ရဲ့ရှင်းချန် နင် ငါ့ဖုန်းကို ဘယ်လိုတောင် ချရဲတာလဲ
Vol. 2 Ch. 12
ချန်းရူအာသည် ရဲ့ရှင်းချန်၏ ခပ်တန်းတန်းဖြစ်ကာ အေးစက်သည့် အသံကြောင့် ခဏတာ ဆွံ့အမိသွားခဲ့သည်။ သို့သော် သူမသည် လျှင်မြန်စွာ တုန့်ပြန်လိုက်သည်။
“ရဲ့ရှင်းချန် ရှင် ဘယ်မှာလဲ ဘာလို့ ကျွန်မ ဖုန်းကို ကိုင်ဖို့ ဒီလောက်ကြာနေရတာလဲ”
“မင်းမှာ ပြောစရာ ရှိရင် ပြောလိုက်”
ရဲ့ရှင်းချန် ပြန်ပြောလိုက်သည်။ ရဲ့ရှင်းချန် သည် သူမ၏ ကြောင်သူတော်ဆန်သည့် အကျင်စရိုက်အား ဆက်လက်၍ သည်းခံနားထောင်ရန် စိတ်မရှည်တော့ပေ။ သူမတွင် တောင်းဆိုစရာရှိနေသော်လည်း အထက်စီးဆန်ကာ မာနကြီးသယောင် ဆောင်နေသေး၏။ ချန်းရူအာသည် သူ၏ စကားများကြောင့် ဒေါသဆွခံလိုက်ရသလို ခံစားလိုက်ရကာ သူမ၏ ဒေါသအား မထိန်းနိုင်တော့ချေ။
“နင် ... နင်အပူချိန် သိသိသာသာ ကျသွားမယ်ဆိုတာ ကြိုသိနေတာလား အဲ့ဒါကြောင့် ပစ္စည်းတွေကို ကြိုတင် စုဆောင်းနေခဲ့တာလား”
ချန်းရူအာ၏ အသံသည် တုန်ယင်နေခဲ့ကာ သူမ၏ နှလုံးသားထဲမှ သူမ၏ ငွေထုတ်စက်ဖြစ်သည့် ရဲ့ရှင်းချန်အား လက်မလွှတ်မိစေရန် အဆက်မပြတ် သတိပေးနေခဲ့သည်။ ထိုစကားအား ကြားချိန်တွင် ရဲ့ရှင်းချန်၏ မျက်နှာတွင် လှောင်ပြောင်ဟန်များဖြင့် ပြည့်နှက်လာခဲ့သည်။ ထင်ထားသည့်အတိုင်း ထိုမိန်းမသည် အမြဲလိုလို အပြစ်ကင်းစင် သယောင်ဆောင်ရင်း အမြင့်တက်ရန် ကြိုးစားနေဆဲပင်။ သူမ၏ မျက်နှာပြင်အောက်တွင် ဖုန်းကွယ်ထားသည့် တစ်ကိုယ်ကောင်းဆန်ကာ လောဘကြီးသည့် သဘာဝအား မမြင်နိုင်လောက်အောင် ယခင်က သူသည် သူမ၏ လှည့်စားမှုများကို မည်သို့ ခံခဲ့ရပါသနည်း။
ရဲ့ရှင်းချန်သည် သူ၏ အိမ်တွင်းစီး ဖိနပ်အား စီးကာ ဧည့်ခန်းအတွင်းသို့ လျှောက်သွားလိုက်သည်။ သူသည် ဆိုဖာပေါ်တွင် မှီချလိုက်ကာ ပျင်းရိစွာ ပြောလိုက်သည်။
သူငယ်ချင်း တစ်ယောက် ပြောတာကို ကြားလိုက်ရုံပဲ အပူချိန်က ဒီလောက်ကျသွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ”
လေအေးပေးစက်၏ အေးခဲလောက်အောင် အေးစက်မှုကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ချွေးများပင် အနည်းငယ် စို့နေခဲ့သည်။ သူသည် တီဗွီရီမုအား ကောက်ယူလိုက်ကာ ခြေချိတ်ထိုင်လျှက် နှင်းများ ပြည့်နေအောင် ဖုန်းလွှမ်းနေသည်ကို ပြသနေသည့် မျက်နှာပြင်ကို စိုက်ကြည့်နေလိုက်သည်။ အပြင်ဘက်မှ နှင်းများသည် လမ်းတစ်ခုလုံးကို မြှပ်နှံထားသလို ဖြစ်နေခဲ့ပြီ ဖြစ်ကာ လမ်း၏ တစ်ဖက်တွင်ရှိသည့် ပန်းလင်းများသည်ပင် နှင်းများအောက် နစ်မြှပ်နေခဲ့ပြီ ဖြစ်သည်။ ထို မြင်ကွင်းကို သည် သူ နှစ်ပါင်းများစွာ နေထိုင်ခဲ့သည့် မြို့ကိုပြသနေခဲ့ခြင်း ဖြစ်သော်လည်း ရဲ့ရှင်းချန်သည် ကြောက်လန့်စိတ်နှင့် ပူပန်မှုများကိုသာ ခံစားလိုက်ရသည်။
သူ၏ အတိတ်ဘဝတွင် အခြားသူများကဲ့သို့ ရဲ့ရှင်းချန်သည်လည်း အပူချိန် ကျဆင်းလာမှုသည် ရက်အနည်းငယ်ခန့်သာ ကြာလိမ့်မည်ဖြစ်ကာ တစ်ဖန် ပြန်လည်၍ ပူနွေးလာမည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် နှင်းမျာသည် မရပ်တန့်ပဲ ဆက်လက်ကျဆင်းနေသည်ကို သူ သတိထားမိလာချိန်တွင် သူသည် ကြောက်လန့်စိုးထိတ်လာကာ လူအများနောက်သို့ လိုက်ကာ စူပါမားကတ်စီသို့ သွားခဲ့သည်။
သို့သော် ကမ္ဘာပျက်ကပ် ကျရောက်လာပြီး တစ်ပတ်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မရှိမဖြစ် လိုအပ်သည့် ကုန်ပစ္စည်းများသည် ဝယ်ယူထားပြီး ခံရကာ ကုမ္ပဏီ စီအီးအိုမှ ပို့ဆောင်ပေးသည့် အစားအစာများသာ မရှိခဲ့ပါက နှင်းများ ကျရောက်ချိန် တစ်လကြာသည်အထိပင် ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအချိန်တွင် ရေနှင့် ဓာတ်အားများ ပြတ်တောက်သွားခဲ့ကာ ပြင်ဆင်မှု မရှိသော သူများသည် အေးခဲ ဆာလောင်လျှက် သေဆုံးသွားခဲ့ကြသည်။
အတွေးများ နေစဉ်တွင် ချန်းရူအာ၏ အသံသည် ဖုန်းထဲမှ ပေါ်ထွက်လာကာ သူ၏ အာရုံအား ပြန်လည် ဆွဲခေါ်ခံလိုက်ရသည်။
“ဟဲ့ ရဲ့ရှင်းချန် ငါပြောတာကို နားထောင်နေလား”
ရဲ့ရှင်းချန် စိတ်မောစွာဖြင့် ပြန်ဖြေလိုက်သည်။
“အင်း ဟင်း”
သို့သော် ချန်းရူအာသည် တတွတ်တွတ် ဆက်လက် ပြောနေခဲ့သည်။
“မအံ့သြတော့ပါဘူး အဲ့ဒါကြောင့် နင် ရုတ်တရက် ပစ္စည်းအများကြီး ဝယ်ခဲ့တာပဲ တကယ်ပါပဲ နင် ငါ့ကို ကြိုပြောပြလို့ရတာပဲ ငါတောင် အအေးမိတော့မလို့.....”
ရဲ့ရှင်းချန်သည် သူ၏ မျက်ခုံးကို တွန့်လျှက် ချန်းရူအာ၏ ဟန်ဆောင်ကာ မူရာပိုလျှက် အပြစ်တင်နေခြင်းအား နားထောင်ချင်စိတ်မရှိတော့သည့်အတွက် ရိုးရှင်းစွာ ဖုန်းချလိုက်တော့သည်။ ယခုအချိန်တွင် အပူချိန် ကျဆင်းမှုသည် အစသာ ရှိသေးသည်။ ဓာတ်အားစနစ် ရေ အင်တာနက် ပြတ်တောက်မှုများ မရှိသေးသည့်အတွက် တီဗွီသည် ဆက်လက် အလုပ်လုပ်နေဆဲ ဖြစ်သည်။ ရဲ့ရှင်းချန်တွင် ဓာတ်အား ထောက်ပံ့မှုများ ရှိနေသည့်တိုင် မကြာတော့သည့် အနာဂတ်တွင် တီဗွီနှင့် အင်တာနက်များ အလုပ်လုပ်တော့မည် မဟုတ်တော့ချေ။
သတင်းချန်နယ်များတွင် သတင်းကြော်ငြာသူ နှစ်ဦးသည် အနွေးထည် အထူကြီးများ ဝတ်ဆင်ထားကြသည်။ ထိုသည်ကို ကြည့်ခြင်းဖြင့် အတွင်းပိုင်းတွင် အဆင့်မြင့် အပူပေးစက်များ တပ်ဆင်ထားသော်လည်း ထို သတင်းကြော်ငြာသူ နှစ်ဦးပင် ထိုကဲ့သို့ ဝတ်ဆင်ထားရသည်အား မြင်ရခြင်းဖြင့် အပူချိန်သည် အပူပေးစက်များဖြင့်ပင် မလုံလောက်တော့ကြောင်း ပြသနေခဲ့သည်။
အမျိုးသမီး ကြော်ငြာသူသည် ကင်မရာအား ကြည့်ကာ သူမ၏ နှုတ်ခမ်းများ တုန်ယင်နေသည်ကို ကြိုးစား ထိန်းချုပ်ကာ ပြောလိုက်သည်။
“ဒီနေ့ နေ့လည်မှာ အင်အားပြင်း အအေးလှိုင်း တစ်ခု တစ်နိုင်ငံလုံးကို ဖြတ်သန်း တိုက်ခတ်သွားခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပူချိန်များ ရုတ်တရက် ကျဆင်းသွားစေခဲ့ကာ ပျှမ်းမျှအားဖြင့် ၄၀ဒီဂရီစင်တီဂရိတ် ထိ ကျဆင်းသွားခဲ့ပါတယ်”
“ရုတ်တရက် အအေးလှိုင်းဖြတ်သန်းမှုနှင့် ပတ်သက်၍ မိုးလေဝသ သုတေသီများမှ သုသေတနပြုလုပ်နေခဲ့ပါတယ် လာမဲ့ ရက်များမှာ လူတိုင်း နွေးနွေးထွေးထွေးရန်နှင့် နှင်းကိုက်ခံရခြင်းများကိုသာ ကာကွယ်ရန် အထူးဂရုပြုကြရန် သုတေသီများမှ ပြောကြားထားပါတယ် ကယ်၍ မလိုအပ်ရင် အပြင်မထွက်ကြဖို့ အစိုးရအာဏာပိုင်များမှ ပြောကြားထားပါတယ်”
“သက်ဆိုင်ရာ အာဏာပိုင်များက ယခု ကိစ္စနှင့် ပက်သတ်၍ သင့်တော်သလို ကိုင်တွယ် ဖြေရှင်းသွားမည် ဖြစ်ပြီး လူတိုင်း စိတ်အေးအေးထားကာ ထိတ်လန့်တကြား ဝယ်ယူမှုများကို ရှောင်ကြဉ်ကြရန် ကောလဟာလများ မဖြန့်ဝေကြရန် နှင့် ကြားရသမျှ ကောလဟာလများအားလည်း မယုံကြည်ကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ် “
ရဲ့ရှင်းချန်သည် သတင်းကြော်ငြာသူ၏ စကားများကို လှောင်ပြောင်မိလိုက်သည်။ ရေခဲခေတ် ရောက်လာပြီးနောက်တွင် အသက်ရှင်ရန် ကိုယ်တိုင်သာ ကြိုးစားရမည် ဖြစ်သည်။ သတင်းများအား ယုံကြည်ကာ အိမ်မှာနေရင်း အာဏာပိုင်များ၏ စီမံမှုအား စောင့်နေခြင်းသည် ပထမဆုံး သေဆုံးသူများထဲမှ တစ်ဦးဖြစ်လာစေမည်မှာ သံသယ ဖြစ်စရာမရှိပေ။
တီဗွီ၏ ညာဘက်ထောင့်တွင် ကျင်းဟိုင်မြို့၏ အပြင်ဘင် အပူချိန်သည် ၁၁ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားကြောင်းအား ပြသနေခဲ့သည်။ ယနေ့အစောပိုင်း နေ့လည် ၁၁နာရီခန့်တွင် အပူချိန်သည် ၃၃ ဒီဂရီ စင်တီဂရိတ်ထိ ရှိနေခဲ့သည်။ တစ်နည်းဆိုရသော် နေ့တစ်ဝက်တွင် အပူချိန်သည် ၄၄ စင်တီဂရိတ်ထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ (၃၃ကနေ ၁၁ထိကျတာ ဘယ်နဲ့ ၄၄ ဖြစ်သွားလည်း မင်မင်လည်း မသိပါ သူရေးတဲ့အတိုင်း ပြန်ထားပါနော် သချ်ာဆရာတွေ လာမေးမှာစိုး ကြိုပြောထားခြင်းသာ)
ရဲ့ရှင်းချန်သည် သူ၏ နေရာလွတ် အတွင်းမှ ညစာအား ထုတ်ယူလိုက်သည်။ အပူချိန် ကျဆင်းသော အရှိန်သည် သူ၏အတိတ် ဘဝနည်းတူ ဖြစ်သည်။ ကွဲပြားသွဦးမှုမှာ သူ၏ အတိတ်ဘဝတွင် သူသည် နွေးထွေးသည့် အဝတ်အစားများ စောင်များ အိပ်ယာခင်းများကို ထိတ်ထိတ်ပျာပျာဖြင့် ရှာဖွေနေခဲ့ရကာ ခဲယဉ်းစွာ ရှာဖွေထားရသော အစားအစာများဖြင့် ရှင်သန်ခဲ့ရကာ အေးစက်မှုနှင့် ဆာလောင်မှုများကိုလည်း ခံစားခဲ့ရသည်။
ယခုအချိန်တွင် သူသည် ညဝတ်အကျီ ဝတ်ဆင်ကာ ဝိုင်နီခွက်အား ကိုင်ဆောင်လျှက် ညစာအတွက် အသားကင်ကို စားသောက်နေခဲ့သည်။ အပြင်ဘက်ရှိ အရိုးခိုက်အောင် အေးစက်လှသည့် အအေးဒဏ်သည် သူနှင့် မဆိုင်သကဲ့သို့ပင် ဖြစ်နေခဲ့သည်။ သူသည် အသားကင်အား လှီးဖြတ်နေစဥ် သူ၏ ဖုန်းအတွင်းသို့ စာအသစ် တစ်စောင် ဝင်ရောက်လာခဲ့သည်။ သူသည် အစောပိုင်းတွင် သူ့အား လှောင်ပြောင်ခဲ့သူများ ယခု မည်သို့ ပြောဆိုနေမည်ကို သိချင်သည့်အတွက် ဖုန်းအား ကောက်ကိုင်လိုက်သည်။ သို့သော် ထိပ်ဆုံးမှ စာသည် ချန်းရူအာထံမှ ဖြစ်ပေသည်။
“ရဲ့ရှင်းချန် နင် ငါ့ဖုန်းကို ဘယ်လိုတောင် ချရဲတာလဲ”
“အပြင်မှာ နှင်းတွေ အများကြီး ကျနေတယ် ငါ အရမ်း ချမ်းတယ်....”
“ရဲ့ရှင်းခန် နင် ဘာလုပ်နေတာလဲ ဘာလို့ ငါ့စာကို မပြန်တာလဲ”
“နှင်းတွေ အခု အများကြီး ကျနေတယ် ငါ အပြင်ထွက်လို့ မရဘူး နင် အရင်က အစားအစာတွေ အများကြီး ဝယ်ထားတယ်မလား အခု ငါ အရမ်း ဗိုက်ဆာနေပြီ ငါ့ကို နည်းနည်း လာပို့ပေးလို့ရမလား”
(အံ့သြဘ ကမ္ဘောဇပါအေ သူကျ ထွက်မရလို့တဲ့ သူများကျတေ့ာ နှင်းတောထဲ ထွက်ပြီး သူ့ကို အစားအစာ လာပို့ခိုင်းတယ်)
“ရိုးရိုးသားသား ပြောရရင် ငါ့ နင့် အပေါ် ခံစားချက်ရှိပါတယ် ဒါပေမဲ့ ခုတလော နင် ငါအပေါ် ဘာလို့ အေးစက်စက် နိုင်ရတာလဲ အစားအသောက်လာပို့ပေးပါ ချူယောင် မှားတယ်လို့ ငါထင်တယ် တကယ်တော့ ငါ မင်းအပေါ် ခံစားချက်ရှိပါတယ် အကယ်၍ နင်သာ ခုထက်ပိုပြီး ကောင်းကောင်း နေပြရင် ငါ ငါတို့ နှစ်ယောက် အတွက် အခွင့်ရေး ပေးကြည့်မယ်”
ရဲ့ရှင်းချန်သည် စာဖတ်ရင်း မျက်ခုံးပင့်မိသွားခဲ့သည်။ ကျင်းဟိုင် တက္ကသိုလ်၏ အလှနတ်ဘုရားမ ချန်းရူအာသည် ဆွဲဆောင်မှု ရှိသည်သာမက ထက်မြက်ကြောင်းပါ ဝန်ခံရပေမည်။ ယခုလို နှင်းများ ကျနေချိန်တွင် စျေးသည်များသည် အခွင့်ကောင်းယူကာ အစားအစာများအား ဈေးတင်ရောင်းကြမည်ကို သူမသိသည်။ သဘာဝအတိုင်း သူမသည် အပူချိန် 0 ဒီဂရီထိကျနေသည့် အအေးထဲသို့ အစားအစာဝယ်ရန် မထွက်ချင်ပေ။ ထို့ကြောင့် သူမ၏ သစ္စာရှိ အစေခံ ဖြစ်သည့် ငွေထုတ်စက် ဖြစ်သည့် ရဲ့ရှင်းချန်ထံမှ အစားအစာများ တောင်းရန် ရည်ရွယ်ထားခဲ့သည်။ နောက်ဆုံးတွင် အတိတ်၌ ရဲ့ရှင်းချန်သည် သူမ၏ အမိန့်အား အမြဲ နာခံတတ်သည့်သူ တစ်ဦး ဖြစ်ခဲ့သည် မဟုတ်ပါလော။
သို့သော် လက်ရှိတွင် ရဲ့ရှင်းချန်သည် သူမ အရင်က ဆွဲဆောင်ဖျားယောင်းခဲ့သည့် အရူးတစ်ယောက် မဟုတ်တော့ပေ။ အစားအစာ တောင်းခြင်း သူကိုယ်တိုင် လာရောက် ပို့ဆောင်ပေးမည်ကို မျှော်လင့်နေခြင်း ထို့အပြင် သူ၏ ရိုးသားမှု သဘောထားများအား စမ်းသပ်နေခြင်း စသည့် အကြောင်းပြချက်များကို ပြောမည့် သူမ၏ ရည်ရွယ်ချက်များအား ရဲ့ရှင်းချန် ဖောက်ထွင်းမြင်နေခဲ့သည်။
သူ၏ အတိတ်မှ အဖြစ်အပျက်များတွင် ချန်းရူအာသည် သူ့အား မည်သို့မည်ပုံ လိမ်လည်လှည့်စားခဲ့ပုံ ထောင်ချောက်အတွင်းသို့ မည်သို့ ဆွဲသွင်းခဲ့ပုံ ပြီးနောက် သူ့အား သတ်ရန် မည်သို့ ကြိုးကိုင်ခဲ့ကာ အခြားသူများ၏ လက်ကို ငှားယမ်းခဲ့ပုံများအား ပြန်လည် တွေးတောမိသည့်အချိန်တွင် အကူညီမဲ့စွာ လှောင်ပြုံးပြုံးလိုက်မိသည်။ သူ၏ ရိုးသားသော သဘောထားအား စမ်းသပ်ရန် ..... ဘယ်လို ဟာသမျိုးပါလိမ့်
ရဲ့ရှင်းချန်သည် ဖုန်းကောက်ကိုင်လိုက်ကာ ချန်းရူအာအား စာပြန်လိုက်ပြီးနောက် သူ၏ နှုတ်ခမ်းတွင် ဆော့ကစားတတ်သည့် အပြုံးမျိုး ပေါ်လာခဲ့သည်။
“မင်း စောစောက ဘာပြောတာလဲ ငါလည်း အများကြီး ဝယ်မထားပါဘူး အခုတောင် ကုန်လုနီးပါး ဖြစ်နေပြီ ကြည့်လေ ငါ အခုလေးတင် အသားတစ်ခုကို ကင်လိုက်တာ”
သူသည် စားပွဲပေါ်မှ ဝိုင်နှင့် အသားကင်ပုံအား သူ၏ ပိုးသားညဝတ်အကျီနှင့် သူ၏ ပုံပါ ပါအောင် တမင်ရိုက်ကာ ချန်းရူအာထံသို့ စာနှင့် အတူ ပြန်ပို့လိုက်သည်။