← Chapters

မုန်းတီးစရာကောင်းတဲ့ အရိပ်

Vol. 49 Ch. 728

မုန်းတီးစရာကောင်းတဲ့ အရိပ်

Vol. 49 Ch. 728

ဆိုဗန်ကို နှစ်ပေါင်းထောင်ချီကြာအောင် နိုပ်စက်ညှင်းပန်မယ် ဆိုတဲ့ ရက်စက်တဲ့စကားတွေကို ကြားလိုက်ရတဲ့အချိန်မှာတော့ ဆန်နီဟာ..အကူညီကင်းမဲ့စွာပဲ..ကျေနပ်အားရမူကို ခံစားလိုက်ရပါတယ်..။

သူမက သူ့အပေါ်မှာ ထားရှိခဲ့တဲ့ မှတ်ဉာဏ်တွေ နဲ့ သူ့မျက်စိရှေ့မှာ သူမသတ်ခဲ့တဲ့ လူတွေရဲ့ ပုံရိပ်က နောက်ထပ်တစ်ကြိမ်ပေါ်လာခဲ့တယ်..။ဒါက လက်ရှိအခြေအနေကို ပိုပြီးတောင် အားရကျေနပ်စေပါသေးတယ်..။

‘ကောင်းတယ်…ကောင်းတယ်..’

ဆန်နီ နောင်တရမိတဲ့ တစ်ခုတည်းသော အချက်ကတော့..သူ့အနေနဲ့ အနာဂတ်မှာ ဆိုဗန်ကို သတ်ခဲ့မိတဲ့ အချက်ပါပဲ..။သူမက သူသတ်ခဲ့တဲ့ အတွက်ကြောင့်ပဲ..ထာဝရနိုပ်စက်ခံစားနေရမူကနေ လွတ်မြောက်သွားခဲ့တာပါ..။တကယ်လို့ သူသာဒီအကြောင်းကို သိနေခဲ့မယ်ဆိုရင်..သူမကို ပုပ်သိုးဆွေးမြေ့စေတဲ့ အထိ ထားထားလိုက်မှာပါ..။

နိုတစ်က အမျိုးသမီး ဘုန်းတော်ကြီးကို တစ်ခနလောက် ကြည့်နေခဲ့တယ်..။ပြီးမှတစ်ဖက်ကို လှည့်ပြီး ထွက်သွားဖို့ လုပ်လိုက်ပါတယ်..။

ဆိုဗန်ဟာ နာကျင်စွာ ညဉ်ညူနေခဲ့တယ်..။နွယ်ပင်တွေအများကြီးက သူမရဲ့ အရည်ပြားထဲကနေ ထိုးထွက်ပြီး..ကြမ်းပြင်ပေါ်တွေကို လျောက်သွားဖို့ လုပ်နေခဲ့ပါပြီ..။

“ခ…ခနလေး…”

သူမက အားတင်းစွာ ခေါင်းမော့လိုက်ပြီး မေးလိုက်တယ်..။သူမရဲ့ မျက်လုံးတွေထဲမှာတော့ ထိပ်လန့်မူတွေ အပြည့်ပါပဲ..။

“နိုတစ်…နင်..ငါ့ကို သတ်မှရမယ်..။တကယ်လို့ ငါသာ…အသက်ရှင်နေမယ်ဆိုရင်…နင် သူမကို လွှတ်ပေးလို့ ရမှာမဟုတ်ဘူး..”

မှော်ဆရာဟာ ရပ်တန့်လိုက်ပြီး တစ်ခနလောက် စဉ်းစားနေခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..သူမကို လှည့်ကြည့်လိုက်ပါတယ်..။သူ့ရဲ့ မျက်နှာကတော့ အေးစက်နေခဲ့ပြီး ပြောင်းလဲခြင်းမရှိခဲ့ပါဘူး..။

အချိန်အတော်ကြာအောင် ရပ်တန့်နေခဲ့ပြီးကာမှ..သူက သာမန်အတိုင်းပဲ ပြောလာခဲံပါတယ်..။

“..မျှော်လင့်ချက်က အရမ်းကို အားကောင်းတဲ့ ဒဲလ်မွန်တစ်ယောက်ပဲ..။သူမက ချိန်းကြိုး တစ်ခု ၊ နှစ်ခု လောက်ကိုတော့ သူ့ဟာသူ ကိုင်တွယ်နိုင်မှာပါ..”

ဆိုဗန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတဲ့ အချိန်မှာတော့ နိုတစ်က တစ်ဖက်ကို ပြန်လှည့်သွားပြီး..ထွက်ပေါက်ဆီကို လျောက်သွားနေခဲ့ပါပြီ..။

အဲ့အချိန်မှာ ဆန်နီကတော့…

သူ့ဘဝတစ်လျောက်လုံးမှာ..အခက်ခဲဆုံး အလုပ်တစ်ခုကို လုပ်နေခဲ့ရတယ်..။

…..

ဆန်နီကတော့..သစ်သားဓားရှိနေတဲ့..ကုန်လှောင်ခန်းရဲ့ နံရံဆီကို လမ်းလျောက်နေခဲ့တာပါ..။

သူ့အတွက်တော့..ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက..တောင်ကြီးတစ်တောင် ကို ဆွဲမ နေရတဲ့အလား ခံစားနေခဲ့ရတယ်..။

မဟုတ်ဘူး…ဒါက အဲဒီထက်တောင် ပိုပြီး လေးလံပါသေးတယ်..။

တောင် တစ်တောင်က လေးလံကောင်း လေးလံနိုင်ပေမယ့်..အဲ့တောင်ကြီးကို ဆွဲသွားရတယ် ဆိုတာက ရိုးရှင်းတဲ့ အရာတစ်ခုပါ..။ခက်ခဲတယ်...ဒါမှမဟုတ်..မဖြစ်နိုင်လောက်အောင်ပဲ…။သို့ပေမယ့်..သူ အမှန်တကယ် ရုန်းကန်နေခဲ့ရတာက ရုပ်ပိုင်းဆိုင်ရာ အလေးချိန်ကို မဟုတ်ပါဘူး..။

အဲဒီအစား..ဆန်နီက သူ့ရဲ့ ပင်ကိုယ်ဗီဇ ကို ဆန့်ကျင့်နေခဲ့ရတာပါ..။

သူက မြို့ပြင်မှာ မွေးဖွားလာခဲ့ရပြီး..ရက်စက်တဲ့ တစ်ခြားကမ္ဘာတစ်ခုမှာ အသက်ရှင်သန်ဖို့ အတွက် တိုက်ပွဲဝင်ခဲ့ရတယ်..။သူက အသက်ရှင်သန်နိုင်ဖို့အတွက် ရက်စက်တဲ့ သင်ခန်းစာတွေ အများကြီးကိုလည်း သင်ယူခဲ့ရပါသေးတယ်..။ဒီ သင်ခန်းစာတွေကပဲ..သူ့ကို တစ်ကိုယ်ကောင်းဆန်သူ ၊ အပြစ်မြင်တတ်သူ ၊ တစ်ခြား ဘယ်သူ ..ဘယ်အရာကိုမှ မယုံကြည်တ်သူ အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်..။

ဒီအချက်တွေကြောင့်သာ သူက ဒီနေ့အထိရှင်သန်နိုင်ခဲ့တာပါ..။သို့ပေမယ့်..သူ့ဘဝပြောင်းလဲလာခဲ့တာနဲ့အမျှ တစ်ချို့အရာတွေက သူ့အတွက် အတားအဆီးတစ်ခုလို ဖြစ်လာခဲ့တယ်..။နာကျင်ဖို့ကောင်းတယ်ဆိုပေမယ့်လည်း သူက အဟောင်းတွေကို စွန့်ပစ်ပြီး အသစ်အသစ်တွေကို သင်ယူခဲ့တယ်..။သူက ယုံကြည်ဖို့ ထိုက်တန်တဲ့ လူတွေကို ယုံကြည်ဖို့ နဲ့ သူ့ကိုယ်သူ အနာဂတ်မှာ မျှော်လင့်ချက်ထားဖို့ကို သင်ယူခဲ့ရပါတယ်..။

သို့ပေမယ့်..သူ ဘယ်တော့မှ မစွန့်ပစ်ခဲ့တဲ့ အရာ - စွန့်လည်း မစွန့်ပစ်ချင်ခဲ့တဲ့ အရာတစ်ခု ရှိနေခဲ့တယ်..။ပထမဆုံး အိပ်မက်ဆိုးမှာ သူ့ကို ရှင်သန်စေခဲ့တဲ့ တစ်ခုတည်းသော အရာက ရန်ငြိုးဖွဲ့ခြင်းပါပဲ..။အရင်တုန်းကပဲ ဖြစ်ဖြစ်..အခုပဲဖြစ်ဖြစ် ဒီအရာက သူအသက်ရှင်သန်နေခြင်းရဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပါ..။

ဒါကြောင့် ဆန်နီအနေနဲ့ ခွင့်လွှတ်ခြင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မူ သိပ်မရှိပေ..။အနည်းဆုံးတော့ သူက ကတ်စီကိုတောင် အပြည့်အဝ ခွင့်လွှတ်နိုင်သေးတာ မဟုတ်ပါဘူး..။ဒါတောင် ကတ်စီက သူ့ထက် နစ်ဖီရဲ့ အသက်ကို ကယ်တင်ဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ သူတို့က အတူတကွ အများကြီး ကျော်ဖြတ်ခဲ့ကြရတာပါ..။

သူက ကံကံ၏အကျိုး ကို အတော်လေး ယုံကြည်ပါတယ်..။မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ၊ သွားတစ်ချောင်း အတွက် သွားတစ်ချောင်းပါပဲ..။ဒါက ရှေးတုန်းက ကျင့်သုံးခဲ့ကြတဲ့ ဉပဒေသ ပါ..။သူ့အပေါ်မှာ ရက်စက်သွားခဲ့ပြီးရင်..ဘယ်သူမှ အပြစ်ပေးမခံရပဲ ရှင်သန်သွားနိုင်မှာမဟုတ်ပေ..။

ဒါကြောင့်ပဲ..ဆိုဗန်ကို ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးခွင့်ပေးလိုက်ရမယ့် အဖြစ်က..သူ့အတွက် အခက်ခဲဆုံး အလုပ်တစ်ခု ဖြစ်နေစေခဲ့တယ်..။

ဒါတောင်မှပဲ….

သူ့ရဲ့ တုန်ရီနေတဲ့ လက်တွေက..သစ်သားဓားရဲ့ လက်ကိုင်ဆီကို ရောက်သွားခဲ့ပါပြီ..။

ဆန်နီ ဆိုတာက အတော်လေးကို ခေါင်းမာတဲ့ လူတစ်ယောက်ပါ..။

သူ အံကို ကြိတ်ထားရင်းပဲ..နံရံပေါ်မှာ စိုက်နေတဲ့ ဓားကို ဆွဲထုတ်လိုက်ပြီး အနည်းငယ် ဝေ့ယမ်းလိုက်တယ်..။သူ့ရဲ စိတ်ကို ထိန်းချုပ်ထားခဲ့တဲ့ အမုန်းတရားတွေကို ထိန်းချုပ်ဖို့ ကြိုးစားရင်း ခန္တာကိုယ်က တုန်ရီနေခဲ့ပါတယ်..။

ဟုတ်တယ်…သူက ဆိုဗန်ကို ပြန်ပြီး ပေးဆပ်စေချင်တယ်..။သူမကို အဆုံးမရှိ နာကျင်ခံစားနေစေချင်တယ်..။

ဒါပေမဲ့…သူက ( ကံတရား ) ကို ပိုပြီး..လက်စားချေချင်မိပါတယ်..။သူက အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မျိုး ထပ်ဖြစ်ဖို့ ခွင့်မပြုနိုင်တော့ပေ..။သူက ကံစီမံရာ အတိုင်း လိုက်ပါဆောင်ရွက်နေရတဲ့..အင်အားမရှိတဲ့ အရုပ်တစ်ရုပ် မဟုတ်ဘူးဆိုတာကို တစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ် သက်သေပြဖို့ လိုအပ်ပါတယ်..။သူက ကြိုးဆွဲရာ ကနေ ရတဲ့ လူတစ်ယောက် မဟုတ်ပါဘူး..။

မျှော်လင်ချက်က သူ့ရဲ့ အတွေးတွေ အားလုံးကို လာပြီး ရှုပ်နေတာနဲ့ ပတ်သက်ပြီးလည်း သူ တကယ်ကို ဒေါသထွက်မိပါသေးတယ်..။

ဒါကြောင့်လည်း..သူ့အနေနဲ့ စစ်ပွဲမိန်းမပျိုကို ဒီလောက်အထိ မုန်းတီးစိတ် ပြင်းထန်နေခဲ့တယ် ဆိုတာ သံသယဖြစ်စရာ မလိုအပ်ပေ..။ဒါတွေအားလုံးက..အလိုရမ္မက် နတ်ဆိုးရဲ့ အဆိပ်သင့်တဲ့ လွှမ်းမိုးမူတွေကြောင့်ပါ..။သူမကပဲ..သူ့ရဲ့ စိတ်ဒဏ်ရာတွေ ၊ ဝမ်းနည်းမူတွေ နဲ့ ဒေါသတရားတွေကို အသုံးချပြီး သူမအတွက် လက်နက်တစ်ခုအဖြစ် အသုံးပြုသွားခဲ့ပါတယ်..။

သူ့ရဲ့ ဒေါသတွေအားလုံးက တစ်စုံတစ်ယောက်ရဲ့ လွှမ်းမိုးမူတွေ ပါဝင်နေတယ်ဆိုတာကို သိနေတဲ့အချိန်မှာတောင် ဒီအရာကို လိုလိုလားလားကြီး လက်ခံနေမိတာကလည်း ထူးဆန်းတဲ့ အချက်တစ်ခုပါပဲ..။

ပြီးတော့…ဒီလို လွန်ဆွဲနေရတဲ့ အခြေအနေမျိုးက.. အား…ဒါက တောင်ကြီးတစ်တောင်ကို ထမ်းပိုးထားဖို့ ကြိုးစားရတာထက်တောင် ပိုပြီး ခက်ခဲပါသေးတယ်..။

‘ငါက ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ..။သူမက နာကျင်ခံစားနေရဖို့ ထိုက်တန်တယ်…။ဒီအရာက သူမကို ထာဝရ နာကျင်ခံစားနေရစေမှာ မဟုတ်ဘူးလား..။ဒီလိုဖြစ်သွားတာက ပျှော်ရွှင်စရာ အကောင်းဆုံးပဲ မဟုတ်ဘူးလား..။အိုး..ဒါက.. ငါ ဒီထက် ပိုကောင်းမွန်တဲ့ အရာမျိုးကိုတောင် မစဉ်းစားနိုင်တော့ဘူး..’

ဆန်နီဟာ..သူ့အနေနဲ့ ဘာလို့ ဒီဓားကို ကိုင်ထားရတာလဲ ဆိုတာကိုတောင် ပြန်မစဉ်းစားနိုင်တော့ပါဘူး..။

‘အိုး..ဟုတ်တယ်…မျှော်လင့်ချက်..ငါ အဲဒီအရာကို ဖျက်ဆီးဖြစ်ဖို့ ကတိပေးထားတယ်..ဟုတ်တယ်မလား..။ဒါက..ဒါက ငါ့ရဲ့ ကံတရားကို ကျွန်တစ်ယောက် အဖြစ် ပုံဖော်ထားခဲ့လို့ပဲ..။ငါ တကယ်ပဲ ကျွန်တစ်ယောက် မဖြစ်ချင်ဘူး..။ဒါပေမဲ့ ဘယ်သူက ဂရုစိုက်မှာလဲ..။ငါ့ရဲ့ ကံတရားကနေ လွတ်မြောက်ချင်တာထက်..ဆိုဗန် ထာဝရ နာကျင်ခံစားနေရတာကိုပဲ မြင်ချင်တယ်..။လွတ်လပ်ခြင်းက..ဝေးကွာပြီး..ခက်ခဲနေတုန်းပဲ..။ဘယ်သူက အဲလိုအရာကို လိုချင်မှာလဲ..။ဒါပေမဲ့..လက်စားချေမူက.. မျက်စိရှေ့နားမှာတင်…ပြီးတော့ ခံစားလို့လည်း အရမ်းကောင်းတယ်..’

သူ အံကိုကြိတ်ထားရင်း..ရှေ့ကို ခြေတစ်လှမ်း လျောက်လိုက်တယ်..။

တစ်လှမ်း….တစ်လှမ်း…နောက်ထပ်တစ်လှမ်း…။

သဘော်ပျက်ထဲက သိုလှောင်ခန်းထဲမှာ လမ်လျောက်နေရတာက..အေးစက် မှောင်မိုက်နေတဲ့ တောင်ကုန်းတစ်ခုပေါ်ကို တက်ရတာထက်ကို ခက်ခဲနေသလိုပါပဲ..။

သူ ဒီအရာကို လုပ်နိုင်ပါ့မလား ဆိုတာကို သေချာမသိတော့ပေ..။

သူ့ရဲ့ မျက်နှာက အတော်လေးကို ကြည့်ရဆိုးနေပြီး..သူ့ရဲ့ အနက်ရောင် မျက်လုံးတွေကလည်း..ရူးသွပ်မူတွေနဲ့လောင်ကျွမ်းနေခဲ့ပါပြီ..။

ယင်းနောက် ဆန်နီ ရပ်တန့်လိုက်တယ်..။

‘ငါ…ငါစိတ်ပြောင်းသွားပြီ..။ဒါက ထိုက်တန်တယ်..။ကံတရားကို အရှုံးပေးလိုက်ရတာက ထိုက်တန်တယ်..။ဒါက ဒီမုန်းတီးစရာကောင်းတဲ့ စုန်းမက ထာဝရ နာကျင်ခံစားနေရတော့မယ်လို့ ဆိုလိုတာပဲ..။ဒါကသာ မှန်လိမ့်မယ်..ဒါက ဒါက အကောင်းဆုံး ရလာဒ်တစ်ခုပဲ..’

ဆန်နီ သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာရစွာ ပြုံးလိုက်တယ်..။

သူ ကံတရားကို အရှုံးပေးဖို့ ဆုံးဖြတ်လိုက်တာကြောင့်..အခုချိန်မှာ သူ့ရဲ့ ပုခုံးပေါ်မှာ ရှိနေတဲ့ ဆိုးဝါးတဲ့ ဖိအားကြီးက ပျောက်ကွယ်သွားခဲ့သလိုပါပဲ..။သူက ပျော်ရွှင်စွာပဲ လက်စားချေခွင့် ရခဲ့ပါပြီ..။သူက ဝန်ထုတ်ဝန်ပိုး မရှိတော့ပဲ လွတ်လပ်ပြီး ငြိမ်းချမ်းနေခဲ့တယ်..။

ဆန်နီ ပြုံးလိုက်ပြီး….

..ပြီးတာနဲ့ သစ်သားဓားကို ဆိုဗန်ရဲ့ ရင်ဘတ်ထဲကို ထိုးစိုက်လိုက်ပါတော့တယ်..။

‘ချီးတဲ့မှပဲ..’

ဟုတ်တယ်.. စစ်ပွဲမိန်းမပျိုကို အသက်ရှင်လျက်ထားပြီး ထာဝရ နာကျင်ခံစားနေစေတာက မှန်ကန် ပြီး တရားမျှတတဲ့ အရာတစ်ခုပဲ..။

သို့ပေမယ့် ဆန်နီက ဘယ်တော့မှ အမှန်တရားကို မချစ်မြတ်နိုးခဲ့ပေ..။ပြီးတော့..တရားမျှတတယ် ဆိုတဲ့ အရာကိုလည်း လုံးဝ ဂရုမစိုက်ပါဘူး..။ပြီးတော့ ပိုအရေးကြီးတာက..သူက ဆိုဗန်ကို လက်စားချေတာထက် ကံတရား ကို ပိုပြီး မုန်းတီး မိပါတယ်..။

..လှပတဲ့ အမျိုးသမီး ဘုန်းတော်ကြီးဟာ..တုန်လှုပ်သွားခဲ့ပြီး..နာကျင်မူ ၊ စိတ်သက်သာရမူတွေ ရောထွေးနေတဲ့ အကြည့်နဲ့ သူ့ကို ကြည့်လာခဲ့တယ်..။

ယင်းနောက်..သူမရဲ့ အကြည့်တွေက တဖြည်းဖြည်း ဝေဝါးလာခဲ့ပြီး..အသက်ဓာတ် ကုန်ဆုံးသွားခဲ့ပါတယ်..။

ဆန်နီဟာ စိတ်ပျက်မူကို ခံစားနေခဲ့ရတာကြောင့် မျက်နှာရှုံ့မဲ့နေခဲ့တယ်..။သူ့ရဲ့ ရွေးချယ်မူအတွက် သူ လုံးဝ ပျော်ရွှင်မနေခဲ့ပါဘူး..။သူက ဆိုးဆိုးဝါးဝါး ခံစားနေခဲ့ရတယ်..။

သို့ပေမယ့်..ဒီအရာက လုပ်ကို လုပ်ရပါလိမ့်မယ်..။

သူ့လက်ထဲက သစ်သားဓား ကျိုးပဲ့သွားတဲ့ အချိန်မှာတော့..အခိုက်အတန့်က တီးတိုး ပြောလာခဲ့တယ်..။

( သင်က အထွတ်အထိပ်အဆင့် လူသား, ဆိုဗန်ကို သတ်လိုက်ပါပြီ )

( သင့်အရိပ်က ပိုသန်မာလာခဲ့သည် )

(သင်က မှတ်သားမူတစ်ခု ရရှိခဲ့သည် )

သူ မျက်တောင်ခတ်လိုက်တယ်..။

‘အာ..နောက်ထပ် မှတ်သားမူလား..။ဒါက ဘယ်လို အလုပ်လုပ်တာလဲ..’

ပြီးတဲ့နောက်မှာတော့..ဆန်နီဟာ ရုတ်တရက် အတော်လေး မသက်မသာဖြစ်သလို ခံစားလိုက်ရတယ်..။ဒါက တစ်စုံတစ်ယောက်က သူ့ရဲ့ နောက်ကျောကို စိုက်ကြည့်နေခဲ့သလိုပါပဲ..။

သူ နောက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့..မှော်ဆရာရဲ့ နက်မှောင်နေတဲ့ အကြည့်နဲ့ ရင်ဆိုင်လိုက်ရတယ်..။

နိုတစ်က သူ့ကို ကြည့်နေခဲ့ပြီး..သွားတွေပေါ်တဲ့အထိ အန္တရာယ်ရှိစွာ ပြုံးနေခဲ့ပါတယ်..။

“ဆန်းလပ်စ်…မင်း ဘာလုပ်လိုက်တာလဲ..”

ဆန်နီ ကျောချမ်းသွားခဲ့တယ်..။ရုတ်တရက် သူ့တစ်ကိုယ်လုံးက အေးစက်လာသလို ခံစားလိုက်ရပါတယ်..။

‘ ချီးပဲ..’

အပိုင်း ( ၇၂၈ ) ပြီး၏။

All Chapters