← Chapters

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အပိုင်း(၂၄၇)

ယွမ်ကျိုးက မန်မန်နှင့် ဘေးချင်းယှဥ် လမ်းလျှောက်လာသည်။

"ဒီတစ်ခေါက် ဘာပစ္စည်းလဲ'' ယွမ်ကျိုးက စေ့စပ်စွာ မေးမြန်းသည်။

"ဂျုံမှုန့် နဲ့ သကြားဖြူပါပဲ။ အနှောင့်အယှက် ပေးမိလို့ အားနာမိပါတယ် သံလိုက်အိမ်မြှောင်ကြီးရယ်'' မန်မန်က ချစ်စရာကောင်းသော ကောင်မလေး ဖြစ်သည်။ ပြုံးလိုက်လျှင် ပိုချစ်စရာကောင်းသည်။

"ဆိုင်ပြောင်းဝယ်ရဲ့လား'' ယွမ်ကျိုးက မျက်မှောင်ကြုတ်ကာ မေးမြန်းသည်။

"ဟုတ်တယ်။ ဂျုံမှုန့်က သိပ်အဆင်မပြေဘူးလို့ အရင်တစ်ခါတုန်းက ပြောခဲ့ဖူးပါတယ်။ မှိုတက်ပြီး မွဲခြောက်ခြောက်ဖြစ်နေတယ်ဆိုလို့ ထပ်မသုံးရဲတော့ဘူးလေ'' မန်မန်က အကြောက်တရား စိုးမိုးနေသည့်တိုင် သွက်သွက်လက်လက် ပြန်ပြောသည်။

မန်မန်က သူတို့ချင်း ခင်မင်ရင်နှီးမှုကြောင့် ယွမ်ကျိုးကို ကိတ်မုန့်လက်ဆောင်ပေးသည်။ ယွမ်ကျိုး ဘူးကို ဖွင့်ဖွင့်ခြင်းပင် နှာခေါင်းရှုံ့ပြီး သူမကို ဒဲ့ပြောသည်။

"မှိုတက်နေတဲ့ဂျုံကို သုံးထားတဲ့ ကိတ်မုန့်မျိုး လက်ဆောင်ပေးရလား''

အသုံးပြုထားသောပစ္စည်းက ပြဿနာဖြစ်ကြောင်း ယွမ်ကျိုးကို နားလည်အောင် ရှင်းပြရန် နာရီဝက်ခန့် အချိန်ကုန်ခဲ့သည်။ မန်မန်က စီးပွားရေးလုပ်နေကျ အတွေ့အကြုံဖြင့် ဂျုံရောင်းချသူထံ ပစ္စည်းပြန်ပို့ပေးခဲ့သည်။ ယွမ်ကျိုး၏အာရုံငါးပါးက သာမန်ထက် ကောင်းမွန်၍ ယွမ်ကျိုးကို လာရှာခြင်း ဖြစ်သည်။

တကယ်တမ်း ယွမ်ကျိုးကလည်း သူမ၏တောင်းဆိုမှုကို လက်ခံခဲ့သည်။ ယခုလို အသေးအမွှားကိစ္စမျိုးက သူ အလုပ်မရှုပ်နေလျှင် လက်ခံနိုင်ဖွယ် ကိစ္စရပ်ဖြစ်သည်။

သို့သော်ငြားလည်း ယခုဂျုံရောင်းသူက ရိုးသားမှု မရှိပေ။ ယွမ်ကျိုး အကဲခတ်ကြည့်လိုက်သောအခါ နှစ်ချို့ဂျုံမှုန့် နှင့် ဂျုံသန့်ကို ရောနှောထားသည်။

"ဒီဂျုံမှုန့်ကို အရည်သွေးနိမ့်တာတွေနဲ့ ရောထားတယ်။ မင်းဘာသာမင်းပဲ ဖြေရှင်းလိုက်တော့'' ယွမ်ကျိုးက မန်မန်ဘေးနား လမ်းပြန်လျှောက်လာပြီး တည်ငြိမ်စွာ ပြောသည်။

"ဒေါကန်လိုက်တာ မှောင်ခိုသမားတွေနဲ ထပ်ကြုံပြန်ပြီ။ ဂျုံအသစ်လို့ လိမ်ပြောရဲသေးတယ်'' မန်မန်က အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ရန်ဖြစ်ရန် အသင့်ပြင်ဆင်နေသည်။

"စိတ်ငြိမ်ငြိမ်ထားပါ'' ယွမ်ကျိုးက သူမ၏အင်္ကျီကော်လံကို ဆုပ်ကိုင်လိုက်ပြီး သူမကို ဟန့်တားရန် ကြိုးစားသည်။

"ငါ့ကို လွှတ်ပေးလိုက်ရင် ပိုကောင်းမယ်။ မဟုတ်ရင် နင့်လျှို့ဝှက်ချက်ကို ထုတ်ပြောပစ်လိုက်မယ် ဘာမှတ်နေလဲ'' မန်မန်က ကျေးဇူးမသိတတ်သည့်အပြင် ယွမ်ကျိုးကို ခြိမ်းခြောက်လိုက်သေးသည်။

"ကောင်းပြီလေ။ မင်းလုပ်ချင်ရာသာ လုပ်လိုက်တော့'' ယွမ်ကျိုးက သူ့ကို လွှတ်ပေးလိုက်သည်။

ထို့နောက် သူမကို တကယ် လျစ်လျူရှုလိုက်ပြီး စိန်ပြေနပြေ လှည့်ထွက်လာခဲ့သည်။

ပစ္စည်းပြန်ပို့ပေးပြီး ဂျုံမှုန့်အသစ် ပြန်လဲလှယ်လိုက်လျှင် ပြီးသွားမည့် ကိစ္စဖြစ်၍ ယွမ်ကျိုး ဝင်ရောက် စွက်ဖက်ရန် မသင့်လျော်ပေ။

"၁၀ နာရီ ၁၀မိနစ်၊ စွပ်ပြုတ်လေးစီ သွားလည်ရန် အချိန်ကောင်းပဲ'' ယွမ်ကျိုးက နာရီကြည့်လိုက်ပြီး စွပ်ပြုတ်အိမ်သို့ ထွက်လာခဲ့သည်။

စွပ်ပြုတ်က ပစ္စည်းဟောင်းများ စွန့်ပစ်ရာ နေရာဘေးတွင် နေလေ့ရှိသည်။ ခြင်းတောင်းစုတ် နှင့် အဝတ်စုတ်လေးများ ရှိ၍ သူ့ခွေးအိမ်က ကြည့်ရမဆိုးပေ။

ထို့အပြင် ခွေးလေးက အလွန်သန့်ရှင်းသပ်ရပ်၍ မိန်းမငယ်လေးများက သဘောကျသည်။ ထို့ကြောင့် ခွေးလေးက အစားအသောက် နှင့် အဝတ်အထည်အတွက် စိုးရိမ်စရာ မလိုအပ်ချေ။

သို့သော်လည်း ဤတစ်ကြိမ်တွင် နည်းနည်းခြားနားသည်။ ယွမ်ကျိုးက ခွေးလေးအိမ်နား ရောက်ရောက်ချင်း ခွေးလေးစွပ်ပြုတ်က အမှိုက်ပုံ ခပ်လှမ်းလှမ်းမှာ အိပ်နေပြီး လမ်းပိတ်ထားသည်။

"ဝိုး၊ မင်းက ဒီနေရာ ဘယ်လိုရောက်နေတာလဲ'' ယွမ်ကျိုးက တအံ့တဩ ပြောသည်။

စွပ်ပြုတ်က သူ့ကို လျစ်လျူရှုထားသည်။ ချစ်စဖွယ်ကောင်မလေးများ၏အရှေ့မှာ ပြုလုပ်လေ့ရှိသော အပြုအမူနှင့် ခြားနားသည်။

စွပ်ပြုတ်၏အိမ်နားမှာ အမှိုက်ပုံးနားမှာ အမှိုက်ပုံး နောက်တစ်လုံးရောက်နေ၍ အိမ်ကို ပိတ်ထားသည်။

"သနားစရာ ခွေးလေး။ မင်းအိမ်ကို တခြားသူက နေရာအတင်းယူထားတယ်'' ခွေးလေးစွပ်ပြုတ်ကို ကြည့်ရင်း ယွမ်ကျိုးက မကျေမနပ်လေသံဖြင့် ပြောဆိုသည်။

ဤတစ်ကြိမ်တွင် စွပ်ပြုတ်က ဝုတ်ဝုတ်ဟူသော အသံဖြင့် သူ့ကို တုံ့ပြန်သည်။ သို့သော်လည်း ယွမ်ကျိုးက ခွေးဘာသာစကားကို နားမလည်၍ ခွေးဟောင်နေသည်ဟုသာ သတ်မှတ်လိုက်သည်။

ထားလိုက်ပါတော့။ အခုကစပြီးတော့ ငါ့အိမ်နောက်ဘေးတံခါးမှာ မင်း နေနိုင်တယ်''

အရက်ဆိုင် နောက်ဘက်တံခါးက အမြဲပိတ်ထားပြီး ဆင်ဝင်က နေရာအလွန်ကျယ်ဝန်စ၍ ခွေးလေးစွပ်ပြုတ်ကို ထားလည်း ပြဿနာ မရှိပေ။

ခဏတွေးကြံပြီးနောက် ယွမ်ကျိုးက ခွေးအိမ်ကို ကောက်ယူပြီး သူ့နောက်ဘေးတံခါးနား လမ်းလျှောက်သွားသည်။ ခွေးလေးစွပ်ပြုတ်က သူ့နောက် အေးဆေးလိုက်လာသည်။

အရက်ဆိုင်၏ နောက်တံခါးစီ ခဏလေးအတွင်း ရောက်သွားသည်။ ယခင်ပိုင်ရှင်ဟောင်းက ရှေးဟောင်းဒီဇိုင်း အလှဆင်ထား၍ ဘေးဘက်နား ကျယ်ဝန်းသည်။ ခွေးလေးစွပ်ပြုတ်က အကောင်လေး၍ နေရာလပ်က ခွေးလေးအတွက် လုံလောက်မှု ရှိသည်။

ယွမ်ကျိုးက ခွေးအိမ်ကို အောက််ချလိုက်စဥ် သူ့လက်အသား ပဲ့ထွက်သွားသည်။ ဒဏ်ရာမှ သွေးများ စီးကျနေသည်။

"ခရီးကပြန်ရောက်တဲ့ ပထမဆုံးရက်မှာတင် ငါက အနီရောင်ကို မြင်ရတယ်။ ငါ့ကို အကောင်းအဆိုး နိမိတ်ပြနေပုံပဲ'' ယွမ်ကျိုးက ဒဏ်ရာကို ငေးကြည့်ရင်း သူ့အမေ ပြောခဲ့ဖူးသော စကားကို ပြနိအမှတ်ရပြီး သူ့ကိုယ်သူ ကြားရုံမျှ တီတိုးပြောသည်။

"ပတ်ဝန်းကျင် အသစ်မှာ နေတတ်အောင် မင်းဘာသာမင်းပဲ ကြိုးစားတော့။ ငါ အိမ်ပြန်ဖို့သင့်ပြီ'' ယွမ်ကျိုးက သွေးအဆက်အပြတ် ကျဆင်းနေသော လက်ကိုဖိရင်း ခွေးလေးစွပ်ပြုတ်ကို ပြောသည်။

သို့သော်လည်း ခွေးလေးစွပ်ပြုတ်က ခပ်တန်းတန်း အမူအရာဖြင့်

မြေကြီးပေါ်မှာ လှဲလျောင်းပြီး အိပ်စက်သည်။

ဒဏ်ရာကို ဆေးထည့်လိုက်ပြီးနောက် ချက်ချင်းသွေးတိတ်သွားသည်။

"ဓားသုံးပြီး အရွက်တွေ နေ့တိုင်း လှီးဖြတ်နေတာတောင် ဘာမှမဖြစ်ခဲ့ဖူးဘူး။ အခုတော့ အံ့ဩဘ ခွေးအိမ်လေး သယ်လိုက်မိတာ လက်ရှသွားရတယ်လို့'' ယွမ်ကျိုးက သူ့လက်ဒဏ်ရာကို ငေးကြည့်ပြီး တအံ့တဩ ဖြစ်နေသည်။

"စနစ်၊ ငါ့လက် ရေထိရင် သွေးမထွက်တဲ့ နည်းလမ်းရှိလား'' ဆိုင်ဖွင့်ရမည့် အကြောင်းကို တွေးမိ၍ ယွမ်ကျိုးက ကူကယ်ရာမဲ့ အမူအရာဖြင့် စနစ်နှင့် ညှိနှိုင်းသည်။

စနစ်က တုံ့ပြန်မှု မရှိခဲ့ပေ။

"ပိုထူးချွန်သော ကျွမ်းကျင်စားဖိုမှူးဖြစ်ဖို့ ဟင်းလျာတွေ မသန့်မပြန့်ဖြစ်သွားမယ်'' ယွမ်ကျိုးက ပွင့်လင်းစွာပြောသည်။

သို့သော်လည်း စနစ်က ယွမ်ကျိုး၏ဖြေရှင်းချက်ကို လက်ခံရန် ငြင်းပယ်ပြီး တုံ့ပြန်မှု မရှိခဲ့ပေ။

ထိုမှသာ ယွမ်ကျိုးက လက်လျှော့လိုက်သည်။ စနစ်မှထောက်ပံထားသော တွင်းရေဖြင့် လက်ကို သန့်စင်သည်။ ဒဏ်ရာသွေးတိတ်သွားမှ ယွမ်ကျိုးက အိမ်အပေါ်ထပ်သို့ တက်သွားသည်။ ရေမိုးချိုးပြီးမှ

နေ့လည်ခင်း ဆိုင်ဖွင့်ရန် ရည်ရွယ်ထားသည်။

အိမ်ခေါင်မိုးပေါက်နေ၍ မိုးရေစက်များက တစ်စက်ချင်း ကျဆင်းရာမှ အိမ်ထဲ ရေရွဲနေသည်။ ထို့အပြင် ရေချိုးခန်းရေလမ်းပါ ပိတ်နေ၍ ရေများက ခြေမျက်စိထိ ရောက်နေသည်။

ရေများကို ခပ်ထုတ်ပြီး အိမ်သန့်ရှင်းရေး လုပ်ဆောင်ရန် သိပ်မကြာခဲ့ပေ။

သူ့အိမ်နားမှာ ကပ်ထားသော ကြော်ငြာစာရွက်မှ တဆင့် ပြုပြင်ရေးဝန်ဆောင်မှုကို ဖုန်းဆက်လိုက်သည်။

"ဟယ်လို ၊ ကျုပ်တို့က ရေမြောင်း သန့်ရှင်းရေး ဝန်ဆောင်မှုကပါ'' သက်လတ်ပိုင်း အမျိုးသမီးက ဖုန်းပြန်ဖြေသည်။

အသံကြောင့် ယွမ်ကျိုး ခဏ ဆွံ့အသွားသည်။ ထို့နောက် သူ စကားပြောသည်။

"ငါ့ရေချိုးခန်း ရေထွက်ပေါက်ပိတ်နေလို့ပါ။ ပြင်ဆင်ပေးလို့ရမလား''

အမျိုးသမီး၏ပွင့်လင်းသောအဖြေကြောင့် ယွမ်ကျိုးက ဒဲ့ပြောလိုက်သည်။

"ရပါတယ်။ လိပ်စာပေးပါ။ အတွင်းမှာ ဖြစ်တာလား''

တစ်ဖက်မှလူက အလိုက်သင့် ပြန်ပြောသည်။

"အတွင်းပိုင်းမှာ ဖြစ်တာလား ဘာလား အတိအကျ မသိပါဘူး။ အရင်က အဆင်ပြေတယ် အခုမှ ပိတ်နေတာပဲ'' ယွမ်ကျိုးက ပြဿနာကို အသေးစိတ်ရှင်းပြသည်။

စနစ်က ရေမြောင်းပြဿနာကို ဖြေရှင်းပေးလိမ့်မည် မဟုတ်ပေ။ ဟင်းချက်စွမ်းရည်နှင့် မသက်ဆိုင်လျှင် ယွမ်ကျိုး အသုံးပြုနေသော အိမ်ဖြစ်သည့်တိုင် ဂရုမစိုက်တတ်ပေ။

ယွမ်ကျိုးက ပြဿနာ၏အဖြေကို ရှာနေစဥ် ဝူကျိုးက သူ့ကောင်မလေးနှင့်အတူတူ ယွမ်ကျိုး၏ဆိုင်မှာ ပုစွန်စားရင်း ချိန်းတွေ့ရန် ပြင်ဆင်နေသည်။ ချစ်သူ၏ဂရုတစိုက်အပြုအမူကြောင့် ကျွမ်းရှင်မူက ချက်ချင်း သဘောတူသည်။

အပိုင်း(၂၄၇)

ပြီးပါပြီ။

အပိုင်း(၂၄၈)

နေ့လည်ချိန်တွင် ပထမဆုံးရောက်သူက အမြဲတမ်းလိုလို ကျိုးကျာ့ပင် ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူမက စားသောက်ဆိုင်ထဲသို့ ရောက်သည်နှင့် လုပ်စရာရှိသည့် အလုပ်များကို လုပ်လေ့ရှိသည်။ သို့သော်ငြားလည်း ယနေ့တွင် ယွမ်ကျိုးက သူမ လုပ်မည့်အလုပ်ကို ဟန့်တားသည်။

“ကျိုးကျာ့ မီနူးမှာ ဒါတွေကပ်ထားလိုက်” ယွမ်ကျိုးက A4မှ ဖြတ်ထားသည့် စာရွက်အပိုင်းအစကို ထုတ်လိုက်သည်။

“ဘယ်နားလဲ” ကျိုးကျာ့က အသေးစိတ် မေးမြန်းသည်။

“အဲဒီနားလေး။ သေချာကပ်ထားပေးနော်” ယွမ်ကျိုးက ညာဘက်နေရာသို့ ညွှန်ပြသည်။

“ကောင်းပြီလေ။ ဒါဆိုရင် ဒီဟင်းလျာတွေ မရောင်းနိုင်သေးတဲ့ သဘောပေါ့ ဟုတ်လား။ ဘယ်အချိန်မှ ပြန်ရောင်းမှာလဲ” မီနူးကို ညွှန်ပြရင်း ကျိုးကျာ့က မေးမြန်းသည်။

စာရွက်အပိုင်းတိုတွင် ယာယီ မရနိုင်သေးပါဟူသော စကားများသာ ရှိသည်။

“ဒီနေ့က စရေတွက်ရင် ၂ရက်ကြာမှ ပြန်ရောင်းမယ်” ယွမ်ကျိုးက သူ့လက်ချောင်းလေးပေါ်မှ ဒဏ်ရာကိုကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။

“အွန်း။ ကျွန်မ နားလည်ပြီ” ကျိုးကျာ့က သူမ သိသည့်အထာဖြင့် ခေါင်းညိတ်လိုက်သည်။

“အွန်း။ ဒါဆိုရင် ရပြီ” ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်ကို ရှင်းလင်းပြီး နေ့လယ်ခင်း ဆိုင်ဖွင့်ရန် ပြင်ဆင်သည်။

“ကျိုးကျိုး။ သူဌေးယွမ်ရဲ့စားသောက်ဆိုင်က ရှာလကာရည် အရမ်းအရသာရှိတယ်လို့ နင်ပြောခဲ့တယ်မလား” ကျန်းရှင်းမူက အဖြူရောင်ရှပ်ကို စကတ်တိုကို တွဲဖက်ဝတ်ဆင်ထားသည်မှာ လှပပြီး ချစ်စဖွယ်ကောင်းသည်။

ဝူကျိုးက သူ့ကောင်မလေး၏အလှအပမှာ နစ်မြောနေ၍ သူမ၏မေးခွန်းကို လုံးဝ အာရုံမစိုက်နိုင်ပေ။

“ဝူကျိုး” ဝူကျိုးက သူမကို ကြောင်တောင်တောင် ငေးကြည့်နေ၍ ကျန်းရှင်းမူက ဝူကျိုး၏နားရွက်ကို မကျေမနပ် လိမ်ဆွဲသည်။

“အမ်။ ဟုတ်တယ်လေ။ အရမ်းအရသာရှိတယ်။ လူအိုကြီးကတော့ အဲဒီရှာလကာရည်ကို ကောင်းကင်ဘုံရှာလကာရည်လို့ ပြောတာပဲ” ဝူကျိုးက လျင်မြန်စွာ တုံ့ပြန်ပြီး ဖြေရှင်းချက်ပေးရန် ချက်ချင်းစတင်သည်။

“ကောင်းကင်ဘုံရှာလကာရည် ဟုတ်လား။ အရင်က ကြားဖူးတယ်။ ဘယ်လိုအရောင်အဆင်းရှိလဲ” သူမက ယွမ်ကျိုး၏စားသောက်ဆိုင်သို့ မကြာခဏ ရောက်ခဲ့ဖူးသော်လည်း ဖက်ထုပ်ကို ရှာလကာရည်နှင့် တွဲဖက်စားလေ့ မရှိခဲ့ပေ။

“သွားကြမယ်။ ကောင်းကင်ဘုံရှာလကာရည်နဲ့ ဖီးနစ်အမြှီးပုစွန်ဟင်းပွဲ မှာလို့ရတာပဲ။ ဒီလို တွဲဖက်စားရင် သေချာပေါက် အရသာရှိမှာပဲ” ဝူကျိုးက အားကြိုးမာန်တက် ပြောသည်။

“ကောင်းပြီလေ။ ရှင့်ဆုံးဖြတ်ချက်အတိုင်း လုပ်တာပေါ့” သူ့ကောင်လေးက အရာအားလုံး ကြိုတင်ပြင်ဆင်ပေးထား၍ ကျန်းရှင်းမူက လွယ်လင့်တကူ သဘောတူလိုက်သည်။

သူတို့နှစ်ဦးက ယွမ်ကျိုး၏စားသောက်ဆိုင်သို့ ခပ်မြန်မြန် လမ်းလျှောက်သွားသည်။ သူ့ကောင်မလေးအတွက် ဝူကျိုးက တစ်နာရီ ခွင့်ယူထားသည်။ ထိုမှသာ နေ့လယ်ခင်းဆိုင်ဖွင့်ချိန်အတွက် အစောဆုံး ရောက်ရှိလိမ့်မယ်။

“လာလေ။ ဆိုင်ထဲမှာ ဘယ်သူမှ မရှိသေးဘူး။ ဆိုင်ထဲ မြန်မြန်ဝင်ကြမယ်” ဝူကျိုးက ကျန်းရှင်းမူ၏လက်ကို ဆုပ်ကိုင်ကာ ယွမ်ကျိုး၏စားသောက်ဆိုင်ထဲသို့ ခပ်သွက်သွက် လမ်းလျှောက်လာသည်။

“ကောင်းတာပေါ့။ ကျွန်မတို့တွေက ပထမဆုံးပဲ” ကျန်းရှင်းမူက ထိုင်ခုံမှာ ထိုင်ရင်း ပျော်ရွှင်စွာ ပင့်သက်ရှိုက်သည်။

“သူဌေး၊ ကောင်းကင်ဘုံရှာလကာရည်နဲ့ ဖီးနစ်အမြှီးပုစွန်ဟင်းပွဲ ပေးပါ” ယွမ်ကျိုးက ဝမ်းသားအားရ ပြောသည်။

ဖီးနစ်အမြှီးပုစွန်ဟင်းပွဲ တစ်ပွဲ၏တန်ကြေားက ၁၂၂၈ယွမ်ဖြစ်သည်။ ဝူကျိုး နှင့် ကျန်းရှင်းမူတို့က ဈေးကြီးသော ဟင်းပွဲကို ပထမဆုံးအကြိမ် မှာယူခြင်း ဖြစ်သည်။ တခြားဟင်းလျာများကို မြည်းစမ်းချင်သည့်တိုင် ကျင်းလင်းမြက် နှင့် ထမင်းကြော်ကိုသာ အမြဲဝယ်စားလေ့ရှိသည်။

“အားနာပါတယ်။ အဲဒီဟင်းပွဲက ဒီနေ့ နဲ့ မနက်ဖြန် မရသေးဘူး” ကျိုးကျာ့က သူတို့အနား ရောက်လာပြီး သူတို့ကို ပျူငှာစွာ နှုတ်ဆက်သည်။

“ဟာ ဘယ်လိုဖြစ်ရတာလဲ” ဝူကျိုးက မယုံကြည်နိုင်သော အမူအရာကို ထုတ်ဖော်သည်။

“ဒီနှစ်ရက်အတွက် အဲဒီဟင်းပွဲကို ဝယ်စားလို့ မရတာ ဘာကြောင့်လဲ” ကျန်းရှင်းမူက ဒဲ့မေးလိုက်သည်။

“မီနူးမှာ ရေးထားပါတယ်” ကျိုးကျာ့ အပြုံးလေးဖြင့် သူတို့နောက်က မီနူးကို ညွှန်ပြသည်။

“သူဌေး၊ သူဌေးယွမ်။ ဒါကို ခင်ဗျားက မနက်ခင်းတုန်းက မရေးထားပါဘူး” ဝူကျိုးက စာရွက်အပိုင်းတိုကို ညွှန်ပြရင်း မကျေမနပ် ပြောသည်။

“အွန်း၊ လက်ဒဏ်ရာ ရသွားလို့ ပုစွန်ဟင်းကို မချက်နိုင်သေးဘူး” ယွမ်ကျိုးက ခေါင်းညိတ်ပြီး ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။

“တကယ်လား” ဝူကျိုး နှင့် ကျန်းရှင်းမူတို့က ဂရုစိုက်သောလေသံဖြင့် တစ်ပြိုင်နက်တည်း မေးမြန်းသည်။

ကျိုးကျာ့ကိုယ်တိုင်ပင် မသိသေးသော အကြောင်းအရာဖြစ်၍ စိုးရိမ်သောအမူအရာကို ထုတ်ဖော်သည်။

“ဒီမှာပေါ့။ ဒဏ်ရာက ဟင်းပွဲအလှဆင်ရင် အဆင်မပြေလောက်ဘူး” ယွမ်ကျိုးက သွေးတိတ်နေသောဒဏ်ရာကို ညွှန်ပြသည်။

“အမ်…” ဝူကျိုး တကယ် ဆို့နင့်သွားသည်။

ဒဏ်ရာသေးသေးမွှားမွှားကို ပုံကြီးချဲ့နေသည်။ သို့သော်လည်း ယခင်က မျက်နှာဒဏ်ရာ ရသောဖြစ်ရပ်ကြောင့် ရက်ပေါင်းများစွာ ဆိုင်ပိတ်ခဲ့ဖူးသည့် အဖြစ်အပျက်ကို ပြန်လည်မြင်ယောင်မိသည်။

“သူဌေး၊ အရင်တုန်းကလို အနားမယူတော့ဘူးမလား” သူဌေးယွမ် ဆိုင်ပိတ်ခဲ့သည့် အကြောင်းကို တွေးမိ၍ ကျန်းရှင်းမူ ချက်ချင်း ခံစားချက်မကောင်း ဖြစ်သွားသည်။

“နိုး၊ မပိတ်ဘူး” ယွမ်ကျိုး၏အဖြေက အမြဲတမ်း ရှင်းလင်းပြီး ရိုးရှင်းသည်။

“ကောင်းတာပေါ့” ထိုမှသာ ဝူကျိုး နှင့် ကျန်းရှင်းမူတို့ စိတ်အေးရသည်။

ယွမ်ကျိုး၏စားသောက်ဆိုင်ဖွင့်လျှင်ပင် ဆိုင်နားက ဖြတ်သွားရုံဖြင့် ကျေနပ်သော ခံစားချက်ရသည်။ ဝယ်မစားသည့်တိုင် ဆိုင်မှ လွင့်လာသော ဟင်းရနံ့ကြောင့် အရသာရှိသော အစားအသောက်များကို ပြန်လည်မြင်ယောင်မိသည်။ ဤသည်ကားလည်း ပျော်ရွှင်မှုတစ်မျိုး ဖြစ်သည်။

“နေပါဦး။ ဒါက အဓိကအချက် မဟုတ်ဘူးလေ။ ရှာလကာရည်နှင့် ပုစွန်ကို ဒီနေ့ စားခွင့် မရှိတော့ဘူးလား” ဝူကျိုးက အရင်ဆုံး တုံ့ပြန်သည်။

“ခေါက်ဆွဲပြုတ် ဝယ်စားရင်လည်း မဆိုးပါဘူး” ကျန်းရှင်းမူက တွေးတွေးဆဆ ပြောသည်။

“အချစ်လေး၊ မင်းရဲ့ပုစွန်စားချင်တဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်လို့ အရမ်းအားနာမိပါတယ်” ဝူကျိုးက သူ့ကောင်မလေးကို ချစ်မျက်ဝန်းများဖြင့် ငေးမောကြည့်ရင်း ချော့မော့ ပြောဆိုသည်။

သို့သော်လည်း ယွမ်ကျိုး၏အမြင်တွင်မူ ရှင်းပြနေခြင်း မဟုတ်ဘဲ တခြားသူရှေ့မှာ သူတို့အချစ်ရေးကို ကြွားဝါးနေရုံသက်သက် ဖြစ်သည်။

“ခေါက်ဆွဲပြုတ် ၂ပွဲပေးပါ” ဝူကျိုးက ဟင်းပွဲမှာသည်။

“အိုကေ” ယွမ်ကျိုးက လေးနက်စွာ ခေါင်းညိတ်ပြီး ခေါက်ဆွဲပြုတ်ပြင်ဆင်ရန် ထွက်သွားသည်။

“မင်္ဂလာပါ။ ဘာများသုံးဆောင်ချင်ပါသလဲ” ကျိုးကျာ့ မေးမြန်းသည်။

ဝူကျိုးတို့ ဟင်းပွဲမှာနေစဉ် တခြားသော ဖောက်သည်များလည်း ဆိုင်ထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာသည်။ ကျိုးကျာ့က သူတို့ကို ဝမ်းသာအားရ နှုတ်ဆက်စကားပြောသည်။ နှစ်ရက်အတွင်း မရနိုင်သော ဟင်းပွဲများအကြောင်းကိုလည်း ရှင်းပြပေးသည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ သိပ်မကြာခင်မှာပင် ၁၂နာရီ ၃၀မိနစ် အချိန်သို့ ရောက်သွားသည်။ သေသပ်ကျနစွာ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသမီးက က ၂နှစ်အရွယ်ကလေးကို ချီပိုးပြီး အလှည့်ကျော်ကာ ဆိုင်ထဲသို့ ဝင်လာသည်။

“အားနာပါတယ်။ အလှည့်ကျော်လို့ မရပါဘူး” ကျိုးကျာ့က သူမကို ပျူငှာစွာ ပြောသည်။

“ငါက ဒီမှာ မစားပါဘူး။ ရေမြောင်းလာပြင်တာပါ။ ဒီကနေ့ မနက်ခင်းတုန်းက မင်းရဲ့သူဌေး ငါ့ကို ဖုန်းဆက်ထားတယ်” သက်လတ်ပိုင်းအမျိုးသမီးက အကျိုးသင့်အကြောင်းသင့် ပြန်ပြောသည်။

“ဒီဆိုင်ကို လာခဲ့ဖို့ ငါ ခေါ်ထားတာပဲ” ဟင်းပွဲပြင်ဆင်ပြီးနောက် ယွမ်ကျိုးက စကားပြောသည်။

“ဟယ်လို။ ပြင်ရမယ့် ရေဆင်းမြောင်းက အပေါ်ထပ်မှာပါ။ အခုပဲ ပြင်ဆင်ပေးနိုင်မလား” ယွမ်ကျိုးက ခေါင်းလှည့်ကာ ၎င်းအမျိုးသမီးကို မေးမြန်းသည်။

“ရှင့်အတွက် ဒီကနေ့က အဆင်မပြေလောက်ဘူး။ မနက်ဖြန်မှပဲ ထပ်လာခဲ့မယ်”

ဖောက်သည်များပြည့်နေသည့် ပင်မခန်းမဆောင်မှာ မတ်တတ်ရပ်ရင်း သက်လတ်ပိုင်းအမျိုးသမီးက အားတုံ့အားနာ ဖြစ်နေသည်။

“ကိစ္စမရှိဘူး။ ပြဿနာမရှိဘူး။ အပေါ်ထပ် တက်သွားလို့ရပါတယ်” ယွမ်ကျိုးက အဆင်ပြေကြောင်းပြော၍ အပေါ်ထပ်သို့ ညွှန်ပြသည်။

ထို့နောက် ယွမ်ကျိုးက စားပွဲခုံအရှည်ကို ဖယ်ပေးပြီး အမျိုးသမီးကို ဝင်ခွင့်ပြုလိုက်သည်။ သူမက သေတ္တာအကြီးကို သယ်ရင်း ကလေးကိုချီကာ နံရံကို တံတောင်ဖြင့် တွန်းထားသည်။ သူမပုံစံက သပ်သပ်ရပ်ရပ် ရှိသည်။

“ကျိုးကျာ့ မင်းလုပ်စရာရှိတာ ဆက်လုပ်။ အော်ဒါ ဆက်ကောက်နေ” ယွမ်ကျိုးက ကျိုးကျာ့ကို ညွှန်ကြားရင်း အမျိုးသမီးကို အပေါ်ထပ်သို့ ဦးဆောင်ခေါ်သွားသည်။

သူတို့နှစ်ယောက် ဒုတိယလွှာသို့ ရောက်သောအခါ သက်လတ်ပိုင်းအမျိုးသမီးက သူ့ကလေးကို ထားစရာ နေရာမရှိမှန်း သဘောပေါက်သွားသည်။

ခဏတွေးကြံပြီးနောက် လက်တစ်ဖက်ဖြင့် ကလေးကိုချီရင်း ကျန်လက်တစ်ဖက်ဖြင့် သေတ္တာကို ဖွင့်သည်။ ထို့နောက် ကြိုးတစ်ချောင်းကို ထုတ်လိုက်ပြီး ကလေးကို တစ်နေရာရာမှာ ကြိုးချည်ထားရန် ဆုံးဖြတ်လိုက်သည်။ ကလေးက မငိုသည့်အပြင် မျက်လုံးပြူးပြူးလေးဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။

“ကျွန်တော် ချီပေးထားမယ်” အမျိုးသမီးက ကလေးကို ချည်ထားခြင်း မပြီးခင် ယွမ်ကျိုးက တောင်းဆိုလိုက်သည်။

“မဖြစ်ဘူး။ ရှင့်ကို အနှောင့်အယှက်ပေးလို့ မဖြစ်ဘူး” အမျိုးသမီးက ချက်ချင်း ငြင်းပယ်သည်။

သို့သော်ငြားလည်း ယွမ်ကျိုးက ကလေးကို ချက်ချင်း ကောက်ချီလိုက်သည်။ ကြိုးချည်ထားခြင်းထက် ချီပိုးထားခြင်းက ပို၍ သက်သောင့်သက်သာ ဖြစ်သည်။ ထို့ကြောင့် ကလေးက မရုန်းဘဲ ငြိမ်နေသည်။ အမျိုးသမီးက ယွမ်ကျိုးကို ကျေးဇူးတင်ဟန်ကြည့်သည်။

ကိရိယာများကို ယူဆောင်ရင်း ဂရုတစိုက် အလုပ်လုပ်ရန် စတင်သည်။

သူက ကလေးကို ချီပေးထား၍ အောက်ထပ်ဆင်း၍ ဟင်းမချက်နိုင်ပေ။

“ကြန့်ကြာသွားတဲ့အတွက် ဆိုင်ဖွင့်ချိန် တစ်နာရီတိုးပေးပါ့မယ်” ယွမ်ကျိုးက ပျူဌာစွာ ပြောဆိုသည်။

အပိုင်း(၂၄၈)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၂၄၉) စဆုံး

"သူဌေးယွမ်က လူကောင်းတစ်ယောက်လို့ ခံစားမိတယ်"

ပုံမှန်ဖောက်သည်များက ယွမ်ကျိုး၏အကြောင်းကို သိနေကြသည်။ ယွမ်ကျိုးက အပြင်ပန်းပုံစံကိုကြည့်လျှင် အေးတိအေးစက်ပုံစံရှိသော်လည်း စိတ်နှလုံးသားနွေးထွေးသူ ဖြစ်သည်။

"အရင်တစ်ခေါက် မိုးရွာတဲ့နေ့တုန်းကလေ သူဌေးယွမ်က မိုးရေတွေ သုတ်ဖို့ တဘက်လေးတောင် အလကားပေးသေးတယ်"

နေ့လည်စာလာစားသည့် ဖောက်သည်များက မိုးရွာသည့်နေ့က အဖြစ်အပျက်ကို ယခုသည့်တိုင် မှတ်မိနေသေးသည်။

"ဟုတ်တာပေါ့။ ဒါလဲ မှန်တာပဲ။ သူဌေးယွမ်က တကယ့်ကို ကြင်နာတတ်တဲ့သူပါ" ဖောက်သည်များက ဝင်ရောက်ပြောဆိုကြသည်။ ယွမ်ကျိုးက သူတို့ပြောဆိုနေသောအကြောင်းအရာများကို ဝင်ရောက်ပြောဆိုခြင်းမရှိသကဲ့သို့ ဒုတိယအထပ်သို့လည်း သွားခြင်းမရှိခဲ့ပေ။ ဒုတိယထပ်တွင် ရေပိုက်ပြင်နေသောအမျိုးသမီးသည် သူမ၏ အဝတ်အစား၊ ဖိနပ်နှင့် ဦးထုပ်များကို အသစ်လဲလှယ်ပြီးနောက် အောက်ထပ်လို့ ဆင်းလာသည်။ ထိုမှသာ ရေဆိုးပိုက်အနံ့ဆိုးများ သူမခန္ဓာကိုယ်မှာ

မကပ်ငြိမှာဖြစ်သည်။

"ရေဆင်းပေါက်ကို ပလတ်စတစ်အိတ်တစ်လုံး ပိတ်နေလို့ပါ။ အဲ့တာကို ဖယ်ပြီးသွားပြီ"

သက်လက်ပိုင်းအမျိုးသမီးက သူမ၏ကလေးကို ပြန်ယူရင် လက်ကမ်းလိုက်ပြီး ရေလမ်းကြောင်းပိတ်ရသည့်အကြောင်းအရင်းကို ထုတ်ပြောသည်။

"ကောင်းပြီလေ။ မင်းကို အနှောင့်အယှက်ပေးမိလို့ အားနာမိပါတယ်။ ဒါက မင်းနဲ့ ထိုက်သင့်တဲ့လုပ်အားခပါ"

ယွမ်ကျိုးက ညှပ်ကိုထုတ်လိုက်ပြီး ပိုက်ဆံကို ကောက်ယူကာ ကောင်မလေးကို ပေးလိုက်သည်။ ဆိုင်ဖွင့်ချိန်အတောအတွင်း ယွမ်ကျိုးက သူ့လက်ဖြင့် ပိုက်ဆံကို ဘယ်သောအခါမှ မထိတွေ့ပေ။ မည်သို့ပင်ဆိုစေကာမူ ငွေစက္ကူရွက်များတွင် ဘတ်တီးရီးယားအများကြီး ရှိနေနိုင်သည်။

"ကျေးဇူးတင်ပါတယ်"

အမျိုးသမီးက စိတ်အားထက်သန်သောအမူအရာဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။ ထို့နောက် အမျိုးသမီးက ငွေကို လက်ခံယူလိုက်ပြီး အနောက်ဖက်တံခါးမှတစ်ဆင့် စားသောက်ဆိုင်အပြင်ဖက်သို့ လမ်းလျှောက်ထွက်သွားသည်။

"ဂရုစိုက်သွားပါ"

ကလေးချီပြီး အဝေးသို့ လမ်းလျှောက်ထွက်သွားသည့်အမျိုးသမီးကို ငေးကြည့်ပြီး ယွမ်ကျိုးက အနောက်တံခါးကို ပိတ်လိုက်သည်။

ယွမ်ကျိုးက သူ့ကိုယ်သူ သပ်ရပ်အောင် နည်းနည်းပြင်ဆင်ပြီးနောက် စကားပြောသည်။

"အခုပဲ ဟင်းလျာတွေ မှာလို့ ရပါပြီ"

"အားလုံးပဲ ရှင်တို့စားချင်တဲ့အစားအသောက်တွေကို ကျွန်မဆီ မှာပေးကြပါ"

ကျိုကျာက အလိုက်သင့်ပြောဆိုသည်။

"ငါတို့တွေ နေ့လည်စာစားဖို့ စောင့်နေရတာ အရမ်းကို ကြာနေပြီ။ ဒါကြောင့်မို့ ကြက်ဥထမင်းကြော်တစ်ပွဲပေးပါ"

ဖောက်သည်တစ်ယောက်က ဟင်းလျာကို ချက်ချင်း မှာယူသည်။

"သူဌေးယွမ်၊ ခင်ဗျားနောက်ဆိုရင် သေချာဂရုစိုက်သင့်တယ်။ ဒီလိုကိစ္စမျိုး ထပ်မဖြစ်ရင် အကောင်းဆုံးပဲ။ ကျွန်တော့်အတွက် ပူစပ်စပ်ဝက်သားနုပ်နုပ်စင်းတစ်ပွဲပေးပါ"

"သူဌေးယွမ်၊ အဲ့ဒီအမျိုးသမီးကို နောက်ထပ်ခိုင်းရင် ကလေးခေါ်မလာဖို့ ပြောသင့်တယ်နော်။ ဒီလို ကလေးခေါ်လာတာက အလုပ်နှောင့်နှေးစေသလို သူ့ကို ဘယ်သူက အလုပ်ခန့်ချင်တော့မလဲ။ ဒုက္ခရောက်တာပေါ့"

နောက်ဖောက်သည်တစ်ယောက်က သူ့ရဲ့ခံစားချက်ကို ထုတ်ပြောသည်။

"ဟုတ်တယ် သူဌေးယွမ်။ ဒီလိုလူမျိုးတွေကို နောက်ဆို မခေါ်သင့်ဘူး။ ကလေးရှိတဲ့အမျိုးသမီးကို ပိုတောင် မခေါ်သင့်ဘူး။ သူ့ကလေးကိုတောင် ကူထိန်းပေးလိုက်ရသေးတယ်။ တကယ့်ကို အထာမကျဘူးနော်။ ဒီလို ကလေးခေါ်လာတာက သူ့အလုပ်ကို ထိခိုက်စေတယ်နော်။ ဒါက ဒီမိန်းမ မသိတာလား"

ဇီဇာကြောင်‌သောလူတစ်ယောက်က ဝင်ရောက်ပြောဆိုခြင်းဖြစ်သည်။

"ဒီလိုပြောဖို့တော့ မသင့်လျော်ဘူးလေ။ သူ့ကလေးကို ကူထိန်းပေးလို့ရတယ်လေ။ ဒါဆို သူအလုပ်ကို အေးအေးဆေးဆေး လုပ်လို့ရတယ် မဟုတ်ဘူးလား။ ဒီလို လူမဆန်တဲ့စကားမျိုး မပြောသင့်ဘူး"

မန်မန် ဝင်ပြောလိုက်ခြင်း ဖြစ်သည်။

"ဒါပေမယ့် သူ့ကြောင့် ငါတို့ ၁၀မိနစ်လောက် နှောင့်နှေးသွားရပြီ။ နေ့လည်စာက ၁၀မိနစ်လောက် နောက်ကျသွားရတဲ့သဘောလေ။ ဒါကတော့ မမိုက်ဘူး သူဌေးယွမ်"

ပြောရမည်ဆိုလျှင် ယွမ်ကျိုးက ရှင်းပြတတ်သော အပြုအမူများကို မလုပ်ဆောင်သကဲ့သို့ ဖောက်သည်များ၏မေးခွန်းများကိုလည်း အာရုံစိုက်လေ့မရှိပေ။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူ ပြန်ဖြေခဲ့သည်။ ပုံမှန်အတိုင်း ပြန်ဖြေသော်လည်း Maskအောက်မှ သူ့အသံက ဩရှရှဖြစ်သည့်တိုင် ကြည်လင်သည်။

သူ ပြောလိုက်သည်။

"ကျွန်တော်က ဟင်းချက်တတ်ရုံလေးပါပဲ။ ဘာမှထူးခြားတဲ့သူ မဟုတ်ပါဘူး"

"သူဌေးယွမ်၊ ခင်ဗျားရဲ့အလုပ်အကိုင်နဲ့ ရေမြောင်းသန့်ရှင်းတာက လိုက်ဖက်မှု ရှိပါ့မလား။ ခင်ဗျား လုပ်စရာလား"

တစ်စုံတစ်ယောက်က ပြန်ပြောသည်။

"တခြားအလုပ်အကိုင်တွေထက် စားဖိုမှူးအလုပ်က ဘယ်အချိန်တုန်းက အဆင့်အတန်းမြင့်သွားတာလဲ"

ယွမ်ကျိုးက ပြန်မေးသည်။

ယွမ်ကျိုး၏မေးခွန်းကို တခြားသူများအားလုံးက ပြန်မဖြေနိုင်ဘဲ နှုတ်ဆိတ်သွားကြသည်။ ယွမ်ကျိုးက သူတို့ကို အာရုံမစိုက်တော့ဘဲ အိုးထဲတွင်ရှိသော ဟင်းလျာများကို အာရုံ‌စိုက်ရင် အရေးကြီးသည်ဟု ခံယူလိုက်သည်။

နေ့လည်ခင်း ဆိုင်ဖွင့်ချိန်သည် ပြီးဆုံးသွားခဲ့သည်။ ယွမ်ကျိုးအားလပ်သည့် အချိန်သည် ရောက်ရှိလို့လာပါပြီ။ ထိုအချိန်တွင် ယွမ်ကျိုးက ပျားရည်ကို သန့်စင်ရမည့်အချိန်လည်းဖြစ်သည်။ သူစုဆောင်းထားသောပျားရည်သည် သဘာဝပျားရည်ဖြစ်သည့်အတွက်ကြောင့် ခဲနေသည်။ သန့်စင်ပြီးမှသာ အရည်ပျော်သွားပြီး စားသုံးရန် သင့်လျော်သောအနေအထားသို့ ရောက်ရှိသွားသည်။

"စနစ်၊ ငါ့ရဲ့ပျားရည်က ဘယ်လိုလဲ။ အဆင်ပြေရဲ့လား"

ယွမ်ကျိုးက ပျားအုံကို ထုတ်လိုက်ပြီး ကျေနပ်သောအမူအရာဖြင့် စကားပြောသည်။ ဤပျားရည်ကို အကြိမ်ပေါင်းများစွာ ပျားတုပ်ခံခဲ့ပြီးမှ စုဆောင်းနိုင်ခဲ့ခြင်းဖြစ်သည်။

စနစ်က ဖော်ပြသည်။

"အရည်အသွေးပြည့်မီတဲ့ပျားရည်က အဖြူရောင်ပဲ ဖြစ်သင့်တယ်။ ပြီးတော့ သလင်းကျောက်လေးလိုလည်း ကြည်လင်နေရမယ်။ ဒါပေမယ့်လည်း ပျားနို့က ပျားလုပ်သားလေးတွေရဲ့ ကြိုးစားပမ်းစားစုဆောင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ပျားဝတ်ရည်ဖြစ်တဲ့အတွက်ကြောင့် ကောင်းမွန်ပါတယ်။ ဒီအစားအသောက်က ပျားဘုရင်မဖြစ်လာမယ့် သားလောင်းလေးအတွက် အစားအသောက်ဖြစ်သလို တစ်သက်တာအတွက်လည်း ဖူလုံတယ်။ ဝတ်မှုန်တွေက မတူတဲ့အတွက်ကြောင့် ပျားနို့ရဲ့အရောင်က အနည်းငယ်ပြောင်းလဲသွားတယ်။ ပုံမှန်ဆိုရင် နို့နှစ်ရောင်လိုမျိုး နို့နှစ်ရောင်လိုမျိုး အဖြူရောင်နဲ့ အဝါရောင်‌ရောတဲ့ အရောင် ရှိတယ်။ နောက်ပြီး ဒီပျားနို့မှာ သက်ရှည်ကျန်းမာစေတဲ့အာဟာရဓာတ်တွေလည်း အများကြီးပါသေးတယ်"

"ငါက ငါ့ရဲ့ပျားရည်က အခြေအနေဘယ်လိုရှိလဲပဲ သိချင်တာလေ"

အေးစက်စက်အမူအရာကို ဆက်လက်ဟန်မဆောင်နိုင်တော့၍ ယွမ်ကျိုးက ပူ‌ဆွေးသောကရောက်သောအမူအရာဖြင့် ပြောလိုက်သည်။

စနစ်က ဖော်ပြသည်။

"ဆိုင်ရှင် စုဆောင်းလာတဲ့ ဒီပျားရည်တွေက အကောင်းဆုံးပျားရည်မဟုတ်ပေမယ့် အရည်အသွေးတော့ ရှိပါတယ်။ အဆင့်အတန်းတစ်ခုရှိတယ်လို့လည်း ယူဆလို့ရတယ်"

"အခုလိုမျိုး ဝေဖန်ပေးလို့ ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုး နှုတ်ဆိတ်သွားသည်။ ထို့နောက် ပျားရည်ပြုလုပ်ခြင်းလုပ်ငန်းကိုသာ အာရုံ‌စိုက်ရန် ဆုံးဖြတ်လိုက်သည်။

ငယ်ရွယ်ပြီး အရွယ်ရောက်သောပျားများက ဝတ်မှုန်များကို စားသုံးပြီးနောက် စစ်ထုတ်လာသောအာဟာရဖြစ်သည့် ပျားနို့၏အရသာက ချဉ်ပြီး ပူစပ်စပ်အရသာရှိသည်။ အရောင်နှင့် အရသာက အရမ်းဆိုးရွားသည့်အတွက်ကြောင့် ချက်ချင်းအသုံးပြုရန် မသင့်လျော်ချေ။

ပျားနို့ကို အပူချိန်မြင့်မြင့်မားမားပေး၍ သန့်စင်မရချေ။ ထို့ကြောင့် ယွမ်ကျိုးက

ဟင်းလျာအသစ်ကို မစဉ်းစားခင် ပျားရည်သန့်စင်ခြင်းလုပ်ငန်းကို အရင်ဆုံးလုပ်ဆောင်ရန် ရည်ရွယ်ထားသည်။ ယွမ်ကျိုးက မီးမြှိုက်ပြီး သန့်စင်သောနည်းလမ်းကို အသုံးမပြုသည့်အတွက် ပျားရည်ကိုသန့်စင်ရန် တစ်နေ့လုံး အချိန်ယူရသည်။ တစ်နေ့ခင်းလုံးကုန်ဆုံးပြီးနောက် ယွမ်ကျိုး၏စားသောက်ဆိုင်တစ်ခုလုံး ပျားရည်ရနံ့များ ပျံ့နှံ့သွားသည်။

ဟင်းလျာအသစ်ကို မစဉ်းစားခင် ပျားရည်သန့်စင်ခြင်းလုပ်ငန်းကို အရင်ဆုံးလုပ်ဆောင်ရန် ရည်ရွယ်ထားသည်။ ယွမ်ကျိုးက မီးမြှိုက်ပြီး သန့်စင်သောနည်းလမ်းကို အသုံးမပြုသည့်အတွက် ပျားရည်ကို သန့်စင်ရန်အတွက် တစ်နေ့လုံး အချိန်ယူရသည်။ တစ်နေ့ခင်းလုံးကုန်ဆုံးပြီးနောက် ယွမ်ကျိုး၏စားသောက်ဆိုင်တွင် ပျားရည်ရနံ့များ ပျံ့နှံ့သွားသည်။

"သူဌေးလေးယွမ်၊ စားကောင်းသောက်ဖွယ်တွေ ဖန်တီးနေတာလား"

အိမ်နီးနားချင်းသူဌေးထုံက လည်ပင်းကို ဆန့်လိုက်ပြီး စပ်စပ်စုစုမေးမြန်းသည်။

"ပျားရည်ပါ။ ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ သွားစုဆောင်းထားတဲ့ ပျားရည်တွေပါ"

ယွမ်ကျိုးက တံခါးပေါက်နားမှာ ထိုင်နေပြီး ပုံဖော်ထုဆစ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ရန် ပြင်ဆင်နေသည်။ သူဖန်တီးထားသော ကျင်းယောင်ဂန္ဓမာပန်းက ပျောက်ကွယ်သွား၍ အသစ်ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

"ပစ္စည်းကောင်းလေးပါ။ လက်ရှိဈေးကွက်မှာရောင်းနေတဲ့ပျားရည်တွေက အတုတွေများတယ်"

သူဌေးထုံက ချီးမွမ်းစကားပြောသည်။

"အဒေါ်ပြောတာမှန်တယ်။ ဒါပေမယ့် ကျွန်တော်စုဆောင်းလာတဲ့ပျားရည်တွေက အစစ်အမှန်တွေပါ"

ယွမ်ကျိုးက စိတ်အားထက်သန်စွာ ပြန်ပြောသည်။

"ဒါပေါ့ ဒါပေါ့။ မင်းရဲ့ပျားရည်တွေက အစစ်အမှန်တွေပဲ ဖြစ်မှာပါ"

သူဌေးထုံက ခဏမှင်သက်သွားသော်လည်း သံယောင်လိုက်ပြီး ပြန်ပြောသည်။

'ဒီလူငယ်လေးဟာ စကားပြောသိပ်မကောင်းသေးဘူး'

သူဌေးထုံက သူ့စိတ်ထဲ တီးတိုးပြောလိုက်သည်။ သူက ဤရပ်ကွက်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာသည့်အတွက် ယွမ်ကျိုးက တခြားသူတွေနဲ့ စကားပြောဆိုတာ အဆင်မပြေသည့်အကြောင်းကို သိနှင့်နေပြီးသား ဖြစ်သည်။ ယွမ်ကျိုးက တခြားသူများကဲ့သို့ ချိုသာစွာ မပြောဆိုတတ်ပေ။ ယွမ်ကျိုး အသက်အရွယ်တစ်ခု ရောက်လာလေလေ ယခုလိုမျိုး ဘုနှင့်ဘောက်မပြောရန်သာ သူမ မျှော်လင့်မိသည်။

"ဒေါ်လေးထုံ၊ ကျွန်တော် လိုအပ်တာတွေ လုပ်စရာရှိတာတွေ လုပ်လိုက်အုံးမယ်"

ယွမ်ကျိုးက သူရွေးထားသည့်မုန်လာဥကို ကောက်ယူလိုက်ပြီး ပုံဖော်ထုဆစ်ခြင်းလုပ်ငန်းကို စတင်သည်။

"မင်း နေ့တိုင်းနေ့တိုင်း ပန်းပုထုနေတာ၊ မင်း ပုံဖော်ထုဆစ်ထားတဲ့ အလှအပလေးတွေ အများကြီးပဲ။ ဒါပေမယ့် မင်း လုပ်သမျှဟာတွေကို တခြားသူတွေက ယူသွားတယ်။ သူတို့အတွက် ပန်းပုထနေသလိုတောင် ခံစားမိတယ်နော်"

သူဌေးထုံက သူ့ရဲ့ခံစားချက်ကို ထုတ်ပြောသည်။

"ကျွန်တော့်အရည်အချင်းတွေ ပိုတိုးတက်အောင် လေ့ကျင့်နေတာလေ"

ယွမ်ကျိုးက မီးဖိုချောင်သုံးဓားကို အသုံးပြုပြီးတော့ ပန်းပွင့်များကို ပုံဖော်နေခြင်းဖြစ်သည်။ ထိုမှသာ ဓားကိုင်ကျွမ်းလာပြီးတော့ အလုပ်လုပ်ရာတွင် ပို၍တက်ကြွမြန်ဆန်လာလိမ့်မည်။

"ဒါလည်း ဟုတ်တော့ဟုတ်တာပဲ။ ဒါမှလည်း မင်းရဲ့ဟင်းချက်စွမ်းရည် ပိုပြီး တိုးတက်လာမှာပေါ့"

သူဌေးထုံက နားလည်သည့်အမူအရာကို ညွှန်ပြသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် မင်းရဲ့ဖန်တီးထားတဲ့ပစ္စည်းတွေကို သိမ်းထားသင့်တယ်။ ဒါမှမဟုတ်ရင် မြန်မြန်ပျောက်သွားလိမ့်မယ်"

သူဌေးထုံက ယွမ်ကျိုးကို အကြံဉာဏ်ပေးသည်။

"ကျေးဇူးတင်ပါတယ် သူဌေးထုံ။ ဒါပေမယ့် ကျွန်တော့်ရဲ့ဖန်တီးမှုကို သဘောကျတဲ့သဘောပဲလေ"

ယွမ်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။ သူဌေးထုံက ယွမ်ကျိုးကို ဆက်လက်အကြံပေးရန် မသင့်လျော်ကြောင်း သိရှိသွားသည်။ ယွမ်ကျိုးက ပန်းပုထုခြင်းအလုပ်ကိုဖြင့် ပျော်မွေ့နေသည်။ သူလုပ်ရမည့်အလုပ်ကိုသာ ဆက်လက်လုပ်ဆောင်နေသည်။

အပိုင်း(၂၄၉)

ပြီးပါပြီ။

All Chapters