← Chapters

နေမင်း၏သားတော် ၊ လမင်း၏သားတော်

Vol. 49 Ch. 731

နေမင်း၏သားတော် ၊ လမင်း၏သားတော်

Vol. 49 Ch. 731

ဆန်နီဟာ ဆင်စွယ်ရောင်မြို့တော်ဘက်ကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာ တုန်လှုပ်သွားခဲ့တယ်..။ပျံသန်းနေတဲံ ကျွန်းတွေအားလုံးကို ပျံ့နှံ့သွားခဲ့တဲ့ အော်ဟစ်သံကြီးက သူ့ရဲ့ နှလုံးခုန်သံတွေကို ရပ်တန့်သွားစေပြီး..အရိုးထဲထိအောင် အေးစက်သွားစေခဲ့ပါတယ်..။

ဆင်စွယ်ရောင်နဂါး ဆေးဗားရက်ရဲ့ အသံက ဝမ်းနည်းမူ ၊ ဒေါသတရား နဲ့ ရူးသွပ်မူတွေ ပြည့်နှက်နေခဲ့တယ်..။မျှော်လင့်ချက် နိုင်ငံတော်မှာ ဆန်နီ ကြုံတွေ့ခဲ့ရတဲ့ ထိပ်လန့်ဖွယ်ရာတွေက အခုအခြေအနေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ပါဘူး..။

ဒါက သေမင်း ကိုယ်တိုင်က သူတို့ဆီကို လာပြီး ငရဲကို ဆွဲခေါ်သွားဖို့ ကြိုးစားနေသလို ခံစားလိုက်ရတယ်..။

သူက မသိစိတ်အလျောက် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး နိုတစ်ကို မေးလိုက်တယ်..။

“သူက..သူက ချိန်းအရှင်သခင်တွေထဲမှာ အကောင်းဆုံး လူတစ်ယောက် ဖြစ်ရမှာမဟုတ်ဘူးလား..”

မှော်ဆရာရဲ့ မျက်လုံးတွေဟာ ဖြည်းညှင်းစွာ ပွင့်လာခဲ့ပြီးကာမှ..တစ်ခနလောက် ငြိမ်သက်နေခဲ့တယ်..။ပြီးမှ မတ်တတ်ထရပ်လိုက်ပါတယ်..။

“သူက လူကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်..”

နိုတစ်က နေမင်းသားရဲ့ အလောင်းကို တွဲလောင်းချိတ်ဆွဲထားတဲ့ အောက်ဘက်ကေင်းကင် ရှိတဲ့ နေရာကို လှမ်းကြည့်လိုက်ပြီး..

“..သူက လူကောင်းတစ်ယောက် ထပ်မဖြစ်နိုင်တော့ဘူး..”

သူတို့အားလုံး ကြည့်နေတုန်းမှာပဲ..ကြီးမားတဲ့ အရိပ်ကြီးတစ်ခုက မြို့အပေါ်ကို ထိုးတက်လာခဲ့တယ်..။နေမင်းက ကြီးမြတ်တဲ့ သားရဲရဲ့ ဆင်စွယ်ရောင် ကြေးခွံတွေကို အလင်းပြန်ပေးနေခဲ့ပါတယ်..။သူ ကောင်းကင်ပေါ်မှာ ပျံသန်းနေတဲ့ အချိန်မှာတော့..အောက်ဘက်က လမ်းတွေ ၊ အိမ်တွေကို အရိပ်တွေ ဖုံးလွှမ်းထားခဲ့ပါတယ်..။

နဂါးက ဆန်နီ ထင်ထားတာထက်ကို ပိုပြီး လှပ ၊ ခမ်းနား ပြီး ကြောက်မက်ဖွယ်ကောင်းနေခဲ့တယ်..။စွမ်းအား နဲ့ မြင့်မြတ်မူ တွေရဲ့ အရှိန်အဝါတွေဟာ..ကျွန်းတွေကို ကျော်ဖြတ်ပြီး ရောက်လာခဲ့တာကြောင့် အဖွဲ့သားတွေရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့ကြတယ်..။

ဆေးဗားရက်က မွန်းစတား တစ်ကောင်ဆိုတာထက် ဒဏ္ဍာရီသားရဲ တစ်ကောင် နဲ့တောင် ပိုပြီး တူနေခဲ့ပါသေးတယ်..။အမှန်တော့..သူ့ကို မွန်းစတား တစ်ကောင်လို့ ခေါ်တာက ဘယ်လိုမှမဖြစ်သင့်ပါဘူး..။အိပ်မက်ဆိုး သားရဲ တွေက ဘယ်လိုပုံစံတွေပဲ ဖြစ်နေကြပါစေ..သူကတော့ အတော်လေး ကွဲပြားပါတယ်..။သူ့ရဲ့ ကြီးမားတဲ့ ခန္တာကိုယ် ၊ သူ့ရဲ့ အဖြူရောင် ကြေးခွံတွေ ၊ တောက်ပနေတဲ့ မျက်လုံးတွေ ၊ ကြောက်မက်ဖွယ် အစွယ်တွေ အားလုံးက နက်နဲသော ဂုဏ်သိက္ခာ ၊ ကြောက်မက်ဖွယ် တောက်ပမူတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။

ကြီးမြတ်တဲ့ သားရဲရဲ့ တစ်ကိုယ်လုံးကို မြင့်မြတ်တဲ့ ရွှေရောင် နတ်ဘုရားရောင်ခြည်တွေနဲ့ ဝန်းရံထားခဲ့တာကိုတော့..ဆန်နီ တစ်ယောက်တည်းသာ မြင်နိုင်နေခဲ့တယ်..။

ပြီးတော့..ဒီလို အဆုံးမရှိတဲ့ စွမ်းအားတွေ ၊ လောင်ကျွမ်းနေတဲ့ ဒေါသတွေ ၊ လူသားမဆန်တဲ့ ဒေါသတွေအားလုံးက သူတို့ဆီကို ဦးတည်နေခဲ့တာပါ..။

နိုတစ် တစ်ဦးတည်သား နီးကပ်လာနေတဲ့ နဂါးကို တည်ငြိမ်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်..။

ဆန်နီရဲ့ မျက်နှာက နက်မှောင်သွားခဲ့ပြီး..

“မင်းက..အဲ့သတ္တဝါနဲ့ တိုက်ခိုက်ရမှာလား..”

မှော်ဆရာက တစ်ခနလောက်တွေဝေ နေပြီးကာမှ..သူ့ကိုကြည့်ကာ ပြုံးလိုက်တယ်..။

“သူက နောက်ဆုံးတော့ အသိစိတ်လွတ်သွားခဲ့ပြီ..။အသိစိတ်မရှိတဲ့ ရန်သူက..ဒီလောက်အထိ ကြောက်ဖို့ မကောင်းပါဘူး..”

ဒီလိုပြောပြီးတာနဲ့ နိုတစ်က ရှေ့ကို ခြေတစ်လှမ်း တက်သွားခဲ့ပြီး ပြန်လှည့်ကြည့်လိုက်တယ်..။

သူက ပေါ့ပါးတဲ့လေသံနဲ့ပဲ..

“..မင်းရဲ့ ကတိကို မမေ့ပစ်လိုက်နဲ့နော်..သူငယ်ချင်း..”

ခနအကြာမှာတော့..မှော်ဆရာရဲ့ ပုံရိပ်က တောက်ပလာခဲ့ပြီး ပျောက်ကွယ်သွားခဲ့တယ်..။

ဒါက သန့်စင်တဲ့ အလင်းတန်းတွေအဖြစ် ပြောင်းလဲသွားခဲ့တာပါ..။

ဆန်နီနဲ့ ကျန်တဲ့လူတွေဟာ ရုတ်တရက် ရှေ့ကို တက်သွားတဲ့ လှပတဲ့ အလင်းတန်းတွေ ကို ကြည့်နေခဲ့တယ်..။ဒီအလင်းတန်းတွေက တောက်ပတဲ့ နေရောင်အောက်မှာတော့ အနည်းငယ် ဖြူဖျော့နေခဲ့ပါတယ်..။သူတို့အားလုံးက သူတို့ရဲ့ နှလံးသားထဲမှာ တစ်ခုခု လှုပ်ရှားသွားသလို မျိုး ခံစားလိုက်ကြရတယ်..။ဒါက စစ်မှန်တဲ့ နတ်ဘုရားရဲ့ တည်ရှိမူနဲ့ ထိတွေ့လိုက်ကြရသလိုပါပဲ..။

ဒါက သူတို့အနေနဲ့ တစ်ခုခု မြင့်မြတ်တဲ့ အရာကို ထိတွေ့လိုက်ရသလို ခံစားလိုက်ကြရတယ်..။

ဖြူဖျော့တဲ့ အလင်းတန်းတွေက အဖြူရောင် နဂါးဆီကို ဦးတည်သွားခဲ့ကြတာပါ..။ဒီအလင်းတန်းတွေက စီးဆင်းနေရင်းကနေ..လရောင်နဲ့ ရက်လုပ်ထားတဲ့ ဝံပုလွေတစ်ကောင် အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်..။သူ့ရဲ့ နှာဖူးမှာတော့..လခြမ်းပုံစံ အလင်းတန်းတစ်ခုတောက်ပနေခဲ့တယ်..။ဝံပုလွေဟာ သူ့ရဲ့ ပါးစပ်ကို ဖွင့်ပြီး နားကျိန်းလုမတတ် အူသံကြီးနဲ့ ဟစ်ကျွေးလိုက်ပါတယ်..။

ယင်းနောက် သူက ရူးးသွပ်နေတဲ့ နဂါးနဲ့ တိုက်မိကာ ပျက်ဆီးသွားခဲ့တယ်..။

ဘာပဲဖြစ်ဖြစ်..သူက…သန့်စင်တဲ့ အလင်းတွေနဲ့ ဖွဲ့စည်းထားခဲ့တာပါ..။

သို့ပေမယ့် ဝံပုလွေရဲ့ ပုံစံက ကျိုးပဲ့သွားသည့်တိုင်အောင်..အလင်းတွေကတော့..ကျန်ရှိနေခဲ့ပါတယ်..။ဒီအလင်းတွေအားလုံးက..ဆေးဗားရက် ရဲ့ အပေါ်ကို ရောက်သွားခဲ့ပြီး သူ့ရဲ့ ကြေးခွံတွေပေါ်ကို ရောက်သွားခဲ့တယ်..။ထောင်နဲ့ချီတဲ့ တောက်ပတဲ့ အစွယ်တွေဟာ..သူ့ရဲ့ ခန္တာကိုယ်ထဲကို တစ်ချိန်တည်း ဝင်ရောက်သွားခဲ့ကြတယ်..။

နဂါကြီးဟာ..သားရဲတစ်ကောင် နဲ့ တိုက်ခိုက်နေရတာထက်..ထောင်နဲ့ချီးတဲ့ အလင်းသားရဲ အုပ်ကြီးနဲ့ တိုက်ခိုက်နေရသလို ဖြစ်နေခဲ့တယ်..။

ဆေးဗားရက် နာကျင်စွာ ဟစ်ကြွေးလိုက်ပြီး..သူ့ရဲ့ ရှည်လျားတဲ့ လည်ပင်းကို လှည့်လိုက်တယ်..။အားလုံးကို ဖျက်ဆီးပစ်နိုင်လောက်တဲ့ မီးတောက်တွေက သူ့ရဲ့ ပါးစပ်ကနေ ထွက်ပေါ်လာခဲ့ပြီး.ထောင်နဲ့ချီတဲ့ အလင်းအစိတ်အပိုင်းတွေ အားလုံးကို ဖျက်ဆီးပစ်လိုက်ပါတယ်..။

သွေးစက်တွေဟာ ကောင်းကင်ပေါ်ကနေ စီးကျလာနေခဲ့တယ်..။

ဆန်နီဟာ ကောင်းကင်ပေါ်က အံ့ဩသင့်လောက်စရာ တိုက်ပွဲကို ကြည့်နေရင်း..နေရာကနေတောင် မလှုပ်ရှားနိုင်တော့ပါဘူး..။

‘အလင်း သားရဲ..’

အကောင်းပဲဖြစ်ဖြစ် ..အဆိုးပဲဖြစ်ဖြစ်..သူ့အနေနဲ့ အထွတ်အထိပ်အဆင့် နတ်ဘုရားတွေရဲ့ တိုက်ပွဲကို ကြည့်နေဖို့ အချိန်မရှိပေ..။

ဒီတိုက်ပွဲမှာတော့..သူ လုပ်ဆောင်ရမယ့် အရာလည်း ရှိနေခဲ့ပါတယ်..။

ဆန်နီ သက်ပြင်းချလိုက်ပြီး..ဆင်စွယ်ရောင် မြို့တော်ရှိနေတဲ့ နေရာကို ကြည့်ကာ ပြေးထွက်သွားခဲ့တယ်..။

သူက ဆင်စွယ်ရောင် တာဝါထဲကို ဝင်ရောက်ဖို့ လိုအပ်ပါတယ်..။

….

အနာဂတ်ကာလမှာတော့..သဘော်ပျက်ကျွန်းဟာ ကွေ့ကောက်ကျောက်တုံးနဲ့ ချိတ်ဆက်ထားခဲ့ပါတယ်..။ကျွန်းအသေးလေးတွေ အောက်ဘက် ကောင်းကင်ဆီကို ပျက်ဆီးသွားတဲ့ အချိန်မှာတော့..ဘာမှမရှိတဲ့ ဒီနေရာကြီးမှာ အက်ကွဲကြောင်းကြီးပဲ ရှိနေတော့မှာပါ..။သို့ပေမယ့် ဒီအရာက အခုချိန်မှာဖြစ်မလာသေးပေ..။အက်ကွဲကြောင်းကြီးကလည်း မတည်ရှိသေးပါဘူး..။

အဲဒီအစား..ဒီကျွန်းဟာ..ဆင်စွယ်ရောင် မြို့တော်နဲ့ သာ ထိစပ်နေခဲ့တယ်..။

ဆန်နီ ကောင်းကင်ချိန်းကြိုးပေါ်ကို ခုန်ချလိုက်တဲ့အချိန်မှာတော့..သူ ဒီနေရာမှာသွားလာဖူးတယ်ဆိုတာကို နားလည်လိုက်တယ်..။အရင်တုန်းက ဒီသံကြိုးတွေက ချိန်းပိုးကောင်တွေရဲ့ စားသုံးခံရမူကြောင့် ဆွေးမြေ့ပြီး သံကြေးတက်နေကြတာပါ..။စက်ဆုပ်သော ဟန်ဆောင်သူ ဟာ..ဆန်နီနောက်ကို လိုက်နေရင်းနဲ့ နိုးထလာတဲ့ နွယ်ကပ်ပါးကောင် လက်ကနေ ရှင်သန်နိုင်ခဲ့ပါတယ်..။

အခုတော့ ကောင်းကင်ချိန်းကြိုးက အသစ်တစ်ခုလိုကို ရှိနေခဲ့တယ်…။ဆန်နီဟာ သူ့ရဲ့ အဆီအနှစ်တွေကို ထိန်းသိမ်းရင်း အရိပ်အဖြစ်ပြောင်းလဲလိုက်ကာ ရှေ့ကို ထိုးတက်သွားခဲ့တယ်..။သူ့ရဲ့ အမြုတေ လေးခု နဲ့ အရိပ်လေးခုရဲ့ အားဖြည့်ထားမူကြောင့် သူ့ရဲ့ အမြန်နှုန်းက..အတော်လေး ကြောက်မက်ဖွယ်ကောင်းနေခဲ့တယ်..။အထူးသဖြင့် သူ့ရဲ့ ရှေ့ဘက်လက်တွေကိုပါ ပြေးလွှားဖို့ အသုံးပြုနေခဲ့တာကြောင့် လူသားတစ်ယောက်ထက် သားရဲတစ်ကောင်နဲ့ လုံးဝ တူညီနေခဲ့ပါပြီ..။

လက်လေးချောင်း နတ်ဆိုးက ချိန်းကြိုးကို ဖြတ်နေတုန်းမှာတော့..အထွတ်အထိပ်သူတော်စင် နှစ်ယောက်က ကောင်းကင်ပေါ်မှာ တိုက်ခိုက်နေခဲ့ကြတယ်..။သူက တိုက်ပွဲကနေ ထွက်ပေါ်လာတဲ့ အလင်းရောင်တွေ ၊ စွမ်းအားလှိုင်းတွေ တွေကို မကြာခနခံစားနေခဲ့ရပြီး..ကောင်ကင်ချိန်းကြိုးလှုပ်ခတ်သွားတဲ့ အချိန်တိုင်းမှာ အရိုးထဲထိ အေးစက်သွားသလို ခံစားနေခဲ့ရတယ်..။

နဂါးက အလင်းတွေနဲ့ ဝန်းရံတိုက်ခိုက်ခြင်း ခံနေရပေမယ့်လည်း..မီးတောက်တွေနဲ့ လောင်ကျွမ်းဖျက်ဆီးနေတုန်းပါပဲ..။သို့ပေမယ့် ဖျက်ဆီးခံလိုက်ရတဲ့ အလင်းရောင်တွေဟာ အမြဲတမ်းလိုလို ပုံသဏ္ဍာန်ပြောင်းလဲပြီး..သတ္တဝါကြီးကို ပိုမိုနာကျင်မူတွေ ပေးနေခဲ့ပါတယ်..။တစ်ခါတစ်လေမှာတော့..ကြောက်မက်ဖွယ် ဝံပုလွေတစ်ကောင်ရဲ့ ပုံစံ ပေါ်လာခဲ့ပြီး..ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့တယ်..။ယင်းနောက် မီးတောက်တွေကို ရှောင်တိမ်းဖို့ အလင်းတန်းတွေ အဖြစ် ပြန်ပြောင်းသွားခဲ့ပြန်ပါတယ်..။

ကြည့်ရတာတော့..နိုတစ် ဟာ တစ်ချက်မှားလိုက်တာနဲ့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရပြီး..နဂါးမီးတောက်တွေရဲ့ သုတ်သင်ခြင်းကို ခံလိုက်ရမှာပါ..။ဒါတောင်မှ သူက ဘာအမှားမှကို မလုပ်ခဲ့ပေ..။သူက လှည့်စားမူ ၊ တွက်ချက်မူတွေ အပြည့်နဲ့ တိုက်ခိုက်နေခဲ့တယ်..။မှော်ဆရာက အမြဲတမ်း ဆေးဗားရက် ထက် ခြေတစ်လှမ်းသာနေခဲ့တယ်..။

သို့ပေမယ့်..ပြင်းထန်တဲ့ မီးတောက်တွေ အရောင်တောက်ပလာ တိုင်းမှာ..သူ့ရဲ့ အစိတ်အပိုင်းတစ်ချို့က ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်..။

နိုတစ် ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ဆိုတာကိုတော့ ဆန်နီလည်း မသိနိုင်ပေ..။

ပြီးတော့ ဒီအကြောင်းပြချက်ကြောင့်ပဲ..သူ့ရဲ့ မစ်ရှင်က ပိုပိုပြီး ဖိအားများလာခဲ့ပါတယ်..။

သူက သူတော်စင်တွေထဲက တစ်ယောက် မရှုံးနိမ့်သွားခင်မှာ ဆင်စွယ်ရောင် တာဝါကို ရောက်နေမှဖြစ်မှာပါ..။

အပိုင်း ( ၇၃၁ ) ပြီး၏။

All Chapters