သေဆုံးခြင်း ဆန္ဒ
Vol. 49 Ch. 730
ဆန်နီဟာ အရှေ့ဘက် မိုးကုတ်စက်ဝန်းကနေ နေလုံးကြီး ထွက်ပေါ်လာတာကို စောင့်ကြည့်နေခဲ့တယ်..။သူ့ရဲ့ နှလုံးသားတွေကတော့ အေးစက်နေခဲ့ပါတယ်..။သူ့ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းနေခဲ့ပြီး..လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့တယ်..။
ည အချိန်က..ပြီးသွားပြီလား..။အဲတာက ဒီလောက်တောင် ကြာသွားတာလား..။
သူက ကောင်းကင်ထက်မှာ တိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ အချိန်တွေကိုတောင် မရေတွက်မိခဲ့ပါဘူး..။သူတို့ ရေတပ်သဘော်တွေနဲ့ တိုက်ခိုက်ခဲံရတဲ့ အချိန်က စက္ကန့်အနည်းငယ်လောက်သာ ကြာမြင့်သွားခဲ့တယ်လို့ ခံစားနေခဲ့ရတာပါ..။
သို့ပေမယ့် အမှန်တကယ်မှာတော့..ဒါပေါ့..ဒီလိုမျိုးမဟုတ်ပေ..။
သူ ဖြည်းဖြည်းချင်းပဲ နိုတစ်ဘက်ကို လှည့်လိုက်တယ်..။နိုတစ်ရဲ့ ပျက်ဆီးနေတဲ့ မျက်နှာက အခုချိန်မှာ အပြည့်အဝနီးပါး ပြန်ကောင်းလာခဲ့ပြီဖြစ်ပြီး..တည်ငြိမ် လွတ်လပ်တဲ့ အပြုံးတစ်ခုလည်း ရှိနေခဲ့တယ်..။မှော်ဆရာက ကောင်းကင်ကို ထူးဆန်းစွာ တည်ငြိမ်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့ပါတယ်..။
“ပြောပါဦး..မိုးမလင်းခင် ဆေးဗားရက် ကိုအနိုင်ယူမယ်ဆိုတဲ့ အစီစဉ်တစ်ခု ရှိခဲ့တာ မဟုတ်ဘူးလား..။သူ့ရဲ့ ကြောက်မက်ဖွယ် စွမ်းအားတွေ ပြန်မရလာခင် အချိန်မှာ အနိုင်ယူသွားမှာဆို..”
အင်မော်တယ်က သက်ပြင်းချလိုက်တယ်..။
“ကောင်းပြီလေ…အစီစဉ်တစ်ခု ရှိတာတော့ ကောင်းပါတယ်..။ဒါပေမဲ့..မင်း စီစဉ်ထားတဲ့ အစီစဉ်အတိုင်း အမြဲတမ်း ဖြစ်လာတယ်ဆိုတာက ရှားတယ်လေ..”
ဆန်နီ အံကို ကြိတ်ထားခဲ့တယ်..။
“ဒီတော့..အခုဘာဖြစ်မှာလဲ…။မင်းက နဂါးကို ဘယ်လိုဖြေရှင်းမှာလဲ..”
နိုတစ် ပုခုံးတွန့်လိုက်ပြီး…
“သူက အခုချိန်လောက် ဆိုရင် အတော်လေးကို ဒေါသထွက်နေလောက်ပြီ..။ဘာပဲဖြစ်ဖြစ် ငါတို့က ဆေးဗားရက် ဒီမ္ဘာပေါ်မှာ ဂရုအစိုက်ဆုံးဖြစ်တဲ့သူ့ရဲ့ ညီလေးကို သတ်လိုက်တာလေ..။စကားမစပ် ဂုဏ်ယူပါတယ်..။မင်းတို့တွေ သတ်နိုင်လိမ့်မယ်လို့ ငါတကယ် မထင်ထား…”
ဆန်နီ သူ့ကို အော်ပြောပြီး ကြားဖြတ်လိုက်တယ်..။
“တည့်တည့်ပဲ ပြောစမ်းပါ..။အခု နေက မြင့်လာပြီဆိုတော့..မင်းရဲ့ စွမ်းအားတွေက လျော့နည်းလာပြီး..သူ့ရဲ့ စွမ်းအားတွေက အထွတ်အထိပ်ကို ရောက်လာတော့မယ်..။ငါတို့က ဘယ်လို နည်းလမ်းနဲံ အသက်ရှင်ကြမှာလဲ..”
မှော်ဆရာက တစ်ခနလောက် တိတ်ဆိတ်နေခဲ့ပြီးကာမှ..သူ့ ခေါင်းနောက်ဘက်ကို ကုတ်လိုက်ပါတယ်..။
“ငါ..အာ…တစ်ခုခု စဉ်းစားလိုက်ဦးမယ်..”
ဆန်နီ သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်..။
“မင်းနောက်နေတာ မလား..။လုပ်စမ်းပါ…မင်းဆီမှာ လှည့်ကွက် တစ်ခုခုတော့ ရှိနေဦးမှာပဲ..။ဘာပဲဖြစ်ဖြစ် မင်းက အဲ့နေရာမှာ တကယ်တော်တယ်လေ..။မင်းဆီမှာ သူ့ကို သတ်နိုင်တဲ့ ဓား ရှိနေပေမယ့်..သူ့ဆီမှာတော့ မင်းကို သတ်နိုင်တဲ့ ဓား မရှိဘူးလေ..။ငါ မင်းကို ဓားတွေ ပေးရမလား..။မင်းက အဲဒီ သောက်ကျိုးနဲ ဓားတွေကို တစ်ခါမှလည်း မတောင်းဘူးနော်..။ဓားတွေလိုချင်လို့ပဲ…မင်းနဲ့ငါက သူငယ်ချင်းတွေ ဖြစ်လာခဲ့တာ မဟုတ်ဘူးလား..”
နိုတစ်က သူ့ကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့ပြီးကာမှ ရိုးရှင်းစွာပဲ ခေါင်းခါယမ်းလိုက်တယ်..။
“မဟုတ်ဘူး..အဲတာက အကြောင်းအရင်းတစ်ခု မဟုတ်ဘူး ဆန်းလပ်စ်..။တကယ်တော့..ငါ့ကို ဓားတွေ ပေးလိုက်လို့လည်း ဘာမှ ကောင်းလာမှာ မဟုတ်ဘူး..။ဆေးဗားရက်က သေမျိုးတစ်ယောက် ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ သူ့ကို အနိုင်တိုက်ရဦးမှာပဲ..။ငါ သူ့ကို အနိုင်ယူလိုက်ရင်တော့..ငါတို့ ဓားကို အသုံးပြုလို့ရပြီး..။ဒါမှမဟုတ် သူ ငါ့ကို နိုင်သွားရင်တော့..ဘာမှထူးခြားသွားမှာ မဟုတ်ဘူးလေ..။ပြီးတော့..ငါ့ဆီမှာ တကယ်ပဲ လှည့်ကွက်တွေ တစ်ခုမှ မရှိတော့ဘူး..”
သူ ပြုံးလိုက်ပြီးကာမှ..ထပ်ပြောလာခဲ့တယ်..။
“အာ…တစ်ခုက လွဲလို့ပေါ့..”
ဆန်နီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပါတယ်..။
“နောက်ဆုံးတော့….အဲတာက ဘာများလဲ..”
မှော်ဆရာက သူ့ဘက်ကို လှည့်ပြီး ပြုံးလိုက်တယ်..။
“ဘာလို့လဲ…အဲတာက မင်းပဲလေ ဆန်းလပ်စ်..။သေချာတာပေါ့..။ကံတရားက ငါတို့ကို အကြောင်းပြချက်တစ်ခုကြောင့် ဆုံစည်းခွင့်ပေးခဲ့တယ်လို့ ငါ မပြောခဲ့ဘူးလား..”
ဆန်နီ သူ့ကို စိုက်ကြည့်နေရင်းကနေ သူ့အမူအရာက တဖြည်းဖြည်း နက်မှောင်လာခဲ့တယ်..။
“ပြောခဲ့တယ်လေ…ဒါပေမဲ့..မင်းက ဘာကို ဆိုလိုချင်တာလဲ..”
နိုတစ် အဝေးမှာရှိနေတဲ့..လှပတဲ့ မြို့ကြီးကို လှမ်းကြည့်လိုက်တယ်..။တစ်ခနလောက် ကြာပြီးကာမှ သူ ပြောလာခဲ့ပါတယ်..။
“ဆေးဗားရက် နဲ့ ငါ့ရဲ့ တိုက်ပွဲက ဘယ်လိုမျိုးပဲ ဖြစ်သွားပါစေ..ဆင်စွယ်ရောင်တာဝါ အနီးနားမှာပဲ အဆုံးသတ်လိမ့်မယ်..။ငါတို့ထဲက တစ်ယောက်က ကျရှုံးလိမ့်မယ်..ဒါက ငါလည်းဖြစ်နိုင်တယ်..သူလည်း ဖြစ်နိုင်တယ်..။ဒါပေမဲ့ ဒါက အရေးမကြီးဘူး..”
သူ သက်ပြင်းချလိုက်ပြီး ဆန်နီကို ကြည့်လိုက်ပါတယ်..။
“ငါတို့ထဲက တစ်ယောက် သေသွားတာနဲ့..ချိန်းကြိုးက တစ်ခုတည်းပဲ ကျန်နေတော့မှာ..။အဲတာက မျှော်လင့်ချက်ကို အချိန်အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး..။ဒီတော့..ဆန်းလပ်စ် , ချစ်သူငယ်ချင်းလေ….”
နိုတစ် တစ်ခနလောက် တွေဝေနေခဲ့ပြီးမှ ပြုံးလိုက်ပါတယ်..။
“ငါသာ ရှုံးနိမ့်သွားရင်…မင်းအနေနဲ့ ငါ့ကို သတ်ပေးစေချင်တယ်..။ဒါက ငါ့ရဲ့ စိတ်ဆန္ဒပဲ..”
မှော်ဆရာက သူ့ကို ကြည့်နေခဲ့တယ်..။သူ့မျက်နှာပေါ်က အပြုံးကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ..။ယင်းနောက် သူ နူးညံ့စွာ ပြောလိုက်တယ်..။
“ဒါက ငါ မင်းကို ပြောခဲ့တဲ့ ကံတရားပဲ..။မင်းက ငါ့ရဲ့ သေဆုံးခြင်းပဲ..ဆန်းလပ်စ်..။မင်း မသိဘူးလား..”
ယင်းနောက် နိုတစ်က လည်ချောင်းကို ရှင်းလိုက်ပြီး ရှက်ရွံ့စွာနဲ့ အဝေးကို အကြည့်လွဲသွားခဲ့ပါတယ်..။
“အဲတာက ငါ ရှုံးရင်ပြောတာနော်..။ငါ..ငါ နိုင်သွားရင်လည်း..မှားပြီး မသတ်လိုက်နဲ့ဦး..။ဒါက အတော်လေးကို အဆင်မပြေဖြစ်စေလိမ့်မယ်..နည်းနည်းတော့ ရယ်စရာ ကောင်းတာပေါ့..”
ဆန်နီ သူ့ကို အချိန်အတော်ကြာအောင် ကြည့်နေပြီးကာမှ..ဆင်စွယ်ရောင် မြို့တော်ဘက်ကို မျက်နှာမူလိုက်တယ်..။
“ငါ သိပါတယ်…ဒါဆိုရင်တော့ မင်း အနိုင်ယူလိုက်တာ ပိုကောင်းလိမ့်မယ်..”
…..
ကောင်းကင်ထက်မှာ လမင်းကြီး ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့..အလင်းရောင်က ပိုပိုပြီး တောက်ပလာခဲ့ပါပြီ..။နိုတစ် နဲ့ တစ်ခြားအဖွဲ့သားတွေဟာ အတူတကွ စုစည်းပြီး နေလုံးကြီး မြင့်တင်လာတာကို စောင့်ကြည့်နေခဲ့ကြတယ်..။
သူတို့ငါးယောက်က အမှန်တကယ်ပဲ မဖြစ်နိုင်လောက်တဲ့ အရာတွေကို လုပ်ဆောင်နိုင်ခဲ့ကြတာပါ..။သူတို့က အထွတ်အထိပ်အဆင့် သူတော်စင် နှစ်ယောက်နဲ့ ရေတပ်တစ်ခုကို မှိန်ပြပြ လရောင်အောက်မှာ အနိုင်ယူနိုင်ခဲ့ကြတယ်..။
စစ်တပ်ကြီးက နောက်ပြန်ဆုတ်သွားခဲ့ပြီး..အင်မော်တယ်တွေကတော့ သေဆုံးသွားခဲ့ကြပါပြီ..။ပြီးတော့..သူတို့ငါးယောက်ကတော့ တစ်နည်းနည်းနဲ့ အသက်ရှင်သန် နေနိုင်ကြတုန်းပါပဲ..။
ဒါတောင်မှ ဘယ်သူကမှ ပျော်ရွှင် အားရနေကြခြင်း မရှိခဲ့ပေ..။
နေရောင်ခြည်တွေက ဓားတစ်ချောင်းလိုပဲ အထက်ကို တဖြည်းဖြည်း မြှင့်တက်လာနေခဲ့ပြီး..သူတို့ရဲ့ အသက်ကို နှုတ်ယူဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
မှော်ဆရာကတော့..မျက်လုံးတွေကို မှိတ်ထားရင်း မြက်ခင်းပေါ်မှာ ထိုင်နေခဲ့တယ်..။သူက ဆင်စွယ်ရောင် နဂါးနဲ့ တိုက်ပွဲအတွက် သူ့ရဲ့ ခွန်အားတွေကို ပြန်လည် စုစည်းနေခဲ့တာပါ..။သူ့ရဲ့ ဒဏ်ရာတွေကိုလည်း အတတ်နိုင်ဆုံး ပြန်ကောင်းမွန်အောင် ကြိုးစားနေခဲ့တယ်..။
အယ်ဖီကတော့ မြေပြင်ပေါ်မှာ ရုပ်ပျက်ဆင်းပျက် လဲလျောင်းနေခဲ့ပြီး လှုပ်ရှားဖို့အတွက်တောင် အတော်လေး ပင်ပန်းနေခဲ့တယ်..။ကတ်စီက သူမရဲ့ ဒဏ်ရာတွေကို ကုသပေးနေခဲ့ပါတယ်..။
ကိုင်ကတော့ သူ စုဆောင်းထားတဲ့ မြားတွေကို ပြန်လည် ရေတွက်နေခဲ့တယ်..။သူ့ရဲ့ မျက်နှာဖုံးက မရှိတော့တာကြောင့်..သူ့ရဲ့ မီးလောင်ဒဏ်ရာနဲ့ ပျက်ဆီးနေတဲ့ မျက်နှာကို မြင်တွေ့နေခဲ့ရပါတယ်..။
ဆန်နီကတော့ အဝေးမှာ ရပ်နေခဲ့ပြီး သူ့လက်ထဲက သေးငယ်တဲ့ ရုပ်ထုလေးတစ်ခုကို ကြည့်နေခဲ့တယ်..။ဒီအရာက ပါးလွှာတဲ့ ချိန်းကြိုးလေးတစ်ခု နဲ့ ချိတ်ဆက်ထားခဲ့တာပါ..။
ဒီရုပ်ထုက လှပတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အသွင်အပြင်ကို ထုလုပ်ထားခဲ့တာပါ..။သူမရဲ့ လက်တစ်ဖက်မှာ လှံရှည်တစ်ချောင်းကို ကိုင်ထားခဲ့ပြီး..တစ်ဖက်မှာတော့ လူသားတစ်ယောက်ရဲ့ နှလုံးသားကို ကိုင်ထားခဲ့တယ်..။သူရဲ့ တစ်ကိုယ်လုံး အလှတရားတွေကိုတော့ တိရစ္ဆာန် သားရေ တစ်ခုနဲ့သာ ဖုံးအုပ်ထားခဲ့ပြီး..သူ့မရဲ့ မျက်နှာကတော့ အရိပ်တွေထဲမှာ ပျောက်ဆုံးနေခဲ့ပါတယ်..။
ဒါကတော့ အိပ်မက်ဆိုးကို သူ ပထမဆုံးရောက်လာတုန်းက တွေ့ခဲ့ရတဲ့ စစ်ပွဲနတ်ဘုရား ရုပ်ထုနဲ့ တစ်ပုံစံတည်းပါပဲ..။သို့ပေမယ့် အသေးစိတ်အချက်အလက်လေး တစ်ခုကတော့ ကွဲလွဲနေခဲ့တယ်..။ဒါကတော့ ဒီရုပ်ထုရဲ့ ရင်ဘတ်မှာသွေးနီရောင်တစ်ချို့ စီးဆင်းနေခဲ့တာပါ..။ဒါက သူမကိုင်ဆောင်ထားတဲ့ နှလုံးသားက သူမကိုယ်တိုင်ရဲ့ နှလုံးသားဖြစ်နေတဲ့ အတိုင်းပါပဲ..။
သူမရဲ့ ပုံရိပ်က ထူးဆန်းစွာပဲ ရင်းနှီးနေခဲ့တယ်..။
ဒါက သူ ဆိုဗန်ကို သတ်ပြီး ရရှိလာခဲ့တဲ့ ဒုတိယမြောက် မှတ်သားမူ ပါ..။
အချက်အလက်တွေမှာတော့…
မှတ်သားမူ - ( သေဆုံးခြင်း ဆန္ဒ )
မှတ်သားမူ အဆင့် - ( အထွတ်အထိပ် )
မှတ်သားမူ သတ်မှတ်ချက် - ၁
မှတ်သားမူ အမျိုးအစား - အဆောင်
မှတ်သားမူ ဖော်ပြချက် - လွတ်မြောက်ရန် ဆန္ဒရှိနေသော မိန်းမပျိုလေးသည်..သေဆုံးခြင်းကသာ အမှန်တကယ် လွတ်မြောက်နိုင်ကြောင်း ရှာတွေ့ခဲ့သည်။သူမက ရိုးသးစွာဖြင့်ပင် သေဆုံးခြင်းကို ထိတွေ့ခဲ့၏။သို့ပေမယ့်..မိန်းမပျိုလေးမှာ သေဆုံးခြင်းကို ကိုယ်တိုင်ခံစားခြင်းမပြုပဲ..သူမကို ချုပ်နှောင်သူ များထံကိုသာ ပေးအပ်ခဲ့သည် )
မှတ်သားမူ တိုးမြှင့်ချက် - ( သေဆုံးမူ ဆန္ဒ )
တိုးမြှင့်ချက် ဖော်ပြမူ - ( ဒီမှတ်သားမူကို ကိုင်ဆောင်ထားသူ မြင်သည့်လူများသည်..စိတ်ပိုင်းဆိုင်ရာ တွန်းအားပေးခြင်းကို ခံကြရမည်ဖြစ်သည် ။မိတ်ဆွေများသည် စိတ်အားတက်ကြွ လာကြမည် ဖြစ်ပြီး..ရန်သူများကို သတ်ဖြတ်ချင်လာကြလိမ့်မည်။ရန်သူများကို များများသေဆုံးအောင် လုပ်နိုင်လေလေ မှတ်သားမူရဲ့ စွမ်းအား မြင့်မားလာလေလေဖြစ်သည်..။ဒီအရာက ကိုင်ဆောင်သူ၏ ဒဏ်ရာများကို ပြန်လည် ကုသပေးနိုင်စွမ်းရှိလာလိမ့်မည်)
သေဆုံးမူ လိုအပ်ချက် - ( ၀ / ၁၀၀၀ )
ဆန်နီ ခနလောက်တွေဝေနေခဲ့ပြီးကာမှ အဆောင်ကို သက်ပြင်းချကာ ပြန်သိမ်းလိုက်တယ်..။
သံသယဖြစ်စရာ မလိုလောက်အောင်ပဲ ဒီမှတ်သားမူက အတော်လေးကို အသုံးဝင်ပါလိမ့်မယ်..။အထူးသဖြင့် သူ့အသက်ကို ကယ်တင်ပေးနိုင်တဲ့ စွမ်းရည်တွေကြောင့်ပါ..။သို့ပေမယ့်..ဒီလို ကုသရေးအစွမ်းကို အသုံးပြုနိုင်ဖို့အတွက် ဆိုရင် ထောင်နဲ့ချီတဲ့ ရန်သူတွေကို အရင်သတ်ရလိမ့်မယ်လို့ သူ သံသယရှိပါတယ်..။
ဒီအရာက အတော်လေး အားကောင်းတဲ့ စွမ်းရည်ဖြစ်ပေမယ့် လောလောဆယ်တော့ အသုံးမဝင်သေးပါဘူး..။သူက ဒီအဆောင်ကို အသုံးပြုဖို့ အတွက်ဆိုရင် အချိန်အကြာကြီး တည်ဆောက်ရပါလိမ့်မယ်..။
အခုချိန်မှာတော့..သူ့ကို စိတ်ပူစေတဲ့ အရာက ရှိနေခဲ့တယ်..။
ဒါကတော့..သူက နိုတစ် ဒါမှမဟုတ် ဆင်စွယ်ရောင် အရှင်ကို ..အဆုံးသတ်ပေးရမယ့် တာဝန်ကို ယူထားခဲ့ရတာပါ..။
သူ့ရဲ့ အတွေးတွေကို ပြန်ဖြေပေးတဲ့ အလား..ဆင်စွယ်ရောင်မြို့တော်ဘက်ကနေ တစ်ခုခု လှုပ်ရှားသွားရင်း သူ့ အာရုံကို ဖမ်းစားသွားခဲ့တယ်..။
ပြီးတဲ့နောက်မှာတော့ ကမ္ဘာကြီးကို နှစ်ခြမ်းကွဲထွက်လုမတတ် အော်ဟစ်သံကြီးက ထွက်ပေါ်လာခဲ့ပါတယ်..။
..နဂါးက လာနေခဲ့ပါပြီ…။
အပိုင်း ( ၇၃၀ ) ပြီး၏။