သဘော်ပျက် ကျွန်း
Vol. 49 Ch. 725
ဆန်နီ နဲ့ ကိုင် တို့ ရှေးဟောင်း သဘော်ပျက်ကြီးဆီကို ဦးတည်သွားနေကြတုန်းမှာတော့..ကောင်းကင်ချိန်းကြိုးတွေဟာ ရုတ်တရက် နားစည်ကျိန်းလုမတတ် အသံတွေမြည်လာခဲ့တယ်..။ပြီးတာနဲ့..ကျွန်းတစ်ခုလုံးက အပေါ်ကို မြင့်တက်လာသလိုမျိုး လှုပ်ခတ်လာခဲ့ပါတယ်..။နောက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့..သံမဏိ လူကြီးက ကျွန်းရဲ့ အစွန်းမှာ မရှိတော့တာကို သူတို့ တွေ့လိုက်ရတယ်..။အယ်ဖီလည်း မြင်ကွင်းထဲမှာ မရှိတော့ပါဘူး..။
ဆန်နီဟာ သိပ်မကြာခင်က ဧရာမသတ္တဝါကြီး ထိုင်နေခဲ့တဲ့ နေရာကို စိုက်ကြည့်လိုက်တယ်..။ပြီးတာနဲ့ အံကိုကြိတ်ပြီး အကြည့်တွေကို လွှဲလိုက်ပါတယ်..။
အယ်ဖီက သူမ ဘာလုပ်နေလဲဆိုတာကို ကောင်းကောင်းသိလောက်မှာပါ..။အိပ်မက်ဆိုးကနေ ရှင်သန်ပြီး..အစစ်အမှန်ကမ္ဘာကို ပြန်သွားဖို့အတွက် သူမလောက် စိတ်ဓာတ်တက်ကြွနေတဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ပါဘူး..။ဆန်နီတောင် သူမလောက် စိတ်အားမထက်သန်လောက်ပေ..။သူမက လွတ်မြောက်ဖို့ လမ်းမရှိတဲ့ ဘယ်အရာမျိုးကိုမှ ပြုလုပ်လောက်မှာ မဟုတ်ပါဘူး..။
ဘာပဲဖြစ်ဖြစ်..အားလုံးက ဆိုးဝါးတဲ့ အန္တရာယ်ထဲမှာ ကျရောက်နေခဲ့ကြတယ်..။တကယ်လို့ ဆိုဗန်သာ နိုတစ်ကို အနိုင်ယူနိုင်ခဲ့ရင်..သူမက နောက်ဆက်တွဲအနေနဲ့ သူတို့ကို လာရှာတော့မှာပါ..။ပြီးတော့..ကတ်စီကလည်း အပျက်အစီးတွေထဲမှာ သေသွားပြီလား..သေအံ့ဆဲဆဲဖြစ်နေပြီလား မသိသေးပါဘူး..။
မလိုအပ်တဲ့ အတွေးတွေနဲ့ အချိန်ဖြုန်းနေဖို့ အချိန်မရှိပေ..။
ဆန်နီဟာ ကိုင်ကို ရှေ့ကို ဆွဲခေါ်သွားနေခဲ့တယ်..။လေးသည်တော်ကတော့ ဖြည်းဖြည်းချင်းဆိုသလိုပဲ အသိစိတ်ပြန်ဝင်လာနေခဲ့ပါပြီ..။အခုချိန်မှာ သူ့ရဲ့ မယုံနိုင်စရာ အမြင်အာရုံက အတော်လေးကို အသုံးဝင်နေခဲ့တယ်..။
သူ့ရဲ့ အရိပ်လေးခုက အပျက်အစီးတွေကြားထဲကို သွားပြီး..မိန်းမပျိုလေးကို ရှာဖွေနေခဲ့ကြပါတယ်..။သို့ပေမယ့်..ဒီလောက်များပြားတဲ့ သစ်သား အပိုင်းအစတွေ ၊ ပျက်ဆီးကြွတက်နေတဲ့ မြေဆီလွှာတွေ နဲ့ အပျက်အဆီးပုံကြီးကြားထဲမှာ..တစ်စုံတစ်ခုကို ရှာဖွေဖို ဆိုတာက အတော်လေးကို ခက်ခဲလှပါတယ်..။
ယင်းနောက် နောက်ဆုံးမှာတော့..သူက အပျက်အဆီးတွေအောက်ဘက်က အားနည်းတဲ့ လှုပ်ရှားမူလေးတစ်ခုကို သတိထားမိလိုက်တယ်..။
ဆန်နီဟာ နှလုံးခုန်တွေမြန်လာခဲ့ပြီး ရှေ့ကို တိုးဝင်သွားခဲ့လိုက်ပါတယ်..။ပြီးတာနဲံ..သဘော်ရဲ့ ကိုယ်ထည်အပိုင်းအစတွေကို ဖယ်ရှားပြီး ခန္တာကိုယ်ကိုကိုင်းကာ..မြေဆီလွှာတွေကို တူးဆွလိုက်တယ်..။မကြာခင်မှာပဲ..အနက်ရောင် အဝတ်အပိုင်းအစကို သူတွေ့လိုက်ပြီး..အပျက်အဆီးတစ်ချို့ကို ထပ်မံဖယ်ရှားလိုက်တဲ့ အချိန်မှာ ကတ်စီ ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို မြင်တွေ့လိုက်ရတယ်..။
သူမက ကြိုးစား ထိုင်နေခဲ့ပြီး..ပြင်းပြင်းထန်ထန် ချောင်းဆိုးနေခဲ့ပါတယ်..။
မျက်မမြင် မိန်းကလေးရဲ့ ပုံစံကို ကြည့်ရတာ အဆင်ပြေနေတဲ့ ပုံပါပဲ..။သူမရဲ့ မျက်လုံးကို ဖုံးကွယ်ထားတဲ့ အဝတ်အပိုင်းအစက အောက်ကို လျောကျနေပြီး..ဘာမှမရှိတဲ့ မျက်လုံးအိမ်သာ မြင်နေခဲ့ရတယ်..။ပြီးတော့ သူမရဲ့ အဝတ်အစားတွေက..ပုခုံးကို ထိမှန်ထားတဲ့ မြားဒဏ်ရာတွေကြောင့်..သွေးတွေနဲ့ စိုရွှဲနေခဲ့ပါတယ်..။တစ်ခြားကတော့ သူမရဲ့ ခန္တာကိုယ်ပေါ်က ခြစ်ရာအနည်းငယ်သာ ရှိနေခဲ့တယ်..။
ကတ်စီက ဆန်းကျယ်စွာပဲ အသက်ရှင်နေတုန်းပါပဲ..။
ဆန်နီဟာ သူမကို မျက်လုံးပြူးကျယ်စွာ စိုက်ကြည့်နေရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပါတယ်..။အမျိုးသမီးငယ်လေးဟာ အကြိမ်အနည်းငယ် ချောင်းထပ်ဆိုးလိုက်ပြီးမှ သူမရဲ့ မျက်နှာပေါ်က အညစ်အကြေးတွေကို သုတ်လိုက်တယ်..။ပြီးတာနဲ့ စိုးရိမ်ပြီး မသေချာတဲ့ အမူအရာနဲ့ ခေါင်းကို မော့လာခဲ့ပါတယ်..။
“ဘယ်…ဘယ်သူလဲ…။ဆန်နီလား..”
သူက ကိုင်ကို ကူညီပြီး ထိုင်လို့ရအောင် လုပ်ပေးလိုက်တယ်..။ပြီးမှ ပြန်ဖြေလိုက်ပါတယ်..။
“ဟုတ်တယ်..ငါပဲ..။ဒါပေမဲ့ နင့်ရဲ့ စွမ်းရည်က မပြောနိုင်တော့ဘူးလား..”
ကတ်စီ မျက်နှာရှုံ့မဲ့သွားခဲ့ပြီး..
“ငါ့ရဲ့ အဆီအနှစ်တွေက ကုန်သွားပြီ…”
သူက ကျေနပ်စွာ ရယ်မောလိုက်တယ်..။
“နင်က အဲတာကို စိုးရိမ်နေတာလား..။နင်က အရူးပဲ..အဲတာက ဘယ်လို စတန့်မျိုးလဲ..။နင်က အဲလို တိုက်ခိုက်မူကနေ ဘယ်လိုမျိုး အသက်ရှင်နိုင်ခဲ့တာလဲ..”
ကတ်စီဟာ သူမရဲ့ လှပတဲ့ မျက်နှာပေါ်မှာ စိတ်ရှုတ်ထွေးတဲ့ အမူအရာနဲ့ ကြည့်လာခဲ့တယ်..။
“ဘာကို ဘယ်လို ရှင်သန်ခဲ့တာလဲ..။ဒါပေါ့ ငါက သဘော်က နေမင်းသားကို မတိုက်ခင် အချိန်အနည်းငယ်အလိုမှာ ခုန်ချခဲ့တာပေါ့..။ကခုန်သူက ငါ့ကို သယ်ပေးထားတာ..။ငါ အဲလောက် မရူးသေးပါဘူး..”
သူက သူမကို အချိန်တစ်ချို့ကြာအောင် ကြည့်နေခဲ့တယ်..။ပြီးတာနဲ့ သူ့မျက်နှာပေါ်ကို လက်နဲ့အုပ်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပါတယ်..။
“နင်က ငါ့နဲ့အတူနေတာ များသွားလို့ထင်တယ်..။အရူးတွေကပဲ..အင်မော်တယ်တစ်ယောက်ကို သဘော်ပျံနဲ့ ဝင်တိုက်မှာလေ..”
အခု မျက်မမြင်မိန်းကလေးက အသက်ရှင်နေခဲ့ပြီဆိုတော့..သူက အရာရာတိုင်းကို သေချာစဉ်းစားနိုင်ခဲ့ပါပြီ..။ဆန်နီဟာ..နိုတစ် နဲ့ ဆိုဗန်တို့ ပျောက်ကွယ်သွားတဲ့ သဘော်ကိုယ်ထည် အပေါက်နေရာကို ကြည့်လိုက်တဲ့ အချိန်မှာ ကျောချမ်းသွားခဲ့တယ်..။
အပျက်အဆီးတွေက လှုပ်ခတ်ကာ အသံမြည်နေရင်း..အထွတ်အထိပ်အဆင့် ပညာရှင်နှစ်ယောက် တိုက်ခိုက်နေကြသေးတယ် ဆိုတာကို သက်သေပြနေခဲ့တယ်..။
ကတ်စီ မတ်တတ်ရပ်ဖို့ ကြိုးစားလိုက်ပေမယ့် နောက်ပြန်လဲကျသွားခဲ့တာကြောင့် တစ်ခနလောက် ငြိမ်သက်နေခဲ့ပါတယ်..။
“ဘာတွေဖြစ်နေတာလဲ..”
ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့ပြီး..
“အယ်ဖီက နေမင်းသားကို ဆက်ပြီး ဖြေရှင်းနေတယ်..။ကိုင် က ဒီမှာ..။ဒါပေမဲ့ သူက ပေါက်ကွဲမူ လှိုင်းကြောင့် သတိလစ်သွားခဲ့တယ်.,.။နိုတစ်ကလည်း ကျွန်းပေါ်မှာ ရောက်နေပြီ..။သူ့ပုံစံက ဆိုဗန်ကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်နေတဲ့ ပုံပဲ..”
သူ့ရဲ့ အရိပ်တွေက ပြန်ရောက်လာပြီး ခန္တာကိုယ်ကို ရစ်ပတ်ထားခဲ့တာကြောင့်..သူ့ရဲ့ ခွန်အားတွေက အဆမတန် မြင့်တက်လာခဲ့ပါပြီ..။
ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ မတ်တတ်ထရပ်လိုက်တယ်..။
“နင်က ကိုင်နဲ့အတူ ဒီမှာ ခနလောက် နားနေလိုက်ဦး..။ငါ..ငါ ခနနေ ပြန်လာခဲ့တယ်..။
မျက်မမြင် မိန်းမပျိုဟာ မျက်မှောင်ကျုတ်လိုက်ပြီး..သူမရဲ့ မျက်နှာပေါ်က အဝတ်စကို မျက်လုံးတွေပေါ် ပြန်တင်လိုက်တယ်..။သူမရဲ့ မျက်လုံးတွေ မရှိတော့တဲ့ အမှောင်ထု နှစ်ခုက ချက်ချင်းဆိုသလိုပဲ..ပျောက်ကွယ်သွားခဲ့ပါတယ်..။
‘နင်..နင် ဘယ်သွားမလို့လဲ..”
သူက အပျက်အဆီးတွေကို တစ်ခနလောက် ကြည့်လိုက်ပြီး..နက်မှောင်စွာ ပြုံးလိုက်တယ်..။
“အာ..ငါက ဒီတိုင်း အကြွေးပြန်သွားပေးမလို့..”
ဘာပဲဖြစ်ဖြစ် သူက ဆိုဗန် ဆီမှာ အတော်လေး အကြွေးတင်ထားပါတယ်..။
လနဲ့ချီတဲ့ နာကျင်ခံစားရမူတွေ ၊ စိတ်ဓာတ်ကျမူတွေ ၊ အသက်ကယ်တင်ခဲ့တဲ့ သူငယ်ချင်းကို ဆုံးရှုံးမူတွေ နဲ့ နှလုံးသားကို ဖျက်ဆီးခဲ့မူတွေ အတွက်ပါ..။
သူမရဲ့ ဧည့်ဝတ်ကျေပွန်မူက သူက ဘယ်အချိန်မှများ ပြန်ပေးဆပ်ခွင့်ရမှာလဲ..။
ဆန်နီဟာ ကတ်စီနဲ့ ကိုင်ကို နောက်မှာ ချန်ထားရစ်ခဲ့ပြီး..ဒေါသတွေကို စုစည်းကာ..အပျက်အဆီးတွေကြားထဲ တိုးဝင်သွားခဲ့တယ်…။
….
သူက သဘော်ရဲ့ ကိုယ်ထည်ထဲကို ဝင်ရောက်သွားပြီး..သဘော်အနောက်ဘက်ရဲ့ ကြမ်းပြင်ပေါ်ကို ဆင်းသက်လိုက်တယ်..။ငြီးငွေ့ဖွယ် ကောင်းအောင် ရင်းနှီးသလိုဖြစ်နေတဲ့ ခံစားချက်တစ်ခုကြောင့် သူ အေးခဲသွားခဲ့ပါတယ်..။
ဒါတွေအားလုံးက..အရမ်းကြီး တော့ ရင်းနှီးမနေခဲ့ပါဘူး..။
ဒါက အနာဂတ်အချိန်မှာတုန်းက..သူ ဒဂ်ါးတွေ ရှာဖွေတဲ့ အချိန်မှာ ဝင်ရောက်ခဲ့တဲ့ အခန်းတစ်ခု မဟုတ်ဘူးလား..။
ဒါပေါ့ အဲ့အချိန်တုန်းကတော့ သဘော်ရဲ့ အတွင်းပိုင်းက အတော်လေးကို ကွဲပြားနေခဲ့ပါတယ်..။အဲ့အချိန်မှာတော့ သဘော်တစ်ခုလုံးကို အညိုရောင် နွယ်ပင်တွေ ၊ ရေမှော်တွေ နဲ့ လွှမ်းမိုးထားခဲ့တယ်..။လေထုတစ်ခုလုံးကလည်း..အဆိပ်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။
အဲ့တုန်းက ဆန်နီအနေနဲ့လည်း နိုတစ်က ဘယ်သူလဲ..ဒီသဘော်ကြီးက ဒီလိုအပျက်အဆီးတွေနဲ့ ဘယ်လိုဖြစ်ပြီး အဆုံးသတ်သွားခဲ့တာလဲ ဆိုတာကို မသိထားခဲ့ပေ..။
ကောင်းပြီလေ…အခုတော့ အားလုံးကို နားလည်သွားခဲ့ပါပြီ..။
ဒီကျွန်းကြီးက နောင်တစ်ချိန်ကြရင် သဘော်ပျက်ကျွန်းကြီးတစ်ခု ဖြစ်လာတော့မှာပါ..။သံမဏိ လူသန်ကြီး အလောင်းရဲ့ ရင်ဘတ်ပေါ်က ဒဏ်ရာကြီးကလည်း အခုချိန်မှာ သဘော်ပျံရဲ့ ဝင်တိုက်မူကို ခံခဲ့ရတယ် ဆိုတာကို သိရှိသွားခဲ့တယ်..။အခုချိန်မှာ အရာအားလုံးက အဓိပ္ပာယ်ရှိသွားခဲ့ပါပြီ..။တစ်ခုက လွဲလို့ပေါ့…။
ဆိုဗန်က သဘော်ရဲ့ ကိုယ်ထည်ထဲမှာ နှစ်ပေါင်းထောင်ချီကြာအောင် ဘယ်လို ပိတ်မိနေခဲ့တာလဲ..။ဆန်နီက အနာဂတ်အချိန်ရောက်မှ သူမကို သတ်ပစ်ခဲ့တာပါ..။
ဆန်နီအနေနဲ့…ဆိုဗန်နဲ့ တိုက်ခိုက်ရမယ့် အချိန်မှာ အခွင့်အရေးအများကြီး ရှိမယ်လို့ တွေးမထားခဲ့ပေ..။သို့ပေမယ့် အနာဂတ်ကာလကနေ သူ သိရှိထားတဲ့အရာကတော့..သူမက အနိုင်ယူလို့ မဖြစ်နိုင်တဲ့ အရာတစ်ခု မဟုတ်ဘူး ဆိုတာပါပဲ..။
အနည်းဆုံးတော့ သူက ဒီလိုမျိုးပဲ ယုံကြည်ထားချင်ပါတယ်..။သူက သဘော်ပျက် အတွင်းထဲကို တဖြည်းဖြည်း နီးကပ်လာတဲ့ အချိန်မှာတော့..ပြင်းထန်တဲ့ တိုက်ပွဲရဲ့ အသံတွေကို ကျယ်လောင်စွာ ကြားလာခဲ့ရတယ်..။
သို့ပေမယ့် သူသာ မှားယွင်းနေမယ်ဆိုရင်..
ဆန်နီကိုယ်တိုင်လည်း ပျက်ပြားခြင်းအဆင့် ကပ်ပါးကောင် တစ်ကောင်ရဲ့ လက်ခံ ခန္တာကိုယ်တစ်ခု ဖြစ်သွားနိုင်ပါတယ်..။
အပိုင်း ( ၇၂၅ ) ပြီး၏။