← Chapters

ဆေးဗားရက်

Vol. 49 Ch. 732

ဆေးဗားရက်

Vol. 49 Ch. 732

​ဆင်စွယ်ရောင်နဂါး နဲ့ ဆည်းဆာချိန်သားရဲ တို့ကြားက တိုက်ပွဲဟာ ပိုမိုပြင်းထန်ပြီး ပျက်စီးခြင်းတွေ များလာတာနဲ့အမျှ ဆန်နီဟာ ကောင်းကင်ချိန်းကြိုးပေါ်မှာ ပြေးလွှားရင်း ဆင်စွယ်ရောင်မြို့တော်ရဲ့ တံတိုင်းတွေဆီကို ချဉ်းကပ်လာခဲ့တယ်..။ ကောင်းကင်ထက်မှာတော့ ဆေးဗားရက် နဲ့ နိုတစ် တို့ဟာ တစ်ဦးကိုတစ်ဦး အပိုင်းပိုင်းဆွဲဖြတ်နေခဲ့ကြပါတယ်..။ သူတို့ရဲ့ ကြောက်မက်ဖွယ် ဒေါသတရားတွေကြောင့် ကောင်းကင်ကြီးတောင် အက်ကွဲသွားတော့မလို ထင်မှတ်နေခဲ့ရတယ်။

​အယ်ဖီက တိုက်ခိုက်နိုင်တဲ့ အခြေအနေ မရှိသလို ကတ်စီကလည်း ဝိဥာဉ် အဆီအနှစ်တွေ အကုန်လုံး ကုန်ဆုံးနေခဲ့ပါပြီ..။ ကတ်စီက ပျက်ကျနေတဲ့ သင်္ဘောပေါ်ကနေ ထွက်ပြေးလာစဉ်မှာလည်း ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရင်း နောက်မှာ ကျန်ရစ်ခဲ့ကြပါတယ်..။

​သူတို့ရဲ့ အဖွဲ့ထဲမှာတော့ တိုက်ခိုက်နိုင်စွမ်း ရှိတာဆိုလို့ နှစ်ယောက်ပဲ ရှိတော့တယ်..။ အဲ့ဒါကတော့ ဆန်နီ နဲ့ ကိုင် ပါပဲ..။ သူတို့တစ်ယောက်ချင်းစီမှာ လုပ်ဆောင်ရမယ့်တာဝန်တွေ ရှိကြတာကြောင့် ဒါတွေကို အကောင်အထည်ဖော်ဖို့အတွက် လမ်းခွဲလိုက်ကြတယ်..။

​အခုကစပြီး.. အိပ်မက်ဆိုး ပြီးဆုံးသွားတဲ့ အချိန်အထိ ဆန်နီ တစ်ယောက်တည်းသာ ကြိုးစားသွားရတော့မှာပါ..။

​သူဟာ အနက်ရောင်တောင်ပံ ကို ဆင့်ခေါ်လိုက်ပြီး မြို့တံတိုင်း အပေါ်ဘက်ထိ ရောက်အောင် တွန်းပို့စေလိုက်တယ်။ပြီးတာနဲ့ လှပတဲ့ ကင်းမျှော်စင်တစ်ခုရဲ့ အရိပ်ထဲမှာ ခနလောက် ပုန်းကွယ်နေလိုက်ပါတယ်..။

​ သူ့ရဲ့အောက်ဘက်မှာတော့ ဆင်စွယ်ရောင်မြို့တော်ဟာ နေရောင်အောက်မှာ တောက်ပနေခဲ့တယ်..။ဒါက သူမှတ်မိထားတာထက်ကို ပိုပြီး လှပနေခဲ့တာပါ..။သူ ဒီမြို့ကို အနီးကပ် မြင်ရတဲ့အချိန်မှာ ပိုပြီး ခမ်းနားနေတယ် လို့တောင် တွေးလိုက်မိပါသေးတယ်..။

​လှပတဲ့ အဆောက်အအုံတွေကို အဖြူရောင် ကျောက်ဖြူသားတွေနဲ့ တည်ဆောက်ထားခဲ့ပြီး တံတိုင်းတွေပေါ်မှာတော့ စိမ်းစိုနေတဲ့ နွယ်ပင်တွေ တွားသွားနေခဲ့ကြတယ်..။ ဟိုဟို ဒီဒီမှာတော့ တောက်ပတဲ့ ရေတွေဟာ မြောင်းတွေထဲကနေ တသွင်သွင် စီးဆင်းနေကြပါတယ်..။ အံ့ဩဖွယ် ကောင်းကင်တံတားတွေနဲ့ ပေါင်းကူးပုံသဏ္ဌာန် ရေလွှဲတံတားတွေက ပျံသန်းနေတဲ့ ကျွန်းပေါင်းများစွာကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးထားခဲ့တယ်..။

​အခုက နေထွက်လာခဲ့ပြီဖြစ်တာကြောင့် ထောင်နဲ့ချီတဲ့ လူတွေဟာ လမ်းမတွေပေါ်ကို ထွက်လာခဲ့ကြပါပြီ..။ သူတို့အားလုံးက ကျန်းမာသန်စွမ်းပြီး လှပနေခဲ့ကြတယ်။ သူတို့ရဲ့ အညိုရောင် အသားအရေတွေကိုတော့ အဖြူရောင် ဝတ်စုံတွေနဲ့ ဖုံးအုပ်ထားကြပါတယ်..။ ဆန်နီအနေနဲ့ အယ်ယက်ဟာ ဒီလိုလှပတဲ့နေရာမှာ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာမှာကို မြင်ယောင်ကြည့်နေမိတယ်..။

​သွေးတွေပေါ်မှာ တည်ဆောက်ထားတဲ့ ဒီ နိဗ္ဗာန် ဘုံထဲမှာပေါ့..။

​အခုအချိန်မှာတော့ ဆင်စွယ်ရောင်မြို့တော်ထဲက လူတိုင်းဟာ ကောင်းကင်ကို မော့ကြည့်နေခဲ့ကြတယ်။ သူတို့ရဲ့ မျက်နှာတွေပေါ်မှာတော့ ကြောက်ရွံ့မှုနဲ့ အံဩတုန်လှုပ်မှုတွေ ရောထွေးနေခဲ့ကြပါတယ်..။ သူတို့ရဲ့ မျက်လုံးတွေမှာ ယုံကြည်ကိုးကွယ်မှုတွေ တောက်လောင်နေပြီး အားလုံးက တိုးတိုးလေး ဆုတောင်းနေခဲ့ကြပါတယ်..။

​“နေမင်းရဲ့ အလင်းတန်းတွေ အရှင် ဆေးဗားရက် အပေါ် ကျရောက်ပါစေ..”

​“ကျွန်တော် တို့ကို ကောင်းချီးပေးပါ.. ဆင်စွယ်ရောင်နဂါးကြီး..”

​“..ကျွန်တော် တို့ကို ကာကွယ်ပေးပါ..”

​“ကျွန်တော် တို့ကို ကာကွယ်ပေးပါ..”

​သူတို့ရဲ့ ဆုတောင်းသံတွေဟာ ပင်လယ်လှိုင်းလုံးကြီးတွေလိုပဲ ထွက်ပေါ်နေခဲ့တယ်..။ဒီဆုတောင်းသံတွေက ရက်စက်တဲ့ အလင်းတန်းတွေရဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခြင်းကိုခံနေရတဲ့ နဂါးကြီးဆီကို ရိုက်ခတ်သွားခဲ့ပါတယ်..။ နဂါးကြီးကတော့ နာကျင်မှု ၊ ဝမ်းနည်းမှုတွေကြောင့် ဟစ်အော်နေရပြီး သွေးတွေ စီးကျလာကာ ရူးသွပ်မှုထဲကို ပိုမို နစ်ဝင်နေခဲ့ပါပြီ..။

​ရုတ်တရက် ဆန်နီ တုန်ရီသွားခဲ့တယ်..။

​နိုတစ်က မြင့်မြတ် ၊ ရဲရင့် ပြီး ပညာရှိတဲ့ ဆင်စွယ်ရောင်အရှင်သခင် ဆေးဗားရက် အကြောင်း ပြောပြခဲ့တာကို သူ ပြန် မှတ်မိသွားခဲ့ပါတယ်..။ ဒီနဂါးကြီးက သူတို့ အားလုံးထဲမှာ အသိစိတ်အရှိဆုံး ဖြစ်သလို ရူးသွပ်မှုနဲ့ အနီးစပ်ဆုံး ဆိုရင်လည်း မမှားပါဘူး။

​ဆေးဗားရက်ဟာ အခြား ချိန်းအရှင်သခင်တွေထက်စာရင် မျှော်လင့်ချက် ရဲ့ လွှမ်းမိုးမှုကို အချိန်အကြာဆုံး ခုခံနိုင်ခဲ့သူ ပါ..။ ဒါပေမဲ့ ဒီအချက်ကြောင့်ပဲ သူဟာ သူမရဲ့ အဆိပ်ဒဏ်ကို အထိခိုက် မခံနိုင်တဲ့ လူတစ်ယောက် ဖြစ်သွားခဲ့တယ်..။ သူ့ရဲ့ အလျော့မပေးတဲ့ ကြံ့ခိုင်မှုကြောင့် အသိစိတ်ကို အကောင်းဆုံး ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ဒီအချက်ကြောင့်ပဲ နှစ်ပေါင်းများစွာကြာသည့် တိုင်အောင်..မျှော်လင့်ချက် နတ်ဆိုးကို ဘယ်လိုခုခံရမလဲ ဆိုတာကို မသိခဲ့ပါဘူး..။

​အခုလို နေမင်းသား သေဆုံးသွားတဲ့ အချိန်မှာတော့ ဆေးဗားရက် အတင်းအကြပ် ဖိနှိပ်ချုပ်တည်းထားခဲ့တဲ့ အရာအားလုံးဟာ ထိန်းချုပ်မှုကနေ လွတ်ထွက်သွားခဲ့တယ်..။ဒီအရာက သူ့ရဲ့ စိတ်အာရုံထဲကို တစ်ခနချင်းအတွင်းမှာပဲ လွှမ်းမိုးသွားခဲ့ပါတယ်..။ နှစ်ပေါင်းရာနဲ့ချီကြာအောင် ပြင်းထန်တဲ့ ရုန်းကန်မှုတွေဟာ သူ့ရဲ့ အသိစိတ် ခံတပ်ကြီးကို တစ်ပြိုင်နက်တည်း ရိုက်ခတ်ဖျက်ဆီးပစ်လိုက်တာပါ..။

​..ဆင်စွယ်ရောင်အရှင်သခင်ဟာ သူ့ရဲ့ မြို့သားတွေကို ချစ်လည်းချစ်သလို မုန်းလည်းမုန်းတယ်လို့ နိုတစ်က ပြောခဲ့ပါသေးတယ်..။မြို့သားတွေက သူ့ရဲ့ ဝိဥာဉ်အပေါ်မှာ လေးလံလွန်းတဲ့ ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်နေခဲ့တယ်။ သူ့ရဲ့ တာဝန်သိစိတ်ကြောင့် ဒီ မြို့သားတွေကို မစွန့်ခွာနိုင်ခဲ့ပါဘူး..။မြို့သားတွေဟာ နဂါးကြီးကို သူတို့ရဲ့ ယုံကြည်မှုတွေ ၊ သစ္စာရှိမှုတွေ ၊ အားကိုးမှုတွေနဲ့ ရစ်ပတ်ချည်နှောင်ထားခဲ့ကြတာပါ..။

​အောက်ဘက်ကို ငုံ့ကြည့်လိုက်တဲ့အချိန်မှာတော့ ဆန်နီဟာ သူပုန်းနေတဲ့ တံတိုင်းရဲ့ အောက်မှာ ကျယ်ပြောတဲ့ နေရာလွတ်ကို မြင်လိုက်ရတယ်..။အဲ့ဒီနေရာမှာ လူထောင်ပေါင်းများစွာနဲ့ ပြည့်နှက်နေပြီး မျှော်လင့်ချက်တွေ ၊ ယုံကြည်မူတွေ ပြည့်နေတဲ့ မျက်လုံးတွေနဲ့ ကောင်းကင်ကို ကြည့်နေခဲ့ကြပါတယ်....။

​ဖြည်းညှင်းစွာပဲ တစ်ခြား ပုံရိပ်တစ်ခုက သူ့မျက်စိရှေ့မှာ ပေါ်လာခဲ့တယ်..။ဒါကတော့ အနာဂတ်မှာ မြင်ခဲ့ရတဲ့ ကွေ့ကောက်ကျောက်တုံး ရဲ့ ပုံစံ…

​အဲ့ဒီမှာ ရှိနေတဲ့ မျက်နှာပြင် တစ်ခုလုံးက မညီညာတဲ့ အနက်ရောင် ကျောက်တုံးကြီးတစ်ခု ဖြစ်နေခဲ့တယ်..။ သို့ပေမဲ့ ဒီ ကျောက်တုံးက အတော်လေး ထူးဆန်းနေခဲ့ပါတယ်..။ဒီအရာက အဆမတန် ပြင်းထန်တဲ့ အပူရှိန်အောက်မှာ အရည်ပျော်သွားခဲ့ပြီးမှ ပြန်လည် ခဲသွားခဲ့သလိုမျိုး ထူးဆန်းနေခဲ့တာပါ။

​ မည်းတူးနေတဲ့ အရိုးတွေဟာ နေရာအနှံ့မှာ ရှိနေခဲ့ပြီး အရည်ပျော်နေတဲ့ ကျောက်တုံးတွေထဲကနေ ထိုးထွက်နေခဲ့ကြတယ်..။ဒါက ပြင်းထန်တဲ့ မီးတောက်တွေထဲမှာ နစ်မြုပ်သွားခဲ့ကြတဲ့ ရေတွက်လို့မရတဲ့ လူသားတွေနဲ့ သားရဲတွေရဲ့ အကြောင်းကို ပြောပြနေသလိုပါပဲ..။ အဲ့ဒီမြင်ကွင်းက တကယ့် ငရဲပြည်ကနေ ဆွဲထုတ်လာသလိုမျိုး ထိတ်လန့်စရာ ကောင်းနေခဲ့ပါတယ်..။

​..သူ မျက်နှာ ဖြူဖျော့သွားခဲ့တယ်..။

​သူ့ရဲ့အောက်မှာတော့ ဆင်စွယ်ရောင်မြို့တော်ရဲ့ မြို့သူမြို့သားတွေက ဆုတောင်းနေကြဆဲပါပဲ..။

​“ကျွန်တော်တို့ကို ကာကွယ်ပေးပါ..”

​“ကျွန်တော်တို့ကို ကာကွယ်ပေးပါ..”

​ခနအကြာမှာတော့ နဂါးကြီးဟာ အလွန်တရာ နာကျင်စေတဲ့ ဒဏ်ရာတစ်ခု ရရှိလိုက်တာကြောင့် ဟစ်ကြွေးလိုက်တယ်..။ သူ့ရဲ့ ဆင်စွယ်ရောင် ကြေးခွံတွေပေါ်မှာတော့ သွေးနီရောင် သွေးတွေ စီးကျလာခဲ့ပါတယ်..။

​နောက်ဆုံး ကျန်ရှိနေတဲ့ အသိစိတ်လေးပါ ပျောက်ကွယ်သွားခဲ့တဲ့ နဂါးကြီးဟာ ရန်သူကို သေချာမြင်ရအောင် ကောင်းကင်မှာ လှည့်ပတ်လိုက်ပြီး ပြင်းထန်တဲ့ မီးတောက်အလျံတွေကို မှုတ်ထုတ်လိုက်တယ်....။

​ဒါပေမဲ့ သူ့ရဲ့ ရန်သူက အတော်လေး ပါးနပ်နေခဲ့တယ်..။ နိုတစ်ဟာ အောက်မှာရှိနေတဲ့ မြို့တော်ကို ဒိုင်းတစ်ခုအနေနဲ့ အသုံးပြုဖို့ နဲ့ ဆေးဗားရက်အနေနဲ့ မြို့ကို ဖျက်ဆီးမိအောင် ဆွပေးဖို့ အတွက် နဂါးကြီးနဲ့ လူအုပ်ကြီးကြားမှာ နေရာယူထားခဲ့ပါတယ်.။

​သူ့ရဲ့ ရက်စက်တဲ့ ထောင်ချောက်က အလုပ်ဖြစ်သွားခဲ့တယ်..။ ဖြူဖျော့တဲ့ အလင်းတန်းက မီးတောက်မြစ်ကြီးရဲ့ လမ်းကြောင်းကနေ ခုန်ပြီး ရှောင်ထွက်သွားခဲ့တာကြောင့် မီးတောက်တွေက လူတွေရှိနေတဲ့ နေရာလွတ်ဆီကိုသာ ကျရောက်သွားခဲ့ပါတယ်..။ခနအကြာမှာတော့..မီးတောက်တွေက အရာအားလုံးကို ဝါးမြိုသွားခဲ့ပါပြီ..။

​ဆန်နီ နောက်ကို ယိုင်သွားခဲ့တယ်....။

​ချက်ချင်းဆိုသလိုပဲ လူထောင်ပေါင်းများစွာဟာ လောင်ကျွမ်းသေဆုံးသွားခဲ့ကြပြီး သူတို့ရဲ့ အသားတွေက ပြာအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။ နေရာလွတ်ကြီး တစ်ခုလုံးဟာ ပူပြင်းတဲ့ ငရဲတွင်းကြီး ဖြစ်သွားခဲ့ပြီး ကျောက်တုံးတွေတောင် အရည်ပျော်ကာ ချော်ရည်တွေ ဖြစ်သွားခဲ့တယ်..။ နာကျင်မှုနဲ့ ထိတ်လန့်မှု အော်ဟစ်သံတွေက လေထုထဲမှာ ပြည့်နှက်နေခဲ့ပါပြီ..။ အချို့လူတွေက အသက်ရှင်ကျန်ရစ်ပြီး ထွက်ပြေးဖို့ ကြိုးစားကြပေမယ့် မီးတွေက နေရာအနှံ့မှာ ရှိနေခဲ့တာပါ..။ လွတ်မြောက်စရာ အကြောင်းမရှိပေ..။

​..ဒါကတော့ ဆင်စွယ်ရောင်အရှင်သခင်က သူတို့ရဲ့ ဆုတောင်းသံတွေကို ပြန်ပေးလိုက်တဲ့ အဖြေပါပဲ..။

​ထိတ်လန့်တုန်လှုပ်သွားတဲ့ ဆေးဗားရက်က ကောင်းကင်ထက်မှာ အေးခဲသွားပြီး အောက်ဘက်ကို ငုံ့ကြည့်လိုက်တယ်..။ သူ့ရဲ့ တောက်ပတဲ့ သားရဲမျက်လုံးတွေထဲမှာတော့ အံ့အားသင့်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်..။

​ခမ်းနားတဲ့ နဂါးကြီးရဲ့ စိတ်ထဲမှာ အရမ်ကို ရှုပ်ထွေးတဲ့ တိုက်ပွဲတစ်ခု ဖြစ်နေတယ်ဆိုတာကို ဆန်နီ မြင်နေရပါတယ်..။

​ သူ့ရဲ့ မျက်လုံးတွေထဲမှာ အသိစိတ် တစ်ချို့က လင်းလက်လာခဲ့တယ်။

​ပြီးတဲ့နောက်မှာတော့ ဒါက လုံးဝကို ချုပ်ငြိမ်းသွားခဲ့ပါတယ်..။

​ဘာကိုမှ ဂရုမစိုက်တော့ဘဲ လွတ်လပ်မှုကိုသာ တောင့်တတော့တဲ့ နဂါးကြီးဟာ နောက်ထပ်တစ်ကြိမ် ဒေါသတကြီး ဟစ်အော်လိုက်ပြီး အားကောင်းတဲ့ မီးတောက်မီးလျှံတွေကို ထပ်မံ မှုတ်ထုတ်လိုက်တယ်..။ အဲ့ဒါက ရန်သူရဲ့ အစိတ်အပိုင်း အနည်းငယ်ကို ဖျက်ဆီးပစ်လိုက်နိုင်လိုက်ပေမယ့် ဆင်စွယ်ရောင်မြို့တော်ရဲ့ လမ်းမ တော်တော်များများကိုလည်း မီးတောက်တွေထဲမှာ နစ်မြုပ်သွားစေခဲ့ပါတယ်..။

​ဆန်နီဟာ ဒီအစုလိုက် အပြုံလိုက် သေဆုံးမူကြီးကို ကြည့်ရင်း ကြောင်အနေခဲ့ပေမယ့် ဒီအရာတွေကို ချက်ချင်း ခါထုတ်လိုက်တယ်..။

​ဆင်စွယ်ရောင်နဂါး နဲ့ မြို့တော်ရဲ့ ကံကြမ္မာက ဘယ်လောက်ပဲ ဆိုးဝါးပြီး ဝမ်းနည်းစရာ ကောင်းနေပါစေ.. အဲဒါက အရေးမကြီးတော့ပေ..။

​အခု အရေးကြီးနေတာက သူ့အနေနဲ့ ဒီမီးလောင်ကျွမ်းနေတဲ့ ငရဲကို ဖြတ်သန်းသွားဖို့ပါပဲ..။

​ဆန်နီဟာ ဟစ်ကြွေးလိုက်ပြီး မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ထဲက မီး မှတ်သားမူကို ဆင့်ခေါ်လိုက်ကာ အောက်ကို ခုန်ချလိုက်ပါတယ်..။

​အချိန်က သိပ်မကျန်တော့ပေ….

​အပိုင်း ( ၇၃၂ ) ပြီး၏။

All Chapters