← Chapters

အခန်း (၂၅)

Vol. 2 Ch. 25

အခန်း (၂၅)

Vol. 2 Ch. 25

ချူယောင်မှ လက်မလျှော့ဘဲ အမြန် ဆက်ပြောလိုက်လေသည်။

"နင် မှတ်မိသေးတယ် မဟုတ်လား အရင်က ငါတို့ သူ့ကို သွားရှာတုန်းက သူ အိမ်ထဲကို သေတ္တာတွေ အများကြီး သယ်နေတာလေ ပြီးတော့ ပစ္စည်းတွေ ပိုပြီး သိုလှောင်ထားဖို့တောင် ငါတို့ကို ပြောလိုက် သေးတယ်မလား အဲဒီတုန်းက သူရူးနေတယ်လို့ ငါတို့ ထင်ခဲ့ကြတာ ဒါပေမဲ့ အခု သူမှန်နေတယ်"

ချူယောင်မှ နောင်တရစွာဖြင့် အံကြိတ်လိုက်မိသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့် တွင် ရဲ့ရှင်းချန်မှ ချန်းရိုအာထံ ပို့လိုက်သည့် ဓာတ်ပုံအား သူမ မှတ်မိနေခဲ့သေးသည်။ ဝိုင်နီ စတိခ် (အသားကင်) နှင့် ကျောက်ပုဇွန်...

သူမကိုယ်သူမ ပြန်ကြည့်မိလိုက်ချိန်တွင် ဖိသိပ်ထည့်ထားသည့် ဘီစကစ် တစ်ထုပ်အား အကြိမ်ကြိမ် ခွဲစားနေရလေသည်။ ကြမ်းပြင်ပေါ် တွင် ကျနေသည့် အစအနများကိုပင် ကောက်စားနေရသေးသည်။

ထိုအရာများအား တွေးမိချိန်တွင် ချူယောင်သည် ချန်းရိုအာအား အမုန်းတရားအရိပ်ယောင်များ ပြည့်နေသည့် အကြည့်ဖြင့် ကြည့်လိုက်မိသည်။

‘ဒီကောင်မက ဘာကောင်းလဲဆိုတာ တကယ် မသိဘူးပဲ သူမှာ ဒီလောက် ချမ်းသာတဲ့ အလှူရှင် ရှိနေတာတောင် အဲဒီ မာနနဲ့ စရိုက်လေး တစ်ခုတည်းကြောင့် သူ့ကို မျက်နှာလို မျက်နှာရ မလုပ်ဘဲ နေနိုင်သေးတယ်တဲ့ ရဲ့ရှင်းချန်သာ သူမကို ကြိုက်ခဲ့မယ်ဆိုရင်...’

ချူယောင်တွင် ရွေးချယ်စရာ မရှိတော့ဘဲ ချန်းရိုအာအား ဆက်လက်၍ တိုက်တွန်းနေရတော့သည်။

"ဒီအချိန်မှာ နင်က နည်းနည်းလောက် လျှော့လိုက်သင့်တာပေါ့ ပြီးတော့ ရဲ့ရှင်းချန်ကလည်း တော်တော်လေး ချောတဲ့ အထဲ ပါတာပဲ မဟုတ်လား နင်သာ သူ့ကို အခွင့်အရေး ပိုပေးလိုက်ရင် သူက ချက်ချင်း အစားအသောက်တွေ ယူလာပေးမှာ သေချာတယ်"

ချန်းရိုအာ၏ သဘောထား ပျော့ပျောင်းသွားခဲ့သည်။ သူမသည် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်လေသည်။

"ဒါပေမဲ့ ငါ သူ့ကို ဒီရက်ပိုင်း သွားရှာတော့ သူက အရမ်း အေးစက်နေတာပဲ"

ချူယောင်မှ ချန်းရိုအာ၏ စကားအား ထောက်ခံလိုက် ပြီးနောက် ဆက်ပြောလေသည်။

"နင်ကလဲ အ လိုက်တာ လွန်ရော သူက နင်နဲ့ မတန်ဘူးလို့ ထင်ပြီး လက်လျှော့ချင်နေတာ သိသာနေတာပဲလေ ပြီးတော့ ဟိုတစ်လောက နင် သူ့ကို အမြဲတမ်း လျစ်လျူရှုထားတာ မဟုတ်လား ပြီးတော့ သူက နင်နဲ့ မတန်ဘူးလို့ နင် အမြဲ ပြောနေခဲ့တာလေ"

"နင် ဒီလိုဖြစ်နေရင် သူ့ကို မက်ဆေ့ချ်ပို့ပြီး အိမ်မှာ နေကောင်းလားလို့သာ မေးကြည့်လိုက် နင်ကသာ နည်းနည်း ပျော့ပျောင်းပြီး ချွဲပြလိုက်ရင် ယောကျ်ားတွေ အကုန်လုံး ကြွေသွားကြတာပဲ မဟုတ်လား"

ချူယောင်၏ အတင်းအကျပ် တိုက်တွန်းမှုများကြောင့် ချန်းရိုအာသည် ယုံတဝက် မယုံတဝက်ဖြင့် ရဲ့ရှင်းချန်ထံ မက်ဆေ့ချ် ပို့လိုက်လေသည်။ သူမသည် နူးညံ့ဟန်ဆောင်ကာ အသံမက်ဆေ့ချ် တစ်စောင် ပို့လိုက်လေသည်။ ထိုအချိန်တွင် ရဲ့ရှင်းချန်သည် ဆိုဖာပေါ်တွင် ကွေးလျက် သူဒေါင်းလုဒ် လုပ်ထားသည့် မှတ်တမ်းရုပ်ရှင်အား ကြည့်ရှုနေခဲ့သည်။

"တင်း တောင်”

ဖုန်းအား ယူကြည့်လိုက်မိရာ ချန်းရိုအာထံမှ မက်ဆေ့ချ် ဖြစ်နေခဲ့သည်။

‘နောက်ဆုံးတော့ ရောက်လာပြီပဲ’

ရဲ့ရှင်းချန်၏ မျက်နှာပေါ်တွင် လှောင်ပြောင် ထေ့ငေါ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုမိန်းမသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သူ့ထံသို့ အောက်ကျခံရန် အတွက် လာပြီပေါ့ ဟု သူ တွေးလိုက်မိသည်။ သူသည် အသံမက်ဆေ့ချ်အား ဖွင့်လိုက်လေရာ ချိုသာလှသည့် အသံလေးမှာ တုန်ရီနေခဲ့သည်။

"ရှင် ကျွန်မကို လျစ်လျူရှုထားတာ ရက်အတော်ကြာပြီနော် ဟွန်း ဒီလောက် ရက်တွေ ကြာသွားတာတောင် ရှင် ကျွန်မကို လာမရှာဘူးပေါ့ ပြီးတော့ အရင်က ကျွန်မကို ကြိုက်တယ်လို့ ပြောခဲ့သေးတယ်လေ ဟွန်း"

"လွန်ခဲ့တဲ့ ရက်နည်းနည်းက ကျွန်မ ရှင့်ကို စကားနည်းနည်း ပြောခဲ့တယ်လေ ကျွန်မ ဆိုလိုရင်းက ဘာလဲဆိုတာ တခြားလူတွေ မသိရင်တောင် ရှင်က မသိဘူးလား"

"ကျွန်မ ရှင့်ကို လက်ခံပါတယ်လို့ ပြောတာလေ အရူးရဲ့"

"ကျွန်မက မိန်းကလေးလေ အရင်စပြောဖို့ ရှက်တာပေါ့ ကျွန်မ ရှင့်ကို အရိပ်အမြွက် ပြခဲ့ပြီးပြီပဲ ဒါပေမဲ့ ရှင်က နားမလည်သေးဘူးလား"

ချန်းရိုအာသည် ရဲ့ရှင်းချန်အား ညှို့ယူဖမ်းစားနိုင်ခြင်းမှာ အကြောင်းရင်း ရှိသည်ဟု ပြောရပေမည်။ သူမတွင် သာယာချိုမြိန်သည့် အသံရှိကာ အထူးသဖြင့် ချွဲနွဲ့လိုက်ချိန်တွင် အရိုးများပင် အရည်ပျော် သွားစေနိုင်လေသည်။

အကယ်၍ သူသာ ပြန်လည် မွေးဖွားလာပြီးနောက် ယခင်ဘဝ၏ အမှတ်ရစရာများ မရှိခဲ့လျှင် ထို ခွေးမ ချန်းရိုအာမှ သူ၏ ပစ္စည်းများအား လိမ်ယူဖို့ရန် အတွက် ပြင်ပလူများနှင့် မည်သို့ ပူးပေါင်းကာ သူ၏ ဗီလာ အတွင်းသို့ လူတိုင်း ရောက်ရှိလာစေရန် အတွက် မည်သို့ ဦးဆောင်သည် ဆိုသည်အား ရှင်းရှင်းလင်းလင်း မမှတ်မိခဲ့လျှင် အကယ်၍ အတိတ်မှ ရဲ့ရှင်းချန်သာ ဖြစ်ခဲ့လျှင် ယခုအချိန်တွင် ချန်းရိုအာအား စားစရာ သောက်စရာများ ကိုယ်တိုင် သွားပေးပြီးနေလောက်ပြီ ဖြစ်လေသည်။

ရဲ့ရှင်းချန် ပြန်စာ ပို့လိုက်လေသည်။

"ဒီရက်ပိုင်း ငါ့ကျန်းမာရေး သိပ်မကောင်းဘူး နေမကောင်းဖြစ်နေလို့ ဝီချက်ကို မစစ်ဖြစ်တာ"

စာပြန်လာသည်အား ချန်းရိုအာ မြင်လိုက်သော် သူမ၏ မျက်လုံးများ ချက်ချင်း အရောင် တောက်လာခဲ့သည်။ ရဲ့ရှင်းချန်မှ သတိရလာပြီးနောက် သူမ၏ ခြေတော်ရင်းတွင် ပြန်လည် ခစားမည့် နောက်လိုက်ခွေး တစ်ကောင် အဖြစ် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်လိုက်ပြီ ဟုသာ သူမ ထင်လိုက်မိခြင်း ဖြစ်သည်။

သူမမှ 'နေမကောင်းဘူး' ဆိုသော စကားလုံးအား ကြည့်ပြီးနောက် သူမ၏ အခွင့်အရေး ရောက်လာပြီဟု ချက်ချင်း ခံစားလိုက်ရလေသည်။

"နေမကောင်းဘူး ဘာဖြစ်တာလဲ ဟင် အဆင်ပြေရဲ့လား ကျွန်မ လာပြုစုပေးရမလား"

ရဲ့ရှင်းချန်သည် နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။

"ငါ အအေးမိနေတာ"

"အာ ဒီလို အေးတဲ့ ရာသီဥတုမှာ အအေးမိလွယ်တာပေါ့ အိမ်မှာ အဝတ်အစား လုံလောက်ရဲ့လား ကျွန်မ လာပို့ပေးရမလား ဂရုစိုက်နော် ဒီလို ရာသီဥတုမှာ အအေးမိရင် ပျောက်ဖို့ မလွယ်ဘူး"

"မဟုတ်ဘူး ငါက နွေရာသီ အအေးမိတာမျိုး ဖြစ်နေတာ"

ရဲ့ရှင်းချန် ပျင်းရိစွာဖြင့် ပြန်ဖြေလိုက်လေသည်။ ရဲ့ရှင်းချန်၏ မက်ဆေ့ချ်အား ကြည့်လျှက် ချန်းရိုအာ ခဏတာမျှ ကြောင်အ သွားပြီးနောက် ပြန်လည်၍ ဒေါသထွက်လာခဲ့တော့သည်။

‘နွေရာသီ အအေးမိ ဟုတ်လား’

‘ဒီလို ရာသီဥတုမှာလေ’

‘လာ နောက်နေတာလား’

သူတို့အိမ် အတွင်းရှိ အပူချိန်သည် အနှုတ် ၅၀ မှ ၆၀ ဒီဂရီ စင်တီဂရိတ် အထိ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူမသည် နေ့တိုင်း နွေးထွေးမှု ရစေရန် ချူယောင်နှင့် ပူးကပ်စွာ နေရလေသည်။ အိပ်သည်မှ လွဲလျှင် ဗိုက်ဆာ၍ နိုးလာချိန်တွင်သာ အစာနည်းနည်း စားလေသည်။ စွမ်းအင် အလွန်အကျွံ ကုန်ဆုံးသွားမည်အား စိုးရိမ်သဖြင့် သိပ်မလှုပ်ရှားရဲကြပေ။ သို့သော် ရဲ့ရှင်းချန်မှဦမူ နွေရာသီ အအေးမိ ဖြစ်နေသည်ဟု ပြောနေလေသည်။

ချန်းရိုအာ အမှန်တကယ် ဆဲချင်နေပြီ ဖြစ်သော်လည်း သာယာသော မျက်နှာထားအား ဟန်ဆောင် တပ်ဆင်ရုံ မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

"ဟားဟား ရှင်းချန် ရှင်က နောက်တာ သိပ်တော်တာပဲ ရှင်က ဒီလောက် ဟာသ ဉာဏ်ရွှင်တဲ့ လူမှန်း အရင်က ဘာလို့ မသိခဲ့ပါလိမ့် ဒီလောက်အေးတဲ့ ရာသီဥတုမှာ ဘယ်လိုလုပ် နွေရာသီ အအေးမိတာမျိုး ဖြစ်မှာတဲ့လဲ"

ရဲ့ရှင်းချန်မှ မေးခွန်းထုတ်သည့် သင်္ကေတ တစ်ခု ပို့လိုက်လေသည်။

"မင်း အေးနေလို့လား အော် ဆောရီး ငါ့အိမ်မှာ အပူချိန်ထိန်း စနစ် တပ်ထားလို့ အပြင်ဘက်က အပူချိန်ကို သိပ်သတိမထားမိဘူး"

"လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဘာဘီကျူး လုပ်စားချင်စိတ် ပေါက်လာတာနဲ့ မီးသွေးမီးဖို ရှေ့မှာ အကြာကြီး ထိုင်မိသွားတာ အဲ့ကနေ နွေရာသီ အအေးမိ တာမျိုး ဖြစ်သွားတာ နေမှာ"

ရဲ့ရှင်းချန်သည် ပြောရင်းဆိုရင်း မီးတောက်နေဆဲ ဖြစ်သည့် မီးဖိုနှင့် ကင်ထားသော ကမာကောင်များ ပုဇွန်များ သိုးနံရိုးများနှင့် ကြက်တောင်ပံများ၏ ဓာတ်ပုံအား ရိုက်ပို့လိုက်လေသည်။ သူသည် ဘောင်းဘီတို ဝတ်ထားသည့် သူ၏ ပုံကိုပင် "မတော်တဆ" ပါသွားသလို ရိုက်ပြီးနောက် ချန်းရိုအာထံ ပို့လိုက်သေး၏။

ပထမ ဓာတ်ပုံများသည် ချန်းရိုအာအား မနာလို ဖြစ်စေရုံသာ ရှိခဲ့လျှင် ဤဓာတ်ပုံမှာမူ သူမအား မျက်လုံးထဲမှ မီးများ ထွက်ကျ လာလောက်အောင် မနာလို ဖြစ်သွားစေခဲ့သည်။

‘ဘာဘီကျူး မီးသွေးမီးဖို’

‘အစားအသောက်ရော နွေးထွေးမှုရော ရှိနေပါလား’

ချန်းရိုအာသည် ယခုရက်ပိုင်းများတွင် အလွန် အေးလွန်းသဖြင့် သူမခန္ဓာကိုယ်ကိုပင် မခံစားနိုင်တော့လောက်အောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သူမသည် ဓာတ်ပုံအား စိုက်ကြည့်နေခဲ့ကာ မနာလို ဝန်တိုမှုကြောင့် မျက်နှာသွင်ပြင်များ ပုံပျက်လုနီးပါး ဖြစ်နေတော့သည်။ သူမသည် ဗိုက်ဆာနေခဲ့ပြီ အေးခဲနေချိန်တွင် ထို သောက်ကျိုးနည်း ရဲ့ရှင်းချန် ဆိုသည့် ကောင်သည် ဤနေရာတွင် စည်းစိမ်ယစ်နေတယ် ဟုတ်လား.....

ချန်းရိုအာမှ ဖုန်းအား ထူးဆန်းသည့် အနေအထားဖြင့် စိုက်ကြည့် နေသည်အား ချူယောင်မှ သတိထားမိလိုက်လေသည်။ သူမသည် ဘေးသို့ ကိုင်းကြည့်လိုက်လေရာ ရဲ့ရှင်းချန်မှ ပို့လိုက်သည့် ဓာတ်ပုံကိုသာ တွေ့လိုက်ရလေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ချူယောင် ထံမှ ချက်ချင်း အံ့အားသင့်ဟန်ဖြင့် အော်သံအား ကြားလိုက်ရတော့သည်။ "

တကယ်လား ဒီပုံက အတုဖြစ်မှာပါ အခုက ဘယ်လိုအချိန်မျိုး မို့လို့လဲ သူက ဘယ်လိုလုပ် ဒီလောက် သက်တောင့်သက်သာ နေနိုင်မှာတဲ့လဲ"

"မဖြစ်နိုင်ဘူး ဒါ သေချာပေါက် အတုပဲ သူက အတိတ်က ဓာတ်ပုံနဲ့ ဟန်ဆောင်နေတာများလား ရဲ့ရှင်းချန်က သူဘယ်လောက် မိုက်တယ် ကောင်းတယ်ဆိုတာ နင်ထင်အောင်လို့ နင့်ရှေ့မှာ ကြွားချင်ရုံ သက်သက် ဖြစ်မှာပါ သူက နင့်ကို သူ့ဆီ လာနေအောင် လှည့်စားတာတောင် ဖြစ်နိုင်တယ်!"

ချန်းရိုအာမှ ရုတ်တရက် သဘောပေါက် သွားတော့သည်။

"နင်ပြောတာ ဟုတ်တယ် လူတိုင်းမှာ စားစရာ ဝတ်စရာ မလုံလောက် ဖြစ်နေတာ သူက ဘယ်လိုလုပ် ဒီလောက် သက်တောင့်သက်သာ နေနိုင်မှာလဲ"

ချန်းရိုအာ စိတ်ကူးပြောင်းလိုက်ကာ ရဲ့ရှင်းချန်အား ချက်ချင်း ဗီဒီယိုကောလ် ခေါ်လိုက်လေတော့သည်။ ဓာတ်ပုံသည် အစစ်လား အတုလား သိချင်လျှင် ဗီဒီယိုနှင့် တစ်ချက်ကြည့်လိုက်ရုံသာ ဖြစ်ပေသည်။ ချူယောင် သည်လည်း ဘေးအား ကပ်လာခဲ့ပြီး မျက်နှာပြင်အား စိုက်ကြည့်နေခဲ့သည်။

ချန်းရူအာ ထံမှ ဗီဒီယိုကောလ် ခေါ်ဆိုမှု ဝင်လာသောအခါ ရဲ့ရှင်းချန်သည် အသံထွက် မတတ် ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။ ပြောစရာပင် မလိုတော့ချေ။ ယခုရက်ပိုင်းများသည် အလွန် ပျင်းစရာ ကောင်းနေခဲ့သည်။ ဖြူစင်ကာ အေးစက်လှပသည့် ကျောင်းနတ်သမီး ဆိုသူမှ အလိုလိုက် အကြိုက်ဆောင်သူ ဖြစ်လာချိန်တွင် မည်သို့ ပုံစံ ဖြစ်လာမည် ဆိုသည်အား ရဲ့ရှင်းချန် အမှန်တကယ် မြင်ချင်နေမိလေသည်။

ရဲ့ရှင်းချန် လက်ညှိုးအား ပွတ်ဆွဲလိုက်ပြီးနောက် ဗီဒီယိုကောလ်အား ကိုင်လိုက်လေတော့သည်။ ဗီဒီယိုလိုင်း ချိတ်ဆက်သွားပြီးနောက်တွင် နှစ်ဖက်စလုံးမှ တစ်ဖက်လူ၏ လက်ရှိ အခြေအနေအား ချက်ချင်း မြင်တွေ့လိုက်ကြရတော့သည်။

All Chapters