နောက်ဆုံးအတားအဆီး
Vol. 49 Ch. 734
ကြီးမားလှတဲ့ ချောက်ကြီးတစ်ခုကြောင့် ဆင်စွယ်ရောင်ကျွန်းဟာ မြို့ရဲ့ တခြားအစိတ်အပိုင်းတွေနဲ့ သီးခြားဖြစ်နေခဲ့တယ်။ အရင်တုန်းကတော့ ဒီကျွန်းက မဖျက်ဆီးနိုင်တဲ့ ချိန်းကြိုးခုနစ်ချောင်းနဲ့ တခြားကျွန်းခုနစ်ခုကို ချိတ်ဆက်ထားခဲ့တာပါ။
အခုတော့ ချိန်းကြိုးနှစ်ခုသာ ကျန်ပါတော့တယ်။
ဒီကျွန်းဆီကို ဦးတည်ထားတဲ့ ခုံးကျော်တံတားတွေလည်း အတော်များများ ရှိခဲ့ဖူးပေမဲ့ အများစုကတော့ ပြိုကျပျက်စီးသွားခဲ့ပါပြီ။ အဖြူရောင်ကျောက်သားနဲ့ တည်ဆောက်ထားတဲ့ ခမ်းနားတဲ့ တံတားတစ်စင်းသာ အခုထိ မပျက်မစီးဘဲ ကျန်ရှိနေခဲ့တယ်..။
မျက်နှာမှာ အရေးအကြောင်းတွေနဲ့ ဆံပင်တွေဖြူနေတဲ့ အဖိုးအိုတစ်ယောက်ဟာ တံတားဆီကို သွားမယ့် လှေကားထစ်တွေပေါ်မှာ ထိုင်နေခဲ့တယ်.။သူက အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပါတယ်။ ဒါက မြို့သားအများစု ဝတ်ဆင်တဲ့ အဝတ်အစားတွေနဲ့ မတူဘဲ ဘုန်းတော်ကြီးတစ်ယောက်ရဲ့ ဝတ်စုံနဲ့တောင် တူနေခဲ့ပါသေးတယ်..။အဖိုးအိုမှာ အားနည်းတဲ့ ခန္ဓာကိုယ်နဲ့ ဖြူဖျော့တဲ့ အပြာရောင် မျက်လုံးတွေ ရှိနေခဲ့တယ်..။
အဖိုးအိုရဲ့ မျက်နှာကတော့ ထူးဆန်းစွာပဲ တည်ငြိမ်နေခဲ့ပါတယ်။ သူက မီးလောင်နေတဲ့ မြို့တော်ကြီးကို အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။ သူက သေမျိုးကမ္ဘာမှာ ဆယ်စုနှစ်ပေါင်းများစွား နေထိုင်ခဲ့ပြီးပြီ ဖြစ်တာကြောင့် ဒီအရာတွေကို မတုန်လှုပ်တော့တဲ့ အတိုင်းပါပဲ..။ကမ္ဘာကြီး တစ်ခုလုံး ပျက်စီးနေတာတောင်မှ အဖိုးအိုကတော့ တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိစွာ ရှိနေဆဲပါပဲ..။
အနားကို ရောက်လာတဲ့ နတ်ဆိုးကို သတိထားမိသွားတဲ့အခါမှာတော့ အဖိုးအိုက မောပန်းနွမ်းနယ်စွာနဲ့ လက်ကိုင်တုတ်ကို အားပြုလိုက်တယ်။
“အခု ရပ်လိုက်စမ်း.. သတ္တဝါစုတ်! ဒါက မြင့်မြတ်တဲ့ နယ်မြေပဲ.. ။မင်းကို ရှေ့ဆက်သွားခွင့် မပေးနိုင်ဘူး..”
ဆန်နီဟာ သူစိမ်းနဲ့ မီတာအနည်းငယ် အကွာမှာ ရပ်လိုက်ပြီး ခနလောက် အကဲခတ်နေခဲ့ပါတယ်..။ ယင်းနောက် သူ သက်ပြင်းချလိုက်ပြီး တည်ငြိမ်တဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်။
“မင်းက ဘာလို့ ဟန်ဆောင်နေတာလဲ..။ရပ်လိုက်တော့ မော်ဒရက်..”
အဖိုးအိုက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီးကာမှ ရုတ်တရက် ပြုံးလိုက်တယ်။ သူ့ရဲ့ တည်ရှိမှု တစ်ခုလုံးက ချက်ချင်းပြောင်းလဲသွားပြီး ပိုမို သွက်လက်ကာ အထိန်းအကွပ်မဲ့တဲ့ ပုံစံ ဖြစ်သွားခဲ့ပါတယ်။ သူက ခြောက်ကပ်စွာ ရယ်မောလိုက်ပြီး ခေါင်းခါလိုက်တယ်..။
“အာ.. နှမြောစရာပဲ။မင်းက ဘယ်လိုဖြစ်ပြီး သိသွားတာလဲ..”
ဆန်နီက ပခုံးတွန့်ပြလိုက်ပြီး..
“မင်းက တစ်ချိန်မဟုတ် တစ်ချိန် ပေါ်လာမယ်ဆိုတာ ငါ သိထားပြီးသားပဲ။ ပြီးတော့ အချိန်ကလည်း သိပ်မကျန်တော့ဘူး မလား..”
အိုမင်းနေတဲ့ ခန္ဓာကိုယ်ထဲမှာ ဝင်ရောက်နေတဲ့ မော်ဒရက်က ပြုံးလိုက်တယ်။
“အမှန်ပဲ..သိပ်မှန်တယ်..။ကျေးဇူးအများကြီးတင်ပါတယ် ဆန်းလပ်စ်..။မင်းက ငါ့ရဲ့ တောင်းဆိုမူအတိုင်း နိုတစ်ကို သေချာ စောင့်ရှောက်ပေးထားတာပဲ..။အမှန်တော့…”
သူ့မျက်နှာက အနည်းငယ် နက်မှောင်သွားခဲ့တယ်..။
“..မင်းက တာဝန်ကျေတာထက်တောင် ပိုနေသေးတယ်လို့ ငါ ပြောရလိမ့်မယ်။ညဉ့်အချိန် နတ်ဆရာမရဲ့ အကူအညီ မရပဲနဲ့တောင် ဆည်းဆာချိန်သားရဲက အနိုင်ရသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..။ဒါက.. အာ.. မြောက်ဘက်မှာ ငါ ကြိုးစားခဲ့တာတွေက နည်းနည်း ရယ်စရာကောင်းနေသလို ခံစားနေရတယ်..”
အဖိုးအိုက သက်ပြင်းချလိုက်ပြီးမှ ပြန်ပြုံးလိုက်တယ်။
“ကောင်းပြီလေ..ဘာပဲဖြစ်ဖြစ်ပါ..။ဒါတွေက ပြန်ပြင်လို့ ရပါသေးတယ်..။ဒါပေမဲ့..ဒါ လေးလေးနက်နက် ပြောစရာရှိတယ်..။ဒါကို ပြောရမှာတော့ စိတ်မကောင်းပါဘူး..။ဒါပေမဲ့..မင်း ထပ်ပြီးသွားလို့ မရတော့ဘူး ဆန်းလပ်စ်..”
ဆန်နီက မော်ဒရက်ကို နက်မှောင်တဲ့ အကြည့်တွေနဲ့ စိုက်ကြည့်လိုက်တယ်။
“အိုး.. ဟုတ်လား? ငါ့ရဲ့ ဓား မရှိပဲနဲ့ အဲ့ဒီ သောက်ကျိုးနဲ နဂါးကို မင်း ဘယ်လို သတ်မှာလဲ? ငါ ချားလစ် ဘုရားကျောင်း ကို သွားခဲ့တာ မင်း သိမှာပါ..”
အဖိုးအိုက သူ့ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်တယ်။
“အိုး ..ငါ သိတာပေါ့..။ဒါက တကယ်ကို အံ့ဩလောက်စရာပဲ..။ဒါပေမဲ့ ဆန်းလပ်စ်..မင်းသိတဲ့အတိုင်းပဲ..အဲတာကြောင့်ပဲ..ငါက မင်း ဒီတံတားကနေ ဖြတ်သွားမှာကို ခွင့်မပြုတာလေ..”
ဆန်နီ မျက်မှောင်ကြုတ်လိုက်တယ်။
‘မင်း ဘာကို ဆိုလိုတာလဲ? ဘာလို့လဲ?”
မော်ဒရက်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။
“အင်း.. ဘာလို့လဲဆိုတော့ ငါက ဆေးဗားရက်ကို အသက်ရှင်စေချင်လို့ပေါ့။သူ့ကို သတ်လိုက်ရင် ငါ လပေါင်းများစွာ ကြိုုးစားအားထုတ်ခဲ့ရတာတွေက အလကား ဖြစ်သွားလိမ့်မယ်။ ဒီလို အားနည်းတဲ့ ခန္ဓာကိုယ်ထဲမှာ အချိန်ကြာအောင် နေခဲ့ရတာက ပျော်စရာကောင်းနေတာ မဟုတ်ဘူးလေ.. ။ဒါပေမဲ့ ဆင်စွယ်ရောင်အရှင်သခင်က လူအနည်းငယ်လောက်ကိုပဲ သူ့အနားမှာ နေခွင့်ပေးထားတာ..။ဒီတော့ ဒီ ဘုန်းကြီးက အကောင်းဆုံး ရွေးချယ်မှုပဲ..”
ဆန်နီ အံကြိတ်လိုက်ပြီး စိတ်ပျက်စွာ ပြောလိုက်တယ်။
“နိုတစ်ကို အသက်ရှင်အောင်ထားမယ်..ဆေးဗားရက်ကို အသက်ရှင်အောင်ထားမယ်…ချီးပဲ..။မင်းက ဘယ်လို ငရဲမျိုးကို လုပ်ဖို့ကြိုးစားနေတာလဲ မော်ဒရက်..။မင်းက မျှော်လင့်ချက်ကို လွှတ်ပေးဖို့ ကြိုးစားနေတာ မဟုတ်တာတော့..သေချာတယ်..။အိပ်မက်ဆိုးကို အဆုံးသတ်ဖို့ ဘာတွေလုပ်နိုင်သေးလို့လဲ.။မင်းက ဘာကို လိုချင်နေတာလဲ..။
လူအိုကြီးက အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။သူ့ မျက်နှာပေါ်တော့ စိတ်ရှုပ်ထွေးမူတွေ ရှိနေခဲ့ပါတယ်..။
“မျှော်လင့်ချက်ကို လွှတ်ပေးရမှာလား..”
သူ ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြုံးရင်း ခေါင်းခါလိုက်တယ်..။
“ဒါပေါ့..ငါက မျှော်လင့်ခြင်း နတ်ဘုရားမကို လွှတ်ပေးဖို့ ဒီကို ရောက်နေတာ မဟုတ်ဘူးလေ..။ဒါက ငါ မျိုးစေ့ထဲကို ဝင်ရောက်လာခဲ့ရတဲ့ ရည်ရွယ်ချက်မှ မဟုတ်တာ..”
သူ့ အပြုံးက အနည်းငယ် ဝေဝါးသွားခဲ့ပြီး..သူ့မျက်လုံးထဲမှာ..ကြောက်မက်ဖွယ် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့တယ်..။
“ငါက သူမကို သတ်ဖို့ ဒီလို လာခဲ့တာ..”
……
အဲ့ဒီစကားတွေက တိတ်ဆိတ်မှုထဲမှာ ပဲ့တင်ထပ်သွားတဲ့အချိန်မှာတော့ ဆန်နီက အားနည်းတဲ့ အဖိုးအိုကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေမိတယ်။ အဲ့ဒီနောက်မှာတော့ သူ ခေါင်းကို မော့ပြီးရယ်မော ပါတော့တယ်..။
“သူမကို သတ်မယ်.. မျှော်လင့်ချက် ကို သတ်မယ်ပေါ့..။မင်း အသိစိတ်လွတ်သွားတာလား မော်ဒရက်”
စွန့်ပစ်ခံရတဲ့ မင်းသားက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီးမှ တည်ငြိမ်တဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။
“လုံးဝ လွတ်သွားတာတော့ မဟုတ်ပါဘူး..”
ဆန်နီ လက်သီးကို ဆုပ်လိုက်ပြီး ဒေါသတကြီးနဲ့ ခေါင်းခါလိုက်ပါတယ်။
“သူမက ဒဲလ်မွန် တစ်ပါးပဲ သောက်ရူး..။နတ်ဘုရား အဆင့်ပဲ..။နတ်ဘုရား တစ်ပါး..။မင်းလို ဘာမဟုတ်တဲ့ နိုးထသူ တစ်ယောက်က သူမကို သတ်မယ်ပေါ့..။မင်းက မျှော်လင့်ချက်ကို ခြစ်ရာလေး ထင်အောင်တောင် လုပ်နိုင်မယ် ထင်လို့လား..”
မော်ဒရက်က ပခုံးတွန့်လိုက်ပြီး ရင်းနှီးတဲ့ အပြုံးနဲ့ သူ့ကို ကြည့်နေခဲ့တယ်..။
“ဘာလို့လဲ.. မင်းက နတ်ဘုရားတစ်ပါးကို သတ်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူးလား..”
ဆန်နီ မျက်လုံးပြူးပြီး သူ့ကို စိုက်ကြည့်နေမိတယ်..။
“ငါက ကိုယ့်ကိုကို အထင်ကြီးတတ်ပေမဲ့ စိတ်ကူးယဉ်ပြီး ရူးနေတဲ့သူ မဟုတ်ဘူး။ငါ့ရဲ့ အကန့်အသတ်ကို ငါ သိတယ် မော်ဒရက်.. မင်းကရော..”
အဖိုးအိုက သက်ပြင်းချလိုက်တယ်။
“နတ်ဘုရားတစ်ပါးကို သတ်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး။ သူတို့အားလုံး သေပြီးကြပြီ မဟုတ်ဘူးလား။ ဒါပေမဲ့ မင်း စိုးရိမ်တာကို ငါ နားလည်ပါတယ်။ငါလည်း မျှော်လင်ချက်နဲ့ ထိပ်တိုက် ရင်ဆိုင်ပြီး တိုက်ခိုက်ချင်တာ မဟုတ်ဘူး..”
သူ ခနလောက် တွေဝေနေပြီးကာမှ ထပ်ပြောလိုက်တယ်..။
“ဒါပေမဲ့ သူမက အခုချိန်မှာ တိုက်ခိုက်နိုင်တဲ့ အခြေအနေမှာ မရှိဘူးလေ..ဟုတ်တယ်မလား.။သူမက အကျဉ်းချခံထားရပြီး စွမ်းအားအများစုလည်း ကုန်ခမ်းနေပြီ..။နှစ်ပေါင်း ထောင်နဲ့ချီကြာအောင် အကျဉ်းချခံထားရတာနော်..မင်းလည်း မြင်နေတာပဲ..။ငါကတော့ မင်း သူမရဲ့ ချိန်းကြိုးတွေကို ထပ်ပြီး ဖျက်ဆီးမှာကို ခွင့်မပြုနိုင်တော့ဘူး..။မင်း လုပ်ရမယ့် အပိုင်းက ပြီးသွားပြီ ဆန်းလပ်စ်..။ကျန်တာကို ငါနဲ့ပဲ လွှတ်ထားလိုက်တော့..။ငါတို့နှစ်ယောက်စလုံး အတွက် အိပ်မက်ဆိုးကို ငါကိုယ်တိုင် အဆုံးသတ်ပေးမယ်..။ကောင်းပြီလေ..ဒါပေါ့..ဆုလာဒ်တွေကို ရိတ်သိမ်းကြတာပေါ့…”
ဆန်နီဟာ အစွယ်တွေ ပေါ်လာတဲ့အထိ ပြုံးလိုက်တယ်..။
“သူမက နေနတ်ဘုရား သူမကို အကျဉ်းချစဉ်တုန်းကလောက် အစွမ်းမထက်တော့ဘူး ဆိုရင်တောင်..နတ်ဘုရား အဆင့်မှာ ရှိနေသေးတဲ့ လူတစ်ယောက်ပဲ..။မင်းရဲ့ စွမ်းအားလောက်နဲ့ ဆိုရင် သူမကို ဒဏ်ရာရအောင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး..။သတ်ဖို့ ဆိုတာကတော့ ပြောမနေနဲ့တော့..။မင်းက အရူးပဲ..။မင်းက မျှော်လင့်ချက်ရဲ့ အဆိပ်တွေ သက်ရောက်ခံနေရတာပဲဖြစ်ရမယ်..”
မော်ဒရက်က ပြုံးလိုက်တယ်။
“အာ.. မင်း ပြောတာ မှန်တယ်။ သူမကို သတ်ဖို့ ငါ့စွမ်းအားနဲ့တင် လုံလောက်မှာ မဟုတ်ဘူး..။ဒါကြောင့်ပဲ ဆင်စွယ်ရောင် အရှင်ရဲ့ စိတ်ထဲကို အသုံးဝင်မယ့် အတွေးတစ်ချို့ ထည့်ပေးဖို့ ငါ လပေါင်းများစွာ အချိန်ယူခဲ့ရတာ..။ဒါပေမဲ့ သူ့ကို နည်းနည်း တွန်းအားပေးဖို့ အတွက် နိုတစ် က သူ့ ညီကို သတ်ပြီး သူ့မြို့ကို ဖျက်ဆီးပေးဖို့ လိုအပ်တယ်လေ..။မင်းက ငါ့ကို ကောင်းကောင်း ကူညီပေးခဲ့တာပဲ ဆန်းလပ်စ်..”
အဖိုးအိုရဲ့ မျက်လုံးထဲမှာ အန္တရာယ်ရှိတဲ့ အလင်းတန်းတစ်ခု ပေါ်လာခဲ့တယ်။
“အခုဆိုရင် ဆေးဗားရက် မှာ ဘာမှ မကျန်တော့ဘူး..။သူက သူ့ရဲ့ အဆုံးမရှိတဲ့ ဒေါသတွေကို မျှော်လင့်ချက် ဆီကို ပုံချလိမ့်မယ်။ အဲ့ဒါက ငါ့အတွက် အခွင့်အရေးပဲ။ဒီတော့ ဆန်းလပ်စ်.. ငါ မင်းကို အကြံပေးချင်တာကတော့ နောက်ဆုတ်နေဖို့ပဲ။ မင်းရဲ့ အကန့်အသတ်ကို မင်း တကယ် သိတယ်ဆိုရင် ငါ့ကို တားဆီးဖို့ မကြိုးစားနဲ့..”
ဆန်နီက မော်ဒရက်ကို ခနလောက် စိုက်ကြည့်နေခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေကတော့ ပိုပြီး နက်မှောင်လာခဲ့ပါတယ်။ သူတို့ နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုက စိုးမိုးသွားခဲ့တယ်..။
ယင်းနောက်မှာတော့ နတ်ဆိုးရဲ့ လက် ဝန်းကျင်မှာ အလင်းစက်တွေ ထွက်ပေါ်လာခဲ့ပါတယ်..။
လူအိုကြီး ရဲ့ အကြည့်တွေကတော့ ထက်ရှပြီး အေးစက်နေခဲ့တယ်..။
သူက ဆန်နီ လက်နက်ကို ထုတ်ယူတာလား ဆိုတာကို စောင့်ကြည့်နေခဲ့တာပါ..။
သို့ပေမယ့် ဆန်နီက လက်နက်တစ်ခုကို ထုတ်ယူခဲ့တာ မဟုတ်ပေ..။
အဲဒီအစား..လက်ရာမြောက်တဲ့ ထိုင်ခုံတစ်လုံးက သူ့လက်ထဲမှာ ထွက်ပေါ်လာခဲ့တယ်..။
မော်ဒရက် ရဲ့ အကြည့်အောက်မှာပဲ..ဆန်နီက ထိုင်ခုံကို မြေကြီးပေါ် ချပြီး..ထိုင်ချလိုက်ကာ..လက်ပိုက်ထားခဲ့ပါတယ်..။
“ကောင်းပြီလေ..ဒါဆိုလည်း သွားကြည့်ပေါ့..။မင်းက ဘာကို စောင့်နေသေးတာလဲ..။မင်းကံကောင်းပါစေ..”
အပိုင်း ( ၇၃၄ ) ပြီး၏။