ဝိဉာဉ် ရိမ်သိမ်းသူ
Vol. 49 Ch. 722
ရန်သူသဘော်ရဲ့ ကုန်းပတ်ပေါ်ကို ရောက်သွားတဲ့အချိန်မှာတော့ ဆန်နီဟာ ယိမ်းယိုင်သွားပြီး ကိုယ့်ကိုကို ဟန်ချက်ညီအောင် မနည်းထိမ်းလိုက်ရတယ်..။ယင်းနောက် သူ့ရဲ့ ရောက်ရှိမူကို သတိထားမိသွားပြီဖြစ်တဲ့ နေတပ်သားတွေကို ကြည့်လိုက်ပါတယ်..။
ခေါင်းဆောင်ဖြစ်သူရဲ့ အမိန့်ပေးမူနဲ့အတူပဲ ဓားသမားတွေဟာ တစ်ညီတစ်ညွတ်တည်း ရှေ့ကို တက်လာခဲ့ကြတယ်..။သူတို့ရဲ့နောက်ဘက်မှာတော့..လေးသည်တော်တွေက သူတို့ရဲ့ လေးကြိုးတွေကို ဆွဲပြီး လက်လေးချောင်း နတ်မိစ္ဆာကို ချိန်ရွယ်ပြီးနေကြပါပြီ..။သူတို့ရဲ့ မျက်လုံးတွေကတော့ ယုံကြည်မူတွေနဲ့ အတူ တောက်ပနေခဲ့တယ်..။
သို့ပေမယ့် သူတို့မှာ ပစ်ဖို့အတွက် အခွင့်အရေး မရခဲ့ကြပါဘူး…။
စက္ကန့်ဝက်လောက် ကြာသွားပြီးတဲ့ အချိန်မှာတော့..ကြောက်မက်ဖွယ် သတ္တဝါဟာ သူတို့ကြားထဲကို ဝင်ရောက်လာခဲ့တယ်..။သူ့ရဲ့ လက်လေးချောင်း နဲ့ ထိပ်လန့်စရာ နှုတ်သီးတွေက ချက်ချင်းဆိုသလိုပဲ ဒါဇင်နဲ့ချီတဲ့ လူတွေကို သေဆုံးသွားစေခဲ့ပါတယ်..။
ဒါကတော့ ဆန်နီရဲ့ အချက်ပေးမူပါ..။
သူက ဓားသမားတွေ ဆီကို ပြေးဝင်သွားခဲ့တယ်..။တစ်ချိန်တည်းမှာပဲ..ဝိဉာဉ်မြွေကလည်း သူတို့ရဲ့ နောက်ဘက်ကနေ တိုက်ခိုက်လာခဲ့ပါတယ်..။သူတို့နှစ်ယောက်က..နှစ်ဖက်ညှပ်တိုက်ခိုက်ပြီး သဘော်ရဲ့ အလယ်မှာ ပြန်ဆုံလိုက်ကြတယ်..။
အဲ့အချိန်မှာတော့..အရိပ်က နောက်ဆုံးမှာ သူ့ဆီမှာကျန်နေတဲ့ အဆီအနှစ် ကုန်ဆုံးသွားခဲ့ပါပြီ..။သူက ဆူးချွန်ဆတ်သား တစ်ကောင်ပုံစံပြောင်းထားတဲ့ ပုံစံကို ဆုံးရှုံးသွားခဲ့ပြီး အမှောင်ထုအဖြစ် ပြောင်းလဲကာ ဆန်နီ ဆီကို ရွေ့လျားသွားခဲ့တယ်..။
သူ့ရဲ့ လက်ထဲမှာ အနက်ရောင် အိုဒါချီဓားရဲ့ ပုံစံက ရုတ်တရက် ပေါ်လာခဲ့ပါတယ်..။ဆန်နီ တစ်ခြား လက်နက်တွေကို ရုတ်သိမ်းလိုက်တယ်..။သူက ဒီဓားတစ်ချောင်းတည်းကိုသာ အဖော်အဖြစ် အသုံးပြုရင်း အော်ဟစ်လိုက်ပါတယ်..။
ဘာပဲဖြစ်ဖြစ် သူက တစ်ခြားစွမ်းရည်တွေကို အသက်သွင်းဖို့အတွက်လည်း အဆီအနှစ်တွေ မကျန်ရစ်တော့ပါဘူး..။သို့ပေမယ့် အိုဒါချီဓားနဲ့ တစ်ယောက်ကို သတ်လိုက်တဲ့ အချိန်တိုင်းမှာ သူ့ရဲ့ အမြုတေထဲကို အဆီအနှစ်တစ်ချို့ ရောက်လာပါတယ်..။ထပ်ပြောရရင် ဝိဉာဉ်မြွေက ဆန်နီအတွက် တစ်ဦးတည်းသော အဖော်မဟုတ်ပေ..။မောက်မာတဲ့ အရိပ်က သူ့အနားကို ပြန်ရောက်လာခဲ့ပြီ ဖြစ်ပြီး သူ့ရဲ့ ခန္တာကိုယ်ပေါ်မှာ ရစ်ပတ်ကာ..ပင်ပန်းမူတွေကို လျော့ချရင်း ခွန်အားကို တိုးမြှင့်ပေးထားခဲ့ပါပြီ..။
အခုတော့ ဆန်နီ လုပ်ဖို့လိုအပ်တာဆိုလို့..တိုက်ခိုက်ပြီး သတ်ဖြတ်ဖို့ပါပဲ..။ရန်သူတစ်ယောက် ကျရှုံးသွားတိုင်းမှာ သူ့အနေနဲ့ အရိပ်အဆီအနှစ် တစ်ချို့ကို ပြန်ရပါလိမ့်မယ်..။ပြီးတာနဲ့ ဒီအဆီအနှစ်တွေကပဲ..ရန်သူတွေနဲ့ သဘော်တွေအများကြီးကို ထပ်မံဖျက်ဆီး ပစ်နိုင်မှာပါ..။
သူ ဆက်ပြီး သတ်နေသ၍ သူ့အနေနဲ့ ရပ်တန့်စရာ မလိုအပ်ပေ..။ဒါပေါ့..သူက ကိုယ့်ကိုကို ပြန်မသတ်လိုက်ရင်ပေါ့..
( ဝိဉာဉ် ရုတ်သိမ်းသူ ) က အမှန်တကယ်ပဲ ကြမ်းတမ်းတဲ့ စွမ်းရည်တစ်ခုပါ..။
စက္ကန့်ဝက်အကြာမှာတော့..နောက်ထပ်ရန်သူတွေ သူ့အပေါ်ကို ရောက်မလာခင်မှာ ဆန်နီ ကောင်းကင်ပေါ်ကို လှမ်းကြည့်လိုက်တယ်..။
အဝေးတစ်နေရာမှာတော့ ထည်ဝါလှတဲ့ သဘော်တစ်စီးဟာ ကောင်းကင်ပေါ်ကို ထိုးတက်သွားနေခဲ့ပါတယ်..။သူ့ရဲ့ ကိုယ်ထည့်က ရန်သူရဲ့ အမြှောက်ဆံတွေကြောင့် အတော်လေးကို ပျက်ဆီးမူတွေ ရှိနေခဲ့တယ်..။အားကောင်လှတဲ့ အင်ဂျင်တစ်ခုကလည်း မရှိတော့တာကြောင့်..ဆိုးဆိုးဝါးဝါး ပုံစံနဲ့ ရွေ့လျားနေခဲ့တာပါ..။သဘော် ကိုယ်ထည်မှာ ဆူးချွန်နဲ့ ထိူးဖောက်ခံထားရတဲ့ အရာတစ်ခုရှိနေခဲ့ပြီး ရန်သူသဘော်ရဲ့ အပိုင်းအစတွေကို သံကြိုး တွဲလောင်းနဲ့အတူ ယူဆောင်သွားနေခဲ့ပါတယ်..။
သဘော်ရဲ့ ကုန်းပတ်ပေါ်မှာ သဘော်သားအရုပ် အနည်းငယ်သာ ကျန်တော့ပြီး အများစုက ကျိုးပဲ့ ပျက်ဆီးနေခဲ့ကြပါပြီ..။
တစ်ချိန်က ခမ်းနားထည်ဝါခဲ့တဲ့ သဘော်ရဲ့ သနားစရာ အခြေအနေကို ကြည့်ရင်း ဆန်နီဟာု အကူအညီမဲ့စွာပဲ အံကိုကြိတ်ထားခဲ့တယ်..။
ယင်းနောက် သူ မျက်မှောင်ကျုတ်လိုက်တယ်..။
‘သူမက ဘယ်လို ငရဲကို လုပ်ဖို့ကြိုးစားနေတာလဲ..’
ကတ်စီက ဘာလို့ ကောင်းကင်ပေါ်ကို ထိုးတက်သွားတာလဲ..။ကျယ်ပြန့်တဲ့ ညဘက်ကောင်းကင်ကြီးထက်မှာတော့..နေမင်းသား နဲ့ သဘော်ပျံတွေရန်ကနေ သူမကို ကာကွယ်ပေးမယ့်အရာ ဘာမှ ရှိမနေခဲ့ပါဘူး..။အဲဒီမှာ လေတွေက ပိုမို ပြင်းပြင်းထန်ထန် တိုက်ခတ်ပြီး..အန္တရာယ်လည်း များပါတယ်..။
သို့ပေမယ့် ဆန်နီအနေနဲ့ ဒါကို တွေးနေဖို့ အချိန်မရှိပေ..။မျက်မမြင်မိန်းကလေးက သူမ ဘာလုပ်နေတာလဲ ဆိုတာကိုတော့ ကျိန်းသေသိမှာပါ..။သူသိထားတဲ့ လူတွေအားလုံးထဲမှာဆိုရင်တောင် သူက ကတ်စီရဲ့ ကြိုတင်နိမိတ်အာရုံ အပေါ်မှာ ယုံကြည်မူအပြည့်ရှိပါတယ်..။
သူမက အမြဲတမ်း အကြောင်းပြချက်ရှိတဲ့ လူတစ်ယောက်ပါ..။
ဆန်နီ ဟာ ဒီအတွေးတွေကို မောင်းထုတ်လိုက်ရင်း..ပထမဆုံးရောက်လာတဲ့ ရန်သူတစ်ချို့ကို ထပ်မံတိုက်ခိုက်လိုက်တယ်..။
သူက ရန်သူရဲ့ အိုဒါချီရဲ့ ဓားသွားနဲ့ ရန်သူရဲ့ ခေါင်းကို ခုတ်ချလိုက်ကာ..ဓားနောင့်နဲ့ နောက်ထပ် ရန်သူတစ်ယောက်ရဲ့ မျက်နှာကို ရိုက်လိုက်တာပါ..။ပြီးတာနဲ့ ပထမတစ်ယောက်ဆီကနေ ဓားကို ပြန်ဆွဲယူလိုက်ပြီး..နောက်ထပ်ရန်သူတစ်ယောက်ရဲ့ ခြေထောက်ကို ခုတ်ပိုင်းလိုက်တယ်..။
ယင်းနောက် ဆန်နီဟာ အသိစိတ်ကင်းမဲ့ နေတဲ့ လူကို ဆွဲယူလိုက်ပြီး လွတ်နေတဲ့ လက်တစ်ဖက်နဲ့ မျက်နှာကို ထိုးလိုက်ကာ သူ့ရဲ့ ခန္တာကိုယ်ကို ဒိုင်းကာအဖြစ် အသုံးချလိုက်တယ်..။မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ကလည်း အားကောင်းတဲ့ တိုက်ခိုက်မူအချို့ကို ခုခံပေးထားခဲ့ပါတယ်..။
တိုက်ခိုက်မူတွေထဲက တစ်ခုကတော့ အတော်လေးကို ဖြုံလောက်စရာ ကောင်းပါတယ်..။တစ်စုံတစ်ခုက..မဟူရာအကာအကွယ်ကို ဖြတ်တောက်နိုင်သွားခဲ့ပြီး သူ့ရဲ့ အသွေးအသားထဲအထိကို ဝင်ရောက်နိုင်သွားခဲ့တယ်..။ဒါက ဆန်နီကို ယိမ်းယိုင်ပြီး အော်ဟစ်သွားစေမိပါတယ်..။ဒါက ရန်သူသဘော်ရဲ့ ခေါင်းဆောင်ဖြစ်သူပါ..။တောက်ပတဲ့ အကာအကွယ်ဝတ်စုံကို ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ သေဆုံးနေတဲ့ လေးသည်တော်တွေကြားထဲမှာ ရပ်နေခဲ့တယ်..။သူမက လက်တွေကို မြှောက်လိုက်ပြီး..သူမရဲ့ လက်ထဲမှာတော့ မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ အလင်းရောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်..။
ဆန်နီ ကျိန်ဆဲလိုက်ပြီး သူ့လက်ထဲမှာ ရုန်းကန်နေသေးတဲ့ ဒိုင်းကာ ကို ရန်သူတွေဆီကို လှမ်းပစ်လိုက်တယ်..။ပြီးတာနဲ့ အောက်ကို ငုံ့ပြီး သဘော်ရဲ့ အမြှောက်ဆံကို ကောက်ယူလိုက်ပါတယ်..။
မြင့်မားတဲ့ နတ်မိစ္ဆာရဲ့ လက်ထဲမှာတော့ ကြီးမားတဲ့ အမြှောက်ဆံကတောင် လှံတစ်ချောင်းလို ဖြစ်နေခဲ့ပါပြီ..။
ဆန်နီဟာ သူ့ရဲ့ ခန္တာကိုယ်ထဲကို အသစ်ရောက်လာတဲ့ အဆီအနှစ်တွေကို ကြွက်သားတွေထဲပို့လွှတ်လိုက်ပြီး..လက်နက်ကို ပစ်ခတ်ဖို့ ကြိးစားလိုက်တယ်..။
..ခေါင်းဆောင်ဖြစ်သူက မျက်လုံးပြူးကျယ်သွားခဲ့ပါပြီ..။သို့ပေမယ့် သူမ မလှုပ်နိုင်ခင်မှာပဲ..အမြှောက်ဆံက သူမရဲ့ ရင်ဘတ်တည့်တည့်ကို ပြင်းထန်တဲ့ အရှိန်နဲ့ ဝင်ရောက်သွားခဲ့ပြီး သူမရဲ့ အသက်ကို တစ်ခါတည်း နှုတ်ယူသွားခဲ့တယ်..။
( သင်က တက်ရောက်သူ ..ကို သတ်ဖြတ်လိုက်ပါပြီ..)
ဆန်နီအတွက်တော့ အောင်ပွဲခံနေဖို့ အချိန်မရှိခဲ့ပေ..။ဘာလို့လဲဆိုတော့..သူက နောက်တစ်ကြိမ် ဝန်းရံတိုက်ခိုက်တာကို ခံနေခဲ့ရတာကြောင့်ပါ..။
သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းကို တွန့်ကွေးသွားခဲ့တယ်..။
‘သူမက တက်ရောက်သူ ပေါ့..ဟမ့်..’
….
သူက သဘော်ပေါ်က စစ်သည်တွေအားလုံးကို သတ်ဖြတ်ပြီး တာနဲ့ နောက်ထပ် သဘော်တစ်စီး ဆီကို ကူးသွားလိုက်ပြီး ကာကွယ်သူတွေကို သတ်ဖြတ်နေခဲ့ပြန်တယ်..။အဲ့နောက်မှာတော့ မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်က ခြစ်ရာတွေ ၊ အက်ကွဲကြောင်းတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။အောက်ဘက်မှာရှိနေတဲ့ သူ့ရဲ့ ခန္တာကိုယ်ကလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေခဲ့တယ်..။
ကောင်းမွန်တဲ့အချိန်ကို ပြောရမယ်ဆိုရင်တော့..သူက အကာအကွယ်ရဲ့ ( သက်ရှိကျောက်တုံး ) စွမ်းရည်ကို မြှင့်တင်ဖို့အတွက် လုံလောက်တဲ့ အဆီအနှစ်တွေကို ပြန်ရရှိနေခဲ့ပါပြီ..။ဒါက သူ့ကို ထိခိုက်ဒဏ်ရာတွေကနေ အလျင်အမြန် ပြန်ကောင်းလာစေနိုင်ပါတယ်..။အကာအကွယ်ရဲ့ မျက်နှာပြင်က အရင်အတိုင်းပဲ ပြန်ကောင်းသွားတော့မှာပါ..။
ဆန်နီကိုယ်တိုင်အတွက် ကတော့ အကောင်းအတိုင်း ပြန်မဖြစ်နိုင်ပေ..။
သူက အဆီအနှစ်တွေကို ပြန်ရနိုင်တယ် ဆိုပေမယ့်လည်း သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကတော့ အတော်လေးကို ဆိုးနေခဲ့ပါပြီ..။မရေမတွက်နိုင်တဲ့ ထိခိုက်ဒဏ်ရာတွေက အရမ်းကြီး အန္တရာယ်မများခဲ့ပေ..။အထူးသဖြင့် ဝီဗာသွေးက သူ့ကို သွေးအလွန်အကျွံထွက်စေမယ့် အရေးကနေ တားဆီးထားပေးခဲ့ပါတယ်..။နောက်ထပ် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ တစ်ချို့ ထပ်ရမယ်ဆိုရင်တောင် သူက ဘာမှဖြစ်လာဦးမှာမဟုတ်ပါဘူး..။
သို့ပေမယ့် သူ့ရဲ့ ခံနိုင်စွမ်းတွေက အကန့်အသတ်ရှိပါတယ်..။ဆန်နီ အနေနဲ့ သေလောက်အောင် ပင်ပန်းနေခဲ့ပြီဖြစ်ပြီး..ဒီအရာကို အဆီအနှစ်တွေနဲ့ ပြန်ကောင်းအောင် လုပ်နိုင်မှာ မဟုတ်ပေ..။သူ ဒီလောက်အထိ ကြာကြာ တောင့်ခံနေနိုင်တယ် ဆိုတာက..သွေးပန်းပွင့်နဲ့ ( မြေအောက်ကမ္ဘာ လက်နက် ) တို့တွေ ကြောင့်ပါ..။သို့ပေမယ့် ဒီလိုဆိုရင်တောင် သူ အကြာကြီး တောင့်ခံနိုင်တော့မှာ မဟုတ်ပေ..။
ပြီးတော့..တိုက်ပွဲ…တိုက်ပွဲကလည်း ဆက်လက် ဖြစ်ပွားနေတုန်းပါပဲ..။
ကတ်စီက ကောင်းကင်ပေါ် အမြင့်ကြီး အထိတက်သွားခဲ့ပြီး..သူမရဲ့ ပျက်ဆီးနေတဲ့ သဘော်ကို သူ မမြင်ရတော့ပေ..။ သူမက ကျန်ရှိနေသေးတဲ့ သဘော်တပ်ကြီးကိုလည်း သူမနဲ့ အတူခေါ်ဆောင်သွားပါသေးတယ်..။ကောင်းကင်ထက်မှာ သူတို့မီးအိမ်တွေရဲ့ ထွန်းလင်းမူတွေက..ကြယ်ပွင့်လေးတွေနဲ့တောင် တူနေခဲ့တယ်..။မကြာခနဆိုသလိုပဲ သစ်သားအပိုင်းအစတွေက အပေါ်ကနေ ပြုတ်ကျလာနေခဲ့ပြီး..အပေါ််မှာ တိုက်ခိုက်မူတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို သတိပေးနေခဲ့ပါတယ်..။
သူတို့ အဖွဲ့အပေါ်မှာ ရှိနေတဲ့ ဖိအားက နည်းနည်းတော့ လျော့ကျသွားတယ်ဆိုပေမယ့်..သူတို့ရင်ဆိုင်ဖို့အတွက် ဒါဇင်နဲ့ချီတဲ့ သဘော်တွေ ကျန်နေပါသေးတယ်..။အခုတော့ ဆန်နီ ၊ အရိပ်တွေ နဲ့ သူ့ရဲ့ သူငယ်ချင်းတွေဟာ..ပင်ပန်းပြီး ဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။သူတို့ ကစားနေကြတဲ့ အခန်းဂဏ္ဍတွေကလည် ပြောင်းလဲသွားခဲ့တယ်..။အခုချိန်မှာ ဘယ်သူက ဘယ်သူတွေကို တိုက်ခိုက်နေကြတာလဲ ဆိုတာကိုတောင် မသိနိုင်တော့ပါဘူး..။
သို့ပေမယ့် အဆိုးဆုံးက..
ကတ်စီရဲ့ သဘော်မရှိတော့တာကြောင့် သံမဏိ သတ္တဝါကြီးဟာ နောက်တစ်ကြိမ်ဆိုသလိုပဲ နိုတစ်ကို ပြန်ရှာဖွေနေခဲ့တယ်..။
နေမင်းသားက လှံရှည်နှစ်ချောင်းကို ဆုပ်ကိုင်ထားရင်း..အနည်းငယ် ခန္တာကိုယ်ကို ကိုင်းက..ရှေ့ကို ခုန်လိုက်ပါတယ်..။မယုံနိုင်စရာ အမြန်နှုန်းနဲ့ အတူပဲ..သူက ကျွန်းနှစ်ကျွန်း ကြားထဲကို ဖြတ်သန်းသွားခဲ့ပြီး နောက်ထပ် တစ်ကျွန်းပေါ်မှာ ခြေချလိုက်တယ်..။
ဒီကျွန်းက..ဆင်စွယ်ရောင်မြို့က ချွန်းကြိုးတစ်ခုစာလောက်သာ ကွာခြားပြီး မြင့်မားတဲ့ တိုင်တွေအများကြီးက သဘော်ပျံတွေ ဆိုက်ကပ်ဖို့အတွက် ရှိနေခဲ့ပါတယ်..။ပိုပြီး အရေးကြီးတာက..
အဲဒီနေရာကနေဆိုရင်..သတ္တဝါကြီးက..နိုတစ်နဲ့ ဆိုဗန်တို့ တိုက်ပွဲဖြစ်နေကြတဲ့ နေရာကို ရှင်းရှင်းလင်းလင်း လှံနဲ့ လှမ်းပစ်လို့ ရနေခဲ့ပါပြီ..။
နေမင်းသားဟာ ကြက်သွေးရောင် အမှောင်ထုထဲကို စိုက်ကြည့်နေပြီးကာမှ..ဖြည်းညှင်းစွာ လက်ကို မြှောက်လိုက်တယ်..။
အပိုင်း ( ၇၂၂ ) ပြီး၏။