အကြွေးများ ဖြေရှင်းခြင်း
Vol. 49 Ch. 735
ဆန်နီဟာ ကောင်းမွန်လှတဲ့ သစ်သားထိုင်ခံပေါ်မှာ သက်သောင့်သက်သာ ထိုင်နေခဲ့တယ်..။သူက မော်ဒရက်ကို စိုက်ကြည့်နေရင်း လက်တွေကို ပိုက်ထားခဲ့ပါတယ်..။သူ့ခန္တာကိုယ်နဲ့ ယှဉ်လိုက်ရင် ထိုင်ခုံက အနည်းငယ် သေးနေခဲ့တယ် ဆိုပေမယ့်လည်း..ပြုလုပ်ထားတဲ့ သတ္တုအရေအသွေးက အတော်လေး ကောင်းမွန်တာကြောင့်..သူ့ရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိနေခဲ့ပါတယ်..။
နိုတစ်က..လက်မူအတတ်ပညာမှာ အလေးကို ကျွမ်းကျင်လှတာပါ..။
အဲ့အချိန်မှာတော့..လူအိုကြီးဟာ အနည်းငယ်လှုပ်သွားခဲ့ပြီး သူ့မျက်နှာပေါ်မှာ အံ့ဩသင့်တဲ့ အရိပ်အယောင်တစ်ချို့ ပေါ်လာခဲ့တယ်..။
သူတို့ရဲ့ ပတ်ဝန်းကျင်မှာတော့ ဆင်စွယ်ရောင် မြို့တော်တစ်ခုလုံးက မီးတွေနဲ့ လောင်ကျွမ်းနေခဲ့ပါပြီ..။
အချိန်အတော်ကြာပြီးတဲ့နောက်မှာတော့..မော်ဒရက်က..ကျေနပ်တဲ့ အမူအရာနဲ့ ပြောလာခဲ့ပါတယ်..။
“…အရိုးသားဆုံးပြောရရင်..မင်းက ငါ့ကို တိုက်ခိုက်မယ်လို့ ထင်ထားခဲ့တာ..”
ဆန်နီ ပြန်ပြောလိုက်တယ်..။
“ငါက ဘာလို့ အလုပ်ရှုပ်ခံပြီး တိုက်ခိုက်နေရဦးမှာလဲ..။မင်းက ကိုယ့်ကိုကို သတ်သေဖို့ ပြင်ဆင်နေတဲ့ လူတစ်ယောက်လေ..။ငါက..မျှော်လင့်ချက် မင်းကို သတ်တာကို ထိုင်ကြည့်နေပြီး..ငါ့ရဲ့ အစောပိုင်း အစီအစဉ်တွေ အတိုင်း ဆက်လုပ်ရုံပဲ..”
သူ ခနလောက် တွေးပြီးကာမှ ထပ်ပြောလိုက်တယ်..။
“ထပ်ပြောရရင်..မင်းအနေနဲ့ ဒီလိုမဖြစ်နိုင်လောက်တဲ့ အခြေအနေကနေ အောင်မြင်သွားတယ် ဆိုရင်တောင် ငါ့အတွက် ဆုံးရှုံးစရာ ဘာမှမရှိဘူး..။ငါက မာစတာတစ်ယောက် ဖြစ်လာဦးမှာပဲ..။သေချာတာကတော့..ရလာဒ်အနေနဲ့ ကြီးမြတ်တဲ့ ဗာလာကလန်က ဆုံးရှုံးမူတွေကို ခံစားရလိမ့်မယ်..။ဒါပေမဲ့ ဘယ်သူက ဂရုစိုက်နေမှာလဲ..။ငါက သူတို့နဲ့ ဘာ ဆက်ဆံရေးမှ ရှိတာ မဟုတ်တာ..”
လူအိုကြီးဟာ..သူ့ကို သဘောကျတဲ့ အပြုံးနဲ့ ကြည့်နေခဲ့တယ်..။
“မင်းမှာ ရှိနေတဲ့ အဲဒီ လေး ကတော့..တစ်ခြားတစ်မျိုး ပြောနေတယ်နော်..”
ဆန်နီ ရယ်မောလိုက်တယ်..။
“ငါ့ရဲ့ လေး လား..။မင်း အဲတာကို ကြိုက်လို့လား..။ကောင်းပြီ..ငါကတော့ အရမ်းကြိုက်တယ်..။ဘယ်လောက် လှပလိုက်လဲ..မင်းရဲ့ မိသားစုက မှတ်သားမူတွေကို ဘယ်လို ပြုုလုပ်ရမလဲ ဆိုတာကို တကယ်သိတာပဲ..။ဒါပေမဲ့..ငါက ဒီ လေး ကို..ဗာလာကလန် အတွက် အမူထမ်းလို့ ဒါမှမဟုတ် မင်းရဲ့ အဖေနဲ့ ရင်းနှီးလို့ ရခဲ့တာလို့ ထင်နေရင်တော့ မင်းမှားနေပြီ..။အမှန်တော့..ငါ့မှာ ဒီလေးရှိတာတောင် သူတို့က သိကြတာ မဟုတ်ဘူး..။အာ..မသိတဲ့ အတိုင်းလေး ဆက်ရှိနေတာကပဲ..ကောင်းပါတယ်..”
မော်ဒရက်က အနည်းငယ် စိတ်ဝင်စားသွားခဲ့ပြီး..
“စိတ်မပူပါနဲ့ ဆန်းလပ်စ်.. မင်းရဲ့ လျို့ဝှက်ချက်ကို ငါ ဘယ်သူ့ကိုမှ မပြောပါဘူး..။တကယ်တော့ မင်းရဲ့ လျိုဝှက်ချက်တွေ အကုန်လုံးကိုပေါ့..။ဒါပေမဲ့ မင်းလို သံသယစိတ်များတတ်တဲ့ လူက ငါ့ကို ဘယ်နည်းနဲ့မဆို နှုတ်ပိတ်ဖို့ ကြိုးစားလိမ့်မယ်လို့ ငါက ထင်ထားခဲ့တာ..။ငါ အိပ်မက်ဆိုးကနေ အပြင်ကို ရောက်သွားတဲ့ အချိန်မှာ ဒီလျို့ဝှက်ချက်တွေကို ဖြန့်လိုက်မှာကို မကြောက်ဘူးလား..”
ဆန်နီ ပျင်းရိစွာ ပြုံးလိုက်ပြီ..ပုခုံးတွန့်လိုက်တယ်..။
“ မကြောက်ပါဘူး..”
သူ သက်ပြင်းချလိုက်ပြီးကာမှ..လေးနက်တဲ့ လေသံနဲ့ ထပ်ပြောလာခဲ့ပါတယ်..။
“မင်းက ငါ့အကြောင်းတွေ အများကြီး သိနေတာက ငါ့ကို နာကျင်စေပေမယ့်..မင်းနဲ့ငါက တူညီတာတွေ များတယ်လေ..။တကယ်စွမ်းအားရဲ့ အရင်းအမြစ်က အသိပညာဆိုတာကို မင်းရော ၊ ငါရော ယုံကြည်ထားကြတယ်..ဟုတ်တယ်မလား..။ဒီတော့..ငါ့ရဲ့ လျို့ဝှက်ချက်တွေကို သူများတွေကို ပြောလိုက်တာက မင်းရဲ့ စွမ်းအားတွေကို တစ်ခြားလူတွေကို ပေးလိုက်တာနဲ့ တူနေတယ်မလား..။မင်းတစ်ယောက်တည်း အသားစီး ရယူနိုင်တဲ့ အရာကို ဘာအတွက်ကြောင့်များ တစ်ခြားလူတွေကို ခွဲဝေပေးနေဦးမှာလဲ..”
ဆန်နီ ရဲ့ အမူအရာက အနည်းငယ် ခက်ထန်လာခဲ့တယ်..။
“ဒါပေါ့..အဲဒီ အသားစီးရထားတဲ့ အခွင့်အရေးကို ဖျက်ဆီးပစ်ဖို့အတွက် ငါ မင်းကို သတ်ချင်တာပေါ့..။ဒါပေမဲ့..မင်းကို ဖျက်ဆီးပစ်လို့ ရလာမယ့် အကျိုးအမြတ်က..မင်းကို တိုက်ခိုက်တဲ့အချိန် စွန့်စားရမှာနဲ့ မတန်ဘူးလေ..။မင်းက တကယ်ကို ကြောက်စရာကောင်းတဲ့ ခွေးသားပဲ..သိရဲ့လား..။ထပ်ပြောရရင်..မင်းကို ဘယ်လိုသတ်ရမလဲ ဆိုတာကိုတောင် ငါမသိဘူး..။ဒီတော့ ဘာများ ထူးခြားမှာ မို့လို့လဲ..”
သူက လိမ်ညာပြောနေတာ မဟုတ်ပါဘူး..။ဆန်နီက အိပ်မက်ဆိုးထဲမှာ ထင်မှတ်မထားလောက်အောင် အစွမ်းထက်လာခဲ့တယ် ဆိုပေမယ့်..မော်ုရက်က သူ့ထက် အသက်ပိုကြီးသလို..အတွေ့အကြုံတွေကလည်း အတော်လေး များပြားလွန်းလှပါတယ်..။ပြီးတော့ သူတို့ရဲ့ နောက်ခံချင်းကလည်း မတူညီကြပါဘူး..။
တကယ်လို့ ဆန်နီ ခန့်မှန်းတာသာ မှန်ကန်မယ်ဆိုရင်..ဂုဏ်ဒြပ်မရှိတဲ့ မင်းသားက..စစ်ပွဲနတ်ဘုရား ရဲ့ အမွေအနှစ်ကို ဆက်ခံထားခဲ့တာပါ..။ပြီးတော့..သူက ကြီးမြတ်တဲ့ ဗာလာကလန် နဲ့ အက်စတာရီယွန်တို့ရဲ့ ပျိုးထောင်ခြင်းကို လည်း ခံခဲ့ရပါသေးတယ်..။သူက အုပ်စိုးသူ နှစ်ယောက်ရဲ့ ပျိုးထောင်ခြင်းကို ခံခဲ့ရတဲ့ မွန်းစတား တစ်ကောင်ပါပဲ..။
အုပ်စိုးသူ နှစ်ယောက်စလုံးထက်တောင် ပိုပြီး တောက်ပလာနိုင်တဲ့ မွန်းစတားတစ်ကောင်..။
ဆန်နီလို မြို့ပြင်မှာ နေထိုင်ရတဲ့ ကြွက်တစ်ကောင်က..ဒီလိုပျိုးထောင်ခံခဲ့ရတဲ့ လူကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ..
သူ မယှဉ်နိုင်ပါဘူး..။
အခုချိန်ထိပေါ့..။အနည်းဆုံးတော့..သူက ထိပ်တိုက်ရင်ဆိုင်နိုင်မှာ မဟုတ်ပေ..။
ဒါပေမဲ့..ဉာဏ်ပညာချင်း ယှဉ်ပြိုင်မယ် ဆိုရင်ရော..
သူတို့ထဲမှာ ဘယ်သူက ပိုပြီး ကောက်ကျစ်စဉ်းလဲနိုင်မလဲ ဆိုတာ ဘယ်သူ ပြောနိုင်မှာလဲ..။
ဆန်နီ ပြုံးပြီး စိုက်ကြည့်နေတုန်းမှာတော့..မော်ဒရက်ဟာ အချိန်ခနကြာအောင် ငြိမ်သက်နေခဲ့ပါတယ်..။ယင်းနောက် ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်တယ်..။
“တကယ်ကို ထူးခြားတဲ့ ထိန်းချုပ်နိုင်စွမ်းပဲ..။မင်းငါ့ကို မတိုက်ခိုက်တော့ဘူး ဆိုတာ သေချာရဲ့လား ..ဆန်းလပ်စ်..”
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
“ငါ တကယ် မတိုက်ခိုက်ချင်ဘူး..”
လူအိုကြီးဟာ သူ့ကို ကြည့်နေခဲ့ပြီးမှ..မသေချာစွာပဲ ပြန်ပြောလိုက်တယ်..။
“ကောင်းပြီလေ…အဲတာဆို ငါ သွားတော့မှာနော်..”
သူ ခနလောက် တွေဝေနေပြီးကာမှ..တစ်ဖက်ကို လှည့်သွားခဲ့ပြီး ခြေတစ်လှမ်း လှမ်းလိုက်ပါတယ်..။
ဆန်နီ လည်ချောင်းရှင်းလိုက်ပြီး..
“ဒါပေမဲ့ ပြသနာတစ်ခု ရှိနေသေးတယ်..”
မော်ဒရက် ရပ်တန့်သွားခဲ့ပြီး..သူ့ဘက်ကို ပြန်လှည့်လာခဲ့တယ်..။သူ့ မျက်နှာပေါ်မှာတော့ ကျေနပ်တဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါတယ်..။
သူ့ မျက်လုံးတွေကတော့ အန္တရာယ်ရှိလောက်အောင် တောက်ပနေခဲ့ပြီး..
“အိုး…”
ဆန်နီ သက်ပြင်းချလိုက်ကာ..
“ငါ မင်းကို မတိုက်ခိုက်ချင်သလို…အိပ်မက်ဆိုးကို အဆုံးသတ်နိုင်ပါစေလို့လည်း..ဆုတောင်း ပေးချင်ပါတယ်..။ဒါပေမဲ့ ငါက တကယ်..တကယ်ကို ရန်ငြိုးထားတတ်တဲ့ လူတစ်ယောက်ပဲ..။ပြီးတော့ ငါ့ မှတ်ဉာဏ်ကလည်း အရမ်းကောင်းနေတယ်..။ငါက ငါ့အပေါ်ကိုအကြွေးတင်နေတဲ့ အရာတွေကိုဆိုရင် မှတ်ထားတတ်တယ်လေ..”
သူ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လက်ချောင်းတွေကို စတင် ရေတွက်ပါတော့တယ်..။
“မင်းက ငါ့ကို အသုံးချခဲ့တယ်..၊ ငါ့ကို ထောင်ချောက်ဆင်ပြီး ဗာလာကလန် နဲ့ ပြသနာဖြစ်အောင် လုပ်ခဲ့တယ်..၊ ငါ့နဲ့ ငါ့သူငယ်ချင်းကိုလည်း ရက်သတ္တပတ်တွေကြာအောင် ခံစားရအောင် လုပ်ခဲ့တယ် ။ဒါက ငါ့တို့ အသက်ကိုတောင် နုတ်ယူလုနီးပါးပဲ..။ပြီးတော့..မင်းက ငါ့ကိုတောင် ကိုယ်တိုင် သတ်ဖို့ ကြိုးစားခဲ့သေးတယ်..။မင်းက ငါ့ကို..တကယ်..တကယ်ကို အကြွေးတင်နေတာပဲ မော်ဒရက်..။အဲလို မထင်ဘူးလား..”
လူအိုကြီးက ပြုံးလိုက်ပြီး..
“အာ..မင်းက ငါ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး နည်းနည်း စိတ်မကောင်းဖြစ်နေတာကို ငါသိပါပြီ..။ကောင်းပြီလေ..မင်းအပေါ်မှာ တင်နေတဲ့ အကြွေးကို ငါ ဘယ်လိုဖြေရှင်းပေးရင် အဆင်ပြေနိုင်မလဲ ဆန်းလပ်စ်..”
ဆန်နီဟာ..သက်သောင့်သက်သာ အနေအထားနဲ့ပဲ ပြုံးပြလိုက်ပါတယ်..။ယင်းနောက် ပျော်ရွှင်သွားတဲ့ အမူအရာနဲ့ ပြောလာခဲ့တယ်..။
“..ငါ အထွတ်အထိပ် မှတ်သားမူတွေဆိုရင် လက်ခံတယ်..။ခြောက်ခု ..ခုနှစ်ခုလောက်ဆို မဆိုးဘူး..”
မော်ဒရက် သူ့ကို တစ်ခနလောက် ကြည့်နေပြီးကာမှ ရယ်မောလိုက်တယ်..။
“ငါ သိပြီ..။စိတ်မကောင်းစရာက..အဲတာက ငါ့အတွက် အဆင်ပြေနိုင်မှာ မဟုတ်ဘူး..။မင်းတောင်းဆိုချင်တဲ့ တစ်ခြားတစ်ခုခု ရှိနေသေးလား..”
ဆန်နီ သူ့ကို နောင်တရစွာ ကြည့်လိုက်ပြီး..
“ကောင်းပြီလေ..ဒီလိုဆိုတော့လည်း နောက်တစ်ခုတော့ ရှိတယ်..။ငါ ဒီတိုင်း..မင်းမျှော်လင့်ချက်ကို သတ်မှာကို တားဆီးပြီး..နှစ်ရှည်လများ စီစဉ်ထားခဲ့တဲ့ မင်းရဲ့ အကြံအစည်ကို ဖျက်စီးလိုက်မယ်..။မင်းကို ရက်ပေါင်းများစွာကြာအောင် နိုပ်စက်မယ်..ပြီးတော့ မင်းရဲ့ ခန္တာကိုယ်ကို ဖြည်းဖြည်းချင်း ဖျက်ဆီးလိုက်မယ်..။ဒါဆို ငါတို့ရဲ့ အကြွေးတွေ ကျေသွားလိမ့်မယ်လို့ ထင်တာပဲ..”
မော်ဒရက် သူ့ကို သုန်မုန်တဲ့ အမူအရာနဲ့ ကြည့်လာခဲ့ပါတယ်..။
“…မင်းက လိမ်ညာလို့ မရဘူးလို့ ငါက ထင်ထားခဲ့တာ..။မင်းငါ့ကို မတိုက်ခိုက်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား…”
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
“ငါမင်းကို မတိုက်ခိုက်ချင်ဘူးလို့ပဲ ပြောခဲ့တာပါ..။မတိုက်ခိုက်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး..”
လူအိုကြီးက သက်ပြင်းချလိုက်တယ်..။
“အင်း..ငါ သတိထားမိပါတယ်..။စိတ်မကောင်းစရာပဲ..။ငါက.. ဖြစ်နိုင်ရင်..ဒါကို ရှောင်ရှားချင်ခဲ့တာ..”
ဒီလိုပြောပြီးတာနဲ့ ဆန်နီ ပတ်ဝန်းကျင်က အရိပ်တွေက ရုတ်တရက် လှုပ်ရှားသွားခဲ့ပါတယ်..။
ခနအကြာမှာတော့..ပုံစံတူ လက်လေးဖက် နတ်ဆိုးတွေက အရိပ်ထဲကနေ ထွက်လာခဲ့ကြတယ်..။သူတို့တစ်ယောက်ချင်းစီက အနည်းဆုံး လက်လေးချောင်းစီ ရှိကြပါတယ်..။သူတို့က ကြောက်မက်ဖွယ် မဟူရာ အကာအကွယ်တွေကို ဝတ်ဆင်ထားကြပြီး..သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ အမှောင်ထုတွေ ဖုံးလွှမ်းနေခဲ့တယ်..။
တစ်ကောင်ချင်းစီတိုင်းမှာ..ဦးချိုလေးခုစီ ပါရှိပြီး တစ်ခုစီက ကျိုးပဲ့နေခဲ့ကြတယ်..။ဒီ နတ်ဆိုးတွေဟာ..မွန်းကြပ်စရာကောင်းတဲ့ ထိပ်လန့်ဖွယ် မုန်းတီးမူတွေ ၊ ဒေါသတကြီး စွမ်းအားတွေနဲ့ ပြည့်နက်နေခဲ့ကြတယ်..။
ဆန်နီကတော့ ကုလားထိုင်ပေါ်မှာ ထိုင်နေဆဲဖြစ်ပြီး..သူ့ကို ဝန်းရံထားခဲ့တဲ့ အရိပ်မွေးဖွားသူ ငါးကောင်ကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေခဲ့ပါတယ်..။အဲ့အချိန်မှာတော့ သူ့ရဲ့ မျက်နှာက တင်းမာနေခဲ့ပါပြီ..။
သူက ထူးကဲသော ကျောက်တုံးကို ဆုပ်ကိုင်ထားရင်း..တုန်ရီစွာ ပြောလာခဲ့တယ်..။
“ကောင်းပြီလေ..ဒါက..ဒါက လုံးဝကို အခြေအနေ မကောင်းတော့ဘူး..”
အပိုင်း ( ၇၃၅ ) ပြီး၏။