အခန်း (၂၄၁-၂၄၃)
Vol. 17 Ch. 241-243
ယွမ်ကျိုး စာစဉ်(၁၇)
စာစဉ်(၁၇) ၂၄၁ မှ၂၅၅
ယွမ်ကျိုး အပိုင်း(၂၄၁)
"ဝူကြက်သားစွပ်ပြုတ်ကို ဒီကနေ့ ချက်မှာလား"
ယွမ်ကျိုးက ခွက်ကို ရှင်းလင်းလိုက်သောအခါ ပုံမှန်အတိုင်း မေးမြန်းသည်။
"မဟုတ်ပါဘူး။ ငါ မချက်တော့ဘူးလို့ ပြောထားတယ်လေ" လူကြီးမင်းမာက စိတ်မရှည်ဟန် ပြောသည်။
"ဟင်းချက်မယ့် ပစ္စည်းတွေကို ငါကိုယ်တိုင် စုဆောင်းနိုင်တယ်" ခဏတွေးပြီးနောက် ယွမ်ကျိုးက ဖြည့်စွက်ပြောသည်။
"ငါ မလိုအပ်ဘူး။ သွားတော့။
ငါ့ရဲ့တော်ဝင်စားတော်ပွဲကို သာမန်ခေါက်ဆွဲပြုတ်နှစ်ပွဲနဲ့
လဲချင်တာလား။ ရယ်စရာကောင်းလိုက်တဲ့ စိတ်ကူးပဲ"
လူကြီးမင်းမာက မတ်တတ်ရပ်လိုက်ပြီး အတွေးထဲ နစ်မြောသွားပြန်သည်။
"ခင်ဗျားက တကယ်ကို စိတ်သဘောထား ဆိုးရွားတာပဲ" ယွမ်ကျိုးက ရုတ်တရက်
ထပြောသည်။
"ဟေ့၊ ငါ့စိတ်သဘောထားကို မင်းက ဝေဖန်ရဲသေးတာလား။ ငါ့အိမ်က ထွက်သွားစမ်း။ မင်းရဲ့ ကလေးဆန်တဲ့ ဝေဖန်မှု
မလိုအပ်ဘူး"
လူကြီးမင်းမာ၏လေသံတွင် မကျေနပ်သောခံစားချက်များ ရောယှက်နေသည်။
"အွန်း၊ ကောင်းပြီလေ။ မင်္ဂလာညနေခင်းပါ"
ယွမ်ကျိုးက တွေးတွေးဆဆ ခေါင်းညိတ်ကာ လှည့်ထွက်လာခဲ့သည်။
"ကောင်စုတ်လေး၊ မင်းရဲ့ဟင်းချက်စွမ်းရည်က မဆိုးဘူးပဲ။ မင်းမှာလည်း အရည်အချင်းရှိတာပဲဟာ။ ဘာလို့လဲ"
ယွမ်ကျိုး၏နောက်ကျောပြင်ကို ငေးကြည့်ကာ ယွမ်ကျိုးက
မကျေနပ်ဟန်ပြောသည်။
သို့သော်ငြားလည်း ယွမ်ကျိုးက ပန်ကန်လုံးများကို သယ်ဆောင်ပြီး ငှားရမ်းထားသောအိမ်သို့ တိတ်တဆိတ် ပြန်သွားသည်။
"ယွမ်လေး ပြန်လာပြီလား။ ဒါဆိုရင် အောင်မြင်သွားတာလား" လူအိုကြီးက အပြုံးလေးဖြင့် မေးမြန်းသည်။ ၎င်းအဘိုးအိုက တံခါးပေါက်မှာ မတ်တတ်ရပ်နေပြီး ဆေးပြင်းလိပ်ဖွာနေသည်။
"မဟုတ်ဘူး။ လူကြီးမင်းမာက လုံးဝ သဘောမတူဘူး"
ယွမ်ကျိုးက ချက်ချင်းပြန်ပြောသည်။
"အဲဒီအဘိုးကြီးက အရမ်းထူးဆန်းတယ်လို့ ကျုပ်ပြောခဲ့သားပဲ။ သူက မင်းရဲ့ခေါက်ဆွဲပြုတ်ကိုလည်း စားပြီး မင်းရဲ့တောင်းဆိုချက်ကိုလည်း ငြင်းလိုက်တယ်လား။ အကျိုးအကြောင်း ဆီလျော်မှု မရှိဘူးပဲ။ လျစ်လျူရှုထားသင့်တယ်"
အဘိုးအိုက ဆေးလိပ်တံကို ခေါက်လိုက်သည်။
"ကိစ္စမရှိဘူး။ တော်ဝင်စားဖိုဆောင်က အစားအသောက် ချက်ပြုတ်ရတာ တကယ်ခက်ခဲသင့်တယ်" ယွမ်ကျိုးက ပြုံးရုံပြုံးနေပြီး စကားဆက်မပြောပေ။
"တော်ဝင်စားဖိုမှူးချက်တဲ့အစားအသောက်က မင်းရဲ့ ခေါက်ဆွဲပြုတ်ထက် ပိုကောင်းမယ်လို့ မထင်ပါဘူး။ မင်းချက်ထားတဲ့ ခေါက်ဆွဲပြုတ်က အရမ်းအရသာရှိတယ်။ ကျုပ်အိမ်မှာရှိတဲ့ ဂျုံမှုန့်နဲ့ အရသာကောင်းတဲ့ ခေါက်ဆွဲပြုတ်ကို ချက်နိုင်မယ်လို့ မထင်ထားဘူး။ ယွမ်လေး၊ မင်းက ကျွမ်းကျင်စားဖိုမှူးပုံစံ ပေါ်လွင်တယ်"
အဘိုးအိုက ယွမ်ကျိုး၏လက်ထဲမှ ပန်းကန်အလွတ်ကို ငေးကြည့်ကာ သူ စားခဲ့သော ခေါက်ဆွဲပြုတ်ကို ပြန်လည်မြင်ယောင်လာပြီး ဆာလောင်မွတ်သိပ်လာသည်။
"အခုလို ချီးမွမ်းပေးလို့ ကျေးဇူးပါပဲ"
ယွမ်ကျိုးက ပြုံးရွှင်ကာ ကျေးဇူးတင်ကြောင်း ဖော်ပြသည်။
"ကိစ္စမရှိပါဘူး။ ကျေးဇူးတင်ဖို့ မလိုအပ်ဘူး။ ကျုပ်က အမှန်တရားကို ထုတ်ပြောတာလေ။ ကျုပ်တို့အတွက် ထပ်ချက်ပေးနိုင်မလားပဲ သိချင်တယ်"
လူအိုကြီးက ပွင့်ပွင့်လင်းလင်း ပြောသည်။
"ကျွန်တော် မပြန်ခင်တော့ ထပ်ချက်ပေးမယ်"
ယွမ်ကျိုးက ခဏတွေးကြံပြီး ပြန်ဖြေသည်။
"ဘာလို့လဲ။ ပြန်တော့မလို့လား" လူအိုကြီးက တအံ့တဩပြောသည်။
"အွန်း။ ကျွန်တော်က ဒီရွာရောက်နေတာ ကြာပြီလေ။ ဒါကြောင့်မို့ နောက်နှစ်ရက်ကြာရင် ပြန်ဖို့ပြင်တော့မယ်"
ယွမ်ကျိုးက ဤရွာမှာ ၅ရက်နေထိုင်ရန် အစောပိုင်းတည်းက ဆုံးဖြတ်ထားပြီသား ဖြစ်သည်။ ယနေ့ဆိုလျှင် ရွာရောက်နေသည်မှာ သုံးရက်ကြာပြီဖြစ်၍ အိမ်ပြန်သင့်နေပါပြီ။
"ကောင်းပြီလေ။ ရွာကနေ ပြန်တော့မယ်ဆိုရင် ကျုပ်ကို ပြောလေ"
လူအိုကြီးက စိတ်အားထက်သန်စွာ ပြောသည်။
"ဟုတ်ကဲ့၊ ကျွန်တော် ပြောပါ့မယ်"
ယွမ်ကျိုးက ခေါင်းညိတ်သည်။
"ကောင်းပြီလေ။ ဒါဆိုရင် ကျုပ် အိပ်တော့မယ်။ ကောင်းသောညပါ"
အဘိုးအိုက နောက်ဆုံးလက်ကျန်ဆေးပြင်းလိပ်ကို ဖွာလိုက်ပြီးနောက် သူ့အခန်းသူ ပြန်ပြီး အနားယူရန် ပြင်ဆင်သည်။
"ခဏစောင့်ပါဦး။ ခင်ဗျားမြေးရဲ့ မျက်နှာက ဘယ်လိုဖြစ်ရတာလဲ"
ကောင်လေး၏မျက်နှာကို ပြန်လည်မြင်ယောင်ပြီး ယွမ်ကျိုးက ရုတ်တရက် ထမေးသည်။
"အနီရောင်အစက်အပြောက်ကို ဆိုလိုချင်တာလား။ ဒါတွေက မကူးစက်တတ်ပါဘူး"
လူအိုကြီး၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အပြုံးလေးပေါ်လွင်လာသည်။
"အဲဒီသဘောမျိုး မဟုတ်ပါဘူး။ အဲဒါက အလက်ဂျစ် ဖြစ်တာလား"
ယွမ်ကျိုးက ဂရုတစိုက် မေးမြန်းသည်။
ယွမ်ကျိုးက အဘိုးအို၏မြေးကို စတွေ့စဉ်တည်းက ကောင်လေး၏မျက်နှာပေါ်မှာ အနီစက်အများကြီး ရှိသည်။ အနီစက်များက နေ့ခင်းဘက်တွင် ပို၍ သိသာထင်ရှားပြီး အခုပိုဆိုးရွားလာသည်ဟု ခံစားမိသည်။ သို့သော်လည်း ကောင်လေး၏ကျန်းမာရေးက ကောင်းမွန်ပုံ ပေါ်လွင်သည်။
"မဟုတ်ဘူး။ ကလေးက မွေးကတည်းက အဲဒီလို အနီစက်တွေနဲ့ မွေးလာတာလေ။ ဒီရွာမှာမွေးတဲ့ ကလေးအများစုက အဲဒီအနီစက်တွေနဲ့ မွေးလာတာပဲ" လူအိုကြီးက လေးကန်စွာ သက်ပြင်းချကာ တိုးလျစွာ ပြန်ပြောသည်။
"အနီစက်တွေနဲ့မွေးလာတဲ့လူတွေကို ကုသလို့ မရနိုင်ဘူးလား"
သူတို့အားလုံး ကျန်းမာကြံ့ခိုင်သည့်တိုင် ချစ်စရာကောင်းသော မျက်နှာပြင်ပေါ်တွင် အနီစက်များ ရှိနေခြင်းက လက်သင့်ခံဖွယ် မရှိချေ။
"ကလေးတွေကို ကုသဖို့ ငါတို့တွေ နည်းမျိုးစုံ ကြိုးစားခဲ့တယ်။ လက္ခဏာတူညီတဲ့ တခြားကလေးတွေကိုလည်း ဆေးရုံခေါ်သွားတယ်။ တချို့ကလေးတွေက အရွယ်ရောက်လာရင် အနီစက်တွေ ပျောက်သွားပေမဲ့ တခြားကလေးတွေက ခြားနားမှု မရှိဘူး။ ကလေးအများစုက ယောက်ျားလေးတွေဆိုတော့ ကံကောင်းတယ်"
လူအိုကြီးက မြေး၏မျက်နှာကို
ငေးကြည့်ပြီး စိတ်မကောင်းဖြစ်နေသည်။
အဘိုးအိုက ခဏတုံ့ဆိုင်းပြီးနောက် ဆက်ပြောသည်။
"ငါတို့ရွာသားတွေက ပျားအများကြီးကို ရန်စခဲ့ဖူးလို့ ဝဋ်လည်တာ ဖြစ်မယ်"
"ဟင့်အင်း မဟုတ်လောက်ဘူး။ သူတို့တွေ သက်သာသင့်တယ်" ယွမ်ကျိုးက အခိုင်အမာ ပြောဆိုသည်။
"ဟူး ဒီလို ဖြစ်လာဖို့ပဲ မျှော်လင့်တယ်" ထိုစကားကိုပြောလိုက်စဉ် လူအိုကြီးက သူ့အခန်းထဲ ပြန်သွားသွားသည်။
ဤနေရာမှာတင် မတ်တတ်ရပ်နေစဉ် ယွမ်ကျိုးက ခဏတွေးကြံပြီး သူ့အခန်းသူ ပြန်သွားသည်။ ထို့နောက် သူ့ခရီးဆောင်အိတ်ထဲမှ မှန်အသေးကို ထုတ်လိုက်သည်။ နဂိုတုန်းက မုတ်ဆိတ်သရန် အသုံးပြုထားသော်လည်း ယခုတော့ သူ့မျက်နှာကို ကြည့်ရန် အသုံးပြုသည်။
သို့သော်ငြား ယွမ်ကျိုးမှာ မုတ်ဆိတ် မရှိတော့ပေ။ မုတ်ဆိတ်ထားလျှင် ဦးလေး အသက်အရွယ်ဟု ထင်ရသည်။ သူ့ဆွဲဆောင်မှုကို လျော့နည်းစေသည်။
သူ့မျက်နှာပေါ်က အနီစက်များ ပျောက်ကွယ်သွား၍ ပရိုပိုလစ်က ထိရောက်မှုရှိမှန်း ပေါ်လွင်သည်။
မှန်ကြည့်ကာ ခဏတွေးကြံပြီးနောက် ယွမ်ကျိုးက ပစ္စည်းတစ်စုံတစ်ရာကို ထုတ်လိုက်သည်။ ထို့နောက် သူက သူ့အခန်းပြန်ကာ အိပ်စက်အနားယူသည်။
"ဦးလေး မနေ့တုန်းက ရိုင်းပျသလို ဖြစ်သွားလို့ အားနာမိပါတယ်" နောက်တစ်နေ့ မနက်ခင်း အစောပိုင်းတွင် ကောင်လေးက ယွမ်ကျိုး၏အခန်းရှေ့ ရောက်လာပြီး အားတုံ့အားနာပြောသည်။
"ကိစ္စ မရှိပါဘူး" ယွမ်ကျိုးက ပုံမှန်အတိုင်း ပြန်ဖြေသည်။ သူ့စိတ်ထဲ တကယ် မထားပေ။
"အွမ်၊ ဦးလေးရဲ့ မျက်နှာ" တောင်းပန်စကားပြောပြီးနောက် ကောင်လေးက ခေါင်းမော့ကြည့်ကာ တအံ့တဩ ဖြစ်သွားသည်။
"ဘာဖြစ်လို့လဲ" ယွမ်ကျိုးက ကောင်လေး၏ စိတ်သဘောထားကို မသိပေ။
"ကျွန်တော်နဲ့ တစ်ပုံစံတည်း ဖြစ်သွားတာလား။ ဘာလို့လဲ။ ဦးလေးရဲ့မျက်နှာပေါ်မှာလည်း အနီစက်တွေ အများကြီးပဲ" ကောင်လေးက တအံ့တဩ ထအော်သည်။
"အနီစက်တွေလား" ယွမ်ကျိုးက မှန်ကို ထုတ်လိုက်ပြီး စေ့စပ်ကျနစွာ အကဲခတ်သည်။ မျှော်မှန်းထားသည့်အတိုင်းပင် သူ့မျက်နှာက ကောင်လေး၏မျက်နှာနည်းတူ အနီစက်များ ပြည့်နှက်နေသည်။ သူ့ပုံစံက အတော်လေး ကြောက်စရာကောင်းနေသည်။
"ဦးလေး၊ ဘယ်လိုခံစားရလဲ။ စိတ်မကောင်း ဖြစ်နေလား" ကောင်လေးက စိုးရိမ်တကြီး မေးမြန်းသည်။
"အနီစက်တွေကြောင့် စိတ်မသက်မသာ ဖြစ်လား"
ယွမ်ကျိုးက တုန်လှုပ်သော ခံစားချက်ကို မပြသဘဲ မေးမြန်းလိုက်သည်။
"ဟင့်အင်း။ ဘယ်လိုမှ မခံစားရပါဘူး။ ကျွန်တော်က မကောင်းဆိုးဝါးနဲ့ တူတယ်လို့ တခြားသူတွေ ပြောရုံလေးပါ" ကောင်လေးက စိတ်ဓာတ်ကျသော လေသံဖြင့် မေးမြန်းသည်။
"ငါရော အဲဒီလို ဖြစ်နေလား"
ယွမ်ကျိုးက မျက်နှာပေါ်မှ အနီစက်များကို ဂရုတစိုက် ထိတွေ့ကာ တည်ငြိမ်စွာ ပြောသည်။
"ဦးလေးရဲ့မျက်နှာပေါ်မှာ အနီစက်တွေ ရုတ်တရက် ပေါ်လာတယ်နော်။ ဘယ်လိုဖြစ်ရတာလဲ။ ကျွန်တော့်မျက်နှာပေါ်က အနီစက်တွေက တကယ် ကူးစက်တတ်တာလား"
ကောင်လေးက တစ်စုံတစ်ရာ တွေးကြံမိသွားသည်။ ယွမ်ကျိုး ထပ်မကူးစက်အောင် သူက ယွမ်ကျိုးနှင့် ခပ်လှမ်းလှမ်းမှာ နေလိုက်သည်။
"မဟုတ်ဘူး။ အဲဒီလို မဟုတ်ဘူး။ အနီစက်တွေက မယားယံသလို နာကျင်မှုကိုလည်း မခံစားရလို့ တခြားသူတွေကို မကူးစက်နိုင်ပါဘူး။ ပုံမှန်ပါပဲ။ အရွယ်ရောက်သူတိုင်းမှာတောင် ရှိနေနိုင်တယ်"
ယွမ်ကျိုးက မျက်တောင်မခတ် ပြောသည်။
"တကယ်လား။ ကောင်လေးတွေပဲရှိတာ မဟုတ်ဘူးလား"
ကောင်လေးက တအံ့တဩ မေးမြန်းသည်။
"အဲဒီလို ဘယ်ဟုတ်ပါ့မလဲ။ ကြည့်စမ်းပါဦး။ ငါ့မျက်နှာပေါ်မှာလည်း အနီစက်တွေ ရှိတယ်" ယွမ်ကျိုးက သူ့မျက်နှာသူ လက်ညိုး ထိုးပြသည်။
"ဒါပေမဲ့ အရင်ကဆို ဦးလေးရဲ့မျက်နှာပေါ်မှာ အနီစက်တွေ မရှိဘူးလေ။ ဟုတ်တယ်မလား" ကောင်လေးက စိုးရိမ်တကြီး ပြောသည်။
"ဒါဆိုရင် ဒီအစက်တွေက ပျောက်ကွယ်သွားလိမ့်မယ်။ မပျောက်ရင်လည်း ပြဿနာ မရှိပါဘူး။ ငါက ရုပ်ဆိုးတဲ့သူ မဟုတ်ဘူးလေ"
ယွမ်ကျိုးက စိတ်အားထက်သန်သော အမူအရာဖြင့် ပြန်ပြောသည်။
"ဟုတ်လား။ မကောင်းဆိုးဝါးနဲ့ မတူဘူးလား"
ကောင်လေးက သူ့မျက်နှာသူ
တုံ့ဆိုင်းစွာ ထိတွေ့လိုက်သည်။
"ဒါပေါ့။ မနက်ဖြန် ငါ့မျက်နှာမှာလည်း အနီစက်တွေ ရှိလာနိုင်တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ ပျောက်ကွယ်သွားမှာပါ"
ကောင်လေး၏အဘိုးက သူတို့အနား လမ်းလျှောက်လာပြီး ပြုံးရွှင်ကာ ပြောသည်။
"အဘိုး၊ အဘိုးလည်း အနီစက်တွေ ရှိလာမှာလား"
အဘိုးအို၏မျက်နှာကို ငေးကြည့်ပြီး ကောင်လေးက တအံ့တဩ မေးမြန်းသည်။
"ဟုတ်တာပေါ့။ ဘာလို့ မရှိရမှာလဲ။ ဒါက ပုံမှန်ပါပဲ။ ထူးခြားမှု မရှိပါဘူး"
လူအိုကြီးက ကောင်လေး၏လက်ကို ဆုပ်ကိုင်ပြီး အလေးအနက် မေးမြန်းသည်။
"ကျွန်တော် မနက်စာစားတော့မယ်"
သူတို့နောက်မှာ ရှိနေသောယွမ်ကျိုးက စကားပြောသည်။
"အစားအသောက်တွေ ဒီနားမှာ ထားခဲ့မယ်။ မင်း စားဖို့အတွက်နော်။ ကျေးဇူးပါပဲ"
လူအိုကြီးက ပြုံးရွှင်သော အမူအရာဖြင့် ကျောခိုင်းလိုက်သည်။
သူ မီးဖိုချောင်ဘက်ရောက်သွားစဉ် မနက်စာနှစ်ပွဲ ပြင်ဆင်ထားခြင်းကို တွေ့ရသည်။ ယွမ်ကျိုးက လူကြီးမင်းမာအတွက် မနက်စာပြင်ဆင်ထားလိမ့်မည်ဟု သိထား၍ တခြားဟင်းပွဲများကို သူက အထူးတလည် ပြင်ဆင်လိုက်သည်။
မနက်စာကို သယ်ဆောင်ရင်း သူက ရွာလမ်းအတိုင်း ဟိတ်ဟန်အပြည့်ဖြင့် လမ်းလျှောက်လာသည်။ သူ့မျက်နှာပေါ်မှာ အနီစက်များ ရှိသည့်တိုင် မမှုပေ။ မည်သူကမှ သူ့ကို စပ်စုခြင်း မရှိပေ။ မနေ့တုန်းက ပျားရည်စုဆောင်းခြင်း၏ အကျိုးဆက်ဟု ယူဆလိုက်ပုံ ပေါ်လွင်သည်။
"ခင်ဗျားကိုယ်တိုင်ချက်တာလား" လူကြီးမင်းမာက ယွမ်ကျိုး၏မျက်နှာပေါ်မှ အနီစက်များကို တစ်ချက်မျှပင် မကြည့်ဘဲ မနက်စာကိုသာ အာရုံစိုက်ထားသည်။
"ဟင့်အင်း။ ကျွန်တော့်အိမ်ရှင် ချက်ထားတာကို ယူလာပေးတာပါ"
ယွမ်ကျိုးက စိတ်အားထက်သန်စွာ ပြောသည်။
"ဟွန့်။ ဝက်စာတွေပဲလား"
"လူကြီးမင်းမာ။ ငါ့ရဲ့ ရာသီခွင်က မျောက်ပဲ"
ယွမ်ကျိုးက မပွင့်တပွင့် ပြောသည်။
"ထွက်သွားစမ်း" သို့သော်ငြားလည်း လူကြီးမင်းမာက စကားတစ်ခွန်းတည်း ပြန်ပြောသည်။
"ဒီစွပ်ပြုတ်ကို ငါ ဘယ်လိုစားရမလဲ"
လူကြီးမင်းမာက မကျေနပ်ဟန်ဖြင့် ပန်းကန်လုံးကို အောက်ချထားလိုက်ပြီး ပန်းကန်အလွတ်ကို ထုတ်လိုက်သည်။
"ကျွန်တော် လုပ်ပေးမယ်"
ယွမ်ကျိုးက ပန်းကန်လုံးကြီးကို သယ်ဆောင်ပြီး ခွက်သေးလေးထဲ ထည့်လိုက်သည်။ သူက စွပ်ပြုတ် ပူ၊ မပူ လေ့လာကြည့်ပြီး ပြန်ပြောသည်။
"မပူတော့ဘူး"
ထိုမှသာ သူက လူကြီးမင်းမာကို ပန်းကန် ကမ်းပေးလိုက်သည်။
အပိုင်း(၂၄၁)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၂၄၂)
"ငါ မင်းရဲ့အတုအယောင်ကြင်နာမှုတွေ
မလိုအပ်ဘူး။ ဒီလူအိုကြီးက ကိုယ့်ဘာသာ စွပ်ပြုတ်ကို မွှေနိုင်တယ်" လူကြီးမင်းမာက ယွမ်ကျိုး၏ကြင်နာမှုကို လက်မခံခဲ့ပေ။
"ကျွန်တော် သိပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့လက်တွေက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ဘူးလေ။ ဟုတ်တယ်မလား"လို့ ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
"သောက်ပိုတွေ မပြောနဲ့"လို့ လူကြီးမင်းမာက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ ယွမ်ကျိုး၏စကားက သူ့ရဲ့အားနည်းချက်ကို ထိခိုက်သွားစေခဲ့သည်။
"ခဏလေး နေပါဦး။ ငါ့ရဲ့မနက်စာကို အရင်ဆုံး ပြီးအောင်စားပါရစေဦး"လို့ ယွမ်ကျိုးက မထူးဆန်းသလို ပြောခဲ့ပါသည်။ ရှေ့ကပုံစံထက် အခုသူ့ရဲ့ပုံစံက ပိုပြီး ယုံကြည်ချက်ရှိနေသည်။
"ဒီမျက်နှာနဲ့ သနားစရာပုံစံဖြစ်အောင် လာဟန်ဆောင်နေတာလား"လို့ လူကြီးမင်းမာက အမှန်တကယ်ဒေါသထွက်နေပြီး ဘာကိုမှ မစဉ်းစားပဲ ပြောနေခဲ့သည်။
"မဟုတ်တာ။ စွပ်ပြုတ်က စားချင်စဖွယ်လေးပါ"လို့ စွပ်ပြုတ်ကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ပုံမှန်အတိုင်း ပြောနေခဲ့ပါသည်။
"ငါ့အမြင်မှာတော့ ဒီလှည့်ကွက်နဲ့ စာနာမှုရအောင် မင်းကြိုးစားနေတာပဲဖြစ်တယ်"လို့ လူကြီးမင်းမာက အခိုင်အမာ ပြောနေခဲ့ပါသည်။
"ခင်ဗျား ထင်တဲ့အတိုင်းပါပဲ"လို့ ယွမ်ကျိုးက သူ့အား ပြန်လည်ချေပခြင်းမရှိဘဲ တည်ငြိမ်စွာ အဖြေပေးခဲ့ပါသည်။ ထိုအချိန်အတွင်းတွင် သူက ရပ်သွားခြင်းမရှိဘဲ စွပ်ပြုတ်ကို ဆက်လက်သောက်ရန် လုပ်နေခဲ့ပါသည်။
"မင်းက တော်ဝင်အစားအစာကို စားချင်တယ် ဟုတ်လား။ မဖြစ်နိုင်တာ"လို့လူကြီးမင်းမာက အသေအချာကြီး ငြင်းပယ်ခဲ့ပါသည်။
"အခုတင်ပဲ ကျွန်တော်က စာနာသနားမှုရအောင် ကြိုးစားနေတယ်လို့ ခင်ဗျား ပြောခဲ့တယ်။ ဝူကြက်သားကို ချက်ဖို့ သဘောတူနိုင်မလား"လို့ ယွမ်ကျိုးက အေးဆေးစွာ မေးမြန်းခဲ့ပါသည်။
"ဟား...ဟား...ဟား။ ငါ့မှာ ဘဝအတွေ့အကြုံတွေ အများကြီးရှိတယ်။ မင်းဘာတွေ မျှော်လင့်နေတာလဲ"လို့ လူကြီးမင်းမာက ခနဲ့ပြုံးဖြင့် ပြောကြားလိုက်သည်။
"ကောင်းပြီ။ ကျွန်တော် စားလို့ပြီးပြီ။ ခင်ဗျား စားလို့ပြီးရင် ကျွန်တော့်ပန်းကန်လုံးကို ပြန်ပေးဖို့ လာယူလိုက်ပါမယ်။ ပန်းကန်လုံးက ကျွန်တော့်ပစ္စည်းမဟုတ်ဘူးလေ"လို့ပြောပြီး ယွမ်ကျိုးက တူကို နေရာပြန်ချရင်း အနည်းငယ်ပဲ သောက်ရသေးသော လူအိုရဲ့ စွပ်ပြုတ်ကို ညွှန်ပြခဲ့ပါသည်။
"ဟမ်"
လူကြီးမင်းမာက စကားပြောခြင်းကို ရပ်လိုက်ပြီး အသံတိုးတိုးနဲ့ စွပ်ပြုတ်ကို ငြိမ်သက်စွာ သောက်လိုက်ပါသည်။ သူ၏မျက်ခုံးများက သိသိသာသာ တွန့်နေပါသည်။ ထိုအချိန်မှစပြီး ယွမ်ကျိုးက ပန်းကန်လုံးကိုယူပြီး ထွက်သွားသည့် အချိန်ထိ လူကြီးမင်းမာက စကားမပြောခဲ့ပေ။
"သူက အရမ်းငယ်တာပဲ"လို့ ယွမ်ကျိုး၏နောက်ကျောပြင်ကို ကြည့်ပြီး မနာလိုသည့်အသံဖြင့် လူကြီးမင်းမာက ပြောသည်။ ရွာထဲသို့ လမ်းလျှောက်သည့်အချိန်တွင် ယွမ်ကျိုး၏ဘေးတွင် ကလေးမြောက်မြားစွာ ဝိုင်းနေကြပါသည်။
"လိပိုင်၊ ဒီလူက အခြားနေရာကနေ ငါတို့ဆီကို လာနေတဲ့သူမလား"လို့ သူတို့ထဲက တစ်ယောက်က လူအိုကြီး၏မြေးကို မေးနေခဲ့ပါသည်။
"ဟုတ်တယ်။ အဲ့ဒါ သူပဲ ဟန်းဟူ။ သူ့မျက်နှာပေါ်က အနီစက်တွေကို ကြည့်လိုက်လို့" လူအိုကြီး၏မြေးက ယွမ်ကျိုး၏မျက်နှာပေါ်က အနီစက်တွေကို ညွှန်ပြရင်း စိတ်လှုပ်ရှားနေခဲ့ပါသည်။
"ဟမ်၊ ငါတော့ သူ ပျားတုပ်ခံရတယ်လို့ ကြားတာပဲ"လို့ ဟန်းဟူက မလေးစားသည့်အပြုအမူဖြင့် ပြောလိုက်သည်။
"ငါလည်း အဲဒီလိုပဲ ကြားတယ်"လို့ ဟန်းဟူဘေးမှာ ရပ်နေသည့် ကောင်လေးက ပြောခဲ့ပါသည်။ သူတို့အားလုံးထဲတွင်တော့ သူက အပိန်ဆုံးဖြစ်သည်။
"မဟုတ်ဘူး။ မင်းတို့မှားတယ်။ မနေ့က အဖုကြီးတွေက မရှိတော့ဘူး။ ဒီမနက်ရောက်မှ ထပ်ပြီး ဖြစ်လာတာ"လို့ လိပိုင်က သိပ်နားမလည်သည့်ပုံစံဖြင့် ပြောခဲ့ပါသည်။
"အဲ့တာဆို ပျားတုပ်တာကနေ အနီစက်တွေ ဖြစ်သွားတာနေမယ်"ဟု ဟန်းဟူက နောက်ဆုံး ထင်မြင်ချက်ပေးလိုက်ပါသည်။
"မဟုတ်ဘူး။ အဲ့လိုမဟုတ်ဘူး၊ ဦးလေး။ သူတို့ကို ပြောပြလိုက်လေ"ဟု လိပိုင်က သူ့ရဲ့လက်ကိုလှုပ်ရမ်းကာ သူငယ်ချင်းတွေကို ရှက်ကြောက်စွာ ပြောဆိုပြီး ယွမ်ကျိုးကို စိတ်လှုပ်ရှားစွာ ပြောနေခဲ့ပါသည်။
မျက်နှာပေါ်က အနီစက်တွေကို ထင်ကြေးအမျိုးအမျိုးပေးနေကြသော ကလေးများအား ကြည့်ပြီး ခေါင်းကို ညင်သာစွာ ငြိမ့်ပြကာ "ဟူး ... ဟုတ်တယ် ငါလည်း မင်းတို့လိုပဲလို့" လို့ ပြောလိုက်သည်။
"ဘာလို့ အတူတူပဲလို့ ထင်တာလဲ။ တကယ်လို့ ခင်ဗျားရဲ့ပြဿနာက ဓာတ်မတည့်တာဆိုရင်ရော" ဟန်းဟူက အသေအချာကြီး သိချင်နေပါသည်။ သူက ယွမ်ကျိုးကို မေးခွန်းမေးနေခဲ့သည်။
"ဓာတ်မတည့်ခြင်း၏လက္ခဏာတွေကအဖုသေးသေးလေးတွေ ဒါမှမဟုတ် အနီစက်လေးတွေက နီလာပြီး ကိုက်လာမယ် ပြီးရင် ရောင်ရမ်းလာမယ်။အဓိကဓာတ်မတည့်ဖြစ်ရခြင်း အကြောင်းအရင်းက ပုံမှန်ဓာတ်မတည့်တဲ့ အခြေအနေကြောင့် သို့မဟုတ် အရေပြားပါးလွှာတာကြောင့်ဖြစ်တာပါ။ တချို့လူတွေက ပြင်ပမှု လှုံ့ဆော်မှုကို ခံနိုင်ရည်ရှိတယ်" လို့ ယွမ်ကျိုးက အသက်မရှူဘဲ ဓာတ်မတည့်သည့်ဖြစ်စဉ်အား ရွတ်ပြခဲ့ပြီးနောက် ကလေးတွေကို ကြည့်လိုက်ပါသည်။
"ဒါပေမယ့် ကျွန်တော့်အရေပြားက ထူသည့်အတွက်ကြောင့် ဓာတ်မတည့်တာ မဟုတ်ပါဘူး။ အရေးကြီးဆုံးအချက်ကတော့ မျက်နှာပေါ်က အနီစက်လေးတွေက မရောင်တဲ့အပြင် ကိုက်ခဲခြင်းလည်းမရှိပါဘူး။ မင်းတို့လို တူတူပါပဲ" လို့ ယွမ်ကျိုးက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"ထိကြည့်လို့ရလား" လို့ ဟန်းဟူက ခဏလောက်စဉ်းစားပြီး ပြောခဲ့ပါသည်။
"အိုကေ၊ရပါတယ်" လို့ ပန်ကန်ပြားတွေကို သတိထားသယ်ရင်း ယွမ်ကျိုးက ကိုယ်ကို ရှေ့သို့ ကိုင်းပေးလိုက်ပါသည်။
ဟန်းဟူက သူ့ရဲ့လက်ဖဝါးသေးသေးလေးနှင့် ယွမ်ကျိုး၏မျက်နှာကို ညင်သာစွာ ထိလိုက်ပါသည်။ယွမ်ကျိုးရဲ့မျက်နှာပေါ်က အဖုလေးတွေကို သူဟာ သေသေချာချာ ခံစားမိလိုက်ပါသည်။ထို့နောက် ယွမ်ကျိုးမှာလည်း တူညီတဲ့ အနီရောင်လေးတွေရှိတယ်ဆိုတာကို သူဟာ အတည်ပြုခဲ့ပါသည်။
"အဲ့တာက မင်းကနေ ကူးစက်တာလား" လို့ လိပိုင်ဖက်ကိုလှည့်ပြီး ရုပ်တည်ကြီးဖြင့် မေးလိုက်ပါသည်။
"မဟုတ်ဘူး၊မဟုတ်ဘူး" လို့ လိပိုင်က နောက်သို့ဆုတ်ကာ လက်ကိုဝှေ့ယမ်းနေခဲ့ပါသည်။
"သေချာလို့လား" ဟန်းဟူက လိပိုင်ကို စူးစိုက်စွာ ကြည့်နေခဲ့ပါသည်။ သူက သူ့ရဲ့စကားတွေကို ယုံကြည်ပုံ မပေါ်ပါဘူး။
"တကယ်လို့ ငါက ကူးစက်တယ်ဆိုရင် ပထမဦးဆုံး ငါ့မိဘနဲ့ ငါ့အဘိုးအဘွားတွေကို အရင်ကူးစက်မှာပေါ့။ ငါ့မိဘတွေကို မကူးစက်ပဲ သူ့ကို ဘယ်လိုကူးစက်နိုင်မှာလဲ" လိပိုင်က လျင်မြန်စွာ တုံ့ပြန်ပြောကြားလိုက်သည်။
"ဒါက အဓိပ္ပါယ်ရှိတာပဲ" နောက်ဆုံးမှာ ဟန်းဟူက လက်ခံလိုက်ပါသည်။
"အစ်ကိုကြီး၊ ကျွန်တော်တို့တွေက ရှေ့လျှောက်အနာဂတ်မှာ ပိုကောင်းတဲ့ဘဝကို ရနိုင်မလား" မိန်းမငယ်လေးက မျက်လုံးများကို ဝိုင်းကာ မျှော်လင့်တကြီး ယွမ်ကျိုးကို ကြည့်နေပါသည်။
"ဒါပေါ့။ မင်းတို့တွေ ဖြစ်နိုင်တာပေါ့" ယွမ်ကျိုးက သေချာဖြေကြားလိုက်သည်။
"တကယ်လား။ ငါက ပိုပြီး ချစ်ဖို့ကောင်းလာနိုင်တာပေါ့" နီနီလို့ခေါ်သည့် မိန်းမငယ်လေးက သူ့ခေါင်းကို မော့ပြီး ယွမ်ကျိုးကို မေးခဲ့ပါသည်။ သူ့ပါးနှစ်ဖက်စလုံးမှာ အနီရောက်အစက်လေးတွေ ရှိနေပါသည်။
"အခုလိုပုံစံလေးနဲ့တောင် မင်းက အတော်ချစ်ဖို့ကောင်းနေပြီးသားပါ"
ယွမ်ကျိုးက သူ့ခေါင်းကို ညိတ်နေခဲ့ပါသည်။ သူ့မျက်နှာပေါ်က တည်ငြိမ်သည့်ပုံစံက ယုံကြည်မှုရှိသည့်ပုံပေါ်နေပါသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
မိန်းမငယ်လေးက ပြောကြားခဲ့ပါသည်။
"အမ်း" ယွမ်ကျိုးက ပြုံးပြီး ခေါင်းကိုညိတ်ကာ ထွက်လာခဲ့ပါသည်။
ကလေးများသည် ယွမ်ကျိုးကို ကျော်၍ သူတို့မိဘတွေဆီ ယွမ်ကျိုးပြောတာတွေကို ပြန်ပြောခဲ့ကြပါသည်။သူတို့ကလေးများ၏ အပြုအမှုကို ကြည့်ပြီး မျှော်လင့်ချက်မရှိသော မိဘများပင်လျှင် သူတို့ပိုကောင်းတဲ့ဘဝမရနိုင်ဘူး။ ပိုကောင်းတာ မဖြစ်နိုင်ဘူးဆိုတာကို လက်မခံနိုင်ကြတော့ပါဘူး။
နေ့ခင်းပိုင်းတွင် လူအိုကြီး၏ မိသားစုဝင်အားလုံး မျက်နှာပေါ်တွင် အနီစက်တွေ ပေါ်လာခဲ့ပါသည်။
အနီရောင်အဖုသေးသေးလေးတွေက နှလုံးသေးသေးလေးတွေနဲ့တူနေပါသည်။ ပထမဦးဆုံး ယွမ်ကျိုးပြီးလျှင် လူအိုကြီးမိသားစုမှာ ဖြစ်ခဲ့ပါသည်။ အခြားသောရွာများမှ ကလေးများသည် ယွမ်ကျိုးဆီသို့ သွားခဲ့ကြပြီး အရွက်နှင့် ပတ်သက်၍ မေးမြန်းခဲ့ကြပါသည်။ ထို့နောက် သူတို့ရဲ့မျက်နှာပေါ်တွင် အနီရောင်တွေ ပေါ်လာခဲ့ပါသည်။
ရန်ဖန်ရွာတွင် မျက်နှာပေါ်မှာ အနီရောင်နှင့် ကလေးများ၊ အရွယ်ရောက်ပြီးသော လူငယ်များအရေအတွက်ဟာ ပုံမှန်ထက်တိုးလာခဲ့ပါသည်။
အရွက်က ကျန်းမာခြင်းနှင့် ဘေးကင်းဖို့အတွက် သဘာဝဆိုးဆေးဖြစ်ခဲ့ပါသည်။
ရလဒ်အနေဖြင့် မျက်နှာတွင် အနီစက်ရှိသောကလေးများကို အခြားကလေးများက မကြောက်တော့ခြင်းဖြစ်သည်။သူတို့တွေအချင်းချင်း ချက်ချင်းကြီး သူငယ်ချင်းဖြစ်သွားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ချင်းတွေ့သည့်အခါ "မကောင်းဆိုးဝါး" ဆိုသောစကားကို မပြောတော့ခြင်းဖြစ်ပါသည်။
ကလေးတွေသည် အသန့်ရှင်းဆုံး မကောင်းဆိုးရွားများဖြစ်ပြီး သူတို့ရဲ့မရည်ရွယ်ဘဲ ပြောလိုက်သောစကားများသည် ဘယ်လောက်အစွမ်းထက်ကြောင်း မသိနိုင်ပေ။
အနီရောင်အစက်များသည် အကြာကြီး မခံပဲ ပျောက်သွားပြီး ပုံမှန်အခြေအနေဖြစ်သွားခဲ့ပါသည်။ ယွမ်ကျိုးသည် ဆင်းရဲသော ကလေးများကို ကူညီခြင်းအားဖြင့် သူ့ရဲ့ရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါသည်။
ညနေပိုင်းတွင် ယွမ်ကျိုးက သူငှားရမ်းထားသော အခန်းတွင် ရှိနေခဲ့ပါသည်။
"ကျေးဇူးတင်ပါတယ် လူကလေး။ မင်းမှာ တကယ့်ကို ကြီးမားတဲ့ အကြံရှိခဲ့တာပဲ"
လူအိုကြီးက ဆေးပြင်းလိပ်တံကို ကိုင်ရင်း ပြောခဲ့ပါသည်။ သူ့မျက်နှာပေါ်က အနီရောင်အစက်များသည် အရွက်ကြောင့် ပျောက်လုနီးပါးဖြစ်နေပါသည်။
"ရပါတယ်။ အရွက်ကို အသုံးပြုတဲ့နည်းက ခင်ဗျားကို သက်သာစေတာပါ" ယွမ်ကျိုးက ပြောကြားလိုက်ပါသည်။
"အခု ကျွန်တော်တို့ရတဲ့ အကြံဆိုးက ကလေးတွေကို ပိုပြီးပျော်ရွှင်စေတယ်လေ" ဆေးလိပ်သောက်နေရင်း လူအိုကြီးက ပြောကြားခဲ့ပါသည်။
"ဟုတ်တာပေါ့" ယွမ်ကျိုးက ပြုံးရင်း ခေါင်းညိတ်နေခဲ့ပါသည်။
"ခေါင်းမာတဲ့ လူအိုကြီးကို ကြက်သားချက်ခိုင်းဖို့ ဖြားယောင်းတာ အဆင်မပြေခဲ့ဘူးမလား။ ဒီမှာ ခင်ဗျားအတွက် ရွှေရောင်မှိုတွေ ပြန်ယူလာခဲ့တယ်" လူကြီးက ယွမ်ကျိုးရဲ့ ဆန္ဒအတွက် အနည်းငယ် စိတ်မကောင်းဖြစ်ခဲ့ပါသည်။ သူဟာ အချို့ခြောက်နေပြီဖြစ်သော ရွှေရောင်မှိုတွေထည့်ထားသော အဝတ်အိတ်ကို ကျောမှာ သယ်ခဲ့ပါတယ်။
"ကျေးဇူးတင်ပါတယ်။ ကိစ္စမရှိပါဘူး" ကြက်သားစားချင်သည့် သူ့ရဲ့ဆန္ဒမပြည့်တာကို ယွမ်ကျိုးက သိပ်ပြီး စိတ်ထဲမထားခဲ့ပါဘူး။
ထို့အပြင် မစ္စတာမာ ဘာကြောင့် မချက်တော့သည့်အကြောင်းကိုလည်း အခြေခံအားဖြင့် ယွမ်ကျိုးနားလည်ခဲ့ပါသည်။
"ကောင်းပြီလေ။ မင်းကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ နောက်တစ်ခေါက် ပြန်လာဦးမှာမလား။ ငါသွားတော့မယ်" ရွှေရောင်မှိုတွေနဲ့ ယွမ်ကျိုးပျော်ရွှင်နေတာကို မြင်တဲ့အခါ လူကြီးလည်း စိတ်ချမ်းသာသွားပြီး လှည့်ပြန်ခဲ့ပါသည်။
"ကောင်းသောညလေးပါ" ယွမ်ကျိုးက သူ့ခေါင်းကို ညိတ်ပြလိုက်ပါသည်။
အပိုင်း(၂၄၂)
ပြီး၏။ယွမ်ကျိုး အပိုင်း(၂၄၃)
“ငါမင်းရဲ့ ကြင်နာမှုအတုယောင်တွေ မလိုအပ်ဘူး။ဒီလူအိုက ကိုယ့်ဘာသာ စွပ်ပြုတ်ကို မွှေနိုင်တယ်” မစ္စတာ မ က ရန်ချွန်းရဲ့ ကြင်နာမှုကို လက်မခံခဲ့ဘူး။
“ကျွန်တော်သိပါတယ်။ဒါပေမယ့် ခင်ဗျားရဲ့လက်တွေက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ဘူးလေ ဟုတ်တယ်မလား”လို့ ရန်ချွန်းက ပွင့်ပွင့်လင်းလင်းပြောလိုက်ပါတယ်။
“သောက်ပိုတွေ မပြောနဲ့”လို့ မစ္စတာမက အသိပျောက်သွားပြီးနောက် အေးအေးဆေးဆေးလေး ပြန်ပြောခဲ့ပါတယ်။ရန်ချွန်းရဲ့စကားတွေက သူ့ရဲ့ အားနည်းချက်ကို ထိစေခဲ့ပါတယ်။
“ခဏလေးနေဦး၊ ပထမဦးဆုံး ငါ့ရဲ့မနက်စာကို ပြီးအောင်စားပါရစေဦး”လို့ ရန်ချွန်းက မထူးဆန်းသလို ပြောခဲ့ပါသည်။ရှေ့ကပုံစံထက် အခုသူ့ရဲ့ ပုံစံက ပိုပြီး ယုံကြည်ချက်ရှိနေပါတယ်။
“မျက်နှာက နဲ့ သနားစရာပုံစံဖြစ်အောင် လာဟန်ဆောင်နေတာလား” လို့ မစ္စတာ မက အမှန်တကယ်ဒေါသထွက်နေပြီး ဘာကိုမှ မစဉ်းစားပဲ ပြောနေခဲ့ပါတယ်။
“မဟုတ်တာ၊ သူတို့က စားချင်စဖွယ်လေးပါ”လို့ စွပ်ပြုတ်ကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ပုံမှန်အတိုင်း ပြောနေခဲ့ပါသည်။
“ငါ့အမြင်မှာတော့ ဒီလှည့်ကွက်နဲ့ စာနာမှုရအောင် မင်းကြိုးစားနေတာပဲဖြစ်တယ်”လို့ မစ္စတာမက အခိုင်အမာ ပြောနေခဲ့ပါသည်။
“ခင်ဗျားအတွက် ထိုအရာအပေါ်တွင် ထိုကဲ့သို့ အခိုင်အမာတွေးမြင်နေလျှင် ခင်ဗျားထင်တဲ့အတိုင်းပါပဲ”လို့ ရန်ချွန်းက သူ့အား ပြန်လည်ချေပခြင်းမရှိဘဲ တည်ငြိမ်စွာ အဖြေပေးခဲ့ပါသည်။ ထိုအချိန်အတွင်းတွင် သူဟာရပ်သွားခြင်းမရှိဘဲ စွပ်ပြုတ်ကို ဆက်လက်သောက်ရန် လုပ်နေခဲ့ပါသည်။
“မင်းက တော်ဝင်အစားအစာကို စားချင်တယ် ဟုတ်လား၊ မဖြစ်နိုင်တာ”လို့ မစ္စတာ မက အသေအချာကြီး ငြင်းပယ်ခဲ့ပါသည်။
“အခုတင်ပဲ ကျွန်တော်က စာနာသနားမှုရအောင် ကြိုးစားနေတယ်လို့ ခင်ဗျား ပြောကြားခဲ့တယ်၊ ဝူကြက်သားကို ချက်ဖို့ သဘောတူနိုင်မလား”လို့ ရန်ချွန်းက အေးဆေးစွာ မေးမြန်းခဲ့ပါသည်။
“ဟိုးဟိုး၊ ငါ့မှာ ဘဝအတွေ့အကြုံတွေ အများကြီး ရှိတယ်။ အဲ့ဒီအရွက်နဲ့ မင်းဘာတွေကို မျှော်လင့်နေတာလဲ”လို့ မစ္စတာမက ခနဲ့ပြုံးနဲ့ ပြောကြားခဲ့ပါသည်။
“ကောင်းပြီ၊ကျွန်တော်တော့် စားလို့ပြီးပြီ။ခင်ဗျားစားလို့ပြီးရင် ကျွန်တော် ပန်းကန်လုံးကို ပြန်ပေးဖို့ လာယူလိုက်ပါမယ်။ ပန်းကန်လုံးက ကျွန်တော့်ပစ္စည်းမဟုတ်ဘူးလေ”လို့ ပြောပြီး ရန်ချွန်းက တူတွေကို နေရာပြန်ချရင်း အနည်းငယ်ပဲ သောက်ရသေးသော လူအိုရဲ့ စွပ်ပြုတ်ကို ညွှန်ပြခဲ့ပါသည်။
“ဟမ်း”မစ္စတာမက စကားပြောတာရပ်လိုက်ပြီး အသံတိုးတိုးနဲ့ စွပ်ပြုတ်ကို ငြိမ်သက်စွာ သောက်လိုက်ပါသည်။သူ၏မျက်ခုံးများက သိသိသာသာ တွန့်နေပါသည်။
ထိုအချိန်မှစပြီး ရန်ချွန်းပန်းကန်လုံးကိုယူပြီး ထွက်သွားတဲ့အချိန်ထိ မစ္စတာမက စကားမပြောခဲ့ပါဘူး။
“သူက အရမ်းငယ်တာပဲ”လို့ ရန်ချွန်းရဲ့ နောက်ကျောကို ကြည့်ပြီး မနာလိုသည့်အသံဖြင့် မစ္စတာမက ပြောနေပါသည်။
ရွာထဲသို့ လမ်းလျှောက်တဲ့အချိန်တွင် ရန်ချွန်း၏ဘေးတွင် ကလေးတွေမြောက်မြားစွာ ဝိုင်းနေကြပါသည်။
“လိပိုင် ဒီလူက အခြားနေရာကနေ ငါတို့ဆီကို လာနေတဲ့သူမလား”လို့ သူတို့ထဲက တစ်ယောက်က လူကြီးရဲ့ မြေးကို မေးနေခဲ့ပါသည်။
“ဟုတ်တယ်၊ အဲ့ဒါသူပဲ ဟန်းဟူ၊ သူ့မျက်နှာပေါ်က အနီစက်တွေကို ကြည့်လိုက်လို့” လူကြီးရဲ့ မြေးက ရန်ချွန်းရဲ့မျက်နှာပေါ်က အနီစက်တွေကို ညွှန်ပြရင်း စိတ်လှုပ်ရှားနေခဲ့ပါသည်။
“ဟမ်း ငါတော့ သူပျားတုပ်ခံရတယ်လို့ ကြားတာပဲ”လို့ ဟန်းဟူက မလေးစားတဲ့ အပြုအမူဖြင့် ပြောခဲ့ပါသည်။
“ငါလည်း အဲ့လိုပဲ ကြားတယ်”လို့ ဟန်းဟူဘေးမှာ ရပ်နေတဲ့ ကောင်လေးက ပြောခဲ့ပါသည်။သူတို့အားလုံးထဲတွင်တော့ သူက အပိန်ဆုံးဖြစ်မည်။
“မဟုတ်ဘူး မင်းတို့မှားတယ်။ မနေ့က အဖုကြီးတွေက မရှိတော့ဘူး၊ ဒီမနက်ရောက်မှ ထပ်ပြီး ဖြစ်လာတာ”လို့ လိပိုင်က သိပ်နားမလည်တဲ့ပုံစံနဲ့ ပြောခဲ့ပါသည်။
“အဲ့တာဆို ပျားတုပ်တာကနေ အနီစက်တွေ ဖြစ်သွားတာနေမယ်”ဟု ဟန်းဟူက နောက်ဆုံး ထင်မြင်ချက်ပေးလိုက်ပါသည်။
“မဟုတ်ဘူး၊အဲ့လိုမဟုတ်ဘူး၊ဦးလေး သူတို့ကို ပြောပြလိုက်လေ”ဟု လိပိုင်က သူ့ရဲ့လက်ကိုလှုပ်ရမ်းကာ သူငယ်ချင်းတွေကို ရှက်ကြောက်စွာ ပြောဆိုပြီး ရန်ချွန်းကို စိတ်လှုပ်ရှားစွာ ပြောနေခဲ့ပါသည်။
မျက်နှာပေါ်က အနီစက်တွေကို ထင်ကြေးအမျိုးအမျိုးပေးနေကြသော ကလေးများအား ကြည့်ပြီး ရန်ချွန်းက ခေါင်းကို ညင်သာစွာ ငြိမ့်ပြကာ “ဟူး၊ ဟုတ်တယ် ငါလည်း မင်းတို့လိုပဲလို့” လို့ ပြောခဲ့ပါသည်။
“ဘာလို့ အတူတူပဲလို့ ထင်တာလဲ၊ တကယ်လို့ ခင်ဗျားရဲ့ပြဿနာက ဓာတ်မတည့်တာဆိုရင်ရော” ဟန်းဟူက အသေအချာကြီး သိချင်နေပါသည်။ သူက ရန်ချွန်းကို မေးခွန်းမေးနေခဲ့ပါသည်။
“ဓာတ်မတည့်ခြင်း၏ လက္ခဏာတွေကအဖုသေးသေးလေးတွေ သို့မဟုတ် အနီစက်လေးတွေက နီလာပြီး ကိုက်လာမယ် ပြီးရင် ရောင်ရမ်းလာမယ်။အဓိက ဓာတ်မတည့်ဖြစ်ရခြင်း အကြောင်းမှာ ပုံမှန် ဓာတ်မတည့်သည့် အခြေအနေကြောင့် သို့မဟုတ် အရေးပြား ပါးလွှာသောကြောင့်ဖြစ်သည်။ ထို့ကဲ့သို့ဖြစ်သောကြောင့် အချို့လူများသည် ပြင်ပမှု လှုံ့ဆော်မှုများကို ခံနိုင်ရည်မရှိကြတာဖြစ်တယ်”လို့ ရန်ချွန်းက အသက်မရှုပဲ ဓာတ်မတည့်သည့်ဖြစ်စဉ်အား ရွတ်ပြခဲ့ပြီးနောက် ကလေးတွေကို ကြည့်လိုက်ပါသည်။
“ဒါပေမယ့် ကျွန်တော့် အရေပြားက ထူသည့်အတွက်ကြောင့် ဓာတ်မတည့်တာ မဟုတ်ပါဘူး၊ အရေးကြီးဆုံး အချက်ကတော့ မျက်နှာပေါ်က အနီစက်လေးတွေက မရောင်သည့်အပြင် ကိုက်ခဲခြင်းလည်းမရှိပါဘူး၊ မင်းတို့လို တူတူပါပဲ”လို့ ရန်ချွန်းက အေးဆေးတည်ငြိမ်စွာ ပြောကြားခဲ့ပါသည်။
“ထိကြည့်လို့ရလား”လို့ ဟန်းဟူက ခဏလောက်စဉ်းစားပြီး ပြောခဲ့ပါသည်။
“အိုကေ၊ရပါတယ်”လို့ ပန်ကန်းပြားတွေကို သတိထားသယ်ရင်း ရန်ချွန်းက ကိုယ်ကို ရှေ့သို့ ကိုင်းပေးလိုက်ပါသည်။
ဟန်းဟူက သူ့ရဲ့လက်ဖဝါးသေးသေးလေးနှင့် ရန်ချွန်းရဲ့မျက်နှာကို ညင်သာစွာ ထိလိုက်ပါသည်။ရန်ချွန်းရဲ့မျက်နှာပေါ်က အဖုလေးတွေကို သူဟာ သေသေချာချာ ခံစားမိလိုက်ပါသည်။ထို့နောက် ရန်ချွန်းမှာလည်း တူညီတဲ့ အနီရောင်လေးတွေရှိတယ်ဆိုတာကို သူဟာ အတည်ပြုခဲ့ပါသည်။
“အဲ့တာက မင်းကနေ ကူးစက်တာလား”လို့ လိပိုင်ဖက်ကိုလှည့်ပြီး ရုပ်တည်ကြီးဖြင့် မေးလိုက်ပါသည်။
“မဟုတ်ဘူး၊မဟုတ်ဘူး”လို့ လိပိုင်က နောက်သို့ဆုတ်ကာ လက်ကိုဝှေ့ယမ်းနေခဲ့ပါသည်။
“သေချာလို့လား”ဟန်းဟူက လိပိုင်ကို စူးစိုက်စွာ ကြည့်နေခဲ့ပါသည်။သူက သူ့ရဲ့စကားတွေကို ယုံကြည်ပုံမပေါ်ခဲ့ပါဘူး။
“တကယ်လို့ ငါကကူးစက်တယ်ဆိုရင် ပထမဦးဆုံး ငါ့မိဘနဲ့ ငါ့အဖိုးအဖွားတွေကို အရင်ကူးစက်မှာပေါ့၊ ငါ့မိဘတွေကို မကူးစက်ပဲ သူ့ကို ဘယ်လိုကူးစက်နိုင်မှာလဲ” လိပိုင်က လျှင်မြန်စွာ တုံ့ပြန်ပြောကြားခဲ့ပါသည်။
“ဒါဟာ အဓိပ္ပါယ်ရှိတာပဲ”နောက်ဆုံးမှာ ဟန်းဟူက လက်ခံလိုက်ပါသည်။
“အကိုကြီး ရှေ့လျှောက်အနာဂတ်မှာ ငါတို့ပိုကောင်းတဲ့ဘဝကို ရနိုင်လား” မိန်းမငယ်လေးက မျက်လုံးများကို ဝိုင်းကာ မျှော်လင့်တကြီး ရန်ချွန်းကို ကြည့်နေပါသည်။
“ဒါပေါ့ ငါတို့တွေ ဖြစ်နိုင်တာပေါ့” ရန်ချွန်းက သေချာဖြေနေခဲ့ပါသည်။
“တကယ်လား၊ ငါပိုပြီး ချစ်ဖို့ကောင်းလာနိုင်တာပေါ့” နီနီလို့ခေါ်တဲ့ မိန်းမငယ်လေးက သူ့ရဲ့ခေါင်းကို မော့ပြီး ရန်ချွန်းကို မေးခဲ့ပါသည်။သူ့ရဲ့ ပါးနှစ်ဖက်စလုံးမှာ အနီရောက်အစက်လေးတွေ ရှိနေပါသည်။
“အခုကိုပဲ မင်းကအတော်ချစ်ဖို့ကောင်းနေပါတယ်”ရန်ချွန်းက သူ့ရဲ့ခေါင်းကို ငြိမ့်နေခဲ့ပါသည်။သူ့ရဲ့မျက်နှာပေါ်က တည်ငြိမ်တဲ့ ပုံစံက ယုံကြည်မှုရှိတဲ့ပုံ ပေါ်နေပါသည်။
“ကျေးဇူးတင်ပါတယ် အကိုကြီး”မိန်းမငယ်လေးက ပြောကြားခဲ့ပါသည်။
“အမ်း”ရန်ချွန်းက ပြုံးပြီး ခေါင်းကိုငြိမ့်ကာ ထွက်လာခဲ့ပါသည်။
ကလေးများသည် ရန်ချွန်းကို ကျော်၍ သူတို့ရဲ့မိဘတွေဆီ ရန်ချွန်းပြောတာတွေကို ပြန်ပြောခဲ့ကြပါသည်။သူတို့ကလေးတွေရဲ့ အပြုအမှုကို ကြည့်ပြီး မျှော်လင့်ချက်မရှိသော မိဘများပင်လျှင် သူတို့ပိုကောင်းတဲ့ဘဝမရနိုင်ဘူး၊ပိုကောင်းတာ မဖြစ်နိုင်ဘူးဆိုတာအား လက်မခံနိုင်ကြတော့ပါဘူး။
နေ့ခင်းပိုင်းတွင် လူကြီး၏ မိသားစုဝင်အားလုံး မျက်နှာပေါ်တွင် အနီစက်တွေ ပေါ်လာခဲ့ပါသည်။
အနီရောင်အဖုသေးသေးလေးတွေက နှလုံးသေးသေးလေးတွေနဲ့တူနေပါတယ်။ပထမဦးဆုံး ရန်ချွန်းပြီးလျှင် လူကြီးမိသားစုမှာ ဖြစ်ခဲ့ပါသည်။အခြားသောရွာများမှကလေးများသည် ရန်ချွန်းဆီသို့ သွားခဲ့ကြပြီး အရွက်နှင့် ပတ်သက်၍ မေးမြန်းခဲ့ကြပါသည်။ထို့နောက် သူတို့ရဲ့မျက်နှာပေါ်တွင် အနီရောင်တွေ ပေါ်လာခဲ့ပါသည်။
ရန်ဖန်းရွာတွင် မျက်နှာပေါ်မှာ အနီရောင်နှင့် ကလေးများ၊အရွယ်ရောက်ပြီးသော လူငယ်များအရေအတွက်ဟာ ပုံမှန်ထက်တိုးလာခဲ့ပါသည်။
အရွက်က ကျန်းမာခြင်းနှင့် ဘေးကင်းဖို့အတွက် သဘာဝဆိုးဆေးဖြစ်ခဲ့ပါသည်။တရုတ်နိုင်ငံ အချို့ဒေသများတွင် ကလေးငယ် မွေးသော ပထမဦးဆုံးလတွင် ပွဲကျင်းပသည့်အခါ ဥများအား အရောင်တောက်အောင် ပြုလုပ်သည့်နေရာတွင် အသုံးပြုခဲ့ကြပါသည်။
ရလဒ်အနေဖြင့် မျက်နှာတွင် အနီစက်ရှိသောကလေးများကို အခြားကလေးများက မကြောက်တော့ခြင်းဖြစ်သည်။သူတို့တွေအချင်းချင်း ချက်ချင်းကြီး သူငယ်ချင်းဖြစ်သွားတာတော့ မဟုတ်ပါဘူး။ဒါပေမယ့် သူတို့တွေ့သည့်အခါ “မကောင်းဆိုးရွား”ဆိုသောစကားကို အကြာကြီး မအော်တော့ခြင်းဖြစ်ပါသည်။
ကလေးတွေသည် အသန့်ရှင်းဆုံး မကောင်းဆိုးရွားများဖြစ်ပြီး သူတို့ရဲ့မရည်ရွယ်ဘဲ ပြောလိုက်သောစကားများသည် ဘယ်လောက်ထက်ကြောင်း မသိနိုင်ပေ။
အနီရောင်အစက်များသည် အကြာကြီး မခံပဲ ပျောက်သွားပြီး ပုံမှန်အခြေအနေဖြစ်သွားခဲ့ပါသည်။ ရန်ချွန်းသည် ဆင်းရဲသော ကလေးများကို ကူညီခြင်းအားဖြင့် သူ့ရဲ့ရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပါသည်။
ညနေပိုင်းတွင် ရန်ချွန်းက သူငှားရမ်းထားသော အခန်းတွင် ရှိနေခဲ့ပါသည်။
“ကျေးဇူးတင်ပါတယ် လူကလေး၊ မင်းမှာ တကယ့်ကို ကြီးမားတဲ့ အကြံရှိခဲ့တာပဲ” လူကြီးက ဆေးရွက်ကြီးပိုက်ကို ကိုင်ရင်း ပြောခဲ့ပါသည်။သူ့ရဲ့မျက်နှာပေါ်က အနီရောင်အစက်များသည် အရွက်ကြောင့် ပျောက်လုနီးပါးဖြစ်နေပါသည်။
“ရပါတယ်၊ အရွက်ကို အသုံးပြုတဲ့နည်းက ခင်ဗျားကို သက်သာစေတာပါ” ရန်ချွန်းက ပြောကြားလိုက်ပါသည်။
“အခု ကျွန်တော်တို့ရတဲ့ အကြံဆိုးက ကလေးတွေကို ပိုပြီးပျော်ရွှင်စေတယ်လေ”ဆေးလိပ်သောက်နေရင်း လူကြီးက ပြောကြားခဲ့ပါသည်။
“ဟုတ်တာပေါ့”ရန်ချွန်းက ပြုံးရင်း ခေါင်းငြိမ့်နေခဲ့ပါသည်။
“ခေါင်းမာတဲ့ လူကြီးကို ကြက်သားချက်ခိုင်းဖို့ဖြားယောင်းတာ အဆင်မပြေခဲ့ဘူး။ဒီမှာ ခင်ဗျားအတွက် ရွှေရောင်မှိုတွေ ပြန်ယူလာခဲ့တယ်”လူကြီးက ရန်ချွန်းရဲ့ ဆန္ဒအတွက် အနည်းငယ် စိတ်မကောင်းဖြစ်ခဲ့ပါသည်။သူဟာ အချို့ခြောက်နေပြီဖြစ်သော ရွှေရောင်မှိုတွေထည့်ထားသော အဝတ်အိတ်ကို ကျောမှာ သယ်ခဲ့ပါတယ်။
“ကျေးဇူးတင်ပါတယ်။ကိစ္စမရှိပါဘူး”ရန်ချွန်းလည်း တူညီတဲ့ အဝတ်အိတ်ကို ရလိုက်ပါသည်။ကြက်သားစားချင်သည့် သူ့ရဲ့ဆန္ဒမပြည့်တာကို ရန်ချွန်းက သိပ်ပြီး စိတ်ထဲမထားခဲ့ပါဘူး။
ထို့အပြင် မစ္စတာမ ဘာကြောင့် မချက်တော့သည့်အကြောင်းကိုလည်း အခြေခံအားဖြင့် ရန်ချွန်းနားလည်ခဲ့ပါသည်။
“ကောင်းပြီလေ။မင်းကို နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။နောက်တစ်ခေါက် ပြန်လာဦးမှာမလား။ ငါသွားတော့မယ်” ရွှေရောင်မှိုတွေနဲ့ ရန်ချွန်းပျော်ရွှင်နေတာကို မြင်တဲ့အခါ လူကြီးလည်း စိတ်ချမ်းသာသွားပြီး လှည့်ပြန်ခဲ့ပါသည်။
“ကောင်းသောညလေးပါ” ရန်ချွန်းက သူ့ရဲ့ခေါင်းကို ငြိမ့်ပြလိုက်ပါသည်။
နောက်နေ့ မနက်စောစောတွင် ရန်ချွန်းက သူ့ရဲ့ခရီးဆောင်အိတ်ကိုသယ်ပြီး တံခါးဆီ လမ်းလျှောက်လာခဲ့ပါသည်။တံခါးကို ပိတ်လိုက်ပါသည်။ရန်ချွန်းရဲ့ မျက်နှာပေါ်တွင် အနီစက်လေးတွေ အနည်းငယ်ကျန်နေပါသေးသည်။
အရမ်းစောလွန်းနေပြီး ရန်ချွန်းအိပ်ယာထသည့်အချိန်တွင် ရွာလေးသည် အိပ်မောကျနေဆဲဖြစ်ပါသည်။မနက်ခင်း အိပ်ယာစောစောထသည့်သူပင် အိပ်နေသေးသည့် အချိန်ဖြစ်ပါသည်။ထို့ကြောင့် လမ်းပေါ်တွင် လူရိပ်ရောင်ပင်မရှိပါ။
ရန်ချွန်းက သူ့ရဲ့ကျောပိုးအိတ်လေးကို ပုခုံးတွင် ထမ်းကာ ရွှေရောင်မှိုခြောက်များ ထည့်ထားသည့် အိတ်ကို ယူလာခဲ့ပြီး မစ္စတာမဆီကို အသက်ဝင်သည့်အကြည့်တွေနှင့် ထွက်လာခဲ့ပါသည်။
ပုံမှန်အတိုင်းဆိုလျှင် ဒီနေ့က နှုတ်ဆက်ပွဲလုပ်သည့်နေ့ဖြစ်ပါသည်။
“မစ္စတာမ ကျွန်တော်ပြန်တော့မယ်၊ဒီနေ့မနက်စာကို ခင်ဗျားဘာသာ လုပ်စားရတော့မယ်”ရန်ချွန်းက ခြေလှမ်းရင်း သူထွက်သွားသည့်အတိုင်း ပုံမှန်အတိုင်း ပြောခဲ့ပါသည်။
“မြန်မြန်သာထွက်သွားစမ်းပါ၊ မင်းမရှိတာနဲ့ပဲ ငါက စားစရာဘာမှမရှိတော့တဲ့အတိုင်း ပြောနေတာပဲ” ညဝတ်အင်္ကျီနှင့် မစ္စတာမက ထွက်လာပြီး ရိုင်းပြစွာ ပြောဆိုနေခဲ့ပါသည်။
“ကောင်းပြီ၊ နှုတ်ဆက်ခဲ့ပါတယ်” ရန်ချွန်းက မစ္စတာမ ဆူနေတာကို လစ်လျူရှုကာ မကြားချင်ယောင်ဆောင်နေလိုက်ပါသည်။
ပြီးခဲ့သည့် ရက်တွေအတွင်း ရန်ချွန်းအတွက် လေ့ကျင့်ပြီးသားဖြစ်သလို စိတ်ထဲလဲ လုံးဝထည့်ထားခြင်းမရှိခဲ့ပါဘူး။
“ဒီကို ဟင်းချက်နည်းလိုချင်လို လာတာမဟုတ်လား၊ငါမင်းကို အဲ့တာပေးလိုက်ရလို့လည်း ကိစ္စမရှိပါဘူး” မစ္စတာမက ရုတ်တရက်ပြောလိုက်ပါသည်။
“တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ အဲ့လိုရည်ရွယ်ချက် မရှိခဲ့ပါဘူး” ရန်ချွန်းသည် အနည်းငယ် ပဟေဌိဆန်သလိုခံစားလိုက်ရပါသည်။တော်ဝင်ဟင်းကို သူသည် မြည်းစမ်းကြည့်ချင်ရုံမျှသာရှိခဲ့ပြီး ဟင်းချက်နည်းနှင့် ပတ်သက်ပြီး မေးမြန်းရန် ရည်ရွယ်ချက်မရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
ထိုအကြောင်းအရာများအပြင် မစ္စတာမအား သူ့ရဲ့ဆရာအဖြစ် မှတ်ယူထားခြင်းမရှိသည့်အပြင် လူကြီးနှင့်လည်း မည်သည့်အရာမျှ ပြုလုပ်ခဲ့ခြင်းမရှိပါ။
“မည်သည့်ပညာမှ လေ့လာလိုက်စားခြင်းမရှိသည့် စားဖိုမှူးက စားဖိုမှူးဘွဲ့ခံယူရန် ဘယ်သင့်တော်ပါ့မလဲ” မစ္စတာမက ပြောခဲ့ပါသည်။
“ကျွန်တော့်ရဲ့ လေ့လာလိုက်စားမှုတွေအကြောင်း ခင်ဗျားကို ပြောပြစရာ မလိုအပ်ဘူးလို့ ထင်ပါတယ်”ရန်ချွန်းက ခပ်ပြတ်ပြတ်ပြောလိုက်ပါသည်။ သူ့ရဲ့အိပ်မက်ကို လာပြီး စော်ကားလျှင် မည်သူမှ သူ့ကို စိတ်ငြိမ်အောင် မလုပ်နိုင်ပါဘူး။
“ငါကရော မင်းကို ဂရုစိုက်မယ်လို့ ထင်လို့လား၊ ဒါကိုယူပြီး ထွက်သွားလိုက်တော့၊ မင်းနဲ့ပြောစရာစကားမရှိတော့ဘူး”မစ္စတာမက သူ့ရဲ့အိတ်ကပ်ထဲက အဝါရောင်မှတ်စုစာအုပ်ကို ထုတ်ရင်း သူ့ကို ပစ်မပေးခင် ရန်ချွန်းကို ကြည့်လိုက်ပါသည်။
ရန်ချွန်းက လက်ကိုထုတ်လိုက်ပြီး မှတ်စုစာအုပ်ကို ဖမ်းယူလိုက်ပါသည်။
“ဒါက ဘာလဲ”ရန်ချွန်းက စာအုပ်ကို မဖွင့်ဘဲ တစ်ခါတည်းမေးလိုက်ပါသည်။
“အိမ်ကနေသာ ထွက်သွားစမ်းပါ” ဘယ်လိုပဲဖြစ်ဖြစ် မစ္စတာမက သူ့ကို တစ်ခွန်းမှ ရှင်းမပြခဲ့ပါဘူး။
“ကျေးဇူးတင်ပါတယ်” စက္ကန့်ပိုင်းအတွင်း ရန်ချွန်းက သဘောပေါက်သွားပြီး လူကြီးအား ကျေးဇူးတင်စကားပြောကာ ထွက်လာခဲ့ပါသည်။
မစ္စတာမက ကုလားထိုင်ပေါ်သို့ မျှော်လင့်ချက်မဲ့သည့် ခံစားချက်မျိုးဖြင့် ထိုင်လိုက်ပါသည်။ ခဏအကြာတွင် သူ့အခန်းသို့ ပြန်သွားခဲ့ပါသည်။တံခါးကိုလည်း ခပ်ပြင်းပြင်းပိတ်လိုက်ပါသည်။
ရန်ချွန်းက ခရီးကို လျှင်မြန်စွာ ဆက်နေပါသည်။မှတ်စုစာအုပ်ကို သူ့ရဲ့အိတ်ထဲတွင် ထည့်ခဲ့ပါသည်။ ဝူကြက်သားချက်သည့် နည်းလမ်းအား သူရှာတွေ့သည့်တိုင်အောင် စာအုပ်ကို ဖတ်ဖို့ သူအလောတကြီး မရှိခဲ့ပါဘူး။
ထိုအရာက ရန်ချွန်းမျှော်လင့်ထားသည့်အရာ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။
ရန်ချွန်းက သူ့ရဲ့စားသောက်ဆိုင်သို့ ပြန်လာပြီး စီးပွားရေးလုပ်ဖို့ အမြန်ပြန်လာနေသည့်အတောအတွင်း ဝူဟိုင်းဟာ အကျပ်အတည်းနှင့် ရင်ဆိုင်နေခဲ့ရပါသည်။
ဝူဟိုင်းရဲ့ အနုပညာအခန်းထဲမှ ဆူညံသံများထွက်ပေါ်လာပါသည်။
“ဝူလင်း တော်လိုက်တော့၊ငါပြန်မသွားနိုင်ဘူးနော်”ဝူဟိုင်းက ခုံပေါ်မှာ အကူအညီမဲ့စွာ ထိုင်ရင်း သူတန်ဖိုးထားတဲ့အရာကို ဖျက်ဆီးနေတဲ့ သူ့အမကို ကြည့်နေခဲ့ပါသည်။
“ဟိုးဟိုး ဒီနေ့ ငါနဲ့မှ ပြန်မလိုက်ဘူးဆိုလို့ရှိရင် အကုန်လုံးကို တစ်စစီဖြစ်အောင် ငါလုပ်မှာနော်၊နင်မယုံရင် ကြည့်နေလိုက်”ဝူဟိုင်းရဲ့ အငယ်ဆုံးညီမလေးက သူ့အတွေးကို ပြောလိုက်ပါသည်။
243 အဆက်
"ဟမ် တကယ်ကြီးလား၊ ကြိုးစားကြည့်မလို့လား"
"ပြီးသွားပြီလို့တွေးရင် ပိုကောင်းမယ်"ငါဘယ်တုန်းက ကတိမတည်ဘူးလို့လဲ"ဝူဟိုင်းရဲ့ ရှေ့မှာရပ်ပြီး သူ့ကို စိတ်ဖိဆီးမှုတွေ အများကြီးပေးထားတဲ့ ဝူဟိုင်းကို ခေါင်းမှ ခြေအဆုံး ကြည့်နေခဲ့ပါသည်။
"နင်က ညီမအငယ်ဆုံးလေ"ဘာလို့ မိန်းမမဆန်ရတာလဲ"ဝူဟိုင်းက ဝူလင်းကို ခဏလေးငြိမ်ပြီးကြည့်ကာ ပြန်ပြောခဲ့ပါသည်။
"ဟုတ်တယ်၊နင်မှန်တယ် ငါ့မှာ မိန်းမဆန်တဲ့ပုံစံ တစ်ခုမှမရှိဘူး" ဝူလင်းက ဆွဲဆောင်မှုရှိတာက ၃၀/သူမ မျက်နှာပေါ်က ကြင်နာမှုပုံစံက ၇၀/နဲ့ ပေါင်းစပ်ထားတဲ့ အပြုံးနဲ့ ပြုံးလိုက်ပါသည်။အဲ့တာက သူမကို ပိုမို လှပသွားစေပါသည်။ဘုရင်မတစ်ယောက်ရဲ့အပြုံးကဲ့သို့ ဆွဲဆောင်မှုရှိပါသည်။
ဆန့်ကျင်ဖက်အနေနဲ့ သူမပုံစံက ရက်စက်တဲ့ပုံပေါ်နေပါသည်။ဝူလင်းက ဝူဟိုင်းကို ဆွဲထူပြီး တွန်းလှဲချလိုက်ပါသည်။ဝူဟိုင်းသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပါသည်။
ဝူဟိုင်းက နှုတ်ခမ်းကို လက်ဖြင့်သုတ်ရင်း အနည်းငယ် စိတ်ရှုတ်ထွေးလာခဲါပါသည်။ရုတ်တရက် စကားတွေအများကြီး ပြောခဲ့ပါသည်။"ငါတကယ်လို့ ဒဏ်ရာရခဲ့လျှင် အနုပညာပြပွဲကို ငါသွားမှာ"
"စိတ်မပူပါနဲ့၊နင်ဘာမှ မထိခိုက်စေရဘူးလို့ ငါကတိပေးတယ်၊ငါ့ရဲ့အားတွေကို ငါထိန်းနိုင်ပါတယ်"ဝူလင်းရဲ့ လက်ေချာင်းတွေဟာ ပျက်စီးသွားပြီး လက်မောင်းမှာလည်း ဒဏ်ဖြစ်ခဲ့ပါသည်။
"နင်မွေးတုန်းက လူမှားပြီး ခေါ်လာတာဖြစ်မယ်လို့ ငါထင်တယ်"ဝူဟိုင်းက မြေပြင်ပေါ်တွင် လဲကျနေရင်းက မျှော်လင့်ချက်မဲ့စွာပြောခဲ့ပါသည်။
"အခု ငါနဲ့လိုက်မလား၊ နင့်ကို တစ်ဆစီလုပ်ပြီး လေယာဉ်ပေါ်တင်ပေးလိုက်ရမလား"ဝူလင်းက သူ့အကိုရဲ့ စိတ်ဖိစီးမှုတွေကို လစ်လျူရှုကာ လိုအပ်တဲ့ဟာတွေကို သယ်နေခဲ့ပါသည်။
"ငါအခုထိ ကောင်းကောင်းကို မစားရသေးဘူး"တစ်ရက်လောက် ဒီမှာနေကအောင်၊ မနက်ဖြန်ကျရင် ငါနင်နဲ့ လိုက်ခဲ့မယ်" ဝူဟိုင်းက ထပြီး ခုံပေါ်ထိုင်ကာ ပြောလိုက်ပါသည်။
"ငါနင့်ကို ယုံမယ်လို့ ထင်လား၊ ဘယ်နှစ်ကြိမ်လောက် ဒီစကားကို jiaweiကို ပြောခဲ့လဲ" ဝူလင်းက သူ့အကို ဝူဟိုင်းရဲ့ စကားတစ်လုံးတစလေကိုပင် မယုံကြည်ခဲ့ပါဘူး။
"ဒါပေမယ့် ဒါနင့်ကို ပြောတာ ပထမဆုံးအကြိမ်လေ" ဝူဟိုင်းက ပြောခဲ့ပါသည်။
"နင်သိပါတယ် ငါငယ်ငယ်လေးကတည်းက စိတ်မရှည်ဘူးဆိုတာ"သူမကဲ့သို့ ရကိစက်တတ်သော သူ့အကိုကိုကြည့်ရင်း နောက်ဆုံးအနေနဲ့ ပြောခဲ့ပါသည်။
"ဘုရားရေ နင်က ငါ့ညီမအရင်းကြီးပါ၊ နင် လက်မထပ်ခင် အချင်းအချင်းကူညီကြရမှာလေ"ဝူဟိုင်းက တကယ် အနုပညာပြပွဲကို ဘယ်တော့မှမသွားဘူးဆိုတာ ပြောချင်ခဲ့ပ်သည်။သို့သော်လည်း သူ့ကိုအသာလေး ပစ်လှဲနိုင်တဲ့ ညီမကြောင့် သွားဖို့ ဆုံးဖြတ်ခဲ့ပါသည်။
"နင် jiaweiကို ပြောဖို့ လုပ်နေတာလား၊ ပန်းချီပြပွဲမှာ သူ့ကိုယ်တိုင် ဦးမဆောင်နိုင်တာကို ငါ့ကို မပြောခဲ့ဘူး၊ဒါနဲ့ ဘဝကို ဘယ်လိုများ ပျော်အောင်နေနေလဲ"
အပိုင်း(၂၄၃)
ပြီးပါပြီ။