← Chapters

ခွေး အချင်းချင်း ကိုက်ခြင်း

Vol. 2 Ch. 14

ခွေး အချင်းချင်း ကိုက်ခြင်း

Vol. 2 Ch. 14

စိတ် မသက်မသာ ဖြစ်သည့် အချိန် ခဏကြာပြီးနောက် ရဲ့ရှင်းချန်သည် ရိုးရှင်းစွာ ပြုံးလျှက် လျိုရှီလုံထဲသို့ ဘောလုံးအား ပြန်လည် ပစ်သွင်း ပေးလိုက်တော့သည်။

“ကံကကောင်းချင်တော့ ဦးလေးလျိုက ကြိုတင် သတိပေးလိုက်လို့ ကျွန်တော် ပစ္စည်း အချို့ကို စုဆောင်းမိလိုက်တယ် ကံမကောင်းချင်တော့ အဲ့ပစ္စည်းတွေ အားလုံးကို ကျွန်တော် ခင်ဗျားတို့နဲ့ ခွဲဝေ သုံးစွဲနိုင်မှာ မဟုတ်တော့ဘူး ကျွန်တော့် အတန်းဖော် ချန်းရူအာကို ကတိပေးပြီးသား ဖြစ်နေပြီ အားလုံးပဲ တောင်းပန်ပါတယ် ခင်ဗျားတို့ လိုအပ်တာတွေကို ဦးလေးလျိုကို မေးကြည့်သင့်တယ် နောက်ဆုံးမှာတော့ ဦးလေးလျိုကပဲ ကျွန်တော့်ကို စောစောစီးစီး ပြင်ဆင်ထားနိုင်အောင် သတိပေးခဲ့တာမို့လို့လေ”

ထိုစာအား ပို့လိုက်ပြီးနောက် ရဲ့ရှင်းချန်သည် အေးစက်စွဦဖြင့် နှာမှုတ်လိုက်သည်။ သူသည် လျိုရှီလုံအား ပြန်လည် ကစားပေးလိုက်သည်။ ခွေးခွေးချင်းသာ ကိုက်ကြပါစေတော့....

အိမ်ထဲတွင် ကွေးကွေးလေး ထိုင်နေခဲ့သည့် လျိုရှီလုံသည် ရဲ့ရှင်းချန် အုပ်စုဖွဲ့ စကားပြောခန်းတွင် သူ့ဘက်သို့ အခြေအနေများ ပြောင်းပြန် လှန်ပေးလိုက်သည့်အတွက် ကြက်သေသေသွားခဲ့သည်။ လူအချို့က ရဲ့ရှင်းချန်သည် အိမ်နီးချင်း စိတ်ဓာတ် မရှိကြောင်း ပြောဆိုနေကြချိန်တွင် လူအချို့က သူ့ထံသို့ သီးသန့် စာပို့ကာ ဆက်သွယ်လာကြသည်။ အချို့က လျိုရှီလုံသည် သူတို့အား အရင်ကတည်းမှ ယခုလို အေးခဲကာ ပြင်းထန်လှသည့် ရာသီဉတုအကြောင်း အသိမပေးခဲ့သည့်အား တွေးတောကာ နာကြည်းနေကြသည်။ သဘာဝအတိုင်း လျိုရှီလုံသည် အသက်ကြီးသော အမေအား ဂရုစိုက်နေရသည့်အတွက် သူ့ အိမ်တွင် ထောင်ပံ့ရေး ပစ္စည်းများ ပြည့်နှက်နေခဲ့သည်။ ထို့ကြောင့် ပုံမှန် အိမ်ထောင်စုများနှင့် နှိုင်းယှဉ်ပါက ဆေးဘက်ဆိုင်ရာ ပစ္စည်းများ သူ့အိမ်တွင် ပို၍ စုဆောင်းမိထားခဲ့သည်။ သို့သော် သူ မည်မျှပင် စုဆောင်းထားမိပါစေ ထိုလူများ၏ “ချေးငှားခြင်း” ဆိုသည့် အကျင့်များအရ ပစ္စည်းများ လုံလောက်လိမ့်မည် မဟုတ်ချေ။ အအေးလှိုင်း ဖြတ်ခြင်းသည် မည်မျှ ကြာအုန်းမည်ဆိုသည်အား မည်သူ သိနိုင်မည်နည်း။

လျိုရှီလုံသည် ရဲ့ရှင်းချန်အား နှလုံးသားအတွင်းမှ မုန်းတီးမိလေသည်။ သူသည် အစပိုင်းတွင် အုပ်စုဖွဲ့ စကားဝိုင်းအတွင်း ထိုအကြောင်းအား စပြောရဣ် စီစဉ်ထားခဲ့ကာ လူတိုင်းသည် ရဲ့ရှင်းချန်စီမှ ပစ္စည်းများ တောင်းချိန်တွင် သူသည် ကြားထဲမှနေ၍ အမြတ်ထုတ်ရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။ သို့ပေသိ ရဲ့ရှင်းချန်ဆိုသည့် ကောင်သည် သူ့ဘက်သို့ ဘောလုံး ပြန်ပစ်လိုက်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ဆိုဖာတွင် ထိုင်နေရင်း လျိုရှီလုံ အံတင်းတင်း ကြိတ်လိုက်မိသည်။ သူသည် ပစ္စည်းများအကြောင်း လာရောက်မေးမြန်းနေသည့် အိမ်နီးချင်းများအား ငြင်းလွှတ်ရင်း တစ်ပြိုင်နက် ရဲ့ရှင်းချန်အား ဆဲဆိုနေခဲ့သည်။

“ဒီ ရဲ့ရှင်းချန်ဆိုတဲ့ ကောင်က အရမ်း တစ်ကိုယ်ကောင်းဆန်တယ် သူ ဒီလောက် ပစ္စည်းတွေ အများကြီး စုဆောင်းထားတာ သေချာနေတာကိုတောင် သူက ဘယ်သူနဲ့မှ မမျှဝေချင်ဖူး”

“မဖြစ်ဘူး သူ့ပစ္စည်းအချို့ကို ထုတ်ပေးလာအောင် ငါ နည်းလမ်း ရှာရမယ် ပြီးတော့ ငါ ကိုယ်တိုင် လုပ်လို့ မရဘူး မဟုတ်ရင် အဲ့ ခွေးကောင်က ငါ့ကို ထပ်ပြီး လှည့်စားနေအုန်းမှာ”

အုပ်စုစကားပြောခန်းတွင် ငြီးငြူနေသံများ ပြည့်နှက်နေချိန်တွင် ကျန်းရီသည် အမှန်ပင် အပြင်ထွက်ကာ နှင်းများ ရှင်းရန်အတွက် လူများကို စုစည်းနေခဲ့သည်။ ရဲ့ရှင်းချန်သည် ဆိုဖာတွင် ထိုင်ရင်း ပျင်းရိကာ သမ်းဝေလျှက် ရှိသည်။ အခြားသူများသည် ဆာလောင်မှု အေးသက်မှု ဒဏ်များ ခံနေရချိန်တွင် သူသည် ကမ္ဘာပျက်ကပ် မတိုင်ခင်က ထက်ပင် သက်တောင့်သက်သာဖြင့် နေထိုင်နေရသည်။ သူ့၏ အိမ်တွင် သုံးထားသည့် ဆောက်လုပ်ရေးပစ္စည်းများသည် ပြင်းထန်လှသည့် အပူုချိန်များအား ကာကွယ်ပေးနိုင်ပေသည်။ ထူထဲလှသည့် နံရံများသည် သူ့အား ပြင်ပကမ္ဘာနှင့် ခွဲခြားပေးထားကာ အပူချိန် ထိန်းညှိပေးထားသည့် သီးခြားကမ္ဘာလေး တစ်ခုလို ဖြစ်နေခဲ့သည်။

ဘဝပေါင်းများစွာအတွက် သိုလှောင်ထားသည့် လောင်စာဆီများ နှင့်အတူ ရဲ့ရှင်းချန်သည် တစ်ဘဝလုံး သက်တောင့်သက်သာဖြစ်သည့် ပတ်ဝန်းကျင်တွင် နွေးထွေးစွာ နေထိုင် နိုင်ပေသည်။ သူသည် တခြား မည်သည်ကိုမှ လုပ်ရန် မလိုအပ်ပဲ သူ၏ တစ်ခုတည်းသော လုပ်ရန် ရှိသည့် တာဝန်မှာ သူ၏ နေ့ရက်များအား သက်တောင့်သက်သာဖြင့် နေထိုင်နိုင်ရန် ဖြစ်သည်။

တီဗွီကို ဖွင့်လိုက်ပြီးနောက် စိတ်ဝင်စားစရာ ရုပ်သံအစီစဉ်များလည်း အများကြီး မကျန်တော့ပေ။ ရဲ့ရှင်းချန်သည် သူ၏ နေရာလွတ်အတွင်းမှ အလေးတုံး တစ်စုံအား ထုတ်လိုက်ကာ ရီမုဖြင့် လိုင်းများ ပြောင်းလဲ ကြည့်ရှုလိုက်သည်။ နေရာ အနှံ့အပြားမှ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်များသည် အပူချိန် ကျဆင်းမှုကြောင့် ရပ်နားထားရ၏။ ယခုလို ရာသီဉတုတွင် ရိုက်ကူးပေးချင်သော သူများ ရှိလျှင်ပင် ကင်မရာများသည် ယခုလို ရာသီဉတု ဒဏ်အား မခံနိုင်ကြပေ။

ဆယ်မိနစ် ကြာပြီးနောက် တီဗွီတွင် သတင်းများသာ ဆက်တိုက် တက်လာနေခဲ့ကာ နိုင်ငံသားများအား မဖြစ်မနေ အိမ်တွင်သာ နေထိုင်ကြရန်နှင့် အစိုးရအာဏာပိုင်များမှ တရားဝင် အသိပေးချက်များအား စောင်းဆိုင်းနေကြရန် မေတ္တာရပ်ခံနေကြသည်။ စိတ်ဝင်စားစရာ မကောင်းသည်များအား ရှာကြည့်မိချိန်တွင် ရဲ့ရှင်းချန်သည် လေ့လာရန် အတွက် အရင်က သိမ်းဆည်း ထားခဲ့သည့် ဟင်းချက်နည်းလမ်း စာအုပ်အား နေရာလွတ် အတွင်းမှ ထုတ်ယူကာ စတင်၍ လေ့လာလိုက်သည်။ အလုပ်ကိစ္စများ လူမှုရေး ကိစ္စများအား စိုးရိမ်စရာ မလိုအပ်သည့် ယခုလို က၎္ဘာပျက်ကပ် ကာလတွင် အရာရာကို လေ့လာသင်ယူထားခြင်းသည် ပို၍ ကောင်းမွန်ပေသည်။ အမျိုးမျိုးသော စွမ်းရည်များ ပို၍ ရှိလေလေ ယခုလို ခေတ်ကာလမျိုးတွင် သူ၏ အသက်ရှင်ရပ်တည်နိုင်ရန် အခွင့်ရေး ပိုရှိလေလေ ဖြစ်သည်။

နေ့ခင်း တစ်ဝက်လောက် အချိန်ကုန်ဆုံးသွားချိန်တွင် သူ၏ နေရာလွတ်မှ ကျပန်း ရွေးထုတ်လိုက်သည့် ဟင်းချက်နည်း စာအုပ်၏ တစ်ဝက်လောက် သူ ဖတ်ပြီးသွားပြီ ဖြစ်သည်။ အချိန်အား လှမ်းကြည့်လိုက်ချိန်တွင် ည ၇နာရီ ထိုးသွားပြီဆိုသည်ကို သူသတိထားမိလိုက်သည်။ တီဗွီမျက်နှာပြင်ပေါ်တွင် ပြသနေသည့် အပူချိန်သည် ယခုအခါ အနှတ် ၄၂ ဒီဂရီသင်တီဂရိတ် ဖြစ်နေပြီ ဖြစ်သည်။

စောင့်ကြည့်ရေး ကင်မရာများ၏ မျက်နှာပြင်မှ တစ်ဆင့် အပြင်ဘက်သို့ ကြည့်လိုက်ချိန်တွင် စုပုံနေသာ နှင်းများသည် လမ်းသွားလမ်းလာများ၏ ခါးလောက်ထိ မြင့်တက်လာနေပြီ ဖြစ်သည်။ ကံကောင်းစွာဖြင့် အပြင်ဘက်မှ အခြေအနေများအား အမြဲ သိနိုင်ရန် အတွက် ရဲ့ရှင်းချန်သည် လုံခြုံရေး အိမ်ဆောက်လုပ်နေချိန် အတွင်း ဗီလာ ဧရိယာအတွင်းမှ လမ်းမီးတိုင်များ၏ ထိပ်တွင် ကင်မရာများ တပ်ဆင်ထားခဲ့သည့်အပြင် ဘတ်ထရီ မကုန်ခင် ကမရာများ အေးခဲမသွားစေရန်အတွက်ပင် အပူပေးစတစ်များကိုလည်း ထည့်သွင်းထားခဲ့သေးသည်။ သို့သော် ကံမကောင်းစွာဖြင့် လျှပ်စစ်ဓာတ်အား မရှိတော့သည့်အတွဥ် လုံခြုံရေးအိမ်နှင့် အနီးဆုံး ကင်မရာ နှစ်လုံးလောက်သာ အလုပ်လုပ်တော့သည့် ပုံပေါ်သည်။

ရဲ့ရှင်းချန်သည် သူ၏ နေရာလွတ် အတွင်းမှ ကမာကောင်အား ချိစ်ဖြင့် ကင်ထားသည့် ဟင်းပွဲတစ်ပွဲအား ထုတ်ယူလိုက်ကာ ထမင်းနှင့် အတူ တွဲစားရန် အတွက် မာပိုတိုဟူး အစပ်ချက်ထားသည့် တစ်ပွဲနှင့် ဖက်ထုပ်အချို့ကိုပါ ထုတ်ယူလိုက်ကာ ညစာကို လျှင်မြန်စွာ စားသုံးလိုက်သည် ။

ဟင်းချက်နည်း စာအုပ်အား တစ်ဝက်လောက် ဖတ်ပြီးသွားသော်လည်း ရဲ့ရှင်းချန်သည် ကိုယ်တိုင် ချက်ပြုတ်ရန်အတွက် စိတ်မပါသေးချေ။ နောက်ဆုံးတွင် ခုချိန်သည် ကမ္ဘာပျက်ကပ် ဖြစ်နေသည့်အပြင် အကယ်၍ သူ ကိုယ်တိုင် ချက်ပြုတ်စားသောက်ချိန်တွင် မကျက်တကျက်ဖြစ်ပြီး ရောဂါ တစ်ခုခု ဖြစ်ခဲ့လျှင် အလွန်ပင် ဒုက္ခရောက်ပေလိမ့်မည်။

တီဗွီ ရုပ်သံလိုင်းများမှ သတင်းများ၏ နောက်ခံသံများသည် ဆူညံလျှက်ရှိသည်။ ရုပ်သံလိုင်းအများစုသည် နှင်းထူထဲစွာ ကျဆင်းမှု အပူချိန် ကျဆင်းမှုများကြောင့် ရပ်နားထားကြကာ တရားဝင် လုပ်ငန်းဆောင်ရွက်ချက်များအား ထုတ်လွှင့်ရန်နှင့် လူထူအား အားပေးနိုင်ရန် အတွက် ဆက်လက် ထုတ်လွှင့်နေသည့် တရားဝင် ရုပ်သံလိုင်း အနည်းငယ်သာ ရှိတေ့ာသည်။

“နှစ်တစ်ထောင် အတွင်း ကြုံတောင့် ကြုံခဲ နှင်းဘေးအန္တရာယ် စည်းလုံး ညီညွတ်စွာ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ပေးကြပါ”

“လက်ရှိအချိန်မှာ နှင်းဘေးအန္တရာယ်ကို ကာကွယ် ထိန်းချုပ်နိုင်ရန် အားနည်းနေသေးသည့် အတွက် အမေရိကန်တွင် လူပေါင်း သန်း၇၀ခန့် နှင်းများကြား ပိတ်မိနေခဲ့ပြီး လူပေါင်း သိန်း ၃၀ ခန့်လောက်ကတော့ နှင်းကိုက်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ရပြီ ဖြစ်ပါတယ်”

“ကျွန်တော်တို့ နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ နှင်းဘေးအန္တရာယ်သည် ထိန်းချူပ်နိုင်တဲ့ အခြေအနေများအတွင်း ရှိနေခဲ့တာကြောင့် အရာအားလုံး အဆင်ပြေ ကောင်းမွန်နေပါတယ်”

“မိဘပြည်သူများခင်ဗျား မထိတ်လန့်ကြပါနဲ့ အာဏာပိုင်များရဲ့ စွမ်းဆောင်နိုင်မှုကို ယုံကြည်ပေးကြပါ”

“နေရာအနှံ့မှ စူပါမားကတ်များတွင် ပစ္စည်းပြတ်လတ်မှုများ ဖြစ်နေပေါ်နေပါတယ် ပြည်သူများ အနေဖြင့် လိုအပ်သည်ထက် ပို၍ အလွန်အကျွံ ဝယ်ယူ သိမ်းဆည်းမှုများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ”

“ကျွန်တော်တို့ နိုင်ငံဟာ နှင်းဘေးအန္တရာယ်ကို မကြုံစဖူး ကြုံနေရပါတယ် ကျောင်းတွေကိုလည်း ခေတ္တရပ်ဆိုင်း ထားလိုက်ပါတယ် မိဘများ အနေနဲ့ မိမိတို့ရဲ့ ကလေးများကို ဂရုတစိုက် စောင့်ရှောက်ကြဖို့ မျှော်လင့်ပါတယ်”

သတင်း တစ်ခုပြီး တစ်ခု နားထောင်ပြီးနောက်တွင် ရဲ့ရှင်းချန်သည် သူ၏ ဦးခေါင်းအား အကူညီမဲ့စွာ ခါယမ်းလိုက်သည်။ ယခုလို နှင်းမုန်တိုင်း အန္တရာယ်အား မည်သို့ အလွယ်တကူ ထိန်းချုပ်နိုင်မည်နည်း။ သူ၏ အတိတ်ဘဝတွင်ပင်လျှင် ၃လ ဆက်တိုက် နှင်းများ ပြင်းထန်စွာ ကျဆင်းမှုအား ကြံ့ကြံ့ခိုင် သည်းခံခဲ့ရသည့် အချိန်တွင်ပင် အာဏာပိုင်များထံမှ မည်သည့် ဖြေရှင်းချက်များကိုမှ မကြားခဲ့ရသလို မျှော်လင့် ထားခဲ့သလို “ကယ်ဆယ်ရေး”သည်လည်း ရောက်မလာခဲ့ပေ။

အာဏာပိုင်များသည် ထို အအေးလှိုင်းဒဏ်အား ဖြေရှင်းနိုင်ရန် အတွက် ဌာနဆိုင်ရာ အသီးသီးအား အလျှင်အမြန် ဖွဲ့စည်းကာ ကြိုးစား လုပ်ဆောင်နေကြသည့် တိုင်အောင် သဘာဝတရား၏ ရှေ့တွင် လူသားများ၏ စွမ်းအားသည် ပြောမပြလောက်အောင်ပင် သေးငယ်လွန်းလှ၏။ သဘာဝတရားမှ သယ်ဆောင်လာသည့် ယင်းကပ်ဘေးကြီးအား ကျော်လွှားနိုင်ရန် ခက်ခဲသည့်အတွက် အာဏာပိုင်များ မည်သို့ပင် ပြင်ဆင်မှုရှိနေသည် ဖြစ်ပါစေ လူသားများ အားလုံးအား ဦးဆောင်ကာ ထို ဘေးအန္ရာယ်ဆိုးကြီးမှ လွတ်မြောက်စေရန် ခေါ်ထုတ်သွားနိုင်မည် မဟုတ်ချေ။ မော်နီတာမှ တစ်ဆင့် ကြည့်လိုက်ပြီးနောက် ကျန်းရီနှင့် သူ၏ လူများ ရှင်းထားသည့် နေရာများသည် တဖြည်းဖြည်းဖြင့် နှင်းများ တဖန် ပြန်လည် ဖုံးလွှမ်းလာနေသည်အား သူမြင်လိုက်ရသည်။

လူအများအပြား မည်မျှပင် ကြိုးစားကာ ကူညီ လုပ်ဆောင်ကြပါစေ သူတို့အားလုံး၏ အားထုတ်မှုများသည် နှင်းများ ကျဆင်းမှုနှုန်းအား မမှီနိုင်ခဲ့ပေ။ နေ့လယ်ခင်း တစ်ခုလုံး အလုပ်လုပ် ပြီးနောက် ထိုသူများသည် သူတို့၏ ဂေါ်ပြားများအား သယ်ဆောင်ကာ စိတ်ပျက်အားလျော့စွာ ပြန်လာခဲ့ကြသည်။ လူအနည်းငယ်လောက်ဖြင့် လမ်းရှင်းရန် မဖြစ်နိုင်သည်အား သူတို့ သဘောပေါက်သွား ပုံရသည်။ ကားမောင်းရန် လမ်းတစ်ခု ဖြစ်လာနိုင်ရန် ဝေးလေစွ။

ထို့အပြင် သူတို့သည် လမ်းတစ်ခုအား ရှင်းလင်းနိုင်လျှင်ပင် မည်သည်များ ထူးခြားသွားလိမ့်မည်နည်း။ အပြင်ဘက်တွင် နှင်းမုန်တိုင်းကြောင့် အရာအားလုံး ဖုံးလွှမ်းသွားခဲ့ပြီး ဖြစ်သည်။ ယခုလို ထူထဲသည့် နှင်းများအား နှင်းများ ရှင်းရန် သီးသန့် ထုတ်လုပ်ထားသည့် ကြီဂမားလှသည့် နှင်းရှင်း စက်များဖြင့်သာ တဖြေးဖြေး ရှင်းလင်းရမည် ဖြစ်သည်။ သို့သော်လည်း ဤနေရာသည် တောင်ပိုင်း ဒေသ ဖြစ်နေခဲ့သည်။ နှင်းများကျဆင်းမှုသည်ပင် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်သည့် ကိစ္စ ဖြစ်နေသည့်အတွက် မည်ကဲ့သို့ နှင်းရှင်းစက်များ ရှိနိုင်လိမ့်မည်နည်း။ ကံကောင်းစွာဖြင့် နှင်းများ စုပုံလာမှုသည် လမ်းသွား၍ မရနိုင်လောက်သည် အထိ မဖြစ်လာသေးပေ။ ထို့ကြောင့် လိုအပ်သည့် ပစ္စည်းများအား အပြင်သို့ ထွက်၍ ဝယ်ရန် အချိန်ရှိနေသေး၏။ ထိုအချိန် ခဏတွင် ရဲ့ရှင်းချန်၏ ဖုန်းတွင် စာတစ်စောင် ထပ်၍ ဝင်လာခဲ့သည်။

All Chapters