← Chapters

အခန်း (၂၅၀-၂၅၂)

Vol. 17 Ch. 250-252

အခန်း (၂၅၀-၂၅၂)

Vol. 17 Ch. 250-252

ယွမ်ကျိုး အပိုင်း(၂၅၀)

ယွမ်ကျိုးက ဤတစ်ကြိမ်တွင် ရိုးရှင်းသောဖန်တီးမှုတစ်ခုကို ပြုလုပ်နေသည်။ ပျားနို့နှင့် အလိုက်ဖက်ဆုံးဖြစ်သည့် ဟင်းလျာအကြောင်းကို တွေးကြံရန် လိုအပ်သည်။

"စနစ်၊ အချိုပွဲမုန့်တွေအတွက် ဒီပျားနို့ကို သုံးလို့ရလား"

ယွမ်ကျိုးက ပျားနို့အား အချိုပွဲမုန့်များတွင် အသုံးပြုသည့်အချက်ကို သိထားသည်။

စနစ်က ဖော်ပြသည်။

"ပျားနို့က လုပ်သားပျားလေးတွေရဲ့ကြိုးစားအားထုတ်မှုကြောင့် ဖြစ်လာတဲ့ ပန်းဝတ်မှုန်လေးတွေပါ။ အဲ့ဒီပန်းဝတ်မှုန်လေးတွေက ပျားဘုရင်မဖြစ်လာမယ့် သားလောင်းလေးရဲ့တစ်သက်တာအတွက် လုံလောက်တဲ့ အာဟာရပဲ။ အရသာက ချဉ်စပ်ဖန်ခါးအရသာရှိတယ်။ ပြုပြင်လိုက်ရင်တော့ ဖန်တဲ့အရသာကို ဖယ်ရှားလို့ ရပါတယ်"

ဤတစ်ကြိမ်တွင် စနစ်က ဟင်းလျာအကြောင်းကို စာလုံးအကြီးဖြင့် ဖော်ပြပြီး အရသာအကြောင်းကို ထူးကဲစွာ ချီးမွမ်းနေသည်။

တချို့သောစကားလုံးများက လှောင်ပြောင်နေသည်ဟုပင် ယွမ်ကျိုး ခံစားမိသည်။ အချိုပွဲဟင်းလျာတွင် ချိုသောအရသာနှင့် စပ်သောအရသာများ တပြိုင်နက်တည်း ပါဝင်နေသည်။

ထို့အပြင် ချဉ်သောအရသာသည် ပျားဝတ်ရည်မှ ဖြစ်ပေါ်လာသည့် ပျားနို့၏အရသာနှင့် ခြားနားမှုရှိသည်။

"ကောင်းပြီ။ ငါ နားလည်ပြီ"

ယွမ်ကျိုးက ဂျုံအစားအသောက်များကိုသာ ချက်ပြုတ်တတ်သည့် ဟင်းချက်ဆရာကြီးဟူသော အခြေအနေမှ လွတ်မြောက်ချင်သော်လည်း သူရဲ့စိတ်ကူးက ပျက်ပြယ်သွားရသည်။

ခဏကြာပြီးနောက် တရုတ်ကိုယ်စားပြု တိရစ္ဆာန်လေးများကို ပုံဖော်သည့်လုပ်ငန်း ပြီးဆုံးသွားသည်။ ယွမ်ကျိုးရဲ့လျင်မြန်ဖျတ်လတ်သည့် ဖန်တီးမှုကြောင့် တရုတ်သင်္ကေတ တိရစ္ဆာန်(၁၂)ကောင်ကို အောင်မြင်စွာ ပုံဖော်နိုင်ခဲ့သည်။

"ပျားနို့ကို အပူအရမ်းပေးလို့လဲ မရဘူး။ နွေဦးကြက်သွန်နဲ့ ရောစားလို့လည်း မဖြစ်သေးဘူး။ သူ့ကို ရေနွေးခပ်နွေးနွေးလေးနဲ့ သောက်ရင် ပိုကောင်းမယ်။ ဒါမှ သူရဲ့မူလအရသာမပျက်မှာ"

ယွမ်ကျိုးက အစားအသောက်တစ်ခုချင်းစီရဲ့အရသာကို ဂရုတစိုက်တွေးကြံပြီး အလိုက်ဖက်ဆုံးဖြစ်မည့် အတွဲအဖက်ကို စဉ်းစားပြီး အရသာကို ပေါင်းစပ်ကြည့်နေသည်။ ထိုမှသာ အသုံးပြုမည့်ပါဝင်ပစ္စည်းများကို ဦးစွာဆုံးဖြတ်ချနိုင်လိမ့်မည်။

တရုတ်နှစ်ကိုယ်စားပြုဖြစ်သော ဝက်ပုံလေးကို အောင်မြင်စွာ ပုံဖော်ပြီးနောက် ယွမ်ကျိုးက သူသိလိုသောအချက်များကို စနစ်အား စတင်မေးမြန်းသည်။

"စနစ်၊ ဟင်းချက်အရသာကို မြည်းစမ်းဖို့အတွက် တချို့သောပါဝင်ပစ္စည်းတွေကို ရဖို့ လိုအပ်တယ်"

ယွမ်ကျိုးက လေးနက်ခိုင်မာသော လေသံဖြင့် ပြောဆိုလိုက်သည်။

စနစ်က ဖော်ပြသည်။

"ဆိုင်ရှင်၊ ဒီတစ်ခေါက် ပျားရည်သွားစုဆောင်းတာက ပျားရည် ၁၆.၇ ကီလိုဂရမ်ကို စုဆောင်းခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ ပျားနို့က ၁.၁ ကီလိုဂရမ်ပါတယ်။ တခြားပစ္စည်းတွေကလည်း ၂ ကီလိုဂရမ်လောက်ပါတယ်။ သေချာပြုပြင်လိုက်ရင်တော့ ပျားနို့က ၀.၉၇ ကီလိုဂရမ်လောက်တော့ ကျန်နိုင်ပါတယ်"

"ပါဝင်ပစ္စည်းက နည်းလှချည်လား"

ယွမ်ကျိုး နှုတ်ဆိတ်သွားသည်။ မပြောပလောက်သောပမာဏကြောင့် လက်တွေ့အသုံးပြုရန်သာ သင့်‌လျော်သည့်အခြေအနေဖြစ်သည်။ ယွမ်ကျိုးက မေးခွန်းတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။

"ပျားရည်တွေအားလုံး သုံးလို့ကုန်သွားရင် ဘယ်လိုဖြစ်သွားမလဲ စနစ်ရေ"

စနစ်က ဖော်ပြသည်။

"အချိန်အတိုင်းအတာတစ်ခု ရောက်ရင်တော့ ပျားရည်တွေကို ထောက်ပံ့ပေးမှာပါ"

"ဒါက ဘာသဘောလဲ"

ယွမ်ကျိုးရဲ့အမြင်မှာ စနစ်က အစားအသောက်များကို အလိုအလျောက် ချက်ချင်းဖန်တီးပေးမည်ဟု တွေးထားသည်။ စနစ်က အချိန်အတော်ကြာအောင် နှုတ်ဆိတ်ပြီးမှ ယွမ်ကျိုး၏မေးခွန်းကို ပြန်ဖြေလိုက်သည်။

စနစ်က ဖော်ပြသည်။

"ပျားနို့က လုပ်သားပျားတွေရဲ့ ဝတ်ရည်တွေကို ကြိုးစားပမ်းစား စုဆောင်းပြီးမှ ဖြစ်လာတဲ့အစားအသောက်ပါ။ ဒီပျားနို့တွေကို ပျားဘုရင်မဖြစ်လာမယ့် သားလောင်းအတွက် ထောက်ပံ့ပေးရတာပါ။ စုဆောင်းဖို့ဆိုတာ မလွယ်ကူပါဘူး"

"ဒီကိစ္စကို ငါ သိထားပြီးသားလေ။ ဘာလို့ ပျားရည်ကို အကန့်အသတ်မဲ့ မထုတ်ပေးနိုင်ရတဲ့အကြောင်းအရင်းကိုပဲ သိချင်တာလေ"

ယွမ်ကျိုးက စပ်စပ်စုစု မေးမြန်းသည်။

စနစ်က ဖော်ပြသည်။

"ဒါက ပျားတွေရဲ့စိတ်အခြေအနေပေါ် မူတည်ပါတယ်"

"ဟမ်"

စနစ်က အဓိပ္ပာယ်မဲ့သောစကားများကို ပြောနေသည်ဟု ယွမ်ကျိုး ခံစားမိသည်။

"ပျားတွေရဲ့စိတ်ခံစားချက်ပေါ် မူတည်တယ်လား"

ယွမ်ကျိုးက စကားလုံးတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်းမြင်သော်လည်း အဓိပ္ပာယ်ကို နားလည်ရန် ခက်ခဲနေသည်။

စနစ်က ဖော်ပြသည်။

"ဒါက ရှားပါးပစ္စည်းဖြစ်တဲ့အတွက်ကြောင့် အကျိုးရှိရှိ အသုံးချပေးပါ"

"ဟားဟား ဟားဟား။ ရှမ်းရွှေဆန်ကရော ရှားပါးဆန်မဟုတ်ဖူးလား"

ယွမ်ကျိုးက စနစ်ကို လှောင်ပြောင်ချင်သည့်ခံစားချက်ကို ထိန်းချုပ်မရပေ။

"ဒီလိုမျိုး ရှားပါးတဲ့မင်းဘဏ္ဍာဆန်ကလည်း တန်ဖိုးကြီးတယ်မဟုတ်ဖူးလား"

ယွမ်ကျိုးက စနစ်၏အတွေးအခေါ်ကို တကယ်နားမလည်နိုင်ကြောင်း ညွှန်ပြခြင်းဖြစ်သည်။ သို့သော်ငြားလည်း စနစ်က သူ့ကို တုံ့ပြန်မှု မရှိခဲ့ပေ။

"ဒါဆို တစ်ခါထောက်ပံ့တိုင်း ဘယ်လောက်ပေးနိုင်လဲ"

ယွမ်ကျိုးက စပ်စုနေသည်။

စနစ်က ဖော်ပြသည်။

"အခြေအနေအရပဲ"

"စနစ်၊ ခင်ဗျားတို့က ပျားတွေကို မွေးထားတာလား"

ယွမ်ကျိုးက စပ်စပ်စုစု မေးမြန်းလိုက်သည်။ ပျားနို့က ပျားဘုရင်မရဲ့အဓိကအစာဖြစ်သည်။ စနစ်က ပျားနို့ကို ထောက်ပံ့ပေးနိုင်၍ စနစ်တွင် ပျားနို့များစွာ ပိုင်ဆိုင်လိမ့်မည်ဟု မှတ်ယူထားသည်။

စနစ်က ဖော်ပြသည်။

"ဆိုင်ရှင်၊ Levelအဆင့်မြှင့်ဖို့သာ ကြိုးစားပါ"

"ဒါ ကြုံတောင့်ကြုံခဲ အာပေးစကားပဲ"

ယွမ်ကျိုးက စနစ်၏အားပေးစကားကို ချက်ချင်း လျစ်လျူရှုလိုက်ပြီး ပျားနို့ကို မည်သို့အသုံးပြုရမလဲသာ တွေးကြံနေသည်။ ပျားနို့ကို အရွက်ဟင်းတွင် အသုံးပြုသင့်လား၊ အသားဟင်းတွင် အသုံးပြုသင့်လားဆိုသည့်အချက်ကို စမ်းသပ်ကြည့်ရန် လိုအပ်သေးသည်။

တရုတ်နှစ်ဖွားတိရစ္ဆာန်(၁၂)ကောင်ကို အပြီးသတ်ပုံဖော်ပြီးနောက် ယွမ်ကျိုးက စားသောက်ဆိုင်သို့ပြန်သွားပြီး အစားအသောက်များကို စမ်းသပ်ခြင်းလုပ်ငန်းစတင်သည်။ ဟင်းလျာများကို စမ်းသပ်ချိန်တိုင်း ပျားနို့တစ်စက်ကို ရောထည့်လေ့ရှိသော်လည်း အရသာက ပျက်စီးသွားသည်။ ညနေခင်းအလုပ်ဆင်းရန်အတွက် ရှန်းမေရောက်ရှိလာသောအခါ ယွမ်ကျိုးက တွေးဆဆအမူအရာဖြင့် တွေးကြံနေသည်။

"သူဌေး၊ ဖောက်သည်တွေအားလုံး အပေါ်ထပ်ကို ခေါ်သွားရတော့မလား"

ရှန်မင်က ခေါင်းကိုလှည့်လိုက်ပြီး ယွမ်ကျိုးကို မေးမြန်း‌သည်။

"ကောင်းပြီလေ၊ ခေါ်သွားလိုက်။ အပေါ်ထပ်မှာ စားပွဲတွေ ရှိတယ်"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး အရက်ဆိုင်သို့သွားသည့်နံရံကို ဖွင့်ပေးလိုက်သည်။ သို့သော်ငြားလည်း သူကိုယ်တိုင်က မီးဖိုချောင်ထဲမှာသာ ရှိနေသေးသည်။

"သူဌေးယွမ် ဒီနေ့ ဘာဖြစ်နေတာလဲ"

ဝိုင်အရက် မကြာခဏလာသောက်လေ့ရှိသော ဖန်းဟွမ်က စပ်စပ်စုစု မေးမြန်းသည်။

"ငါလဲမသိပါဘူး"

ဤဆိုင်သို့ ပထမဦးဆုံးအကြိမ် ဝိုင်အရက်လာသောက်သည့် ရေဘဝဲနှင့် ကိုဟာလဝါက ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။

"ဟင်းပွဲအသစ်အကြောင်း တွေးနေတာဖြစ်လောက်မယ်"

အရက်ဆိုင်ထဲ ဝင်လာသည့် တခြားအမျိုးသားတစ်ယောက်က လေးနက်စွာ ပြောလိုက်သည်။

"အားလုံးပဲ ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ"

ရှန်မင်က သူတို့၏ခန့်မှန်းချက်ကို နှောင့်ယှက်လိုက်သည်။ ထို့နောက်က လူအုပ်စုကြီးက ခဏတာမျှ တိတ်ဆိတ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် အရက်ဆိုင်ထဲသို့ ဝင်ရောက်ကြသည်။ ယွမ်ကျိုးအရက်ဆိုင်ရဲ့ရှုခင်းက အတော်လေး နှစ်လိုဖွယ်ကောင်းပြီး ဥယျာဉ်ငယ်လေး‌တွင် ပန်းပွင့်များ ဖူးပွင့်နေသည့်အပြင် လေညှင်းလေးများ တိုက်ခတ်သည့်အတွက် မွှေးကြိုင်သည့်ရနံ့များ ထွက်ပေါ်နေသည်။ သို့သော်ငြားလည်း ယွမ်ကျိုးက မီးဖိုချောင်ထဲမှာ ဆက်လက်နေထိုင်နေပြီး ပျားနို့နှင့်လိုက်ဖက်သည့် အစားအသောက်ကို စမ်းသပ်နေသည်။

ညဖက်ရောက်သည့်တိုင်အောင် အရက်ဆိုင်အတွက် စိုးရိမ်ကြောင့်ကြမှု မရှိပေ။ အရက်ဆိုင်သို့လည်း မသွားခဲ့ပေ။ အရက်ဆိုင်က ဝါးအရက်တစ်မျိုးတည်းကိုသာ ရောင်းချသေးသည်။ ဖောက်သည်များက အရက်ပုလင်းများကို ရယူခြင်းမှ လွဲ၍ ရှန်မင် တခြားအလုပ်မရှိပေ။ ထို့ကြောင့် ယွမ်ကျိုး စိတ်အေးရသည်။

နာရီပေါင်းများစွာကြာသည့်တိုင်အောင် ယွမ်ကျိုးက ဟင်းလျာအသစ်နှင့် ပတ်သက်၍ အကြံအစည်အသစ်များ ထွက်မလာချေ။ အရက်ဆိုင်ဖောက်သည်အားလုံး အရက်ဆိုင်ထဲမှ ထွက်ခွာသွားကြသည်။ နောက်ဆုံးတစ်ယောက် ဆိုင်ထဲက‌နေ ထွက်ပြီးမှသာ ရှန်မင်က တံခါးကိုပိတ်လိုက်သည်။ ယွမ်ကျိုးကလည်း သူ့အခန်းသို့ ပြန်သွားသည်။ ထို့နောက် ယွမ်ကျိုးက အခန်းကာလကာကို ဆွဲဖွင့်လိုက်သည်။

တိတ်ဆိတ်သော လမ်းမပေါ်မှာ ရှန်မင်တစ်ယောက်တည်းရှိနေပြီး ဘတ်စ်ကားဆိုက်ရောက်လာသည်။ ယွမ်ကျိုး၏စူးရှသောအမြင်အာရုံဖြင့် ရှန်မင်ကို အလွယ်တကူ မြင်တွေ့နိုင်သည်။ ရှန်မင်က ဘတ်စ်ကားပေါ်သို့တက်သွားမှသာ စိတ်အေးလက်အေးဖြင့် ကာလကာကို ပြန်ပိတ်လိုက်ပြီး ရေမိုးချိုးသန့်စင်ကာ အိပ်စက်အနားယူသည်။ သို့သော်လည်း သူ့ရဲ့စိတ်ထဲ ပျားနို့အကြောင်းသာ တစ်ညလုံး တွေးတောနေမိသည်။ နောက်တစ်နေ့ မနက်စောစော အိပ်ရာမှနိုးထလာသောအခါ သူ ရုတ်တရက် ထအော်လိုက်သည်။

"ဪ ဟုတ်တယ်။ ကျောက်ပွင့်မှိုပဲ"

ယွမ်ကျိုး၏စားသောက်ဆိုင်က အသံစနစ်ကောင်းမွန်၍ တော်သေးသည်။ သို့တည်းမဟုတ်လျှင် သူ့အသံကြောင့် အိမ်နီးချင်းများ လန့်ဖြန့်သွားနိုင်သည်။ ယခုက မနက် ၅နာရီ ၁၀မိနစ် အချိန်သာ ရှိသေး၍ တခြားသူများ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလိမ့်မည်။

မနက်လမ်းလျှောက်မည့်အကြောင်းကို မတွေးခင် ယွမ်ကျိုး ရေမိုးချိုးသန့်စင်ပြီးနောက် 'ဒုန်းဒုန်း' ဟူသောအသံမြည်အောင် ယွမ်ကျိုးက အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။ ဤဖြစ်စဉ်အတွင်း သူက စနစ်ကို မေးမြန်းရန် မမေ့လျော့ခဲ့ချေ။

"ပျားနို့က ကျောက်ပွင့်နဲ့ တကယ်လိုက်ဖက်တယ်။ ကျောက်ပွင့်ကိုပဲ သုံးရမယ်"

သူက သိုင်းပညာရဲ့အနှစ်သာရကို သိရှိနားလည်သွားသကဲ့သို့ ပြုမူနေသည်။

စနစ်က ဖော်ပြသည်။

"လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေကို မျှဝေပေးထားပါတယ်။ ကိုယ့်ဘာသာ ရယူလိုက်ပါ"

ယွမ်ကျိုးက မီးဖိုချောင်ထဲသို့ ဝင်ရောက်သွားပြီး အလျင်အမြန် လှည့်ပတ်ကြည့်ရှုသည်။ ထို့နောက် ကျောက်ပွင့်ဟု မှတ်တမ်းတင်ထားသော အံဆွဲလေးကို တွေ့ရှိသွားသည်။ အံဆွဲလေးကို ဖွင့်ကြည့်လိုက်သောအခါ သစ်သားဘူးလေးထဲတွင် လတ်ဆတ်သောကျောက်ပွင့်များကို ထည့်ထားတာကို တွေ့ရှိရသည်။

"ဒါက လတ်လတ်ဆတ်ဆတ်ကျောက်ပွင့်တွေလား"

ယွမ်ကျိုးက အနည်းငယ် ဒွိဟဖြစ်သွားသည်။

စနစ်က ဖော်ပြသည်။

"လတ်လတ်ဆတ်ဆတ်ကျောက်ပွင့်တွေက အဆိပ်မရှိဘူး။ စိတ်ချလက်ချစားလို့ ရတယ်။ ကျောက်ပွင့်ထဲမှာပါတဲ့ အန္တရာယ်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးထားတယ်"

ယွမ်ကျိုးက စနစ်ကို ယုံကြည်သော်လည်း စနစ်ရဲ့အကျင့်စာရိတ္တက သိပ်မကောင်းချေ။ မကြာခဏ ယွမ်ကျိုးကို လှည့်စားလေ့ရှိပြီး လှည့်စားမှုတိုင်းက ယွမ်ကျိုးကိုသာ ဦးတည်နေသည်။

စနစ်က ဖော်ပြသည်။

"ကျောက်ပွင့်က ရတနာ(၈)ပါးထဲက တစ်မျိုးပဲ"

"ကောင်းပြီလေ"

ထို့နောက် ယွမ်ကျိုးက ဝါးဓားကို ထုတ်ယူလိုက်ပြီး ကျောက်ပွင့်များကို စတင် ဖြတ်ယူသည်။

အပိုင်း(၂၅၀)

ပြီးပါပြီ။

၂၅၁ မှ ၂၅၅

အပိုင်း(၂၅၁)

ယွမ်ကျိုးက မနက်စောစော အိပ်ရာထ၍ လန်းဆန်းတက်ကြွနေသည်။ သူ့လက်ပေါ်က ဒဏ်ရာက နာကျင်မှုကို မခံစားရတော့ပေ။ ကျောက်ပွင့်ကို ကောက်ယူသောလက်က မြန်ဆန်လွန်းပြီး အတွေ့အကြုံရှိသော အလုပ်သမားထက်ပင် ပို၍ကျွမ်းကျင်ပုံ ပေါ်လွင်သည်။

ကျောက်ပွင့်က အရမ်းလှပသည်။ ယွမ်ကျိုး ပထမဆုံး ကိုင်လိုက်သော ကျောက်ပွင့်က ဂန္ဓာမာပန်း အသွင်ရှိသည်။ ကျောက်ပွင့်မှာ တွယ်ဆက်တစ်ရှူး မပါဝင်၍ သန့်စင်ပြီးနောက် ချက်ချင်း အသုံးပြုနိုင်သည်။

ထို့ကြောင့် ယွမ်ကျိုးက ရေစိမ်မထားဘဲ သန့်စင်ကာ မသန့်ရှင်းသော အစိတ်အပိုင်းများကို ဖယ်ထုတ်ပစ်သည်။ ထို့နောက် ဟင်းလျာပြင်ဆင်ခြင်း လုပ်ငန်းကို စတင်သည်။

တခြားဟင်းချက်ပစ္စည်းများနှငိ့ ခြားနားစွာ ကျောက်ပွင့်ကို ဓားဖြင့် လှီးဖြတ် မရချေ။ လက်ဖြင့်သာ စုတ်ဖြဲရသည်။

ခဏကြာပြီးနောက် ယွမ်ကျိုးက သူ့မနက်စာအတွက် ကျောက်ပွင့်ဆလပ်တစ်ပွဲ နှင့် ခေါက်ဆွဲပြုတ်တစ်ပွဲ ပြင်ဆင်သည်။

ကျောက်ပွင့်ဆလပ်ဟင်းပွဲကို စိမ်းပုတ်ရောင်ပန်းကန်ပြားပေါ်တွင် အလှဆင်ထားသည်။ ထို့နောက် ယွမ်ကျိုးက ဟင်းပွဲထဲ ပျားနို့ထည့်လိုက်သည်။

ပုံမှန်အားဖြင့် ဆလပ်ဟင်းပွဲက မွှေးရနံ့ မရှိပေ။ သို့သော်လည်း ယွမ်ကျိုး ဖန်တီးထားသောဟင်းပွဲမှ သစ်သစ်တော်သီးမွှေးရနံ့ ထွက်ပေါ်နေသည်။

"သေချာပေါက် ပြဿနာ မရှိပါဘူး"

ယွမ်ကျိုးက တူဖြင့် ကျောက်ပွင့်ကို ညှပ်လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် စားသည်။

လတ်ဆတ်နူးညံ့သော အရသာက သူ့ခံတွင်းထဲ ပျော်ဝင်သွားသည်။ ပျားနို့၏ပူစပ်စပ်အရသာက ကျောက်ပွင့်နှင့် လိုက်ဖက်လွန်းသည်။

“အလိုက်ဖက်ဆုံးပဲ” ယွမ်ကျိုးက ပလုပ်ပလောင်မျိုချလိုက်ပြီး ကျေနပ်စွာ ပြောသည်။

“ငါက ဟင်းချက်တဲ့နေရာ အရည်အချင်းရှိသားပဲ” ယွမ်ကျိုးက ခေါက်ဆွဲပြုတ် နှင့် ကျောက်ပွင့်သုပ်ကို စားရင်း ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

အစားအသောက်အားလုံး ကုန်အောင်စားထားသော ယွမ်ကျိုး၏ပန်းကန်ပြားက သူ့ဖောက်သည်များ၏ပန်းကန်ပြားနှင့် ခြားနားမှု မရှိပေ။ သူ့မျက်နှာကို ပြန်မြင်ရလောက်သည့်အထိ ကြည်လင်နေသည်။

“စနစ်၊ ဒီဟင်းပွဲရဲ့ဈေးက ဘယ်လောက်လဲ” ယွမ်ကျိုးက အရင်ဆုံး မေးမြန်းလိုက်သည်။

သူ့အဆင့်က ကန့်သတ်ခံထားရ၍ ဈေးနှုန်းကို ကိုယ်တိုင်သတ်မှတ်၍ မရချေ။

စနစ်က ဖော်ပြသည်။ “ဒီဟင်းပွဲက ဆုလာဘ်ဖြစ်လို့ ဈေးနှုန်း မသတ်မှတ်ပေးသလို အမြတ်ငွေကိုလည်း မျှမယူပါဘူး”

“ဘာလဲဟ။ ငါ့အမြင်အာရုံချို့ယွင်းသွားသလား” ယွမ်ကျိုးက သူ့နေရာမှ ချက်ချင်းထလိုက်ပြီး မယုံကြည်နိုင်ဟန် ရေရွတ်သည်။

စာသားတွင် ပါဝင်သော အကြောင်းအရာများကို မကြာခဏ ဖတ်ကြည့်ပြီးနောက် သူ့အမြင်အာရုံ မမှားယွင်းကြောင်း အတည်ပြုလိုက်သည်။ ယွမ်ကျိုးလို ငွေမက်သူက ငွေကလွဲ၍ တခြားအရာများကို စိတ်မဝင်စားချေ။

“ကိုယ်တိုင်ကိုယ်ကျ ပထမဆုံးအကြိမ် ဈေးနှုန်း သတ်မှတ်ရတာပဲ။ ဒီလို သာမန်ထက်လွန်ကဲတဲ့ ဟင်းပွဲကို ဈေးကောင်းကောင်း သတ်မှတ်သင့်တယ်” ယွမ်ကျိုးက သူ့နဖူးသူ ပွတ်သပ်ရင်း တွေးကြံနေသည်။

ခဏကြာပြီးနောက် သူက ဟင်းလျာဈေးကွက်ကို ကောင်းကောင်း မသိကြောင်း နားလည်သွားသည်။ ကျောက်ပွင့်သုပ်ကို စွပ်ပြုတ်နှင့် တွဲဖက်ရောင်းချခြင်းက ခပ်ရှားရှား ဖြစ်သည်။

ခဏကြာတွေးကြံပြီးနောက် ယွမ်ကျိုးက သူ့ဖုန်းကို ထုတ်လိုက်ပြီး ကျပန်းနံပါတ်ထုတ်ပေးသော အက်ပလီကေရှင်းဖြင့် မဲနှိုက်ကြည့်သည်။

“ဒါကို သုံးပြီးတော့ပဲ ဆုံးဖြတ်လိုက်တော့မယ်” ယွမ်ကျိုးက သူ့ပါးနပ်မှုကို သူ့ဘာသာသူ လက်မထောင်မိသည်။

သူလိုချင်သော နံပါတ်ကို ရသွားခဲ့သည်။ ထို့ကြောင့် ယွမ်ကျိုးက စာရွက်ထုတ်လိုက်ပြီး တို့ဟူးခြောက်ကို သုံးကာ မီနူးမှာ ကပ်လိုက်သည်။ စာရွက်တည်နေရာက ကြာပန်း၏ဘေးစွန်းနားမှာ ဖြစ်သည်။

“ဒီနေရာက တကယ်ကောင်းတယ်” ယွမ်ကျိုးက သေချာကပ်ပြီး ကျေနပ်ဟန် ပြောသည်။

ပြဿနာကိုဖြေရှင်းပြီးနောက် ယွမ်ကျိုးက စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်သည်။ အရမ်းစောနေသေး၍ ချက်ချင်း လေ့ကျင့်ခန်းလုပ်ဆောင်ရန် မသင့်လျော်ချေ။ ခဏကြာတွေးကြံပြီးနောက် ယွမ်ကျိုးက ပျားရည်ကျောက်ပွင့်ကို မည်သို့ လုပ်ဆောင်သင့်လဲ တွေးကြံနေသည်။

…

အချိန်က တခဏလေးအတွင်း ကုန်ဆုံးသွားသည်။ တစ်မနက်ခင်းလုံး ကျိုးကျာ့က ယွမ်ကျိုး ကပ်ထားသော စာရွက်ကို သတိမထားမိချေ။ ဆိုင်လာသူ အများစုက ပုံမှန်ဖောက်သည်များ ဖြစ်သည်။ လူတချို့က ဆိုင်သို့ တစ်ခါ နှစ်ခါ လာဖူးသူများဖြစ်သည်။ သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ ယွမ်ကျိုး ဖန်တီးထားသော ဟင်းပွဲအသစ်ကို သတိမထားမိချေ။

ထို့နည်းတူစွာ ယွမ်ကျိုးကလည်း သူတို့ကို သတိမပေးချေ။

ဖီးနစ်အမြှီးပုစွန်ဟင်းကို မရောင်းသေးကြောင်း ဆက်ရေးထား၍ ကျိုးကျာ့က ယွမ်ကျိုးကို ဂရုစိုက်ဟန် လေသံဖြင့် မေးမြန်းလိုက်သည်။

“သူဌေးရဲ့လက်က မသက်သာသေးဘူးလား” ကျိုးကျာ့က စိုးရိမ်ဟန် မေးလိုက်သည်။

“လက်တလောတော့ မရသေးဘူး”ယွမ်ကျိုးက ခေါင်းညိတ်ပြသည်။

ကျိုးကျာ့က ဆက်မေးမြန်းမည့်အစား ယွမ်ကျိုးကို ဂရုစိုက်ဟန်ဖြင့် မေးမြန်းလိုက်သည်။

ပျားပန်းခတ်နေသော နေ့လည်စာချိန်က ကုန်ဆုံးသွားပြီး တစ်နေ့တာ ကုန်ဆုံးသွားသော်လည်း မည်သူကမှ ယွမ်ကျိုး၏ဟင်းပွဲအသစ်ကို သတိမပြုမိချေ။

သို့သော်ငြားလည်း ယွမ်ကျိုးက သူတို့ကို အသိပေးမည့် ရည်ရွယ်ချက် မရှိပေ။ ညနေ့ခင်းဘက် ဆိုင်ဖွင့်ချိန်က ကြာညောင်းသည့်တိုင် ယွမ်ကျိုးက ဖောက်သည်များကို ဟင်းလျာအသစ်အကြောင်း သတိမပေးခဲ့ချေ။

“ကျိုးကျန်းဒီစာကို ဖတ်တာ အဲလောက်ကြာရလား”ကောင်မလေး၏ချိုသာသောအသံက သူ့စာဖတ်နေခြင်းကို အနှောင့်အယှက်ပေးသည်။

“ဟန်နီ၊ ခဏနေရင် ဖတ်လို့ပြီးတော့မှာပါ” ကျိုးကျန်းက စာမြန်မြန်ဖတ်ရင်း ဤစကားကို ပြောလိုက်သည်။

ကျိုးကျန်းက သူနှင့် မသက်ဆိုင်သော ထူးဆန်းသည့်စာကို ဖတ်လေ့ရှိသည်။ သူ့အကျင့်ကို အဆုံးသတ်ပြီးနောက် သူ့ကောင်မလေးကို ချော့မော့ပြောသည်။

“ဒီလိုကုမရတဲ့ အရူးရောဂါက ဘယ်တော့မှ ပျောက်မလဲ” ကောင်မလေးက မကျေနပ်ဟန် နှုူတ်ခမ်းစူသည်။

“ချစ်လေးကလဲ မငြူစူပါနဲ့။ ဒီအကျင့်ကို ဖျောက်ပါ့မယ်လို့ အာမခံတယ်” ကျိုးကျန်းက သူ့ကောင်မလေး၏လက်ကို ဆွဲလိုက်သည်။

“ဟွန့်၊ ကတိတည်ပါစေ” ကောင်မလေးက သူ့စကားကို အမြဲတမ်း ယုံကြည်ပေးသည်။

သို့သော်လည်း စားသောက်ဆိုင်ထဲ ဝင်သည်နှင့် ကျိုးကျန်း၏အကျင့်က ပြန်အစပျိုးသည်။

နံရံပေါ်က ထင်ရှားသောမီနူးကို ကျိုးကျန်း ချက်ချင်း စိတ်ဝင်စားသွားသည်။

“ဘာများ သုံးဆောင်ချင်ပါသလဲ” လူနှစ်ယောက်က မီနူးကို စိတ်အားထက်သန်စွာ ကြည့်နေသော မြင်ကွင်းကြောင့် ကျိုးကျာ့က လာရောက်မေးမြန်းသည်။

“ခဏနေပါဦး။ ငါတို့ချက်ချင်း ဟင်းပွဲမှာပါ့မယ်။ ဟန်နီက သွားထိုင်ဦး” ထိုစကားကိုပြောပြီးနောက် ကျိုးကျန်းက မီနူးကို ဆက်လက်ဖတ်ရှုသည်။

“ဟွန့်၊ ဒီပုံစံချည်းပဲ။ လွှတ်ထားလိုက်တော့မယ်” ကောင်မလေးက သက်ပြင်းချလိုက်ပြီး ထိုင်ခုံမှာထိုင်ရန် လှည့်ထွက်သွားသည်။

ကျိုးကျန်းက သူ့ကောင်မလေး စိတ်မဆိုးမှန်း သေချာမှ စိတ်အေးလက်အေး စာဆက်ဖတ်သည်။ သူ့အကျင့်တိုင်း မီနူးကို အသေးစိတ် ဖတ်ရှုသည်။ ထို့ကြောင့် ယွမ်ကျိုး၏ဟင်းပွဲအသစ်ကို မျက်မှန်းတန်းမိသွားသည်။

“မဖြစ်နိုင်ပါဘူး။ လျှော့ဈေးမရှိပေမဲ့ အခုတွေ့ရတဲ့ မြင်ကွင်းက ထူးခြားတယ်လို့ ပြောနိုင်တယ်” ကောင်မလေးက သေချာဟန်ပြောသည်။

“ဟဲတော် ဒီကို ကြည့်စမ်းပါဦး” ကျိုးကျန်းက သူ့ရှာတွေ့ထားသည့် စာရွက်ကို သူ့ကောင်မလေးမြင်အောင် ပြသည်။

သူတို့ချင်းပြောသော အကြောင်းအရာက လူတိုင်း၏စိတ်အာရုံကို လှုံ့ဆော်ပေးသည်။

“လျှော့ဈေးရှိလို့လား” ဖောက်သည်များက တအံ့တဩ မေးမြန်းသည်။

“ကောင်မလေး။ ဘာလျှော့ဈေးပေးလို့လဲ” နှုတ်အမြန်ဆုံးက ကျိုးကျာ့ ဖြစ်သည်။

သို့သော်လည်း ကျိုးကျာ့ကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေသည်။

“နံရံပေါ်မှာ ရှာကြည့်လေ” ယွမ်ကျိုးက တည်ငြိမ်စွာပြောသည်။

“အွန်း အခုပဲ ကြည့်လိုက်မယ်” ကျိုးကျာ့က ချက်ချင်း နံရံကို ကြည့်လိုက်ပြီး ပို၍ စိတ်ရှုပ်ထွေးသွားသည်။

ယွမ်ကျိုး၏စားသောက်ဆိုင်မှ ဟင်းပွဲများသည့် ထိုက်သင့်သော ဈေးနှုန်းရှိသော်လည်း ဘယ်သောအခါမှ ဈေးမပေါချေ။

မီနူး၏အောက်ဘက်ခြမ်းတွင် ကပ်ထားသော စာရွက်သေးလေးတွင် ပျားရည်ကျောက်ပွင့် တစ်ပွဲ တစ်ယွမ်ဟု ရေးသားထားသည်။

“သူဌေးယွမ်၊ ခင်ဗျား ၁ရဲ့နောက်မှာသုံည၃လုံး မေ့ကျန်ခဲ့သလား” ဖောက်သည်များက မယုံကြည်နိုင်ဟန် မေးမြန်းလာသည်။

“မဟုတ်ဘူး။ အဲဒီဈေးအတိုင်းပဲ”ယွမ်ကျိုးက တည်ငြိမ်သောအမူအရာကို ထုတ်ဖော်သည်။

အပိုင်း(၂၅၁)

ပြီးပါပြီ။

အပိုင်း(၂၅၂)

ယွမ်ကျိုး၏နှုတ်မှ ထွက်လာသောစကားကြောင့် ဖောက်သည်များက ပို၍ပင် သံသယဝင်လာသည်။

“သူဌေးယွမ်၊ ကျွန်တော်က အတွေ့အကြုံ ကြွယ်ဝတဲ့လူ မဟုတ်ပါဘူး၊ ဈေးနှုန်း အွန်လိုင်းငွေကြေးBitcoinကို သုံးထားရင်လည်း အရိုးသားဆုံးပြောပါ။ ကျွန်တော်က အဲဟာတော့ မသုံးဘူးနော်”

“ဒါမှမဟုတ် ကူဝိတ်ရဲ့ dinarကို သုံးတာလား။ ဘယ်တစ်ခုပဲဖြစ်ဖြစ် ငါတစ်ခုမှ မသုံးဘူး” ယွမ်ကျိုးက သူတို့ပြောနေသော ငွေကြေးအားလုံးကို သိသည်။

ပထမတစ်ခုက အတုအယောင်ငွေကြေး ဖြစ်ပြီး နောက်တစ်ခုက အာရပ်ဒေသ၏ အရှေ့မြောက်ပိုင်းတွင် အသုံးပြုသော ငွေကြေးဖြစ်သည်။

“အဲဒါတွေ မလိုအပ်ဘူး။ ငါက တရုတ်ယွမ်ကိုပဲ လက်ခံတယ်” ယွမ်ကျိုးက အတည်ပြုဟန်ဖြင့် ခပ်တန်းတန်း ပြောလိုက်သည်။

သို့တိုင် ဖောက်သည်များက ပို၍ပင် သံသယဝင်သွားသည်။

“ဒါဆိုရင် အဲဒီဟင်းပွဲ တစ်ပွဲပေးပါ” စိုးရိမ်စိတ် အရမ်းမများသော ကျိုးကျန် ပြောလိုက်ခြင်း ဖြစ်သည်။

“အိုကေ ခဏစောင့်ပေးပါ” ကျိုးကျာ့က ချက်ချင်း အော်ဒါလက်ခံလိုက်သည်။

“စုစုပေါင်း ၁ယွမ်ပါ။ ငွေအရင်ရှင်းပေးပါ” ကျိုးကျာ့က သူမ၏တာဝန်ကို မေ့လျော့သွားသည်ဟု ခံစားမိ၍ နည်းနည်းစိတ်ရှုပ်သွားသည်။ ထို့ကြောင့်လည်း ငွေလက်ခံယူရန်ပင် မေ့သွားခြင်း ဖြစ်သည်။

ကျိုးကျန်က သူ့အိတ်ကပ်ထဲ သေချာသိမ်းထားသော အကြွေစေ့ကို ထုတ်လိုက်ပြီး ယွမ်ကျိုးကို ပေးသည်။ ယွမ်ကျိုးက ပန်းကန်ပြားဖြင့် အကြွေစေ့ကို လက်ခံယူကာ ငွေပုံးထဲ ထည့်လိုက်သည်။ ဤမြင်ကွင်းကို ဖောက်သည်အားလုံးကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။

“အမှန်ပဲပေါ့။ ငါလည်း အဲဒါပဲ မှာကြည့်ရင် ကောင်းမလား” ဖောက်သည်များက သူတို့စိတ်ထဲ တိတ်တဆိတ် တွေးတောနေသည်။

ယွမ်ကျိုးက မီးဖိုချောင်ထဲမှာပင် ဟင်းလျာကို သန့်ရှင်းစွာ ပြင်ဆင်နေသည်။ အရာရာတိုင်းက ပုံမှန်အတိုင်းဟု ထင်ရသည်။ ဖောက်သည်များက ယွမ်ကျိုး ရောင်းချမည့် ဟင်းလျာအသစ်ကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။

ယွမ်ကျိုးက ကျောက်ပွင့်ခြောက်ကို အသုံးပြုထား၍ ရေနွေးနှင့် ပြုတ်ရမည်။ ထိုမှသာ ကျောက်ပွင့်က ပျော့သွားပြီး စား၍ရနိုင်သော အနေအထားသို့ ရောက်လိမ့်မည်။

ကျောက်ပွင့်ကို ရေနှင့် သန့်ရှင်းခြင်းက အရေးကြီးသည်။ ထို့ကြောင့် စနစ်က ရှင်းလင်းချက်တချို့ကို ထုတ်ပြန်ပေးသည်။

စနစ်က ဖော်ပြသည်။ “မြစ်တွေ ကန်တွေမှာ စီးဆင်းနေတဲ့ရေကို လက်ဖက်ရည် နဲ့ ဝိုင်ဖန်တီးဖို့ သုံးတယ်။ တောင်ကျစမ်းရေကိုတော့ ချက်ပြုတ်ဖို့ သုံးရတယ်။ ကျင်းရှန် စမ်းရေရဲ့ အကောင်းဆုံးရေကို ရဖို့ လူတွေက မြစ်လယ်ကို ညဘက်ကြီး လှေနဲ့ သွားရတယ်”

“ဒါဆိုရင် ငါ နေ့တိုင်းသောက်နေတဲ့ရေက အဖိုးတန်တာပေါ့။ ရဖို့ မလွယ်ဘူးပေါ့” ယွမ်ကျိုးက စပ်စပ်စုစု မေးမြန်းလိုက်သည်။

စနစ်က ဖော်ပြသည်။“မဟုတ်ဘူး”

အဖြေက အဓိကအချက်ကို တည့်တိုးပြောချလိုက်သည်။

“ငါသောက်တဲ့ရေက အဲထက်မက ပိုကောင်းမှာပါ” ယွမ်ကျိုး မတူညီသောရေအမျိုးအစားနှစ်ခုကို မြည်းစမ်းရင်း တီတိုးရေရွတ်သည်။

ကျောက်ပွင့်ဆလပ်ကို တည်းခင်းလိုက်သောအခါ နို့နှစ်ရောင် ပျားနို့ကို ဆမ်းထားပေး၍ ပိုတောက်ပ ပိုလှပနေသည်။

“ဒါက ပျားရည်ကျောက်ပွင့်လား” ကျိုးကျန်းကဝါးတူဖြင့် ကျောက်ပွင့်ကို ညှပ်လိုက်ပြီး ဇီဇာကြောင်သော လူအိုကြီး ကဲ့သို့ အသေးစိတ် အကဲခတ်နေသည်။

“ဟုတ်ကဲ့ သုံးဆောင်ပါ” ယွမ်ကျိုးက သုံးဆောင်ပါဟူသော အမူအရာကိုပြသပြီး တခြားဟင်းလျာများကို ဆက်လက်ချက်ပြုတ်သည်။

“မြန်မြန် အရသာမြည်းကြည့်စမ်းပါ” ကျိုးကျန်းတို့ စုံတွဲက ဟင်းပွဲကို မမြည်းကြည့်ဘဲ အချိန်အကြာကြီး ထိုင်နေ၍ ဘေးဘက်မှ ဖောက်သည်များက စေ့ဆော်ကြသည်။

“ဟင်းပွဲကို မြည်းကြည့်။ သူဌေးယွမ်ရဲ့လက်ရာက အကောင်းဆုံးပဲ” ဖောက်သည်တစ်ယောက်က သူ့ကို စိတ်အားထက်သန်စွာ အကြံပေးသည်။

“ဟန်နီ ကိုယ်တို့တွေ အရသာမြည်းကြည့်ကြမလား” ကျိုးကျန်းက သူ့ကောင်မလေး၏အမြင်ကို အရင်ဆုံး မေးမြန်းသည်။

“ဒါပေါ့၊ ဒီဆိုင်မှာ လာစားဖို့ ရည်ရွယ်ခဲ့တာ ကြာပါပြီ”

ကောင်မလေးက ဝါးတူကို ကောက်ကိုင်လိုက်ပြီး အရင်ဆုံး စားကြည့်သည်။

အရောင်အဆင်း အနံ့အရသာကို လူတို့က ပထမဆုံး သတိထားမိကြသည်။ အထူးသဖြင့် ဆလပ်ကို ပိုအာရုံကျမိသည်။ မွှေးရနံ့က ထူးခြားမှု မရှိ၍ အရောင်အဆင်းကိုသာ အာရုံစိုက်မိခြင်း ဖြစ်သည်။

သို့သော်လည်း ပျားရည်ကျောက်ပွင့်ဟင်းပွဲ၏ အရောင်အဆင်းက လှပလွန်းသည်။ အညိုရောင်တူ နှင့် နို့နှစ်ရောင် ကျောက်ပွင့်တို့က မတူညီသော အရောင်အဆင်းရှိသည်။တူဖြင့် ညှပ်လိုက်သောအခါ ပြုတ်ကျသွားမည်ကို စိုးထိတ်၍ လက်ဖြင့်ပင် နှိုက်စားမိတော့သည်။

ကောင်မလေးက လက်ဖဝါးပေါ် ကျောက်ပွင့်များတင်ပြီး ခံတွင်းထဲ ထည့်လိုက်သည်။ သူ့လျှာပေါ်မှာ ပထမဆုံး ခံစားမိသော အရသာက

ချိုပေါ့အရသာဖြစ်ပြီး လတ်လတ်ဆတ်ဆတ် ချဉ်သောအရသာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။ ကြွတ်ဆပ်သော အရသာဖြင့် ပူစပ်သော အရသာနှင့် ချိုချဉ်ငန်စပ် အရသာကို တစ်ပြိုင်နက်တည်း ခံစားရသည်။

“နူးညံ့စေးကပ်တဲ့အရသာကို ပေါင်းစပ်ထားတာ တကယ်ကို ထူးဆန်းတဲ့ အရသာပဲ” ကောင်မလေးက ကျောက်ပွင့်ကို ဆက်မစားတော့ဘဲ ပျော်ရွှင်စွာ ပြောသည်။

“တကယ်ကောင်းတယ် အရသာရှိတယ်” ကျိုးကျန်းကလည်း ကျေနပ်စွာ ပြောသည်။

သူတို့နှစ်ဦးက တိမ်တိုက်ကို လေများ တိုက်ထုတ်လိုက်သကဲ့ကို ဟင်းလျာကို အငမ်းမရ စားသောက်နေသည်။

“ပျားရည်ကျောက်ပွင့်တစ်ပွဲပေးပါ” ထက်မြက်သောဖောက်သည်က ချက်ချင်း အော်ဒါတင်သည်။

“ငါ့ကိုလည်း တစ်ပွဲပေးပါ” ဈေးနှုန်းက တစ်ယွမ်ဖြစ်သောကြောင့် သူတို့အတွက်လည်း အရှုံးမရှိချေ။

လက်သင့်ခံနိုင်သော တန်ရာတန်ကြေး ဖြစ်သည်။ ယခုလို ဈေးသက်သာသော ဟင်းပွဲကို စောင့်မျှော်နေသည်မှာ ကြာပါပြီ။ ထို့ကြောင့် အားလုံးနီးပါးက ပျားရည်ကျောက်ပွင့်ကို မှာယူကြသည်။

“သူဌေးယွမ်။ ကျွန်မကိုလည်း ပျားရည်ကျောက်ပွင့်တစ်ပွဲပေးပါ” မန်မန်က အလောတကြီး စကားပြောသည်။

“အိုကေ ခဏစောင့်ပေးပါ” ကျိုးကျာ့က ပြုံးရွှင်သောမျက်နှာအမူအရာဖြင့် နှုတ်ဆက်သည်။

သူမ၏နောက်တွင်ရှိသောဖောက်သည်က ယင်ယာဖြစ်ပြီး သူမလည်း တခြားသူများ နည်းတူ “ပျားရည်ကျောက်ပွင့် တစ်ပွဲပေး”ပါဟု တောင်းဆိုသည်။

“အားနာပါတယ်။ ရောင်းကုန်သွားပါပြီ” ကျိုးကျာ့က အော်ဒါလက်ခံခါနီး ယွမ်ကျိုးက ရုတ်တရက် ထပြောသည်။

“တကယ်လား ဟူး စိတ်ပျက်လိုက်တာ” ယင်ယာက စိတ်တိုလွယ်သူ မဟုတ်သည့်တိုင် ဒေါသထွက်နေသည်။

သူ့အရှေ့ကတစ်ယောက်က သူမ မှာချင်သော ဟင်းပွဲကို မှာယူသွား၍ သူ မမှာနိုင်ခြင်း ဖြစ်သည်ဟု ခံယူထားသည်။

“ပျားရည်ကျောက်ပွင့်ရဲ့ အဓိက ဖြစ်တဲ့ ပျားနို့ကုန်သွားလို့ပါ။ နောက်တစ်ခေါက်မှပဲ မှာယူပေးပါ” ယွမ်ကျိုးက ခပ်တန်းတန်း အမူအရာဖြင့် ပြောလိုက်သည်။

“ဘာလို့များ မြန်မြန် ကုန်ရတာလဲ။ နည်းနည်းလေးတောင် မကျန်တော့ဘူးလား” ယင်ယာက စိတ်ပျက်ဟန် မေးမြန်းလိုက်သည်။

“ဟုတ်တယ်။ ဘာလို့လဲ သူဌေးယွမ်ရယ်။ အကုန်ရောင်းကုန်သွားတာ သေချာလို့လား။ ညနေခင်းဆိုင်ဖွင့်ချိန် တစ်နာရီတောင် ကျန်သေးတယ်လေ” နောက်ဘက်မှာ တန်းစီစောင့်နေသော ဖောက်သည်များက တစ်ယောက်ပြီး တစ်ယောက် မေးမြန်းကြသည်။

ယွမ်ကျိုးက ဟင်းပွဲအသစ်ကို တစ်ယွမ်ဖြင့် ရောင်းချသည့် အကြောင်းကို ကြားသိ၍ ရောက်လာသူများ ဖြစ်သည်။

“ပျားနို့က ရှားပါးပစ္စည်းလေ” ယွမ်ကျိုးက မပွင့်တပွင့် ပြောသည်။

“ဒါဆိုရင် မနက်ဖြန်ရော ရနိုင်သလား” ယင်ယာက တစ်စုံတစ်ရာ လွဲမှားနေသည်ဟု ခံစားမိသည်။

ယွမ်ကျိုးက နောက်နေ့မှ ထပ်ရမည်ဟု မပြောဘဲ နောက်တစ်ခေါက်မှဟု ပြောသွားခြင်း ဖြစ်သည်။

“ဟင့်အင်း မရသေးဘူး” ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်း တိတိကျကျ ပြန်ဖြေလိုက်သည်။

“အမ်၊ မနက်ဖြန် မရဘူးဆိုရင် ဘယ်အချိန်မှ ထပ်ရောင်းမှာလဲ” ယင်ယာက သူမ သိချင်သော မေးခွန်းကို ထပ်မေးမြန်းသည်။ သူမ၏နောက်မှ တခြားဖောက်သည်များကလည်း အာရုံစိုက် နားစွင့်နေသည်။

အချိန်အတော်ကြာအောင် နှုတ်ဆိတ်ပြီးနောက် ယွမ်ကျိုးက စကားပြောသည်။

“ပျားတွေရဲ့စိတ်အခြေအနေပေါ် မူတည်တယ်”

ဘာစကားလဲဟ။

ထို့နောက် ယင်ယာ နှင့် တခြားဖောက်သည်များက သူ့ကို ကျိန်ဆဲသော အကြည့်ဖြင့် ဝိုင်းကြည့်ကြသည်။

“ဟား ဟား သူဌေးယွမ်က တကယ်ကို ဟာသ ပြောတတ်တာပဲ။ ဒါပေမဲ့ လုံးဝ ရယ်စရာမကောင်းဘူး” တန်းစီစောင့်နေသော ဖောက်သည်က တအံ့တဩ ပြောသည်။

“သူဌေးယွမ်၊ ခင်ဗျားရဲ့ အနာဂတ်ချစ်သူလေးက ခင်ဗျားရဲ့ဒီလို အကျင့်စရိုက်တွေကို သိရဲ့လား” ယင်ယာက မလိုမုန်းထား ပြောဆိုသည်။

“အွန်း၊ သူ သိပါတယ်” ယွမ်ကျိုးက ယုံကြည်မှုလွန်ကဲစွာ ပြန်ဖြေသည်။

“သူဌေးယွမ် ခင်ဗျား နတ်ပြည် မတက်သေးဘူးလား” ဖောက်သည်တစ်ယောက်က ဝင်ရောက်ပြောဆိုသည်။

“အစားအသောက်တွေကို မှာယူပေးပါ” ယွမ်ကျိုးက အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ချိုသာစွာ ပြောသည်။

“ဟုတ်သားပဲ။ ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ။ အချိန် မကြည့်ဘဲ လေဖောနေမိတယ်”ဖောက်သည်များက ချက်ချင်း ခွန်းတုံ့ပြန်သည်။

ယင်ယာ တစ်ယောက်တည်းသာ လက်မလျှော့သေးချေ။ အစားအသောက်မှာယူပြီးသူများနှင့် တန်းစီစောင့်နေသူများက ယင်ယာ နှင့် ယွမ်ကျိုးတို့၏စကားဝိုင်းကို အာရုံစိုက် နားစွင့်နေကြသည်။

“သူဌေးယွမ်၊ ကျွန်မကို အချိန်အတိအကျ ပြောပေးပါ သဘောထား မသေးသိမ်ပါနဲ့။ နားရှင်းအောင် ပြောလို့ မရဘူးလား။ ရှင်ရေးထားတဲ့ စာလုံးက တအားသေးလွန်းတယ်။ ဘယ်သူက ဒါကို သေချာမြင်ပါ့မလဲ” ယင်ယာ အလွန်အမင်း မကျေမနပ် ဖြစ်နေသည်။ သူ မနက်ခင်းတည်း မနက်စာ လာစားသော်လည်း စာရွက်ကို သတိမထားမိခဲ့ပေ။

“စကားလုံး တချို့ပဲ ရေးတာလေ။ စာလုံးအရွယ်အစားက အဆင်ပြေပါတယ်” ယွမ်ကျိုး၏ အမြင်အာရုံက ကောင်းမွန်၍ ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိသည်။

“ဒါဆိုရင် ပျားရည်ကျောက်ပွင့်ကို ဘယ်တော့မှ ထပ်ရောင်းမလဲ” တခြားသူများ မြိန်ရည်ရှက်ရည် စားသောက်သွားသော မြင်ကွင်းကို ပြန်လည်မြင်ယောင်မိသောအခါ ယင်ယာ တံထွေးမျိုချလိုက်သည်။ ဤအကြောင်းကို တွေးကြည့်ရုံဖြင့် ဟင်းပွဲအသစ်က အရသာရှိလိမ့်မည်ဟု တထစ်ချယုံကြည်သည်။

ယွမ်ကျိုး ချက်ချင်း မှင်သက်သွားပြီးနောက် ပြန်ဖြေသည်။ “ပျားတွေရဲ့စိတ်အခြေအနေပေါ် မူတည်တယ်”

ယွမ်ကျိုး မှင်သက်သွားရသည့် အကြောင်းအရင်းက ရိုးရှင်းသည်။ လက်တလောတွင် စနစ်က မည်သည့် မစ်ရှင်ကိုမှ မထမ်းဆောင်ခိုင်းထားသည့် စနစ်က မစ်ရှင် အသစ် ထုတ်ပြန်လာသည်။ ထို့အပြင် မစ်ရှင် နှစ်ခုကို တစ်ပြိုင်နက်တည်းပင် ဆောင်ရွက်ခိုင်းထားသည်။

အပိုင်း(၂၅၂)

ပြီးပါပြီ။

All Chapters