← Chapters

ကောက်ကျစ်စဉ်းလဲသည့် ခွေးမ ရောက်ရှိလာခြင်း

Vol. 2 Ch. 15

ကောက်ကျစ်စဉ်းလဲသည့် ခွေးမ ရောက်ရှိလာခြင်း

Vol. 2 Ch. 15

သူ ဖုန်းကောက်ကိုင်လိုက်ချိန်တွင် သူသည် ချန်းရူအာထံမှ ပို့သည့် စာအား မြင်လိုက်ရသည်။ ရဲ့ရှင်းချန်သည် စိတ်အတွင်းမှ အေးစက်စွာ ရီမောလိုက်သည်။ ယခုသည် နှင်းဘေးအန္တရာယ် ကျရောက်သည်မှာ သုံးရက်သာရှိနေသေးကာ ချန်းရူအာသည် ငြိမ်းချမ်းစွာ မနေနိုင်တော့ပေ။

“ရဲ့ရှင်းချန် ရှင် အခု ဘယ်မှာလဲ”

ရဲ့ရှင်းချန် မျက်ခုံးပင့်လိုက်မိသည်။ ချန်းရူအာသည် သူ့အား စိတ်ပူသလို ထပ်၍ ဟန်ဆောင်ပြန်ပြီ ဖြစ်သည်။ တကယ့် ရည်ရွက်ချက် အစစ်အမှန်သည် လူတိုင်းတွက် ရှင်းလင်းနေပြီးသား ဖြစ်သည်။

သူ စုဆောင်းထားသည့် ပစ္စည်းများကြောင့် မဟုတ်ဘူးလား

“ငါ အိမ်မှာ အရမ်း ပျင်းနေတာ”

“အေးကလည်း အေး ဆာကလည်း ဆာတယ် စားစရာလည်း ကောင်းကောင်း မရှိဘူး နင်ကော ဘာလုပ်နေတာလဲ နင် ငါ့စာကို မပြန်တာကို သတိထားမိလို့လေ”

မှန်ပေသည်။ ချန်းရူအာသည် ရဲ့ရှင်းချန်အား ပျင်းလွန်း၍ စာပို့နေခြင်း မဟုတ်ခဲ့ပေ။ သူမသည် ယမန်နေ့က သူမထံသို့ ရဲ့ရှင်းချန် ပို့လိုက်သည့် ဓာတ်ပုံအား သတိရနေခြင်း ဖြစ်သည်။ အပူချိန် ကျဆင်းလာသည့်အခါ ချူယောင်သည် သူမ ငှားထားသည့် အန်းသို့ မမျှော်လင့်ပဲ အပူတပြင်း ခိုလှုံရန်ရောက်ရှိလာခဲ့သည်။ ချန်းရူအာသည် လက်ဗလာဖြင့် ရောက်ရှိလာသည့် ချူယောင်အား ကြည့်ကာ ငြင်းရမည်လား လက်ခံရမည်လား ဝေခွဲမရ ဖြစ်နေခဲ့သည်။ ထို့နောက် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ရဲ့ရှင်းချန်၏ ရိက္ခာပစ္စည်းများ အကြောင်း သူမ တွေးမိသွားခဲ့သည်။

ရဲ့ရှင်းချန်၏ စကားများအရ သူသည် အစားအစာများ အများအပြား သိုလှောင်ထားမည်မှာ သေချာသလောက် ရှိပေသည်။ စားသောက်ရန် ပါးစပ်ပေါက် များလာခြင်း နှင့်အတူ ချန်းရူအာသည် ချူယောင်အား သူမ၏ ရိက္ခာများအား စားသောက်မည်ကို မလိုလားချေ။ သဘာဝအတိုင်း သူမသည် ရက်အနည်းငယ်ခန့်က အသားကင်နှင့် ဝိုင်အား စားသုံးနေသည့် ရဲ့ရှင်းချန်အား သတိရသွားမိသည်။

“ငါ့မှာ လုပ်စရာ သိပ်မရှိပါဘူး အပြင်မှာ နှင်းတွေက ပြင်းပြင်းထန်ထန် ကျနေတော့ ငါ အပြင်ထွက်ပြီး ဘာမှ လုပ်မရဘူး”

ရဲ့ရှင်းချန်သည် သူ၏ နဖူးပေါ်မှ ချွေးများအား သုတ်ရန် သဘတ် တစ်ထည်အား ယူဆောင်လိုက်ကာ အလေးတုံးများအား ဘေးတွင် ချထားလိုက်သည်။

“ငါ့ဆီမှာ စားစရာတွေ ကုန်တော့မယ် ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က နင် စားစရာတွေ ပိုဝယ်ထားဖို့ ပြောတာကို မှတ်မိလိုက်တယ် နင် အများကြီး ဝယ်ထားမှာပဲနော် ဟုတ်တယ်မလား”

လက်ထဲတွင် ဖုန်းအား ကိုင်ထားရင်း ရဲ့ရှင်းချန်သည် ရေချိုးခန်း အတွင်းသို့ ဝင်သွားလိုက်သည်။ ရေချိုးကန်အတွင်း ရေဖြည့်ပြီးနောက် အပူချိန်အား ချိန်လိုက်ကာ ထိုသို့ လုပ်နေရင်း ဖုန်းဖြင့် စာရိုက်နေလိုက်သည်။

“ငါ အများကြီး ဝယ်မထားပါဘူး ဒါပေမဲ့ ငါ့ တစ်ယောက်စာ လုံလောက်ရုံလောက်ပါပဲ “

ချန်းရူအာ၏ မျက်လုံးများသည် ရဲ့ရှင်းချန်၏ ပြန်စာအား မြင်သော် အရောင်တောက်လာပလာခဲ့သည်။ သူမသည် ရဲ့ရှင်းချန်အား အရင်ကကဲ့သို့ ခွေးတစ်ကောင်လို ထင်နေဆဲ ဖြစ်သည်။

“နင် အများကြီး ဝယ်ထားတာဆိုတော့ နင် ငါ့ကို နည်းနည်းလောက် မျှပေးလိူ့ မရဘူးလား ငါ နောက်မှ နင့်ကို ညစာ လိုက်ကျွေးပါ့မယ်”

ရဲ့ရှင်းချန်သည် ရေဖြည့်ထားသည့် ရေချိုးကန်အတွင်း လှဲလှောင်းလိုက်ပြီး လေ့ကျင့်ခန်း လုပ်ထားသည့်အတွက် မောပန်းနွမ်းနယ်မှုများအား ပြေလျော့သွားစေသည်။ သူသည် ဖုန်း မျက်နှာပြင်အား ကြည့်လိုက်ကာ မည်သို့ ဖြစ်နေသည်ကို သိလိုက်သည်။ မျှော်လင့်ထားသလိုပင် ထိုမိန်းမသည် သူ့အား အရင်ကကဲ့သို့ ငတုံးငအ တစ်ကောင်လို သူမ ဆန္ဒအတိုင်း သူမ လိုအပ်သမျှ အားလုံး လိုက်လုပ်ပေးလိမ့်မည်ဟု မျှော်လင့်နေသေးသည့် ပုံရသည်။

ချန်းရူအာ၏ နေထိုင်မှု ပုံစံသည် သင့်တော်လျှောက်ပတ်သည့် အနေအထားတွင် ရှိပေသည်။ ထိုအခန်းကိုလည်း ရဲ့ရှင်းချန် မှာ ငွေရှင်းကာ ငှားယမ်းပေးထားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ရဲ့ရှင်းချန်သည် မိန်းကလေးများကြား နာမည်ကြီးနေသည့် မုန့်အမျိုးမျိုးနှင့် အချိုရည်များကိုလည်း အများကြီး ဝယ်ယူထားပေးခဲ့သည်။ အကယ်၍ ချန်းရူအာသည် သူ့စကားအား နားထောင်ကာ လိုအပ်တာများ သွားရောက် ဝယ်ယူထားခဲ့မည် ဆိုလျှင် ယခုလို ၃ရက်လောက်ဖြင့် အစားရေစာ ပြတ်တောက်သွားလိမ့်မည် မဟုတ်ချေ။

“ငါ မင်းကို မျှပေးချင်ပေမဲ့ အပြင် မှာ နှင်းအများကြီး ကျနေတယ် တံခါးကိုလဲ ပိတ်ဆို့နေပြီးတော့ ကားကလည်း ထွက်မရဘူး ငါ မင်းစီကို မလာနိုင်လောက်ဘူး ဟူး... ငါလည်း တော်တော် စိတ်ညစ်ရတယ် ငါ ဝယ်မိလိုက်တဲ့ ပစ္စည်းတွေက အထားမခံတဲ့ ပစ္စည်းတွေကြီးပဲ ကြာကြာထားရင် ပုပ်သိုးကုန်မှာ”

ရဲ့ရှင်းချန်သည် သူ၏ စိတ်စွမ်းအားကို အသုံးပြုကာ နေရာလွတ်အတွင်းမှ စားပွဲတစ်လုံးကို ထုတ်ယူလိုက်ကာ အမျိုးမျိုးသော ဟင်းပွဲများအား စားပွဲပေါ်တင်ကာ ဓာတ်ပုံရိုက် ပြီးနောက် ချန်းရူအာထံသို့ ပို့လိုက်သည်။ မှန်ပေသည်။ သူသည် တစ်ခြားသော အရာများ မပါဝင်စေရန် နောက်တွင် ချန်ကာ ရိုက်လိုက်ခြင်း ဖြစ်သည်။

ဓာတ်ပုံရိုက်ပြီးနောက် ရဲ့ရှင်းချန်သည် သူ၏ စိတ်စွမ်းအားကို ရုတ်သိမ်းလိုက်ကာ သူ၏ ရေစိုနေသည့် ခန္ဓာကိုယ်သည် ရေချိုးကန် အတွင်းသို့ ပြန်ရောက်သွားခဲ့သည်။ စားပွဲပေါ်တင်ထားသည့် ပစ္စည်းများသည် နေရာလွတ်အတွင်းသို့ ပြန်ထည့်ထားလိုက်သည်။ တစ်ဖက်တွင် ချန်းရူအာသည် စောင်အတွင်း ကွေးနေကာ ရဲ့ရှင်းချန် ပို့လိုက်သည့် ပုံအား ကြည့်နေခဲ့သည်။ သူမ ဒေါသထွက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“နင် အဲ့ဒါ ဘာသဘောလဲ နင် တမင်သက်သက် ငါ့ကို ရန်စနေတာလား ငါ နင့်ရဲ့ ကောင်မလေး ဖြစ်ဖို့ လက်မခံခဲ့တာကြောင့်လား”

သူမ၏ ဘေးတွင် ချန်းရူအာ၏ အခင်ဆုံး သူငယ်ချင်း ချူယောင်သည်လည်း စောင်အောက်တွင်းမှ ခေါင်းပြူထွက်လာခဲ့သည်။ ရာသီဉတုသည် အရမ်းအေးလွန်းသည့် အတွက် ချန်းရူအာ၏ အိမ်ခန်းသည် သူမ ငှားနေသည့် စုတ်ပြတ်နေသည့် အခန်းထက် အခြေအနေ ပို၍ကောင်းကာ အဲကွန်းအား အပူချိန် ၄၀ဒီဂရီထိ တင်ထားသည့်တိုင်အောင် အခန်းအတွင်း အေးနေဆဲ ဖြစ်သည်။

ရာသီဉတု အရမ်း အေးလွန်းလှသည့် အတွက် ချူယောင်သည် ချန်းရူအာနှင့် တစ်ကုတင်တည်း မျှသုံးနေခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်၏ စာအားမြင်သော် ချူယောင်၏ မျက်လုံးများ လောဘစိတ်ကြောင့် အရောင်များ တောက်လာခဲ့သည်။ ချန်းရူအာကဲ့သို့ ချူယောင်သည်လည်း လှပ နူးညံ့သည့် အမျိုးသမီး တစ်ဦးဖြစ်သည်။ ကျောင်း၏ အလှနတ်ဘုရားမ ချန်းရူအာလောက် မူးမေ့လဲလောက်သည် အထိ မလှပသော်လည်း ချူယောင်၏ ခန္ဓာကိုယ် ပုံသဏ္ဍာန်သည် ချန်းရူအာထက် ပိုသာပေသည်။ ထို့နည်းတူစွာ ချူယောင်တွင် ပိုးပန်းသူများစွာ ရှိပေသည်။

သာမန် အခြေအနေများ အောက်တွင် ဓာတ်ပုံထဲမှ ပစ္စည်းများမှာ သိပ်ပြီး ရှားပါးလှသည်တော့ မဟုတ်ပေ။ သို့သော် ချူယောင်မှာမူ သူမတွဲနေသည့် ချမ်းသာသော လူငယ်လေး တစ်ဦး၏ စွန့်ပစ်ခြင်းအား ခံခဲ့ရသူ ဖြစ်လေသည်။ အကြောင်းမှာမူ သူမသည် အခြားတစ်ယောက်နှင့် တိတ်တဆိတ် တွဲနေသည်အား ထိုလူငယ်မှ သိသွားခဲ့သောကြောင့် ဖြစ်သည်။

ကမ္ဘာပျက်ကပ်ဘေး မကျရောက်မီ ရက်သတ္တပတ် အတော်ကြာကတည်းမှ စတင်၍ သူမသည် ခေါက်ဆွဲပြုတ်ခြောက်များ ဖြင့်သာ အသက်ဆက်နေခဲ့ရသည်။ ကမ္ဘာပျက်ကပ်ဘေး ကျရောက်ပြီး သုံးရက်မြောက်နေ့တွင် သူမသည် အလွန်အမင်း ဆာလောင်လာခဲ့သဖြင့် ဝတ်ဆင်၍ရသည့် အဝတ်အစားအားလုံးကို ထပ်ဝတ်ပြီးနောက် တန်ဖိုးရှိသည့် ပစ္စည်းများအား ယူဆောင်လျှက် ချန်းရိုအာထံတွင် ခိုလှုံရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။

သို့သော် ချန်းရိုအာ၏ အစားအသောက် သိုလှောင်ထားရှိမှုမှာ အတော်လေး နည်းပါးနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိချေ။ ပိုမိုချမ်းသာသည့် ပိုးပန်းသူများအား ဆွဲဆောင်နိုင်ရန်အတွက် ချန်းရိုအာသည် သူမ၏ ကိုယ်ခန္ဓာအလှအပကို ထိန်းသိမ်းထားရန် သူမအိမ်ရှိ အာဟာရ မဖြစ်သည့် မုန့်ပဲသရေစာ အားလုံးနီးပါးကို လွှင့်ပစ်ခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီကပင် ရဲ့ရှင်းချန်ထံသို့ သူမပို့ခဲ့သော စာများမှာ လုံးဝ မမှန်ကန်သည်တော့ မဟုတ်ပေ။ သူမ၌ အစားအစာ များများစားစား မကျန်တော့သည်မှာ အမှန်ပင် ဖြစ်သည်။ သူမ၌ ကျန်ရစ်သည့် တန်ဖိုးရှိသည့် ပစ္စည်းအနည်းငယ်ကိုလည်း ချူယောင်နှင့် မမျှဝေလိုခဲ့ပေ။

ရဲ့ရှင်းချန်၏ သဘောထားအား မြင်လိုက်ရသောအခါ ချန်းရိုအာသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရလေသည်။ ဤမျှ နာခံလွယ်ပြီး အလိမ်အညာခံရလွယ်သည့် ခွေးလိမ္မာလေးသည် သူမ၏ ရှေ့မှောက်တွင် ပြောင်းလဲသွားပုံ ရလေသည်။

ချန်းရိုအာ၏ ဘေးတွင် ကပ်လျက် ခွေနေသည့် ချူယောင်သည် သူမ၏ မျက်လုံးများအား ပွတ်သပ်ရင်း ခါးသီးစွာဖြင့် ပြောလိုက်လေသည်။

"ရဲ့ရှင်းချန်က ဘာလို့ ဒီလောက်တောင် အကျိုးအကြောင်းမသိ ဖြစ်နေရတာလဲ သူ့အိမ်မှာ ကောင်းမွန်တဲ့ အစားအစာတွေ အများကြီး ရှိနေတာတောင် နင့်ကို သတိမရဘူး"

"ငါတို့က ဒီမှာ အေးပြီး ဆာလောင်နေရတယ် သူကတော့ စိုးရိမ်ပူပန်မှု နည်းနည်းလေးတောင် မပြဘူး အရင်တုန်းကတော့ နင့်ကို ကြိုက်ပါတယ်လို့ သူ အမြဲပြောနေခဲ့တာ ငါကြည့်ရတာ သူက မရိုးသားဘူး နင့်ကို ဂရုစိုက်ချင်ယောင် ဆောင်နေတာပဲ ဖြစ်လိမ့်မယ်"

ချန်းရိုအာသည် မူလကတည်းမှ မကျေမနပ် ဖြစ်နေပြီး ဖြစ်ရာ ချူယောင်ကပါ သူမ၏ နာကျင်နေသည့် အချက်အား ထိုးနှက်လိုက်သဖြင့် ပို၍ပင် ဒေါသထွက်သွားခဲ့ရလေသည်။ ရဲ့ရှင်းချန်မှ သူမထံ ဓာတ်ပုံ ပို့သည်မှာ ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။ ရဲ့ရှင်းချန်မှ သူမအား တမင်သက်သက် ရန်စနေမှန်း သူမ ကောင်းကောင်းကြီး သိလေသည်။

သို့သော်လည်း သူမသည် ရဲ့ရှင်းချန်မှ သူမအား ကြိုက်နေဆဲဟု သူမ ယုံကြည်ရန် ရွေးချယ်လိုက်သည်။ သူ၏ မကြာသေးမီ အချိန်အတွင်း ပြုလုပ်ခဲ့သည့် လုပ်ရပ်များ အားလုံးမှာ သူမမှ သူ့အား အကြိမ်ကြိမ် ငြင်းပယ်ခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူမသည် အခြားသော ချမ်းသာသည့် သူဌေးသားတစ်ဦးနှင့် တစ်ပြိုင်နက်တည်း တွဲနေသည်အား သူ သိသွားခဲ့သည့် အတွက် ဒေါသထွက်ကာ ပြုလုပ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ယခု သူလုပ်နေသမျှ အရာအားလုံးသည် သူမအား အလျှော့ပေးလာစေရန်နှင့် သူ့အား တက်ကြွစွာ ပြန်လည် ရှာဖွေလာစေရန် ကြိုးပမ်းမှုတစ်ခုသာ ဖြစ်နိုင်လေသည်။

"ဟက် နင့်ကိုယ်နင် အရမ်းကြီး အထင်မကြီးစမ်းပါနဲ့ နင့်ကိုနင် သိပ်အရေးပါတယ်လို့ တကယ်ပဲ ထင်နေတာလား ဒါက အစားတစ်နပ်လောက်ထက် မပိုဖူး ဒီလိုလုပ်ရုံနဲ့ နင် ငါ့ကို အတင်းအကျပ် နင့် ရည်းစားလာလုပ်ခိုင်းလို့ ရလိမ့်မယ်လို့ နင် တကယ် မထင်နေပါဘူးနော်"

"ရဲ့ရှင်းချန် နင်က တကယ်ပဲ အဲ့လောက် နုံအ ရလား"

ပုံမှန်အားဖြင့် ချန်းရိုအာသည် ရဲ့ရှင်းချန်အပေါ် အထင်အမြင်သေးသည့် သဘောထားမျိုး ရှိတတ်လေသည်။ ကျင်းဟိုင် တက္ကသိုလ်၏ အလှဘုရင်မ တစ်ဦးအနေဖြင့် သူမအား နောက်မှ လိုက်နေသည့် ချမ်းသာလှသော ပိုးပန်းသူများမျာ မရှားပါးလှချေ။

သို့သော် နှစ်ပေါင်းများစွာ သူမနောက်သို့ မမောနိုင် မပန်းနိုင် မဆုတ်မနစ် လိုက်ခဲ့သည့် ရဲ့ရှင်းချန်ကဲ့သို့ မယိမ်းယိုင်ပဲ စွဲလမ်းမှုအား ပြသနိုင်သူမှာ အလွန်ရှားပါးသည်ဟု ဆိုရပေမည်။

ချူယောင်သည်လည်း မနေနိုင်ဘဲ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။ သူမသည် ရဲ့ရှင်းချန်အား အထင်သေးသော်လည်း သူမနောက်သို့ လိုက်နေသူများထဲတွင် မည်သူမျှ ရဲ့ရှင်းချန်ကဲ့သို့ မဟုတ်ကြပေ။ သူမအား လက်ဖျားနှင့်ပင် မထိပါဘဲ ငွေအများကြီး သုံးစွဲလိုသူမျိုး ဖြစ်ပေသည်။ ချူယောင်မှ နှုတ်ခမ်းကို စူလိုက်ပြီးနောက် ပြောလိုက်တော့သည်။

"ငါ့အမြင်တော့ နင် သူ့ကို ထမင်းအတူတူ စားဖို့ ဆန္ဒရှိတယ်လို့ ပြောပြီး နင့်ဆီကို အစားအသောက် ယူလာခွင့် ပြုလိုက်သင့်တယ် ကြည့်ပါဦး နင်က သူ့ကို အိမ်ထဲပေးမဝင်ဘဲ ရှောင်နေခဲ့တာလေ အခုတော့ သူက လာတောင်မလာချင်တော့ဘူး တစ်ခါတလေကျရင် နင် သူ့ကို အားတက်စေမဲ့ အပြုအမူမျိုး နည်းနည်းလောက်တော့ လုပ်ပေးသင့်တယ်"

ချန်းရိုအာမှ မျက်မှောင်ကြုတ် လိုက်မိသည်။ သူမ အနည်းငယ် ဝန်လေးနေမိခဲ့လေသည်။ သူမ၏ စိတ်ထဲတွင် ရဲ့ရှင်းချန်သည် အတော်အတန် ချမ်းသာသည့် ခွေးလိမ္မာလေး တစ်ကောင်ထက် မပိုခဲ့သလို အရန်လူအဖြစ် ထားရှိရန်ပင် မထိုက်တန်လှပေ။

ရဲ့ရှင်းချန်သည် ရုပ်ရည်ချောမောကာ သင့်တင့်သော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သော်လည်း သူမ စိတ်ကူးထားသည့် ဘီလျံနာ သူဌေးကြီး အဆင့်နှင့်မူ အဝေးကြီး လိုအပ်နေသေးပေသည်။ သာမန် အခြေအနေများ အောက်တွင် ဆိုလျှင် ချန်းရိုအာသည် ချူယောင်၏ အကြံပြုချက်အား ထည့်သွင်း၍ပင် စဉ်းစားမည် မဟုတ်ပေ။ သို့သော် ယခု၌မူ...

All Chapters