← Chapters

မိုးထိအောင် မြင့်တက်နေသော ခေါက်ဆွဲခြောက် ဈေးနှုန်းများ

Vol. 2 Ch. 22

မိုးထိအောင် မြင့်တက်နေသော ခေါက်ဆွဲခြောက် ဈေးနှုန်းများ

Vol. 2 Ch. 22

"ကျွန် ကျွန်တော့်အိမ်က ကလေး ခွဲစိတ်ဖို့ လိုနေလို့ပါ ကျေးဇူးပြုပြီး အားလုံးပဲ ကူညီပေးကြပါဗျာ ကျွန်တော် ခင်ဗျားတို့ကို ဒီကနေ ဦးချကန်တော့ပါတယ်"

လျိုရှီလုံသည် သူကိုယ်တိုင် ခွဲစိတ်ဖို့ လိုအပ်နေသည်ဟု ပြောလုနီးပါး ဖြစ်သွားခဲ့သည်။ သူသည် အောင်မြင်စွာ ပေးပို့လိုက်သည့် အသံမက်ဆေ့ချ်အား ကြည့်လျှက် သူ၏ ရင်ဘတ်အား ပုတ်လိုက်ကာ သက်ပြင်းချလိုက်မိသည်။

တကယ်တမ်းတွင် လျိုရှီလုံ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် သူ့သား၏ ဒဏ်ရာများထက် ပို၍ သက်သာလေသည်။ သူသည် မထွက်ခွာလာမီ ဝါဂွမ်းအင်္ကျီ နှစ်ထပ်အား တမင်တကာ ထပ်ဝတ်ခဲ့ကာ ပြတင်းပေါက်အား ဖြတ်ကျော်စဉ်တွင်လည်း ထက်ရှသည့် မှန်ကွဲစများအား ရှောင်ရှားနိုင်ခဲ့သည်။ သို့သော် သူ့သားအတွက်မူ ကံတရားမှ မျက်နှာသာ မပေးခဲ့ပေ။

သိူ့သော် သူ၏ သားဖြစ်သူ သည် မူလတန်းအရွယ်သာ ရှိသေးကာ အရပ်လည်း သိပ်မရှည်လှပေ ။ ထိုကြောင့် ပြတင်းပေါက်အား ဖြတ်ကျော်သောအခါ လျိုရှီလုံမှ သူ့အား ဆွဲခေါ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် နေရာအနှံ့အပြားတွင် ရှရာများ ဖြစ်ပေါ်ခဲ့ပြီးနောက် သူသည် အရပ်ပုနေသဖြင့် ကျန်းရီ ဓားဝှေ့ယမ်းကာ ပြေးဝင်လာချိန်တွင် ဓားသည် သူ့ဘောင်းဘီအား ဖြတ်လျှက် ခြေသလုံးအား ခုတ်မိသွားခဲ့လေသည်။ လင်းစစ်ကျားသည် ဆရာဝန်တစ်ဦး ဖြစ်သော်လည်း သူမအိမ်တွင် ဆေးဝါးများစွာ မရှိပေ။

လျိုရှီလုံ၏ အကူအညီတောင်းခံသံကို နားထောင်ပြီးနောက် ဂရုထဲရှိ လူတိုင်းသည် နားလည်မှု ယူထားသကဲ့သို့ ရုတ်တရက် တိတ်ဆိတ်သွားကြတော့သည်။

‘နောက်နေတာလား ဒီလိုဆေးဝါးမျိုး အများကြီးကို ဘယ်သူက အိမ်မှာ ဆောင်ထားမှာလဲ’

‘ရှိရင်တောင်မှ ဒီလိုအချိန်မျိုးမှာ ဘယ်သူက ကိုယ်ကျိုးမငဲ့ဘဲ ပေးချင်မှာတဲ့လဲ’

‘သူတို့ ကိုယ်တိုင် ဘယ်အချိန် ဒဏ်ရာရလာမလဲဆိုတာ ဘယ်သူသိမှာလဲ’

‘ဒါ့အပြင် အရက်ပြန်ဆိုတာ အပူစွမ်းအင်ရဲ့ အဓိကရင်းမြစ်ပဲ ဒီလို အလွန်အေးတဲ့ အချိန်မှာ မသက်ဆိုင်တဲ့ အိမ်နီးချင်းတစ်ယောက်ကို ဘယ်သူက ကူညီမှာလဲ’

‘သူ့သား သေတာ ရှင်တာက သူတို့နဲ့ ဘာဆိုင်လို့လဲ’

ရဲ့ရှင်းချန်သည် လျိုရှီလုံ၏ စိုးရိမ်ပူပန်နေသည့် အသံအား ကျန်ရစ်နေသည့် ဂရုထဲမှ နောက်ဆုံး အသံမက်ဆေ့ချ်အား ကြည့်လျှက် မျက်ခုံးပင့်လိုက်မိလေသည်။

ပို၍ စိတ်ဝင် စားစရာကောင်းသည်မှာ လျိုရှီလုံ လိုအပ်နေသည့် ဆေးဝါးများသည် သူ၏ နေရာလွတ် ထဲတွင် အပြည့်အစုံ ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် လျိုရှီလုံနှင့် သူ့သားအား ပေးလိမ့်မည် မဟုတ်ပေ။

ပထမအချက်မှာမူ ဤကမ္ဘာပျက် ကပ်ဘေးလွန်ကာလတွင် ဆေးဝါးများနှင့် အစားအစာသည် တန်းတူ အရေးကြီးသည့် ရှင်သန်ရေး အရင်းအမြစ်များ ဖြစ်ကာ သူသည် ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော် မပြချင်ခဲ့ပေ။

ဒုတိယအချက်မှာ လျိုရှီလုံသည် သူ၏ ယခု ဖြစ်နေသည့် ကံကြမ္မာအား လက်ခံရန် ထိုက်တန်သူ ဖြစ်သည့်အတွက် ဖြစ်သည်။ သူ့သားအား ကျန်းရီ၏ အိမ်ထိ ဆွဲခေါ်သွားခဲ့ကာ ပစ္စည်းခိုးရန် မရိုးသားသည့် အတွေးများ စဝင်ခဲ့သည်မှာ မည်သူနည်း။

ထို့အပြင် ကုသမှု နောက်ကျသွားသဖြင့် ခရမ်းပုတ်ရောင် ဖြစ်နေသော ဒဏ်ရာများအား ကြည့်ခြင်းအားဖြင့် ထိုမျှ ပြင်းထန်သည့် ဒဏ်ရာမျိုးသည် သူ ကယ်တင်နိုင်ခဲ့လျှင်တောင် ကြာရှည်လှသည့် အအေးဒဏ်အား ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ လူများ၏ ခံစားချက်များသည် မတူကြသကဲ့သို့ ဂရုထဲမှာ မည်သူကမျှ စကားစမပြောကြချေ။

လျိုရှီလုံသည် ဂရုထဲသို့ အသံမက်ဆေ့ချ် မည်မျှပင် ပို့နေပါစေ အားလုံးသည် တုံ့ပြန်မှုမရှိဘဲ တိမ်မြုပ် ပျောက်ကွယ် သွားကြလေတော့သည်။ အချိန် အတော်ကြာ ပြီးနောက်တွင် လင်းစစ်ကျားမှ ဂရုထဲသို့ မက်ဆေ့ချ် ပို့လာခဲ့သည်။

ဦးလေးလျို သား ဖြစ်သူ၏ ဒဏ်ရာအား ယာယီ ကုသ ပေးထားပြီးပြီ ဖြစ်သည့်တိုင် ဆေးဝါး ပြတ်လပ်မှုကြောင့် အရေးပေါ် ကုသမှုသာ ပြုလုပ်နိုင်ခဲ့ကြောင်း ထို့အပြင် ထို ယာယီကုသ ထားပေးမှုသည် ကြာကြာခံမည် မဟုတ်ကြောင်း အပြည့်အဝ သက်သာ ပျောက်ကင်းချင်လျှင် ဆေးရုံသွားမှ ရမည်ဖြစ်ကြောင်း သူမသည် ဂရုတွင် ပြောကြားထားလေသည်။

တစ်ချိန်တည်းမှာပင် အကယ်၍ မည်သူမဆို အရေးပေါ် အခြေအနေ ကြုံတွေ့နေရပြီး ဆေးရုံမသွားနိုင်ပါက အရေးပေါ်ကုသမှု ခံယူရန် သူမထံ လာရောက်နိုင်ကြောင်း သူမက ဂရုထဲတွင် ပြောကြားခဲ့သေးသည်။

ချက်ချင်းပင် ဒေါက်တာလင်း၏ စေတနာအား ချီးကျူးသည့် စကားများစွာ ထွက်ပေါ်လာခဲ့သည်။ ရဲ့ရှင်းချန်သည် ဂရုထဲတွင် စကား မပြောသေးဘဲ ဂရုထဲရှိ လူများ၏ အမျိုးမျိုးသော အတွေးများအား တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

လွန်ခဲ့သော ရက် အနည်းငယ်အတွင်း ချန်းရိုအာသည် သူ့အား အနှောင့်အယှက် မပေးတော့ချေ။ ရဲ့ရှင်းချန်သည် အားလပ်ချိန်အား ပျော်ရွှင်စွာဖြင့် သာသာယာယာ ဖြတ်သန်းနေသော်လည်း ရက်အနည်းငယ် အတွင်း ချန်းရိုအာသည် သူ့အား လာရှာလိမ့်မည်ဟု သိနေခဲ့လေသည်။

ချန်းရိုအာ၏ တမင်တကာ ခပ်တန်းတန်းနေခြင်းသည် သူမ၏ မြင့်မြတ်ပြီး မာနကြီးသည့် ကျောင်း၏ အလှနတ်သမီး ပုံရိပ်အား ထိန်းသိမ်းရန် အတွက်သာ ဖြစ်လေသည်။ သူမသည် ရဲ့ရှင်းချန်အား အရင်အတိုင်း မနေနိုင်စွာဖြင့် သူမအား ဦးစွာ တောင်းပန်စေချင်ရုံသာ ဖြစ်သည်။

နှင်းများ မရပ်မနား ကျဆင်းနေခဲ့ကာ ပထမထပ် တစ်ခုလုံးသည် နှင်းအောက်တွင် အပြည့်အဝ နစ်မြုပ်နေပြီဖြစ်လေသည်။ လျှပ်စစ်မီး ပြတ်တောက်သွားသဖြင့် တီဗီအစီအစဉ်များအား ကြည့်စရာ မရှိတော့ချေ။ ရဲ့ရှင်းချန်သည် နေ့တိုင်း ကင်မရာထဲမှ အခြေအနေများအား ကြည့်ခြင်း သို့မဟုတ် ရံဖန်ရံခါ ရုပ်ရှင်ကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းများသာ ပြုလုပ်နိုင်လေ့သည်။

အပြင်ဘက်ရှိ အပူချိန်သည် အနှုတ် ခြောက်ဆယ့်ရှစ် ဒီဂရီ စင်တီဂရိတ် အထိ ကျဆင်းသွားသဖြင့် ယခုအချိန်တွင် မည်သူမျှ အပြင်ထွက်ရန် မဖြစ်နိုင်သလောက် ဖြစ်နေလေပြီ ဖြစ်သည်။

လုံလောက်သည့် အနွေးထည် အဝတ်အစားများ မရှိခြင်းနှင့် အပြင်ဘက်ရှိ နှင်းများအား ရှင်းလင်းပေးမည့် အရိပ်အယောင် မရှိခြင်း တို့ကြောင့် ယခု အပြင်ထွက်ခြင်းသည် နှင်းထဲတွင် မတော်တဆ နစ်မြုပ်သွားနိုင်ခြေ များနေခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ တစ်ပတ် ရှိသွားခဲ့ပြီ ဖြစ်သည်။ ခုနစ်ရက် ဆိုသည်မှာ မကြာမြင့်ဟု ထင်ရသော်လည်း ဤကဲ့သို့ အလွန်နိမ့်ကျနေသည့် အပူချိန်ထဲတွင် အစားအစာနှင့် အဝတ်အစား အကန့်အသတ်ဖြင့် စောင်ပုံထဲတွင်သာ ကွေးနေရကာ ဆာလောင်မှုအား ခံစားနေရသည့် လူများအတွက်မူ ခုနစ်နှစ်ထက် ပိုကြာသကဲ့သို့ ခံစားရလေသည်။

အစပိုင်းတွင်မူ သူတို့သည် အာဏာပိုင်များအပေါ် မျှော်လင့်ချက် ထားခဲ့သော်ငြားလည်း အချိန်ကြာလာသည်နှင့်အမျှ ထိုအာဏာပိုင်များသည် ထပ်မံ၍ ပေါ်ထွက် မလာတော့ချေ။ ယခုအခါ သူတို့သည် အဖြစ်မှန်အား ရင်ဆိုင်ရန် အတွက် တွန်းအားပေးခံနေရပြီ ဖြစ်သည်။

အာဏာပိုင်များသည် သူတို့အား စွန့်ပစ်ထားခဲ့ခြင်း ဖြစ်နိုင်ပြီး အိမ်တွင် ကယ်ဆယ်ရေးအား စောင့်ဆိုင်းလျှက် အသက်ရှင်သန်နိုင်မည့် အခွင့်အလမ်းမှာ အလွန် နည်းပါးလှနေပြီသည်။

ပြင်းထန်လှသည့် ရာသီဥတုနှင့် ရေ မီး ပြတ်လပ်မှုတို့ကြောင့် သက်ကြီးရွယ်အို အများအပြား အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ ကျန်ရစ်သူများသည် ဤကဲ့သို့ ကြီးမားလှသော နှင်းမုန်တိုင်း ဘေးအန္တရာယ်သည် ကမ္ဘာတစ်ဝန်းလုံးအား ဖုံးလွှမ်းထားကြောင်း အင်တာနက်မှ တစ်ဆင့် သိရှိထားပြီး ဖြစ်လေသည်။

ကမ္ဘာကြီးတစ်ခုလုံးသည် နှင်းများအောက်တွင် မြှုပ်နှံခံထားရပြီး ဖြစ်ကာ အပူပိုင်းဒေသများတွင်ပင် လူများ အေးခဲကာ သေဆုံးနေရသည့် သတင်းများ ထွက်ပေါ်နေခဲ့သည်။ ပုံမှန်အေးသည့် ဒေသများနှင့် ပိုနီးသော နေရာများကိုမူ ပြောစရာပင် မလိုတော့ပေ။ ထိုနေရာများတွင် အပူချိန်သည် အနှုတ် တစ်ရာ ဒီဂရီ စင်တီဂရိတ်ကျော် အထိ ကျဆင်းသွားခဲ့ပြီး မြို့ အများအပြားသည် နှင်းမုန်တိုင်းတိုက်သည့် ညများအတွင်း ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်လေသည်။

အာဏာပိုင်များသည် အသက်ရှင်သန်ရေး မျှော်လင့်ချက်အား လက်မလျှော့ကြရန်နှင့် စည်းလုံး ညီညွတ်ကြရန်နှင့် ဆက်လက် အသက်ရှင် နေထိုင်ကြရန် အွန်လိုင်းမှ တစ်ဆင့် တိုက်တွန်းနေဆဲ ဖြစ်သည်။ သို့သော် အေးခဲနေသည့် မြို့ကြီးများအား ကြည့်ရင်း လူတိုင်း၏ နှလုံးသားများသည် ထူထဲလှသည့် နှင်းများအောက်တွင် ရေခဲကဲ့သို့ အေးစက်စွာ မြှုပ်နှံခံလိုက်ရသလို ဖြစ်နေခဲ့ပြီသည်။

အရင်းအမြစ်များ ရှားပါးမှုကြောင့် ပြဿနာ အမျိုးမျိုးသည် ပိုမို၍ ပြင်းထန်လာတော့သည်။ ရုတ်တရက် ဂရုထဲရှိ မက်ဆေ့ချ်တစ်ခုသည် ကြောက်မက်ဖွယ် ကောင်းသည့် တိတ်ဆိတ်မှုအား ချိုးဖျက်လိုက်လေသည်။

"အိမ်မှာ အစားအသောက် ရှိသေးတဲ့သူ ရှိလား ကျွန်မနဲ့ ကျွန်မကလေး ဘာမှမစားရတာ နှစ်ရက်ရှိပြီ ကျွန်မ ကျွန်မ ဈေးကြီးပေးပြီး ဝယ်ပါ့မယ်"

ဤမက်ဆေ့ချ်သည် အိမ်ရှင်ဂရုထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ ကနဦးတွင် လူတိုင်းမှ တွေးထားသည်မှာ ဤ နှင်းမုန်တိုင်းဘေးသည် လျင်မြန်စွာ ပြီးဆုံးသွားမည်ဖြစ်ကာ သူတို့၏ ဘဝများအား လုံးဝ ထိခိုက်စေမည် မဟုတ်ဟု ထင်ခဲ့ကြခြင်း ဖြစ်သည်။

အစားအသောက် အရောင်း အဝယ်များသည် ရံဖန်ရံခါ လျှို့ဝှက်စွာ ဖြစ်ပေါ်တတ်သော်လည်း ဈေးနှုန်းများသည် ပုံမှန်ထက် အဆများစွာ ပိုမြင့်နေလေသည်။

သို့သော် ရက်ပေါင်းများစွာ ကြာပြီးနောက် အိမ်ထောင်စုတိုင်း၏ ပစ္စည်းများသည် ကုန်ခမ်း လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အပြင်ဘက်တွင် နှင်းဖြူရောင် ကမ္ဘာကြီး ရှိနေခဲ့ကာ အတွင်းဘက်တွင် ကျွေးမွေးရန် မျှော်လင့် စောင့်စားနေသည့် ပါးစပ်ပေါက်များစွာ ရှိနေခဲ့သည်။

မည်သူမျှ အပြင်ထွက်ရန် စွန့်စားရဲခြင်း မရှိကြပေ။ ပစ္စည်း ဖလှယ်ခြင်းကိုပင် ဒရုန်းများအား အသုံးပြု၍ လျှို့ဝှက် စီစဉ်ကြခြင်း ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ နှင်းများ ဤမျှ နက်ရှိုင်းနေသဖြင့် ထွက်သွားပြီးနောက် အသက်ရှင်လျက် ပြန်လာနိုင်မည်လား ဆိုသည်အား မည်သူမှ မသိနိုင်ကြပေ။

မကြာမီ တစ်စုံတစ်ယောက်က ဂရုထဲတွင် ပြန်ပြောလာခဲ့သည်။

"ကျွန်တော့်အိမ်မှာ ခေါက်ဆွဲခြောက် အထုပ်နည်းနည်း ရှိတယ် ခင်ဗျားလိုချင်ရင် ကျွန်တော် ရောင်းပေးလို့ရတယ် ဒါပေမဲ့ ခေါက်ဆွဲခြောက် တစ်ထုပ်ကို ယွမ်ငါးထောင် ယူမယ်"

‘ခေါက်ဆွဲခြောက် တစ်ထုပ်ကို ယွမ်ငါးထောင် တဲ့လား’

ဤဈေးနှုန်းသည် ကမ္ဘာပျက်ကပ် မတိုင်မီတွင် စိတ်ကူးကြည့်၍ပင် မရနိုင်သည့် ဈေးနှုန်း ဖြစ်လေသည်။ တစ်စုံတစ်ယောက်မှ အဆိုပြုခဲ့လျှင်တောင် အခြားသူများသည် သူ့အား အရူးဟု ထင်ကြလိမ့်မည် ဖြစ်သည်။

ယခုအချိန်တွင် လူများသည် ဤလူမှ အကျိုးအကြောင်း မသင့်တော်ဟု ယုံကြည်နေကြဆဲဖြစ်ကာ မည်သူမျှ ဤဈေးနှုန်းဖြင့် ဝယ်ယူကာ သားကောင် ဖြစ်ခံလိမ့်မည်ဟု မထင်ကြပေသည်။

ယွမ်ငါးထောင်ဆိုသည်မှာ ခေါက်ဆွဲခြောက် အတွက်သာမက စားပွဲအပြည့် ခင်းကျင်းထားသော ဟင်းပွဲကောင်း တစ်ပွဲအတွက်ပင် လုံလောက်နိုင်လေသည်။

စိုးရိမ်ပူပန်နေသည့် မိခင်ထံမှ ကနဦး စုံစမ်း မေးမြန်းမှုသည် တုံ့ပြန်မှု မရရှိဘဲ သူမ တုံ့ဆိုင်း နေပုံရလေသည်။ မည်သို့ပင် ဖြစ်စေေ သူမနှင့် သူမကလေး ဗိုက်ဆာနေသော်လည်း သူမ၏ လစာသည် ယွမ် ခြောက်ထောင် ခုနစ်ထောင် ဝန်းကျင်သာ ရှိလေသည်။ ယခု ပုံမှန်အားဖြင့် ၃ ယွမ်သာ ကျသင့်သည့် ခေါက်ဆွဲခြောက် တစ်ထုပ်အတွက် ယွမ်ငါးထောင် သုံးခိုင်းသည်မှာ နည်းနည်းတော့ အဆင်မပြေလှချေ။

ထိုအချိန်တွင် ဂရုထဲ၌ စကားမပြောသည်မှာ ကြာပြီဖြစ်သော ကျန်းဖုန်းမှ ရုတ်တရက် ဝင်ပြောလိုက်လေသည်။

"ကျွန်တော် တစ်ထုပ်ကို တစ်သောင်း ပေးမယ် ခင်ဗျားဆီမှာ ဘယ်နှထုပ် ရှိလဲ ကျွန်တော် အကုန်ယူမယ်"

All Chapters