ကျဆင်းနေတဲ့ ကြယ်ပွင့်..
Vol. 49 Ch. 723
‘ခရက်’
ဆန်နီ ရောက်နေတဲ့ သဘော်က နေမင်းသား ရပ်နေတဲ့ ကျွန်းနဲ့ အတော်လေးကို နီးကပ်နေခဲ့တယ်..။အမှန်တကယ်တော့ တိုက်ပွဲတွေက ဆင်စွယ်ရောင်မြို့တော်နဲ့ တဖြည်းဖြည်း နီးကပ်လာနေခဲ့တာကြောင့် သဘော်တိုင်းက သူနဲ့ နီးကပ်နေခဲ့တာပါ..။
သူ့အနေနဲ့ အချိန်တွေဘယ်လောက်ကြာသွားပြီ လဲ ဘယ်လောက်တောင် တိုက်ခိုက်ပြီးသွားပြီလဲ ဆိုတာကို မသိတော့ပေ..။သူသိတာဆိုလို့..သူ ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး ပင်ပန်းနေပြီလဲ ဆိုတာပါပဲ..။ပြီးတော့ သူက လဲကျလုနီးပါး ဖြစ်နေခဲ့ပါပြီ..။
သူ ထိန်းချုပ်နိုင်တဲ့ အကန့်အသတ်ထက် ကျော်လွန်နေတဲ့ သံမဏိ သတ္တဝါကြီးကို ကြည့်နေရင်း ဆန်နီ အံကို ကြိတ်ထားခဲ့တယ်..။
ဒီခွေးသားအနေနဲ့ လုံးဝ လှံကို ပစ်လွှတ်လို့ မဖြစ်ပါဘူး..။သူ့အနေနဲ့ သူ့ကို အစွမ်းကုန်တားဆီးမှ ဖြစ်ပါလိမ့်မယ်..။
နိုတစ် ကို ကျိန်းသေ ကာကွယ်ပေးထားရပါလိမ့်မယ်..။
ဒါက မော်ဒရက်က သူ့ကို ကာကွယ်ဖို့ ပြောထားလို့ မဟုတ်ပါဘူး..။ဘာလို့လဲဆိုတော့..မှော်ဆရာက သူတို့ အသက်ရှင်ဖို့ အတွက် အကောင်းဆုံး သော အခွင့်အရေးတစ်ခု ဖြစ်နေလို့ပါ..။
ဆန်နီ တစ်စက္ကန့်လောက် တွေဝေနေခဲ့ပြီးကာမှ..အိပ်မက်ဆိုးနဲ့ သူတော်စင်ကို ပြန်ခေါ်လိုက်တယ်..။အရိပ်တွေဟာ..အဝေးမှာရှိနေတဲ့ သဘော်တစ်စီးပေါ်မှာ သွေးစွန်းတိုက်ပွဲတွေကို ဆင်နွဲနေခဲ့ကြတာပါ..။သူ့ရဲ့ အမိန့်အတိုင်းပဲ..အနက်ရောင်မြင်းဟာ တစ်ခနတောင်အချိန်မဖြုန်းပဲ ကောင်းကင်ပေါ်ကို ပျံသန်းသွားခဲ့ပါတယ်..။
သူက တစ်ခြား သဘော်တစ်စင်းဆီမှာ ပြန်ဆင်သက်လိုက်ပြီး သဘော်သားတွေကို ထိပ်လန့်စေပြီးကာမှ နောက်တစ်ကြိမ် ထပ်မံခုန်လိုက်တယ်..။ဒီလိုနဲ့ပဲ..မြင်းက ဆန်နီအနားကို ရောက်လာခဲ့ပြီး ရပ်တန့်လိုက်ပါတယ်..။သူ့ရဲ့ ခန္တာကိုယ်ကတော့..ဆိုးဝါးတဲ့ ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါပြီ..။
မြင်းရဲ့ ပါးစပ်ကနေလည်း သွေးနီရောင် အမြုပ်တွေ ထနေခဲ့တယ်..။
သို့ပေမယ့် ကျိန်စာသင့်သူ ရဲ့ မျက်လုံးတွေကတော့ ချိုးဖျက်လို့မရနိုင်တဲ့ စိတ်ဆန္ဒတွေနဲ့ ပြည့်နှက်နေတုန်းပါပဲ..။သူက အတော်လေးကို ခေါင်းမာပြီး ဂုဏ်ယူစရာကောင်းတဲ့ သတ္တဝါတစ်ကောင်ပါ..။ဘာပဲဖြစ်ဖြစ် သူက ဆန်နီ နီးပါးလောက်ကို ခေါင်းမာပါတယ်..။
ဆန်နီ ဖျော့တော့တဲ့ အပြုံးနဲ့ ပြုံးပြလိုက်တယ်..။
“မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ..။အခုတော့ နည်းနည်းလောက် အနားယူလိုက်ဦး..”
သူတော်စင်ဟာ..ခံစားချက်မဲ့စွာ မတ်တတ်ရပ်နေခဲ့တယ်..။သူမက သူ့ကို ခါတိုင်းလိုပဲ တည်ငြိမ်တဲ့ အကြည့်တွေနဲ့သာ ကြည့်နေခဲ့ပါတယ်..။သို့ပေမယ့် သူမရဲ့ ပတ္တမြားရောင် မျက်လုံးတွေကတော့..အနည်းငယ် မှိန်နေခဲ့ပါပြီ..။တိတ်ဆိတ်သော သူရဲကောင်းရဲ့ အကာအကွယ်တွေဟာ အက်ကွဲနေခဲ့ပြီး ထိခိုက်မူတွေ ရှိနေခဲ့တယ်..။သို့ပေမယ့် သူမမှာ ပြင်းထန်တဲ့ ဒဏ်ရာမျိုးတော့ ရှိမနေခဲ့ပါဘူး..။ဒါတောင်မှာ အက်ကွဲကြောင်းရာတွေထဲကနေ အနီရောင် အမှုန့်တွေ စီးကျနေခဲ့ပါသေးတယ်..။
သူက အိပ်မက်ဆိုး နဲ့ သူတော်စင်ကို ရစ်ပတ်ထားတဲ့ အရိပ်တွေကို ပြန်ခေါ်လိုက်ပြီး..သူ့ရဲ့ ခန္တာကိုယ်မှာ ရစ်ပတ်စေလိုက်တယ်..။
အောက်ဘက်မှာတော့ သံမဏိ သတ္တဝါကြီးက လှံကြီးကို မြှောက်ပြီး ပစ်လွှတ်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
သို့ပေမယ့် သူ မပစ်လိုက်နိုင်သေးခင်မှာပဲ..အမြှောက်တစ်စင်းက သူ့ရဲ့ လည်ပင်းဆီကို လာပြီး ထိမှန်သွားခဲ့တယ်..။သတ္တဝါကြီးဟာ တစ်ခနလောက်တွေဝေသွားခဲ့ပြီးကာမှ..သူ့ဆီကို ဖြည်းညှင်စွာ ခေါင်းခါယမ်းလာခဲ့ပါတယ်..။
ဆန်နီ သဘော်ကုန်းပတ်ပေါ်မှာ မတ်တတ်ရပ်နေရင်းနဲ့ နောက်ထပ် အမြှောက်တစ်စင်းကို ထပ်မံကောက်ယူလိုက်တယ်..။ယင်းနောက် ခါးသက်စွာ ပြုံးလိုက်ပါတယ်..။
သူက အမြှောက်ကို မောင်းဘယ်လိုတင်ရမလဲ ဆိုတာမသိပေမယ့် သူ့ရဲ့ ကိုယ်ပိုင်အင်အားကတင်..ဒီထက်အများကြီး ပိုသာပြီး..ပစ်ခတ်တာထက်တောင် ပိုထိခိုက်စေနိုင်ပါလိမ့်မယ်..။သေချာတာကတော့..သူ့ရဲ့ ပထမ ပစ်ခတ်မူက ဒီသတ္တဝါကို ဘာမှ ထိခိုက်စေခဲ့မှာ မဟုတ်ပါဘူး..။သို့ပေမယ့် စိတ်ရှုတ်သွားမှာကတော့ ကျိန်းသေပါတယ်..။
ထူးကဲသော ကျောက်တုံးရဲ့ ( အသံထည်ဝါမူ ) စွမ်းရည်ကို အသုံးပြုးရင်း ..သူက အဝေးထိရောက်သွားနိုင်လောက်တဲ့ အသံနဲ့ လှမ်းပြောလိုက်တယ်..။
“ဟေး..မင်း..။အရိပ်က မင်းကို သနားလို့ လွှတ်ပေးလိုက်တာ..။လာ.. ငါ့ဆီကို လာစမ်းပါ..။ဒါနဲ့ လက်ပြတ်သွားတာက ဘယ်လိုခံစားရလဲ ပြောစမ်းပါဦး..’
မှိန်ပြပြလရောင် ရဲ့ အောက်ဘက်မှာတော့..သတ္တဝါကြီးဟာ အနည်းငယ် လှုပ်လာခဲ့တယ်..။သူ့မျက်လုံးထဲက အရိပ်တွေက ပိုမိုနက်ရှိုင်းလာခဲ့ပြီး သူ့ရဲ့ လှံရှည်ကလည်း ရွေ့လျားလာခဲ့ပါတယ်..။ပြီးတာနဲ့ သူ့ရဲ့ ချိန်ရွယ်မူတွေကို နေရာရွေ့လိုက်တယ်..။
‘သူ ငါ့ကို မှတ်မိသွားပြီ ထင်တယ်..’
ဒါလည်း ကောင်းတာပဲ…’
ဆန်နီ အတွက် မကောင်းတဲ့ အချက်က သဘော်ကို ဘယ်လိုပဲ့ထိန်းပြီး..ကွေ့ရမလဲ ဆိုတာကို မသိတာပါပဲ..။ဒါကြောင့် လက်ရှိအချိန်မှာ သူက ငြိမ်သက်နေတဲ့ ပစ်မှတ်ဖြစ်နေခဲ့ပါပြီ..။
သူ ပုခုံးတွန့်လိုက်ပြီး အရိပ်တွေကို ရုတ်သိမ်းကာ..နောက်ထပ် အမြှော်ကတစ်ခုကို ကောက်ကိုင်လိုက်တယ်..။ပြီးတာနဲ့ ချိန်းအရှင်သခင်ရဲ့ မျက်နှာပေါ်ကို ကျေနပ်စွာပဲ ပစ်ခတ်လိုက်ပါတယ်…။ဒါက အပြင်ကို ချက်ချင်းပဲ ပြန်ကန်ထွက်လာခဲ့တယ်..။
‘ငါ့ရဲ့ ချိန်ရွယ်မူတွေက အတော်လေးကို လက်တည့်လာပြီပဲ..’
နောက်ထပ်တစ်ချက် ထပ်ပစ်ပြီးရင်တော့ သူ့အနေနဲ့ ဒီသဘော်ကို စွန့်ခွာရမယ့် အချိန်ရောက်ပါပြီ..။
နေမင်သားဟာ ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီးကာမှ..သူ့လိုသတ္တဝါတစ်ကောင်အတွက် အလွန်ကို လျင်မြန်လှတဲ့ အရှိန်နဲ့ ရုတ်တရက် လှုပ်ရှားသွားခဲ့တယ်..။ဒါက သူ့အနေနဲ့ စိတ်ရှုပ်စရာကောင်းတဲ့ ယင်ကောင်တစ်ကောင်ကို သတ်ပစ်ဖို့ ကြိုးစားနေသလိုပါပဲ..။
ဆန်နီရဲ့ အပြုံးတွေ အေးခဲသွားခဲ့တယ်..။
သူ့အနေနဲ့ ဒီလောက်အထိ လျှင်မြန်တဲ့ တုန့်ပြန်မူကို လုံးဝ မျှော်လင့်မထားခဲ့ပေ..။
လှံရှည်က သဘော်ကို ထိမှန်ဖို့အတွက် စက္ကန့်ဝက်လောက်သာ လိုတော့တဲ့ အချိန်မှာပဲ..လက်တစ်ဖက်ကသူ့ရဲ့နောက်ကျောကို ဆုပ်ကိုင်လာခဲ့ပြီး ဆန်နီအနေနဲ့ ရွေ့လျားသွားသလို ခံစားလိုက်ရတယ်..။ယင်းနောက် သူတို့အောက်ဘက်က ပေါ်ကကွဲသွားခဲ့ပြီး သစ်သားအပိုင်းအစတွေ ပျံ့နှံ့ထွက်သွားခဲ့ပါတယ်..။
သူ့ကို လေထဲမှာ ဆုပ်ကိုင်ထားခဲ့တဲ့ ကိုင်ကတော့..ညဉ်းတွားနေခဲ့တယ်..။
‘လေး..လေးလိုက်တာ..’
ပေါက်ကွဲမူလှိုင်းရဲ့ သက်ရောက်မူကို ခံလိုက်ရတာကြောင့် နောက်ထပ်တစ်ခနလေးမှာပဲ လေးသည်တော်က လက်လေးချောင်း နတ်ဆိုးကို ကိုင်ထားတာကနေ ဟန်ချက်ပျက်သွားခဲ့တယ်..။သူတို့တွေ အတူတကွ ဆိုသလိုပဲ အောက်ကို ပြုတ်ကျသွားခဲ့ပါတယ်..။အယ်ဖီဟာလည်း ကိုင်ရဲ့ နောက်ကျောကို တင်းကြပ်နေအောက် ဖက်ထားပြီး ပြုတ်ကျပြီး မသေအောင် ကြိုးစားနေခဲ့ပါတယ်..။
သူတို့နှစ်ယောက်က ဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တယ် ဆိုပေမယ့် တစ်နည်းနည်းနဲ့တော့ အသက်ရှင်နေကြတုန်းပါပဲ..။
ဆန်နီကတော့ ကမ္ဘာကြီးက လည်ပတ်နေသလို ခံစားနေခဲ့ရတယ်..။ပြီးတာနဲ့ သူ့ရဲ့ စိတ်မကြည်လင်မူတွေကို မောင်းထုတ်လိုက်ပြီး အနက်ရောင်တောင်ပံကို ထုတ်ယူကာ..မြေကြီးပေါ်ဆင်းသက်ဖို့ ကြိုးစားလိုက်ပါတယ်..။
သူတို့ သဘော်မျက်နှာပြင်ပေါ်ကို ကျရောက်ပြီးသွားတာနဲ့ သဘော်ပျက်ဆီကနေ ကျလာတဲ့ အပျက်အဆီးတွေကိုလည်း ရှောင်တိမ်းလိုက်ရပါသေးတယ်..။သူတို့ သုံးယောက်လုံးက အပျက်အဆီးတွေကို တစ်နည်းနည်းနဲ့ ရှောင်နိုင်ခဲ့ကြတယ်..။
သို့ပေမယ့်လည်း..သူ့တို့ ရပ်နေတဲ့ မြေကြီးက ရုတ်တရက် လှုပ်ခတ်သွားခဲ့ပါတယ်..။
သူ့ ရင်ဘတ်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရတာကြောင့် ဆန်နီဟာ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး..သံမဏိ သတ္တဝါကြီးကို လှမ်းကြည့်လိုက်တယ်..။ဒီသတ္တဝါကြီးက သူတို့ဆီကို လမ်းလျောက်လာခဲ့တာကြောင့်..ကျွန်းကြီးက တုန်လှုပ်နေခဲ့တာပါ..။
နေမင်းသားက စစ်သည်တော်တွေကို ခြေထောက်နဲ့ ရက်ရက်စက်စက် နင်းခြေခဲ့တဲ့ အိပ်မက်ဆိုးပုံရိပ်တွေက ဆန်နီရဲ့ စိတ်ထဲမှာ ပြန်မြင်ယောင်လာခဲ့တယ်..။ဒါက ဆန်နီကို နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားစေခဲ့ပါတယ်..။
သို့ပေမယ့် သူ့တို့မှာ ပြေးစရာ မြေမရှိတော့ပါဘူး..။
ပိုအရေးကြီးတာက သူတို့အနေနဲ့ ထွက်ပြေးလို့မရပေ..။သူတို့က နေမင်းသားကို နိုတစ်နဲ့ ဝေးတဲ့နေရာမှာ ထားထားဖို့ လိုအပ်နေပါသေးတယ်..။
သို့ပေမယ့် သူက အထွတ်အထိပ်အဆင် အင်မော်တယ်နဲ့ တွေ့ဆုံ အချိန်မှာ သေဆုံးရုံအပြင် ဘာများတတ်နိုင်ဦးမှာလဲ..။
ဆန်နီ ဖြူဖျော့သွားခဲ့တယ်..။
‘စဉ်းစား…စဉ်းစားစမ်းပါ..’
သူက သူ့ရဲ့ အိုဒါချီဓားကို မသေချာမူတွေနဲ မြှောက်လိုက်ပြီး သူတို့ရဲ့ ရှင်သန်နိုင်မယ့် အခွင့်အရေးတွေကို ရှာဖွေနေခဲ့တယ်..။သူ့မှာ အဆီအနှစ်အချို့ကျန်နေသေးတာကြောင့်..အရိပ်တွေထဲကို မိနစ် အနည်းငယ်လောက် ဝင်နေနိုင်သေသလို..အရိပ်ခုန်ကျော်မူ တစ်ကြိမ် နှစ်ကြိမ်လောက် လုပ်လို့ ရပါသေးတယ်..။ဒါက လုံလောက်ပါ့မလား..။ကျန်တဲ့နှစ်ယောက်ကရော..။
ပြီးတော့..သူ့ရဲ့ အဆီအနှစ်တွေ ကုန်သွားတဲ့အချိန်မှာ သူကရော ဘာလုပ်ရမှာလဲ..။
အဲ့အချိန်မှာပဲ ရုတ်တရက် အသံတစ်ခုက သူ့ရဲ့ အာရုံကို ဖမ်းစားသွားခဲ့တယ်..။
ဆန်နီ အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာ တစ်ခုခုကို မြင်ပြီး မျက်လုံးပြူးကျယ်သွားခဲ့ပါတယ်..။
အပေါ်ဘက်..မှောင်မိုက်နေတဲ့ အနီရောင်ကောင်းကင်မှာ..
ထည်ဝါးတဲ့ သဘော်တစ်စီးရဲ့ ပုံရိပ်က လရောင်အောက်မှာ ပေါ်ထွက်လာခဲ့တယ်..။
ထိခိုက်ပြီး ပုံပျက်နေတဲ့ သဘော်က ပျံသန်းနေခဲ့တာ..မဟုတ်ဘူး..အောက်ကို ပြုတ်ကျလာနေတာ..။ဒါက အရမ်းကို မြင့်မားတဲ့ အမြင့်တစ်ခုကနေ ဆင်းသက်လာနေခဲ့တယ်..။ပြီးတော့..များပြားလွန်းတဲ့ အရှိန်အဟုန်ကို စုဆောင်းလာခဲ့တာကြောင့်..သဘော်ကိုယ်ထည် ကျဆင်းလာတဲ့ လမ်းတစ်လျောက်မှာရှိတဲ့ လေထုတောင် ဟစ်အော်သံတွေ ထွက်ပေါ်နေခဲ့ပါတယ်..။
ဒါက ဆန်နီ ကြားနေခဲ့ရတဲ့ အသံတွေပါ..။
သဘော်ရဲ့ ထိပ်မှာတော့ နူးညံ့တဲ့ ပုံရိပ်တစ်ခုက ပဲ့ထိန်းနေတာက သူ မြင်တွေ့နေခဲ့ရတယ်..။
‘ကတ်စီ..’
ပျက်ဆီးနေတဲ့ သဘော်က ကောင်းကင်ပေါ်ကနေ ကြယ်တစ်စင်းလို ကျဆင်းလာခဲ့ပြီး..အနည်းငယ် ဦးတည်ချက်ပြောင်းလိုက်တယ်..။
ပြီးတာနဲ့ ကြီးမားတဲ့ သံမဏိ သတ္တဝါကြီးကို အရှိန်အပြည့်နဲ့ ဝင်တိုက်ကာ..ကမ္ဘာကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်..။
အပိုင်း ( ၇၂၃ ) ပြီး၏။