အခန်း (၂၅၃-၂၅၅)
Vol. 17 Ch. 253-255
ယွမ်ကျိုး အပိုင်း(၂၅၃) Done ✅
“သူဌေးယွမ်၊ ကျွန်မကို အမြဲတမ်း လိမ်တယ်။ လိမ်ဖို့ မကြိုးစားစမ်းပါနဲ့” ယင်ယာက သူ့သည်းခံနိုင်စွမ်းကို ယွမ်ကျိုးက စမ်းသပ်နေသည်ဟု ခံစားမိသည်။
“အမှန်ပြောတာပဲလေ” ယွမ်ကျိုး၏တည်ငြိမ် ရင့်ကျက်သောအမူအရာက မပြောင်းလဲသွားချေ။ သို့သော်လည်း ယင်ယာ လက်က မယုံကြည်နိုင်လောက်အောင် ယားလာပြီး တစ်ယောက်ယောက်ကို ရိုက်ချင်စိတ်ပေါက်နေသည်။ ယွမ်ကျိုးက သူမ၏မေးခွန်းကို ဖြေချင်သော ရည်ရွယ်ချက် လုံးဝ မရှိကြောင်း သဘောပေါက်သွားသောအခါ သိက္ခာအကျခံပြီး ထပ်မမေးတော့ဘဲ မန်မန်နှင့် ညှိနှိုင်းကြည့်သည်။
“မရဘူး။ ငါ့ဘက်လှည့်မလာနဲ့” မန်မန်က အထာကျကျ လက်ပိုက်ရင်း ပြတ်ပြတ်သားသား ငြင်းပစ်သည်။
“ရတယ်လေ သေချာလား” ယင်ယာက မန်မန်ကို ခြိမ်းခြောက်ဟန် ကြည့်လိုက်သည်။
“တခြားနည်းလမ်း မသုံးနိုင်တော့ဘူးလား” မန်မန်က ထိတ်လန့်သော အမူအရာဖြင့် ပြန်ပြောသည်။
ယွမ်ကျိုးစားသောက်ဆိုင်၏ဟင်းပွဲပါဝင်နှုန်းက ပုံမှန်စားသောက်ဆိုင်များနှင့် အတူတူပင်ဖြစ်သည်။ တခြားဆိုင်မှာစားလျှင် တစ်ပွဲတည်းဖြင့် ဗိုက်ပြည့်သော်လည်း ယွမ်ကျိုးစားသောက်ဆိုင်မှ ဟင်းပွဲများက စားပြီးရင်း စားချင်စိတ်ကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့်လည်း တခြားသူနှင့် မျှဝေစားရန် အင်တင်တင် ဖြစ်နေခြင်း ဖြစ်၏။
သူမက အမျိုးသားတစ်ယောက်ကို တစ်ဖက်သက် ချစ်မြတ်နိုးနေခြင်းကို ယင်ယာက သိထား၍ ဤအားနည်းချက်ဖြင့် သူမကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ သူ့ကိစ္စပေါ်သွားမည်ကို ရှက်၍ အကျိုးအကြောင်း မခိုင်လုံသော် တောင်းဆိုမှုကို သဘောတူခဲ့ရသည်။
“ကိစ္စမရှိဘူးလေ။ အလုပ်ဖြစ်မြောက်ရင် ငါ့နည်းလမ်းက ကောင်းတာပဲပေါ့” ယင်ယာက ကျေနပ်အားရဟန် အမူအရာကို ဖော်ထုတ်သည်။
“သုံးပုံ တစ်ပုံပဲ ရမယ်။ ဒီလိုမှ မဟုတ်ရင်တော့ သဘောတူညီမှုကို ဖျက်သိမ်းပစ်မယ်” မန်မန်က သူ့စိတ်ကို ပြင်ဆင်လိုက်ပြီး ခပ်မာမာလေသံဖြင့် စကားပြောသည်။
စားကောင်းသောက်ဖွယ်ကြောင့် မိတ်ပျက်လည်း ပြဿနာ မရှိချေ။
“သဘောတူတယ်” ယင်ယာက လွယ်လင့်တကူ ပြန်ပြောသည်။
“အမြဲတမ်း ဒီလိုချည်းပဲ။ နောက်တစ်ခါ ဒီနည်းလမ်းကို ထပ်သုံးရင် ငါကလည်း နင့်လျှို့ဝှက်ချက်ကို ပြန်ထုတ်ဖော်ပစ်မယ်” မန်မန်က မကျေမနပ် ပြန်ပြောသည်။
“ယင်ယာ နင့်ကို အဲဒီလို လူတန်းစားဖြစ်မယ်လို့ ထင်ကိုမထင်ခဲ့ဘူး” မန်မန်က ယင်ယာကို ဘုကြည့်ကြည့်သည်။
“ငါက နင့်ကို ကြက်ဥထမင်းကြော် ပြန်ကျွေးနိုင်ပါတယ်” ယင်ယာက သူမ၏ထူးကဲသော ကျွမ်းကျင်မှုကို အသုံးချသည်။
“ရတယ်လေ” မန်မန်က သူ ပြောချင်နေသည့် မကျေနပ်ချက်များကို မျိုသိပ်လိုက်ပြီး ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်။
အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက် နားလည်မှုရသွားသည်။
ယွမ်ကျိုးက ပျားရည်ကျောက်ပွင့်ဟင်းပွဲကို သယ်ဆောင်လာပေးသည်။
“သုံးဆောင်ပါဗျာ”
“ကျေးဇူးတင်ပါတယ် သူဌေးယွမ်။ ကြက်ဥထမင်းကြော် ၂ပွဲပေးပါ” မန်မန်က ခပ်သွက်သွက် ပြောလိုက်သည်။
“ကောင်းပါပြီ။ ခဏတော့စောင့်ပေးပါဗျာ” ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး အော်ဒါကို လက်ခံလိုက်သည်။
ယွမ်ကျိုးက သူ့အလုပ်သူ အာရုံစိုက်နေရ၍ မည်သည့်ကိစ္စကိုမှ တွေးကြံမရသည့်အပြင် မစ်ရှင်ကိုပင် ကြည့်ချိန် မရချေ။ သူ့ပုံသေစည်းမျဉ်းအတိုင်း အလုပ်နှင့် မသက်ဆိုင်သော မည်သည့်အလုပ်ကိုမှ မလုပ်ဆောင်ခဲ့ပေ။
ဟင်းချက်စွမ်းရည်မြင့်လာလေလေ အာရုံစိုက်ခြင်း၏အရေးပါမှုကို နားလည်လာသည်။ ထို့ကြောင့် ယွမ်ကျိုးက အလုပ်ကို အာရုံစိုက်သည်။
အလုပ်ချိန်ကျော်သွားသော်လည်း ဒါရိုက်တာဝမ် သူ့အလုပ်သူ ဇွဲရှိရှိ အလုပ်လုပ်ခြင်းဖြင့် အလုပ်ရှုပ်နေသည်။ ဤတစ်ခေါက်ပြဿနာက ဝေဖန်မှု ဖြစ်သည်။
[ ဘေးလမ်းက နေ့လယ်ခင်း ထမင်းစားချိန်ဆို လူအရမ်းကျပ်တယ်။ ဒါကြောင့်မို့ လမ်းတာဝန်ခံက ဒီပြဿနာကို ဖြေရှင်းပေးဖို့ မျှော်လင့်ပါတယ်] ဒါရိုက်တာဝမ်က အလားတူ အကြံပြု ဝေဖန်စာများကို ဖွင့်ဖတ်နေသည်။
“လမ်းကျပ်ရတဲ့ အကြောင်းအရင်းက ယွမ်ကျိုးစားသောက်ဆိုင်ကြောင့်ပဲ ဖြစ်မယ်” ဒါရိုက်တာဝမ်က ဤရာထူးကို ထမ်းဆောင်နေသည်မှာ နှစ်အတော်ကြာပြီဖြစ်၍ ဘေးလမ်းအကြောင်းကို သိနေသည်။
တိတ်ဆိတ်သောဘေးလမ်းကျဉ်းက ယွမ်ကျိုးစားသောက်ဆိုင်ဖွင့်ပြီးနောက် လူစည်ကားလာခဲ့သည်။ သို့သော်လည်း ဤပြဿနာက ဖြေရှင်းရ မလွယ်ကူချေ။
ဝေဖန်အကြံပြုစာများကို ဖတ်ရှုရင်း ဒါရိုက်တာဝမ်က အတွေးထဲ မြောနေသည်။ ထို့ကြောင့် သူ့အနားရှိနေသည့် ဝူဟိုင်းက သူ့ဖုန်းကို ယူလိုက်သည်။
သူ့ဖုန်းတစ်ခုလုံး ရက်စက်သော အတွေးအခေါ်များ ပြည့်နှက်နေသည်။ အစားအသောက် ဝါသနာရှင်များ၏ မကောင်းသော အကြံအစည်များ ဖြစ်သည်။
[ဝူဟိုင်း၊ ခင်ဗျားကို သတင်းကောင်းပြောဖို့ ရှိတယ်] နာမည်ခဏခဏ ပြောင်းတတ်သော မန်မန်
[ဘာသတင်းလဲ] ဝူဟိုင်းက ဖုန်းကို ခဏခဏ ကြည့်နေသူဖြစ်၍ အထိုက်အလျောက် ပြန်ဖြေသည်။
[သူဌေးယွမ်က ဟင်းလျာအသစ် ထွင်ထားတယ်။ တကယ် အရသာရှိတယ်] မန်မန်က ဟင်းလျာအသစ်၏ဓာတ်ပုံကို တွေးတွေးဆဆ ပို့လိုက်သည်။
ယွမ်ကျိုး၏ဟင်းလျာကို အစားအသောက်မဂ္ဂဇင်း၏ မျက်နှာဖုံး အနေဖြင့် အသုံးနိုင်သည်။
[သွားတော့ အခုကစပြီးတော့ သူငယ်ချင်း မဟုတ်တော့ဘူး] ဝူဟိုင်းက အားမနာစမ်းပြောချလိုက်သည်။
"ဘာဖြစ်တာလဲ ဟိုင်း" အမြင်အာရုံစူးရှပြီး လက်မြန်လွန်းသော ကျန်းကျဝေက ဂရုစိုက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
"ငါတို့ရဲ့အလုပ်က ဘယ်အချိန်မှ အဆုံးသတ်မလဲ" သူ့မုတ်ဆိတ်လေးကို ပွတ်သပ်ရင်း ဝူဟိုင်းက စိတ်မရှည်သော အမူအရာကို ပြသသည်။
"တစ်နာရီကြာပြီရင်ပေါ့။ မကြာခင် ပြီးတော့မှာပါ။ ဟိုင် မင်း ပင်ပန်းတယ်လို့ ခံစားရရင် အနားယူလိုက်တော့လေ" ကျန်းကျဝေက တွေးတွေးဆဆ ပြောသည်။
"ဒီအနုပညာပြခန်းက ဘယ်တော့ အဆုံးသတ်မှာလဲ မေးနေတာဟ" ဝူဟိုင်းက ဒေါသကြီးသူ ဖြစ်သည်။
"ဟိုင်းက လိမ္မာရဲ့သားနဲ့ မဆိုးရဘူးလေ။ နောက်တစ်ပတ်ဆိုရင် ပြပွဲပြီးမှာပဲဟာ" သူ့အသံတွင် နှစ်သိမ့်သော ခံစားချက်များ ပြည့်နှက်နေသည်။
"ကျန်းကျဝေ၊ နင့်ကို တစ်ခုတော့ ပြောလိုက်မယ်။ ဒီလို အဓိပ္ပါယ် မရှိတဲ့ ပြခန်းတွေ ထပ်မလုပ်နဲ့" ဝူဟိုင်းက စိတ်မရှည်ဟန် အမူအရာဖြင့် မုတ်ဆိတ်ကို ပွတ်သပ်သည်။
ရေသောက်လိုက်ပြီးနောက် ရေ၏အရသာဆိုးရွားလွန်း၍ ဖန်ခွက်ကို စားပွဲခုံပေါ် လေးလံစွာ တင်လိုက်သည်။
"ဒီမှာ ဂျပန်ကတင်ပို့တဲ့ ဖရဲသီး ရှိတယ်။ ဒီနှစ် ငါတို့ မှာထားတဲ့ ဖရဲသီးတွေ ရောက်နေပြီ။ အရင်ဆုံး အရသာမြည်းကြည့်လေ" ကျန်းကျဝေက စာတိုကို တစ်ချက် လှမ်းကြည့်လိုက်၍ အခြေအနေကို သဘောပေါက်သွားသည်။
"ကောင်းပြီလေ။ ဒါဆိုရင် ငါ့အတွက် တစ်စိတ်လောက် သွားလှီးလာခဲ့ပေး" ဤတစ်ကြိမ်တွင်မူ ဝူဟိုင်းက ပုံမှန်အတိုင်း စကားပြန်ပြောသည်။
"ပြဿနာ မရှိဘူး" ကျန်းကျဝေ၏ရည်းစား၊ ဝူဟိုင်း၏ညီမဖြစ်သော ဝူလင်းက ဝူဟိုင်းကို အတင်းအကြပ် ခေါ်လာတည်းက ကျန်းကျဝေက ဝူဟိုင်း၏အကြိုက်ကို ကြိုတင်ပြင်ဆင်ထားရသည်။ ထို့ကြောင့်လည်း ဝူဟိုင်း၏အကြိုက်ဆုံးသစ်သီးကို ကြိုတင်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဂျပန်မှ တင်သွင်းသော အနက်ရောင်ဖရဲသီးက ယွမ်တစ်သောင်းခန့် တန်ကြေးရှိပြီး နွမ်းလျနေသော ဝူဟိုင်း၏နှလုံးသားကို ယာယီ ငြိမ်းချမ်းစေသည်။ တခြားတစ်ဖက်တွင်မူ ယွမ်ကျိုးစားသောက်ဆိုင်၏ ညဘက်ဆိုင်ဖွင့်ချိန် ပြီးဆုံးသွားသည်။
"ဆိုင်ပိတ်ပါပြီ။ မနက်ဖြန် စောစော ပြန်လာခဲ့ပေးပါ" ယွမ်ကျိုးကိုယ်တိုင် ပြောဆိုခြင်း ဖြစ်သည်။
ရှန်မင်ကလည်း ကျိုးကျာနှင့် အလုပ်ချိန်ပြောင်းရန် အချိန်မီရောက်သည်။
ဖောက်သည်များက ဆိုင်ပိတ်ခါနီးမှသာ ဟင်းလျာများကို မှာယူလေ့ရှိသည်။ သူတို့က အရက်ဆိုင်ဖွင့်ချိန်အထိ စောင့်ဆိုင်းချင်ကြပြီး အရက်နှင့် အမြည်း တွဲစားချင်ကြသည်။ ယွမ်ကျိုးက ၎င်းအပြုအမူကို မျက်နှာလွှဲထားရသည်။
စီးပွားရေးအရ အရက်ဆိုင် ဖွင့်ထားစဉ် ယွမ်ကျိုးက မီးဖိုချောင်ထဲ ရောက်နေပြီး စနစ်၏နောက်ဆုံးမစ်ရှင်ကို ဖွင့်လိုက်သည်။
[အဓိကမစ်ရှင်] ဒေသအစားအသောက်ကိုယ်စားလှယ် ဖြစ်လာရန်
(မစ်ရှင်အညွှန်း သာမန်ကျော်ကြားမှုက မင်းရဲ့ရည်မှန်းချက်နဲ့ လိုက်ဖက်မှု မရှိဘူး ဒေသ အစားအသောက် ကိုယ်စားလှယ် ဖြစ်ဖို့ တစ်လအတွင်း ကြိုးစားရမယ် လူငယ်လေး၊ ငါ မင်းကို ယုံကြည်တယ်)
[မစ်ရှင်ဆုလာဘ] အဆင့်မြှင့်တင်ဖို့ ကံစမ်းမဲနှိုက်ခွင့် တစ်ကြိမ် ရရှိမည်။
(ဆုလာဘ် အညွှန်း: ဒီလိုဆုလာဘ်ကို ပိုင်ဆိုင်ဖို့ လူငယ်လေး မင်းကြိုးစားရမယ်)
"စနစ်၊ မစ်ရှင်အောင်မြင်မှ အဆင့်မြှင့်ခွင့်ရတာလား" မစ်ရှင်က အရမ်းမခက်ခဲဟု ယွမ်ကျိုး ခံစားမိသည်။
စနစ်က ဖော်ပြသည်။ "ဟုတ်ကဲ့"
"ဒီမစ်ရှင်မှာ မရှင်းမလင်း ကန့်သတ်ချက်တွေတော့ မရှိပါဘူးနော်" ယွမ်ကျိုးက မစ်ရှင်ကို သေချာလေ့လာပြီးနောက် ဒွိဟဖြစ်သော ခံစားချက်ဖြင့် ပြောလိုက်သည်။
စနစ်က ဖော်ပြသည်။ "အစားအသောက်မြေပုံကို တစ်လတစ်ကြိမ် အဆင့်မြှင့်တင်ပါတယ်။ ဆိုင်ရှင်ရဲ့စားသောက်ဆိုင်က ဒေသကိုယ်စားပြု စာရင်းထဲပါတယ်"
"ဒါဆိုရင် အချိန်ကန့်သတ်ချက် ရှိလား" သေချာစုံစမ်းခြင်းက မစ်ရှင် မြန်မြန်ပြီးဆုံးနိုင်သည်။
စနစ်က ဖော်ပြသည်။ "ဆိုင်ရှင်၊ မစ်ရှင်အညွှန်းကို သေချာဖတ်ပေးပါခင်ဗျား"
" ခင်ဗျား ကျုပ်ကို ပေးတဲ့ မစ်ရှင်တွေက ယုံကြည်လို့မရဘူး" ယွမ်ကျိုးက သူ့စိတ်ထဲ လှောင်ရယ်လိုက်သည်။
မစ်ရှင်အညွှန်းများ နှင့် ဆုလာဒ် အညွှန်းများက အဓိပ္ပါယ်မဲ့လွန်းသည်။ သုံးနှုန်းထားသော စကားလုံးများက ယွမ်ကျိုးက လူသတ်ချင်စိတ်ပေါက်စေသည်။ ထို့ကြောင့်လည်း ယွမ်ကျိုးက တစ်ခါတရံတွင် တမင် လျစ်လျူရှုထားတတ်သည်။
ထို့နောက် သူက အရန်မစ်ရှင်ကို မဖတ်ရှုခင် မစ်ရှင်အညွှန်းကို သေချာပြန်ဖတ်သည်။
အပိုင်း(၂၅၃)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၂၅၄)
ယွမ်ကျိုး၏ခနဲ့သော အပြုအမူကို ပုံမှန်အားဖြင့်ဆိုလျှင် စနစ်က တုံ့ပြန်လေ့ မရှိချေ။ အဓိကမစ်ရှင်ကို စစ်ဆေးကြည့်ပြီးနောက် သူက အရံမစ်ရှင်ကို ဆက်လက်စစ်ဆေးသည်။
[အရန်မစ်ရှင်] ဆိုင်ခွဲဖွင့်ရန် တောင်းဆိုချက် ၁၀ခုကို စုဆောင်းရန်
(မစ်ရှင်အညွှန်း၊ ဆိုင်ခွဲဖွင့်ရန် မတောင်းဆိုခံရင် ကမ္ဘာ့ကျော်စားဖိုမှူး မဖြစ်နိုင်ဘူး)
[မစ်ရှင် ဆုလာဘ်] သုန်ပိုဝက်လက်ဟင်းလျာ
(ဆုလာဘ်အညွှန်း: စီချွမ်ဟင်းလျာများ၏အဓိက ဟင်းလျာဖြစ်၍ ကျွမ်းကျင်စားဖိုမှူးအနေဖြင့် တတ်မြောက်ထားသင့်တယ်)
"တောင်းဆိုချက်စုဆောင်းတယ်ဆိုတာ ဖောက်သည်တွေစီကလို့ ဆိုလိုချင်တာလား။ စာသားတွေရော ထည့်တွက်လို့ရသလား" ယွမ်ကျိုး ချက်ချင်း ပြန်မေးသည်။
စနစ်က ဖော်ပြသည်။
"ဟုတ်တယ် မင်းပြောတာ မှန်တယ်။ မတူတဲ့ လူ၁၀၀ရဲ့တောင်းဆိုချက်ပဲ"
တောင်းဆိုချက် အခု၁၀၀က အရမ်းမခက်ခဲပေမဲ့ ပြည့်မှီအောင် လုပ်ဆောင်ရန်လည်း မလွယ်ကူချေ။
"အဓိကသင်ရိုးကို ပိုင်သွားလို့ တော်သေးတယ်" ယွမ်ကျိုးက ဆုလာဘ်ကို ကျေနပ်နေသည်။
စနစ်က ယွမ်ကျိုး၏စားသောက်ဆိုင်အတွက် အဓိကဟင်းလျာသင်ရိုးကို ထောက်ပံ့ပေးထားသင့်သည်။
"အရန်မစ်ရှင် နဲ့ အဓိကမစ်ရှင်။ သူတို့ချင်း ဆက်နွှယ်နေပုံပဲ" ယွမ်ကျိုးက မစ်ရှင်ကို ထပ်တလဲလဲ ဖတ်ရှုနေပြီး ရုတ်တရက် မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ ဒီလိုပဲ ဖြစ်ရမယ်" ယွမ်ကျိုး၏မျက်နှာက အပြုံး ထုတ်ဖော်သည်။ သူက ဖုန်းထုတ်လိုက်ပြီး သူ့အတွက် လိုအပ်သော အချက်အလက်များကို စတင်ရှာဖွေသည်။
တစ်ဦးတည်းဂိမ်းကစားလေ့ရှိသော ယောက်ျားတစ်ယောက် အနေဖြင့် ဆွေးနွေးပွဲ လုပ်ဆောင်ရန် လွယ်ကူသည်။
အစားအသောက် ဆွေးနွေးပွဲ ပြုလုပ်လေ့ရှိသော စီနီယာ
စွန်းမင်က သူ့ကို မိတ်ဆက်ပေးထားသောနေရာလည်း ဖြစ်သည်။
ပထမဆုံးမစ်ရှင်က ဒေသကိုယ်စားပြုစားသောက်ဆိုင်တစ်ဆိုင် ဖြစ်လာရန် ဖြစ်၏။ ဤအခြေအနေကို ရောက်ရှိရန်က ကျော်ကြားမှုများ လိုအပ်သည့်အပြင် ကိုယ်တိုင်ကြော်ငြာ၍လည်း မရပြန်။ သို့သော်လည်း နယ်မြေငယ်လေးအတွင်းသာ ကျော်ကြားရန် မကန့်သတ်ထားချေ။
ယခုကာလတွင် သူကိုယ်တိုင် မကြော်ငြာနိုင်၍ အစားအသောက်မြေပုံက သူ့ကိုယ်သူ ကြော်ငြာရန် အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မည်။
တခြားဒေသမှ ခရီးသွားများ၏အကူအညီဖြင့် အရန်မစ်ရှင် ပြီးမြောက်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဆိုင်ခွဲဖွင့်ရန် တောင်းဆိုချက်ကို ဆိုင်က အစားအသောက်များ ဝယ်ယူစားသောက်ခွင့် မရသော စားသုံးသူများထံမှ ရရှိနိုင်သည်။
အစားအသောက်အတွက် ဝေးဝေးလံလံ ခရီးမသွားချင်သူ အများကြီး ရှိနေ၍ ဆိုင်ခွဲဖွင့်ပေးရန် လိုအပ်သည်။ သို့သော်လည်း လူအများစု၏တောင်းဆုက ဆိုင်ဖွင့်ချိန် တိုးမြှင့်ပေးရန် ဖြစ်သည်။
ချန်ဒူမြို့က သက်သောင့်သက်ရှိသော လူမှု့ပတ်ဝန်းကျင်၊ ပထဝီဝင်အနေအထားများကြောင့် ကျော်ကြားသည်။ ၂နှစ်အတွင်း အလျင်အမြန် တိုးတက်မှုကြောင့် လူအများစုက လာရောက်လည်ပတ်ကြသည်။ ထို့အပြင် ဤမြို့က အစားအသောက်မြို့တော်အဖြစ် လူသိများကျော်ကြားသည်။ ခရီးသွားလည်ပတ်ခြင်း အပြင် ဤဒေသ၏စားကောင်းသောက်ဖွယ်များကို မြည်းစမ်းနိုင်သည်။
ဤဆွေးနွေးပွဲက စီနီယာအစားအသောက်ဝါသနာရှင်များ စုစည်းနေသောနေရာ ဖြစ်သည်။ တခြားစားသုံးသူများ၏ထောက်ခံချက်ကို ဖတ်ရှုရန် ဤနေရာသို့ လာရောက်လေ့ရှိသည်။
ထို့ကြောင့် ယခုအချိန်မှာ ယွမ်ကျိုး လုပ်ဆောင်ရမည့်အလုပ်က ဆွေးနွေးပွဲ၏သတင်းအသစ်များကို လေ့လာပြီး သူ့ဆိုင်ကောင်းကြောင်း ကြေညာရန် ဖြစ်သည်။
ဤဆွေးနွေးပွဲတွင် ပြောကြားသော အကြောင်းအရာများက အလျင်အမြန် ပြောင်းလဲလေ့ရှိသည်။ ဝဘ်ဆိုက်စာမျက်နှာကို ဖတ်ရှုနေရင်း သူ့စားသောက်ဆိုင်က ဆွေးနွေးမှုစာရင်းထဲ ပါဝင်နေ၍ အံ့ဩနေရသည်။
သူက စိတ်လှုပ်ရှားသော ခံစားချပ်ဖြင့် အကြောင်းအရာကို ဖွင့်ဖတ်ရှုသည်။ ဟင်းချက်အရသာကို မြည်းစမ်းသော ဆောင်းပါး ဖြစ်နေသည်။
[ယခင်စီနီယာစားသောက်သူရဲ့ ထောက်ခံချက်အရ ငါတော့ ယွမ်ကျိုးရဲ့စားသောက်ဆိုင်ကို သွားခဲ့တယ်။ ဒါဆိုရင် ကောင်းကျိုး ဆိုးကျိုးကို အခုပဲ ပြောမယ်]
စာဖတ်ခါစတွင် ယွမ်ကျိုး၏စိတ်ဝင်စားသော ခံစားချက်ကို လှုံ့ဆော်ပေးသည်။
[ပထမဆုံး အနေနဲ့ပြောချင်တာတော့ ငါက ဆင်းရဲတယ်လေ။ ဒါကြောင့်မို့ ကြက်ဥထမင်းကြော်လေး တစ်ပွဲပဲ မှာနိုင်တယ်။ တခြားသူတွေပြောသလိုပဲ ကြက်ဥထမင်းကြော်က တရုတ်ဟင်းလျာတွေထဲမှာ အခြေခံအကျဆုံး ဟင်းလျာပဲ။ အဲဒီဟင်းလျာကိုတောင် မချက်ပြုတ်နိုင်ရင် ငတုံးငအ ဖြစ်သွားပြီ]
[ကြက်ဥထမင်းကြော်ရဲ့ အရသာနဲ့ အရောင်အဆင်းက စင်းလုံးချောပဲ။ ထမင်းစေ့တစ်လုံးချင်းစီကို ရွှေရောင်ကြက်ဥအနှစ်နဲ့ လွှမ်းခြုံထားပေးတော့ ရွှေတောင်ကြီးလို့တောင် ထင်မိတယ်။ ဟင်းပွဲချပေးတော့ စားဖို့တောင် မေ့လျော့ပြီး ငေးကြည့်နေမိတယ်]
ကြက်ဥထမင်းကြော်က်ု ဓာတ်ပုံရိုက်သူများပင် ရှိသည်။
[ထူးခြားချက် နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ကြက်ဥနဲ့ ထမင်းပဲပါတဲ့ ကြက်ဥထမင်းဆိုတာပဲ။ ဒုတိယတစ်ချက်က ဟင်းပွဲလာချတုန်းက ဘာအနံ့မှ မရဘူး။ ခံတွင်းထဲ ရောက်သွားမှ မွှေးရနံ့ကို ခံစားမိတာ အမှန်ပဲ မွှေးရနံ့က ထမင်းကနေ ရတာပဲ။ သူဌေးယွမ်ရဲ့လက်ရာက အံ့မခန်းပဲ]
ဆောင်းပါးထဲမှ ချီးမွမ်းစကားများကို ဖတ်ရှုနေစဉ် ယွမ်ကျိုး အချီကြီး ပြုံးနေသည်။
[ကောင်းကျိုးကို ပြောပြီးဆိုတော့ ဆိုးကျိုးတွေကို ပြောမယ်။ တခြားစားသုံးသူတွေကိုယ်စား သူဌေးယွမ်ကို မေးခွန်းတစ်ခု မေးချင်တယ်။ ဟင်းတစ်ပွဲမှာ ပါတဲ့ပမာဏက နည်းလွန်းလို့ ကောင်မလေးတွေစားဖို့ပဲ ဖန်တီးထားသလား။ ဒါက လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံတာပဲ]
[၁၈၈ယွမ်တန် ကြက်ဥထမင်းကြော်ကို စားပြီးတာတောင် ဗိုက်မပြည့်ဘူး။ စားလို့စားခဲ့မှန်းတောင် မခံစားမိဘူး။ သူဌေးယွမ်ရဲ့ အရသာရှိတဲ့ဟင်းပွဲကို စားပြီးမှ အဲဒီလို ခံစားရတာပဲ။ ငါ့ရဲ့ဆုံးရှုံးနစ်နာမှုတွေကို ဖြေရှင်းပေးဖို့ တည်တည်ငြိမ်ငြိမ် သတိပေးချင်တယ်]
ပြတ်ပြတ်ပြတ်သား ပွင့်ပွင့်လင်းလင်းပြောသော ခနဲ့မှုက ယွမ်ကျိုးကို အတော်အတန် စိတ်လှုပ်ရှားစေသည်။
"ဟင်းပွဲက နည်းလွန်းတာလား။ ဒါပေမဲ့ ငါတော့ လုံလောက်တယ်လို့ ခံစားမိတယ်။ နှစ်ပွဲလောက်ဆို ဗိုက်ဝနိုင်ပါတယ်"
တခြားသူတွေက သူ့အသံကို မကြား၍ ကံကောင်းသွားသည်။ ကြားသွားလျှင် သူ့ခြေထောက် မသန်မစွမ်း ဖြစ်သွားသည်အထိ ဝိုင်းရိုက်ကြလိမ့်မည်။
ထို့နောက် သူက အကြောင်းအရာကို ဆက်လက်ဖတ်ရှုသည်။
[အစားအသောက် မက်မောရုံနဲ့ အဲဒီဆိုင်ကို မသွားနဲ့။ နံရံရှုခင်း လှလှလေးက လွဲရင် ဆွဲဆောင်မှုရှိတာ ဘာမှ မရှိဘူး။ ဆိုင်တွင်း ဆိုင်ပြင် အလှဆင်ထားတာက သာမန်ဘပဲ။ ဆိုင်က အရမ်းသေးလို့ သူဌေးယွမ်က မတ်တတ်ရပ်စားခွင့် မပေးထားဘူး။ ဒီလိုဆိုရင်လည်း စားပွဲနှစ်ခုံလောက် ထပ်ထည့်လိုက်ပါလား"
ဤစာရေးသားသူကို ယွမ်ကျိုးက သေချာအကဲခတ်နေသည်။ ထို့နောက် သူက စနစ်နှင့် ညှိနှိုင်းသည်။
"စနစ် လမ်းဘေးဆိုင်လေး ဖွင့်တော့မယ်။ အခုက ထိုင်ခုံ၁၀ခုံပဲ ရှိတော့ အဆင်ပြေမယ်လို့ မထင်ဘူး" ယွမ်ကျိုးက တံခါးပေါက်ကို ငေးကြည့်ရင်း ပြောသည်။ ပန်းအိုးကလည်း ကြည့်ရဆိုးလွန်းသည်။
စနစ်က ဖော်ပြသည်။
"ဆိုင်ရှင် အဆင့်တက်အောင်ပဲ ကြိုးစားပေးပါ"
"ငါ အဆင့်တက်သွားရင် ထိုင်ခုံများများ ရမှာလား" ယွမ်ကျိုးက စနစ်၏အဖြေကို ချက်ချင်း လျစ်လျူရှုလိုက်ပြီး သူ သိချင်သည့်မေးခွန်းကို မေးမြန်းသည်။
စနစ်က ဖော်ပြသည်။
"ဆိုင်ရှင်၊ မစ်ရှင် ပြီးမြောက်ဖို့ပဲ အလုပ်ကြိုးစားပေးပါ"
"ငါ့ကို တစ်ခုခု ထုတ်မပြောနိုင်ဘူးလား" ယွမ်ကျိုးက မျှော်လင့်ချက်ကို လက်လွှတ်ချင်သော ဆန္ဒ မရှိပေ။
ထိုင်ခုံအရေအတွက် များလာလျှင် စားသုံးသူအရေအတွက် တိုးလာနိုင်သည်။ ထို့ကြောင့်လည်း ယွမ်ကျိုးက စိုးရိမ်နေခြင်း ဖြစ်သည်။
စနစ်က ယွမ်ကျိုး၏တောင်းဆိုမှုကို ကြားနေမြဲ ဖြစ်၍ သူ့ကို လျစ်လျူရှုထားသည်။
"ကောင်းပြီ။ နင် နိုင်တယ်။ မစ်ရှင်ကို သွားစစ်ဆေးတော့မယ်" ယွမ်ကျိုးက ကူကယ်ရာမဲ့အမူအရာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဆွေးနွေးပွဲကို ဆက်လက်ဆွေးနွေးသည်။
ယခုသူ့မျက်နှာအမူအရာက သူ့ကြောင့် စိတ်ညစ်သွားသည့် ဝူဟိုင်း၏မျက်နှာအမူအရာနှင့် အသွင်တူသည်။
[အရေးတကာ့အရေးကြီးဆုံး အချက်ကတော့ နာမည်ကြီး စားသောက်ဆိုင်ကြီးမှာ သန့်စင်ခန်း မရှိတာပဲ။ အချိန်အကြာကြီး တန်းစီစောင့်ခဲ့တော့ သန့်စင်ခန်းသွားဖို့ လိုအပ်တယ်မလား။ သူဌေးယွမ်... ခင်ဗျားရဲ့ကျောက်ကပ် တကယ်ကောင်းတာပဲ]
"စားသောက်ဆိုင်ကြီးထဲမှာ သန့်စင်ခန်းထားသင့်တယ်မလား"
ယွမ်ကျိုးက သူ့နဖူးကို ပွတ်သပ်ရင်း တည်ငြိမ်စွာ ပြောသည်။
အပိုင်း(၂၅၄)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၂၅၅)
ယွမ်ကျိုးက သူ့စားသောက်ဆိုင်ကို ချီးမွမ်းထားတဲ့ ဝေဖန်ချက်များနှင့် အကဲဖြတ်မှုမှတ်တမ်းများကို ကြည့်ရှုပြီး အတော်အတန် စိတ်ကျေနပ်မှု ရှိသွားသည်။ အသေးအမွှားပြဿနာများဖြစ်သည့် သန့်စင်ခန်းမရှိခြင်း၊ ဆိုင်ခန်းကျဉ်းမြောင်းခြင်းနှင့် ကားပါကင်မရှိခြင်းတွေက ပြဿနာကြီးကြီးမားမားမဟုတ်ချေ။
"ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဆိုင်ရဲ့ဂုဏ်သတင်းက မဆိုးဖူးဘဲ"
ယွမ်ကျိုးက ရလဒ်ကိုကြည့်ပြီးတော့ အတော်လေးကျေနပ်နေသည်။ ထို့နောက် သူက အင်တာနက်မှတစ်ဆင့် အစားအသောက်ဆိုင်ခန်းများရှိသည့်မြေပုံကို ရှာဖွေသည်။
အဆင့်မြှင့်တင်ထားသည့် အစားအသောက်မြေပုံတွင် ယွမ်ကျိုး၏စားသောက်ဆိုင်က စာရင်းပြုစုထားသည့်အထဲ ပါဝင်နေသည်။ သို့တိုင် ကျော်ကြားသောစားသောက်ဆိုင်များကဲ့သို့ သိသာထင်ရှားမှု မရှိချေ။ World Foodie Hotelက သူ့ရဲ့အရှေမှာ
ရှိနေသည်။ ဆိုင်ခန်းအနေအထားနှင့် တည်နေရာက သူ့စားသောက်ဆိုင်ထက် သာလွန်နေသည်။ သူ့စားသောက်ဆိုင်၏ဟင်းချက်အရသာက ပို၍ကောင်းမွန်သည်ဟု ချီးမွမ်းကြသည့်အတွက် ယွမ်ကျိုး သူ့ကိုယ်သူ ပို၍ ယုံကြည်မှုရှိလာသည်။ ယခုအချိန်တွင် အရေးအကြီးဆုံးလုပ်ရမည့်အလုပ်က အရံမစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။
ယွမ်ကျိုးက အွန်လိုင်းဈေးဝယ်Websiteကို ဖွင့်လိုက်ပြီး တချို့သောပစ္စည်းများကို စတင်ဝယ်ယူသည်။ နေရာဒေသကို လေ့လာစစ်ဆေးပြီးမှသာ ပစ္စည်းများကို ဝယ်ယူသည်။ ထိုမှသာ နေ့ချင်းပြီး သူ့လက်ထဲသို့ ပစ္စည်းများ ရောက်ရှိလိမ့်မည်။ ယွမ် ၅၀၀ နီးပါးကို ဖြုန်းပြီးနောက် ယွမ်ကျိုးက Websiteကို ပိတ်လိုက်သည်။ ဆွေးနွေးပွဲကို ကြည့်ရင်း ယွမ်ကျိုးက သူ့ကို ကူညီခဲ့ဖူးသောသူငယ်ချင်းတစ်ယောက်အကြောင်းကို ပြန်တွေးမိသည်။ ထို့နောက် သူ့ဖုန်းနံပါတ်ကို ရှာလိုက်ပြီး ဖုန်းခေါ်လိုက်သည်။
"စွန်းမင်၊ မနက်ဖြန် မင်း အားလား"
ဖုန်းကိုင်ကိုင်ချင်း ယွမ်ကျိုးက ချက်ချင်းပြောလိုက်သည်။
"ဟေး နောက်ကျမှ ဖုန်းခေါ်လို့ပါလား။ ငါ့ကို အရက်တိုက်မလို့လား"
စွန်းမင်က ညဖက် အဆာပြေမုန့်သွားစားနေခြင်းဖြစ်သည်။ ယွမ်ကျိုးရဲ့စကားအဆုံးသတ်ပြီးနောက် တူချလိုက်ပြီး ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ်၊ ငါ ကျွေးမှာပေါ့။ လာစားလေ"
ယွမ်ကျိုးက လွယ်လင့်တကူ ပြန်ပြောသည်။
"ထူးဆန်းလှချည်လား။ မင်း ငါ့ကို ဘာမကောင်းကြံမလို့လဲ။ တည့်ပြောစမ်းပါ"
စွန်းမင်က သတိအနေအထားဖြင့် ချက်ချင်းပြန်ပြောလိုက်သည်။ ဖုန်းကိုကိုင်ရင်း ယွမ်ကျိုးက ခဏနှုတ်ဆိတ်နေပြီးမှ စကားပြန်ပြောသည်။
"ဟင်းလျာအသစ်ထွင်ထားလို့ မင်းတို့ကို အရသာမြည်းခိုင်းမလို့ပါ။ အရသာမြည်းပေးဖို့ မျှော်လင့်ပါတယ်"
ယွမ်ကျိုး၏တိတ်ဆိတ်နေခြင်းက မိမိကိုယ်ကို ဆန်းစစ်နေခြင်း မဟုတ်ပေ။ ထို့အစား စွန်းမင်ကို စကားများလွန်းသည်ဟု တွေးနေခြင်းဖြစ်လောက်သည်။
"ဒါဆိုရင်လည်း ပြီးရောလေ။ KFCနဲ့ တခြားသူငယ်ချင်းတွေပါ ခေါ်လာမယ်"
စွန်းမင်က စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ ယွမ်ကျိုးက သူတို့အားလုံးကို ဒကာတစ်ခါခံဖူးသည့်အကြောင်းအရာကို သူ လုံးဝမေ့လျော့သွားခြင်း ဖြစ်နိုင်သည်။
"အွန်း ကောင်းပြီလေ။ ဒါဆိုရင် မနက်ဖြန်ညနေပိုင်း လာခဲ့။ စောစောလာခဲ့နော်။ မင်းတို့နောက်ကျသွားရင် ထိုင်ခုံမရပဲနေလိ့မ်မယ်"
ယွမ်ကျိုးက သူ့ကို အသေးစိတ်ညွှန်ကြားလိုက်သည်။
"ကောင်းပြီ။ ငါ နားလည်ပါပြီ။ မင်းရဲ့စားသောက်ဆိုင်ကို လာတဲ့ဖောက်သည်အရေအတွက်က အရမ်းကိုများတယ်။ ဒါကြောင့်မို့လို့ ကားပါကင်တစ်ခါထိုးဖို့ အင်မတန် ခက်ခဲတယ်"
ကားလမ်းပိတ်သည့်အကြောင်းကို တွေးမိသောအခါ စွန်းမင် လှောင်ရယ်မိသည်။
"ဒါဆိုရင်လည်း ဘိုင့်ဘိုင်"
ယွမ်ကျိုးက သူပြောချင်သည့်အချက်ကို ပြောပြီးသည့်နောက်မှာ ချက်ချင်း ဖုန်းချလိုက်သည်။
"ဟွန်း ဒီလိုချည်းပဲ။ ဒီကောင်က ချက်ချင်း ဦးအောင် ဖုန်းချလိုက်တယ်"
စွန်းမင်က မပြောရသေးသည့် စကားအများကြီးရှိပုံ ပေါ်လွင်သည်။ သို့သော်လည်း သူ့သူငယ်ချင်းက ဖုန်းချသွား၍ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
အရက်ဆိုင်ပိတ်ချိန် နီးကပ်လာပါပြီ။ ထိုအကြောင်းကို တွေးမိသောအခါ အလှဆင်ထားသောနံရံက ပွင့်လာပြီး အထဲမှ ဖောက်သည်များ တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။
"သူဌေးယွမ်၊ ဒီမှာ ရှိနေသေးတာလား။ ဒါဆို အပေါ်တက်ခဲ့တာ မဟုတ်ဘူး။ ငါတို့နဲ့အတူ ဆော့လို့ရတာပေါ့"
ကျန်းချန်ရှီးက ချိုသာစွာ ပြောလိုက်သည်။ သူမ၏ပါးမို့မို့လေးတွေ အနီရောင်သမ်းနေပြီး နှစ်လိုဖွယ်ကောင်းသော အမူအရာက ပေါ်လွင်နေသည်။
"ဆိုင်ကို လာရောက်အားပေးလို့ ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက သူမ မေးမြန်းတဲ့မေးခွန်းကို ပြန်မဖြေဘဲ ကျေးဇူးတင်စကားသာ ပြောလိုက်သည်။
"သူဌေးယွမ်၊ ရှင်က အရမ်းကို ပျင်းစရာကောင်းတယ်။ ဒီညီမလေးမင်မင်ကိုတောင် စိတ်မဝင်စားဘူးနော်"
ယွမ်ကျိုးကို အထင်အမြင်သေးတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီးတော့ ကျန်းချန်ရှီးက ရှန်မင်ကို နှုတ်ဆက်စကားပြောလိုက်သည်။
"ဒီလေဒီကျန်းကတော့ သူဌေးယွမ်ကို အမြဲတမ်းကျီစယ်တယ်"
ဖန်းဟွမ်က ပြုံးကာ စကားပြောသည်။
"နောက်တစ်ခေါက် လာရောက်အားပေးပါဦး"
ယွမ်ကျိုးက သူ့ကို စနောက်သည့်စကားလုံးများကို မသိချင်ယောင်ဆောင်ပြီးတော့ စကားလမ်းကြောင်းလွှဲသည်။
"ခင်ဗျားက တကယ့်ကို ပျင်းစရာကောင်းပါတယ်"
ဖန်းဟွမ်ကလည်း ယွမ်ကျိုးကို ငြီးငွေ့စရာကောင်းသောလူဟု သတ်မှတ်လိုက်ပြီး ဆိုင်မှ ထွက်ခွာသွားသည်။
ရှက်သွေးဖြာနေတဲ့မိန်းမပျိုလေး ရှန်မင်က သူတို့ပြောနေသောစကားများကို ကြားသောအခါ စကားပြန်မပြောနိုင်သည်အထိ ရှက်ရွံ့နေသည်။ သို့သော်လည်း ယွမ်ကျိုးက ခပ်တည်တည်မျက်နှာထားနှင့် မော်ကြွားသောအမူအရာကို ဆက်လက်ထိန်းသိမ်းထားသည်။ ကျန်ရှိနေသေးသည့်အရက်သမားတွေက ယွမ်ကျိုးရဲ့ဝါသနာနှင့်ပတ်သက်ပြီး ကျီစယ်ခြင်းမရှိခဲ့ပေ။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ဆိုင်မှ စနစ်တကျ ထွက်ခွာသွားကြသည်။
စားသုံးသူဖောက်သည်အားလုံး ပြန်သွားပြီးနောက် ရှန်မင်က ဒုတိယထပ်သို့ အလျင်အမြန်ပြန်သွားပြီး သန့်ရှင်းရေးလုပ်ဆောင်သည်။ ထိုနည်းတူ ယွမ်ကျိုးကလည်း စိတ်သက်သာရာရဟန်ဖြင့် သူ့အိမ်အပေါ်ထပ်သို့ တက်သွားသည်။ သို့သော်လည်း ယွမ်ကျိုးက အချိန်အတော်ကြာသည့်တိုင်အောင် တံခါးပိတ်သည့်အသံကို မကြားခဲ့ရပေ။
ထူးဆန်းနေသည်ဟု ခံစားမိ၍ သူ့အခန်းပြတင်းပေါက်ကို ဖွင့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ရှန်မင်က အရက်ဆိုင်၏လူသွားစင်္ကြလမ်းမှတစ်ဆင့် အောက်ထပ်သို့ ဆင်းလာပြီး တံခါးကို အလောတကြီးပိတ်သည်။ တံခါးကို သေချာပိတ်ပြီးနောက် ကားဂိတ်သို့ ၁၀၀ မီတာအမြန်နှုန်းဖြင့် ပြေးသွားသည်။ သို့သော်လည်း နောက်ဆုံးဘတ်စ်ကားက ရှန်မင်အနားမှ ဖြတ်သွားသော်လည်း ကားရပ်ပေးမည့်ရည်ရွယ်ချက် မရှိပေ။
ရှန်မင်က ကားမှတ်တိုင်မှာ မတ်တပ်ရပ်နေပြီး ကြောင်တောင်တောင်နှင့် ငေးကြည့်နေသည်။
ယွမ်ကျိုး၏အမြင်အာရုံတွင် ဤမြင်ကွင်းအားလုံးကို သေသေချာချာ မြင်တွေ့ရသည်။ ယွမ်ကျိုးက ပြတင်းပေါက်မှာ တိတ်တဆိတ်မတ်တပ်ရပ်နေပြီး အပြင်ဘက်မှာရှိသော လမင်းကြီးက ထိန်ထိန်သာနေပြီး လမ်းသွားလမ်းလာများကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ အပြင်ဘက်တွင် နည်းပါးလွန်းပြီး မရှိသလောက် ရှားပါးနေသည်။ ရှန်မင်တစ်ယောက်တည်း ဘတ်စ်ကားဂိတ်မှာ မတ်တတ်ရပ်နေသည်။ သူမက ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းစတင်ခေါ်လိုက်သည်။
"ကျာကျာ၊ နင်ဘယ်မှာလဲ"
ရှန်မင် ပထမဦးဆုံးခေါ်လိုက်သည့်သူက ကျိုကျာဖြစ်သည်။
"ညနေခင်းကောလိပ်မှာပဲ ရှိသေးတယ်လေ။ အတန်းပြီးဖို့အတွက် ၁၀ မိနစ်လောက်လိုသေးတယ်"
ဖုန်း၏တခြားတစ်ဖက်တွင်ရှိသော အသံပိုင်ရှင်၏အသံသည် တိုးလျလွန်းသည့်အတွက် ကျိုကျာက တခြားသူများမသိအောင် ဖုန်းခိုးပြောနေခြင်း ဖြစ်နိုင်သည်။
"ဘာဖြစ်လို့လဲ"
ရှန်မင်ပြောသည့်စကားသံကို မကြားရ၍ ကျိုကျာက စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။
"ဘာမှထူးထူးခြားခြားတော့ မရှိပါဘူး။ အတန်းဆက်တက်ပါ"
ရှန်မင်က ရှက်ကိုးရှက်ကန်းပြန်ပြောသည်။ ထို့နောက် ကျိုကျာက ဖုန်းကိုချလိုက်သည်။
ရှန်မင်က မည်သူ့ကို ဖုန်းခေါ်ရမလဲ မသိ၍ Contactကို လှန်လှောဖတ်ရှုနေသည်။ သူမ၏အခန်းဖော်နှင့်လည်း ကောင်းမွန်သောဆက်ဆံရေး မရှိသည့်အတွက် သူမကို လာခေါ်ရန်လည်း တောင်းဆိုမရချေ။ တက္ကစီငှားမည့်အကြောင်းကို တွေးမိသောအခါ သူမ၏အိတ်ထဲတွင် ယွမ် ၂၀ ထက်ပို၍ ရှိမနေပြန်။ ယခုကားဂိတ်မှ သူမ နေထိုင်သောကောလိပ်သို့ တက္ကစီငှားလျှင် အနည်းဆုံး ယွမ် ၂၀ ကုန်ကျနိုင်သည်။ Contactများကို တိတ်တဆိတ်လှန်လှောဖတ်ရှုနေစဉ် ရှန်မင်က ကူကယ်ရာမဲ့သောခံစားချက်ကို ခံစားမိသည်။ လူသူကင်းမဲ့သောလမ်းမကြီးက သူမကို ကြောက်စိတ်ဖြစ်ပေါ်စေသည်။ ရုတ်တရက် ကားမီးလင်းလာပြီး ကားတစ်စီးက သူမရှိနေသည့် ဘတ်စ်ကားဂိတ်သို့ လာရပ်သည်။ ရှန်မင်က ကြောက်လန့်တကြား ကြည့်လိုက်ပြီး ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။ ကားမောင်းသူက သက်လက်ပိုင်းအမျိုးသားဖြစ်သည်။ ရှန်မင်က စိုးရိမ်သောခံစားချက်များဖြင့် သူမ၏အိတ်ကို ဆုပ်ကိုင်ထားသည်။
"မင်မင်၊ ကားပေါ်တက်လေ။ ငါ မင်းကို လိုကိပို့ပေးမယ်"
ကားတံခါးရုတ်တရက်ပွင့်လာသည်။ ကားပေါ်မှဆင်းလာသောသူက စောနလေးတင် ဆိုင်မှပြန်သွားသည့် ကျန်းချန်ရှီးဖြစ်နေ၍ အတော်လေး အံ့ဩသွားရသည်။ ကားပေါ်မှ ဆင်းလာလာခြင်း သူမက ရှန်မင်ကို နွေးထွေးစွာ နှုတ်ဆက်စကားပြောသည်။
"အစ်မချန်ပါလား"
ရှန်မင်က စိတ်အေးလက်အေးဖြစ်သွားပြီး ပျော်ရွှင်စွာ စကားပြန်ပြောသည်။
"ဟုတ်တယ်။ တခြားဘယ်သူများ ဖြစ်နိုင်ဦးမလဲ။ နောက်ကျနေပြီ ကားပေါ်တက်လေ။ နင်နေတဲ့ကောလိပ်အထိ လိုက်ပို့ပေးမယ်"
ကားတံခါးနားမှာ မတ်တတ်ရပ်နေရင်း ကျန်းချန်ရှီးက ဖော်ရွေစွာ ပြုံးပြသည်။
"အနှောင့်အယှက်ပေးမိလို့ အားနာမိပါတယ်"
ရှန်မင်၏မျက်နှာက ပန်းရောင်သမ်းနေသည်။ မှောင်မိုက်နေသော ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း သူမ မငြင်းပယ်တော့ပဲ နာခံစွာ သဘောတူလိုက်သည်။ ကားပေါ်သို့ အလျင်အမြန်တက်ပြီးနောက် ရှန်မင်က ကျန်းချန်ရှီး၏ဘေးနားမှာ ထိုင်လိုက်ပြီး စိတ်အေးလက်အေးဖြစ်သွားသည်။
"ကားသမားပိုင်၊ ငါတို့ကို ကောလိပ်ရှိတဲ့မြို့ကို ပို့ပေးပါ"
ကျန်းချန်ရှီးက ရှန်မင်ကို ခေါင်းညိတ်ပြလိုက်ပြီးတော့ ကားသမားပိုင်ကို စကားပြောသည်။
"ဟုတ်ကဲ့ပါ"
ကားသမားပိုင်က ပြန်ဖြေလိုက်ပြီးနောက် ကားကို ရှေ့ဆက်မောင်းနှင်သည်။
"အနှောင့်အယှက်ပေးမိလို့ အားနာမိပါတယ် အစ်မချန်။ နောက်တစ်ခေါက်ဆိုရင် ကားခကို ကျွန်မပေးပါ့မယ်"
ခဏတွေးကြံပြီးနောက် ရှန်မင်က နာခံစွာပြောသည်။
"အနှောင့်အယှက်ပေးတယ်ဆိုတဲ့စကားကို မသုံးပါနဲ့။ ကျေးဇူးတင်တယ်လို့ ပြောရင် ရပြီလေ။ မင်းရဲ့သူဌေးကို ကျေးဇူးတင်စကားပြောသင့်တယ်"
ကားနောက်ကျောဆိုဖာကို မှီပြီးတော့ ကျန်းချန်ရှီးက ပေါ့ပေါ့ပါးပါးပြောသည်။
"ကျွန်မသူဌေးကို ကျေးဇူးတင်ရမှာလား။ ဘာဖြစ်လို့လဲ"
ရှန်မင်က ချက်ချင်း မေးမြန်းသည်။ သူမက ကျန်းချန်ရှီးပြောလိုက်သည့်စကားကို နားမလည်ပုံ ပေါ်လွင်သည်။ သို့သော်လည်း ကျန်းချန်ရှီးက သူမကို ပြန်မဖြေဘဲ သူ့ဘာသူ တီးတိုးရေရွတ်သည်။
'ဒီလူဟာ ကြင်နာတတ်တဲ့နှလုံးသားရှိမယ်လို့တောင် မထင်ခဲ့မိဘူး'
ထိုစကားကိုပြောပြီးနောက် သူမက ပြုံးရွှင်သောအမူအရာကို ဖော်ပြသည်။ သူမက အရက်သောက်ပြီးနောက် ဆိုင်မှ ထွက်သွားရန် ပြင်ဆင်နေသော်လည်း ယွမ်ကျိုးက သူမကို ရုတ်တရက် ဖုန်းခေါ်လာပြီး ကားမှတ်တိုင်မှာ စောင့်နေသည့်ရှန်မင်ကို သွားခေါ်ပေးရန် တောင်းဆိုခဲ့သည်။ ကျန်းချန်ရှီးကလည်း သဘောတူလက်ခံပေးခဲ့သည်။ သို့သော်ငြားလည်း
သူမက ရှန်မင်ကို ဤအကြောင်းနဲ့ပတ်သက်ပြီးတော့ ပြောကြားခြင်းမရှိခဲ့ပေ။ ထိုအကြောင်းကို ပြောလိုက်လျှင် ယွမ်ကျိုး၏ဂုဏ်သိက္ခာကို တခြားသူများက ဝေဖန်သွားနိုင်သည်။ ထို့ကြောင့် ရှန်မင် ပြောလိုက်သည့်စကားကို မကြားချင်ယောင် ဟန်ဆောင်နေခြင်းဖြစ်သည်။
သူမ၏ဘေးနားမှာထိုင်နေသော ရှန်မင်ကလည်း ကျန်းချန်ရှီး ပြန်မဖြေသောကြောင့် ထပ်မံမမေးမြန်းခဲ့ဘဲ သူမ နေထိုင်သည့်နေရာသို့ ရောက်မည့်အချိန်ကိုသာ တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။
အပိုင်း(၂၅၅)
ပြီးပါပြီ။