သူ့ဆေးအား သူ့ပြန်ပေးခြင်း
Vol. 2 Ch. 13
ထိုအချိန်တွင် ချန်းရူအား တစ်ယောက် သူမ၏ ကျဉ်းမြောင်းလှသည့် တိုက်ခန်း အတွင်း စောင်ထူကြီး နှစ်ထပ်ခြုံကာ ကွေးနေခဲ့သည်။ အခန်းအတွင်းမှ လေအေး ပေးစက်အား ၄၀ ဒီဂရီထိ ထားထားသော်လည်း အခန်းအတွင်း အပူချိန်သည် ရေခဲမှတ်အောက် ရောက်နေဆဲ ဖြစ်သည်။
တုန်ရီနေသည့်ကြားမှ သူမသည် ဖုန်းအား ကောက်ယူလိုက်ကာ ဖုန်းအား ဖွင့်ကြည့်လိုက်သည့် အချိန်တွင် ရဲ့ရှင်းချန်မှ စာပြန်ထားသည်ကို တွေ့လိုက်ရသည်။ ချန်ရူအာသည် သူမ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့သည်။ သူမ၏ မျက်လုံးကိုပင် မယုံနိုင်ဖြစ်သွားခဲ့ရသည်။ ဒီလောက် အေးလွန်းလှသည့် ရာသီဉတုတွင် ရဲ့ရှင်းခန်သည် ညအိပ်ဝတ်စုံအား ဝတ်ဆင်ထားကာ အသားကင် နှင့် ဝိုင်နီအား ပျော်ရွှင်စွာ စားသောက်လျှက် ရှိနေသည်။
သူတို့ နှစ်ဦးသည် တစ်မြို့ထဲတွင် ရှိနေသော်လည်း အဘယ်ကြောင့် မတူညီသည့် ကမ္ဘာ နှစ်ခုတွင် နေထိုင်နေရသကဲ့သို့ ခံစားလိုက်ရပါသနည်း။ သူမသည် မျက်လုံးအား ပွတ်သပ်လိုက်ကာ သေချာအောင် ထပ်၍ ကြည့်လိုက်သည်။ အမှန်ပင် ထိုအိမ်သည် ရဲ့ရှင်းချန်၏ နေအိမ် အစစ်ပင် ဖြစ်သည်။ ချန်းရူအာသည် သူမ၏ ဆုံးဖြတ်ချက်အား ချက်ချင်းပင် နောင်တရမိသွားခဲ့သည်။ ယခုအချိန်တွင် သူမသည် အမှန်တကယ် နောင်တရမိသွားခဲ့ခြင်း ဖြစ်သည်။ ချူယောင် ပြောသည်မှာ မှန်ပေသည်။ သူမသည် ရဲ့ရှင်းချန်အား အခွင့်ရေး အချို့ ပေးခဲ့သင့်သည်။ သို့မဟုတ်လျှင် သူသည် ယခုလို အခန်းကျဉ်းလေးထဲတွင် အအေးဒဏ် ခံနေရမည့်အစား ရဲ့ရှင်းချန်၏ အိမ်လိုမျိုး ဗီလာကြီးထဲတွင် နေထိုင်နေရမည် ဖြစ်ပေသည်။
သူမသည် ရဲ့ရှင်းချန် ပို့သော ပုံအား သေချာပြန်၍ စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ချိန်တွင် ဒေါသကြောင့် အံကြိတ်ထားသည်မှာ သွားများ ကျိုးကြေသွား မတတ်ပင် ဖြစ်သည်။ ဤ အသားကင်သည် သံသယ မရှိစွာဖြင့် သေချာပေါက် အရည်သွေးမြင့် ဝါဂူး (Wagyu) အမဲသား စစ်စစ်ဖြစ်ကာ ဝိုင်သည်လည်း အနိမ့်ဆုံး ယွမ် ၅၀၀၀၀သောင်း တန်ကြေးရှိမည်မှာ သေချာပေသည်။
သူမ၏ မျက်လုံး အကြည့်များ လျှင်မြန်စွာ ပြောင်းလဲသွားခဲ့ကာ ရဲ့ရှင်းချန်အား လျှင်မြန်စွာ စာပြန်ပို့လိုက်သည်။
“ရှင် အသားကင်ထားကာ ကောင်းမဲ့ပုံပဲ ရှင်က ကျွန်မအတွက် ချက်ပြုတ်ပေးဖို့ တိုးတိုးတိတ်တိတ် ကြိုးစားနေတာလား ရှင်က အတော်လေး စဉ်းစားတတ်တာပဲ ကောင်းပြီလေ ကျွန်မ ရှင့်ကို အခွင့်ရေးပေးဖို့ ဆုံးဖြတ်လိုက်ပြီ အဲ့ဒါကို ထုတ်ပိုးပြီး လာပို့လိုက် ရှင် ကျွန်မ အိမ်လိပ်စာကို သိတယ်မလား”
ချန်းရူအာသည် ပြန်စာအား အကြိမ်ကြိမ် စာသားမှန်ကန်မှု ရှိမရှိ သေချာအောင် စစ်ဆေးလိုက်သည်။ ရဲ့ရှင်းချန်၏ အရင်က အပြုအမူများအား အခြေခံရလျှင် ထိုစာကို တွေ့လိုက်ချိန်တွင် သူသည် သံသယမရှိစွာ ချက်ချင်း အသားကင် အသစ်တစ်ပွဲ ပြင်ဆင်ကာ သူ၏ အိမ်ရှီ တစ်ခြား ပစ္စည်းများးကိုပင် ထည့်ပေးလိမ့်မည်ဟု သူမ ယုံကြည်နေခဲ့သည်။
သို့သော် သူမ မျှော်လင့်ထားသည့် တုန့်ပြန်မှုအစား ရဲ့ရှင်းချန်၏ ပုံစံအား ကြည့်ရသည်မှာ သာယာကျေနပ်နေဟန် ဖြစ်သည်။ သူ့ကိုယ်သူ မြင့်မြင့်မားမား တွေးတောနေတာလား။ ရဲ့ရှင်းချန်သည် အသားကင်တစ်တုံးအား လှီးဖြတ်လိုက်ပြီး ဖြေးညှင်းစွာ အရသာခံဝါးလိုက်ပြီးမှ ဖုန်းအား ကောက်ကိုင်ကာ စာပြန်ရီုက်လိုက်သည်။
“အပြင်မှာ အရမ်း အေးနေတယ် ရာသီဉတု နည်းနည်း နွေးလာမှ ပို့ပေးလိုက်မယ်”
ချန်ရူအာ၏ မျက်နှာအမူအရာသည် ထိုစာအား မြင်ပြီးနောက် ပြောင်းလဲသွားခဲ့သည်။ သူ မည်သည်ကို ဆိုလိုချင်သနည်း။ အပြင်တွင် အပူချိန်မှာ အမှန်တကယ် သုညဒီဂရီအောက် ၂၀ကျော်(-၂၀ ဒီဂရီ)ကိုတောင် ရောက်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမ အပြင်ထွက်နိုင်ခဲ့လျှင်ပင် နှင်းများ ထူထဲနေသည့်အတွက် အနီးအနားကိုပင် လမ်းလျှောက်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် ယခုလို နှင်းများ ထူထပ်စွာ ကျဆင်းနေချိန်တွင် သူမ၏ ကားအား မောင်းနှင်ကာ စွန့်စားရန် မဖြစ်နိုင်ပါချေ။ အချိန်မရွေး ပျက်စီးသွားနိုင်ပေသည်။
ထို့အပြင် ယခု ငှားရမ်းထားသည့် အခန်းတွင် သူမအတွက် အနွေးထည် လုံလောက်အောင် မရှိပေ။ သူမ၏ ဆွဲဆောင်မှု ရှိသည့် ခန္ဓာကိုယ်အား ကြည့်လိုက်ပြီးနောက် ခံပြင်းစွာ အံတင်းတင်း ကြိတ်လိုက်မိသည်.။ ယခုလို ကြောက်မက်ဖွယ်ကောင်းလှသည့် ရာသီဉတုမျိုးတွင် သူမလို အလှပဂေးလေးက မည်ကဲ့သို့ အပြင်ထွက်ကာ စျေးဝယ်နိုင်လိမ့်မည်နည်း။
ဒီရဲ့ရှင်းချန်ကတော့......
သူမသည် ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ကာ သူမ၏ လက်ချောင်းထိပ်များသည် ဖုန်းမျက်နှာပြင်ပေါ်တွင် အဆက်မပြတ် ရိုက်နှိပ်နေခဲ့သော်ငြားလည်း ရိုက်လိုက်သည့် စာများသည် ထိုသို့ဖြစ်သည်။
“ရဲ့ရှင်းချန် နင်က နလပိန်းတုံး ငတုံးငအပဲ ငါ နင့်ကို ဒီလောက် ကောင်းတဲ့ အခွင့်ရေး ပေးနေတာတောင် နင်က တန်ဖိုးထားရကောင်းမှန်း မသိဘူး နင် ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်ပြီဆိုတာကို သိသင့်တယ် ငါ စိတ်ကျေနပ်အောင် နင် ဘယ်လိုပြန်လုပ်ပေးရမယ် ဆိုတာကို ချက်ချင်း အဖြေရှာထားလိုက်တော့”
ချန်းရူအာသည် ဒေါသထွက်နေသည်မှာ မှန်သော်ငြားလည်း စိတ်လိုက်မာန်ပါ လုပ်၍ မရသလို သူမ၏ အဆင့်အတန်း ကျသွားမည်ကိုလည်း သတိထားနေရသေးသည်။ အဆုံးသတ်တွင်မူ သူမ၏ နေ့စဉ်စားရီတ်များ အတွက် ရဲ့ရှင်းချန်ဆိုသည့် ငွေထုတ်စက်ကြီးအား မှီခိုနေရဆဲ ဖြစ်သည်။
ရဲ့ရှင်းချန်သည် လူရွှင်တော် တစ်ယောက်ကဲ့သို့ ဖြစ်နေသည့် ချန်းရူအာ၏ လုပ်ရပ်များအား လစ်လျူရှုလိုက်ကာ ဝိုင်ခွက်အား အောက်ခြေ နားမှ ကိုင်လိုက်ပြီး သက်တောင့်သက်သာဟန်ဖြင့် တခြားသော အုပ်စုလိုက် စကားပြောခန်းကို ဝင်ရောက်လိုက်သည်။ သူ၏ ဖုန်းအား အေပါ်အောက် ပွတ်ဆွဲကြည့်ရင်း အိမ်ပိုင်ရှင်များ၏ အုပ်စုလိုက် စကားပြောခန်းအား ရောက်ချိန်တွင် ရပ်တန့်လိုက်သည်။ ပြီးခဲ့သည့် အတိတ် ဘဝတွင် ချန်းရူအာသည် သူ၏ အိမ်တံခါးအား ဖွင့်ပေးလိုက်ကာ ထိုသူများသည် သူအား ထိတ်လန့်ကြောက်ရွံ ရွံစရာကောင်းလောက်အောင် ရက်ရက်စက်စက်ဖြင့် တစ်စစီ လုပ်ကာ ဝါးမြိုစားသောက်ခဲ့ကြသည်ကို (လက်တွေ့ ဖြစ်ခဲ့သည်များအား တင်စားသုံးနှုန်းခြင်း) သူ မည်ကဲ့သို့ မေ့နိုင်လိမ့်မည်နည်း။
ခန္ဓာကိုယ်အား တစ်စစီ ခုတ်ထစ်ခံရခြင်းထက် ပို၍ ကြောက်စရာကောင်းလှသည့် ဖြစ်စဉ်ကို သူ အထင်းသား မှတ်မိနေခဲ့သေးသည်။ သူ့တွင် အသိစိတ် ရှင်းရှင်းလင်းလင်း ရှိနေသေးချိန်တွင် သူ့၏ အကျီအဝတ်စားများအား ချွတ်ထားကာ အေးခဲလှသည့် ရာသီဉတုအတွင်း သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ တစ်လက်မမှ မကျန် လှီးဖြတ် ခံရခြင်း ဖြစ်သည်။ ထိုသို့ လုပ်ခဲ့သူများသည် ယခုဗီလာဝင်းအတွင်းမှ နေထိုင်သူများလည်း ပါဝင်ခဲ့ပေသည်။
ရဲ့ရှင်းချန်သည် အဖွဲ့၏ စာများအား ဖွင့်ဖတ်လိုက်ချိန်တွင် ဗီလာဝင်း၏ အလယ် ဗဟိုတွင် နေထိုင်သော ကျန်းရီဆိုသည့် လူမှ စာတစ်စောင် ပို့ထားသည်အား မြင်လိုက်ရသည်။ ထိုသူပြောထားသည်မှာ လူတိုင်း မထိတ်လန့်ကြရန်နှင့် အိမ်ထဲတွင်သာ နေကြရန် တိုက်တွန်း နှိုးဆော်ထားခြင်း ဖြစ်သည်။
“ကျန်းရီ ......ဟင်းး”
ရဲ့ရှင်းချန် လှောင်ပြောင် သရော်လိုက်သည်။ ထို ကျန်းရီဆိုသော သူသည် နောက်ပိုင်းကျလျှင် ချန်းရူအာနှင့် ပေါင်းကာ တခြားသူများနှင့်အတူ ချန်းရူအာ၏ အကူအညီဖြင့် ရဲ့ရှင်းချန်၏ တံခါးအား လာခေါက်မည့်သူ ဖြစ်ပေသည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်အား တစ်စစီ လုပ်ကာ ခွဲဝေစားသောက်ကြရန် အကြံ ပြုခဲ့သည်မှာလည်း ချန်းရူအာနှင့် ထိုကျန်းရီဆိုသော သူပင် ဖြစ်ပေသည်။
ရဲ့ရှင်းချန်သည် မျက်လုံးများအား မှိတ်လိုက်ကာ ပြန်ဖွင့်လိုက်ချိန်တွင် သူ၏ နှလုံးသားအတွင်း အေးစက်တုန်လှုပ်သည့် ခံစားချက် တစ်ခုအား ခံစားလိုက်ရသည်။ သူ၏ အတိတ်ဘဝတွင် ထို ကျန်းရီဆိုသည့် သူအား သူ ကူညီခဲ့ဖူးပေသည်။ သို့သော် ကမ္ဘာပျက်ကပ် ကာလတွင် ကြင်နာမှုများ ကိုယ်ကျင့်တရားများစသည့်အရာများတွက် နေရာမရှိတော့ပေ။ အကယ်၍ သူသည်သာ ခဏတာမျှ ကြင်နာတတ်သည့်စိတ်ကြောင့် စိတ်မပျော့ခဲ့လျှင် ကျန်းရီသည် ကျောင်းတူတူ တက်ဖူးသည့် ကျောင်းသားတစ်ဦးဖြစ်နေသည်အား မတွေးခဲ့လျှင် သူမှာ ရှိသည့် နောက်ဆုံး အစားအစာအား မျှဝေပေးနေသည်အား မမြင်ခဲံမိလျှင် သူသည် ကျန်းရီအား ဗီလာအတွင်းသို့ ခေါ်လာမိလိမ့်မည် မဟုတ်ပေ။ ထိုသို့သာ မဖြစ်ခဲ့လျှင် သူသည် ကျန်းရီနှင့် ချန်းရူအား အစောပိုင်း အချိန်ကတည်းက ပူးပေါင်းထားသည်ကိုလည်း သိနိုင်လိမ့်မည် မဟုတ်သလို အစားအစာများ မျှဝေစားပြနေသည်မှာလည်း သူ အထင်ကြီးရုံသက်သက် သရုပ်ဆောင်ပြနေခဲ့ခြင်း ဖြစ်သည်ကိုလည်း သူသိခဲ့ရလိမ့်မည် မဟုတ်ပါချေ။
အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် ရဲ့ရှင်းချန် စိတ်တည်ငြိမ် သွားစေရန် ထိန်းချုပ်လိုက်သည်။ ယခု ဘဝသစ်တွင် သူ မဖြစ်မနေ ကလဲ့စားချေမည်သာ ဖြစ်သည်။
“အားလုံးပဲ မစိုးရိမ်ကြပါနဲ့ ဒါက ခဏတာ အပူချိန် ကျသွားရုံပါပဲ အလွန်ဆုံး နှစ်ရက် သုံးရက်လောက်ပဲ ကြာမှာပါ ကျွန်တော်တို့ တာဝန်ရှိတဲ့ သူတွေ အပေါ်ကို ယုံကြည်မှုရှိရမယ်”
ကျန်းရီ၏ မိသားစုသည် နိုင်ငံရေးနှင့် အာဏာရှိသည့် နောက်ခံရှိကာ သူ၏ ဖခင်သည် ရာထူးကြီးကြီး တစ်ခု ရှီသည့် ပုံပေါ်သည်။ တခြား တစ်ဖက်တွင် ကျန်းရီသည် ပေါင်းသင်းရလွယ်ကူသူ ဖြစ်ကာ ရပ်ကွက် အတွင်းတွင်လည်း သြဇာညောင်းသူ တစ်ဦးဖြစ်သည်။
“ကောင်းပြီ ကျွန်တော်တို့ အပြင်ထွက်ပြီး နှင်းတွေကို ရှင်းကြရအောင်လား အဲ့လို မဟုတ်ရင် နှင်းတွေ ပိုကျလာတဲ့ အချိန်ကျရင် ကားကို ထုတ်ဖို့တောင် ခက်သွားလိမ့်မယ်”
“ဟုတ်တယ် ရှောင်ကျန်း ပြောတာ ကျိုးကြောင်းညီညွတ်တယ် ဒီနေ့ ငါ အပြင်ထွက်ပြီး ပစ္စည်း တစ်ချို့ ဝယ်စုထားမလို့ပဲ ဒါပေမဲ့ ငါ တံခါးဖွင့်လိုက်တဲ့အခါ နှင်းတွေက အများကြီးပဲ ငါ့အိမ်ကိုတောင် ဖုံးသွားတော့မလို ဖြစ်နေပြီ”
ဒါပေမဲ့ ရာသီဉတုက အရမ်းအေးတယ် ငါတို့မှာ အပြင်ထွက်ဖို့ အနွေးထည် ကောင်းကောင်း မရှိဖူး အဲ့ကြောင့် ငါတို့ နှင်းကို မရှင်းနိုင်လောက်ဘူး”
“ဟုတ်တယ် နောက်ထပ် ရက်နည်းနည်းလောက် စောင့်ကြည့်သင့်တယ် ထင်တယ် နှင်းတွေက ခုထိ ကျတာ မရပ်သေးဘူး ဒါကြောင့် ခုချိန် ရှင်းတာက အချိန်ကောင်း မဟုတ်သေးဘူး”
“အမှန်ပဲ ဒါပေမဲ့ အခုချိန် ငါတို့ ခုချိန် မရှင်းရင် နောက်ရက်နည်းနည်း ကြာရင် နှင်းတွေ ပိုထူလာပြီးတော့ ရှင်းရခက်လာလိမ့်မယ်”
“ဒါပေမဲ့ ကျွန်တော်တို့သာ အပြင်မထွက်ရင် ကလေးတွေ ဗိုက်ဆာနေတော့မှာ သူတို့က ခုမှ မူလတန်းအရွယ်ပဲ ရှိသေးတယ် ပြီးတော့ ကြီးထွားတဲံ့အရွယ်လေးတွေ ငါတို့အိမ်မှာလည်း အစားအသောက် မရှိတော့ဘူး”
ရဲ့ရှင်းချန် စိတ်ဝင်တစား စောင့်ကြည့်နေချိန်တွင် လူတစ်ယောက်သည် သူ၏ နာမည်အား တပ်ကာ အဖွဲ့အတွင်း ပြောလာသည်ကို မြင်လိုက်ရသည်။ ထိုသူမှာ လျိုချီလုံ ဖြစ်သည်။ ရဲ့ရှင်းချန်၏ စိတ်အတွင်း မကောင်းသည့် ခံစားချက်များ ဝင်ရောက်လာခဲ့သည်။ အခြေအနေမကောင်းပေ။
သူ တွေးမိလိုက်ချိန်တွင် သူသည် လျိုချီလုံ၏ စာအား အဖွဲ့အတွင်း ပို့ထားသည်ကို မြင်လိုက်ရသည်။
“လွန်ခဲ့တဲ့ရက် နည်းနည်းလောက်က ရှောင်ရဲ့က အစားအသောက်တွေ တော်တော်များများ ဝယ်စုထားတာ တွေ့လိုက်တယ် ခင်ဗျား ဘာလို့ ရှောင်ရဲ့စီကနေ နည်းနည်းလောက် မတောင်းရတာလဲ”
“ဟိုတစ်နေ့က ကျွန်တော် ရှောင်ရဲ့တို့ အနားက ဖြတ်သွားတေ့ာ ရှောင်ရဲ့က အစားအသောက်တွေ အိမ်ထဲ သယ်နေတာကို မြင်လိုက်ရတယ် ကျွန်တော်တောင် သူ့ကို နောက်လိုက်သေးတယ် အဲ့လောက်အများကြီး ဘယ်တော့ စားကုန်မှာလဲ ဆိုပြီးတော့လေ...”
“အိုး ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ အပူချိန် ရုတ်တရက် ကျဆင်းသွားပြီး လူတိုင်းမှာ အစားအသောက် ပြတ်နေကြပြီ”
“ရှောင်ရဲ့က တစ်ခုခု ကြိုသိထားပြီး ကျွန်တော်တို့ကို လျို့ဝှက်ထားတယ်လို့တောင် တွေးမိတယ်”
ရဲ့ရှင်းချန်၏ အမူအရာသည် မကြည်မသာဖြစ်သွားတော့သည်။ သူ့၏ စိတ်ထဲတွင် ကလဲ့စားချေရန် ရှိနေသော်လည်းသူသည် လူတိုင်းနှင့် ရန်သူ ဖြစ်ရန် ယခုလို စောစောစီးစီး အစမပျိုးချင်ပေ။ အထူးသဖြင့် သူ၏ ခိုလှုံရာအိမ်အား ခံတပ်တစ်ခုလို ခိုင်ခံ့အောင် လုပ်ထားခဲ့သည်။ အကယ်၍ သူတို့တွင် လက်နက်များ ရှိလျှင်ပင် သူ၏ အိမ်အား ဖောက်ဝင်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ယခုတွင် လူတိုင်းသည် သူ့တွင် အစားအစာများ ရှိသည်ကို သိသွားကြချိန်တွင် သူ့အား စောင့်ကြည့်နေကြတော့မည် ဖြစ်သည်။
လူတိုင်းသည် အုပ်စုဖွဲ့စကားပြောခန်းတွင် သူ့အား မန်းရှင်းခေါ်လာခဲ့ကြကာ အချို့ဆိုလျှင် စူပါမားကတ် ပေါက်စျေးထက်ပင် ပို၍ နှစ်ဆ သုံးဆပေးရလျှင်ပင် အစားအသောက်များ ဝယ်ယူမည်ဖြစ်ကာ ရောင်းပေးနိုင်မည်လား ဟူသည့် သီးသန့်စာများ ပို့လာခဲ့ကြသည်။ သို့သော် ရဲ့ရှင်းချန်သည် မည်သို့ ရောင်းနိုင်မည်နည်း။ ပိုက်ဆံသည် ရှေ့ဆက်ကြုံတွေ့ ရသည့် ရက်များတွင် ကိန်းဂဏန်း သပ်သပ်သာ ဖြစ်သွားမည်ကို ရဲ့ရှင်းချန်ထက် ပို၍ မည်သူမှ မသိနိုင်ပေ။ ခဏတာ စိတ်အနှောင့်ယှက် ဖြစ်သွား ပြီးနောက်တွင် ရဲ့ရှင်းချန်သည် တစ်ယောက်ထဲ ဟားတိုက် ရီမောလိုက်ကာ လျိုချီလုံထံ အာရုံစိုက်မှုများ ပြန်ရောက်သွားစေရန် စကားလမ်းကြောင်း လွှဲပေးလိုက်တော့သည်။
“ဦးလေးလျိုရေ ပစ္စည်းတွေ ဝယ်စုထားဖို့ အကြံပေးထားတာ ကျေးဇူးတင်ပါတယ်ဗျာ ကံမကောင်းစွာနဲံ ကျွန်တော့်ရဲ့ အတန်းဖော် ချန်းရူအာကို ထောက်ပံ့ပေးမယ်လို့ ကတိပေးထားပြီးသား ဖြစ်နေပြီဗျာ ကျွန်တော် အားလုံးကို တောင်းပန်ပါတယ်ဗျာ ဒါပေမဲ့ ခင်ဗျားတို့ လိုချင်တာ ရှိရင် ဦးလေးလျိုကို မေးကြည့်သင့်တယ်ဗျ ဘာလို့လဲဆိုရင် နောက်ဆုံးမှာ ဦးလေးလျိုကပဲ ကျွန်တေ့်ာကို စောစောစီးစီဂ ပြင်ဆင်နိုင်အောင် သတိပေးစကားပြောခဲ့တာပဲလေ “