← Chapters

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

ယွမ်ကျိုး အပိုင်း(၂၆၅)

ထိုမြင်ကွင်းကြောင့် လိဖန် စိတ်အေးသွားပြီး အေးအေးဆေးဆေး စောင့်ဆိုင်းသည်။ သူ့အမြင်မှာတော့ သူက သိပ်မကြာခင်မှာပင် ကျိုးကျာကို တွေ့ခွင့်ရပြီး စကားပြောခွင့်ရလိမ့်မည်။

သူ့ကောင်မလေးက အဆင့်နိမ့်သော စားသောက်ဆိုင်မှာ အလုပ်လုပ်နေကြောင်း တခြားသူများ သိသွားလျှင် ဒါရိုက်တာ တစ်ယောက်အနေဖြင့် သူ တခြားသူများကို မည်သို့ ရင်ဆိုင်ရမည်နည်း။ သူက သူ့ကောင်မလေးကို ညှာတာစိတ် မရှိဟု ထင်ကြလိမ့်မည်။

ထိုအကြောင်းကို တွေးမိသောအခါ သူ စိုးရိမ်လာသည်။

“ဟိုင်း အစ်ကို။ ကျွန်တော်ကို အရင်ဆုံး ဝင်ခွင့်ပေးနိုင်မလား။ ကျွန်တော်မှာ အရေးတကြီးကိစ္စရှိလို့ပါ” လိဖန်က စီးကရက်ဘူးကို ထုတ်လိုက်ပြီး စီးကရက် တစ်လိပ်ပေးလိုက်သည်။

သူ့အရှေ့ကလူက လင်းဟုန်ဖြစ်နေ၍ ကံဆိုးသွားသည်။ လင်းဟုန်က နေ့လယ်ခင်းမှာ လုပ်စရာ အလုပ်မရှိ၍ နေ့လယ်စာစားရန် ဆိုင်သို့ရောက်လာခြင်း ဖြစ်သည်။ သို့သော်လည်း သူ နောက်ကျသွား၍ တန်းစီစောင့်နေရသည်။ ထိုစဉ်အခိုက်အတန့် သူ့စိတ် သိပ်မကြည်လင်ချေ။

“ဟမ် ခင်ဗျားက အရင်ဝင်ချင်တယ် ဟုတ်လား။ ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလဲ” လင်းဟုန် စိတ်မကြည်ပေ။ သူက တေလေဂျပိုး လေသံဖြင့် စကားပြန်ပြောလိုက်သည်။

“အမ် အစ်ကိုရယ် ဒါလေးတောင်းဆိုတာကို ခုလို ပြန်ပြောရလား” လိဖန်က မျက်မှောင်ကြုတ်သော်လည်း စီးကရက်ကို ပြန်မသိမ်းခဲ့ပေ။

“ဘာလဲ မင်းရူးနေလား” လင်းဟုန်က ခနဲ့သောလေသံဖြင့် ပြောလိုက်သည်။

“အဲလိုလည်း မဟုတ်ရပါဘူး။ ကျွန်တော်က ဒီအတိုင်းလေး မေးကြည့်ရုံပါ” လိဖန်က လင်းဟုန်၏ဝတ်ပုံစားပုံကို အကဲခတ်ကြည့်လိုက်ပြီးနောက် ဇွဲမလျော့ဘဲ ဆေးလိပ်ပေးရန်သာ ကြိုးစားနေသည်။

“မသောက်ဘူး။ အစားအသောက်ပျက်စေတယ်” လင်းဟုန်က ဆေးလိပ် သောက်လေ့ သိပ်မရှိပေ။ ယွမ်၂၀တန် ဆေးလိပ်ကို စကားထဲထည့်ပြောရန်ပင် မလိုအပ်ချေ။

“ဒါဆိုရင် ကျွန်တော်ကို နေရာလဲပေးမလား” လိဖန်က မလျော့စတမ်း မေးမြန်းသည်။

“ငါက မင်းထက် စောစောရောက်တာလေ။ ဘာအကြောင်းကြောင့် မင်းကို အရင်ဝင်ခွင့်ပေးရမလဲ” ထိုစကားကိုပြောပြီးနောက် လင်းဟုန်က သူ့ကို အထင်မြင်သေးသော အမူအရာဖော်ပြလိုက်ပြီး သူ့နောက်မှာတန်းစီရန် မျက်စပစ်လိုက်သည်။

“အဆင့်နိမ့်လိုက်တာ” ထိုမှသာ လိဖန် ဒေါကန်သွားသည်။ သူ့နှုတ်မှ မကျေမနပ် ဗလုံးဗထွေးပြောဆိုသည်။

သူတို့ဟိုတယ်သို့လာရောက်သည့် ဖောက်သည်းများနှင့် အဆင့်အတန်း ကွာခြားလွန်းသည်။

“ဟိုမိန်းမကျိုးကျာကလည်း ဒီလို ဆိုးရွားတဲ့လူတွေကို ဘယ်လိုများ သည်းခံနေလဲ။ သင်ခန်းစာယူရကောင်းမှန်း မသိဘူးလား” လိဖန်က ရုတ်ခြည်း တုန်လှုပ်သွားပြီး မနှစ်သက်သော အတွေးကို တွေးနေသည်။

ထိုအတွေးကြောင့် သူက ကျိုးကျာကို သူနှင့်အတူတူ ခေါ်သွားချင်သော ဆန္ဒပိုပြင်းထန်လာသည်။ သူ့စကားကို နားမထောင်လျှင် ကျိုးကျာ၏အဖေကို ကိုယ်တိုင်လာခေါ်ခိုင်းမည်။

ကံကောင်းထောက်မစွာဖြင့် သူ သိပ်ပင် မစောင့်လိုက်ရချေ။ သူ့အလှည့်ကျရောက်လာသည်။ တစ်နာရီကြာအောင် မတ်တတ်ရပ်စောင့်ပြီးမှ ဆိုင်ထဲ ဝင်ခွင့်ရခြင်း ဖြစ်သည်။

“ဆိုင်အပြင်အဆင်ကလည်း ဆိုးရွားလိုက်တာ” လိဖန်က မကျေနပ်သော အမူအရာဖြင့် ထိုင်ခုံမှာ ထိုင်လိုက်သည်။

ကျိုးကျာ ဘေးနားက ထိုင်ခုံမှာ နေရာရ၍ ကံကောင်းသည်ဟု တွေးမိသည်။

“ကျာကျာ။ မင်းက ဒီဆိုင်မှာ အလုပ်လုပ်နေတာလား” သူ့လေသံတွင် အထင်သေးသော ခံစားချက်များ ပြည့်နှက်နေသည်။

“အရသာကို အရင်ဆုံးမြည်းကြည့်ရင် ပိုကောင်းမယ်” ကျိုးကျာက အံကြိတ်ထားသော်လည်း ဟန်ကိုယ့်ပြုံးလိုက်သည်။

“ဒီဆိုင်ကထွက်ပြီး ငါနဲ့လိုက်ခဲ့ပါ။ ငါတို့ဌာနရဲ့မီးဖိုချောင်အကူအလုပ် လုပ်လို့ရပါသေးတယ်” လိဖန်က ကျိုးကျာ၏မကျေနပ်သော အမူအရာကို လျစ်လျူရှုထားသည်။

“တစ်နေ့ ၆နာရီအလုပ်ဆင်းပေးရင် နင်တို့ဟိုတယ်က ငါတို့ ၁၀၀ယွမ်ပေးမှာလား”လိဖန်၏အထင်သေးသောအကြည့်ကြောင့် သူ့ဒေါသများ ထိန်းချုပ်မရတော့ပေ။ ထို့ကြောင့် သူမက ပက်ခနဲ မေးမြန်းလိုက်သည်။

“ဘာတွေလာပြောနေတာလဲ။ ကျာကျာ ကိုယ်တစ်ခွန်းတော့ ပြောမယ်နော်။ အရမ်းကြီး မြင့်မြင့်မားမား မျှော်မှန်းလို့ မရဘူးလေ” လိဖန်က ကျိုးကျာကို ဆုံးမဟန် ပြုမူနေသည်။

“ဟားဟား” ဤရိုးရှင်းသော စကားနှစ်ခွန်းကို ပြောပြီးနောက် ကျိုးကျာက ကျောခိုင်းလိုက်ပြီး သူ့အလုပ်သူ ဆက်လုပ်သည်။

ဟင်းလျာအော်ဒါတင်မည့် ဖောက်သည်များစွာ ရှိနေသေး၍ သူမ အလုပ်ရှုပ်နေသည်။

“ဒီမိန်းမက ငွေတော်တော်မက်တဲ့ မိန်းမပဲ” သူ့ကို ထားခဲ့၍ ကျိုးကျာက မကျေမနပ် ထိုင်နေသည်။

ထို့နောက် သူ့ဘေးနားဝန်းကျင်က ဖောက်သည်များက ဟင်းလျာများကို အလုအယက် မှာယူနေသည့်မြင်ကွင်းကို သတိထားမိသွားသည်။

“အံ့ဩပါ့။ ဒီဆိုင်က အသင့်စား အစားသောက်တွေ ရောင်းသလား” လိဖန် အတော်လေး အံ့အားသင့်သွားသည်။

သူက ဦးခေါင်းကိုလှည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ထပ်တလဲလဲ အကဲခတ်ပြီးမှ သူ့ထင်မြင်ချက်ကို အတည်ပြုလိုက်သည်။ ရှုခင်းနံရံလှလှလေးမှလွဲ၍ ဆွဲဆောင်မှုရှိသည့် တခြားပစ္စည်းကို မမြင်တွေ့ရချေ။

“ကျာကျာ၊ ကိုယ် အစားအသောက်မှာမယ်။ မီနူးဘယ်မှာလဲ။ လိဖန်က စားပွဲခုံတစ်ခုလုံး လှည့်ပတ်ကြည့်ရှုပြီးနောက် ထအော်သည်။

“လာပြီ။ ငါတို့စားသောက်ဆိုင်ရဲ့မီနူးက နင့်နောက်က နံရံပေါ်မှာလေ။ ကိုယ့်ဘာသာကိုယ် ရွေးချယ်နိုင်တယ်” ကျိုးကျာက ခပ်အေးအေး ပြန်ပြောသည်။

“ဟမ်၊ မီနူးလေးတောင် မရှိဘူးလား” လိဖန်က မျက်မှောင်ကြုတ်လိုက်ပြီး အထင်မြင်သေးဟန် စကားပြောသည်။

“အစားအသောက်တွေ မှာယူနိုင်ပါပြီ” ကျိုးကျာက ဘေးနားမှာ မတ်တတ်ရပ်နေပြီး အနားမှာပင် စောင့်ဆိုင်းနေသည်။

ထို့နောက် လိဖန်က စကားဆက်မပြောဘဲ နံရံပေါ် ဈေးနှုန်းစာရင်းကို စက္ကန့်ပိုင်းခန့်ကြာအောင် ကြည့်လိုက်သည်။ ၅စက္ကန့်ပင် မကြာလိုက် သူ လန့်ဖျပ်သွားသည်။

“ဒီလိုအသေးစားစားသောက်ဆိုင်က ငါတို့ဟိုတယ်ထက်တောင် အစားအသောက် ဈေးကြီးနေပါလား”လိဖန်က ဈေးနှုန်းကိုကြည့်ပြီး မယုံကြည်ဟန် ပြောသည်။

“အစောတည်းက ပိုက်ဆံများများ ယူလာဖို့ ပြောခဲ့ပြီသားလေ” ကျိုးကျာက သူ့ကို ဘေးနားကတင် တီတိုးပြောသည်။

“ကြက်ဥထမင်းကြော် ရိုးရိုးပဲကို ၁၈၈ယွမ် အစုံလိုက်ဆိုရင် ၁၀၀ယွမ်ပိုပေးရဦးမယ်။ ဘုရားသခင်။ ဒီထမင်းကြော်ကို ငါတို့ဟိုတယ်မှာ ၁၂၈ယွမ်ပဲ ရှိတယ်။ မင်းတို့ကြက်ဥထမင်းကြော်က ရွှေတွေလား” လိဖန်က ကျိုးကျာကို ခနဲသည်။

“စားတာ မစားတာတော့ နင့်သဘောပဲ” ကျိုးကျာ မကျေနပ်သော်လည်း စကားပြောလိုက်သည်။

လင်းဟုန်အပါအဝင် တခြားဖောက်သည်များကလည်း သူ့ကို စကားမပြောပေ။ ဆိုင်သို့ ပထမဆုံးရောက်လာသူတိုင်းက ဈေးနှုန်းနှင့် ပတ်သက်ပြီး သံသယဝင်ဖူးသော အတွေ့အကြုံရှိကြသည်။ သို့သော်လည်း ဟင်းလျာ၏အရသာကို မြည်းကြည့်ပြီးမှသာ ထိုက်တန်ကြောင်း လက်ခံခဲ့ကြသည်။

“ရတယ် ငါ ဝယ်စားမယ်။ ကြက်ဥထမင်းကြော်လေးတောင် ဝယ်မစားနိုင်ဘူး ထင်နေဦးမယ်”

“အရင်ဆုံး ငွေရှင်းရပါမယ်။ စုစုပေါင်း ၂၀၈ယွမ်ပါ” ကျိုးကျာက ပြုံးရွှင်သော အမူအရာဖြင့် လက်လှမ်းလိုက်သည်။

“ဒီဆိုင်လေးက ငွေအရင်ဆုံး ရှင်းရတယ်လား ရှုပ်လှချည်းလား။ ဘာလို့ ၂၀ယွမ် အပိုယူရတာလဲ” လိဖန် မျက်မှောင်ကြုတ်သည်။

“ထိုင်ခုံခပါ တစ်ယောက်ကို ၂၀ယွမ်ပေးရပါတယ်” ကျိုးကျာက အဆင့်တန်းရှိရှိ ပြုံးကာ ရှင်းပြသည်။

“ဒီမှာ ကုန်ကျငွေပါ” လိဖန်က၂၀၈ယွမ် အတိအကျ ထုတ်လိုက်ပြီး သူမကို ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ လူကြီးမင်း မှာထားတဲ့ အစားအသောက် ခဏနေရင် ရပါမယ်” ကျိုးကျာက ငွေကို လက်ခံယူလိုက်ပြီး ငွေရေတွက်ကာ ကောင်တာပေါ်က ပန်းကန်ပြားပေါ် တင်လိုက်သည်။

ယွမ်ကျိုးက ငွေကို လက်ခံယူလိုက်ပြီး ငွေဘူးထဲ ထည့်လိုက်သည်။

ကြက်ဥထမင်းကြော် ပြင်ဆင်ခြင်းက ယွမ်ကျိုးအတွက် လွယ်ကူလွန်းသည်။ ထို့ကြောင့် သိပ်မကြာခင်မှာပင် ကျိုးကျာက ဟင်းလျာ သယ်ဆောင်လာပေးသည်။ ၃မိနစ်မျှသာ ကြာခဲ့သည်။

“ဟော်ဗျာ အစားအသောက်ပြင်ဆင်တာ အရမ်းမြန်တယ်” လိဖန်က ခေါင်းမငုံ့ခင် ဗလုံးဗထွေး ရေရွတ်သည်။

တစ်နေ့တည်း သုံးကြိမ်တိုင်တိုင် အံ့ဩမိ၍ သူ့နာမည်ကို ပြောင်းသင့်သည်ဟုပင် ခံစားမိသည်။

အေးခဲဌာန၏ဝန်ထမ်းဖြစ်သောကြောင့် ရွှေရောင်ထမင်းကြော် ချက်ပြုတ်ရာတွင် အသုံးပြုသော ဆန်နှင့် ကြက်ဥအကြောင်းကို ကောင်းကောင်းသိသည်။ သူ့ရှေ့မှောက်ရောက်နေသည့် ထမင်းကြော်က ၎င်းတို့လက်ရာနှင့် ဆင်သည်။

ယွမ်ကျိုးက ထမင်းကြော်ကို ဇွန်းဖြင့် မခပ်ခင် သူက ယွမ်ကျိုးကို တအံ့တဩကြည့်လိုက်သည်။

ယွမ်ကျိုးက သူ့ခံတွင်းထဲသို့ ကြက်ဥထမင်းကြော်ကို ထည့်လိုက်ပြီး မွှေးရနံ့ သူ့ခံတွင်းထဲ ပျံ့သွားသည်။ သူတို့ဆိုင်မှာ အသုံးပြုသော ဝူချန်ဆန်ကဲ့သို့ သွားမှာ ထမင်းစေ့ကပ်သွားခြင်း မရှိဘဲ ဝါးရကောင်းလွန်းသည်။

ပန်းကန်ပြားမှာ ဆီစွန်းနေလား သိရအောင်ထမင်း အောက်ခြေပေါ်အောင် ဇွန်းဖြင့် ဖယ်ရှားလိုက်သည်။ ပန်းကန်အသစ် ကဲ့သို့ သန့်ရှင်းသပ်ရပ်နေပြီး ဆီတစ်စက်မျှပင် မတွေ့ရချေ။

“တကယ်ကို ရွှေအဆင်းထမင်းကြော်ပဲ”

“ဝူချန်ဆန်ထက်တောင် အရသာရှိသေးတယ်” လိဖန်က မယုံကြည်နိုင်ဟန်ဖြင့် နောက်တစ်ဇွန်းထပ်စားလိုက်ပြီး သူ့အစာစားချင်စိတ်ကို ရပ်တန့်မရခဲ့ပေ။ ဤသို့ဖြင့် ကြက်ဥထမင်းကြော်တစ်ပွဲစားရန် အချိန် ၇မိနစ် ၈မိနစ်ခန့်မပင် မကြာခဲ့ပေ။

“ဘာလို့ နည်းနည်းလေးပါရတာလဲ” လိဖန်က အထွန့်တက်သည်။

ထိုစကားကိုပြောမိမှ သူ့ကိုယ်သူ ကျရှုံးသွားမှန်း သဘောပေါက်လိုက်သည်။ ထိပ်တန်းအစားအသောက်၏အရသာမှာ မြောသွားပုံပေါက်သည်။

“သူဌေး၊ ခင်ဗျားရဲ့ဟင်းချက်စွမ်းရည်က အံ့မခန်းပဲ တကယ်တော်တယ်” လိဖန်က သူ့ထိုင်ခုံမှာ ခဏထိုင်ပြီးနောက် မတ်တတ်ထရပ်ကာ ကျယ်လောင်စွာ ပြောသည်။

သူ့အသံက ကျယ်လွန်း၍ သူ့ဘေးနားက စားသုံးသူများ၏စိတ်အာရုံကို ဖမ်းစားသွားသည်။ သူ့ကို တစ်ယောက်ပြီး တစ်ယောက် လှည့်ကြည့်ကြသည်။

သို့သော်ငြားလည်း လိဖန်က ခြေလှမ်းခပ်ကျဲကျဲဖြင့် ဆိုင်အပြင်သို့ ထွက်သွားသည်။ နောက်ကို တစ်ချက်လေးမျှ လှည့်မကြည့်ခဲ့ပေ။

ဘေးနားက ဖောက်သည်များ အပါအဝင် ကျိုးကျာပင် အံ့ဩသွားရသည်။ ထို့နောက် ယွမ်ကျိုးက လေးနက်သော အမူအရာဖြင့် လိဖန်၏နောက်ကျောပြင်ကို ငေးကြည့်လိုက်သည်။

“မင်းက သူ့ကို သိလို့လား။ သူက မင်းကို စိန်ခေါ်ဖို့ ဆိုင်ကို ရောက်လာတာလား” လင်းဟုန်က စပ်စပ်စုစု မေးမြန်းသည်။

“အမ်” ယွမ်ကျိုးက ခဏတွေးကြံပြီးမှ စကားပြန်ပြောသည်။

“သူ့နာမည်တောင် မသိဘူး”

“…” လင်းဟုန်က သူ့ကို မည်သို့တုံ့ပြန်သင့်လဲ မသိ ဖြစ်သွားသည်။ သူ့ကို စိန်ခေါ်ရန် ရောက်လာသူ၏နာမည်ကို တခြားသူက သိနိုင်မည်နည်း။

ယွမ်ကျိုးက ၎င်းအမျိုးသားကို မသိသည့်တိုင် လေးနက်သော အမူအရာရှိ၍ လင်းဟုန်က ပွဲကောင်းလေး လွတ်သွားသည်ဟုပင် ခံစားမိသည်။

အံ့ဩတုန်လှုပ်သော ခံစားချက်မှ လွတ်မြောက်ပြီးနောက် ကျိုးကျာက စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်သည်။ လိဖန်က သူ့ကိုယ်သူ လေးစားလွန်းသည့်စိတ်ဓာတ် နှင့် ယောက်ျားဝါဒီ ပြင်းထန်သောကြောင့် သူမကို အလုပ်ပြောင်းရန် မတိုက်တွန်းတော့ခြင်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်က လိဖန်ထက် သာလွန်သည်။

ဟင့်အင်း။ သူတို့က လုံးဝ အဆင့်ချင်း ကွာခြားသည်။

အပိုင်း(၂၆၅)

ပြီးပါပြီ။

၂၆၆ မှ ၂၇၀

ယွမ်ကျိုး အပိုင်း(၂၆၆)

"အားလုံးပဲ ဒီဆိုင်လေးအတွက် တောင်းဆိုချင်တဲ့အချက်တွေများ ရှိသလား"

ယွမ်ကျိုးက သူ့ရဲ့ရည်ရွယ်ချက်အတိုင်း ရုတ်တရက် မေးမြန်းလိုက်သည်။

"တောင်းဆိုလို့ရတာလား၊ သူဌေးယွမ်။ ကျွန်တော်က ခင်ဗျားကို အပြစ်တင်တာ မဟုတ်ရပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့တရုတ်စာအရေးအသားက အရမ်းကို ဆိုးရွားလွန်းတယ်"

ယွမ်ကျိုး၏စကားသံကို ကြားပြီးနောက် လင်းဟုန်က မထင်မဲ့မြင်လေသံဖြင့် စကားပြောသည်။

"ဟုတ်ပါတယ်။ ဒါကလည်း တောင်းဆိုမှုထဲမှာ ပါဝင်တာပဲလေ။ တခြားတောင်းဆိုချင်တာလေးများ ရှိပါသေးသလား"

ယွမ်ကျိုးက လေးနက်စွာ မေးမြန်းသည်။

"တခြားတောင်းဆိုချင်တာတော့ မရှိပါဘူး။ ဒါပေမယ့် အကြံပြုလို့ရမလား"

လင်းဟုန်က သူ၏နဖူးကို လက်ဖြင့်ကွယ်လိုက်ပြီး ကူကယ်ရာမဲ့အမူအရာဖြင့် စကားပြောသည်။

"တောင်းဆိုတာက တောင်းဆိုတာပဲလေ။ အကြံပြုတာက အကြံပြုတာပဲ"

ယွမ်ကျိုးက မပွင့်မတပွင့်ဖြင့် ရှင်းပြလိုက်သည်။

"ဟားဟားဟား။ တောင်းဆိုတာထက် အကြံဉာဏ်ပြုတာက ပိုကောင်းမယ်လို့ ခံစားမိလို့လေ"

ဟင်းဟုန်က ယွမ်ကျိုးကို ဟင်းချက်သည့်ပညာရပ်သာ တတ်မြောက်သူဟု ခံစားမိသည်။ ပေါင်းသင်းဆက်ဆံရေးက ယွမ်ကျိုးအတွက် လေ့လာရခက်ခဲသောဘာသာရပ် ဖြစ်ပုံပေါ်သည်။

"အားလုံးပဲ တောင်းဆိုစရာရှိရင် တိုက်ရိုက်ပြောလို့ ရပါတယ်"

သူ့ကို စိတ်အနှောင့်အယှက်ပေးနေသည့် လင်းဟုန်ကို လျစ်လျူရှုထားလိုက်သည်။ ယခုလိုအချိန်အခါမျိုးတွင် ဆိုင်ခွဲဖွင့်ရန် တောင်းဆိုချက်များကို စုဆောင်းခြင်းက အကောင်းဆုံးဟု သူ ယူဆထားသည်။ ဟင်းဟုန်က သူ့ရဲ့အကြံပြုချက်ကို လက်မခံသည့်အတွက် စိတ်ထဲမကောင်းဖြစ်သွားပြီး ဘေးနားမှာရှိနေသောဖောက်သည်များက ဤမြင်ကွင်းကို ကျင့်သားရနေပြီးသားဖြစ်ပြီး တချို့ကမူ သူတို့ပါးစပ်ကို လက်ဖြင့်ကွယ်ပြီးတော့ ကျိတ်ရယ်နေကြသည်။ တစ်စုံတစ်ယောက်က ယွမ်ကျိုး၏အပြုအမူကြောင့် ရင်ထဲ စို့နင့်သွားတိုင်း သူတို့မဟုတ်ခဲ့၍ ကံကောင်းသည်ဟု သူတို့ကိုယ်သူတို့ ခံစားနေမိသည်။

"ဟင်းတစ်ပွဲမှာ ပါတဲ့ပမာဏကို များများလေး ထည့်ပေးလို့မရဖူးလား"

ဖောက်သည်တစ်ယောက်က ရိုးရိုးအအဖြင့် မေးမြန်းလိုက်သည်။

"ဒီစား‌သောက်ဆိုင်မှာ ပါဝင်တဲ့ဟင်းပွဲပမာဏက ကလေးရော၊ လူကြီးအတွက်ပါ မျှမျှတတ သတ်မှတ်ထားတာပါ။ ခြားနားမှုမရှိပါဘူး။ တခြားစားသောက်ဆိုင်တွေနဲ့ မတူပါဘူး။ တခြားစားသောက်ဆိုင်တွေက ပွဲကြီး၊ ပွဲသေး သတ်မှတ်ထားပေမယ့် ဒီစားသောက်ဆိုင်မှာတော့ ကလေးရော လူကြီးရော စားလို့ရအောင် ပမာဏတူတူပဲ သတ်မှတ်ထားပါတယ်"

ယွမ်ကျိုးက လေးနက်သောအမူအရာဖြင့် ဤမေးခွန်းကို ပြန်လည်တုံ့ပြန်သည်။

"ဟုတ်တာပေါ့။ ငါတို့လည်း ဒါကို သိပါတယ်။ သူဌေးယွမ်က အရမ်းကို ဟင်းချက်လက်ရာကောင်းလွန်းတဲ့အတွက်ကြောင့် ငါတို့စားရတဲ့ပမာဏကို နည်းနေတယ်လို့ ခံစားမိတာပါ"

ဖောက်သည်များက ယွမ်ကျိုး၏ဟင်းချက်လက်ရာကောင်းမွန်မှုကို ချီးမွမ်းစကားပြောကြသည်။ ဤစကားလုံးများကို ကြားရသောအခါ ယွမ်ကျိုးအတော်လေး ပျော်ရွှင်မိသည်။

"အခုလို ချီးမွမ်းစကားပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတောင်းဆိုတဲ့အချက်က အဓိပ္ပာယ်ရှိပေမယ့်လည်း ဟင်းတစ်ပွဲမှာ ပါဝင်တဲ့ပမာဏကိုတော့ ပြောင်းလဲပေးလို့ မရပါဘူး"

ယွမ်ကျိုးက ကျေးဇူးတင်စကားကို အရင်ဆုံးဖော်ပြပြီးမှ စားသုံးသူဖောက်သည်၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။

"သူဌေးယွမ်၊ ခင်ဗျားက တခြားသူတွေကို စိတ်လှုပ်ရှားအောင်၊ ပြောချင်စိတ်ရှိအောင် လှုံ့ဆောင်ပြီးတော့ ငြင်းပယ်ရတာကို ကျွမ်းကျင်ပုံပဲနော်"

ဖောက်သည်တစ်ယောက်က အပြုအမူကို တအံ့တဩဖြစ်နေပုံ ပေါ်လွင်သည်။

"ဟောဗျာ အဲ့လိုလည်း မဟုတ်ရပါဘူးဗျာ"

ယွမ်ကျိုးက ပုံမှန်အတိုင်း ပြန်ပြောသည်။

"ခင်ဗျား ဖြည့်ဆည်းနိုင်တဲ့တောင်းဆိုမှုတွေကိုပဲ တောင်းဆိုတာ ကောင်းမယ်ထင်တယ်။ ဟုတ်တယ်မလား သူဌေးယွမ်။ ကျွန်တော်တို့ဆီက တောင်းဆိုချက်တွေ၊ ဝေဖန်ချက်တွေကို သိရပြီးရင် ခင်ဗျားက ဆိုင်ပိတ်မှာမလား"

လင်းဟုန်က သူမေးဖျားလေးကို ပွတ်သပ်ရင်း သူ၏ခံစားချက်ကို ထုတ်ပြောသည်။

"မဟုတ်ရပါဘူး။ ဒီလိုလည်း မဟုတ်ရပါဘူးဗျာ။ ငါက မင်းတို့ဆီက တောင်းဆိုချက်တွေကို စုဆောင်းတဲ့သဘောပါပဲ"

ယွမ်ကျိုး၏တည်ငြိမ်သောမျက်နှာတွင် တခြားသောခံစားချက်များ မတွေ့ရပေ။

"သေချာရဲ့လား"

လင်းဟုန်က ယွမ်ကျိုး၏အကျင့်စာရိတ္တနှင့်ပတ်သက်၍ ယုံကြည်မှု သိပ်မရှိပေ။

"ဟုတ်ပါတယ်"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး လူကြီးလူကောင်းဟန်ပြုမူနေသည်။

ထို့နောက် ယွမ်ကျိုးက မစ်ရှင်ပြီးမြောက်မှုအခြေအနေ တိုးတက်မှုရှိ/မရှိကို စစ်ဆေးကြည့်သည်။

[အဓိကမစ်ရှင်] ဒေသအစားအသောက်ကိုယ်စားလှယ် ဖြစ်လာရန်

(မစ်ရှင်အညွှန်း သာမန်ကျော်ကြားမှုက မင်းရဲ့ရည်မှန်းချက်နဲ့ လိုက်ဖက်မှု မရှိဘူး။ ဒေသ အစားအသောက် ကိုယ်စားလှယ် ဖြစ်ဖို့ တစ်လအတွင်း ကြိုးစားရမယ်။ လူငယ်လေး၊ ငါ မင်းကို ယုံကြည်တယ်)

[မစ်ရှင်ဆုလာဘ်] အဆင့်မြှင့်တင်ဖို့ ကံစမ်းမဲနှိုက်ခွင့် တစ်ကြိမ် ရရှိမည်။

(ဆုလာဘ်အညွှန်း : ဒီလိုဆုလာဘ်ကို ပိုင်ဆိုင်ဖို့ လူငယ်လေး မင်းကြိုးစားရမယ်)

[အရန်မစ်ရှင်] ဆိုင်ခွဲဖွင့်ရန် တောင်းဆိုချက် ၁၀ခုကို စုဆောင်းရန်

(မစ်ရှင်အညွှန်း၊ ဆိုင်ခွဲဖွင့်ရန် တောင်းဆိုခြင်းမခံရရင် ကမ္ဘာ့ကျော်စားဖိုမှူး မဖြစ်နိုင်ဘူး)

[မစ်ရှင် ဆုလာဘ်] သုန်ပိုဝက်လက်ဟင်းလျာ

(ဆုလာဘ်အညွှန်း: စီချွမ်ဟင်းလျာများ၏အဓိက ဟင်းလျာဖြစ်၍ ကျွမ်းကျင်စားဖိုမှူးတစ်‌ယောက်အနေဖြင့် တတ်မြောက်ထားသင့်တယ်)

ဆုလာဘ်ကို မြင်သောအခါ ယွမ်ကျိုးက စိတ်လှုပ်ရှားသောခံစားချက်ကို ရုတ်ခြည်းခံစားမိသည်။ ယောက်ျားသားများအားလုံးက အသားစားသတ္တဝါများ ဖြစ်သည်။ သာဓကဆိုသော် ယွမ်ကျိုးက အမဲသားလွှာဟင်းကို မကြာခဏ စားသုံးလေ့ရှိသည်။

"အခုပဲ မင်းတို့တောင်းဆိုချင်တာကို ငါ့ကို ပြောလို့ရပါတယ်"

ယွမ်ကျိုးက လေးနက်သောအမူအရာကို ဖော်ပြသည်။ သူက တခြားသူများပြောသည့်စကားကို ဂရုတစိုက်နားထောင်သည့်အမူအရာကို ဖော်ပြနေခြင်းဖြစ်သည်။

"မင်းတို့ ပြောပါ။ ငါ နားထောင်ပေးမယ်"

ယွမ်ကျိုးက အစားအသောက်များကို ပြင်ဆင်နေစဉ် ထပ်မံပြောကြားလိုက်သည်။

ထို့နောက် သူက ထူးဆန်းသောတောင်းဆိုချက်များကို ဆက်တိုက်လက်ခံရရှိခဲ့သည်။ သာဓကဆိုသော် -

"သူဌေးယွမ်၊ ခင်ဗျားရဲ့ဆိုင်မှာ အိမ်သာလေးဆောက်ထားပေးလို့ မရဘူးလား။ ကျွန်တော်တို့ ဒီမှာစောင့်ရတာ နေ့တိုင်းအကြာကြီးပဲ စောင့်ရတယ်။ လူတစ်ယောက်မှာ အခြေခံလိုအပ်ချက်(၃)မျိုး ရှိတယ်။ အဲ့(၃)မျိုးထဲမှာ အိမ်သာကလည်း မရှိမဖြစ်လိုအပ်တယ်။ ဒါတွေက ရှောင်ရှားလို့ မရဘူး"

ဖောက်သည်က သူတို့ရဲ့လိုအပ်ချက်ကို ထုတ်ဖော်ပြောသည်။

"ဒီဆိုင်က အရမ်းသေးလွန်းတယ်။ အများကြီးမလိုပါဘူး။ အိမ်သာလေးတော့ မပေးနိုင်ဘူးလား"

သူ့ကို ထပ်မံမေးမြန်းသည်။

"သူဌေးယွမ်၊ ကျွန်မတို့ကို တစ်နပ်စာလောက် လျော့ပေးလို့ မရဘူးလား။ ပိုက်ဆံမယူဘဲ အလကားကျွေးလို့မရဘူးလား"

ကောင်မလေးက မျက်နှာပြောင်တိုက်ပြီးတော့ မေးမြန်းလိုက်သည်။

"မရဘူး"

ယွမ်ကျိုး သူမကို စိုက်ကြည့်လိုက်ပြီးတော့ ချက်ချင်း ငြင်းပယ်လိုက်သည်။ ဒီကောက်ကျစ်တဲ့လူတွေက သူ့ဆီက အခွင့်အရေးကိုယူဖို့ ချောင်းနေကြသည်။

"တစ်ရှူး၂လိပ်ပေးပါ။ ဒီလိုပုံစံနှင့်ဆိုလျှင် သူဌေးယွမ်က ခဏလေးအတွင်း ကောင်မလေး ရှာလို့ရမှာမဟုတ်ဘူး"

"အဲ့ဒီအတွက်တော့ မစိုးရိမ်ပါနဲ့"

လင်းဟုန်က မေးဖျားလေးကို ပွတ်သပ်ရင်း ခဏတွေးကြံကာ ပြောလိုက်ခြင်းဖြစ်သည်။

သူတို့ပြောသောစကားလုံးတိုင်းကို ယွမ်ကျိုးက ကြားခဲ့သော်လည်း အလေးအနက်မထားခဲ့ပေ။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်၊ သူ့ရဲ့ဟင်းချက်လက်ရာနှင့် သူ့ရဲ့ဝင်ငွေများက အလွန်မြင့်မားသည့်အတွက် သူ့ကိုယ်သူ အပြည့်အဝယုံကြည်သည်။ ထို့အပြင် သူ့၏ရုပ်ရည်က မပြုံးလျှင်ပင် တည်ကြည်ခန့်ညားသည်။ သူက ကောင်မလေးတိုင်း စိတ်ကူးယဉ်ရသည့် ယောက်ျားကောင် သေချာပေါက် ဖြစ်နိုင်သည်။

မိမိကိုယ်ကို နေ့တိုင်းချီးကျူးတဲ့လူတစ်ယောက်က ပြီးပြည့်စုံသောလူတစ်ယောက်ဖြစ်လာနိုင်သည်ဟု ယနေ့ခေတ်စိတ်ပညာရှင်တစ်ဦးက ပြောခဲ့ဖူးသည်။ တကယ်တမ်း ဤစကားလုံးကို ယွမ်ကျိုး ကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယွမ်ကျိုးက သူ့ကိုယ်သူ အလွန်အမင်းယုံကြည်မှုရှိသည်။

တစ်ညလုံးကြိုးစားအားထုတ်ခဲ့သည့်တိုင် ယွမ်ကျိုးက ထူးဆန်းသော တောင်းဆိုမှုတစ်ခုထဲကိုသာ စုဆောင်းနိုင်ခဲ့သည့်အတွက် စိတ်ကျေနပ်မှု မရခဲ့ပေ။ သူ လိုချင်သည့်ရလဒ်ကို ပေးနိုင်သည့်ဖောက်သည်များက စားသောက်ဆိုင်၏အပြင်ဘက်‌တွင် ရှိနေသည်ကို ယွမ်ကျိုး မသိခဲ့ပေ။

အင်တာနက်ပေါ်တွင် မြင်တွေ့ရသောဂုဏ်သတင်းကြောင့် ယွမ်ကျိုး၏စားသောက်ဆိုင်သို့ လာရောက်သည့်ဖောက်သည်များစွာ ရှိသည်။ ၎င်းဖောက်သည်များသည် အနယ်နယ်၊ အရပ်ရပ်မှ ခရီးသွားများလည်း ဖြစ်ကြသည်။

"မင်္ဂလာညနေခင်းပါ သူဌေးယွမ်"

ဆိုင်ထဲဝင်လာသည့်ကောင်မလေးက ယွမ်ကျိုးကို နှုတ်ဆက်စကားပြောသည်။

"မင်္ဂလာပါ။ ဒီနေ့ အစောကြီးရောက်လို့ပါလား"

ယွမ်ကျိုးက ခေါင်းညိတ်ပြသည်။ ညဘက်အရက်ဆိုင်မဖွင့်ခင် ခဏနားသည့်အချိန် ဖြစ်သည်။ တံခါးပေါက်မှာ မတ်တတ်ရပ်နေသည့်ယွမ်ကျိုးက ကောင်မလေးကို မြင်မြင်ချင်း နှုတ်ဆက်စကားပြောလိုက်သည်။

"ဟုတ်တယ်။ ဒီနေ့ သန့်ရှင်းရေးလုပ်တာကိုကူညီဖို့ ရောက်လာတာလေ။ ဒါမှလည်း ဝင်ငွေများများ ရမှာပေါ့"

ကောင်မလေး၏မျက်နှာတွင် ပျော်ရွှင်သောမျက်နှာအမူအရာကို ဖော်ပြနေသည်။

"ဟုတ်ပါပြီ။ ဒါနဲ့ မင်းကို ထိုးခိုင်းထားတဲ့ တရုတ်ရိုးရာလက်မှုပစ္စည်းလေးရဲ့ညအခြေအနေရော ဘယ်လိုရှိလဲ"

ယွမ်ကျိုးက ကောင်မလေး၏အကြောင်းကို သိနေသည်။ ကောင်မလေးက အိမ်သန့်ရှင်းရေးအကူလုပ်သကဲ့သို့ အားလပ်ချိန်တွင်လည်း လက်မှုပစ္စည်းများကို ရောင်းချတတ်သည်။

"မစိုးရိမ်ပါနဲ့၊ သူဌေးယွမ်။ ပြီးခါ‌နီးပါပြီ။ သူဌေးယွမ်မှာထားတဲ့ပစ္စည်း ပြီးခါနီးပါပြီ"

အမှိုက်များကို စနစ်တကျ စုဆောင်းရင်း ကောင်မလေးက ပြန်ဖြေသည်။

"မင်းကို အနှောင့်အယှက်ပေးမိလို့ အားနာမိပါတယ်"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။

"ပစ္စည်းတွေ အများကြီးအော်ဒါ‌မှာပေးလို့ ကျွန်မကပဲ ကျေးဇူးတင်သင့်တာပါ"

ယွမ်ကျိုး၏စကားသံကိုကြားပြီးနောက် ကောင်မလေးက ခါးကိုဆန့်လိုက်ပြီး လေးနက်စွာ ကျေးဇူးတင်စကားပြောသည်။

"ဒါတွေအားလုံးက လက်ဆောင်ပေးဖို့အတွက်ပါ။ ကဲ အဆင်ပြေသလိုနေခဲ့တော့။ အလောတကြီး မရှိပါဘူး။ အေးအေးဆေး‌ဆေး သန့်ရှင်းရေးလုပ်ပါ"

ယွမ်ကျိုးက မျက်တောင်မခတ်ဘဲ ပြောလိုက်သည်။

"သူဌေးယွမ်၊ ရှင့်ရဲ့ဟင်းချက်လက်ရာတွေက အရမ်းကောင်းတယ်နော်။ အခုဆိုရင် ရှင့်ဆိုင်ကလက်ရာ‌တွေကို စားဖို့အတွက် လမ်းထဲမှာ တန်းစီစောင့်နေသူတွေ ပိုပိုပြီးတော့ များလာတယ်နော်။ ကျွန်မတို့အလုပ်က သူဌေးဆိုရင် အလုပ်က စီးပွားရေးတိုးလာလို့ ဝန်ထမ်းတွေကို လစာ ယွမ် ၅၀တောင် တိုးပေးတယ်"

ကောင်မလေးက သူမ၏လစာအကြောင်းပြောတဲ့အခါမှာ ပျော်ရွှင်နေပုံပေါ်သည်။ ယွမ်ကျိုးကလည်း ပေါ့ပေါ့‌ပါးပါး ခေါင်းညိတ်လိုက်သည်။

စကားတချို့ပြောပြီးနောက် ကောင်မလေးက အမှိုက်များကို သိမ်းဆည်းခြင်း၊ တံမြက်စည်းလှည်းခြင်းများကို လုပ်ဆောင်သည်။ သူမ၏အလုပ်များပြီးသွားမှသာ ဆိုင်မှ ထွက်ခွာသွားလေ့ရှိသည်။ သူမ ဆိုင်မှထွက်သွားသောအခါ ယွမ်ကျိုးက လမ်းထောင့်တစ်နေရာတွင် သူမ ရပ်တန့်လိုက်ခြင်းကို လှမ်းမြင်လိုက်သည်။

သိသာထင်ရှားမှုမရှိသည့် အမဲရောင်ကားလေးကို လမ်းထောင့်တစ်နေရာတွင် ရပ်ထားသည်မှာလည်း ထူးခြားမှုမရှိပေ။ ယွမ်ကျိုးက ၎င်းကား ဤနေရာတွင် ရပ်နေသည်မှာ ၂ရက်ခန့်ရှိနေပြီကို ရုတ်တရက် အမှတ်ရသွားသည်။

ဤကောင်မလေး၏နာမည်က ဟွမ်လင်းဖြစ်သည်။ သူမကို ယွမ်ကျိုးက သူ့စားသောက်ဆိုင်၏အကူအဖြစ် အလုပ်လုပ်ရန် ကမ်းလှမ်းခဲ့ဖူးသည်။ သို့သော်လည်း သူမက သူ၏တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်။ ထို့နောက် ယွမ်ကျိုးက တရုတ်ရိုးရာလက်မှုပစ္စည်းများကို သူမထံမှာ အော်ဒါအပ်သည်။

အကြောင်းမူကား လက်ဆောင်ပစ္စည်းအနေဖြင့် ပေးရန်ဖြစ်သည်။ သူ့ရဲ့စီးပွားရေးက တစ်နေ့ထက်တစ်နေ့ ကောင်းမွန်လာသည့်အတွက် ဟွမ်လင်းက တရုတ်ရိုးရာလက်မှုပစ္စည်းများကို အများအပြား ပြုလုပ်ပေးရသည်။

အပိုင်း(၂၆၆)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း(၂၆၇)

ယနေ့ မနက်အစောပိုင်းအချိန်ကာလတွင် ယွမ်ကျိုးက ပုံမှန်အတိုင်း လမ်းလျှောက်ထွက်ခဲ့သည်။

“သူဌေးယွမ်၊ ကျွန်တော်ကို တစ်ခုလောက် ကူညီပေးလို့ရမလား”ဟွမ်လင်က မနက်အစောကြီး သူ့ဆီ ရောက်လာသည်။

“ဘာကိစ္စလဲ” ယွမ်ကျိုးက လမ်းလျှောက်ရင်း ပြန်ပြောသည်။

“ဒီလိုပါ…” ထို့နောက် ဟွမ်လင်က သူ့ကို ရှင်းပြသည်။

“နေရာသီးသန့်ပေးလို့မရဘူး။ သူတို့လာစားမှာ သေချာရဲ့လား” ယွမ်ကျိုးက နည်းနည်းစပ်စုကြည့်သည်။

“ဟုတ်တယ်။ သူတို့လာလိမ့်မယ်။ အဲဒီအတွက်တော့ မစိုးရိမ်နဲ့” ဟွမ်လင်က အခိုင်အမာ ခေါင်းညိတ်သည်။

“အိုကေ။ စုစုပေါင်း ယွမ်၁၀၀ပဲကုန်မယ်” ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် ဈေးနှုန်းကို ပြောလိုက်သည်။

“တွက်တာ မှန်ရောမှန်ရဲ့လား” ဟွမ်လင် သံသယဝင်မိသည်။

“အဲဒီလောက်ပါပဲ” ယွမ်ကျိုးက လေးနက်စွာ ပြန်ဖြေသည်။

“ဒါပေမဲ့ ခင်ဗျားဆိုင်က ဟင်းလျာတွေက အရမ်းဈေးကြီးတယ်လေ” ဟွမ်လင်က ဈေးနှုန်းအတိအကျ မသိသော်လည်း ဈေးအရမ်းကြီးမှန်းတော့ သိထားသည်။

“ငါက သူဌေးပါ။ ဒီကနေ့ ပထမဆုံး ဖောက်သည် သုံးယောက်က လျှော့ဈေးရမယ်” ယွမ်ကျိုးက တည်ငြိမ်စွာ ပြောသည်။

“အွမ်း။ ငါ စိတ်ကောင်းဝင်တဲ့ အချိန်တိုင်း။ ဈေးလျှော့ပေးတယ် ကျောက်ပွင့်ပျားရည်ကို ၁ယွမ်နဲ့တောင် ရောင်းခဲ့သေးတယ်” ယွမ်ကျိုးက သက်သေသာဓကဖြင့် ပြောဆိုသည်။

သေချာ ပြန်တွေးတောပြီးနောက် ဟွမ်လင်က အမှန်တရားကို နားလည်သွားသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်က ဘေးလမ်း၏ကြယ်အဆင့် စားသောက်ဆိုင်ဖြစ်သည့်အပြင် အစားအသောက်မြေပုံစာရင်းတွင်လည်း ပါဝင်သည်။ ထို့ကြောင့်လည်း တစ်ယွမ်ပွဲတော်အကြောင်းကိုလည်း ဟွမ်လင် သိထားသည်။

“အိုကေ၊ ကျေးဇူးပဲ သူဌေးယွမ်။ ဒါပေမဲ့ ငါ့ကို ထည့်မတွက်နဲ့” ဟွမ်လင်က လေးနက်စွာ ခေါင်းညိတ်ပြီးနောက် အသစ်စက်စက် ယွမ်၁၀၀တန်ကို ထုတ်ပေးလိုက်သည်။

“အိုကေ။ ရပြီ” ယွမ်ကျိုးက ငွေကိုလက်ခံယူလိုက်ပြီး အိတ်ကပ်ထဲထည့်ကာ မနက်ခင်း လမ်းဆက်လျှောက်သည်။

“ဘိုင့် သူဌေးယွမ်” ထို့နောက် ဟွမ်လင်က အမှိုက်အပြည့်ထည့်ထားသော အမှိုက်လှည်းကို တွန်းပြီး တံမြက်စည်းကိုင်ကာ လမ်းဆက်လျှောက်သည်။

ဘေးလမ်းကို နှစ်ပတ်ပြည့်အောင် လမ်းလျှောက်ပြီးနောက် ယွမ်ကျိုးက သူ့စားသောက်ဆိုင် ပြန်လာသည်။ အရင်ဆုံး ဒုတိယထပ်သို့ တက်ကာ ရေမိုးချိုး အဝတ်စားလဲပြီး စားသောက်ဆိုင်ရှိရာ ပထမထပ်သို့ ပြန်သွားသည်။ ထို့နောက် ဖက်ထုပ်ပြုလုပ်ရန် မုန့်ညှက် နယ်သည်။

ယွမ်ကျိုးက မနက်ခင်းရောင်းချမည့် အစားအသောက်ပြင်ဆင်နေစဉ် အရှေ့တံခါးကို ဖွင့်ထား၍ ကျိုးကျာ ဆိုင်သို့ရောက်လာသော မြင်ကွင်းကို လှမ်းမြင်လိုက်သည်။

“ကျိုးကျာ၊ ဒီနေရာကို လာလေ” ယွမ်ကျိုး၏အသံက မျက်နှာဖုံး၏အောက်ဘက်မှ ထွက်ပေါ်လာသည်။

“မနက်နံနက်ခင်းပါ သူဌေး” ကျိုးကျာ အချီကြီးပြုံးသည်။

“ဒီကနေ့ တော်တော်ပျော်နေပုံပဲ” ယွမ်ကျိုးက ခဏတုံ့ဆိုင်းပြီးမှ သူမကို အရင်ဆုံး မေးမြန်းလိုက်သည်။

“ဟုတ်ကဲ့။ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးအရမ်းတင်ပါတယ် သူဌေး” မနေ့ညတုန်းက ဖုန်းပြောခဲ့သော အဖြစ်အပျက်ကို ပြန်လည်မြင်ယောင်ရင်း ကျိုးကျာ ကျေနပ်မိသည်။

ဘဝင်ရူးလိဖန်က သူ့ကို ဆက်မတွယ်ကပ်တော့ပေ။ သူ့ကို ဆက်မနှောင့်ယှက်တော့မည် ဖြစ်ကြောင်းလည်း ကတိပေးခဲ့သည်။ ထို့ကြောင့် ကျိုးကျာ မနေ့ကထက်ပင် ပို၍ ပျော်ရွှင်နေသည်။

လိဖန်က ယောက်ျားဝါဒီကို လက်ကိုင်ထားသည့်အပြင် သူမ၏ဖခင်နှင့် စကားပြောလေ့ရှိ၍ သူမ၏ဖခင်က လိဖန်ကို လက်ခံရန် သူမကို ဖိအားပေးလေ့ရှိသည်။

“အွန်း ရပါတယ် အားနာဖို့ မလိုအပ်ဘူး” ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။

ခဏကြာပြီးနောက် သူ မေးမြန်းသည်။

“ဘာကိစ္စအတွက်လဲ”

“အမ်၊ ဘာမှတော့ မဟုတ်ပါဘူး။ အလုပ်ကောင်းကို ခန့်ပေးလို့ ကျေးဇူးတင်တာပါ” ကျိုးကျာက ခဏတုံ့ဆိုင်းပြီးနောက် သူ့နဖူးပေါ်မှ ချွေးစက်များကို သုတ်ရန် ဟန်ပြင်သည်။

သူမ၏သူဌေး စကားပြောပုံဆိုပုံက ထူးဆန်းသော်လည်း ကျိုးကျာက ကျင့်သားရနေ၍ အဆင်ပြေသည်။ ထို့ကြောင့် သူမက ချက်ချင်း စကားလမ်းကြောင်းလွှဲလိုက်သည်။

“ကဲ ဒါဆိုရင်လည်း ဒီဆိုင်မှာပဲ အလုပ်ကို ကြိုးစားလုပ်တော့” ယွမ်ကျိုးက သူမကို သေချာ ညွှန်ကြားသည်။

“မစိုးရိမ်ပါနဲ့ သူဌေး” အလုပ်အကြောင်းပြောသောအခါ ကျိုးကျာက အတော်လေး လေးနက်မှုရှိသည်။

တခြားတစ်ဖက်တွင်မူ အနက်ရောင်ကားပေါ်မှ လူသုံးယောက် ရှိနေသည်။ စီနီယာ ပညာရှင်အလုပ်သမားဟု ထင်ရသည် အမျိုးသားက ပထမဆုံး စကားပြောသည်။

“အိုကေ မနက်စာ စားကြတာပေါ့။ နောက်ဆိုရင် ကြွက်ကြီးက ဒီနေရာကို အုပ်စိုးတော့မှာလေ” ကတုံးဆံတောက်အမျိုးသားက တိကျပြတ်သားသော အမူအရာဖြင့် စကားပြောသည်။

“ကောင်းတာပေါ့။ သူဌေးကျောင်။ မနေ့ညတုန်းက ကျွန်တော်ကို ကတိပေးခဲ့တာ မမေ့ဘူးမလား” အလုပ်သမားအသစ်ပုံစံ ဝတ်ဆင်ထားသူက ပြောလိုက်ခြင်း ဖြစ်သည်။

“လင်းချုံ ကောင်စုတ်၊ မင်းက ငါ့ကို ဂုတ်သွေးစုတ်ဖို့ပဲ ချောင်းနေတယ်” သူဌေးချောင်က ပြောလိုက်ခြင်း ဖြစ်သည်။

“မဟုတ်ဘူးလား။ ကျန်းရှင်း မင်း ငါ့ဘက်က သက်သေခံပေး။ သူဌေးကျောင်ကိုယ်တိုင် ငါ့တို့ကို ပြောခဲ့တာမလား” လင်းချုံက ချက်ချင်း ခေါင်းလှည့်ပြီး နောက်ဖက်ခုံမှာ ထိုင်နေသူကို ပြန်ပြောသည်။

သူ့ပြုံးနေသော မျက်နှာအမူအရာ ရိုးသားသည်ဟုထင်ရသော်လည်း စကားပြောလိုက်သောအခါ အပြုအမူ နှင့် လုပ်ရပ်က တခြားစီပင်။

“ငါ သက်သေခံနိုင်ပါတယ်။ သူဌေးကျောင် ကျွန်တော် စားသောက်ဆိုင် စုံစမ်းထားတယ်။ အဲဒီဆိုင်မှာ စားရဖို့ တန်းစီစောင့်နေတဲ့ ဖောက်သည်တွေ အများကြီးပဲ။ အခုပဲ သွားမလား” သူက ပြုံးရွှင်စွာ ကားတံခါးကို ဖွင့်ပြီးနောက် ပြောလိုက်သည်။

“ဒါက အကျင့်ပျက်ခြစားတာပဲ။ ကျွန်တော်သိရသလောက်တော့ အဲဒီဆိုင်က တအားဈေးကြီးတယ်” သူဌေးကျောင်က မျက်မှောင်ကြုတ်ရင်း ငွေဖြုန်းရန် အင်တင်တင် ဖြစ်နေသော အမူအရာကို ဖော်ပြသည်။ သို့သော်ငြားလည်း သူက တုံ့ဆိုင်ခြင်း မရှိဘဲ ကားတံခါးကို တွန်းဖွင့်ကာ ကားပေါ်မှ ဆင်းလိုက်သည်။

“လာပါ။ ငါတို့တွေ မြန်မြန်သွားမှဖြစ်မယ်။ မဟုတ်ရင် ထိုင်ခုံမရဘဲ ဖြစ်လိမ့်မယ်” လင်းချုံက တခြားနှစ်ယောက်ထက် ခပ်သွက်သွက် လမ်းလျှောက်သည်။ စကားပြောရင်း လမ်းခရီးတစ်ဝက်ကျိုးသွားသည်။

လူသုံးယောက် အကျင့်သုံးမျိုးရှိကြသည်။ တူညီသည့် တစ်ခုတည်းသော လက္ခဏာက သာမန်ရုပ်ရည်ရှိခြင်း ဖြစ်သည်။ လူကြားထဲရောက်သွားလျှင် သူတို့သုံးယောက်ကို ရှာတွေ့ရန် မလွယ်ကူပေ။ ယွမ်ကျိုး၏တည်ငြိမ်နေသော ဦးလေးကြီးပုံစံကပင် နာမည်ကျော်နေသေးသည်။

လူကြားထဲသွားလျှင် ယွမ်ကျိုးကို သတိထားမိသူ ပိုများနိုင်သည်။ ဘေးလမ်းက သိပ်မရှည်လျားသည့်အတွက် လမ်းအလယ်မှာရှိသည့် ယွမ်ကျိုး၏စားသောက်ဆိုင်သို့ မိနစ်ပိုင်းအတွင်း ရောက်သွားသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဆိုင်ထဲ မည်သူမှ မရှိပေ။

“ဆိုင်ထဲ ဝင်လာပေးပါ” ကျိုးကျာက လူသုံးယောက်ကို မြင်သည်နှင့် ပျော်ရွှင်သွားပြီး လာရောက်နှုတ်ဆက်သည်။

“ဟမ်၊ တိုက်ဆိုင်လှချည်းလား။ ငါတို့က ပထမဆုံးဖောက်သည်လား” လင်းချုံက ခြေလှမ်းခပ်ကျဲကျဲ လှမ်းပြီး ဆိုင်ထဲဝင်လာသည်။

“တကယ် တိုက်ဆိုင်တာပဲ” ကျိုးကျာက ပြုံးရွှင်စွာ ပြန်ဖြေသည်။

“မင်းတို့စားသောက်ဆိုင်က သာမန်ထက် ပိုအရသာရှိတဲ့ အစားအသောက်တွေကို ရောင်းချတယ်လို့ သတင်းကြားတာ ကြာပြီ။ ဒါကြောင့်မို့ ဒီကနေ့ ကိုယ်တိုင်ကိုယ်ကျ လာအားပေးတာပဲ” ကျန်းရှင်းက ယွမ်ကျိုးကို ဦးစွာ ချီးမွမ်းစကားပြောပြီး သူဌေးကျောင်ကို မျက်စပစ်သည်။

“အားနာပါတယ်။ ဒီကနေ့ မနက်ခင်းမှာ ဖက်ထုပ်ပဲ ရပါမယ်” ကျိုးကျာက အသိပေးသည်။

“ဒါဆိုရင် ဖက်ထုပ်က ဘယ်လောက်လဲ။ ဖက်ထုပ်ပေါင်းတစ်ပွဲမှာ ဘယ်နှခုပါလဲ” လင်းချုံက စပ်စုသည်။

“တစ်ခုတည်းပါ” ကျိုးကျာက သိမ်မွေ့စွာ ပြန်ဖြေသည်။

“ကိစ္စမရှိဘူး။ ငါ့ကို တစ်ပွဲပေးပါ။ ဗိုက်ဆာနေပြီ” နှာခေါင်းကောင်းသည့် ကျန်းရှင်းက ဖက်ထုပ်ရနံ့ကို ရှိုက်ရင်း ဖက်ထုပ်အော်ဒါတင်လိုက်သည်။

“ကောင်းပြီ။ ခဏစောင့်ပေးပါ” ကျိုးကျာက သူတို့ဆီ ဖက်ထုပ်သယ်လာပေးသည်။

“ရှာလကာရည် ယူဦးမလား” ကျိုးကျာက ဖက်ထုပ်ကို စားပွဲခုံပေါ် နေရာချထားပေးပြီး မေးမြန်းသည်။

“ဒါပေါ့ ငါ့အတွက် ယူလာခဲ့ပေးပါ” သူဌေးကျောင် ပြန်ဖြေသည်။

သူက ရှာလကာရည် မကြိုက်သည့်တိုင် မှာယူလိုက်သည်။ ၆၆ယွမ်တန် ဖက်ထုပ်ပေါင်း၏ ရှာလကာရည်ကို သူ မစားလျှင် သူ ဆုံးရှုံးနစ်နာသွားလိမ့်မည်။

“ငါ့အတွက်လည်း ရှာလကာရည်ပေးပါ” ကျန်းရှင်းက အစားအသောက်မြေပုံ၏ဆွေးနွေးပွဲကို ကြည့်ထား၍ ဖက်ထုပ် နှင့် ရှာလကာရည်ကို အကောင်းဆုံး တွဲဖက်စားမည်။

“ဟာကွာ ငါတို့လို အသက်အရွယ်က ဖက်ထုပ်ကို ရှာလကာရည်နဲ့ တွဲစားသင့်ရဲ့လား” လင်းချုံ တစ်ဦးတည်း မကျေမနပ် ငြီးတွားသည်။ သူက တူမကိုင်ဘဲ လက်ဖြင့်သာ ကိုင်စားလိုက်သည်။

“ရှာလကာရည်နဲ့ ဖက်ထုပ်ရောလိုက်တဲ့ပုံစံက မဆိုးဘူးပဲ” ကျန်းရှင်းက ကျေနပ်စွာ စကားမပြောခင် ရှာလကာရည်၏ရနံ့ကို ရှုပြီး ဖက်ထုပ်ကို ကြည့်လိုက်သည်။

အပိုင်း(၂၆၇)

ပြီးပါပြီ။

All Chapters