← Chapters

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

၂၄၄ မှ ၂၅၀

အပိုင်း(၂၄၄)

ယွမ်ကျိုးက လေးကန်စွာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ မှတ်စုစာအုပ်ကို အောက်သို့ချထားလိုက်ပြီး တိတ်တဆိတ် တွေးတောနေသည်။ သူ့အမူအရာက လေးနက်စွာ တွေးကြံနေသော အမူအရာရှိသည်။

ထို့နောက် ယွမ်ကျိုးက အငှားယာဉ်ကို အေးအေးဆေးဆေး ငှားကာ သူ့စားသောက်ဆိုင်သို့ ပြန်ရန် ပြင်ဆင်သည်။ ထိုစဉ် ဝူဟိုင်းက သူ့ပြခန်းပြန်ရန် ပြင်ဆင်နေသည်။ သူက မပြန်ခင် နောက်ဆုံးအကြိမ် ကံစမ်းကြည့်ချင်သေးသည်။

“ဝူလင်း၊ နင် သတိထားနေလိုက်တော့ ကျန်းကျဝေက မင်းကို လက်ထပ်မှာ မဟုတ်ဘူး။ နင် အခုလို ဆက်ပြုမူနေရင် အပျိုကြီးဘဝနဲ့ပဲ အရိုးထုတ်လိုက်တော့”

ဝူဟိုင်းက အထုပ်အပိုးများ သိမ်းဆည်းနေစဉ် မကျေနပ်သော ခံစားချက်များကို ထုတ်ပြောသည်။

“မဖြစ်နိုင်ပါဘူး။ ငါ့စိတ်သဘောထား ဘယ်လိုပဲ ဆိုးဆိုး နင့်ကိုတော့ မယှဉ်နိုင်ပါဘူး” ဝူလင်းက အထာကျကျ ပြန်ပြောသည်။

“တကယ်တမ်း ပန်းချီပြခန်းမှာ ငါ လုပ်စရာရှိတဲ့ အလုပ် များများစားစား မရှိပါဘူး။ မနက်ဖြန်မှ သွားရင်တောင် အချိန်တွေပိုလျှံနေဦးမယ်” ဝူဟိုင်းက အထုပ်အပိုးသိမ်းဆည်းခြင်းကို မရပ်တန့်သော်လည်း နောက်တစ်နေ့ ထပ်နေချင်သော ဆန္ဒကို လက်မလွှတ်ခဲ့ပေ။

“အစ်ကို၊ နင်နဲ့ ပုံမှန်ပြောစရာ ကိစ္စတစ်ခုပဲ ရှိတာနော်။ ငါက စိတ်သိပ်မရှည်တတ်တာ ခင်ဗျားလည်း အသိပဲ”

ဝူလင်းက သူမ၏လှပသော ဆံနွယ်လေးများကို ဖွဖွလေးသပ်သည်။

“ခဏနေရင် အထုပ်သိမ်းတာ ပြီးတော့မှာပါ” အင်အားကြီးသော သူ့ညီမကို စိတ်အနှောင့်အယှက်ပေးမိသည့် အကျိုးဆက်ကို ဝူဟိုင်း ကောင်းကောင်းသိနေသည်။ ထို့ကြောင့် ဝူဟိုင်း နှုတ်ဆိတ်လိုက်သည်။

ဝူဟိုင်းက သူ့ခရီးဆောင်အိတ်ကို ဖြည်းဖြည်းချင်း သိမ်းဆည်းရင်း တစ်နာရီ ကုန်ဆုံးသွားခဲ့သည်။ ထို့နောက် ဝူလင်းက အချုပ်သားကို လိုက်ပို့ဆောင်သကဲ့သို့ သူ့အစ်ကိုနောက်မှ လမ်းလျှောက်လာသည်။ လမ်းဆုံမှာ ရပ်ထားသော ကားရှိရာသို့ ထွက်လာခဲ့ကြသည်။

“ပြိုင်ကားမောင်းမဲ့အစား ဒီကားကို မောင်းရလား”

ဝူဟိုင်းက ဗလုံးဗထွေးရေရွတ်ရင်း ကားပေါ်သို့ တက်လိုက်သည်။

“လေယာဉ်ချိန် လွတ်သွားတော့မှာပဲ။ နောက်ကျသွားရင်တော့ အစ်ကို့ကို လေယာဉ်ဘီးနောက် ဖက်လိုက်ခိုင်းမယ်”ဝူလင်းက ဝူဟိုင်းကို မထီမဲ့မြင် အမူအရာဖြင့် ဖျတ်ခနဲကြည့်လိုက်သည်။

“ဟုတ်ပြီ။ နင့် သဘောအတိုင်း ဖြစ်စေရမယ်။ လေယာဉ်ပေါ်တက်ဖို့ ၂နာရီတောင် လိုသေးတယ်။ ငါတို့တွေ သေချာပေါက် အချိန်မီ ရောက်ပါတယ်”

ဝူဟိုင်းက မုတ်ဆိတ်ကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ပြန်ပြောသည်။

“ဟုတ်ပြီ။ ပန်းချီပြခန်းကိုရောက်ရင် အစ်ကို့မျက်နှာကို လူမြင်အောင်ပြဖို့ မမေ့နဲ့ဦး” ဝူလင်းက သူမ၏ယုံကြည်ရခက်သောအစ်ကို့ကို လုံးဝ မယုံကြည်၍ အသေးစိတ် ညွှန်ကြားနေရသည်။

“မြန်မြန်လုပ်စမ်းပါ။ နောက်မှ ငါတို့နောက်ကျတယ်လို့ လာမပြောနဲ့”ဝူဟိုင်းက သူ့ကို နားပူတတ်သောအကျင့်ကို မကြိုက်ပေ။

ထင်ထားသည့်အတိုင်းပင် ဝူလင်းက စကားပြောခြင်းကို ချက်ချင်း ရပ်တန့်လိုက်သည်။ ထို့နောက် သူမက ကားဟွန်းတီးလိုက်သည်။

ထိုစဉ် ယွမ်ကျိုးငှားလာသော တက္ကစီက ဤနေရာမှာ ရပ်လိုက်သည်။

“အို့စ် ကားက မိုက်လှချည်းလား” ကားပါကင်ထိုးနေစဉ် တက္ကစီသမားက သူ့အရှေ့က အမိုက်စားကားကို ချီးမွမ်းလိုက်သည်။

“ဟုတ်တယ်။ အမှန်ပဲ။ ဒီလိုနေရာမှာ အဲဒီလိုကားအကောင်းစားမျိုး တွေ့ရခဲတယ်”

ယွမ်ကျိုးက သံယောင်လိုက်ပြောရင်း ကျသင့်ငွေကို လှမ်းပေးသည်။

“ပေးတဲ့ငွေပမာဏက မှန်ကန်ပါတယ်”

တက္ကစီသမားက ငွေစက္ကူများကို စစ်ဆေးပြီးနောက် အဝေးတစ်နေရာသို့ ကားမောင်းထွက်သွားသည်။

ယွမ်ကျိုးက သူ့ဆိုင်ရှိရာသို့ လမ်းလျှောက်ထွက်လာခဲ့သည်။ သူနှင့် ရင်းနှီးနေသူက သူ့ဘေးနား ဖြတ်သွားသည့်တိုင် သူက သတိမထားမိပေ။ ထို့ကြောင့်လည်း ယွမ်ကျိုးက ဝူဟိုင်းစီးလာသော ကားကို လှည့်မကြည့်မိပေ။

ကားထဲထိုင်နေသော ဝူဟိုင်းက ယွမ်ကျိုးကို အမှတ်တမဲ့ လှမ်းမြင်သွားသည်။

“ခဏနေပါဦး ကားရပ်စမ်း”ဝူဟိုင်းက စိုးရိမ်တကြီး ထအော်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် ဝူလင်းက သူ့စကားကို နားမထောင်ခဲ့ပေ။ သူ့အစ်ကိုကိုပင် စကားပြန်မပြောဘဲ ကားကို ရှေ့ဆက်မောင်းနှင်သွားသည်။

“ကားပြန်ကွေ့စမ်းပါ” ဝူဟိုင်းက လည်ပင်းစောင်းပြီး နောက်သို့ လှည့်ကြည့်နေသည်။ ကားကို မြန်ဆန်စွာ မောင်းနှင်နေ၍ ဝူဟိုင်း ရှင်းရှင်းလင်းလင်း မမြင်တွေ့ရပေ။

“ဘာလုပ်ချင်လို့လဲ” နောက်ဆုံးတွင်မူ ဝူလင်း ခေါင်းလှည့်လာပြီး ဝူဟိုင်းကို ကြည့်သည်။

“သူဌေးယွမ်ကို စောနလေးတင် တွေ့လိုက်တယ်။ သူ့ဆိုင်မှာ သွားစားချင်တယ်။ တစ်ခုခု စားပြီးမှပြန်ရင်လည်း ရတာပဲလေ” ဝူဟိုင်းက မုတ်ဆိတ်ကို မပွတ်သပ်တော့ဘဲ လိုရင်းကို ချက်ချင်း ပြောသည်။

“ဒီလိုအရေးမပါတဲ့ အကြောင်းပြချက်တွေနဲ့ ငါ့ကို မလှည့်စားနဲ့။ လမ်းမှာ တွေ့သမျှလူတိုင်းကို သူဌေးယွမ်လို့ သတ်မှတ်နေသလား” ဝူလင်းက မထီမဲ့မြင် အမူအရာဖြင့် ပြန်ပြောသည်။ သူမက သူ့အစ်ကို၏စကားကို လုံးဝ အယုံအကြည် မရှိပေ။

“မဖြစ်နိုင်ပါဘူး။ သူဆိုတာ သေချာပါတယ်။ သူမှ သူပါပဲ” ဝူဟိုင်းက ယွမ်ကျိုးကို သေချာမမြင်မိသော်လည်း သူ့ညီမ အရှေ့မှာ ဝန်မခံချင်ပေ။

“သေချာလို့လား” ဝူလင်းက သူ့အစ်ကိုအကြောင်းကို ကောင်းကောင်းသိနေသည်။

“ဘာပဲဖြစ်ဖြစ် ငါ့ဘက်က အတည်ပြုချင်တယ်” ဝူဟိုင်းက ဇွဲမလျော့ခဲ့ပေ။

“အစ်ကိုက ဒီညီမရဲ့ဒေါသကို သွေးတိုးစမ်းချင်နေပုံပဲ” ဝူလင်းက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

“ငါ ငါ ရေသောက်ချင်တယ်” ဝူဟိုင်းက ရုတ်တရက် ထပြောသည်။

“ဟမ် ကိုယ့်ဘာသာ ယူသောက်လေ”

ဝူလင်းက သူ့အကြံအစည်ကို ထုတ်မပြောဘဲ လိုရင်းကိုသာ ပြန်ပြောလိုက်သည်။

သိပ်မကြာခင်မှာပင် သူတို့နှစ်ယောက်စလုံး လေဆိပ်သို့ ရောက်သွားသည်။ သို့သော်လည်း ဝူဟိုင်းက အကြောင်းပြချက် မျိုးစုံပေး၍ အချိန်ဆွဲနေသည်။ လုပ်စရာရှိသမျှ လိုအပ်သည့် ကိစ္စတိုင်းကို ဝူလင်းက လုပ်ဆောင်ပေးရပြီး ဝူဟိုင်းက ထိုင်ခုံမှာ ထိုင်နေခဲ့သည်။

ဝူဟိုင်းက အေးအေးလူလူ ထိုင်နေသည့်တိုင် သူက လက်ရှိအခြေအနေကို လက်မခံနိုင်သေးပေ။ ထို့နောက် သူက ဖုန်းကို ဖွင့်လိုက်ပြီး အစားအသောက် ဝါသနာရှင်များ စုစည်းထားသောအဖွဲ့သို့ ဝင်လိုက်ပြီး ယွမ်ကျိုး ရှိ/မရှိ စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

[ ကျွန်တော်ကို မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါ။ သူဌေးယွမ် ပြန်လာပြီလား]

ဘာမှမစားရသေးသော အစ်ကိုဟိုင်း(ဝူဟိုင်း၏နာမည်ပြောင်)

[ငါလည်း သေချာမသိဘူး။ မနက်ဖြန် စားသောက်ဆိုင်ဖွင့်မယ့် အရိပ်အယောင် မြင်မိလို့လား။ အခုမှ နေ့လည်ခင်းပဲ ရှိသေးတယ်လေ] တခြားစားသောက်ဆိုင်မှ ထမင်းကြော် ဝယ်စားသော ဝူကျိုး

[နောက်ဆုံးပေါ်သတင်းဟေ့ စောနလေးတင် သူဌေးယွမ်က သူ့ကိတ်ဆိုင်ဘေးနားက ဖြတ်သွားတယ်] ပုစွန်စားဖို့ မျှော်လင့်နေသော မန်မန်

[တကယ်လား။ သူဌေးယွမ်က တာဝန်ကျေပွန်တဲ့သူဌေး။ ဒီညနေခင်း ဆိုင်ဖွင့်မယ်ထင်လား] တခြားစားသောက်ဆိုင်မှ ထမင်းကြော် ဝယ်စားသော ဝူကျိုး

[ဒီစင်္ကြာစဠာထဲမှာ အဆုံးအစမဲ့သော မကောင်းတဲ့ အကြံဆိုးတွေ ရှိမယ်လို့ ခံစားမိတယ်] ဘာမှမစားရသေးသော အစ်ကိုဟိုင်း

“အခုပဲ လေယာဉ်ပေါ် တက်ကြမယ်” ဝူလင်းက သူ့အနား ပြန်ရောက်လာပြီး ခပ်တန်းတန်း အမူအရာဖြင့် ပြန်ပြောသည်။

“ငါ ပြန်တော့မယ်” ဝူဟိုင်းက ဆုံးဖြတ်ချက်ခိုင်မာသော အမူအရာဖြင့် စကားပြန်ပြောသည်။

“လက်လျှော့ဖို့ အင်တင်တင် ဖြစ်နေပုံပဲ” ဝူလင်းက အေးအေးဆေးဆေး ပြောသည်။

ဤတစ်ကြိမ်တွင် သူမက ဝူဟိုင်းကို အကြောင်းပြချက်ပေးခွင့် မပြုဘဲ ဂုတ်မှ ဆောင့်ဆွဲလိုက်သည်။ ဝူဟိုင်း၏ခန္ဂာကိုယ်က အင်အားမဲ့သွားပြီး ဝူလင်းနောက်သို့ တရွတ်တိုက်ပါသွားသည်။ အတင်းအကျပ်ဆွဲခေါ်ခံရ၍ ဝူဟိုင်ခင်ဗျား စကားပြောရန်ပင် အင်အားကင်းမဲ့နေသည်။

…

မန်မန်ကို နှုတ်ဆက်စကားပြောပြီးနောက် ယွမ်ကျိုးက စားသောက်ဆိုင်သို့ တန်းပြန်သွားပြီး သူ့ကိုယ်သူအတွက် ခေါက်ဆွဲပြုတ် နှင့် ကြက်ဥထမင်းကြော်ကို ချက်ချင်း ပြင်ဆင်သည်။

ထို့နောက် ထိုင်ခုံကို ဆွဲပြီး မစားရသည်မှာကြာပြီဖြစ်သော အစားအသောက်များကို စားသုံးသည်။ ယွမ်ကျိုးက ကျေနပ်တင်းတိမ်ဟန် သက်ပြင်းချလိုက်သည်။

“စနစ်က ထောက်ပံ့တဲ့အစားအသောက်တွေကပဲ အရမ်းအရသာရှိပြီး အဟာရပြည့်ဝတယ်”

ယခင်က အားအင်ချည့်နဲ့နေသော ယွမ်ကျိုးက ချက်ချင်း ခွန်အားပြည့်သွား သကဲ့သို့ ခံစားရသည်။

ထို့နောက် ယုန်သားလွှာဟင်းပွဲကို နည်းလမ်းအသစ်ဖြင့် ချက်ပြုတ်ရန် စတင်ပြင်ဆင်သည်။

“စနစ်။ ပျားရည်ကို သီးသန့်ခွဲထားပြီးပြီ။ ဒါပေမဲ့ ပျားနို့က ချဉ်ပြီး စပ်တယ်။ ဒီဆုက သိပ်မကောင်းသလိုပဲ” စနစ်က စီစဉ်ပေးထားသည့် ထည့်လာသော ပျားရည်ကို ထုတ်လိုက်သည်။

စနစ် “ဆိုင်ရှင်က ဟင်းပွဲအသစ်ကို ကိုယ်တိုင် ဖန်တီးရပါမယ်။ တခြားပစ္စည်းတွေကိုလည်း စနစ်က ထောက်ပံ့ပေးပါ့မယ်”

“တကယ့်ကို ကောင်းမွန်တဲ့ အကြံပြုချက်ပဲ။ ငါ အရမ်းသဘောကျတယ်” ယွမ်ကျိုးက ဆုများများ လိုချင်၍ ယခု ပြောခဲ့ခြင်း ဖြစ်သည်။

စနစ်မှ ထောက်ပံ့သော ပစ္စည်းတိုင်းက သာမန်ထက် ပို၍ ကောင်းမွန်သည်။

ထို့နောက် ယွမ်ကျိုးက ယုန်သားလွှာ ဟင်းပွဲကို ပြင်ဆင်ရန် ကြိုးစားသည်။

“ဒီတစ်ခေါက်ပြင်ဆင်တဲ့ အရသာသစ်က တကယ်မိုက်တယ်” ယွမ်ကျိုးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ပြီး သူ ပြင်ဆင်ထားသော ဟင်းပွဲကို မြည်းလိုက်သည်။

သာမန်ထက်ကောင်းမွန်သောပျားရည်၊ ယုန်သား နှင့် ယွမ်ကျိုး၏နတ်ဘုရားအဆင့် ဟင်းချက်စွမ်းရည်ကြောင့် ဟင်းပွဲ၏အရသာက သေချာပေါက် ပြဿနာ မရှိပေ။

အပိုင်း(၂၄၄)

ပြီးပါပြီ။

အပိုင်း(၂၄၅)

ယုန်သား၏အရသာက ဒရယ်သား အရသာကဲ့သို့ ပြင်းရှရှ အရသာရှိနေသည်ဟု ယွမ်ကျိုး ခံစားမိသည်။ ထို့အပြင် ယုန်က သေဆုံးပြီးနောက် မျက်လုံးပိတ်နေလျှင် မစားသင့်ပေ။ ဤအချက်ကို ရှေးဟောင်းကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။

ယွမ်ကျိုး ချက်ပြုတ်ထားသော ယုန်သားဟင်းက စိုးရိမ်ဖွယ် အချက်များနှင့် ကိုက်ညီမှု မရှိပေ။ သကြားအဖြူနေရာတွင် ပျားရည်ကို အစားထိုးထား၍ အချိုအနံ့ မပြင်းသော်လည်း ပျားရည်ရနံ့သင်းကြိုင်းနေသည်။ ပျားရည်က အဆီအရောင်ကို အနည်းငယ် ဆောင်ကြဉ်၍ ဟင်းပွဲက အရောင်တောက်နေသည်။

စားသောက်ဆိုင် အလုပ်အားလုံးပြီးဆုံးမှသာ ယွမ်ကျိုးက အပေါ်ထပ်သို့ တက်ကာ နောက်တစ်နေ့ မနက်ခင်းအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်သည်။ မရောင်းချသည်မှာ ကြာပြီဖြစ်သော ဖက်ထုပ်အကြောင်းတွေးမိ၍ ယွမ်ကျိုးက အိပ်ရာမှ စောစောထသည်။

ရေမိုးချိုး သန့်စင်ပြီးနောက် လမ်းလျှောက်ထွက်သည်။ လွန်ခဲ့သော ရက်ပိုင်းခန့်က ခရီးရှည်ထွက်ခြင်း၏ အကျိုးကျေးဇူးကြောင့် လေ့ကျင့်ခန်းလုပ်ရမည်ကို မပျင်းရိတော့ပေ။

ယွမ်ကျိုးက ရက်ပိုင်းခန့် အနားယူပြီးနောက် စီးပွားရေး ထပ်လုပ်ရန် စားသောက်ဆိုင်ကို ပြန်ဖွင့်သည်။ သူ့ဟန်ပန်အမူအရာက အရင်ကအတိုင်း တည်ငြိမ်နေသော်လည်း သူ့စိတ်က နည်းနည်း ပြောင်းလဲသွားသည်။ တော်ဝင်စားဖိုမှူးကြီး၏ ပုံရိပ်က သူ့အတွေးထဲ တစ်ဝဲလည်လည် ရှိနေသေးသည်။

“ငါလုပ်စရာရှိတဲ့ ကိစ္စတွေကို အရင်လုပ်ပြီးမှ တခြားသူအကြောင်းကို တွေးတော့မယ်”

ယွမ်ကျိုးက သူ့စိတ်သူ ဆုံးမလိုက်ပြီး စိတ်အားထက်သန်စွာ ဂျုံလိမ့်သည်။

“ကျာ့ကျာ့။ သူဌေးယွမ် ဆိုင်ဖွင့်မယ်လို့ ထင်လား” ရှန်မင်က မဝံ့မရဲ မေးမြန်းသည်။

“ဒါပေါ့ ဖွင့်မှာပဲ။ သူဌေးယွမ်က တိကျတယ်လေ” ကျိုးကျာ့က လေးနက်ခိုင်မာသော အမူအရာဖြင့် ပြန်ပြောသည်။ သူမမှာ စိုးရိမ်စိတ် မရှိ၍ အပူအပင်ကင်းမဲ့စွာ ပြန်ပြောခြင်း ဖြစ်သည်။

သို့သော်လည်း ရှန်မင်က သူနှင့် ခြားနားသည်။ ယွမ်ကျိုး ဆိုင်ပိတ်သွားမည်ကိုပင် စိုးထိတ်နေသည်။ ချီမင်းဆက်ကာလတုန်းက မိုးပြိုမှာ ကြောက်လန့်နေသည့် ပြည်သူများနှင့် စိတ်သဘောထား တူညီနေသည်။

“မင်မင်။ ဒီနေ့ အတန်းတက်ဖို့ မလိုအပ်တာ တကယ်လား” ကျိုးကျာ့က ရှန်မင်ကို ငေးကြည့်လိုက်ပြီး သေချာအောင် မေးမြန်းနေသည်။

“အတန်းမတက်လည်း ရတယ်လေ။ ပထမဆုံး အတန်းချိန်နှစ်ခုက ကိုယ့်ဘာသာကိုယ် စာလေ့လာရမှာလေ။ ဒါကြောင့် စိုးရိမ်ဖို့ မလိုအပ်ဘူး” ရှန်မင်က ခဏတွေးကြံပြီးနောက် အခိုင်အမာ ပြောဆိုသည်။

“စားသောက်ဆိုင် ဖွင့်မဖွင့် စုံစမ်းပြီးမှပဲ ကျောင်းပြန်မယ်လေ” ကျိုးကျာ့က သူမကို လေးနက်စွာ ပြောသည်။

“အွန်း” ရှန်းမင်က ခေါင်းညိတ်လိုက်ပြီး ကောင်း၏ဆိုး၏ ဝေဖန်ခြင်း မပြုခဲ့ပေ။

ခဏကြာပြီးနောက် သူတို့က ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ရောက်သွားသည်။ စားသောက်ဆိုင် အပြင်ဘက်မှာ တန်းစီစောင့်နေသူ မြောက်မြားစွာ ရှိနေသည်။

“သူဌေးယွမ်က အရမ်းမုန်းစရာကောင်းတယ်။ သူ ပြန်လာတာနဲ့ အရသာရှိတဲ့ ဟင်းပွဲတွေကို ချက်ပြုတ်နေတာပဲ” ပထမဆုံး ရောက်လာသူက ဝူကျိုး ဖြစ်သည်။ ရှောင်လုံပေါင်းဖက်ထုပ်၏ မွှေးရနံ့ကို ရှုရင်း ပွင့်လင်းစွာပြောသည်။

“နင် မစားချင်ရင် ထွက်သွားလိုက်လေ” လင်းဟုန်က သူ့အရှေ့ရောက်နေသော ဝူကျိုးက မကျေနပ်ဟန်ကြည့်လိုက်ပြီး ရိုင်းပျစွာပြောသည်။

“အဲဒီသဘောတော့ မဟုတ်ပါဘူး။ ငါ့ပိုက်ဆံအိတ်လေး ပြားချပ်နေတော့ ငါ့ကောင်မလေးကို ဘယ်လို ဖြေရှင်းချက် ပေးရင်ကောင်းမလဲ စဉ်းစားနေလို့ပါဗျာ” မင်းတို့လို လူပျိုတွေက ငါ့ခံစားချက်ကို မသိပါဘူးဆိုတဲ့ အထာနဲ့ ကြည့်လိုက်သည်။

“ငါတို့အလှည့်ကျော်လို့ မရဘူးလား” ရေဘဝဲက ဝူကျိုးကို လေးနက်စွာ ကြည့်လိုက်သည်။

“ဒီနေရာမှာ အနိုင်ကျင့်ခွင့် မပေးထားဘူးနော်။ ဒါက သူဌေးယွမ်ရဲ့စည်းမျဉ်းပဲ” ဝူကျိုးက တည်ငြိမ်သောအမူအရာကို ဖော်ထုတ်သည်။ ယွမ်ကျိုး၏ပုံမှန်အမူအရာကို အတုခိုးနေမှန်း ပေါ်လွင်သည်။

“မင်းကို ကန်ထုတ်ရင်တောင် ဘယ်သူကမှ ငါ့ကို မပြောဘူး ဟား ဟား” ရေဘဝဲက ခပ်တန်းတန်းအမူအရာဖြင့် စကားပြောသည်။

“ဒါဆိုရင်တော့ ငါက ရှေ့တိုးပြီး မင်းနေရာကို ယူလိုက်တော့မယ်” လင်းဟုန်က မော်ကြွားစွာ ပြောသည်။

“မနက်ခင်းအတွက် သူဌေးယွမ်က ဘာချက်မလဲဆိုတာ ငါတို့တွေ ခန့်မှန်းကြမယ်” ဝူကျိုးက ချက်ချင်း စကားလမ်းကြောင်းလွှဲသည်။ သို့သော်လည်း သူ ပြောလိုက်သည့် အကြောင်းအရာက အသုံးမဝင်ပေ။

တန်းစီနေသော လူအုပ်စုကြီးက မနက်ခင်းဟင်းလျာအကြောင်းကို တစ်ယောက်ပြီး တစ်ယောက် ဆွေးနွေးကြသည်။ ပုံမှန်ဖောက်သည်များက အတိအကျ ခန့်မှန်းနိုင်သည်။ သူတို့က ဟင်းလျာများစွာ မှာယူစားသောက်၍ ဟင်းလျာများနှင့် ပတ်သက်ပြီး ပိုရင်းနှီးနေသည်။

ရှန်မင် နှင့် ကျိုးကျာ့တို့ ရောက်လာသောအခါ ပျားပန်းခတ်နေသော လူအုပ်စုကြီးကို မြင်တွေ့ရ၍ စိတ်သက်သာရာ ရသွားသည်။

“ဒီလိုဆိုရင်တော့ ပြဿနာ မရှိတော့ဘူး။ မင်မင် နင် အေးဆေး အတန်းသွားတက်တော့” ကျိုးကျာ့က ပြုံးရွှင်စွာ ပြန်ပြောသည်။

“အင်း ဒါဆိုရင် ငါက ညနေမှပဲလာတော့မယ်”ယွမ်ကျိုး ဆိုင်တံခါးဖွင့်မည့်အချိန်ကို စောင့်မည့်အစား ရှန်မင်က သူ့ကောလိပ်ဆီ ပြန်သွားသည်။

ခဏကြာပြီးနောက် ယွမ်ကျိုးက အချိန်အတိအကျပင် စားသောက်ဆိုင်တံခါးကို ဖွင့်သည်။ ဖောက်သည်များက မစောင့်နိုင်သည့်တိုင် ယွမ်ကျိုးစားသောက်ဆိုင်၏စည်းမျဉ်းများကို မမေ့လျော့ခဲ့ပေ။ ထိုင်ခုံနေရာ ရရှိရန် စိတ်ရှည်ရှည် စောင့်ဆိုင်းကြသည်။

“ဆိုင်ပိတ်ပြီး ဘာတွေလုပ်နေတာလဲ သူဌေးယွမ်၊ ဘယ်ကို ခရီးထွက်နေတာလဲ” ဝူကျိုးက ချက်ချင်း မေးမြန်းသည်။

“ပျားရည်စုဆောင်းနေတာပါ” ယွမ်ကျိုးက ခပ်တန်းတန်း အမူအရာဖြင့် ပြန်ဖြေသည်။

“ခင်ဗျားက ကိုယ်တိုင်ကိုယ်ကျ ပျားရည်သွားစုတာလား။ သူဌေးယွမ် ခင်ဗျားက တကယ်ကို လူထူးလူဆန်းပဲ။ အဆင်ပြေခဲ့ရဲ့လား။ ပျားတုပ်ခံရခဲ့လား” ဝူကျိုးက ယွမ်ကျိုးကို အကဲခတ်သည်။

ဝူကျိုးက ပျားတုပ်ခံရသော ခံစားချက်ကို ငယ်ငယ်တည်းက ကောင်းကောင်းသိနေသည်။ ထိုစဉ်တည်းက သူက ပျားဆိုသည့် သတ္တဝါကို အသေမုန်းသည်။

“အဆင်ပြေပါတယ်” ယွမ်ကျိုးက ခိုင်မာသောလေသံဖြင့် ပြန်ပြောသည်။

“ပျားတုပ်ခံရပြီး ပြန်ကောင်းလာတာ ဖြစ်မယ်” လင်းဟုန်က ကောက်ကျစ်စွာ ပြုုံးပြီး ချက်ချင်းပြန်ပြောသည်။

“မဖြစ်နိုင်ပါဘူး။ ပျားတုပ်ခံရတဲ့ ဒဏ်ရာသက်သာဖို့က အနည်းဆုံး တစ်ပတ်လောက်ကြာတယ်” ဝူကျိုးက အတော်ကလေး အတွေ့အကြုံ ကြွယ်ဝပုံပေါ်သည်။

“စားဖိုမှူးက သူကိုယ်တိုင် စားသောက်ကုန်တွေ လိုက်စုဆောင်းတယ်ဆိုတော့ လက်ဖျားခါလောက်တဲ့ အရည်အချင်းပဲ။ ငါတို့လို စားဖိုမှူးတွေက ဘာကိုမှ မကြောက်တတ်ဘူး” ယွမ်ကျိုးက အရှက်မဲ့စွာ ပြောသည်။

သူ့အတိတ်က အဖြစ်အပျက် အားလုံးကို မေ့လျော့သွားသည်။

“ဟေ့လူတွေ ခင်ဗျားတို့ စားမှာလား မစားဘူးလား။ ဒီအဘိုးကြီး ဗိုက်ဆာနေပြီ။ လေဖောရင်း အချိန်ဖြုန်းမနေနဲ့” လီယန်ရိက သည်းမခံနိုင်သည့်အဆုံး ပြစ်တင်ပြောဆိုသည်။

“ဟိုင်း အစားအသောက်မှာလို့ ရပါပြီ။ မှာချင်တဲ့ အစားအသောက်ကို ပြောပါ” ကျိုးကျာ့က သူ့ကို အလောတကြီး မေးမြန်းလိုက်သည်။

“ဖက်ထုပ်ပေါင်းတစ်ပွဲ နဲ့ ကောင်းကင်ဘုံရှာလကာရည်ကို ပန်းပြားသေးသေးလေးနဲ့ ထည့်ပေးပါ” လီယန်ရိက အစားအသောက်မှာသည်။

“ခဏစောင့်ပေးပါ” ယွမ်ကျိုးက ယဉ်ယဉ်ကျေးကျေး ပြန်ပြောသည်။

ယွမ်ကျိုးက ပန်းကန်ပြားနှစ်ချပ်ကို ဗန်းပေါ်တင်ပြီး ကျိုးကျာ့ကို ပေးလိုက်သည်။ ကျိုးကျာ့မှ တဆင့် ဖောက်သည်တွေဆီ ရောက်သည်။

“လူကြီးမင်း။ ခင်ဗျားက ကောင်းကင်ဘုံ ရှာလကာရည်မှန်း ဘယ်လိုသိနေလဲ” လင်းဟုန်က မေးမြန်းသည်။ သူက လီယန်ရိ အကြောင်းကို ထုတ်မပြောခဲ့ပေ။

“ငနဲ မင်းက တစ်ခါစားကြည့်ရုံနဲ့ အရသာကို မမှတ်မိဘူးလား” လီယန်ရိက ယွမ်ကျိုးကို ပြောနေကျ လေသံအတိုင်း ပြောသည်။

“ဒါက ကောင်းကင်ဘုံ ရှာလကာရည်ဆိုတာ အမှန်ပဲ” ယွမ်ကျိုးက ရုတ်တရက် ဝင်ပြောပြီး အတည်ပြုပေးသည်။

“ဒါပေါ့ ဒီအဘိုးကြီး မှားစရာ အကြောင်းမရှိဘူး” ထိုစကားသံကိုကြားပြီးနောက် လီယန်ရိက ပို၍ အားရကျေနပ်ဟန် ပေါ်လွင်သည်။

“မှာယူထားတဲ့ အစားအသောက်တွေ ရပါပြီ” ထိုစဉ် ကျိုးကျာ့က ဖက်ထုပ်ပေါင်း နှင့် ရှာလကာရည်ကို သူ့ ဆီ သယ်ဆောင်လာသည်။

“ရှာလကာရည်က အနီရောင်အဆင်းရှိပြီး ချဉ်စူးစူး အရသာရှိတယ်။ လုံးဝ အရသာမပြင်းဘဲ လတ်ဆတ် အရသာရှိတယ်။ အသစ်ဖန်တီးထားတဲ့ ရှာလကာရည်မို့ အရသာရှိတာလေ။ ဒီလိုမှ မဟုတ်ရင် အရသာရှိပါ့မလား” လီယန်ရိက ပန်းကန်ပြား သေးသေးလေးကို ညွှန်ပြရင်း အသေးစိတ်ပြောသည်။

“သူဌေးယွမ်၊ ဒီလိုအရသာကောင်းတဲ့ ရှာလကာရည်ကို ဘယ်လိုများ ဖန်တီးခဲ့လဲ။ အရည်က ကြည်တောက်နေတာပဲ” လီယန်ရိက ယခုလိုမေးခွန်းမျိုးကို မေးမြန်းခြင်းသည်မှာ ကြာပါပြီ။

“လပြည့်တစ်ရက်နေ့မှာ ချက်ထားတဲ့ ထမင်းကို ထမင်းလုံးပုံစံဖော်ထားတယ်။ နောက်လ လပြည့်နေ့အထိ သူ့ကို သိမ်းထားလိုက်တယ်။ ပြီးရင် ထမင်းလုံးကို ချေမွပြီး သန့်ရှင်းသွားအောင် ရေဆေးချတယ်။ သန့်စင်ထားတဲ့ ထမင်းကို ပြန်ပြုတ်တယ်။ မိုးမခသားနဲ့ ဖန်တီးထားတဲ့ကိုင်းနဲ့ ခုနှစ်ရက် မွှေပေးတယ် တစ်လကြာတော့ အလိုအလျောက် ရှာလကာရည် ဖြစ်သွားတာပဲ” ယွမ်ကျိုးက ပြင်ဆင်သောနည်းလမ်းကို တတ်နိုင်သလောက် အသေးစိတ်ပြောသည်။

“တော်တော် ရှုပ်ထွေးတာပဲ” လီယန်ရိက ယွမ်ကျိုးကို ဒွိဟဖြစ်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ရှာလကာရည်ပြင်ဆင်ရန်ပင် အတော်လေးစိတ်ရှည်ရမည်။ နေ့တိုင်းအချိန်ကိုက် အလုပ်လုပ်ရန်လည်း လိုအပ်သည်။

ချန်ဒူမြို့မှာလည်း အလားတူ ရှာလကာရည်ရောင်းချသည့် အကြောင်းကို မည်သူမှ မပြောခဲ့ကြပေ။

“ဆရာယွမ်။ ခင်ဗျားရဲ့ဖန်တီးမှုက တကယ့်ကို အံ့မခန်းပါပဲ” လီယန်ရိက လေးကန်စွာ သက်ပြင်းချလိုက်ပြီး စိတ်အားထက်သန်စွာ ပြောသည်။

“ကျေးဇူးတင်ပါတယ်” ယွမ်ကျိုးက တည်ငြိမ်စွာပင် ကျေးဇူးတင်စကားပြောသည်။

သို့သော်လည်း သူ့နှလုံးသားထဲမှာ အလွန်ပျော်ရွှင်နေသည်။ ဤလူက အစားအသောက်ဝေဖန်သူမှန်း ယွမ်ကျိုး သိထားပြီသား ဖြစ်သည်။ သူ့ဆိုင်မှာ အမြဲလိုလို လာရောက်အားပေးသော်လည်း သူ့ဆိုင်နှင့်ပတ်သက်သော မှတ်ချက်မျိုးကို မရေးသားဖူးပေ။

အပိုင်း(၂၄၅)

ပြီးပါပြီ။

အပိုင်း(၂၄၆)

"သူဌေးယွမ် ဒီ ရှာလကာရည်က ရောင်းဖို့လား'' ဝူကျိုးက ရုတ်တရက် အတွေးထပေါ်၍ မေးလိုက်သည်။

"နိုး'' ယွမ်ကျိုးက ချက်ချင်း ပြန်ဖြေသည်။

"သူဌေးယွမ် ကျွန်တော် အခုလို မေးရတာ အကြောင်းအရင်း ရှိပါတယ်။ ငါ့ကို ယုံကြည်ပေးပါ'' ဝူကျိုးက ထပ်မံ့ပြောကြားသည်။

"ဒါဆိုရင် ဘာအကြောင်းကိစ္စလဲ''

ထိုစကားကို ပြောလိုက်သူက ယွမ်ကျိုး မဟုတ်ဘဲ ဘေးနားမှာ ထိုင်နေသည့် လင်းဟုန်ဖြစ်သည်။

"သူဌေးယွမ် ၊ ကျွန်တော် ခင်ဗျားကို တစ်ခုပြောပြမယ်။ ကျုပ် ကောင်မလေးက ပုစွန်ပြုတ်စားရတာ ကြိုက်ပေမဲ့ ရှာလကာရည်နဲ့တွဲဖက်စားရတာကို ပိုနှစ်သက်တယ်။ ဒီပြင့် သူက ဒီဆိုင်က ရှာလကာရည်က လွဲလို့ တခြားဆိုင်က ရှာလကာရည်တွေကို မကြိုက်ဘူး'' ဝူကျိုးက ချိုသာသော အမူအရာဖြင့် စကားပြောသည်။

"အားနာပါတယ်။ ငါ့ဆိုင်က အစားအသောက်ကို အပြင်ယူသွားလို့ မရပါဘူး'' ဝူကျိုး၏သူ့အချစ်ကို ကြွားဝါးနေသော လုပ်ရပ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သည့်တိုင် ဝူကျိုးကိစ္စကို စိတ်မဝင်စားဟန် ပြန်ပြောသည်။

"ရှာလကာရည်က ဟင်းပွဲတွေထဒ မပါဘူးလေ'' ဝူကျိုးက သူ့ကောင်မလေး အတွက် အကောင်းဆုံး ကြိုးစားပေးသည်။

"စည်းမျဉ်းကို နံရံပေါ်မှာ ကပ်ထားပါတယ်'' ယွမ်ကျိုးက ထပ်ရှင်းပြရန်ပင် ငြီးငွေ့နေပါပြီ။ သူက နံရံကို ညွှန်ပြရင်း ထိုစကားကို ပြောလိုက်သည်။

"ဒီဆိုင်မှာစားဖို့ ပုစွန်တွေ ဝယ်လာခဲ့လို့ရလား''

တခြားဆိုင်မှ ဝယ်လာသော ထမင်းကြော်ကို ဤဆိုင်မှာ စားခဲ့ဖူးသော အဖြစ်အပျက်ကို ပြန်မြင်ယောင်မိသည်။

"ရှာလကာရည်တစ်ပန်းကန် သီးသန့်မှာရင် တစ်ပွဲကို ၆၆ယွမ်ကုန်မယ်'' ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး ရှင်းပြသည်။

"အမ်''

ဝူကျိုး ချက်ချင်း ဆို့နင့်သွားသည်။

"ယောက်ျားဆိုတာ တစ်ခါလေးနဲ့ အရှုံးကို လက်မခံနိုင်ဘူးလေ''

လင်းဟုန်က တည်ငြိမ်သော အမူအရာဖြင့် ထွေရာလေပါး ပြောဆိုသည်။

"ဒါပေါ့ သူ့မှာ အရည်အချင်း မရှိဘူးဆိုတာ ဘယ်ပြောနိုင်ပါ့မလဲ''

ရေဘဝဲက ရယ်ချင်စိတ်ကို ထိန်းချုပ်ရင်း ပြောသည်။

သူတို့အားလုံးက ယွမ်ကျိုး၏စည်းမျဉ်းအားလုံးကို ကောင်းကောင်း သိနေသည်။ ၆၆ယွမ်နှင့် ရှာလကာရည်ကို ဝယ်နိုင်သော်လည်း တစ်ပွဲတည်းသာ ဝယ်နိုင်သည်။ သူတို့အတွက် ငွေမရှားပါးသော်လည်း ၎င်းစည်းမျဉ်းက နှလုံးသားကို နာကျင်စေသည်။

"အိမ်ပြန်ရောက်မှပဲ ငါ့မိန်းမနဲ့ အရင်ဆုံး တိုင်ပင်လိုက်ဦးမယ်'' ကျန်းရှင်းမူက သူ့နှင့်အတူတူ တိုက်ခန်းဝယ်ရန် သဘောတူခဲ့တည်းက သူ့ကောင်မလေးကို မိန်းမဟု ခေါ်လေ့ရှိသည်။

"အစားအသောက်က ပိုအရေးကြီးတယ်လို့ ငါ ခံစားမိတယ်'' ရေဘဝဲက တိတ်တဆိတ် ပြောသည်။

ထို့နောက် သူတို့စားမည့် ဟင်းပွဲများကို စတင်မှာယူပြီး ဘေးနားက ဝူကျိုးကို လျစ်လျူရှုထားလိုက်သည်။

သိပ်မကြာခင်မှာပင် မနက်ခင်း တစ်နာရီဆိုင်ဖွင့်ချိန် ကုန်လွန်သွားခဲ့သည်။ သို့သော်လည်း ဖောက်သည်များက ချက်ချင်း မထွက်သွားခဲ့ပေ။ သူတို့ချင်း မတွေ့ရသည်မှာ ကြာပြီဖြစ်၍ ခဏ စကားလက်ဆုံကြသည်။

သို့သော်ငြားလည်း အရေးကြီးဆုံးအချက်က ယွမ်ကျိုး နောက်တစ်ကြိမ် ခရီးထွက်ပြီး ဆိုင်ပိတ်မည့် အစီအစဉ် ရှိ/မရှိ မေးမြန်းရန်ဖြစ်သည်။

"သူဌေးယွမ် ခင်ဗျား ဒီရက်ပိုင်း ထပ်နားဦးမှာလား'' ဝူကျိုးက ဒဲ့မေးလိုက်သည်။

ထိုစကားသံကြောင့် စားသောက်ဆိုင်ထဲ ရှိနေသေးသည့် လူအုပ်စုက ယွမ်ကျိုး ပြန်ဖြေမည့် အဖြေကို စိတ်ဝင်တစား နားစွင့်နေကြသည်။ ကျိုးကျာ့လည်း နားစွင့်နေသည်။ သူ့ကို လုပ်အားခ အပြည့်အဝ ပေးထားသော်လည်း သူ့ဘက်က အလုပ်အများကြီး မလုပ်ထား၍ အားတုံ့အားနာ ဖြစ်နေသည်။

"ယာယီတော့ အနားယူဖို့ မရှိသေးဘူး'' ယွမ်ကျိုးက ခပ်တန်းတန်း ပြန်ပြောသည်။

"ဟူ နှုတ်ဆက်ပါတယ် သူဌေးယွမ်။ ကျွန်တော် အလုပ်သွားတော့မယ်'' ဝူအန်လုက စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်ပြီး နှုတ်ဆက်စကားပြောသည်။

သူတို့ကျေနပ်သောအဖြေကို ရရှိပြီးနောက် တခြားဖောက်သည်များလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။ လမ်းဘေးဈေးရောင်းသူများလည်း သူတို့စကားဝိုင်းကို စိတ်ဝင်တစား နားစွင့်နေကြသည်။

ယွမ်ကျိုး၏စားသောက်ဆိုင် ပိတ်လိုက်ပြီးနောက် သူတို့ဖောက်သည် သုံးပုံ နှစ်ပုံခန့် ချက်ချင်းလျော့သွားသည်။ ကျန်ရှိသော တစ်ပုံခန့်က စားသောက်ဆိုင်ဖွင့်လား စုံစမ်းရန်သာ ဖြစ်ပြီး သူတို့အစားအသောက်များကို ဝယ်စားမည့် စိတ်ကူး မရှိကြပေ။ ထို့ကြောင့် လွန်ခဲ့သော ငါးရက်ခန့်က သူတို့စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့သည်။

ယွမ်ကျိုး စားသောက်ဆိုင် ပြန်ဖွင့်ရန်သာ မျှော်လင့်နေကြသည်။ ထိုမှသာ သူတို့လည်း ဝင်ငွေတိုးလိမ့်မည်။

"သူဌေး၊ ကျွန်မလည်း ပြန်တော့မယ်'' ကျိုးကျာ့က ထွက်သွားရန် ပြင်ဆင်သည်။

"ခဏနေပါဦး၊ မင်းရဲ့တစ်ပတ်စာ လုပ်အားခ ယူသွားဦး'' ယွမ်ကျိုးက အသစ်စက်စက် ၁၀၀တန် ငွေစက္ကူရွက်ကို ထုတ်လိုက်ပြီး သူ့ကို လှမ်းပေးသည်။

"ကျေးဇူးတင်ပါတယ် သူဌေး၊ ငွေလက်ခံဖို့ မသင့်လျော်လောက်ဘူး'' ကျိုးကျာ့က ကျေးဇူးတင်စကားတစ်ခွန်းကို ဦးစွာ ပြောလိုက်သော်လည်း ငွေကို လက်ခံမယူပေ။

"ဒီနေရာကို နေ့တိုင်းလာလား'' ယွမ်ကျိုးက ရုတ်တရက် မေးမြန်းသည်။

"ဟုတ်ကဲ့ မနက်၈နာရီတိုင်း ရှန်မင်နဲ့အတူတူ လာပါတယ်'' ကျိုးကျာ့က ယွမ်ကျိုး၏အထာကို ကောင်းစွာ မသိ၍ ရိုးသားစွာ ပြန်ဖြေသည်။

"သန့်ရှင်းရေးလုပ်ခဲ့လား'' ယွမ်ကျိုးက ဆက်လက် မေးမြန်းသည်။

"ဟုတ်ကဲ့ ဆိုင်ရှေ့မျက်နှာစာက အရမ်းသန့်ရှင်းနေလို့ ဆိုင်နောက်ဖေးလမ်းကိုပဲ သန့်ရှင်းရေး လုပ်ပါတယ်'' ယွမ်ကျိုးက သူတို့အလုပ်တာဝန်ကျေပွန်မှု ရှိ/မရှိ မေးမြန်းနေသည်ဟု တွေးမိ၍ သေချာပြန်ဖြေပေးသည်။

"မင်းက ငါခိုင်းတဲ့အတိုင်း လုပ်ထားလို့ လုပ်အားခယူဖို့ ထိုက်တန်ပါတယ်'' ယွမ်ကျိုးက ငွေကို ကျိုးကျာ့ထံ လှမ်းပေးနေစဥ် ပွင့်လင်းစွာ ပြောသည်။

"ဟုတ်ကဲ့'' ယွမ်ကျိုး၏စကားက အဓိပ္ပါယ် ရှိသည်ဟု ကျိုးကျာ့ ခံစားမိသည်။ ထို့နောက် သူမက တွေးဝေသော အမူအရာဖြင့် ငွေလက်ခံယူလိုက်ပြီး ဆိုင်မှ ထွက်သွားသည်။

ဖောက်သည်အားလုံးထွက်သွားပြီးနောက် ယွမ်ကျိုးက လက်ဆွဲတွန်းလှည်းကို ယူကာ ဆိုင်အပြင် ထွက်လာသည်။

"ဆိုင်ရှင်ရေ မုန်လာဥ ၅ကီလိုဂရမ်လောက် ပေးပါ။ အလုံးလှတာလေးတွေဆိုရင် ပိုအဆင်ပြေမယ်''

ယွမ်ကျိုးက သူ ဝယ်နေကျ အရွက်ဆိုင်သို့ တန်းသွားပြီး မှာယူမည့် ပစ္စည်းများကို ချက်ချင်း ပြောသည်။

"ရတာပေါ့။ အလုံးသန့်တွေကို မင်းအတွက် သိမ်းထားပေးတယ်'' ဆိုင်ရှင်က အဘွားအိုဖြစ်ပြီး သူမက ယွမ်ကျိုးကို မြင်မြင်ချင်း ပြုံးရွှင်ကာ စကားပြောသည်။

"ကျေးဇူးတင်ပါတယ်'' ယွမ်ကျိုးက ခေါင်းညိတ်ကာ ကျေးဇူးတင်သော အမူအရာကို ဖော်ပြသည်။

ထို့နောက် ယွမ်ကျိုးက တွန်းလှည်းကို ဂရုတစိုက် သယ်ဆောင်းရင်း သူ့စားသောက်ဆိုင်သို့ ပြန်လာခဲ့သည်။

သူ့ဆိုင်သို့ ပြန်ရောက်ရောက်ချင်း ပထမဆုံး လုပ်သည့်အလုပ်က အပေါ်ထပ်မှ ထိုင်ခုံကို အောက်ထပ်သို့ ရွှေ့လာခြင်း ဖြစ်သည်။ ထို့နောက် တံခါးပေါက်နားမှာ ထိုင်ပြီး မုန်လာဥကို ပုံဖော်အလှဆင်သည်။ ပန်းတင်သောစင်ကိုလည်း အပြင်ဘက် ထုတ်ထားပြီသား ဖြစ်သည်။

မုန့်လာဥအလုံးကြီးကို လက်မှာ ကိုင်ဆောင်ရင်း ဝူဟိုင်း သင်ထားပေးသည့်အတိုင်း အကောင်းဆုံး အလှဆင်ရန် တွေးတောသည်။ ထို့နောက် အခွံကို ဓားဖြင့် ဖယ်ထုတ်ပြီး ပန်းပွင့်ပုံ ထုဆစ်သည်။

ထိုစဥ် ကိတ်မုန့်ဆိုင်မှမန်မန် ရောက်ချလာသည်။

"သူဌေးယွမ်၊ ကျွန်မကို ကူညီပါဦး'' မန်မန်က စိုးရိမ်တကြီး ပြောသည်။

သို့သော်လည်း ယွမ်ကျိုးက တုံ့ပြန်မှု မရှိပေ။

"သူဌေးယွမ်၊ ကျွန်မက ရှင့်အကူအညီကို တကယ်လိုအပ်တယ်။ ကူညီပါနော်'' မန်မန်က ဇွဲမလျော့ပေ။

"ခဏနေပါဦး'' ဤတစ်ကြိမ်တွင် ယွမ်ကျိုး ပြန်ပြောသည်။

"ပုံဖော်တာက ခဏလေးနဲ့ ပြီးပါ့မလား။ ရှင့်အကူအညီကို အရေးတကြီး လိုအပ်လို့ပါဟာ'' မန်မန်က ဗျာပါဒများနေသည်။

သို့သော်လည်း ယွမ်ကျိုးက သူ့အလုပ်သူ ဆက်လုပ်နေသည်။

"ဒါက ကျင်းယောင်လောပန်း မလား။ ပွင့်ချပ် အခု ၈၈၀တောင် ပါတယ်။ ဒါကို ပုံဖော်ရင် အချိန်တော်တော်ကြာမှာပဲ'' မန်မန်က ထိုစကားကို မပြောခင် ခေါင်းငုံ့ပြီး ယွမ်ကျိုး၏လက်ကို ကြည့်သည်။

"တိတ်တိတ်နေစမ်းပါ'' ယွမ်ကျိုးက ခေါင်းမော့ကာ မန်မန်၏မျက်နှာကို ကြည့်လိုက်ပြီး သူ့အလုပ်သူ ဆက်လုပ်သည်။

"ဟေ့'' မန်မန်က လက်မလျော့ပေ။

ငါးမိနစ်ပင်မကြာလိုက် ယွမ်ကျိုးက အသက်ခပ်ပြင်းပြင်းရှုလိုက်ပြီး မုန့်လာဥကို အောက်ချကာ

"ဘာဖြစ်ချင်တာလဲ''

"ချစ်လှစွာသော သူဌေးယွမ် ကျွန်မ မှာထားတဲ့ဂျုံရောက်လာပြီး အရည်အသွေး ကောင်း မကောင်း စစ်ဆေးပေးပါဦး။ စကားပြန်ပြောဖို့ အရမ်းကြာနေမယ်လို့ မထင်ခဲ့ဘူး''

မန်မန် အနည်းငယ် ဒေါသထွက်မိသည်။ ပုံမှန်ဆိုလျှင် သူမကို စကားချက်ချင်း ပြန်ပြောလေ့ရှိသူက အရေးကြီးသော အချိန်မျိုးမှ သူမကို စကားပြန်မပြောခဲ့ပေ။

"ငါ ပုံဖော်အလှဆင်နေတဲ့အချိန် ငါ့ကို လာမနှောင့်ယှက်နဲ့''

"ဟင်းချက်ရင်လည်း လာမနှောင့်ယှက်နဲ့ အခုလည်း တစ်မျိုးပြောပြန်ပြီ။ ရှင့်မှာ ကိုယ်ပိုင်အားလပ်ချိန်ရော ရှိသေးရဲ့လား'' မန်မန်က ခပ်မာမာလေသံဖြင့် ပြောသည်။

"မရှိဘူး။ တစ်ခါတရံတောင် မရှိဘူး'' ယွမ်ကျိုးက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

"အိုကေ ကောင်းပြီလေ။ ဒါဆိုရင် အခုရော ကူညီလို့ရပြီလား'' မန်မန်က သက်ပြင်းချလိုက်သည်။ ထို့နောက် ယွမ်ကျိုးက မတ်တတ်ရပ်လိုက်သည်။

အပိုင်း(၂၄၆)

ပြီးပါပြီ။

All Chapters