အခန်း (၂၅၉-၂၆၁)
Vol. 18 Ch. 259-261
ယွမ်ကျိုး အပိုင်း(၂၅၉)
“ဒီလိုစားကောင်းတဲ့အစားအသောက်ကို တစ်ယွမ်နဲ့ ရောင်းတယ်ဆိုတော့ ငါတို့ကို တစ်ယောက် တစ်ပွဲစီ ပေးလိုက်တော့”
စွန်းမင်က ပြောသည်။
“သုံးရမယ့် ဟင်းချက်အသုံးအဆောင် မလုံလောက်လို့ အခုတော့ တစ်ယွမ်တန် ဟင်းပွဲ မရသေးပါဘူး။ နောက်တစ်ခေါက်မှပဲ အားပေးပါ။ ဟုတ်ပြီလား”
ထိုစကားကိုပြောနေစဉ် ယွမ်ကျိုးက ဖက်ထုပ်ပြုလုပ်ရန် ပြင်ဆင်နေသည်။
“လူယုတ်မာ။ ဒီလိုပစ္စည်းကောင်းမျိုးကို ငါတို့အတွက် ဖယ်ထားပေးလို့ မရဘူးလား”
စွန်းမင်က မကျေမနပ် ပြောသည်။
“ကောင်းလွန်းလို့လည်း ပစ္စည်းပြတ်တဲ့အထိ ရောင်းကုန်သွားတာပေါ့” မျက်နှာဖုံးကို တပ်ဆင်ရင်း ယွမ်ကျိုးက အိုးထဲသို့ ရေဖြည့်လိုက်သည်။
“ပျားရည်ကျောက်ပွင့်က ဘာမှထူးခြားမှုတော့ မရှိပါဘူး။ မင်းလက်ရာမို့ အရသာရှိတာ ဖြစ်မယ်”
KFCက ဗလုံးဗထွေးပြောသည်။
“ပျားနို့လေ”
နားပါးလွန်းသော ယွမ်ကျိုးက သူ့ကို ချက်ချင်း ပြန်ပြောသည်။
“ဟမ်! ဘုရားသခင် ကောင်းချီးပေးထားတဲ့လက်ဆောင်ကို ဟင်းချက်တာ ထည့်သုံးရင်း ဖြုန်းပစ်စရာလား။ ဒါ အလဟဿ ဖြစ်စေတယ်ကွ။ ငါ့ကို ပေးလိုက်တာ မဟုတ်ဘူး။ ငါ သောက်မှာပေါ့”
စွန်းမင်က မတ်တတ်ရပ်လိုက်ပြီး တအံ့တဩ အော်ပြောသည်။
“စွန်း၊ ငါ နားမကန်းသေးပါဘူး”
ယွမ်ကျိုးက ခပ်တိုးတိုးပြောသည်။
“မင်းကို ကန်းနေတယ်လို့ပဲ ပြောလိုက်ချင်တော့တယ်။ ဒီလို အဖိုးတန်ပစ္စည်းကို တစ်ယွမ်နဲ့ ရောင်းရလား။ မင်းအစား ငါ ရင်နာတယ်”
ပျားနို့က ဈေးကောင်းရသော အဖိုးတန်ပစ္စည်း ဖြစ်ပြီး အတုအပ ပေါများသည့်တိုင် အတုအပသည်ပင် ဈေးကြီးလွန်းသည်။ သူ့ညီအစ်ကိုအကြောင်း သိနေ၍ သူက အတုကို မရောင်းလောက်ချေ။ သူ့ညီအစ်ကိုက ရိုးသားဖြောင့်မတ်သူဖြစ်၍ သူ့အကျင့်စာရိတ္တကို အကြွင်းမဲ့ယုံကြည်သည်။
“သူက မင်းရဲ့ကုန်ပစ္စည်းတွေကို ယူရောင်းတာ မဟုတ်ဘူးလေ။ မင်းက သံလိုက်အိမ်မြှောင်ကြီး ယွမ်ကျိုးထက်တောင် ငွေကို ချစ်နေသေးတယ်လား” KFCက ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်သည်။
“မဟုတ်ပါဘူး။ ငါက သူ့ကိုယ်စား ရင်နာလို့ပါ”
စွန်းမင်က ယွမ်ကျိုးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ဈေးပေါတဲ့ တစ်ယွမ်တန်ဟင်းပွဲကို မစားလိုက်ရလို့ မင်း ရင်နာနေတယ်လို့ပဲ ထင်တယ်”
KFCက သူ့ကို အယုံအကြည် လုံးဝမရှိ၍ အားမနာစတမ်း ပြောချလိုက်သည်။
“ငါလည်း အဲဒီလိုပဲ ထင်တယ်”
ဘေးနားရှိနေသော ယွမ်ကျိုးကလည်း ခေါင်းညိတ်လိုက်ပြီး လေးနက်သော အမူအရာကို ဟန်ဆောင်နေသည်။
“မင်းက မုန့်ညှက်လုပ်နေတာလား။ ဒါကို ရပ်လိုက်သင့်ပြီနော်။ ငါတို့က မင်းရဲ့လက်ရာကို စားဖို့ စောင့်နေတယ်ဆိုတာ သိရဲ့လား”
စွန်းမင်က သူ့ခံစားချက်ကို ထုတ်ပြောသည်။
“သူငယ်ချင်းကြီး၊ မင်းက တကယ်ကို ငတုံးပဲ။ ကျောက်ပွင့်ကို စကားထဲထည့်မပြောတော့ပါဘူး။ တန်ဖိုးရှိတဲ့ပျားနို့ကို တစ်ယွမ်နဲ့ ရောင်းရလား”
“စားသုံးသူတွေအတွက် ဈေးအသက်သာဆုံး ဟင်းပွဲကို ဖန်တီးပေးတာပါလို့ သံလိုက်အိမ်မြှောင်ကြီး ပြောထားတယ်လေ။ သူက စီးပွားရေးလုပ်နေတာလေ။ စားသုံးသူကိုလည်း ထည့်စဉ်းစားပေးရဦးမှာပေါ့။ ဒီလို သက်သက်သာသာနဲ့ ရောင်းချပေးတာလဲ အကြောင်းအရင်းရှိမယ်လို့ ငါ ထင်တယ်” KFCက အရောင်းဝန်ထမ်းဖြစ်၍ ဤဗျူဟာကို ကောင်းကောင်း နားလည်သည်။
သို့သော်လည်း ယွမ်ကျိုးက သူ တွေးထားသလို တွေးခဲ့ခြင်း မဟုတ်ချေ။ သူ့အတွက် ဟင်းလျာဈေးနှုန်း သတ်မှတ်ခွင့် ရခြင်းက ရှားရှားပါးပါး လုပ်ရပ် ဖြစ်၍ သူ့ဖုန်းမှာ ကံစမ်းမဲနှိုက်၍ ဈေးနှုန်း သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုစကားသံကြောင့် စွန်းမင်က ယွမ်ကျိုး၏အတွေးကို နားလည်သွား၍ တည့်တိုးပြောလာသည်။
“မင်း ပြောတာ မှန်ပါတယ်လေ။။ဒါဆိုရင် ငါ ပြောတာ မေ့လိုက်တော့။ စားဖို့သောက်ဖို့ပဲ စောင့်တော့မယ်”
ထို့နောက် သူတို့နှစ်ယောက်က ထိုင်ခုံမှာ နေရာယူလိုက်သည်။ ထို့နောက် သူတို့က ယွမ်ကျိုး၏လှုပ်ရှားမှုများကို တိတ်တဆိတ် စပ်စုကြသည်။
“ဖက်ထုပ်လုပ်ဖို့ မုန့်ညှက်လုပ်နေတာလား” စွန်းမင်က စပ်စပ်စုစု မေးမြန်းသည်။
“ဟုတ်တယ်လေ။ ချင်းဟွိုက်သရေစာ ရှစ်မျိုးထဲက နောက်တစ်ခုကို ဖန်တီးနေတာလေ”
ယွမ်ကျိုးက ပြန်ဖြေသည်။
“တောင်ပိုင်းသရေစာမုန့်လား။ မချိုဘူးမလား။ ချိုရင်တော့ လွှင့်ပစ်လိုက်တော့မယ်”
စွန်းမင်က မုန့်ချို မနှစ်သက်သူ ဖြစ်သည်။
“သူ ပြောတာ မကြားဘူးလား။ ဖက်ထုပ်လုပ်နေတာတဲ့။ ဖက်ထုပ်က ချိုပါ့မလား ငတုံးကောင်ရဲ့”
KFCက စွန်းမင်ကို မထီမဲ့မြင် ကြည့်လိုက်သည်။
“ဖြစ်နိုင်ပါ့မလား။ ခုခေတ်လူတွေက ဘာချက်ချက် သကြားထည့်ချက်တယ်ဟ” သူ့အတွေးနှင့် သူ စွန်းမင် ကိုက်ညီသွားသည်။
“ဟင့်အင်း။ မချိုဘူး”
ယွမ်ကျိုးက လေးနက်စွာ ပြန်ဖြေသည်။
“ဒါဆိုရင်တော့ ကောင်းတာပေါ့”
စွန်းမင် စိတ်အေးချမ်းသွားသည်။
“မင်း ဟိုတစ်ခါတုန်းက ပြောတာတော့ ဘဲဆီနှမ်းကပ်မုန့်ကလည်း ရတနာရှစ်ပါးမုန့်ထဲက တစ်ခုပဲလေ။ ဘာလို့ နောက်တစ်မျိုး ထပ်လုပ်ရတာလဲ”
KFCက သမရိုးကျ မေးခွန်းကို မေးမြန်းလိုက်သည်။
“ထူးခြားတဲ့မုန့်တိုင်းကို နှစ်မျိုးဖန်တီးမယ်။ ဒါက နောက်ဆုံးတစ်ခုပဲ။ ဖက်ထုပ်အပြင် တခြားမုန့်ချိုတွေလည်း ရှိသေးတယ်”
ယွမ်ကျိုးက ဖက်ထုပ်ပြုလုပ်ရန် ပြင်ဆင်ရင်း အေးအေးဆေးဆေး စကားပြန်ပြောသည်။
“ဘယ်တစ်မျိုးက ချိုတာလဲ”
KFCက စပ်စပ်စုစု မေးမြန်းသည်။ သူက မုန့်ချိုနှင့် မုန့်ငန် မကြိုက်သော အလေ့အကျင့် မရှိပေ။
“ယွမ်ရှောင်မုန့်(ပဲပေါင်းဖက်ထုပ်)”
ယွမ်ကျိုးက နာမည်ကို ပြောလိုက်ပြီးနောက်
“မြည်းကြည့်ချင်လား”
“ဒါပေါ့။ ငါ့ကို တစ်ခုပေးပါ”
KFCက ဟန်မဆောင်ဘဲ ချက်ချင်း သဘောတူလိုက်သည်။
“ငါတော့ မစားချင်ဘူး”
ယွမ်ကျိုးက သူ့ဘက် မလှည့်လာခင် စွန်းမင်က အလောတကြီး ငြင်းလိုက်သည်။
“မင်းကိုလည်း ထည့်မတွက်ပါဘူး”
စွန်းမင်၏စကားသံ အဆုံးသတ်ပြီးနောက် ယွမ်ကျိုး ပြန်ဖြေသည်။
“အွန်း”
ယွမ်ကျိုး၏ ပြောပုံဆိုပုံကြောင့် စွန်းမင် ကူကယ်ရာမဲ့အမူအရာဖြင့် အားတုံ့အားနာ ဖြစ်နေသည်။
“ဒီကောင်က ဟိုတယ်ရဲ့မီးဖိုချောင်အကူ လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ အလုပ်ဆက်လုပ်ရင်လည်း သူ့ပြောပေါက်ဆိုပေါက်ကြောင့် အလုပ်ပြုတ်မှာပဲ။ အခုတော့ ကိုယ့်လက်ရာနဲ့ကိုယ် ဆိုင်ဖွင့်ရင်း နာမည်ရလာတော့ အလုပ်ပြုတ်မှာလည်း စိုးရိမ်စရာ မလိုတော့ဘူး။ ကိုယ်ပိုင်စီးပွားရေးသာမလုပ်ရင် အဲဒီကောင် ငတ်သေသွားနိုင်တယ်”
စွန်းမင်က သူ့အတွေးနှင့်သူ ကျေနပ်နေသည်။
သိပ်မကြာခင်မှာပင် စားသောက်ဆိုင်က တိတ်ဆိတ်သွားသည်။ ယွမ်ကျိုး၏အပြုအမူကို စွန်းမင်နှင့် KFCတို့က တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
သူတို့နှစ်ဦးထံမှ မေးခွန်းများကို မကြားရသောအခါ ယွမ်ကျိုးက ဂျုံမှုန့်ထဲ ထည့်သည့် ရေအကြောင်း စိတ်ဝင်စားလာသည်။ တခြားရေနှင့် အတော်လေး ခြားနားနေသည်။ ရေခဲတမျှ အေးစက်သည်ဟု ထင်ရသော်လည်း ဂျုံမှုန်နှင့် ရောနှောလိုက်သောအခါ အနည်းငယ် နွေးနေသည်။
“စနစ်၊ အခုသုံးနေတဲ့ရေရဲ့ ကောင်းကျိုးက ဘာလဲ”
ယွမ်ကျိုးက စပ်စပ်စုစု မေးမြန်းလိုက်သည်။ ယခုလိုမေးခွန်းမျိုးကို စနစ်က တုံ့ပြန်လေ့ရှိသည်။
စနစ်က ဖော်ပြသည်။
“ချန်နျန့်ရွာက တွင်းရေ။ တွင်းရေပေါ် မနက်ခင်းနေရောင်ခြည်ကျပြီးရင် ရေမျက်နှာပြင်တက်လာတယ်။ အပေါ်ယံရေကိုပဲ ခပ်ယူထားတာပါ။ အဲဒီရေက အသားအရေကို စိုပြည်ဝင်းလဲ့စေတယ်”
“ဝိုး၊ ရုပ်ရည်ကြည့်ကောင်းအောင်လည်း လုပ်ပေးနိုင်တယ်လား”
ယွမ်ကျိုးက ကြည်လင်နေသော ရေအိုးကို ငေးကြည့်ရင်း အတော်လေး စိတ်ဝင်စားနေသည်။
သို့သော်လည်း ရေ၏အကျိုးသက်ရောက်မှုကို မစမ်းသပ်ကြည့်ခင် စနစ်က စကားလုံးတချို့ ဖော်ပြသည်။
“တစ်ညသိပ်ထားတဲ့ ကျင်းဟွာရေကို ကြုံသလို သုံးလို့မရပါဘူး။ အဲဒီလို လျှောက်သုံးနေရင် ရေထပ်မရပါဘူး။ အဲဒီရေကို သောက်သုံးလို့လည်း မရပါဘူး”
“ကောင်းပြီ။ နှမြောဖို့ကောင်းလိုက်တာနော်”
ယွမ်ကျိုး ကူကယ်ရာမဲ့ ဖြစ်သွားသည်။ ခဏလေးအတွင်းမှာပင် ဖက်ထုပ်ပေါင်းများ ရရှိသွားသည်။ ယွမ်ကျိုးက ဖက်ထုပ်အတွင်းသို့ ပဲများထည့်လိုက်သည်။ ကြည်လင်နေသော ဖက်ထုပ်ထဲမှ ပဲဖက်လေးများကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။
“ဝိုး ရနံ့လေးက မွှေးနေတာပဲ။ ဖက်ထုပ်ပြုတ်နဲ့တောင် ယှဉ်လို့ရတယ်”
စွန်းမင်က စိတ်မရှည်ဟန်ဖြင့် ပြောဆိုလိုက်သည်။
“တကယ်ကို မွှေးကြိုင်နေတာပဲ။ အချဉ်ရည်လေးနဲ့ တို့စားရရင် ပိုကောင်းမယ်”
KFCက သူ့အတွေးကို ထုတ်ပြောသည်။
“ဘယ်လိုပဲ စားရ၊စားရ ပြဿနာမရှိပါဘူးလေ။ အခုပဲ စားတော့မယ်”
စွန်းမင်က ဗန်းပေါ်မှာတင်လာသော ဖက်ထုပ်ကို တူဖြင့် ညှပ်ပြီး ချက်ချင်းစားလိုက်သည်။
“ရှာလကာရည်နဲ့ တွဲစားလို့ ရပါတယ်” ယွမ်ကျိုးက ဗန်းပေါ်မှ ရှာလကာရည်ပန်းကန်ပြားကို ညွှန်ပြသည်။
“အချဉ်ရည် မရှိပေမဲ့လည်း၊ ဒါဆိုရင်လည်း အဆင်ပြေပါတယ်လေ”
KFCက လက်သင့်ခံနိုင်သောအမူအရာဖြင့် ဖက်ထုပ်များကို စားသည်။
မည်သို့ပင်ဆိုစေကာမူ သူက ယွမ်ကျိုး၏စားသောက်ဆိုင်သို့ တစ်ခါမှ မလာခဲ့ဖူးချေ။ စွန်းမင်၏အိမ်မှာ ယွမ်ကျိုး ချက်ပေးဖူးသည့် ကြက်ဥထမင်းကြော်ကိုသာ စားဖူးသည်။ အရည်သွေးနိမ့်သော ကုန်ပစ္စည်းကို အသုံးပြုခဲ့ရ၍ အရသာကို အမှတ်ပြည့် မပေးနိုင်သည့်တိုင် ယွမ်ကျိုးက သူ့လက်ရာကို အကောင်းဆုံး ထိန်းသိမ်းသွားနိုင်သည်။ ထိုစဉ် စွန်းမင်က ဖက်ထုပ်၏အရသာထဲ နှစ်မြောနေသည်။
ယခုတစ်ခေါက် ယွမ်ကျိုး အသုံးပြုခဲ့သည့် ရှာလကာရည်က နောက်တစ်မျိုးဖြစ်သည်။ မွှေးရနံ့နှင့် ချဉ်သောအရသာကို ပေးစွမ်းသည့် ဆန်ရှာလကာရည် ဖြစ်သည်။
“မင်းရဲ့ဟင်းချက်လက်ရာကောင်းကြောင်း သတင်းကြားတာ ကြာပါပြီ။ အခုတော့ အလကားစားခွင့်ရတော့ ကံကောင်းတာပေါ့။ တန်ဖိုးထားပြီး သေချာသုံးဆောင်ပါ့မယ်”
KFCက ပြုံးရွှင်စွာ ပြောသည်။
“သုံးဆောင်ပါဗျာ”
ယွမ်ကျိုးကလည်း ပြုံးရွှင်ကာ ပြန်ပြောသည်။
“ဒါဆိုရင်တော့ ဟန်မကိုယ့်တော့ဘူး”
ထိုစကားကိုပြောနေစဉ် KFCက တူကို ယူလိုက်ပြီး စတင်သုံးဆောင်သည်။
အပိုင်း(၂၅၉)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၆၀)
KFCက ဖက်ထုပ်လေးများကို သေချာစွာ စားသည်။ လူတိုင်းအတွက် ရှာလကာရည်ပန်းကန်ပြားလေးများကို ချပေးထားသည်။ သူ့ရဲ့အကျင့်အတိုင်း ဖက်ထုပ်လေးကို ဖောက်လိုက်ပြီး ရှာလကာရည်တွေကို ဖက်ထုပ်ထဲ လောင်းထည့်ပစ်သည်။ ထိုမှသာ အရသာပို၍ကောင်းလာလိမ့်မည်ဟု ခံစားမိ၍ဖြစ်သည်။ KFCကို အံ့အားသင့်တဲ့ခံစားချက်ဖြစ်ပေါ်စေသည့်ခံစားချက်က ဒီဖက်ထုပ်လေးက လျှို့ဝှက်လက်နက်နှင့်တူနေသောကြောင့် ဖြစ်သည်။ ဖက်ထုပ်ထဲမှာ ပဲအနှစ်အရည်များကို မတွေ့ရဘဲ ပဲအနှစ်များကို ဖက်ထုပ်ထဲမှာ သေချာထည့်ထားပြီးတော့ လှပတဲ့ပုံစံကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။ ခံတွင်းထဲ ဝါးကြည့်မှာသာ ပဲအနှစ်ရည်များထွက်လာပြီးတော့ အရသာရှိသောခံစားချက်ကို ပို၍ဖြစ်ပေါ်စေသည်။ ပုံမှန်ဆိုလျှင် ဖက်ထုပ်အသားက အရသာမရှိပေ။ ယွမ်ကျိုး ဖန်တီးထားတဲ့ဖက်ထုပ်က အရသာရှိသည့်အပြင် ဝါးရတာလည်း တကယ်ကောင်းမွန်သည်။
ဖက်ထုပ်အသားကို ပထမဦးဆုံးမြည်းကြည့်လိုက်ခြင်းသာ ဖြစ်သည်။ ဖက်ထုပ်ထဲပါရှိသော အနှစ်အားလုံးကို ကုန်စင်အောင်စားပြီးမှ ကျန်ရှိနေသောဖက်ထုပ်အခွံကို ရှာလကာရည်ဖြင့် တွဲဖက်စားရန် ရည်ရွယ်ထားသည်။ ထို့နောက် ဖက်ထုပ်အသားကို ရှာလကာရည်ထဲ နှစ်ချလိုက်သည်။ နီညိုအောင်ဝါးတူလေးဖြင့် ဖက်ထုပ်ကို ညှပ်လိုက်စဉ် ဖက်ထုပ်အသားလေးက တူနှင့်အတူ အလိုက်သင့်ပါလာသည်။
"ထင်ထားတဲ့အတိုင်းပဲ။ အနှစ်တွေအားလုံး ကုန်သွားပြီ"
KFCက ကျန်ရှိနေသောဖက်ထုပ်အသားကို ကျေနပ်အားရသောအမူအရာဖြင့် သူ့ပါးစပ်ထဲ အလောတကြီးထည့်လိုက်သည်။
"အိုး .. အိုး .. အိုး .. ပူလိုက်တာ။ အရမ်းပူတာပဲ"
KFCက ပူသည်ဟူသောစကားလုံးကိုသာ အလေးထားပြောနေသည်။ ဖက်ထုပ်အသားက ပူနေသည့်တိုင် KFCက ထွေးထုတ်ပစ်ရန် အင်တင်တင်ဖြစ်နေသည်။ KFC၏မျက်နှာက တုံ့ဆိုင်းသောအမူအရာကို ဖော်ပြနေသည်။ ကံကောင်းထောက်မစွာဖြင့် ဖက်ထုပ်အသား၏အပူချိန်က တဖြေးဖြေး လျော့ကျသွားပြီး မျိုချနိုင်သည့်အနေအထားသို့ ရောက်ရှိသွားသည်။ ထိုမှသာ KFCက ဖက်ထုပ်အသားကို သေချာဝါးပြီး မျိုချလိုက်သည်။
"အရမ်းကို အရသာရှိလွန်းလို့ လျှာတောင် ကျက်သွားတယ်"
KFCက ဖက်ထုပ်လေးများကို ကျေနပ်ဟန်ဖြင့် ငေးကြည့်နေသည်။
"အရင်တစ်ခေါက်က ငါတို့စားခဲ့တဲ့ထမင်းကြော်က မင်းရဲ့တကယ့်ဖန်တီးမှုစွမ်းရည်ကို မဖော်ပြဘူး"
စွန်းမင်ပြောခဲ့သည့်စကားလုံးများကို တွေးမိသောအခါ KFCက သက်ပြင်းချလိုက်ပြီး ထိုစကားကိုပြောလိုက်သည်။
"ဟင့်အင်း"
စွန်းမင်က ဘေးနားမှာထိုင်နေပြီး ဖက်ထုပ်ပေါင်းများကို ပျော်ရွှင်စွာ စားသုံးနေသည်။ ထို့ကြောင့် ခေါင်းညိတ်ထောက်ခံရန်သာ စွမ်းဆောင်နိုင်သည်။ သူက အရသာရှိသောဖက်ထုပ်များကို ပလုပ်ပလောင်းစားနေ၍ စကားမပြောနိုင်ပုံ ပေါ်လွင်သည်။
"ယခင်တစ်ခေါက်သုံးခဲ့တဲ့ ဟင်းချက်အသုံးအဆောင်တွေနဲ့ အခုသုံးတဲ့အသုံးအဆောင်တွေနဲ့ မတူလို့ပါ။ ဒါပေမယ့် အရင်တစ်ခေါက်တုန်းက ငါ့ရဲ့အရည်အချင်းအားလုံးကို ထုတ်သုံးထားပါတယ်"
ယွမ်ကျိုးက သူ့ရဲ့ညီအစ်ကိုတွေကို ပွင့်ပွင့်လင်းလင်းပြောသည်။
အဲ့ဒီအချိန်တုန်းက သူ့ရဲ့ဟင်းချက်လက်ရာက ယခုလောက်အထိ မကောင်းမွန်သေးချေ။ တူညီသောအသုံးအဆောင်ပစ္စည်းများကို အသုံးပြုထားသည့်တိုင် သူ ယခု အဆင့်၂ကို ရောက်ရှိနေ၍ သူ့ဟင်းလျာအရသာများက ယခင်ထက် ပို၍ကောင်းမွန်နေလိမ့်မည်။
"ဟုတ်တယ်။ ဟုတ်တယ်။ မင်းတို့ပြောတာမှန်တယ်"
ယွမ်ကျိုးက လေးနက်သောအမူအရာဖြင့် ပြောဆိုနေခြင်းကို မြင်ရသည့်အခါ စွန်းမင်ကလည်း ပလုပ်ပလောင်းဝါးရင်းနှင့် ဗလုံးဗထွေးပြန်ဖြေသည်။
သူတို့နှစ်ဦးက သူ့ရဲ့လက်ရာအား နှစ်သက်သည်ကို မြင်တွေ့ရသောအခါ ယွမ်ကျိုးက ယွမ်ရှောင်မုန့်ချိုကို ပြုလုပ်ရင် စတင်သည်။ ယွမ်ရှောင်မုန့် ပြုလုပ်သည့်နည်းလမ်းသည် တန်ယွမ်မုန့်ပြုလုပ်သည့်နည်းဖြင့် အတော်လေး ခြားနားသည်။ ထို့ကြောင့် ယွမ်ကျိုးက ကြီးမားသောဝါးခြင်းကို ကြိုတင်ပြင်ဆင်ရသည်။
ထို့နောက် ယွမ်ကျိုးက အကန့်များပါသည့် သစ်သားပြားကို ခုံပေါ်တင်လိုက်သည်။ သစ်သားပြားအတွင်းမှာရှိသည့် အကန့်လေးထဲတွင် နှမ်းစေ့၊ သစ်သီးခြောက်နှင့် နေကြာစေ့တို့ကို သေချာစွာ အကန့်ခွဲထည့်ထားသည်။ အကန့်လေးများအနက် အထင်ရှားဆုံးက ပင်လုံးကြိုင်ပန်းလေးများ ဖြစ်သည်။ ယခုမှ ခူးလာသည့် ပန်းပွင့်လေးများနှင့်ပင် တူသည်။ ပွင့်ချပ်ကလေးများကို ရှင်းလင်းစွာ မြင်နိုင်ပြီး သစ်သီးခြောက်နှင့် တွဲဖက်စားလျှင် အကောင်းဆုံးဖြစ်သည်။
"ဒါက ဘာလဲ"
ပူပူနွေးနွေးဖက်ထုပ်ကလေးကို စားနေသည့်KFCက စပ်စပ်စုစု မေးမြန်းလိုက်သည်။
"ပင်လုံးကြိုင်လေ"
ထိုစကားကို ပြောပြီးနောက် ယွမ်ကျိုးက ဆန်မုန့်တွေကို ကြိတ်ဆုံနှင့် ကြိတ်သည့်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေသည်။
"လှလိုက်တာ။ တန်ယွမ်လုပ်မလို့လား"
ဖက်ထုပ်တွေကို စားနေရင်း စွန်းမင်က မေးမြန်းလိုက်သည်။
"မဟုတ်ဘူး။ ပင်လုံးကြိုင်ယွမ်ရှောင်မုန့် လုပ်မလို့"
ယွမ်ကျိုးက မုန့်၏နာမည်ကို ထပ်မံပြောပြခဲ့သည်။
"ဒါနဲ့ နောက်ထပ် မုန့်တစ်မျိုး ထပ်လုပ်မလို့လား။ ဖက်ထုပ်ပေါင်းပဲ လုပ်မှာလား။ ဖက်ထုပ်ထက် ပိုပြီးအရသာရှိတဲ့မုန့်ဆိုတာ မရှိဘူး"
စွန်းမင်က ကျေနပ်ဟန်ဖြင့် ပြုံးလိုက်သည်။
"မဟုတ်ဘူး။ လူတစ်ယောက်ကို တစ်ပွဲပဲ မှာလို့ရတာ"
ယွမ်ကျိုးက လေးနက်စွာ ပြန်ပြောသည်။
"မင်းက တကယ့်ကို သံလိုက်အိမ်မြှောင်ကြီးပဲ။ ငါတို့က ညီအစ်ကိုလိုခင်တာကို သတိရသေးရဲ့လား"
စွန်းမင်က မကျေနပ်ဟန်လေသံဖြင့် ပြောလိုက်သည်။ သူက ကျီစယ်နေရုံသက်သက်သာ ဖြစ်သည်။ ဖက်ထုပ်ပွဲတစ်ပွဲတွင် ဖက်ထုပ်(၈)ခု ပါရှိသည့်အတွက် လူတစ်ယောက်စာအတွက် လုံလောက်မှုရှိသည်။
"အွန်း။ ဒါကြောင့်လည်း မင်းတို့ကို ဒကာခံတာပေါ့"
ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြန်ဖြေသည်။
"ဟုတ်ပါပြီ။ ငါ မင်းပြောတာကို လက်ခံလိုက်ပါပြီ"
စွန်းမင်က ချက်ချင်း စွံ့အသွားသည်။
"မစိုးရိမ်ပါနဲ့။ ခဏနေရင် ယွမ်ရှောင်မုန့်ချိုတစ်ပွဲ မှာလို့ရတယ်လေ။ အဲ့ဒါနဲ့ ဗိုက်ပြည့်အောင် စားပေါ့"
KFCက နောက်ဆုံးကျန်ရှိတဲ့ ဖက်ထုပ်အရသာကို ခဏစားမြုံ့ပြန်ပြီးမှ ပြောခြင်းဖြစ်သည်။
"ငါက မုန့်ချိုတွေကို မစားဘူး။ အရသာက တကယ် ဆိုးဝါးတယ်"
စွန်းမင်က သူ့လက်ကို အဆက်မပြတ် ခါရမ်းနေသည်။
"အထဲထဲကို ထည့်ထားတဲ့အရာတွေက တကယ့်ကို စားကောင်းမယ့်ပုံစံပဲ။ အမြင်လဲ လှတယ်။ သလင်းလို ကြည်လင်ပြီးတော့ လှပလွန်းတယ်"
KFCက စိတ်အားထက်သန်စွာ ပြောသည်။
"ငါ မုန့်ချိုတွေကို မစားတတ်ဘူး"
စွန်းမင်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောဆိုသည်။
ထိုစဉ် ယွမ်ကျိုး၏ ဆန်မုန့်ကြိတ်သောလုပ်ငန်း ပြီးဆုံးသွားသည်။ ထိုမှသာ ယွမ်ကျိုးက ကြိတ်ထားသော ဆန်မုန့်တွေကို ကောင်းမွန်စွာ အသုံးပြုရန် ပြင်ဆင်သည်။ တန်ယွမ်မုန့်နှင့် ခြားနားစွာ ပင်လုံးကြိုင်ယွမ်ရှောင်မုန့်ချိုက အရသာထူးခြားမှုရှိသည်။
ယခင်က ပင်လုံးကြိုင်မုန့်ချိုကို ကျင်းလင်မြို့သားများက ဝူကွေ့ဇီဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းမုန့်ကို ပြုလုပ်သည့်နည်းလမ်းကလည်း ထူးခြားမှုရှိသည်။ ဦးစွာ ယွမ်ကျိုးက ကြိတ်ထားသောဆန်မုန့်တွေကို ပိုးစဝါးဇကာပေါ် ဖြန့်ကျက်လိုက်ပြီး ကောင်းမွန်သောဆန်မုန့်များကို ဇကာစစ်ယူသည်။
"အဝတ်စကို သုံးတာက ပိုမကောင်းဘူးလား"
စွန်းမင်က ပိုးစဝါးဇကာကို ညွှန်ပြရင်း တအံ့တဩ ပြောလိုက်သည်။
"ဒါမှ အရသာပိုကောင်းမှာလေ"
ယွမ်ကျိုးက အလုပ်လုပ်သည့်အခါမှာ မျက်နှာဖုံးကို တပ်ဆင်လေ့ရှိသည့်အတွက် သူ့မျက်လုံးက တည်ငြိမ်သည့်အမူအရာကို ပြသလေ့ရှိသည်။
အပိုင်း(၂၆၀)
ပြီးပါပြီ။
၂၆၁ မှ ၂၆၅
ယွမ်ကျိုး အပိုင်း(၂၆၁)
“မင်းဘာသာမင်း ကြိုက်တာပြော ငါတော့ မုန့်ချိုကို လုံးဝ မစားဘူး”
စွန်းမင်က အထာကျကျ လက်ပိုက်ထားပြီး ခပ်တန်းတန်း အမူအရာကို ဖော်ပြသည်။
“အရသာရှိမယ့်ပုံပဲ”
KFCက မပွင့်တပွင့် ပြောဆိုသည်။
“မင်းအတွက် ယွမ်ရှောင်မုန့်ချို ရပါပြီ။ စွန်း၊ မင်းရော အရသာမြည်းကြည့်ချင်လား”
ယွမ်ကျိုးက မုန့်ကို စားပွဲပေါ် လာတင်ပေးပြီး ချက်ချင်း မေးမြန်းသည်။
“ငါ မစားချင်ဘူး”
စွန်းမင်က ချက်ချင်း ငြင်းသည်။
“သေချာရဲ့လား”
KFCက ချိုမြသောရနံ့ကို ရှိုက်လိုက်ပြီး မေးမြန်းသည်။
“ဟုတ်တယ်။ သေချာတယ်”
စွန်းမင်က အလေးအနက် ခေါင်းညိတ်သည်။
“ဒါဆိုရင် မင်း ဘာစားချင်သေးလဲ”
ယွမ်ကျိုးက မီနူးကို ညွှန်ပြသည်။
“ဒါပေါ့ ဈေးအကြီးဆုံးဟင်းပွဲပေါ့”
“လက်ဖက်ကြက်ဥလား”
ယွမ်ကျိုးက စွန်းမင်ကို အကဲခတ်ဟန် ကြည့်သည်။
“ကြက်ဥတစ်လုံးတည်းနဲ့ ဗိုက်ပြည့်ပါ့မလား”
စွန်းမင်က ယွမ်ကျိုးကို ဘောက်ဆတ်ဆတ် ကြည့်လိုက်သည်။
“ဈေးအကြီးဆုံးက လက်ဖက်ကြက်ဥပဲလေ”
ယွမ်ကျိုးက ပခုံးဆက်ခနဲ တွန့်ပြသည်။
“လက်ဖက်ကြက်ဥနဲ့ အစုံလိုက်ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ”
သူ့ညီအစ်ကိုယွမ်ကျိုးမှ ဒကာခံမည်ဖြစ်၍ အားမနာစတမ်း မှာယူလိုက်သည်။
“ခဏလေးစောင့်ပေးပါ”
ဒီတစ်ခေါက်တော့ ယွမ်ကျိုးက သူ့ညီအစ်ကိုကို ရက်ရောနေသည်။ ယွမ်ကျိုးက ဟင်းချက်ရန် ထွက်သွားစဥ် KFCကလည်း မုန့်ချို၏အရသာကို မြည်းစမ်းရန် ပြင်ဆင်နေသည်။
“ကျောက်စိမ်းပြားပေါ် ပုလဲလုံးလေးတွေ ကြွေကျလာသလိုပဲ”
KFCက အထင်ကြီးလေးစားဟန် ပြောဆိုသည်။
“ကျောက်စိမ်းပြားပေါ် ဝက်တွေပြုတ်ကျလာတာပဲ ဖြစ်သင့်တယ်”
ဝက်အသံထွက်နှင့် ပုလဲအသံထွက် တူညီနေ၍ဖြစ်သည်။ စွန်းမင်က လည်စောင်းလိုက်ပြီး သူ မနှစ်သက်သောမုန့်ကို ကြည့်လိုက်သည်။
“မင်းရဲ့အရသာခံနိုင်စွမ်းက တကယ်ဆိုးရွားတာပဲ။ မုန့်ရဲ့ပုံစံလေးကိုကြည့်စမ်းပါဦး တကယ်လှတယ်ကွာ”
KFCက အခိုင်အမာ ပြောဆိုသည်။
“မင်းရဲ့မုန့်ချိုကို မင်းဘာသာမင်း စားစမ်းပါ”
KFCက ပန်းကန်လုံးထဲက မုန့်ချိုကို တကယ်ကို သဘောကျနေသည်။
“ငါ့ လာပြောမနေနဲ့။ ငါ့အတွက်တော့ စိုးရိမ်မနေနဲ့”
စွန်းမင်က အထင်သေးဟန် လေသံဖြင့် ပြောလိုက်သည်။ KFCက သူ့ကို စကားထပ်မပြောတော့ဘဲ ဇွန်းဖြင့် မုန့်တစ်ခုကို ညှပ်ယူပြီး သူ့ပါးစပ်ထဲ ချက်ချင်းထည့်သည်။
“အာဝူး”
KFCက အငမ်းမရ မြိုချလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အရသာက သူ့ကို စိတ်မပျက်သွားစေပေ။ သူ့ခံတွင်းထဲ ရောက်သွားသည်နှင့်
ဆန်မုန့်၏မွှေးရနံ့ကို စတင်ခံစားရပြီး ဝါးလိုက်သည့်အခါ သွားနှင့် မကပ်သွားခြင်းက အထူးခြားဆုံးဖြစ်သည်။
“အား ပူလိုက်တာ”
ဝါးလိုက်သည့်အခါ အထဲမှ အနှစ်များ ထွက်လာပြီး မွှေးကြိုင်လွန်းသောရနံ့က သူ့နှာခေါင်းထဲ တိုးဝင်လာသည်။
“အရသာ တကယ်ရှိတယ်ကွာ”
KFCက လေသံခပ်တိုးတိုးဖြင့် ဗလုံးဗထွေးရေရွတ်လိုက်သည်။ လျှာပူသည့်အရသာကို မခံစားရတော့မှသာ KFCက ဆက်ဝါးသည်။ ယွမ်ရှောင်မုန့်ချိုလေးက ချယ်ရီသီးအရွယ်အစား ရှိသော်လည်း အနှစ်အဖြစ် အသုံးပြုထားသောသစ်သီးခြောက်နှင့် တခြားသောပစ္စည်းများက အများအပြား ပါဝင်သည်။ သူက မုန့်ကို တစ်ခုပြီးတစ်ခု ဆက်တိုက်စားသောက်သည်။ အနှစ်ကြောင့် လျှာပူသည့်တိုင် KFCက မုန့်စားခြင်းကို မရပ်တန့်ခဲ့ချေ။
လျှာပူစေသောအနှစ်က အရသာရှိလွန်း၍ ဖြစ်နိုင်သည်။ သူ့ဘေးနားထိုင်နေသည့် စွန်းမင်က မုန့်၏ရနံ့ကို လွယ်တကူ ရနိုင်သည်။
“ဟေ့၊ မင်း ပန်းတွေဝါးစားနေသလား။ အရမ်းမွှေးတယ်”
စွန်းမင်က သူ စားချင်လွန်း၍ တံထွေးမြိုချနေရသည့်အဖြစ်ကို ဝန်မခံချင်ပေ။
“အရသာရှိတတယ်။ အရမ်းအရသာရှိတယ်ကွာ”
KFCက ဝိုးတိုးဝါးတားပြန်ပြောပြီး ဆက်စားနေသည်။
“မုန့်ချိုတွေထက်တောင် ပိုကောင်းနေသေးတယ်။ ဒီလို အရမ်းအရသာရှိနေမယ်လို့ ထင်တောင်မထင်ထားဘူး”
စွန်းမင်က တံထွေးမြိုချရင်း မုန့်ချိုကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ထိုစဉ် ယွမ်ကျိုးက သူ မှာယူထားသော ဟင်းပွဲကို လာပေး၍ ကံကောင်းသွားသည်။
“အရသာပိုကောင်းမယ့်ပုံရှိတဲ့ လက်ဖက်ကြက်ဥပဲ”
စွန်းမင်က လက်ဖက်ကြက်ဥကို ထိလိုက်ပြီး ကျေနပ်စွာ ပြောသည်။
“စားလေ။ လာအားပေးလို့ ကျေးဇူးတင်ပါတယ်”
ယွမ်ကျိုးက ရုတ်ခြည်း စကားပြောသည်။
“ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး”
စွန်းမင်က သူ့ကို နားလည်ဟန် အမူအရာ ဖော်ပြသည်။
“အိုကေ”
ယွမ်ကျိုးကလည်း ခေါင်းညိတ်သည်။ ခေါက်ဆွဲပြုတ်အပြင် ယွမ်ရှောင်မုန့်ချိုကို ကုန်အောင်စားခဲ့သည့်KFCက စွန်းမင်၏မုန့်ကိုပင် လုစားရန် ကြံစည်နေသည်။
သူတို့ကို ဒကာခံသည့် အချိန်က ၁၀မိနစ်ထပ်ပင် ပိုမကြာခဲ့ပေ။ ညနေခင်း ဆိုင်ဖွင့်ချိန် နီးကပ်လာ၍ အပြင်ဘက်မှာ တန်းစီစောင့်နေသော ဖောက်သည်များ ရောက်ရှိနေပါပြီ။ ထိုနည်းတူစွာ ကျိုကျာကလည်း ဖောက်သည်များကို နှုတ်ဆက်စကားပြောနေသည်။ ခရီးဆောင်အိတ်သယ်လာသူက စွန်းမင်၏ဘေးနား လာထိုင်သည်။
“ကောင်မလေး၊ ငါ မုန့်မှာမယ်” ပါးသိုင်းမွှေးနှင့်လူက ခရီးသွားဖြစ်ဟန်တူသည်။
“လာပါပြီရှင့်။ ဘာများ သုံးဆောင်ချင်ပါသလဲ”
ကျိုကျာက သူ့အနား အလောတကြီးသွားပြီး နှုတ်ဆက်စကားပြောသည်။
“မီနူးမရှိဘူးလား”
ပါးသိုင်းမွှေးနှင့်လူက မေးမြန်းသည်။
“အားနာပါတယ်။ မီနူးကို လူကြီးမင်းနောက်က နံရံမှာရေးထားပါတယ်”
ကျိုကျာက သူ့နောက်ရှိနံရံကို ညွှန်ပြရင်း ပျူငှာစွာ ပြန်ဖြေသည်။
“အိုကေ”
ထို့နောက် ၎င်းက ခေါင်းကို လှည့်လိုက်သည်။
“ဈေးနှုန်းက ဘယ်လိုဖြစ်ရတာလဲ။ အစားအသောက်မြေပုံမှာ ပြောထားသလိုလဲ မဟုတ်ဘူး”
ပါးသိုင်းမွှေးက ရေရွတ်သည်။
ဘေးနား မတ်တတ်ရပ်နေသည့် ကျိုကျာက ဘာမှမပြောဘဲ ပြုံးနေသည်။
“ဒါဆိုရင် ဟင်းလျာအားလုံးကို တစ်ပွဲချင်းစီ ချပေးလိုက်တော့”
ဗလတောင့်တောင့် မုတ်ဆိတ်ကြီးက ချန်းဝေထက် လူကောင်ပိုကြီးသည်။ အစားအသောက်အားလုံးကို အကြောင်းပြချက်မရှိ မှာယူခြင်းက ထူးဆန်းနေသည်။
“အားနာပါတယ် လူကြီးမင်း။ စည်းမျဉ်းအရ မှာယူထားတဲ့အစားအသောက်တွေကို ကုန်အောင်မစားရင် နာမည်ပျက်စာရင်းသွင်းခံရပါလိမ့်မယ်။ ဒီဆိုင်မှာ တစ်သက်လုံး လာစားလို့ မရတော့ပါဘူး”
ထိုစကားကိုပြောနေစဉ် ကျိုကျာက ဂုဏ်ယူဝင့်ကြွားသော အမူအရာကို ဖော်ပြသည်။
“ဪ ဒီဆိုင်မှာ ခုလို စည်းကမ်းချက်လည်း ရှိတယ်လား။ အဲဒီတန်းစီနေတဲ့လူတွေက တစ်ယောက်တစ်မျိုးစီ အကြံပေးနေတာလေ”
“လူကြီးမင်း၊ အပေါ်ဆုံးက ဟင်းလျာတွေက မနက်စာအတွက်ပါ။ အဲဒီဟင်းလျာတွေပါ စားချင်တာ သေချာပါရဲ့လား။ တချို့ဆိုရင် ဟင်းလျာတစ်မျိုးတည်းကို နှစ်ကြိမ်ပါတာတွေလည်း ရှိပါတယ်”
ကျိုကျာက မုတ်ဆိတ်ကို သံသယဝင်မိ၍ သတိပေးစကားပြောသည်။
“ဒီကောင်မလေးက တော်တော်ရှုပ်တာပဲ။ အစုံလိုက်ကြက်ဥထမင်းကြော်နဲ့ ဒီဟာတွေ မှာမယ်”
ထိုစကားကိုပြောနေစဉ် မုတ်ဆိတ်က ဟင်းပွဲအကုန်လုံးနီးပါးကို လက်ညှိုးထိုးပြသည်။
အမဲသားလွှာ၊ ဝက်သားလွှာ၊ ယုန်သားလွှာ၊ ဝက်သားနုပ်နုပ်စင်းတို့ဟူး...
ဤဟင်းလျာအားလုံး စီချွမ်ဟင်းလျာများ ဖြစ်သည်။ သူက ချန်ဒူရောက်နေ၍ ဘာများ ဝယ်စားနိုင်ဦးမည်နည်း။
“ကောင်းပါပြီ။ စုစုပေါင်း ၂၁၉၀ယွမ်ပါ။ ငွေသားနဲ့ ဘဏ်နဲ့ ကြိုက်ရာ ရှင်းလို့ရပါတယ်။ ဘယ်တစ်ခုကို ရွေးချယ်ချင်ပါသလဲ”
ကျိုကျာက ပျူငှာစွာ ပြောသည်။
“အတော်လေး ဈေးကြီးတယ်။ ငါ ဘဏ်နဲ့ ငွေလွှဲမယ်”
ငွေလက်ခံရရှိကြောင်း အတည်ပြုပြီးမှ ကျိုကျာက ယွမ်ကျိုးကို ဟင်းလျာပြင်ဆင်ရန် အကြောင်းကြားသည်။
“ဒီစားသောက်ဆိုင်က ဘယ်ဟင်းလျာကို အကြိုက်ဆုံးလဲ”
သူ့စကားကို နားထောင်ကြည့်ရုံဖြင့် အကြံအစည်ဖြင့် ရောက်လာပုံ ပေါ်လွင်သည်။
အပိုင်း(၂၆၁)
ပြီးပါပြီ။