← Chapters

ကြောက်မက်ဖွယ် ခြိမ်းခြောက်မူ

Vol. 49 Ch. 721

ကြောက်မက်ဖွယ် ခြိမ်းခြောက်မူ

Vol. 49 Ch. 721

ဆန်နီဟာ တိုက်ခိုက်ရေး သဘော်ပေါ်က အဖွဲ့သားတွေ အားလုံးကို သတ်ပစ်ခဲ့ပြီး ဘယ်သူ့ကိုမှ အသက်ရှင်လျက် မထားခဲ့ပေ..။သူ့ရဲ့ ကြီးမားတဲ့ ပုံရိပ်ကြီးက..ရန်သူတွေကြားထဲမှာ လျင်မြန်တဲ့ အရှိန်နဲ့ ရွေ့လျားနေခဲ့တယ်..။ဒါက သေဆုံးခြင်း ကခုန်မူတစ်ခုကို ဖျော်ဖြေပြသနေသလိုပါပဲ..။

သူ့ရဲ့ တိုက်ပွဲဝင် ဟန်ပန်က ပုံသဏ္ဍာန်ကင်းမဲ့ပြီး..နတ်ဆိုးတစ်ကောင်လို ခန့်မှန်းရ ခက်ခဲနေခဲ့ပါတယ်..။မြေပြင်ကာကွယ်မူကနေ ..ပြင်းထန်တဲ့ တိုက်ခိုက်မူတစ်ခုကို ပြောင်းလဲနိုင်ဖို့ ဆိုတာက..အိပ်မက်ဆိုးသတ္တဝါတစ်ကောင်သာ လုပ်နိုင်လောက်တဲ့ အရာပါ..။သူက လက်လေးချောင်း ၊ အစွယ် ၊ ဦးချို နဲ့ အမြီးကိုပါ အသုံးပြုပြီး တိုက်ခိုက်နေခဲ့တယ်..။ရန်သူတွေ အများကြီး ကျရှုံးသွားလေလေ..သူ့ရဲ့ ပတ်ဝန်းကျင်မှာ အနီရောင်သွေးတွေက ဝတ်ရုံတစ်ခုလို ဖုံးလွှမ်းလာလေလေပါပဲ..။

တိုက်ခိုက်မိထားတဲ့ သဘော်နှစ်စီးရဲ့ ဟိုနား ဒီနားမှာတော့..မီးတွေ တောက်လောင်နေခဲ့ပါပြီ..။သူတို့ရဲ့ ရွက်တိုင်တွေက မီးစွဲနေခဲ့ကြပြီး..ညအချိန်ကောင်းကင် အောက်မှာ တောက်ပနေခဲ့ကြတယ်..။ဒါက သူ့လက်ထဲမှာ သေဆုံးကြတော့ မယ့် သဘော်သားတွေရဲ့ နာရေးကို ကျင်းပပေးနေသလိုပါပဲ..။

…အဲ့နောက်မှာတော့..ရုတ်တရက် ဆိုသလိုပဲ..သူ့အတွက် နောက်ထပ်သတ်ဖို့ လူမကျန်တော့ပေ..။

..ဆန်နီဟာ ကျိုးပျက်ကျိန်စာကို ပြန်ရုတ်သိမ်းလိုက်ပြီး..ရက်စက်သောမြင်ကွင်းကို မှီကာ ညဉ်းညူနေခဲ့တယ်..။သူ့ရဲ့ အသက်ရူသံက ခက်ခဲကြမ်းတမ်းနေပြီး..မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်မှာလည်း..မရေမတွက်နိုင်တဲ့ ခြစ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။မဟူရာအကာအကွယ်ရဲ့ အောက်ဘက်မှာတော့..သူ့ရဲ့ ခန္တာကိုယ်က ဒဏ်ရာဒဏ်ချက်တွေ အပြည့်ပါပဲ..။ဒီဓဏ်ရာတွေက ရန်သူရဲံ ဓားချက်တွေ ၊ ဂဏ္ဍစွမ်းရည်တွေနဲ့ တိုက်ခိုက်မူတွေကနေ တဆင့် ရရှိလာခဲ့တာပါ..။

ဆန်နီ အံကိုကြိတ်ထားခဲ့တယ်..။

‘ငါ သဘော်တွေ ဘယ်နှစ်စီးတောင် ဖျက်စီးပစ်ခဲ့တာလဲ..။သုံးစင်းလား..လေးစင်းလား..။မဟုတ်ဘူး..ငါးစင်းပဲ…’

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး..အခြေအနေကို သုံးသပ်ဖို့ လုပ်လိုက်တယ်..။

တစ်ခြားသူတွေကလည်း အကောင်းဆုံး လုပ်ဆောင်နေခဲ့ကြပါတယ်..။ကျောက်တုံးစစ်သည်တွေနဲ့ပါ ပေါင်းစပ်လိုက်မယ် ဆိုရင် သူတို့ရဲ့ အဖွဲ့ ဖျက်စီးနိုင်ခဲ့တဲ့ သဘော်အရေအတွက်က…

သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။

..ရန်သူ သဘော်တပ်ရဲ့ တစ်ဝက်လောက်က ပျက်စီးသွားခဲ့ကြပါပြီ..။ဒါဇင်နဲ့ချီတဲ့ သဘော်တွေက ပျက်ဆီးသွားခဲ့ကြပြီ ဖြစ်ပြီး..ထောင်တဲ့ ချီးတဲ့ ရဲရင်တဲ့စစ်သည်တော်တွေ အသတ်ခံခဲ့ကြရတယ်..။ဒီထဲက အများစုကို ကတ်စီ တို့ သဘော် နဲ့ ကျောက်တုံးစစ်သည်တော်တွေက လုပ်ဆောင်ခဲ့ကြတယ်ဆိုပေမယ့်လည်း..

ဆန်နီ အသက်ကို အားယူကာ ရူသွင်းလိုက်တယ်..။

‘ဘယ်ချိန်..ဘယ်ချိန်ကစပြီး ငါတို့က ဒီလောက်ကြောက်ဖို့ကောင်းသွားတာလဲ..’

တစ်ခါလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ ခြိမ်းခြောက်မူ အဖြစ် တည်ရှိရတာက ခံစားလို့ ကောင်းတယ် ဆိုပေမယ့်..သူ့ရဲ့ စိတ်လှုပ်ရှားမူတွေက မကြာခင်မှာပဲ ပျောက်ကွယ်သွားခဲ့တယ်..။

သူတို့အဖွဲ့သားတွေ ဘယ်လောက်ပဲ အားကောင်းနေပါစေ..၊ တိုက်ပွဲကို ဘယ်လောက်ပဲ အစီစဉ်ဆွဲထားပါစေ..ဒါက မလုံလောက်သေးပါဘူး..။

ဆန်နီ ၊ အယ်ဖီ နဲ့ ကိုင်တို့က…အဆီအနှစ် အများအပြားကို သုံးစွဲထားပြီးကြပါပြီ..။ဝိဉာဉ်မြွေကလည်း တစ်ခြား သတ္တဝါတွေရဲ့ ပုံသဏ္ဍာန်ကို ကူးပြောင်းနိုင်စွမ်း လျော့နည်းလာခဲ့တယ်..။သူတော်စင် နဲ့ အိပ်မက်ဆိုးတို့က တစ်ခြားသူတွေထက် ပိုပြီး ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေကြတယ် ဆိုပမေယ့်..သူတို့ရဲ့ လှုပ်ရှားမူတွေကလည်း ဖြည်းဖြည်းချင်း နှေးကွေးလာခဲ့ပါတယ်..။အနက်ရောင်မြင်းရဲ့ ခန္တာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေ ပိုမိုများပြားလာပြီး..တိတ်ဆိတ်သော စီးနင်းသူကလည်း ပင်ပန်းနွမ်းနယ်လာခဲ့တယ်..။

ဒီထက်ပိုပြီး ဆိုးဝါးတာကတော့..မှော်ဆရာရဲ့ သဘော်က နေမင်းသားနဲ့ ကြောင်နဲ့ကြွက် ကစားပွဲကို အသက်နဲ့ရင်းကာ ကစားနေခဲ့ရတာပါ..။ကတ်စီရဲ့ လမ်းညွှန်မူအောက်မှာတော့..သဘော်က တစ်စင်းတည်း အဖြစ် ရှိနေတုန်းပါပဲ..။သို့ပေမယ့်..သူမက ဘယ်လောက်အထိ တောက်ခံနေနိင်မလဲ ဆိုတာကိုတော့ သေချာမပြောနိုင်ပေ..။တကယ်လို့ တိုက်ပွဲကွင်းပြင်မှာသာ သူမ မရှိတော့ရင်..ရန်သူသဘော်တွေကို ဖျက်ဆီးနိုင်တဲ့ နှုန်းက အတော်လေးကို ကျဆင်းသွားမှာြဖစ်ပြီး..တစ်စီးချင်းစီတိုင်းကလည်း လှုပ်ရှားရတာ အတော်လေး လွတ်လပ်သွားပါလိမ့်မယ်..။

ပြီးတော့ ကျောက်တုံးစစ်သည်တွေကလည်း မရှိကြတော့ပေ..။

သူတို့အများစုက သံမဏိရုပ်ထုကြီးရဲ့ ဖျက်ဆီးမူကို ခံလိုက်ကြရပြီဖြစ်ပြီး..တစ်ချို့တွေကတော့..သဘော်တပ်ကို ခုခံနေကြတဲ့ အားကောင်းတဲ့ တက်ရောက်သူတွေရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ကြရပါတယ်..။ကျန်နေသေးတဲ့ ကျောက်တုံးစစ်သည် အနည်းစုကလည်း ရုန်းကန်နေကြရပြီး..ပိုက်ကွန်တွေနဲ့ ဖမ်းချုပ်တာကို ခံနေကြရတယ်..။

သွေးနီရောင် လကို တောက်ပနေတုန်းဖြစ်ပြီး..လကြတ်ခြင်း ဖြစ်စဉ်ကလည်း လုံးဝ ရပ်တန့်သွားမယ့် ပုံမရှိပေ..။ပြီးတော့ နိုတစ် ရဲ့ အရိပ်အယောင်ကိုလည်း မတွေ့ရပါဘူး..။သို့ပေမယ့် ဆိုဗန်ရဲ့ အရိပ်အယောင်လည်း ရှိမနေခဲ့တာကြောင့်..အနည်းဆုံးတော့ မှော်ဆရာက အသက်ရှင်နေပါသေးတယ်..။

အထွတ်အထိပ် အင်မော်တယ်တွေ အသက်ရှင်နေကြသေးတာကို ညွှန်ပြနေတဲ့ တစ်ခုတည်းသော သဲလွန်စကတော့..သူတို့တွေ ရဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မူတွေကြောင့်..ကောင်းကင်ချိန်းကြိုးတွေက ကျယ်လောင်တဲ့ အသံတွေ ထွက်ပေါ်လာပြီး..ကျွန်းတွေက ရုတ်တရက် လှုပ်ခတ်နေခဲ့ကြတာပါပဲ..။ကျွန်တွေက လှုပ်ယမ်းနေခဲ့ကြပြီး..အပိုင်းအစတွေ များစွာက အောက်ဘက်ကောင်းကင်ကို ကျဆင်းသွားခဲ့ကြတယ်..။

နိုတစ် က ရုတ်တရက် ရောက်လာပြီး သူတို့အားလုံးကို နတ်ဘုရားတစ်ပါးလို ကယ်တင်လိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်ကတော့ တကယ်ကို အချည်းနှီးပါပဲ..။တစ်စုံတစ်ခုကို မျှော်လင့်စောင့်စားနေရတာက အဓိပ္ပာယ်မရှိပေ..။သူတို့က မျှော်လင့်ချက်ကို လွတ်မြောက်အောင်လုပ်ဖို့ လာခဲ့ကြတာ ဖြစ်ပြီး..မျှော်လင့်ချက်ကို ပြန်အားကိုးဖို့ လာခဲ့တာ မဟုတ်ပေ..။

သူတို့အဖွဲ့သားတွေအတွက် အခြေအနေက အတော် အတော်လေးကို ဆိုးဝါးလာတော့မှာပါ..။ပြီးတော့ ဆန်နီအနေနဲ့လည်း ဒီအရာကို ပြောင်းလဲနိုင်ဖို့ ဘယ်အရာကိုမှ မစဉ်းစားမိပေ..။

‘မဟုတ်ဘူး..ပြသနာမရှိဘူး..။ငါက ဒီတိုင်း နောက်ထပ် သဘော် ငါးစီးလောက်ပဲ ထပ်ဖျက်ဆီးလိုက်မယ်..။ပြီးရင် နောက်ထပ် ငါးစင်း..’

သူ အရိပ်တွေကြားထဲကို တိုးဝင်သွားလိုက်ပြီး နောက်ဆုံးသော အဆီအနှစ်ကို အသုံးပြုကာ နောက်ထပ် သဘော်တစ်စင်းပေါ်မှာ ပြန်ပေါ်လာခဲ့ပါတယ်..။

ဆန်နီဟာ ပင်ပန်းနေခဲ့ပြီ ဖြစ်ပေမယ့် တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့တယ်..။ကမ္ဘာကြီးက သူ ပင်ပန်းနေတာကို လုံးဝ ဂရုစိုက်မနေခဲ့ပါဘူး..။

သူဂရုစိုက်တဲ့ အရာက တစ်ခုတည်းပဲ ရှိပါတယ်..။

အဲတာကတော့…ဆန်နီအနေနဲ့…တိုက်ခိုက်မှာလား..သေဆုံးမှာလား ဆိုတဲ့အချက်ပါ..။

…

မတူညီတဲ့ သဘော်တစ်စင်းပေါ်မှာတော့..အယ်ဖီဟာ.. သူမရဲ့ ကျိုးပဲ့နေတဲ့ လှံသွားကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်ကာ ပြေးတက်လာတဲ့ ရန်သူရဲ့ ခြေထောက်ကို ရိုက်ချိုးလိုက်ပါတယ်..။

သူမ လက်ထဲမှာရှိနေတဲ့ ဆည်းဆာချိန်အမြုတေကလည်း လေးလံလာခဲ့ပြီဖြစ်ပြီး..အလေးချိန်ကို ပြောင်းလဲနိုင်တဲ့ စွမ်းရည်ကို အသက်သွင်းဖို့အတွက်တောင် အဆီအနှစ်တွေ မကျန်ရစ်တော့ပေ..။အဲတာကြောင့်ပဲ အယ်ဖီက စက္ကန်ဝက် အပိုင်းအခြားလောက် နှေးကွေးသွားခဲ့ပြီး..ထက်ရှတဲ့ ဓားသွားက သူရဲ့ ဒိုင်းကာ အောက်ကနေ..ပုခုံးကို ထိမှန်သွားခဲ့ပါတယ်..။

ဒီတစ်ကြိမ်မှာတော့..ဓားသွားက ပြန်ကန်မထွက်သွားခဲ့ပေ..။အဲဒီအစား သူမရဲ့ အရည်ပြားကို လှီးဖြတ်သွားခဲ့ပါတယ်..။သွေးစက်တွေက ကုန်းပတ်ပေါ်ကို စီးကျသွားခဲ့တယ်..။

အမြင့်မှာ ရှိနေတဲ့ ကိုင်ကလည်း ရန်သူရဲ့ မြားတစ်ချောင်းကို ရှောင်ရှားလိုက်ပြီး သူ့ရဲ့ မြားကျည်ထောက်ကို လက်လှမ်းလိုက်ပါတယ်..။အဲ့အချိန်မှာပဲ သူ့မှာ မြားမကျန်တော့ဘူး ဆိုတာကို တွေ့လိုက်ရတယ်..။သူ အံကို ကြိတ်ပြီး ဘေးကို ရှောင်တိမ်းလိုက်ကာ..လေထဲကနေ မြားတစ်ချောင်းကို ဖန်တီးလိုက်တယ်။ပြီးတာနဲ့ လေးကြိုးပေါ်ကို တင်လိုက်ပြီး လေးသည်တော်ရဲ့ မျက်လုံးကို ဖောက်ဝင်အောင်ပစ်လိုက်ပါတယ်..။သူ့ရဲ့ အဆီအနှစ်တွေကလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ပါပြီ..။သွေးမြားတွေကနေတဆင့် သွေးတွေ အများကြီး ဆုံးရှုံးထားခဲ့ရတယ်..။သူက သာမန်မြားတွေကိုသာ သုံးနိုင်တော့တာ ဖြစ်ပေမယ့် အခုချိန်မှာ သာမန်မြားတွေကလည်း မရှိတော့ပါဘူး..။

ခနအကြာမှာတော့..သစ်သားမျက်နှာဖုံးကို တပ်ဆင်ထားတဲ့ လူကြီးဟာ အယ်ဖီနဲ့ သိပ်မဝေးတဲံ သဘော်ကုန်းပတ်ပေါ်ကို ဆင်းသက်လိုက်ပြီး ထက်ရှတဲ့ ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပါတယ်..။တကယ်လို့ လိုအပ်မယ်ဆိုရင် သူက ကလေးမလေးရဲ့ နောက်ကျောကို နောက်ဆုံးထွက်သက်အထိ ကာကွယ်သွားဖို့ ဆုံးဖြတ်ထားပြီးပါပြီ..။

..ပြီးတော့ အဝေးတစ်နေရာမှာတော့ ကတ်စီဟာ လှံချက်တွေထဲက တစ်ချောင်းကို ရှောင်တိမ်းနိုင်ဖို့ အတွက် ကျရှုံးသွားခဲ့တယ်..။ဒါက သဘော်ရဲ့ ကုန်းပတ်ပေါ်ကို ထုတ်ချင်းပေါက်သွားပြီး..ကြီးမားတဲ့ အင်ဂျင်ကြီးတစ်ခုကို ပျက်ဆီးသွားစေခဲ့တယ်..။သူ့ရဲ့ သက်ရောက်မူကြောင့် ဒါဇင်နဲ့ချီတဲ့ သဘော်သားရုပ်ထုတွေကလည်း ပျက်ဆီးသွားခဲ့ပါတယ်..။

ဒီအသံတွေကြောင့် မိန်းမပျိုရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့တယ်..။ယင်းနောက် တစ်ခနလောက်ကြာအောင် တွေဝေနေခဲ့ပါတယ်..။

ယင်းနောက် သူမရဲ့ လှပတဲ့ မျက်နှာပေါ်မှာ..ဆုံးဖြတ်ချက်ပြတ်သားတဲ့ အမူအရာတွေ ပေါ်လာခဲ့တယ်..။

မြဲမြံတဲ့ လက်တွေနဲ့ပဲ..သူမက ပဲ့ထိန်းလက်ကိုင်တွေကို အောက်ဆုံးအထိ ဆွဲချလိုက်ပါတယ်..။

သူမရဲ့ ညွှန်ကြားချက်အောက်မှာပဲ..ရှေးဟောင်းသဘော်ကြီးက..ကောင်းကင်နှစ်ခုရဲ့ နယ်စပ်ကို စွန့်ပယ်ပြီး အပေါ်ကို ထိုးတက်သွားခဲ့ပါပြီ..။

အမြင့်….အမြင့်….ပိုမြင့်တဲ့…အမြင့်ဆုံးဆီကို….

ဒါက ကွယ်ပျောက်နေတဲ့ ကြက်သွေးရောင် လမင်းကြီးဆီကို သွားဖို့ လုပ်နေသလိုပါပဲ..။

အပိုင်း ( ၇၂၁ ) ပြီး၏။

All Chapters