဘူး ငါ ရဲ့ရှင်းချန်ကို လက်လွှတ်လို့ မရဘူး ငါ သူ့ကို ဆက်ထိန်းချုပ်ထားရမယ် အကယ်လို့ ငါ့ဘက်က ဒီထက် ပွင့်ပွင့်လင်းလင်း ချည်းကပ်ရမယ်ဆိုရင်တောင်မှ သူ့ကို ဆက်ထိန်းချုပ်ထားရမယ်”

ချန်းရူအာသည် သူမဘာသာ ဆက်လက်၍ တီးတိုးရေရွတ်နေရင်း သူမ၏ မျက်လုံးများသည် လောဘဇောကြောင့် အရောင်တောက်လာခဲ့သည်။

“ငါသာ သူ့အိမ်ကို သွားပြီး သူ့ကို ချည်းကပ်လိုက်မယ်ဆိုရင် ငါ့ကိုငါ ဆန္ဒရှီၕှီနဲ့ ပုံအပ်ပြီး အနမ်းပါ ခြွေလိုက်ရင် သူကို ငါ ပြန်ထိန်းချူပ်နိုင်ပြီးတော့ ငါ့အမိန့်ကို နာခံလာလိမ့်မယ်” (ကွကို အထင်ကြီးနေလိုက် အဲ့မှာ ရွံထှာ)

သူမသည် သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အား အလွန်အမင်း ယုံကြည်မှု ရှိနေခဲ့ကာ အရေးကြီးသည့် အချက်မှာ သူမသည် ရဲ့ရှင်းချန်အား အရင်ကကဲ့သို့ နောက်လိုက် ခွေးတစ်ကောင်လို သတ်မှတ်ထားဆဲ ဖြစ်နေခဲ့သည်။ ယနေ့ ဖြစ်ခဲ့သည့် ကိစ္စများသည် အသေးအဖွဲ နောက် တစ်လှမ်းဆုတ်လိုက်ရရုံလေး တစ်ခုသာ ဖြစ်သည်။ သူမသာ သနားစရာကောင်းကာ နောင်တရနေသည့် မိန်းကလေး တစ်ဦးလို သရုပ်ဆောင်ကာ မျက်ရည်အနည်းငယ် ကျပြခဲ့လျှင် ရဲ့ရှင်းချန်အား ပြန်လည် နာခံလာအောင် လုပ်၍ မရနိုင်ပေလား။

“ဒီတစ်ခါ အောင်မြင်သွားရင် ငါ မြန်မြန်ဆန်ဆန် သူ့ချမ်းသာမှုတွေကို အပိုင်ယူလိုက်ရမယ် ပြီးရင် သူ့ကို အရှက်ခွဲမယ် ပြီးရင် နောက်ချမ်းသာတဲ့ သူဌေးသား တစ်ယောက်ကို ရှာမယ်”

ထိုသို့ တွေးလိုက်ပြီးနောက် ချန်းရူအာသည် အေးဆေး တည်ငြိမ်သွားခဲ့ကာ ရဲ့ရှင်းချန် ကြိုက်တတ်သည့် မိတ်ကပ်ပါးပါးလေးအား ဂရုတစိုက် လိမ်းကာ အပြစ်ကင်းစင်သည့် ပုံစံ ပေါက်နေသည့် အဝတ်အစားများအား လဲလှယ်ဝတ်ဆင်လိုက်ကာ ရဲ့ရှင်းချန် သူမအား ဝယ်ပေးထားသည့် Panameraကား အတွင်း သို့ ဝင်ကာ ရဲ့ရှင်းချန် ဗီလာသို့ မောင်းလာခဲ့လိုက်သည်။

သူမ ဗီလာသို့ ရောက်ချိန်တွင် သူမ၏ ရှေ့မှ မြင်ကွင်းကြောင့် ကြက်သေသေသွားခဲ့သည်။ ထရပ်ကားများသည် ဝင်ပေါက်တွင် ရပ်ထားကာ အလုပ်သမားများသည် အလုပ်ရှပ်နေခဲ့ကာ ဗီလာ အတွင်းသို့ ပစ္စည်းများအား ရွေ့ပြောင်းနေခဲ့ချိန်တွင် ရဲ့ရှင်းချန်သည် ဗီလာ၏ ဝင်ပေါက်တွင် ရပ်နေကာ ညွှန်ကြားနေခဲ့သည်။

“သူ ဘာတွေ လုပ်နေတာလဲ”

ချန်းရူအာသည် ပဟေဠိဖြစ်စွာ ကြည့်နေလိုက်သော်လည်း သူမ စိတ်ထဲ မထားခဲ့ပေ။ ကားပေါ်မှ ဆင်းလာပြီးနောက်တွင် သူမသည် ရဲ့ရှင်းချန်ထံသို့ လျှောက်လာခဲ့သည်။ မူလက ဒေါသထွက်ကာ မကျေမချမ်း ဖြစ်နေသည့် မျက်နှာ အမူအရာသည် အချိန်ခဏလေး အတွင်း သနားစရာကောင်းစွာ ပူဆွေးသောက ရောက်ပြီး နောင်တရနေသည့် ပုံစံ ပြောင်းလဲသွားခဲ့သည်။

ရဲ့ရှင်းချန်သည် သူမ၏ အမူအရာအား သတိပြုမိလိုက်ကာ ခဏမျှ တုံ့ဆိုင်းသွားခဲ့သော်လည်း သူ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်သွားခဲ့ကာ မထီမဲ့မြင် အရိပ်အယောင် တစ်ခု ဖြစ်သွားခဲ့သည်။

အကယ်၍ ကမ္ဘာပျက်ကပ်တွင် ရက်စက် ကြမ်းကြုတ်သည့် နတ်ဆိုး တစ်အုပ်အား ဆွဲဆောင်မိစေလောက်အောင် ချန်းရူအာသည် သူ့အား ဖြားယောင်းကာ တံခါးဖွင့်ခိုင်းခဲ့သည်မှာ မဟုတ်ခဲ့လျှင် ....

ထို ရက်စက်ကြမ်းကြုတ်သည့် လူများ၏ ရှေ့တွင် ချန်းရူအာသည် ဒူးထောက်ကာ ထိုသူများ စိတ်ကျေနပ်စေရန်အတွက် အငမ်းအရ ပါးစပ်ဟပေးနေသည်ကို သူမျက်မြင် မတွေ့ခဲ့ရလျှင်....

အစားအစာများ ပြတ်လတ်သွားပြီးနောက်တွင် သူ့အား စားသုံးရန် ချန်းရူအာ အကြံပေးနေသည်ကိုသာ မမြင်ခဲ့ရလျှင် သူသည် သူမအား ယုံကြည်မိပေလိမ့်မည်။

အတွက်အချက်တော်လိုက်တဲ့ အကြံသမားမ

သရုပ်ဆောင်ကောင်းလွန်းတဲ့ အကယ်ဒမီ မင်းသမီး

ထိုအချိန်တွင် ချန်းရူအာသည် သူ၏ အနားသို့ သနားစဖွယ်ကောင်းသည့် အမူအရာဖြင့် ရောက်ရှိလာခဲ့သည်။

ကျွန်မ တောင်းပန်ပါတယ် ရဲ့ရှင်းချန် အရင်က ကျွန်မ မှားခဲ့တယ် ကျွန်မ ရှင့်ကို အကြာကြီး မစမ်းသပ်သင့်ပါဘူး “

“ဒီနေ့ ကျွန်မ ရှင့်ကို ချစ်နေတယ်ဆိုတာကို သတိထားမိသွားတယ် ကျွန်မ ရှင် မရှိပဲ မနေနိုင်ဘူး’

ထိုသို့ ပြောဆိုရင် ချန်းရူအာသည် ရဲ့ရှင်းချန် နှင့် တစ်မီတာ အကွာသို့ ရောက်လာခဲ့သည်။ သူမ၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့သည်။

“ရဲ့ရှင်းချန် ကျွန်မ ရှင်နဲ့ တူတူ ရှိချင်တယ်”

“ဘယ်သူမှ ကျွန်မတို့ကို မခွဲနိုင်စေရဘူး”

“ကျွန်မကို အခွင့်ရေး ထပ်ပေးပါ ဟုတ်ပြီလား”

ဤသို့ဖြင့် ချန်းရူအာ၏ မျက်လုံး အတွင်းများ မျက်ရည်များ လျှံကျလာခဲ့ကာ ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။ သူမသည် သစ္စာရှိကာ စစ်မှန်သည့် အချစ်ကြီးသော မိန်းကလေးတစ်ဦး၏ ပုံစံအား ပီပြင်စွဦ သရုပ်ဆောင်ပြနေခဲ့သည်။ ထိုမြင်ကွင်းအား ရဲ့ရှင်းချန် မြင်သော် သူသည် လက်ခုပ်တီးအား အားမပေးပဲ မနေနိုင်တော့ပါချေ။

“ပြောင်မြောက်လိုက်တာကွာ မင်းရဲ့ သရုပ်ဆောင်ချက်တွေက တကယ်ကို အထင်ကြီးစရာ ကောင်းလိုက်တာ စိတ်မကောင်းစရာက မင်းက ဟောလိဝုဒ်မှာ မရှိတာ နှမြောစရာပဲ “

“မအံ့သြတော့ပါဘူး ကမ္ဘာပျက်ကပ်မှာ အရမ်း သန်မာပါတယ်ဆိုတဲ့ သူတွေတောင် သေဆုံးကြရပေမဲ့ မင်းလို မိန်းမမျိုးက ဒီလောက် ကြာကြာ အသက်ရှည်နိုင်တာ တကယ် အံ့သြစရာ မရှိဘူး”

“လေးစားပါတယ် လေးစားပါတယ်ကွာ”

ချန်းရူအာ ခဏတာ စိတ်ရှုပ်သွားခဲ့သည်။ သူမသည် ကမ္ဘာပျက်ကပ်ဆိုသည့် စကားလုံးအား နားမလည်သော်လည်း ရဲ့ရှင်းချန်၏ စကားသည် သူမအား ချီးကျူးနေသည်မှာ မဟုတ်မှန်းတော့ သိသေးသည်။ ရှုပ်ထွေးမှုနှင့် မရေရာမှုများ သူမ၏ မျက်လုံးအတွင်း လက်သွားပြီးနောက်တွင် သူမကိုယ် သူမ ထိန်းချုပ်လိုက်ကာ တိုးတိတ်စွာ ရှိုက်ငိုလိုက်သည်။

“ရဲ့ရှင်းချန် ကျွန်မ တောင်းပန်ပါတယ် ကျွန်မကို ထပ်ပြီး စိတ်မဆိုးပါနဲ့တော့ ကျွန်မ ရင်တွေ နာလှပါပြီ”

ဤသို့ ပြောရင်း ချန်းရူအာသည် ရဲ့ရှင်းချန်၏ လက်မောင်း အတွင်းသို့ အားကုန်ပစ်ဝင်ခဲ့ကာ သူ့အား တင်းကျပ်စွာ ဖက်တွယ်ထားလိုက်သည်။

ထိုအပြုအမူသည် ရဲ့ရှင်းချန် မျှော်လင့်မထားသောကြောင့် ခဏတာ ကြက်သေသေသွားခဲ့သည်။ ထိုအခွင့်ရေးအား အမိအရယူကာ ချန်းရူအာသည် အနမ်းပေးရန် လုပ်လိုက်သော်လည်း ရဲ့ရှင်းချန်သည် အချိန်မှီ တုန့်ပြန်လိုက်ကာ ရုတ်တရက် ပါးဖြတ်ရိုက်လိုက်သည်။

“ဖြန်း”

ပြတ်သားကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့ကာ ချန်းရူအာ အေးခဲသွားခဲ့သည်။ ရဲ့ရှင်းချန်သည် တစ်ဖက်တွင် နံရံဘက်သို့ လှည့်ကာ အန်ချင်စိတ်အား အတင်းအကျပ် ထိန်းချုပ်လိုက်ရသည်။ သူ၏ မျက်နှာသည် ဖြူရော်သွားခဲ့ကာ ရွံစရာကောင်းသည့် အရာတစ်ခုအား နင်းမိလိုက်သလိုမျိုး သူ၏ မျက်လုံးအတွင်း ရွံရှာမှူများကို မြင်တွေ့လိုက်ရသည်။ (MC မပြောနဲ့ မင်မင်တောင် စာရေးရင်းနဲ့ အန်ချင်လာတယ်)

“အား”

ကမ္ဘာပျက်ကပ်တွင် ချန်းရူအာ၏ အပြုအမူများ လုပ်ရပ်များသည် လူတစ်စုရှေ့တွင် ကျိုးနွံ ဝပ်တွားနေသည့် ခွေးတစ်ကောင်လို ပုံစံသည် သူ၏ စိတ်အတွင်း အဆက်မပြတ် ပေါ်လာခဲ့သည်။

အကယ်၍ ကမ္ဘာပျက်ကပ်သည် အမှန်တကယ် မရောက်လာပဲ ကမ္ဘာကြီးတွင် စည်းမျဉ်း ဥပဒေတွေသာ မရှိခဲ့လျှင် သူသည် ချန်းရူအာအား ယခုနေရာတွင်ပင် သတ်ပစ်လိုက်မိမည် ဖြစ်သည်။ ခဏတာ ထိတ်လန့်အံ့သြသွားပြီးနောက် ချန်းရူအာ၏ ပုံစံသည် ရန်လိုသော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။

“အန်ချင်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ ရှင်အတွက် ကျွန်မက လုံလောက်အောင် မကောင်းဘူးလို့ ရှင်ထင်နေတာလား”

“ရှင့်ကိုရှင် ဘာထင်နေတာလဲ ရှင်က ဘာကောင်မို့လို့လဲ”

“ကျွန်မကိုများ ရှင်က ရိုက်ရဲတယ်”

“ရှင့်ကို တရားစွဲပြီး ထောင်ထဲ ပို့ပစ်မယ်”

“......”

ချန်းရူအာ၏ ပုံစံသည် ကြောက်စရာကောင်းလာခဲံကာ ဆက်လက်အော်ဟစ်နေရင်း နားစည်ကွဲမတက် အော်သံများကြောင့် ရဲ့ရှင်းချန်၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။

သူသည် သူ၏ ပါးစပ်အား တစ်ရှုးဖြင့် သုတ်လိုက်ကာ ချန်းရူအာအား ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်ကာ အေးစက်စွာဖြင့် ပြောဆိုလိုက်သည်။

“ဟုတ်တယ် ငါ အန်ချင်တယ် ဘာလို့လဲဆိုတော့ မင်း ငါ့ ခန္ဓာကိုယ်ကို ထိလို့ကို ငါ အန်ချင်တာ အဲ့လို အပြုအမူက ငါ့ကို ပျို့အန်မိလောက်အောင်ကို ရွံဖို့ ကောင်းလို့လေ”

ထိုနေရာတွင် ရဲ့ရှင်းချန်သည် ခဏရပ်လိုက်ပြီး သူရဲ့ အသံအား မြှင့်ကာ အထင်အမြင်သေးဟန်ဖြင့် ဆက်လက်ပြောဆိုလိုက်သည်။

“တရားစွဲမယ် ဟုတ်လား မင်းကို ငါက လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ပြန်တရားစွဲမှာမို့လို့ တရားရုံးက ဆင့်ခေါ်စာကို စောင့်ပြီး ပြင်ဆင်ထားလိုက်”

All Chapters