အခန်း (၂၁)
Vol. 2 Ch. 21
"လူသတ်နေတယ် လူသတ်နေတယ်"
လျိုရှီလုံသည် သူ၏ လက်အား ကိုင်လျှက် တုန်ရီစွာဖြင့် အိမ်သို့ အပြေး ပြန်လာခဲ့သည်။ သူသည် တတွတ်တွတ် ရေရွတ်နေသော်လည်း အသံကျယ်ကျယ် မထွက်ရဲခဲ့ချေ။ မည်သို့ပင် ဆိုစေ သူသည်လည်း မှန်ကန်နေသူ တစ်ဦး မဟုတ်ပါချေ။
အိမ်သို့ ပြန်ရောက်ချိန်တွင် လျိုရှီလုံသည် ထိတ်လန့် ကြောက်ရွံ့မှု မပြေ ပျောက်သေးဘဲ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကျယ်ပြန့်လှကာ နက်ရှိုင်းသည့် ဒဏ်ရာများအား ကိုင်ကြည့်လိုက်မိသည်။
ဝါဂွမ်းအဝတ်အစားများသည် သွေးများဖြင့် စိုရွှဲနေခဲ့ပြီး အပူချိန်နိမ့်ဒဏ်အား ခံထားရသည်။ ယခုအချိန်တွင် ၎င်းတို့သည် မာကျောကာ အေးစက်နေခဲ့သည်။ သူ၏ လက်မောင်းအား ကိုင်လျှက် တုန်ရီနေသည့် သားဖြစ်သူသာ မရှိခဲ့လျှင် သူ၏ သားဖြစ်သူသည် သူ့ထက် ဒဏ်ရာပိုများကာ ဒဏ်ရာများသည် ပို၍ နက်ကြောင်း သူ သတိထားမိလိမ့်မည် မဟုတ်ပေ။
ရဲ့ရှင်းချန်သည် မော်နီတာ မျက်နှာပြင်အား ပြောင်းလိုက်ပြီးနောက် လျိုရှီလုံ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်လိုက်လေသည်။ ဤမျှ အလွန်နိမ့်ကျနေသော အပူချိန်အောက်တွင် ဒဏ်ရာ သေးသေးလေး တစ်ခုသည်ပင် လူတစ်ယောက်၏ အသက်အား နှုတ်ယူသွားရန် လုံလောက်ပေသည်။
ယနေ့ညမြင်ကွင်းသည် ဤအသိုင်းအဝိုင်း အတွင်း၌ မူလတွင် တည်ရှိခဲ့သည့် ယဉ်ကျေးသော လူ့အဖွဲ့အစည်း စည်းမျဉ်းများတွင် အက်ကြောင်းများ စတင် ပေါ်ပေါက်လာခဲ့ပြီ ဆိုသည်အား ပြသနေခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် လူမဆန်သည့် ကိစ္စများ ပိုမို များပြားစွာ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ပြတင်းပေါက်အား ခွဲလိုက်သည့် အကျိုးဆက် အနေဖြင့် စည်းမျဉ်း စည်းကမ်းပျက်ပြားမှု တစ်ခုရှိလာသည်နှင့် တစ်ပြိုင်နက် လူအများအပြားသည် ထိုသို့ လိုက်လုပ်လာကြမည် ဖြစ်သည်။
"ဟူး ဒါက ငါနဲ့မှ မဆိုင်တာ"
ရဲ့ရှင်းချန်သည် နားသန့်ရှင်းရေး လုပ်လိုက်ကာ ဆိုဖာပေါ်တွင် လှဲလျောင်းလျှက် သူ၏ စိတ်အာရုံအား အသုံးပြု၍ နေရာလွတ်ကို စစ်ဆေးလိုက်လေသည်။ ထို့နောက် သူ သက်ပြင်းချလိုက်ကာ လုံခြုံစိတ်ချရမှုအား ခံစားလိုက် ရတော့သည်။
တခြားသူများသည် ပစ္စည်းများ ရရန်အတွက် အသက်စွန့်နေရချိန်တွင် ရဲ့ရှင်းချန်မှာမူ အိမ်ထဲတွင် သက်တောင့် သက်သာဖြင့် လှဲလှောင်းနေရလေသည်။ အမှန်ပင် အပြစ်ရှိသလို ခံစားရလေသည်။ ထိုသို့ စဉ်းစား ပြီးနောက်တွင် သူသည် သူ၏ နေရာလွတ်ထဲမှ ပြေးစက် တစ်လုံးအား ထုတ်လိုက်လေသည်။
သူ၏ လုံခြုံရေးအိမ် သည် ခံတပ်တစ်ခုကဲ့သို့ ခိုင်ခံ့သော်လည်း ဤသည်မှာ ကမ္ဘာပျက်ကပ် ဖြစ်နေခဲ့သည်။ လူတိုင်းသည် ပိုမို၍ သန်မာလာစေရန် အရင်းအမြစ်များအား တိုက်ခိုက်လုယူနေကြချိန်တွင် သူသည်လည်း ပေါ့ပေါ့ဆဆ နေ၍မဖြစ်နိုင်ချေ။
ဤ လုံခြုံရေးအိမ် ထဲတွင် နေရသည်မှာ ငြီးငွေ့လာခဲ့ကာ အပြင်ထွက် လမ်းလျှောက်ချင်လာခဲ့လျှင် မည်သို့ လုပ်ကြမည်နည်း။ မည်သို့ပင်ဆိုစေကာမူ ဤကမ္ဘာပျက်ကပ်တွင် အသက်ရှင်ရပ်တည်နိုင်ရန် သာမန်လူများထက် ပိုမို၍ သန်မာသည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိရမည် ဖြစ်သည်။
‘ဘီး’ ဆိုသည့် အသံ နှစ်ချက်မြည် ပြီးနောက် ရဲ့ရှင်းချန်သည် ဖုန်းအား ကောက်ကိုင်လိုက်ရာ လျိုရှီလုံမှ ဂရုထဲတွင် မက်ဆေ့ချ် ပို့ထားသည်အား တွေ့လိုက်ရသည်။
လျိုရှီလုံနှင့် သူ့သားတို့သည် ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့သည်။ အေးစက်လှသည့် လေဒဏ်ကြောင့် ဒဏ်ရာများသည် အနာဖေး တက်နေပြီ ဖြစ်သည်။ သို့သော် ဒဏ်ရာ၏ ဘေးနှစ်ဖက်ရှိ အသားများသည် အေးခဲကာ ခရမ်းရောင် သမ်းနေခဲ့ကာ နာကျင်မှုဒဏ်ကိုပင် မခံစားရတော့ပေ။
ဤကဲ့သို့ အေးလှသည့် ရာသီဥတုတွင် ဒဏ်ရာသည် ချက်ချင်း ရောင်ရမ်းမည် မဟုတ်သော်လည်း ပိုဆိုးရွားနိုင်ပေသည်။ လျိုရှီလုံနှင့် သူ့သားတို့ ကြုံတွေ့နေရသည့် အခြေအနေအတိုင်းပင် ဖြစ်သည်။
အလွန်နိမ့်ကျလှသည့် အပူချိန်ကြောင့် ဒဏ်ရာများသည် လေနှင့် တိုက်ရိုက် ထိတွေ့နေခဲ့ကာ အာရုံကြောများ ထုံကျင်နေလေသည်။ စိမ့်ထွက်လာသည့် သွေးများသည်ပင်လျှင် အပူချိန်နိမ့်မှုကြောင့် လျင်မြန်စွာ ခဲသွားခဲ့တော့သည်။
အကယ်၍ ဒဏ်ရာတစ်ဝိုက်ရှိ ကြွက်သားများအအား အချိန်မီ မကုသနိုင်ပါက ပုပ်သိုးသွားလိမ့်မည် ဖြစ်သည်။ အမှန်တကယ်တွင် ပိုမိုပြင်းထန်ပါမူ သူတို့၏ လက်များ ခြေထောက်များရှိ ဒဏ်ရာများသည် ပုပ်သိုးသွားနိုင်ကာ လက်မောင်း တစ်ပြင်လုံး သို့မဟုတ် ပေါင်တစ်ပြင်လုံးရှိ အာရုံကြောများကိုပင် သေဆုံးသွားစေနိုင်လေသည်။
ဤကမ္ဘာပျက်ကပ်တွင် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ခြင်းသည် မည်သည်အား ဆိုလိုသည်ကို ပြန်ပြောနေစရာပင် မလိုတော့ပါချေ။
"ခင်ဗျားတို့ဆီမှာ ဆေးဝါး ရှိကြလား ကျွန်တော် တောင်းပန်ပါတယ်ဗျာ ကျွန်တော့်သားက ဒီနေ့ ဆော့ရင်းနဲ့ မတော်တဆ မှန်ကွဲစတွေပေါ် လဲကျသွားလို့ပါ"
"ကျွန်တော်တို့အိမ်မှာ ဆေး သိပ်မရှိတော့လို့ပါ ကျေးဇူးပြုပြီး သွေးတိတ်ဆေး ဒါမှမဟုတ် ပိုးသတ်ဆေး ရှိကြလားဗျာ"
"ကျွန်တော့်သား သွေးထွက်လွန်နေပြီ ကျေးဇူးပြုပြီး ကျွန်တော့်သားကို ကယ်ကြပါဦး"
လျိုရှီလုံသည် သူပါ ဒဏ်ရာရထားကြောင်း ထည့်မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကျန်းရီ၏ ပစ္စည်းများအား လုယက်ရန် ကြံစည်ခဲ့ဖူးသောကြောင့် အခြားသူများသည်လည်း သူ့မိသားစုအား မက်မောသော မျက်လုံးများဖြင့် စောင့်ကြည့်နေမည်ကို သိသောကြောင့် ဖြစ်ပေသည်။
သူ၏ အိမ်တွင် သက်ကြီးရွယ်အို အားနည်းသူ အမျိုးသမီးနှင့် ကလေးများသာ ရှိကာ တိုက်ခိုက်နိုင်စွမ်းနှင့် ဟန့်တားနိုင်စွမ်း ရှိသူမှာ သူ တစ်ယောက်တည်းသာ ရှိလေသည်။
သို့သော် ယခုအချိန်တွင် သူသည်လည်း ပြင်းထန်စွာ ဒဏ်ရာရထားကြောင်း အခြားသူများ သိသွားပါမူ တခြားအရာများအား ဂရုမစိုက်ဘဲ သူ၏ အိမ်တံခါးဝသို့ လာကာ ပစ္စည်းများအား လုယူကြမည်ကို သူ စိုးရိမ်ကြောက်လန့် နေမိသည်။
"ကျွန်တော် တောင်းပန်ပါတယ်ဗျာ တခြားနည်းလမ်း မရှိတော့လို့သာ ကျွန်တော့်ရဲ့ မာနကိုတောင် ဂရုမစိုက်ဘဲ ဒီမှာ လာတောင်းပန်နေရတာပါ"
အိမ်ရှင်ဂရုထဲရှိ လူများမှာ အမျိုးမျိုးသော အမူအရာများ ဖြစ်ပေါ်နေကြလေသည်။ သို့သော် သံသယ ဖြစ်စရာ မလိုသည်မှာ သူတို့အိမ်တွင်ရှိသည် ဆေးဝါးအနည်းငယ်အား လျိုရှီလုံအား ပေးကမ်းလိုသူ မည်သူမျှ မရှိကြပေ။
တကယ်တမ်းတွင် နှင်းများ သည်းထန်စွာ ရွာသွန်းမှုသည် ရပ်တန့်မည့် အရိပ်အယောင် မပြဘဲ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်တွင် အာဏာပိုင်များ သဘောတူထားသည့် ကယ်ဆယ်ရေးသည်လည်း ရောက်မလာသေးချေ။
တရားဝင် စီမံရေးတာဝန်ယူထားသူ ဟု ခေါ်သော ကျန်းရီ သည်ပင်လျှင် အရင်းအမြစ်များ အများအပြား စုဆောင်းပြီးနောက် စကားတစ်ခွန်းမှ မပြောတော့ချေ။ ဆေးဝါးများအား လျိုရှီလုံအား ရက်ရောစွာ ပေးလိုက်ပါမူ မိမိတို့ မည်သို့ ဖြစ်သွားမည်အား မည်သူမျှ မသိနိုင်ကြပေ။
"ဦးလေးလီ ကလေး အဆင်ပြေရဲ့လား"
"ဘုရားရေ ဦးလေးလီ ကလေးရဲ့ အခြေအနေက စိုးရိမ်ရလား"
"အာ ဒီလိုရာသီဥတုမှာ ဘာလို့ ဒီလောက် ဆော့ရတာလဲ ပေါ့လျော့လိုက်တာ"
"ဟုတ်တယ် ဟုတ်တယ် ကံကောင်းလို့ ငါ့ကလေးက လိမ္မာလို့ပေါ့ ဒါမှမဟုတ်ရင် ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ"
ထိုစကားများ ကြားလိုက်ရချိန်တွင် လျိုရှီလုံ၏ မျက်နှာသည် စိမ်းလိုက် ဖြူလိုက် ဖြစ်နေခဲ့လေသည်။ ဂရုထဲတွင် တတွတ်တွတ် ပြောနေကြသည့်တိုင် မည်သူကမျှ သူ့အား ဂရုမစိုက်ကြပေ။
"ကယ်ကြပါဦး ကျွန်တော့်သားကို ကယ်ပေးကြပါ လီကျင်း လီလေးရေ မင်းက အရင်တုန်းက ဆေးကျောင်းသား မဟုတ်ဘူးလား ငါတောင်းပန်ပါတယ် ကွာ ငါ့သားလေးကို ကယ်ပေးပါဦး"
"@အနောက်ပိုင်းရပ်ကွက် ၆၇၂ ဖန်းဟွေ့ ဖန်းလေးရေ မင်းတို့မိသားစုက ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ လုပ်ငန်း လုပ်တယ်ဆိုတာ ဦးလေး မှတ်မိတယ် ကျေးဇူးပြုပြီး မင်းအိမ်မှာ ပိုးသတ်ဆေးတွေ ဘာတွေ ရှိလား ဦးလေးလီကို နည်းနည်းလောက် ပေးပါလား နှင်းမုန်တိုင်းပြီးရင် ဦးလေးလီ သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်ကွာ"
"အာ ဦးလေးလီ ကျွန်တော် ကျွန်တော်က ဘွဲ့လက်မှတ်ကို ဝယ်ထားတာပါ ကျွန်တော့်အဖေက အဲဒါရဖို့ ကျောင်းကို အဆောင်တစ်ဆောင် လှူလိုက်ရတာ ကျွန်တော်က ဦးလေးသားကို ဘယ်လိုလုပ် ကယ်နိုင်မှာလဲ"
"ဦးလေးလီ ကျွန်တော့်ကို လာရှာလည်း အလကားပါပဲ ကျွန်တော့်မိသားစုက ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ လုပ်တာပါ ကျွန်တော့်အိမ်မှာ ဆေးမရှိပါဘူး"
"ဦးလေးလီ တကယ် တောင်းပန်ပါတယ်ဗျာ ကျွန်တော် မကူညီချင်တာ မဟုတ်ပါဘူး ကျွန်တော့်မှာ တကယ်ပဲ အစွမ်းအစ မရှိလို့ပါ"
"ဟုတ်တယ် ဦးလေးလီ တကယ်တောင်းပန်ပါတယ် ကျွန်တော်တို့က ဆရာဝန်တွေ မဟုတ်တော့ ဦးလေးကို မကူညီနိုင်ပါဘူး"
လျိုရှီလုံမှ နာမည်တပ် ခေါ်လိုက်သည့် လူနှစ်ယောက်သည် တစ်ယောက်စကား တစ်ယောက်ထောက်ခံ ပြောဆိုနေကြသဖြင့် ထိုအချိန်တွင် လျိုရှီလုံမှာ အားကုန်သွားသလို ခံစားနေရလေသည်။
သူသည် အံကိုကြိတ်လိုက်ကာ အသံ ခလုတ်အား နှိပ်လိုက်လေသည်။ သူ၏ အသံသည် ငိုနေသကဲ့သို့ ဖြစ်နေခဲ့သည်။
"ငါ တောင်းပန်ပါတယ်ကွာ တစ်ယောက်ယောက်များ ငါ့သားကို ကယ်ပေးနိုင်မလား ငါ့သားကို ကယ်ပေးနိုင်ရင် ငါမင်းတို့ကို ဦးချကန်တော့ပါ့မယ်"
ထိုအချိန်တွင် လင်းစစ်ကျား အမည်ရှိ အမျိုးသမီးတစ်ဦးသည် ဂရုထဲသို့ မက်ဆေ့ချ် ပို့လိုက်လေသည်။
"ဒီလိုလုပ်ပါလား ဦးလေးလီ ကလေးကို ကျွန်မဆီ ပို့လိုက်ပါ ကျွန်မ ကြည့်ပေးပါ့မယ် ဒါပေမဲ့ ပျောက်ကင်းအောင် ကုပေးနိုင်မယ်လို့တော့ အာမ မခံနိုင်ဘူးနော်"
ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ မက်ဆေ့ချ်အား မြင်လိုက်သောအခါ ဆံပင်ရှည်ရှည် မျက်မှန်နှင့် အမျိုးသမီးတစ်ဦး၏ ပုံရိပ်သည် သူ့ခေါင်းထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။
သူမသာ ထွက်မပြောခဲ့လျှင် သူ၏ ရပ်ကွက်ထဲတွင် ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် နေထိုင်ကြောင်း ရဲ့ရှင်းချန် သတိရမိလိမ်မည် မဟုတ်ပေ။
သို့သော် သူမသည် ဤဘက်ခြမ်းရှိ ဗီလာဧရိယာတွင် နေထိုင်ခြင်း မဟုတ်ပေ။ ထိုအစား ဗီလာဧရိယာ ဘေးရှိ တိုက်ခန်းတွင် နေထိုင်နေခြင်း ဖြစ်သည်။
လင်းစစ်ကျားသည် သူမ၏ အလုပ်သင် ကာလအတွင်း ကျင်းဟိုင်းတက္ကသိုလ်၏ ပထမ လက်အောက်ခံ ဆေးရုံတွင် တာဝန်ကျခဲ့ဖူးသဖြင့် သူမ၏ ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတသည် အလွန်ကောင်းမွန်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ယခင်ဘဝတွင် သူမသည် သူမ၏ ဆေးပညာဗဟုသုတအား အသုံးပြု၍ လူများစွာအား ကယ်တင်ပေးခဲ့လေသည်။
သူမသည် ရပ်ကွက်တစ်ခုလုံးတွင် ရှိသည့် လူကောင်း အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်ပေသည်။ အနည်းဆုံး ရဲ့ရှင်းချန် တစ်စစီ ခုတ်ထစ်ခံရပြီး နောက်ဆုံးထွက်သက် မရောက်ခင်အထိ သူမအား မတွေ့ခဲ့ရပေ။
သူမသည် ပုံမှန်အားဖြင့် ဂရုထဲတွင် စကားဝင်ပြောလေ့ မရှိဘဲ နေတတ်သဖြင့် သူမ၏ ရပ်ကွက်ထဲတွင် အလုပ်သင် ဆရာဝန်တစ်ဦး ပုန်းအောင်းနေကြောင်း မည်သူမျှ သတိမထားမိကြပေ။ ဦးလေးလီ၏ ငိုတော့မည့်အသံအား မကြားခဲ့ရလျှင် သူမသည် ဂရုထဲတွင် ထိုကဲ့သို့ စကားတစ်ခွန်း ပြောဖြစ်လိမ့်မည် မဟုတ်လောက်ပါချေ။
ထိုအချိန်တွင် လျိုရှီလုံသည် အသက်ကယ်ဆေးအား ဆုပ်ကိုင် မိလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ ဂရုထဲတွင် ထပ်ခါ တလဲလဲ ကျေးဇူးတင်စကား ပြောကြားပြီးနောက် သူ၏ စုတ်ပြဲနေသည့် အဝတ်အစားများအား ခန္ဓာကိုယ်တွင် လုံအောင်ပတ်လျှက် လင်းစစ်ကျား ပေးထားသည့် လိပ်စာအတိုင်း သူ၏ သား ဖြစ်သူအား တရွတ်တိုက် ဆွဲခေါ်သွားခဲ့လေသည်။
တစ်နာရီခန့် ကြာပြီးနောက် လျိုရှီလုံ၏ စိုးရိမ်ပူပန်နေသည့် အသံသည် ဂရုထဲတွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
"အားလုံးကို ကူညီကေးဖို့ တောင်းပန်ပါတယ်ဗျာ ဘယ်သူ့အိမ်မှာများ သွေးတိတ်ဆေး ပဋိဇီဝဆေး အရက်ပြန် နဲ့ ပိုးသတ်ဆေးတွေ ရှိကြသလဲဗျာ"