← Chapters

တစ်စုံတစ်ယောက်အတွက် ယန္တရားတစ်ခု

Vol. 2 Ch. 16

တစ်စုံတစ်ယောက်အတွက် ယန္တရားတစ်ခု

Vol. 2 Ch. 16

ချူယောင်မှ နှုတ်ခမ်းစူလျှက် ပြန်ပြောလိုက်သည်။

"ငါ့အမြင်တော့ နင် သူ့ကို ထမင်းအတူတူစားဖို့ ဆန္ဒရှိတယ်လို့ ပြောပြီး နင့်ဆီကို အစားအသောက် ယူလာဖို့ ခွင့်ပြုလိုက်သင့်တယ် ကြည့်ပါဦး နင်က သူ့ကို အိမ်ထဲပေးမဝင်ဘဲ ရှောင်နေခဲ့တာလေ အခုတော့ သူက လာတောင် မလာချင်တော့ဘူး တစ်ခါတလေကျရင် နင် သူ့ကို အားတက်စေမဲ့ အပြုအမူမျိုး နည်းနည်းလောက်တော့ လုပ်ပေးသင့်တယ်"

ချန်းရိုအာမှ မျက်မှောင်ကြုတ် လိုက်မိကာ သူမ အနည်းငယ် ဝန်လေးနေမိလေသည်။ သူမ၏ အမြင်တွင် ရဲ့ရှင်းချန်သည် အတော်အတန် ချမ်းသာသည့် ခွေးလိမ္မာလေး တစ်ကောင်ထက် မပိုခဲ့သလို အရန်လူအဖြစ် ထားရှိရန်ပင် မထိုက်တန်လှချေ။

ရဲ့ရှင်းချန်သည် ရုပ်ရည်ချောမောကာ သင့်တင့်သော မိသားစုမှ ဆင်းသက်လာ သူ တစ်ဦး ဖြစ်သည့်တိုင် သူမ စိတ်ကူးထားသည့် ဘီလျံနာ သူဌေးကြီး အဆင့်နှင့်မူ အဝေးကြီး လိုနေသေးပေသည်။ သာမန် အခြေအနေများ အောက်တွင် ဆိုလျှင် ချန်းရိုအာသည် ချူယောင်၏ အကြံပြုချက်အား ထည့်သွင်း၍ စဉ်းစားမည်ပင် မဟုတ်ချေ။ သို့သော် ယခုတွင်မူ...

ချန်းရိုအာသည် သူမ၌ ကျန်ရှိနေသည့် ပစ္စည်းများအား စိတ်အတွင်းမှ နေ၍ စာရင်းတွက်လိုက်လေသည်။

ဘီစကွတ် ခေါက်ဆွဲပြုတ်ခြောက် ဆိုဒါရေ အသင့်စား ငှက်သိုက် ချောကလက် ဘူးသေးတစ်ဘူး အခွံမာသီး တစ်ဘူး အသင့်စား ငါးစည်ပေါင်း အသင့်စား ပင်လယ်မျှော့ ပါကင်ထုတ်ထားသော ပေါင်မုန့်...

ခေါက်ဆွဲပြုတ်ခြောက်နှင့် ပေါင်မုန့် မှလွဲ၍ ကျန်သည်များမှာ သူမအား ဗိုက်ဝစေမည့် အရာများ မဟုတ်သည့် သရေစာ အသေးအဖွဲများသာ ဖြစ်လေသည်။

သူမသည် ချူယောင်မှ လုယူ စားသောက်သွားမည်အား စိုးရိမ်သောကြောင့် ငှက်သိုက် ငါးစည်ပေါင်း နှင့် ပင်လယ်မျှော့များအား ထုတ်၍ပင် မယူရဲခဲ့ပေ။

သို့သော် သူမသည် ဤအခြေအနေအား ဆက်လက်၍ သည်းခံနိုင်စွမ်း မရှိတော့ချေ။ သူမ၏ စံချိန်စံညွှန်းများအား လျှော့ချလိုက်ရလျှင်ပင် စိတ်ကျေနပ် စေလောက်မည့် ထမင်းတစ်နပ်အား သူမ လိုချင်မိခဲ့သည်။

"ကောင်းပြီလေ နင့်အကြံအတိုင်းပဲ ငါလိုက်လုပ်မယ် ငါ သူ့ကို အခွင့်အရေး နည်းနည်းတော့ ပေးလိုက်မယ်"

ဝန်လေးသည့် အမူအရာဖြင့် ချန်းရိုအာသည် သူမ၏ ဖုန်းအား ကောက်ကိုင်လိုက်ပြီးနောက် ရဲ့ရှင်းချန်ထံသို့ စာတစ်စောင် လျှင်မြန်စွာ ပို့လိုက်လေသည်။

"ကဲပါ ရန်မဖြစ်ဘဲ နေကြရအောင် နင် ဘာတွေးနေလဲဆိုတာ ငါသိပါတယ် ကောင်းပြီလေ နင့်တောင်းဆိုမှုကို ငါလက်ခံလိုက်မယ် ငါ နင့်ကို အခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်ပြီ"

"နင် ငါ့အိမ်ကို လာလည်ချင်နေခဲ့တာ မဟုတ်လား ဒါဆိုရင် ဒီည လာခဲ့လိုက် ငါ့အိမ်ထဲဝင်ဖို့ ငါ ခွင့်ပြုပေးမယ် ချူယောင်လည်း ရှိနေမှာ ငါ့အိမ်မှာ အတူတူ ညစာစားကြတာပေါ့"

ထိုအချိန်တွင် ရဲ့ရှင်းချန်သည် ရေထဲတွင် အချိန်ဖြုန်းရင်း ပျော်ရွှင်နေခိုက် ချန်းရိုအာ၏ စာအား မြင်လိုက်ရသော် မနေနိုင်ဘဲ ရယ်မောလိုက်မိတော့သည်။

"မင်းက ငါ့ကို ညစာကျွေးချင်တာလား ကောင်းတာပေါ့ ကြိုပြီး ကျေးဇူးတင်ပါတယ်"

ဤတုံ့ပြန်မှုသည် တစ်ဖက်မှ ချန်းရိုအာအား ဒေါသထွက်လွန်း၍ မီးဝင်းဝင်း တောက်သွားစေခဲ့လေသည်။ သူမသည် ဖုန်းအား ခုတင်ပေါ်သို့ ပစ်တင်လိုက်ပြီးနောက် မကျေမနပ်ဖြင့် အော်ဟစ်လိုက်လေတော့သည်။

"ဒီ ရဲ့ရှင်းချန် ဆိုတဲ့ကောင်က တကယ်ပဲ သူ့နေရာသူ မသိဘူး ငါ့သဘောထားကို ဒီလောက် ရှင်းရှင်း လင်းလင်း ပြပြီးပြီပဲကို သူက နားမလည်ချင်ယောင် ဆောင်နေသေးတယ် သူ သူက ငါ့ကိုများ ညစာ ကျွေးခိုင်းရဲတဲ့ သတ္တိ ရှိသေးတယ်တဲ့လေ"

ချူယောင်သည်လည်း အံ့အားသင့်သွားခဲ့ရလေသည်။ အစောပိုင်း အချိန်များတွင် ချန်းရိုအာ၏ နောက်သို့ အရိပ်လို လိုက်နေခဲ့သည့် ရဲ့ရှင်းချန်သည် ရုတ်တရက် ဤမျှ ထုံထိုင်းကာ အကင်းမပါး ဖြစ်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့မိချေ။

ထူးဆန်းသည်မှာ ဤခွေးလိမ္မာလေးသည် ရုတ်တရက်များ ပိုပြီး၍ ဉာဏ်ကောင်း သွားခြင်းလေသလား။

ဤတစ်ကြိမ်တွင်မူ ချန်းရိုအာသည် အမှန်တကယ်ပင် စိတ်တိုသွားခဲ့ရခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်သည် သူမနောက် လိုက်နေသူများထဲတွင် အမြဲတမ်း အလိမ္မာဆုံး ခွေးကောင်း တစ်ကောင် ဖြစ်ခဲ့သည်။ အဘယ်ကြောင့် ယခုမှ သူသည် အရာရာတိုင်းတွင် ဤမျှ ခက်ခဲစွာ ဆက်ဆံ နေရသနည်း။

"ဒီ ရဲ့ရှင်းချန် ငါ သူ့ကို အရန်လူ အဆင့်အတန်းထိ မြှင့်ပေးဖို့တောင် စဉ်းစားနေခဲ့တာ ဒါပေမဲ့ အခု သူ ဘာလုပ်နေတာလဲ သူက စာရင်းထဲမှာ ပိုပြီးတောင် အောက်ဆုံးရောက်သွားပြီ"

"အခု သူ ငါ့ကို အိမ်ကြီး အိမ်ကောင်း လက်ဆောင် ပေးချင်တယ် ဆိုရင်တောင် ငါ သူ့ကို ဂရုစိုက်တော့မှာ မဟုတ်ဘူး"

ချူယောင်သည်လည်း မီးလောင်ရာ လေပင့် ဝင်ပြောလိုက်တော့သည်။

"မှန်တယ် သူက ဘယ်လိုလူမျိုးလဲဆိုတာ သူ့ကိုယ်သူ သိသင့်တယ် ဒါနဲ့များ နင့်ကို ပိုးပန်းချင်နေသေးတယ် ပြီးတော့ ဒီလောက်တောင် ကပ်စီးနဲရတယ်လို့ သူက စားပွဲအောက်က ခွေးလိမ္မာ တစ်ကောင် ဖြစ်ဖို့ပဲ တန်တယ်"

ခဏတာမျှ သူမ၏ စိတ်ပျက်မှုအား ဖွင့်ထုတ်ပြီးနောက် ချန်းရိုအာ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ရဲ့ရှင်းချန်မှ တောင်းပန်သည့်စာ ပို့လာမည်လားဟု တွေးရင်းဖြင့် သူမသည် ဖုန်းအား ကောက်ကိုင်လျှက် လျှောက်ကြည့်နေလိုက်သည်။

သို့သော် ခဏမျှ ကြာသည့်တိုင်အောင် ရဲ့ရှင်းချန်ထံမှ မည်သည့် ပြန်စာမျှ ထပ်မံ၍ မဝင်လာတော့ပေ။ ဤသို့သော အပြုအမူသည် ချန်းရိုအာ၏ မျက်နှာအား ပို၍ပင် မည်းမှောင်သွားစေခဲ့လေတော့သည်။ ထိုအချိန်တွင် ချူယောင်၏ စိတ် အတွင်း၌ အခြားသော မကောင်းသည့် အတွေးများ ရှိနေခဲ့လေပြီ ဖြစ်သည်။

သူမသည် စောင်အောက်သို့ ပြန်ဝင်လိုက်ပြီးနောက် ဖုန်းအား ခိုးထုတ်လျှက် ရဲ့ရှင်းချန်ထံသို့ စာတစ်စောင် ပို့လိုက်လေသည်။

"အာ ရဲ့ရှင်းချန် နင်က ဘာလို့ ဒီလောက်တောင် အခြေအနေမသိ ဖြစ်နေရတာလဲ နင်လုပ်လိုက်တာကို ကြည့်ပါဦး ရိုအာ မပျော်မရွှင် ဖြစ်သွားပြီ"

ရဲ့ရှင်းချန်သည် သူ၏ဖုန်းမျက်နှာပြင် လင်းလာသည်အား မြင်လိုက်ရချိန်တွင် အကျင့်ပါနေသည့်အတိုင်း လှမ်းကြည့်လိုက်မိသည်။ ယခု အချိန်အခါတွင် အဖွဲ့လိုက် စကားပြောခန်းများမှ စာများအား စစ်ဆေးခြင်းသည် သူ့အတွက် ဖျော်ဖြေရေးပုံစံ တစ်မျိုး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့ ကမ္ဘာပျက်ကပ်လွန် ကာလမျိုးတွင် လူသားတို့၏ သဘာဝအား လေ့လာခြင်းထက် မည်သည့်အရာကမှ ပို၍ စိတ်ဝင်စားစရာ ကောင်းလိမ့်မည်နည်း။ ချူယောင်ထံမှ စာဖြစ်နေသည်အား မြင်သော် ရဲ့ရှင်းချန် ကြည့်လိုက်ကာ အသံထွက်သည်အထိ ရယ်မော လိုက်မိတော့သည်။

"လူရှေ့မှာတော့ သူငယ်ချင်းအရင်းကြီးတွေ ကွယ်ရာကျတော့ အတင်းပြောကြတာလား"

ရဲ့ရှင်းချန်သည် ထိုနှစ်ယောက်လုံး၏ အတွင်းစိတ်အား မြင်နေရသည်မှာ အချိန်အတော် ကြာမြင့်လှပြီ ဖြစ်သည်။ တစ်ယောက်သည် လူရှေ့ သူရှေ့တွင် အေးစက်ကာ ဖြူစင်ဟန်ဆောင်သည်။ နောက်တစ်ယောက်မှာမူ ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်သည့်ပုံ ဖြစ်သည်။ သို့သော် အနှစ်ချုပ်အားဖြင့် သူတို့နှစ်ဦးစလုံးသည် ကိုယ်ကျိုး စီးပွားကိုသာ စိတ်ဝင်စားကာ အတ္တကြီးလျှက် ကို့ယ့် အတွက် ကိုယ်သာ ကြည့်တတ်သူများ ဖြစ်ကြလေသည်။

"ရိုအာ့ကို စိတ်မဆိုးပါနဲ့ သူက စိတ်ကြီးတယ်ဆိုတာ နင်သိသားပဲ ဒါပေမဲ့ ဟူး သူက နည်းနည်းတော့ အကျိုးအကြောင်း မသိတတ်ဘူး နင် သူ့အပေါ် ဒီလောက် ကောင်းပေးတာ သူ့နောက် နင်လိုက်နေတာ ဒီလောက်ကြာပြီ သူက နည်းနည်းလေးတောင် စိတ်မလှုပ်ရှားဘူး နင့်ကိုပဲ ဆက်ပြီး စိတ်ဆိုးနေတယ်"

"ဟူး ငါ သူ့ကို နောက်မှ သေချာ ပြောပြလိုက်ပါ့မယ် အရင်တုန်းကဆို ငါလည်း သူ့ကို နင့်အပေါ် ပိုကောင်းပေးဖို့ အကြံပေးဖူးပါတယ်ဟာ သူက နားမှမလည်တာ နင့်ဘက်မှာရော အခြေအနေ ဘယ်လိုလဲ ရိုအာနဲ့ ငါ့အိမ်မှာ အစားအသောက် ဘာမှမကျန်တော့ဘူး နင် ရိုအာ့အတွက် စိတ်ပူနေတယ် မဟုတ်လား"

ရဲ့ရှင်းချန် ရယ်ချင်မိသွားလေသည်။ ချူယောင်သည် ကြားဝင် ဖြန်ဖြေ ပေးချင်ယောင် ဆောင်နေသည့် တိုင် လက်တွေ့တွင်မူ သူမသည် သူ့အား ခိုးယူရန် ကြိုးစားနေခြင်း ဖြစ်နိုင်ပေသည်။

ဤသည်မှာ ချန်းရိုအာအား တိတ်တဆိတ် အကြံစည် ဖန်တီးကာ အကြံပေးနေခဲ့ပုံရသည့် သူငယ်ချင်းကောင်းဟု ဆိုသူ ချူယောင်ပင် ဖြစ်နေလေသည်။ ချူယောင်၏ ရည်ရွယ်ချက်အမှန်အား ချန်းရိုအာ ကိုယ်တိုင်ရော သိပါရဲ့လား ဟု ရဲ့ရှင်းချန် တွေးမိလိုက်သည်။

"ဟုတ်တယ် ငါ ဆက်ပြီး မကြိုးစားချင်တော့သလို ခံစားရတယ် ရိုအာက ငါ့ကို လုံးဝ မုန်းနေပုံရတယ် ဒါကြောင့် ဒီလောက် အချိန်တွေ ကြာပြီးတာတောင် သူက ငါ့ကို ကြင်နာမှု နည်းနည်းလေးတောင် မပြခဲ့ဘူးလေ သူ့နောက်လိုက်နေတဲ့ တခြားကောင်တွေကိုတောင် ငါ့ထက် ပိုကောင်းအောင် ဆက်ဆံပေးသေးတယ်"

ထိုကဲ့သို့ ပြန်စာအား မြင်လိုက်ရချိန်တွင်မူ ချူယောင်သည် အောင်နိုင်သူ တစ်ယောက်ကဲ့သို့ ခံစားလိုက်ရကာ ထိုအခြေအနေများအား အခွင့်ကောင်းယူကာ ရဲ့ရှင်းချန်အား သူမ၏ ကိုယ်ပိုင် ခွေးလိမ္မာလေး အဖြစ် ပြောင်းလဲပစ်ရန် ပြင်လိုက်လေတော့သည်။ သို့သော် သူမ စာမပြန်နိုင်ခင်မှာပင် ရဲ့ရှင်းချန်မှ ကောင်းသော ညပါဟု နှုတ်ဆက်စာ ပို့လိုက်လေသည်။

"တောက် သောက်ကျိုးနည်း"

ချူယောင်သည် သူမ၏ မြည်နေသည့် ဗိုက်အား ဖိကိုင် ထားရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူမသည် ချန်းရိုအာအား နောက်တစ်ကြိမ် ဖျောင်းဖျရန် ခေတ္တမျှ တွေးလိုက်မိသေးသည်။

"ဒီ ရဲ့ရှင်းချန်က တော်တော် အခြေအနေ မသိတတ်တာပဲ နင့်မှာ တခြား ခွေးလိမ္မာလေးတွေ မရှိတော့ဘူးလား"

ဤလူနေရပ်ကွက်ထဲတွင် ကျင်းဟိုင် တက္ကသိုလ်မှ ကျောင်းသား အများအပြား ရှိကြလေသည်။ မျိုးရိုးမြင့် ချမ်းသာသည့် ဒုတိယမျိုးဆက် ကျောင်းသား အများစုသည် ကျောင်းဝင်းထဲတွင် မနေချင်ကြဘဲ အပြင်သို့ ပြောင်းနေတတ်ကြလေသည်။ ကျင်းဟိုင် တက္ကသိုလ်နှင့် မဝေးလှသည့် ဤနေရာသည် ပတ်ဝန်းကျင် အကောင်းဆုံး ဖြစ်လေသည်။ သဘာဝကျစွာပင် ဤဧရိယာထဲ၌ ချန်းရိုအာအား ပိုးပန်းသူ အများအပြား ရှိနေသေးသည်။

ဥပမာအားဖြင့် မကြာသေးမှီ အချိန်တွင်မှ သူမအား မရပ်မနား နှောင့်ယှက်နေသည့် ကျန်းဖုန်း ဆိုသည့် လူ တစ်ဦးလည်း ရှိသေးသည်။ ချူယောင် မည်သူ့အား ပြောနေသည်ဆိုသည်အား ချန်းရိုအာ ချက်ချင်း သိလိုက်သည်။

သူမ၏ မျက်နှာထားမှာ အထင်အမြင်သေးသည့် ပုံစံဖြစ်သွားလေသည်။ ကျန်းဖုန်းသည် ခွေးလိမ္မာလေးဟု ခေါ်ခံရဖို့ပင် မတန်ချေ။ သူသည် ဒုတိယမျိုးဆက် သူဌေးတစ်ဦး ဖြစ်သည့်တိုင် မိသားစုထံမှ မုန့်ဖိုး များများ စားစား မရရှိပေ။ သာမန်နေ့ရက်များတွင်မူ ချန်းရိုအာသည် သူ့အား တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ချေ။

ချန်းရိုအာ့ထံတွင် ကျန်းဖုန်း၏ ဖုန်းနံပါတ် ရှိနေသေးသည့် အကြောင်းရင်းမှာမူ ကျန်းရီနှင့် သူသည် သွေးဝေး ဆွေမျိုး တော်စပ်မှုကြောင့် ဖြစ်လေသည်။ ကျန်းဖုန်းသည် ကျန်းရီ၏ သွေးဝေး ညီအစ်ကို သို့မဟုတ် ထိုကဲ့သို့ တစ်ခုခု ဖြစ်ပုံရလေသည်။ ကျန်းရီသည် ချန်းရိုအာ၏ ပစ်မှတ်များထဲမှ တစ်ဦးဖြစ်ပေသည်။

သူ့တွင် ရုပ်ရည် ငွေကြေးနှင့် အာဏာ ရှိလေသည်။ ကံမကောင်းစွာဖြင့် ချန်းရိုအာသည် ကျန်းရီနှင့် တရားဝင် တွေ့ဆုံခွင့် မရသေးချေ။ သူမ ကျန်းဖုန်း၏ ဖုန်းနံပါတ်ကို သိမ်းထားရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ကျန်းဖုန်းမှတစ်ဆင့် ကျန်းရီနှင့် အဆက်အသွယ်ရရန် မျှော်လင့်ထားသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ချူယောင်မှ ဆက်လက် ဖျောင်းဖျလိုက်လေသည်။

"အခု အပြင်မှာ အရမ်းအေးနေပြီး နှင်းတွေလည်း သည်းနေတယ် ငါတို့ ပစ္စည်းသွားဝယ်ဖို့ အပြင်ထွက်လို့ မရဘူး ငါတို့မှာရှိတာတွေကို အလဟဿ မဖြုန်းတီးသင့်ဘူး ငါတို့အတွက် တစ်ခုခုလုပ်ပေးဖို့ သူ့ကို ခိုင်းလိုက်ပါလား"

ချန်းရိုအာ၏ အကြည့်များ ပြောင်းလဲသွားခဲ့ကာ ချူယောင်၏ စကားများမှာ အတော်လေး အကျိုးကြောင်းဆီလျော်သည်ဟု ယူဆလိုက်မိသည်။ သို့သော် သူမ မမျှော်လင့်ထားသည်မှာ ကျန်းဖုန်းထံသို့ စာပို့ပြီးနောက် ဆယ်မိနစ်ခန့် အကြာတွင် ကျန်းဖုန်းသည် အစားအသောက်များ အပြည့်ပါသည် ကျောပိုးအိတ်တစ်လုံးဖြင့် အပြေးအလွှား ရောက်ချလာခြင်းပင် ဖြစ်လေသည်။

ချန်းရိုအာ၏ စာကြောင့် ကျန်းဖုန်းသည် အိပ်ရာမှ နိုးလာခဲ့ကာ အဝတ်အစား အနည်းငယ် ကောက်ဝတ်လျှက် အပြေးအလွှား ရောက်လာခဲ့ခြင်း ဖြစ်သည်။ ချန်းရိုအာသည် ကျောပိုးအိတ်အား ယူလိုက်ပြီးနောက် ကျန်းဖုန်းအား ပြုံးပြလိုက်ကာ ပြောလိုက်လေသည်။

"ကျန်းဖုန်း နင် တကယ် သဘောထားကြီးတာပဲ"

ဟူသော စကားအနည်းငယ်ဖြင့် သူ့အား သူမ၏ ညှို့ဓာတ်များ အောက်တွင် လုံးဝ ကျရောက် သွားစေခဲ့တော့သည်။ သို့သော် တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်နှာထားမှာ များစွာ ပြောင်းလဲသွားခဲ့တော့သည်။

"ဟွန်း ရွံစရာကောင်းလိုက်တာ သာမန် အခြေအနေသာ ဆိုရင် ငါ့ကို ဖားဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်တဲ့ကောင် "

All Chapters