← Chapters

ရဲရှင်းချန် - ကမ္ဘာပျက်ကပ် ရောက်ရှိရန် တစ်လအလို

Vol. 1 Ch. 7

ရဲရှင်းချန် - ကမ္ဘာပျက်ကပ် ရောက်ရှိရန် တစ်လအလို

Vol. 1 Ch. 7

စားပွဲဝိုင်း တစ်ထောင် ဆိုသည့် အရေအတွက်အား ကြားလိုက်ရသောအခါ စားပွဲထိုးလေးမှာ အံ့အားသင့်ကာ ကြောင်အ သွားလေတော့သည်။ စားပွဲဝိုင်း တစ်ထောင်ဆိုသည်မှာ ယွမ်ငွေ ၂.၈၈ သန်း အထိ ကြီးမားလှသော ပမာဏ ကျသင့်မည် ဖြစ်သည်။

မည်သူကများ ရူးနှမ်းစွာဖြင့် ဤမျှ များပြားလှသည့် စားပွဲဝိုင်း အများကြီးအား ဘိုကင်လာလုပ်နေရသနည်း။ ထို့အပြင် တစ်ဝိုင်းလျှင် ၂၈၈၈ ယွမ်တန် စံသတ်မှတ်ချက်နှုန်းထားအရ များအရ လူကြီး ဆယ်ယောက်စွာ လုံလောက်လေကာ စားပွဲဝိုင်းတစ်ထောင်ဆိုသည်မှာ လူဦးရေ တစ်သောင်းအား ဧည့်ခံကျွေးမွေးခြင်းဟု အဓိပ္ပာယ်သက်ရောက်လေသည်။

မည်ကဲ့သို့ သူများတွင် ဆွေမျိုးမိတ်သင်္ဂဟ ထိုမျှလောက် များပြားနိုင်ရမည်နည်း။ ထို့အပြင် ထိုမျှ များပြားလှသည့် စားပွဲဝိုင်းများအား မည်သည့် နေရာတွင် ထားကြမည်နည်း။ စားပွဲထိုးလေးသည် သူမ နားကြားလွဲသွားသည်ဟု ထင်မှတ်ကာ ထပ်မံ၍ မေးမြန်းလိုက်သည်။

“လူကြီးမင်းရှင့် စားပွဲဝိုင်း ဘယ်လောက်များ မှာချင်တယ်လို့ ပြောလိုက်တာပါလဲ ရှင်”

ရှန်ဂရီလာ ဟိုတယ်တွင်လည်း အလားတူ အခြေအနေမျိုး ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သည့်အတွက် ရဲရှင်းချန်သည် လေးနက်သော ဟန်အမူအရာဖြင့်သာ ရှိနေသည်။ သူသည် ပြတ်သားစွာဖြင့် ပြောဆိုလိုက်သည်။

“စားပွဲဝိုင်း တစ်ထောင်ပါ ပိုက်ဆံ ချက်ချင်း ချေပေးမယ်”

ရဲ့ရှင်းချန် ထပ်မံ၍ ဖြည့်စွက် ပြောလိုက်သည်။

“ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး”

ယခုအခါတွင်တော့ စားပွဲထိုးလေးမှာ လုံးဝ ဆွံ့အသွားတော့လေသည်။ သူမသည် ရဲရှင်းချန်ကို ငါးစက္ကန့်မျှ ကြာအောင် စိုက်ကြည့်နေ ပြီးချိန်တွင် သူမ၏ စိတ်အား ပြန်လည်စုစည်းကာ အံ့အားသင့်ဟန်သံဖြင့် ပြောလိုက်လေသည်။

“လူကြီးမင်း ၂၈၈၈ ယွမ်တန် စားပွဲဝိုင်း တစ်ထောင် မှာမယ်လို့ ပြောလိုက်တာလားရှင်”

ခဏတာအတွင်း ချွမ်းရှန်ချင်း စားသောက်ဆိုင်အတွင်းရှိ ဧည့်သည်များနှင့် ဝန်ထမ်းများအားလုံး၏ အကြည့်များသည် ရဲရှင်းချန်ထံသို့ ရောက်ရှိလာကြကာ သူတို့၏ မျက်လုံးများ အတွင်း၌ အံ့သြ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

စားပွဲဝိုင်း တစ်ထောင်ဆိုသည့် အရေအတွက်သည် ရိုးရိုးရှင်းရှင်းပင် အမှန်တကယ် မယုံနိုင်စရာ ကောင်းလွန်းလှပေသည်။ တစ်ဖက်မှ ရဲရှင်းချန်မှာမူ ကြိတ်မှိတ် သည်းခံသည့် ဟန်အမူအရာဖြင့် ထပ်မံပြောဆိုလိုက်ရသည်။

“ဟုတ်တယ် စားပွဲဝိုင်း တစ်ထောင်ပါ”

သူသည် ဤအရေအတွက်အား ကျပန်းမှာယူခဲ့ခြင်း မဟုတ်ဘဲ သေချာစွာ စဉ်းစားတွက်ချက်ပြီးမှ မှာယူခဲ့ခြင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤစားသောက်ဆိုင်မှ မီနူးများအား ကြည့်ရှုခဲ့ပြီးဖြစ်ရာ စားပွဲဝိုင်းတစ်ဝိုင်းသည် သူ့အတွက် တစ်ပတ်စာ စားသောက်ရန် လုံလောက်သည်။ စားပွဲဝိုင်း တစ်ထောင်ဆိုလျှင် သူ့အတွက် ရက်သတ္တပတ် တစ်ထောင်စာ လုံလောက်ပေလိမ့်မည်။ တစ်နှစ်လျှင် ၅၂ ပတ်ရှိဖြစ်ရာ တွက်ချက်ကြည့်လျှင် ဤပမာဏသည် သူ့အတွက် ၁၉ နှစ်စာမျှသာ ခံလိမ့်မည် ဖြစ်သည်။

မမျှော်လင့်ထားသော အဖြစ်အပျက်များ မရှိခဲ့လျှင် သူသည် နှစ်ပေါင်း ၆၀ ခန့်အထိ အသက်ရှင် နေနိုင်ဦးမည်ဖြစ်ရာ ဤစီချွမ်းဟင်းလျာ စားပွဲဝိုင်း တစ်ထောင်သည် လုံလောက်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဤတွက်ချက်မှုတွင် သူ၏ ကာကွယ်ရေးစခန်း၌ အိမ်ရှင်မတစ်ဦး ရှိလာနိုင်ခြေ သို့မဟုတ် သားသမီး မြေးမြစ်များ ရရှိလာနိုင်ခြေအား ထည့်သွင်း စဉ်းစားထားခြင်း မရှိသေးချေ။ နောက်ဆုံးတွင် ရေခဲခေတ် ကပ်ဘေးသည် မည်မျှ ကြာရှည်မည်အား မည်သူမျှ မသိနိုင်ကြသလို ချန်းရူအာကဲ့သို့ လူစားမျိုးကြောင့်နှင့် သူသည် အမျိုးသမီးအားလုံးအပေါ် စိတ်ကုန်သွားခြင်းမျိုးလည်း ဖြစ်နိုင်မည် မဟုတ်ပေ။

ခိုလုံရေးစခန်းတွင် လူဦးရေ တိုးပွားလာသည် နှင့်အမျှ ဤစားပွဲဝိုင်း တစ်ထောင်သည် များပြားသည်ဟု ထင်ရသော်လည်း ကြာရှည်ခံလိမ့်မည် မဟုတ်ပေ။

စူပါမားကတ်ထဲတွင် မုန့်များနှင့် သစ်သီးများစွာ ရှိသော်လည်း စားဖိုမှူးများ ကိုယ်တိုင်ချက်ပြုတ်ထားသော အရသာရှိသည့် ဟင်းလျာများနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

သူ၏ သေချာစွာ စဉ်းစားဆုံးဖြတ်ထားသော ဤလုပ်ရပ်သည် စားပွဲထိုးလေးနှင့် အခြားသူများ၏ မျက်လုံးထဲတွင်တော့ ရူးသွပ်မှုတစ်ခုဟု ထင်မြင်နေကြလေသည်။ စားပွဲထိုးလေးသည် အတော်ကြာအောင် ကြောင်အနေခဲ့ပြီးမှ နောက်ဆုံးတွင် လက်တွေ့ အဖြစ်အပျက်များအား လက်ခံလိုက်တော့သည်။ သူမ အလျင်စလို ပြောလိုက်သည်။

“တောင်းပန်ပါတယ် လူကြီးမင်း လူကြီးမင်း မှာတဲ့ စားပွဲဝိုင်းအရေအတွက်က အရမ်းကို များပြားလွန်းနေပါတယ် အဲ့ဒါကြောင့် ကျွန်မအနေနဲ့ ဆုံးဖြတ် မပေးနိုင်ပါဘူး ခဏလောက် စောင့်ပေးပါ ဆိုင်ပိုင်ရှင်ကို သွားခေါ်ပေးပါ့မယ်”

ထို့နောက်တွင် ဆိုင်ပိုင်ရှင်ကိုယ်တိုင် ထွက်လာခဲ့သည်။

ရဲရှင်းချန် နောက်မနေကြောင်း သေချာစေရန် မေးခွန်းများ မေးမြန်းပြီးနောက်တွင်လည်း ရဲရှင်းချန်သည် ငွေအကျေချေလိုက် ပြီးသည့် အချိန်ထိ သူ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ထို့နောက်တွင် သူသည် အတိုင်းအဆမဲ့ ပျော်ရွှင်သွားတော့သည်။ စားသောက်ဆိုင်လုပ်ငန်း၏ အကြမ်းဖျင်းအမြတ်ငွေ ၆၀ ရာခိုင်နှုန်းဖြင့် တွက်ချက်ကြည့်လျှင်ပင် ဤအော်ဒါတစ်ခုတည်းဖြင့်ပင် ဆိုင်ပိုင်ရှင်သည် ၁.၇၂ သန်း ယွမ်အား ရရှိမည်ဖြစ်သည်။

ချက်ပြုတ်ပြင်ဆင်ပြီးသော ဟင်းပွဲများအား သူ၏ ဗီလာဆီသို့ ပို့ဆောင်ပေးရန် မှာကြားပြီးနောက် ရဲရှင်းချန်သည် ထပ်မံ၍ အချိန်ဆွဲမနေတော့ချေ။

သူသည် ကန်တုံ စားသောက်ဆိုင် တစ်ခုသို့ ရောက်ရှိလာခဲ့ပြီး ထိုနေရာတွင်လည်း စားပွဲဝိုင်း တစ်ထောင် ထပ်မံ၍ မှာယူလိုက်လေသည်။

စီချွမ်းဟင်းလျာများသည် အရသာရှိသော်လည်း နေ့တိုင်း စား၍မဖြစ်ချေ။ အချိန် ကာလတစ်ခု ကြာလာ သည်နှင့်အမျှ မည်သူမဆို ငြီးငွေ့လာကြ လိမ့်မည်ဖြစ်သည်။

ထို့နောက်တွင်တော့ ရှန်းဒေါင်ဟင်းလျာ၊ ဟူနန်ဟင်းလျာ... ရဲရှင်းချန်သည် တရုတ်ပြည်၏ အဓိက ဟင်းလျာပုံစံ (၈) မျိုးလုံး အတွက် စားပွဲဝိုင်းများ လိုက်လံ ဘိုကင်တင်ကာ မှာယူလိုက်သည်။

မကြာမီ အချိန်အတွင်း မှာပင် ကျင်းဟိုင်မြို့၏ အစားအသောက် လောကတွင် ချမ်းသာသော ဖောက်သည်တစ်ဦးသည် ရူးသွပ်စွာဖြင့် စားပွဲဝိုင်းများ လိုက်လံ မှာယူနေသည်ဟူသည့် သတင်းများ ပျံ့နှံ့သွားတော့သည်။

ထိုသူ အဘယ်ကြောင့် ယခုလို စားပွဲဝိုင်းများအား အများအပြား မှာယူနေရသည် ဆိုသည်အား လူတိုင်းမှ ခန့်မှန်းပြောဆိုနေကြသည်။

ထို့နောက် ရဲရှင်းချန်သည် ဝိုင်နှင့် အရက်များ ရောင်းချသည့် ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာလေသည်။

အစားအသောက် တစ်မျိုးတည်းရှိရုံဖြင့် မလုံလောက်ပေ။ အဖျော်ယမကာများလည်း လိုအပ်ပေသေးသည်။ သူတို့၏ စူပါမားကတ်ဆိုင်ခွဲများတွင် အချိုရည်နှင့် အဖျော်ယမကာ အများအပြား ရှိသော်လည်း အများစုမှာ သာမန်ပြည်သူများအတွက် ရည်ရွယ်သော အဆင့်နိမ့် ထုတ်ကုန်များသာ ဖြစ်သည်။ အရည်အသွေးရော အရသာပါ အများကြီး နိမ့်ကျလှသည်။

မည်သို့ပင်ဖြစ်စေ ယွမ်သန်း ၅၀ အား ယခုအချိန်တွင် မသုံးစွဲလိုက်လျှင် ကမ္ဘာပျက်ကပ် ရောက်လာသည့် အချိန်တွင် တန်ဖိုးမရှိသော စက္ကူစုတ်များသာ ဖြစ်သွားပေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ယခု သုံးလိုက်ခြင်းသည် ပို၍ ကောင်းပေသည်။

သူသည် အရက်အတွက် ယွမ် ၅ သန်း အထိ သုံးစွဲလိုက်ပြီးနောက် ကျေနပ်အားရစွာဖြင့် သူ၏ ဗီလာသို့ ပြန်လာခဲ့လိုက်သည်။ မကြာမီမှာပင် အရက်ဖာများ တင်ဆောင်လာသည့် ကုန်တင်ကားကြီး တစ်စီးသည်လည်း ဗီလာသို့ ရောက်ရှိလာလေသည်။

ရဲရှင်းချန်သည် အလုပ်သမားများအား အရက်ဖာများ ချခိုင်းလိုက်သည်။ မကြာမီမှာပင် သူ ရွံရှာမိသော ချန်းရူအာသည် ထပ်မံပေါ်လာပြန်သည်။ သို့သော် ယခု တစ်ကြိမ်တွင် သူမနှင့် အတူ ချူယောင် ဆိုသည့် မိန်းမပါ ပါလာခြင်းဖြစ်သည်။ ချူယောင်သည် ရဲရှင်းချန်အား မြင်လိုက်သည်နှင့် တစ်ပြိုင်နက် တရစပ် ပြစ်တင်ဝေဖန်တော့သည်။

“ရှင်က ယောကျ်ားတစ်ယောက်ဖြစ်ပြီး ဘယ်လိုလုပ် မိန်းမတစ်ယောက်ကို ရိုက်ရက်တာလဲ မိန်းမတွေဆိုတာ ဂရုစိုက်ခံရဖို့ပါ ရိုက်နှက်ခံရဖို့ မဟုတ်ဘူး”

သူမသည် ချန်းရူအာ၏ ရောင်ရမ်းနေဆဲဖြစ်သော ပါးပြင်အား ထိကိုင်လိုက်ပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။

“ကြည့်စမ်း ရှင် သူ့ကို ဘယ်လိုပုံစံ ဖြစ်အောင် လုပ်လိုက်သလဲဆိုတာ ရှင့်လုပ်ရပ်က ဥပဒေနဲ့ မလွတ်ကင်းဘူးဆိုတာရော သိရဲ့လား”

ဤနေရာသို့ လာခဲ့သည့် လမ်းတစ်လျှောက်လုံးတွင် သူမသည် ချန်းရူအာနှင့် မဟာဗျူဟာများ တိုင်ပင်လာခဲ့ပြီးဖြစ်လေသည်။ သူတို့၏ အစီအစဉ်သည် ယမန်နေ့မှ ရဲရှင်းချန် ပြုလုပ်ခဲ့သည့် ကိစ္စအတွက် အပြစ်ရှိစိတ် ခံစားရစေရန် အလို့ငှာ ပြောဆိုလုပ်ဆောင်ပြီးနောက် စိတ်ပိုင်းဆိုင်ရာအရ ခံစစ်အနေအထားသို့ ရောက်သွားစေရန် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ချန်းရိုအာသည် သနားစရာကောင်းသော ပုံစံမျိုး ဖမ်းထားရမည်ဖြစ်ပြီး သူမ၏ မျက်ဝန်းများထဲတွင် မျက်ရည်စများ ဝဲနေရမည်ဖြစ်သည်။ သို့သော် ရဲရှင်းချန်မှာမူ ယင်းတို့အား လုံးဝ ဂရုမစိုက်ပေ။ သူသည် အေးစက်စွာ ပြောလိုက်လေသည်။

“ငါ သူ့ကို ရိုက်ခဲ့တာ ဟုတ်တယ် မင်းမှာ ပြဿနာရှိတယ် ဆိုရင် ငါ့ကို သွားတိုင်လိုက်”

“ရှင်”

ရဲ့ရှင်းချန်မှ ဤသို့ ပြန်လည် တုန့်ပြန်ပုံအား သူတို့ မထင်မှတ်ထားသည့်အတွက် ရုတ်တရက် ချူယောင်တစ်ယောက် ပြောစရာစကားများ ပျောက်ရှသွားလေတော့သည်။ သူမ ထင်မှတ်ထားသည်နှင့် လုံးဝကွဲပြားသော စကားမျိုးကို ရဲရှင်းချန် ပြောထွက်လာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့မိပေ။

ရဲရှင်းချန်သည်လည်း ချူယောင်အား အမြင်မကြည်ပေ။ သူမနှင့် ချန်းရူအာသည် စရိုက်ချင်း တူညီကြသောကြောင့် သူငယ်ချင်းကောင်းတွေ ဖြစ်လာကြခြင်း ဖြစ်သည်။ သူသည် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

“ငါ မင်းတို့နှစ်ယောက်လုံးကို မမြင်ချင်ဘူး ငါ့အိမ်ကလည်း မင်းတို့အတွက် ဖွင့်ထားတာ မဟုတ်ဘူး... ငါ့မျက်စိရှေ့က ထွက်သွားကြ”

ထိပ်တိုက်တွေ့ဆုံရန် ပြင်ဆင်လာခဲ့သော ချန်းရူအာသည် ခြံဝင်းတစ်ခုလုံး နေရာယူထားသည့် တန်ဖိုးကြီးလှသည့် အရက်ဖာများအား ကြည့်လိုက်မိသည်။ ထို့နောက် ယမန်နေ့တွင် ကုန်တင်ကားများနှင့် အပြည့် သယ်ဆောင်လာသော ကုန်ပစ္စည်းများကိုလည်း သတိရမိသွားခဲ့သည်။ သူမ၏ စိတ်အတါင်း ဝေခွဲမရဖြစ်မှုများ ဖြစ်ပေါ်လာသည့် အတွက် သူမသည် ရဲ့ရှင်းချန်အား မေးလိုက်သည်။

“ရဲရှင်းချန် မနေ့ကပဲ ရှင် ပစ္စည်းတွေအများကြီး ဝယ်ပြီးတော့ ခြံထဲမှာ ထားခဲ့တယ် မဟုတ်လား ဒီနေ့ကျတော့ ဘာလို့ အကုန်လုံး မရှိတော့တာလဲ”

သူမသည် သိချင်စိတ်ဖြစ်လာသည့် အတွက်သာမက ရဲရှင်းချန်နှင့် စကားစမြည်ပြောခွင့်ရရန် အတွက်လည်း ဤမေးခွန်းအား မေးလိုက်ခြင်း ဖြစ်သည်။ သို့သော် ရဲရှင်းချန်သည် သူမအား လေထုကဲ့သို့ သဘောထားကာ ပြန်ပင်မဖြေခဲ့ပေ။ သူသည် အလုပ်သမားများကိုသာ အလုပ်ဆက်လုပ်ရန် ညွှန်ကြားနေခဲ့သည်။

ချူယောင်သည် ဤခေါင်းစဉ်အား စိတ်မဝင်စားသည့် တိုင်အောင် ယခုကဲ့သို့ တင်းမာနေသော အခြေအနေမျိုးအား ဖြေဖျောက်ရန် အတွက် နည်းလမ်းတစ်ခု ဖြစ်နိုင်သည် ဟု တွေးလိုက်မိသည်။ ထို့ကြောင့် သူမသည်လည်း စိတ်ဝင်စား ဟန်ဆောင်ကာ မေးလိုက်သည်။

“ရဲရှင်းချန် ရှင်က အရင်တုန်းက သိပ်မသောက်တတ်ဘူးလို့ ကျွန်မ မှတ်မိပါတယ် အခု ဘာလို့ ဒီလောက်အများကြီး ဝယ်စုနေရတာလဲ”

သူ၏နား နားတွင် တတွတ်တွတ်ဖြင့် ရောက်တတ်ရာရာ လာရောက် ပြောဆိုနေသည့် မိန်းမနှစ်ယောက်အား ကြည့်ရင်း ရဲရှင်းချန်၏ မျက်နှာသည် တဖြေးဖြေး နည်းမှောင်လာခဲ့တော့သည်။ သူတို့ကို မောင်းထုတ်တော့မည် ပြုစဉ် ရုတ်တရက် အကြံတစ်ခု ပေါ်လာပြီးနောက် သူ၏ စိတ်အား ပြောင်းလဲလိုက်သည်။ ထို့နောက် သူသည် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“နောက်တစ်လနေရင် ကမ္ဘာပျက်ကပ်ကြီး ရောက်လာတော့မှာ လူသားတွေဟာ မကြုံစဖူး ရှင်သန်ရပ်တည်ရေး အကျပ်အတည်း တစ်ခုနဲ့ ရင်ဆိုင်ရတော့မယ် ငါက အနာဂတ်မှာ ပိုကောင်းကောင်း နေရဖို့အတွက် အခုလို ပစ္စည်းမျိုးစုံကို စုဆောင်းနေတာ”

သူသည် ရုတ်တရက် မေတ္တာ တရားကြီးမားသွားကာ ကြင်နာတတ်သွား၍ မဟုတ်ချေ။ သူသည် ပစ္စည်းအများအပြား စုဆောင်းထားကြောင်း ချန်းရူအာအား တမင်တကာ သိစေချင်၍ ဖြစ်ပေသည်။ အတိတ်ဘဝတွင် သူ၏အိမ်အား ဖောက်ထွင်းဝင်ရောက်ကာ သူ ပိုင်ဆိုင်သည့် ပစ္စည်းများအား လုယူခဲ့သည့် ချန်းရူအာနှင့် သူ၏ အစားအစာများကို စားသောက်ခဲ့ကြသည့် လူများအားလုံးကို သူ သိစေချင်မိသည်။

ကမ္ဘာပျက်ကပ် ရောက်ရှိလာသောအခါ ချန်းရူအာသည် ခွေးတစ်ကောင်ကဲ့သို့ သူ့အိမ်ရှေ့ရှိ ဖိနပ်ချွတ်သို့ ရောက်ရှိလာကာ အကူအညီ တောင်းခံရပေလိမ့်မည်။ သူ့အနေဖြင့် အသည်းခိုက်အောင် မုန်းတီးလှသည့် ထိုလူများသည်လည်း သူ့ထံသို့ လာရောက် တောင်းပန်ကြလိမ့်မည်ဖြစ်သဖြင့် လက်စားချေရန် အခွင့်အရေး ရရှိလာလိမ့်မည် ဖြစ်သည်။

သူ ယခုလို ပြောလိုက်လျှင်ပင် ချန်းရူအာ အပါအဝင် ချူယောင်ပါ ယုံကြည်ကြမည် မဟုတ်ကြောင်း သူသိပေသည်။ သူ၏ ခန့်မှန်းချက်သည် မှန်ကန်ပေသည်။ ထိုမိန်းမ နှစ်ယောက်လုံးသည် ခေတ္တမျှ ကြောင်အသွားကြကာ ခဏအကြာတွင် အရူးတစ်ယောက်အား ကြည့်နေသကဲ့သို့ မယုံကြည်နိုင်သည့် အမူအရာများ ပေါ်ပေါက်လာခဲ့ကြသည်။

All Chapters