← Chapters

နောင်တ တရား၏ လေးလံမူ

Vol. 49 Ch. 724

နောင်တ တရား၏ လေးလံမူ

Vol. 49 Ch. 724

ကြက်သွေးရောင် လရောင်အောက်က မှောင်မိုက်နေတဲ့ ညကောင်းကင်ယံ ထက်ကနေ ပျက်ဆီးနေတဲ့ သဘော်တစ်စီးဟာ ထိုးဆင်းလာခဲ့ပြီး သံမဏိ သတ္တဝါကြီး တည့်တည့်ကို ဝင်တိုက်သွားခဲ့တယ်..။သဘော်ရဲ့ ဦးခေါင်းပိုင်း နှုတ်သီးက သတ္တဝါကြီးရဲ့ ရင်ဘတ်ကို ပြင်းထန်တဲ့ အရှိန်နဲ့ ထိမှန်သွားခဲ့တာကြောင့်..မျက်စိကျိန်းမတတ် အလင်းရောင်တွေ ထွက်ပေါ်လာခဲ့ပါတယ်..။ယင်းနောက် ပြင်းထန်တဲ့ လှိုင်းလုံးတွေကလည်း..ကျွန်းတစ်ခုလုံးကို အရှိန်ပြင်းစွာ ပျံ့နှံ့သွားခဲ့ပြီး ဆန်နီကို နောက်ပြန်လွင့်စင်သွားစေခဲ့တယ်..။

သူ လဲကျသွားတဲ့ အချိန်မှာတော့ နားစည်ကျိန်းလုမတတ် အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့ပါတယ်..။

ဆန်နီဟာ မြေပြင်ပေါ်မှာ လူးလိမ့်နေရင်းနဲ့ပဲ..ပေါက်ကွဲသံကြီးရဲ့ တုန်ခါမူ ၊ သစ်သားအပိုင်းအစတွေရဲ့ လွင့်စင်မူတွေ နဲ့ သံမဏိတွေ ပြတ်တောက်သွားတဲ့ အသံတွေကို ခံစားနေခဲ့ရပါတယ်..။

မူးဝေပြီး..ပုံမှန်အသိစိတ်ပြန်မရသေးတဲ့ ဆန်နီဟာ..ဒူးထောက်ထရပ်လိုက်ပြီး..အနည်းငယ် ဒယိမ်းဒယိုင်နဲ့ မော့ကြည့်လိုက်တယ်..။

သူ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့ပါတယ်..။

မှော်ဆရာရဲ့ သဘော်က မြေပြင်ပေါ်မှာ လဲကျပျက်ဆီးနေခဲ့ပါပြီ..။အရင်က လှပနေခဲ့တဲ့ သဘော်ကိုယ်ထည်ကလည်း..ကြီးမားတဲ့ ခြစ်ရာတွေ ၊ ဆိုးဝါးတဲ့ အပေါက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်..။သဘော်ရဲ့ ဦးပိုင်းက လုံးဝကို ပျက်ဆီးနေခဲ့ပြီး..အထူးသဖြင့် အရှေ့ပိုင်းတွေဟာ ထိခိုက်မူ ပြင်းထန်ခဲ့ပါတယ်..။နဂိုက ကုန်းပတ်ပေါ်မှာ ပေါက်နေတဲ့ ကြီးမားတဲ့ သစ်ပင်ကြီးကတော့ အခုချိန်မှာ ထိခိုက်ဒဏ်ရာတွေနဲ့ အတူပဲ..သေဆုံးနေခဲ့ပါပြီ..။

ကတ်စီကိုတော့ မြင်ကွင်းထဲမှာ မတွေ့ရပေ..။

ကျွန်းရဲ့ အစွန်းနားမှာတော့…နေမင်းသားက ဒူးထောက်လျက်သား ရှိနေခဲ့တယ်..။သံမဏိ သတ္တဝါကြီးက ဒယိမ်းဒယိုင်နဲ့ အန္တရာယ်ရှိစွာ ရှိနေခဲ့ပြီး..သူ့ရဲ့ မျက်နှာကို ကျန်ရှိနေတဲ့ လက်တစ်ဖက်နဲ့ ကိုင်ထားခဲ့ပါတယ်..။သဘော်နဲ့ ဝင်တိုက်မိခဲ့တဲ့ သူ့ရဲ့ ရင်ဘတ်နေရာမှာတော့..ပေါက်ကွဲထွက်နေခဲ့ပြီး ဆိုးဝါးတဲ့ ဒဏ်ရာကနေ တဆင့်..သတ္တုရည်တွေ စီးကျနေခဲ့တယ်..။

ပြီးတဲ့ ဒဏ်ရာရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာ..အပူရှိန်ကြောင့် တောက်ပနေတဲ့ လူသားပုံစံ သတ္တု လှောင်အိမ်ငယ်တစ်ခုကို မြင်တွေ့နေခဲ့ရပါတယ်..။

..လှောင်အိမ်ကလည်း ကျိုးပျက်နေခဲ့ပြီး..မီးလောင်ထားတဲ့ လက်တစ်ဖက်က လှောင်အိမ်ရဲ့ အစွန်းတွေကို ဖမ်းဆွဲထားတာကို တွေ့မြင်နေခဲ့ရတယ်..။သူ့ရဲ့ လက်ချောင်းတွေအောက်မှာတော့..သံမဏိတွေက အဝတ်အစားတွေအလား တဖြည်းဖြည်း စုတ်ပြဲနေခဲ့ပါပြီ..။

ဆန်နီ တုန်လှုပ်သွားခဲ့ပြီး..ပျက်ဆီးနေတဲ့ သဘော်ဆီကို လှမ်းကြည့်လိုက်တယ်..။

‘ကတ်စီ….ကတ်စီက ဘယ်မှာလဲ..’

သူက မျက်မမြင် မိန်းမပျိုလေးကို ဘာလို့ အပျက်အဆီးတွေကြားထဲမှာ မတွေ့ရတာလဲ..။

သို့ပေမယ့်..ဆန်နီ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရပါတယ်..။

သွေးတွေစိုရွဲနေတဲ့ ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာခဲ့ပြီး မြေကြီးပေါ်ကို ထိမှန်သွားခဲ့ကာ..ပြန်ကန်ထွက်သွားခဲ့တယ်..။ပြီးတာနဲ့..သဘော်ရဲ့ ကိုယ်ထည်နဲ့ ထိမှန်သွားခဲ့ပြီး..အက်ကွဲကြောင်းတွေ ပိုမို ပေါ်လာစေခဲ့ပါတယ်..။ဒီလူကတော့..အနက်ရောင်ဆံပင်..ဖြူဖျော့တဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ နိုတစ်ပါ..။

မှော်ဆရာရဲ့ အခြေအနေက အတော်လေး မကောင်းလှပေ..။

သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးက သွေးတွေနဲ့ စိုရွဲနေခဲ့ပြီး..ဆိုးဝါးတဲ့ ဒဏ်ရာတွေကလည်း နေရာအနှံ့မှာ ရှိနေခဲ့ပါတယ်.။သူ့ရဲ့ လှပတဲ့ မျက်နှာကလည်း ပျက်ဆီးပြီး ပုံပျက်နေခဲ့ပါပြီ..။သူ့ရဲ့ အရည်ပြားတွေက စုပ်ပြဲနေခဲ့ပြီး..အောက်မှာရှိနေတဲ့ အဖြူရောင် အရိုးတွေကိုတောင် မြင်တွေ့နေခဲ့ရတယ်..။သူ့ရဲ့ မျက်လုံးတစ်ဖက်ကလည်း မရှိတော့ပဲ..အမှောင်ထုကိုသာ မြင်နေခဲ့ရပါတယ်..။

သို့ပေမယ့် သူက အသက်ရှင်နေဆဲပါပဲ..။ဒါပေါ့…သူက အသက်ရှင်နေမှာပေါ့..။

နိုတစ်က..ညှာတာမူကင်းမဲ့တဲ့ နာကျင်မူတွေကနေ ရုန်းထွက်ပြီး..သေခြင်းတရားရဲ့ ပွေ့ဖက်မူကို ခံယူချင်တယ်ဆိုရင်တောင်..လွတ်မြောက်နိုင်မှာမဟုတ်ပေ..။

ဆန်နီ အခြေအနေတွေကို ကြည့်ရင်း အံ့ဩသင့်နေတုန်းမှာပဲ..လေထဲမှာ တစ်ခုခုက အရောင်လက်သွားခဲ့တယ်..။ပြီးတာနဲ့ ထည်ဝါတဲ့ ပုံရိပ်တစ်ခုက မှော်ဆရာရဲ့ ရှေ့နားမှာ အလျင်အမြန်ပေါ်လာခဲ့ပါတယ်..။သူမရဲ့ လှပတဲ့ ဆံပင်တွေက လေထဲမှာ ကခုန်နေခဲ့တယ်..။

ခနအကြာမှာတော့..ပြင်းထန်တဲ့ လက်သီးချက်အခုနဲ့ အတူပဲ..နိုတစ်ဟာ နောက်ကို လွင့်စင်သွားခဲ့ပြီး..သဘော်ကိုယ်ထည်ကို ထိမှန်ကာ..အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့ပါတယ်..။သူတော်စင် နှစ်ယောက်စလုံးက ရှေးဟောင်းသဘော်ရဲ့ အထဲကို ဝင်ရောက်သွားခဲ့ပြီး..သဘော်ဟာ တုန်ခါနေခဲ့တယ်..။ဒါက သူတို့နှစ်ယောက်ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲက အထဲမှာ ဆက်လက်ဖြစ်ပွားနေတယ်ဆိုတာကို အချက်ပြနေခဲ့တာပါ..။

ဆန်နီ အေးခဲသွားခဲ့ပြီး..ယိမ်းယိုင်နေတဲ့ သတ္တဝါကြီးကို ကြည့်လိုက်..ရှေးဟောင်းသဘော်ကို ကြည့်လိုက်ဖြစ်နေခဲ့တယ်..။သူ့ရဲ့ စိတ်က လုံးဝရှင်းလင်းနေခဲ့ပြီး ဘာဆက်လုပ်ရမလဲ ဆိုတာကို လုံးဝမသိတော့ပေ..။

ဒါမှမဟုတ်..သူက ဘယ်အရာက ပိုအရေးကြီးလဲဆိုတာကို မဆုံးဖြတ်တတ်ဖြစ်နေခဲ့တာပါ..။

သို့ပေမယ့် သူ့အနေနဲ့ ဒါကို ဆုံးဖြတ်ချက်ချနေဖို့ အချိန်မရှိခဲ့ပေ..။

သူ အံကိုကြိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ..သူ့ရဲ့ သူငယ်ချင်းတွေကို ရှာဖွေလိုက်တယ်..။

ကိုင်က ပေါက်ကွဲမူကြောင့် ဖြစ်ပေါ်လာတဲ့ အရှိန်ကြောင့်..လဲကျနေဆဲဖြစ်ပေမယ့်..အယ်ဖီကတော့ မတ်တတ်ထရပ်နေခဲ့ပြီဖြစ်ပြီး..သူ ကြည့်နေတဲ့ နေရာကို ကြည့်နေခဲ့ပါတယ်..။

သူမရဲ့ မျက်နှာပေါ်မှာတော့ အပြုံးတစ်ခု ရှိနေခဲ့တယ်..။

ဆန်နီ ညဉ်းညူရင်း ဖြည်းညှင်းစွာ ထရပ်လိုက်တယ်..။

“အယ်ဖီ.. တစ်ခုခု စဉ်းစားမိသေးလား..”

သူမက တစ်ခနလောက် တိတ်ဆိတ်နေခဲ့ပြီးကာမှ..သူ့ကို ဖျော့တော့ စွာ ပြုံးပြလာခဲ့တယ်..။

“ငါတော့ အဲ့လို အချိန်ရောက်ပြီလို့ ထင်တာပဲ..”

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

“ဘာ အချိန်လဲ..”

ကလေးမလေးဟာ..အပျက်အစီးတွေကို ကြည့်လိုက်ပြီးမှ ပြောလာခဲ့တယ်..။

“သိတယ်မလား..ရုပ်ရှင်တွေထဲမှာ တစ်ယောက်နဲ့တစ်ယောက် လူခွဲဖို့ ပြောတဲ့ အချိန်မျိုးလေ..”

ဆန်နီ သူမကို စိုက်ကြည့်လိုက်တယ်..။သူမ ဘာကိုဆိုလိုတာလဲ ဆိုတာကို နားမလည်နိုင်ခဲ့ပါဘူး..။

အယ်ဖီရဲ့ အကြည့်တွေက ဒူးထောက်နေခဲ့တဲ့ သတ္တဝါကြီးဆီကို ရောက်သွားခဲ့ပြီး..မြဲမြံတဲ့ အသံနဲ့ ပြောလိုက်တယ်..။

“ငါ့ကို ဓားပေး..ပတ္တမြားရောင် ဓား..။ငါ အဲဒီ ခွေးသား ကို ဖြေရှင်းလိုက်မယ်..။နင် နဲ့ ကိုင်ကတော့ ကတ်စီကို သွားရှာပြီး..ဟိုအရူးကို ကူပေးလိုက်ကြပေါ့..။ဘာပဲဖြစ်ဖြစ်..သူက သေမှာလည်း မဟုတ်ဘူးလေ..”

သူက ကလေးမလေးကို အမြင့်ကနေ စိုက်ကြည့်နေခဲ့တယ်..။သူ့ရဲ့ မျက်လုံးထဲမှာတော့ အနက်ရောင် အရိပ်တွေ ပြေးလွှားနေခဲ့ပါတယ်..။

“နင် သေချာရဲ့လား..”

ကလေးမလေးဟာ ရယ်မောလိုက်ပြီး..

“ငါ့ပုံစံက မသေချာတဲ့ ပုံစံဖြစ်နေလို့လား..။အေးဆေးပါ အရူးလေးရဲ့..ဒါက ဒီတိုင်း အထွတ်အထိပ်အဆင့် အင်မော်တယ် တစ်ယောက်ပဲလေ..။ဘာပဲဖြစ်ဖြစ် ငါတို့က အဲဒီအရာ..လှောင်အိမ်ထဲက မလွတ်မြောက်ခင်မှာ ဖြေရှင်းလိုက်တာ ပိုကောင်းလိမ့်မယ်..”

ဆန်နီ အံကိုကြိတ်ထားခဲ့ပြီး..တပ်မက်ခြင်းသတ္တာကို ထုတ်ယူလိုက်ကာ..ဓားကို အယ်ဖီဆီ ကမ်းပေးလိုက်တယ်..။ဒီဓားက ရေကန်ထဲက သတ္တဝါဆီကနေ ရရှိလာခဲ့တာပါ..။

အခုချိန်မှာ ဘာစကားမှ ပြောနေဖို့ အချိန်မရှိသလို..ပြောဖို့လည်း မလိုအပ်ခဲ့ပါဘူး..။အယ်ဖီဟာ ဓားကို ယူလိုက်ပြီး..ဆန်နီရဲ့ ပုခုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်..။ပြီးတာနဲ့ နောက်ကို ပြန်လှည့်မကြည့်ပဲ ထွက်သွားပါတော့တယ်..။

ဆန်နီဟာ ကိုင်ကို တွဲကာ မတ်တတ်ထရပ်စေလိုက်ပြီး..ပျက်ဆီးနေတဲ့ သဘော်ဆီကို သွားဖို ဦးတည်လိုက်တယ်..။သူတို့ ပြေးနေတဲ့ အချိန်မှာတော့..သူ့ရဲ့ သားရဲလို မျက်နှာပေါ်မှာ ရုပ်ဆိုးတဲ့ အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့ပါတယ်..။

‘နင်သေလို့ မဖြစ်သေးဘူး…နင့်ရဲ့ အိပ်စက်မူ သတ္တာက ငါ့အိမ်မှာပဲ ရှိနေသေးတယ်..။ချီးတဲ့မှပဲ..အလောင်းတစ်လောင်းကို ကိုင်တွယ်ရတာ ဘယ်လောက်တောင် အလုပ်ရှုပ်လိုက်မလဲ ဆိုတာ သိရဲ့လား..။တကယ်လို့ နင်သာ အသိစိတ်ရှိနေသေးရင်..အသက်ရှင်နေသင့်တယ်..’

သူ့ရဲ အနောက်ဘက်မှာတော့ အယ်ဖီဟာ..ကျွန်းရဲ့ အစွန်းဆီကို ပြေးသွားလိုက်ပြီး..ဆည်းဆာချိန်အမြုတေကို ထုတ်ယူလိုက်တယ်..။သူမရဲ့ လက်ပတ်ဝန်းကျင်မှာ အလင်းစက်လေးတွေ ဖြစ်ပေါ်လာတဲ့ အချိန်မှာတော့ သူမက လဲကျနေတဲ့ တိုင်တစ်တိုင်ပေါ်ကို ခုန်တက်လိုက်တယ်..။

ကလေးမလေးဟာ..တိုင်လုံးတစ်လျောက်ပြေးတက်သွားခဲ့ပြီး အမြင့်ဆုံးနေရာကို ရောက်တဲ့ အချိန်မှ လေထဲကို အားကုန် ခုန်တက်လိုက်ပြီး..ဒူးထောက်နေတဲ့ သတ္တဝါကြီး ဆီကို ဦးတည်သွားလိုက်ပါတယ်..။

အယ်ဖီဟာ သူမ ပျံသန်းနေတုန်းမှာ လေးလံတဲ့ ဒိုင်းကာကြီးရဲ့ တစ်ခုတည်းသော..စွမ်းရည်ကို အသက်သွင်းလိုက်တယ်..။

( ကြွေကျလာတဲ့ ကြယ်အပိုင်းအစမှ ထုလုပ်ထားသော ဤဒိုင်းကာသည် ကောင်းကင်၏ အလေးချိန်များကို သယ်ဆောင်ထားခဲ့သည်..။ကိုင်ဆောင်သူ၏ နှလုံးသားပေါ်မူတည်ပြီး..ငှက်မွှေးလေးလို ပေါ့ပါးနိုင်သလို ၊ နောင်တရအောင်လည်း လေးလံနိုင်သည် )

သူမက မှတ်သားမူထဲကို အဆီအနှစ်တွေ ထည့်သွင်းလိုက်ပြီး..သူမရဲံ လက်ထဲက ဒိုင်းကာကို တောင်တစ်တောင် လိုမျိုး လေးလံသွားစေခဲ့ပါတယ်..။

ခနအကြာမှာတော့..အယ်ဖီဟာ..သံမဏိ လူသန်ကြီးကို အင်အားအပြည့်နဲ့ ဝင်တိုက်သွားခဲ့တယ်..။

ဒီသက်ရောက်မူက ကတ်စီ ရဲ့ သဘော် ကောင်းကင်ပေါ်ကနေ ဆင်းသက်လာသလောက်တော့ ဖျက်ဆီးအား မပြင်းထန်ခဲ့ပါဘူး..။

သို့ပေမယ့်..နေမင်းသားက အခုချိန်အထိ ဟန်ချက်ကို ပြန်ထိန်းညှိမရ ဖြစ်နေသေးတာကြောင့်. ဒီလောက် အင်အားကတင် သူ့ရဲ့ အပေါ်ပိုင်းကို အနည်းငယ် ယိုင်သွားစေခဲ့ပါတယ်..။

..ပြီးတော့..ဒီလို ယိုင်သွားတာကပဲ…နေမင်းသားကို နောက်ပြန်လဲကျသွားစေဖို့ အတွက် လုံလောက်နေခဲ့တယ်..။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့..အင်မော်တယ် လူသန်ကြီး နဲ့ ကလေးမလေး နှစ်ယောက်စလုံးဟာ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပြီး..ကျွန်းရဲ့ အစွန်းကနေ ပြုတ်ကျသွားခဲ့ပါတယ်..။

အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထုထဲကို…။

အပိုင်း ( ၇၂၄ ) ပြီး၏။

All Chapters