ခြေကျင်းများ ကျိုးပျက်မူ
Vol. 49 Ch. 729
ကုန်လှောင်ခန်းရဲ့ အမှောင်ထုထဲမှာတော့..နိုတစ်က..အေးစက်ပြီး အန္တရာယ်များတဲ့ အပြုံးနဲ့ ဆန်နီကို ကြည့်နေခဲ့ပါတယ်..။သူ့ရဲ့ မျက်လုံးတစ်ဖက်က လရောင်ကို အလင်းပြန်နေခဲ့ပြီး..တစ်ဖက်ကတော့..သွေးရောင် အနည်းငယ်နဲ့ ရူးသွပ်စွာ တောက်ပနေခဲ့တယ်..။
သူတို့ပတ်ဝန်းကျင်က လေထုက ပိုမိုအေးစက်လာခဲ့ပြီး အမှောင်ထုကလည်း ပိုမိုနက်ရှိုင်းလာသလိုပါပဲ..။
ဆန်နီ အနည်းငယ် တုန်ရီသွားပြီးကာမှ သူ့လက်ထဲက သစ်သားဓားကို ပြန်ကြည့်လိုက်တယ်..။အခုချိန်မှာတော့ အလင်းနတ်ဘုရား ထုလုပ်ခဲ့တဲ့ လက်နက်က သူ့ရဲ့ ရည်ရွယ်ချက်ကို ဆောင်ရွက်ပြီးသွားပြီဖြစ်တာကြောင့် သာမန်လက်နက်အဖြစ်သာ ရှိနေပါတော့တယ်..။ဓားအတွင်းထဲမှာ နဂိုကရှိခဲ့တဲ့ စွမ်းအား အလင်းတန်းတွေနဲ့..ကံတရား ကျိုးမျှင်တွေကတော့ မရှိတော့ပေ..။
သူက ကျန်နေခဲ့တဲ့ ဓားကို ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်ပြီး..မှော်ဆရာကိုသုန်မုန် နေတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။ပြီးမှ..ဘာမှမဖြစ်သလို ပြောလိုက်ပါတယ်..။
“ငါ သူမကို သတ်လိုက်ပြီ..။ဘာဖြစ်လို့လဲ..”
နိုတစ် သူ့ကို တစ်ခနလောက် စိုက်ကြည့်နေပြီးကာမှ..အသက်ကို ပြင်းပြင်းရူလိုက်တယ်..။
“…ငါ ဒီလိုအခြေအနေကို ရောက်လာဖို့ အစီစဉ်ဆွဲပြီး စောင့်နေခဲ့တာ ကြာပြီဆိုတာ သိရဲ့လား..။အမှန်အတိုင်း ပြောရရင် နှစ်ပေါင်း ရာနဲ့ချီအောင် ကြာခဲ့တယ်..။ပြီးတော့..မင်း..မင်းက..အကုန်လုံးကို ဒီတိုင်း ဖျက်ဆီးပစ်လိုက်တာပဲ..။အာ..ဆန်းလပ်စ်..ငါတို့တွေက သူငယ်ချင်းတွေပါ..ဒါပေမဲ့.. အရိုးသားဆုံး ပြောရရင်..အခုချိန်မှာ ငါ နည်းနည်းတော့ စိတ်အနှောက်ယှက်ဖြစ်နေပြီ..”
အမှောင်ထဲမှာတစ်စုံတစ်ခု လှုပ်သွားခဲ့တာကြောင့် ကုန်လှောင်ခန်းရဲ့ နံရံတွေ အသံမြည်လာခဲ့ပါတယ်..။မှော်ဆရာက သူ့ကို ဆက်လက်စိုက်ကြည့်နေတုန်းဖြစ်ပြီး..သူ့ရဲ့ အနီရောင် မျက်လုံးကလည်း ပိုပိုပြီး တောက်ပလာနေခဲ့တယ်..။ဆန်နီကတော့..မှော်ဆရာရဲ့ တည်ရှိမူက သူ့အပေါ်မှာ ဖိအားတစ်ခုလို ဖြစ်လာတာကို ခံစားနေခဲ့ရပါတယ်..။
ယင်းနောက် သူက ဘာမှမဖြစ်သလို ဟန်ဆာင်လိုက်ပြီး ရှေ့ကို တစ်လှမ်းတိုးကာ.ပုခုံးတွန့်ပြလိုက်ပါတယ်..။
“ကောင်းပြီလေ.. ကြိုးစားပြီး ကျော်ဖြတ်လိုက်ပေါ့..”
နိုတစ် မျက်တောင်ခတ်လိုက်တယ်..။
ယင်းနောက် သူ အနည်းငယ် အတွေးနက်သွားခဲ့ပါတယ်..။
ပြီးတာနဲ့..သူ ပြုံးနေတာကို ရပ်လိုက်ပြီး..
“ကြိုးစားပြီး ကျော်ဖြတ်ရမှာလား..”
သူ့ကြည့်ရတာ ဒီအဖြေကို လုံးဝ သဘောကျတဲ့ ပုံစံ မရှိပါဘူး..။
ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။
“ဟုတ်တယ်..။အဲဒီကနေ ရုန်းထွက်ပြီး ကြိုးစား ကျော်လွှားလိုက်..”
သူ ဆိုဗန်ရဲ့ ခန္တာကိုယ်ကို လက်ညိုးထိုးပြကာ မျက်မှောင်ကျုတ်လိုက်တယ်..။
“ပထမဆုံးပြောရရင်…ငါတို့ ဒီအရှုပ်ထုတ်တွေအားလုံးကို ဘာကြောင့်စတင်ခဲ့ရတာလဲ ဆိုတာကို ပြန်စဉ်းစားပေးနိုင်မလား..။ဒါက ချိန်းအရှင်သခင်တွေအားလုံးကို သတ်ဖြတ်ပြီး..မျှော်လင့်ချက်ကို လွှတ်ပေးဖို့ အတွက်ပဲ..။အိုး..ကြည့်စမ်းပါဦး..ချိန်းအရှင်သခင် တစ်ယောက် သေနေပြီလေ..။ဒါက ပျော်စရာ မကောင်းဘူးလား..”
သူက ထက်ရှတဲ့ အစွယ်တွေ ပေါ်တဲ့အထိ ပြုံးနေခဲ့တယ်..။သို့ပေမယ့်..နိုတစ်ကတော့ မလှုပ်မယှက်အတိုင်းပဲ ရှိနေပြီး..သူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့ပါတယ်..။
ဆန်နီ ရှေ့ကို နောက်ထပ်တစ်လှမ်းတိုးလိုက်ပြီး..မှော်ဆရာရဲ့ ရင်ဘတ်ကို လက်ညိုးထိုးပြလိုက်တယ်..။
“ဒုတိယအချက်က..မင်းက ကိုယ့်ကိုကို အရမ်းအထင်ကြီးနေတာ မဟုတ်ဘူးလား..။အီဒါ ရဲ့ နောက်ဆုံး လက်ဆောင်တဲ့လား…။တကယ်ကြီးလား..”
တကယ်လို့ အထွတ်အထိပ်အဆင့် သူတော်စင်သာ သူ့ကို တစ်ချက်တည်းနဲ့ သေအောင် သတ်ပစ်ချင်တယ်ဆိုရင် အခုချိန်က အကောင်းဆုံး အချိန်ပဲ ဆိုတာ ဆန်နီ ခန့်မှန်းထားလိုက်တယ်..။ဒီတော့ ဆန်နီက ပြုံးနေခဲ့တယ်ဆိုပေမယ့် သူ့စိတ်ထဲမှာတော့ တုန်ရီနေခဲ့ပါပြီ..။
နိုတစ် အံကိုကြိတ်ထားခဲ့ပြီး..
“အဲတာက ဘာဖြစ်နေလို့လဲ..”
ဆန်နီ လက်ပိုက်ထားလိုက်တယ်..။
“မင်းက ဘာမို့လို့ သူမကိုယ်စား လက်ဆောင်ပေးနေရတာလဲ..။အီဒါက ငါတို့နှစ်ယောက်လိုမျိုး..ဆိုဗန်ကို မုန်တီး နေတာ မဟုတ်ဘူး..။အမှန်တော့ သူမက ဆိုဗန်ကိုတောင် ကျေးဇူးတင်နေခဲ့တာ..။သူမက ဒီကျေးဇူးကို အရိပ်ကမ္ဘာအထိသယ်ဆောင် သွားပေးမယ်လို့တောင် ကတိပေးခဲ့သေးတယ်..။အဲတာကို မင်းပို့ဆောင်ပေးခဲ့တဲ့ အိပ်မက်ဆိုးတွေထဲက တစ်ခုမှာ ငါ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာပဲ..”
မှော်ဆရာရဲ့ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားခဲ့တယ်..။
“မင်း က လိမ်နေတာပဲ..။သူမက ဘာလို့ ဒီလိုပြောမှာလဲ..”
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
“ငါ ဘယ်တော့မှ လိမ်မပြောဘူး..။အဆုံးမရှိ ချုပ်နှောင်ခံရသူတွေထဲမှာ အီဒါက ပထမဆုံးအဖြစ် မင်းရဲ့ တာဝန်ကို မေးခွန်းထုတ်ခဲ့တာ မလား..။မျှော်လင့်ချက်ကို လွတ်ပေးသင့်တယ်လို့ သူမက ဆုံးဖြတ်ချက်ချထားခဲ့တာကြောင့်..မင်းလည်း ဒီလို အကြံဉာဏ်မျိုးကို ရခဲံတာ မဟုတ်ဘူးလား..”
သူ သက်ပြင်းချလိုက်တယ်..။
“ကောင်းပြီလေ…ဒီအရာတွေကို ဘယ်သူကများ ဆိုဗန်ထက်ပိုပြီး လုပ်ဆောင်နိုင်ခဲ့လို့လဲ..။သူမ မရှိပဲနဲ့တော့ မျှော်လင့်ချက်ရဲ့ အဆိတ်ခတ်မူတွေကလည်း အလုပ်ဖြစ်လာမှာ မဟုတ်ဘူး..။ချိန်းအရှင်သခင် တွေကလည်း ဘယ်တော့မှ..ရူးသွပ်ပြီး မျှော်လင့်ချက်မဲ့သွားကြမှာမဟုတ်ဘူး..။ပြီးတော့..ငါတို့ကလည်း ဒီမှာ ရပ်နေပြီး..မျှော်လင့်ချက်ကို ချုပ်နှောင်ထားတဲ့ ချည်နှောင်မူတွေကနေ လွှတ်ပေးဖို့ ကြိုးစားနေကြမှာ မဟုတ်ဘူး..”
ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့ပြီး အဝေးကို ကြည့်လိုက်တယ်..။သူက ဆိုဗန်ကို အလွယ်တကူ သေစေမိတဲ့အတွက် အခုချိန်ထိ နောင်တရနေမိတုန်းပါပဲ..။
“ဒီတော့ ဒီလိုဝန်ခံရတာက နာကျင်ရတယ်ဆိုပေမယ့်လည်း..အမှန်အတိုင်းဆိုရင် ဆိုဗန်က ဒီတော်လှန်ရေးရဲ့ အဓိက ထောက်တိုင်တစ်ခုပဲ..။သူမက အရှင်မ အီဒါရဲ့ အလိုဆန္ဒတွေကို အမှန်တကယ်ဖြစ်လာအောင် ဖော်ဆောင်ပေးခဲ့တာ.။ပြီးတော့..ငါလည်း သူ့ကို ထာဝရ နာကျင်ခံစားနေစေချင်ပေမယ့်လည်း..ငါတို့ရဲ့ တာဝန်က ပိုအရေးကြီးတယ်..”
နိုတစ် အချိန်အတော်ကြာအောင် ငြိမ်သက်ရင်း အဝေးကို ကြည့်နေခဲ့တယ်..။
သူ့ရဲ့ မျက်လုံးတွေထဲက ရူးသွပ်မူတွေကတော့ အနည်းငယ် ငြိမ်သက်သွားခဲ့ပါပြီ..။
ယင်းနောက် သူ အနည်းငယ် လှုပ်လာခဲ့ပြီး ဆန်နီကို ကြည့်လိုက်တယ်..။
သူက တင်းမာတဲ့ လေသံနဲ့…
“..ငါ မင်းကို ထွက်ပြေးဖို့ အကြံပေးချင်တယ် ဆန်းလပ်စ်..”
ဆန်နီ အေးခဲသွားခဲ့တယ်..။
‘ချီး..ဒါက အလုပ်မဖြစ်ဘူးလား..’
သူက တုန်ရီစွာ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး..မှော်ဆရာကို ကြောက်လန့်တကြား စိုက်ကြည့်လိုက်ပါတယ်..။
“အာ..နိုတစ်…ခနလေး..။ငါ ပြောချင်တာက..”
မှော်ဆရာက ခေါင်းခါယမ်းလိုက်တယ်..။
“မဟုတ်ဘူး အရူး..။ငါ မင်းကို သတ်မလို့ မဟုတ်ဘူး..။ဒါပေမဲ့..ဆိုဗန်သေသွားရင် ဘာဖြစ်မလဲ ဆိုတာကိုရော မင်းတွေးမိရဲ့လား..”
ဆန်နီရဲ့ မျက်ခုံးတွေ မြင့်တက်သွားခဲ့တယ်..။
“ငါ..အာ…သိပ်တော့ မစဉ်းစားခဲ့ဘူး..။ခနလေး..ဘာ…”
နိုတစ်က စစ်ပွဲမိန်းမပျိုရဲ့ ခန္တာကိုယ်ကို ကြည့်ပြီး နောက်ကို ဆုတ်သွားခဲ့တယ်..။
“နွယ်ကပ်ပါးကောင် …ဒါက လက်ခံ ခန္တာကိုယ် မရှိတော့ဘူးလေ..ငမိုက်သား အရိပ်ရဲ့..။အခု ပြေးတော့..”
….
အဝေးတစ်နေရာမှာရှိတဲ့ ကျွန်းရဲ့ အစွန်းတစ်ဖက်မှာတော့..သေးငယ်တဲ့ လက်တစ်ဖက်က အမှောင်ထဲကနေ ထွက်ပေါ်လာခဲ့တယ်..။ပျက်စီးနေတဲ့ အကာအကွယ်ကို ဝတ်ဆင်ထားတဲ့ မိန်းမငယ်လေးတစ်ယောက်က တစ်စုံတစ်ခုကို ဆုပ်ကိုင်ပြီး အပေါ်ကို တက်လာဖို့ ကြိုးစားနေခဲ့တာပါ..။သူမက အပေါ်ကို ရောက်လာတဲ့အချိန်မှာ မြက်ခင်းတွေပေါ် လဲကျသွားခဲ့ပြီး..အနက်ရောင် ကောင်းကင်ကို ခံစားချက်မဲ့စွာ ကြည့်နေခဲ့တယ်..။
သူမရဲ့ ခန္တာကိုယ် သေးသေးလေးမှာတော့ ဒဏ်ရာဒဏ်ချက်တွေ အပြည့်ပါပဲ..။သူမက ထိခိုက်ဒဏ်ရာပေါင်းများစွာနဲ့..အဆီအနှစ်ကုန်ခမ်းစွာ မောပန်းနေခဲ့တာပါ..။
သို့ပေမယ့် သူမက အသက်ရှင်နေတုန်းပါပဲ..။
အယ်ဖီ ဟာ လှုပ်ရှားဖို့အတွက် အရမ်းကို ပင်ပန်းနေခဲ့တာကြောင့်..ကြယ်တွေကိုသာ စိုက်ကြည့်နေခဲ့တယ်..။သူမရဲ့ လောင်ကျွမ်း ဒဏ်ရာတွေက နာကျင်မူကို ခံစားနေရင်း..တီးတိုးရေရွတ်လိုက်ပါတယ်..။
“အိုး..နင်ကတော့ တစ်ခြားတစ်ယောက်ကိုလည်း မြင်နေရမှာပဲ…”
သူမရဲ့ သွေးတွေစွန်းပေနေတဲ့ မျက်နှာပေါ်မှာ ဖြူဖျော့တဲ့အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
အောက်ဘက်မှာတော့..ကြီးမားတဲ့ သံမဏိသတ္တဝါကြီးရဲ့ ခန္တာကိုယ်က ကောင်းကင်ချိန်းကြိုးနဲ့အတူ တွဲလောင်းဖြစ်နေခဲ့တယ်..။သူ့ရဲ့ ရင်ဘတ်က ကွဲထွက်နေခဲ့ပြီး..အတွင်းထဲမှာတော့..လူသားပုံစံ လှောင်အိမ်တစ်ခုက တစ်ဝက်ပွင့်နေခဲ့ပါတယ်..။အထဲက အလောင်းကတော့ ဖြည်းဖြည်းချင်းအေးခဲနေခဲ့တယ်..။
နေမင်းသားလည်း သေဆုံးသွားခဲ့ပါပြီ..။
အခုချိန်မှာတော့..ချိန်းအရှင်သခင် နှစ်ယောက်သာ ကျန်ရှိပါတော့တယ်..။
….
ဆန်နီနဲ့ နိုတစ်တို့ဟာ..ရှေးဟောင်း သဘော်ရဲ့ ကုန်လှောင်ခန်းကနေ အလျင်အမြန် ပြန်ထွက်လာခဲ့ကြတယ်..။သူတို့က နွယ်ကပ်ပါးကောင် လက်ကနေ ကပ်သီးလေး လွတ်မြော်ကလာခဲ့ကြတာပါ..။သူတို့ရဲ့နောက်မှာတော့. အညိုရောင် နွယ်ပင်တွေက ကုန်းပတ်ပေါ်အထိ ရောက်လာခဲ့ကြပါပြီ..။သူက အဆီအနှစ်တွေ စားသုံးလို့ ရမယ့်နေရာကို ဆာလောင်စွာ လိုက်လံရှာဖွေနေခဲ့တယ်..။
နိုတစ်ကတော့ သူ တီထွင်ထားခဲ့တဲ့ အရာကို ပြန်တိုက်ခိုက်ဖို့အတွက် စိတ်ဝင်စားတဲ့ ပုံစံ မရှိပါဘူး..။ပြီးတော့ ဆန်နီကိုယ်တိုင်လည်း စိတ်မဝင်စားပေ…။နောက်ဆုံးတစ်ကြိမ်တုန်းက..သူက လက်ခံခန္တာကိုယ်ကို ဖျက်ဆီးပြီး..ပျက်ပြားခြင်းအဆင့် မွန်းစတားကိုပါ..သတ်ပစ်ခဲ့ပါတယ်..။သို့ပေမယ့် ဒီတစ်ကြိမ်တော့..သူကိုယ်တိုင် လက်ခံကောင် တစ်ယောက် မဖြစ်ချင်မိပါဘူး..။
အခုချိန်မှာ နောက်ဆုတ်ပြီး တိုက်ပွဲကို ဉာဏ်ရှိရှိရွေးချယ်တာကသာ အကောင်းဆုံးပါ..။
မကြာခင်မှာပဲ..သူတို့က သဘော်နဲ့ ဝေးရာကို ရောက်လာခဲ့ကြတယ်..။
သူတို့ရဲ့ အပေါ်မှာတော့ ကျန်ရစ်နေသေးတဲ့ ရေတပ်သဘော်တွေက လေပေါ်မှာ ပျံသန်းနေခဲ့ကြပါတယ်..။အကြောင်းပြချက်တစ်ချို့ကြောင့်..သူတို့က အနားကို ချည်းကပ်လာပြီး တိုက်ခိုက်ခြင်း မပြုကြတော့ပေ..။သူတို့က သဘော် ဆယ့်လေးစင်းလောက် ကျန်နေသေးပေမယ့်..သူတို့ရဲ့ ခေါင်းဆောင်တွေ သေဆုံးသွားတဲ့အတွက် အံ့ဩသင့်တာ ဒါမှမဟုတ် မှော်ဆရာကို ကြောက်ရွံ့နေကြတာ ဖြစ်လောက်ပါတယ်..။ရန်သူတွေက တစ်နေရာတည်းမှာသာ နေနေခဲ့ကြတယ်..။
ယင်းနောက်..အမိန့်ကို လိုက်နာခဲ့ကြတဲ့အလား..သဘော်တွေကို ပြန်လှည့်ပြီး ဆင်စွယ်ရောင် မြို့ဆီကို ပြန်သွားခဲ့ကြပါတယ်..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..
“သူတို့က..ပြန်ဆုတ်နေကြတာလား..”
သူက နိုတစ်ကို မသေချာ မရေရာစွာ ကြည့်လိုက်တယ်..။
မှော်ဆရာက ကောင်းကင်ကို တစ်ခနလောက် ကြည့်လိုက်ပြီးမှ သက်ပြင်းချလိုက်ပါတယ်..။
“ကောင်းပြီလေ…ငါ့မှာ သတင်းကောင်း နဲ့ သတင်းဆိုးရှိတယ်..”
ဆန်နီကတော့ ဒီအသံကို လုံးဝ သဘောမကျပေ..။
“ဘာများလဲ..”
နိုတစ် ပြုံးလိုက်ပြီး..
“သတင်းကောင်းကတော့..လကြတ်တာ ပြီးဆုံးတော့မယ်..”
အမှန်တကယ်ပဲ သူပြောပြီးတာနဲ့..ကြက်သွေးရောင် ကောင်းကင်က ပြောင်းလဲသွားခဲ့ပါတယ်..။ဆန်နီ အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာ..လရဲ့ မျက်နှာပြင်က ပုံမှန်အတိုင်း..ငွေရောင် အဖြစ် ပြန်ပြောင်းသွားတာကို မြင်တွေ့လိုက်ရတယ်..။
သို့ပေမယ့် ..သူ့ရဲ့ နေရာကတော့..
ရုတ်တရက် သူက အတော်လေး နိမိတ်မကောင်း သလို ခံစားလိုက်ရပါတယ်..။
“..သတင်းဆိုးကရော ဘာလဲ..”
နိုတစ် အရှေ့အရပ်ကို တိတ်တဆိတ် ညွှန်ပြလိုက်တယ်..။
ဆန်နီ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့..အရှေ့ဘက် မိုးကုတ်စက်ဝန်းရဲ့ အမှောင်ထုထဲကနေ နေလုံးကြီးက..ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့ပါတယ်..။
မှော်ဆရာ ပြုံးလိုက်ပြီး..
“ညအချိန်က ပြီးဆုံးသွားပြီ..။အခုက နေ့သစ် တစ်ရက်ပဲ…”
အပိုင်း ( ၇၂၉ ) ပြီး၏။