← Chapters

ငရဲလို မြင်ကွင်း

Vol. 49 Ch. 733

ငရဲလို မြင်ကွင်း

Vol. 49 Ch. 733

​ဆင်စွယ်ရောင်မြို့တော်ရဲ့ အထက်ကောင်းကင်မှာ အင်မော်တယ်နှစ်ဦး တိုက်ခိုက်နေကြတဲ့အချိန်မှာတော့ နေရာအတော်များများမှာ မီးတောက်တွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။ ဝမ်းနည်းပူဆွေးမှု ၊ နာကျင်မှုနဲ့ အဆုံးမရှိတဲ့ သက်တမ်းရဲ့ လေးလံမူတွေကြောင့် ရူးသွပ်သွားခဲ့တဲ့ နဂါးကြီးဟာ နောက်ဆုံးကျန်ရှိနေတဲ့ အသိစိတ်ကိုပါ လက်လွှတ်လိုက်ရပါပြီ။ ဖမ်းဆီးရခက်ပြီး မုန်းတီးစရာကောင်းတဲ့ ရန်သူကို တိုက်ခိုက်ဖို့ အားကုန် ကြိုးစားရင်းနဲ့ သူဟာ လှပတဲ့မြို့တော်ကြီးပေါ်ကို ဖျက်ဆီးတတ်တဲ့ မီးလျှံမိုးတွေ ရွာသွန်းချနေခဲ့တယ်..။

​အသက်ပေါင်းများစွာ ဆုံးရှုံးနေခဲ့ရတယ်။ သေဆုံးနေတဲ့သူတွေ ခံစားရတဲ့ ဝေဒနာတွေက ဖော်ပြလို့တောင် မရနိုင်တော့ပါဘူး..။ အပူရှိန်ကလည်း သည်းခံနိုင်စွမ်းထက် ကျော်လွန်နေခဲ့တယ်။

​ လူ ထောင်ပေါင်းများစွာဟာ မီးထဲမှာ သေဆုံးခဲ့ရပြီး မိနစ်တိုင်းမှာလည်း နောက်ထပ် ထောင်နဲ့ချီတဲ့သူတွေဟာ ပြာအဖြစ် ပြောင်းလဲနေကြရတယ်။ ထိတ်လန့်တုန်လှုပ်မှုတွေက မြို့တစ်မြို့လုံးကို လွှမ်းမိုးသွားပြီး မြို့သားတွေကို အသိစိတ်ကင်းမဲ့သွားစေခဲ့ပါတယ်။ သူတို့တွေဟာ ထွက်ပြေးဖို့ ကြိုးစားရင်း လူပေါင်းများစွာကို တက်နင်းမိပြီး သေဆုံးစေခဲ့တယ်..။ ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ သူတို့ကိုယ်တိုင်လည်း မီးလျှံတွေရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရတာပါပဲ..။

​အဖြူရောင် အဆောက်အအုံတွေဟာ ဖယောင်းတိုင်တွေလို အရည်ပျော်ကျနေခဲ့ပြီး ၊ကျွန်းတွေကို ချိတ်ဆက်ထားတဲ့ ကင်းမျှော်စင် တံတားတွေဟာလည်း ချောက်နက်ထဲကို ပြိုကျပျက်စီးနေခဲ့ပါတယ်..။ ဆင်းရဲဒုက္ခ ၊ သေခြင်းတရားနဲ့ ပျက်စီးခြင်းတွေက အရာအားလုံးကို စိုးမိုးထားခဲ့တယ်..။

​…ဒီအရာအားလုံးရဲ့ အထက်မှာတော့ ဆင်စွယ်ရောင်တာဝါ ဟာ မြင့်မြတ်စွာနဲ့ မတူကွဲပြားစွာ တည်ရှိနေခဲ့ပါတယ်..။

​ဆန်နီဟာ သေခြင်းတရားနဲ့ ပြည့်နှက်နေတဲ့ မြို့တော်ကို ဖြတ်သန်းရင်း ကမ္ဘာပျက်ကိန်း ဆိုက်နေသလို မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့နေရတယ်။ မီးလောင်ကျွမ်းနေတဲ့ လမ်းကြားတွေနဲ့ လမ်းမတွေထဲမှာ တစ်ကမ္ဘာလုံး ပြီးဆုံးသွားတော့မလို တောင် ခံစားနေခဲ့ရပါတယ်။ သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့ မီးခိုးတွေ ၊ မီးတောက်တွေနဲ့ လူတွေရဲ့ အော်ဟစ်သံတွေဟာ ပဲ့တင်ထပ်နေခဲ့တယ်..။မီး လောင်ကျွမ်းနေတဲ့ လူသား အနံ့တွေနဲ့ အစွန်းရောက်နေတဲ့ ကြောက်ရွံ့မှုတွေက သူ့ကို နေရာ အနှံ့ကနေ တိုက်ခိုက်နေသလိုပါပဲ..။

​အလင်းနတ်ဘုရား ဆိုတာက ဖန်ဆင်းခြင်း နတ်ဘုရား ဆိုပေမယ် ဖျက်ဆီးခြင်း နတ်ဘုရား ဆိုရင်လည်း မမှားပါဘူး.။ဒီနေ့မှာတော့ သူရဲ့ ဖျက်ဆီးမူ စွမ်းအားတွေက ကံကြမ္မာဆိုး စောင့်ကြိုနေတဲ့ မြို့တော်ပေါ်ကို ခမ်းနားမှုတွေနဲ့ ထိပ်လန့်ဖွယ်ကောင်းလောက်အောင် ကျဆင်းလာခဲ့တယ်..။

​ဆန်နီ ကိုယ်တိုင်လည်း အမှားတစ်ခု လုပ်မိတာနဲ့တင် ပျက်စီးသွားနိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့တာပါ။

​သူက လောင်ကျွမ်းနေတဲ့ အိပ်မက်ဆိုးထဲမှာ ပြေးလွှားနေရင်း အရိပ်တွေရှိတဲ့ နေရာကနေ သွားလာနေခဲ့ရတယ်။ ထိတ်လန့်နေတဲ့ လူအုပ်ကြီးရဲ့ တွေ့မြင်ခြင်းမခံရအောင် မီးခိုးတွေကို အကာအကွယ်ယူပြီး ခရီးဆက်နေခဲ့ရတာပါ။ သူရဲ့ သန်မာတဲ့ လက်သည်း ၊ ခြေသည်းတွေကြောင့် အဆောက်အအုံတွေပေါ် တက်ဖို့ ဒါမှမဟုတ် လူအုပ်ကြီး အထက်က တံတိုင်းတွေပေါ်ကနေ သွားလာဖို့က သူ့အတွက် မခက်ခဲပါဘူး။ ကျွန်းတစ်ခုရဲ့ အစွန်းကို ရောက်တဲ့အခါ မှာတော့ သူက တံတား ၊ ရေလွှဲတံတား ဒါမှမဟုတ် ကောင်းကင်ချိန်းကြိုး တစ်ခုကို သုံးပြီး နောက်ထပ် ကျွန်း ဆီကို ကူးသွားခဲ့တယ်..။

​ဆန်နီရဲ့ လျှင်မြန်သန်မာမူတွေက အရှိန်အဟုန်နဲ့ ပျံ့နှံ့နေတဲ့ မီးတောက်တွေဆီကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပြသနာ မရှိခဲ့ပါဘူး.။ ဒီမီးတောက်တွေက အသားနဲ့ ကျောက်တုံးတွေကို မခွဲခြားဘဲ အငမ်းမရ ဝါးမြိုနေကြတယ်။ သို့ပေမဲ့ ဆေးဗားရက် က သူ့ခေါင်းပေါ်ကို မီးတောက်တွေ မှုတ်ထုတ်လိုက်မယ်ဆိုရင်တော့ ဘယ်အရာကမှ သူ့ကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး..။ မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော် တောင်မှ နဂါးရဲ့ မီးတောက်တွေ နဲ့ တိုက်ရိုက်ထိတွေ့ရင် တစ်စက္ကန့်ထက် ပိုခံနိုင်မှာ မဟုတ်ပေ။

​သူ အားကိုးနိုင်တာကတော့ သူ့ရဲ့ အလိုလို သိစိတ်နဲ့ လျင်မြန်တဲ့ တုံ့ပြန်မှုတွေပါပဲ။

​ကြီးမားတဲ့ အဆောက်အဦးတစ်ခုရဲ့ အမိုးပေါ်ကို ရောက်တဲ့အခါ မှာတော့ ဆန်နီဟာ အောက်က လမ်းဆီကို ခုန်ကူးဖို့ ပြင်လိုက်တယ်..။ ဒါပေမဲ့ သူ ချက်ချင်းပဲ နောက်ကို ဆုတ်ပြီး အရိပ်ထဲကို ပြန်ဝင်သွားခဲ့တာကြောင့် မီတာအနည်းငယ် အကွာမှာ ပြန်ပေါ်လာခဲ့တယ်။

​နောက်တစ်စက္ကန့်မှာပဲ ပြင်းထန်တဲ့ မီးတောက်တိုင်ကြီး တစ်ခုက အပေါ်ကနေ ကျရောက်လာပြီး သူ သွားဖို့ ပြင်နေတဲ့ နေရာဆီကို ကျရောက်လာခဲ့ပါတယ်..။ဒါက နေရာတစ်ခုလုံးကို ပျက်ဆီးသွားစေပြီး မြေပြင်နဲ့ တစ်သားတည်း ဖြစ်သွားစေပါတယ်။ လမ်းတစ်ခုလုံးလည်း ပါသွားခဲ့ပြီ။ သူ ရပ်နေတဲ့ အမိုးကလည်း နှစ်ခြမ်းကွဲသွားပြီး အဆောက်အအုံတစ်ခုလုံး တုန်ခါကာ ပူပြင်းတဲ့ ငရဲတွင်းထဲကို ပြိုလဲကျတော့မယ့် အလားပါပဲ..။

​ပူပြင်းလွန်းတဲ့ မီးလျှံတွေကြောင့် ရှေ့ဆက်ရမယ့်လမ်းက ပိတ်သွားခဲ့တာကြောင့် သူ လမ်းကြောင်းပြောင်းလိုက်တယ်..။

​ဆန်နီ ကျိန်ဆဲလိုက်ပြီး ဘေးဘက်ကို ပြေးသွားကာ အောက်ကို ခုန်ချလိုက်ပါတယ်..။ပြီးတာနဲ့ ကောင်းကင်ပေါ်ကို တစ်ချက် ကြည့်လိုက်တယ်..။

​အံ့ဩစရာကောင်းစွာပဲ နိုတစ်ဟာ ရူးသွပ်နေတဲ့ နဂါးကို အခုထိ ခုခံနိုင်နေဆဲပါ..။

​သူ အသွင်ပြောင်းလဲထားတဲ့ အလင်းမြစ်ကြီးဟာ အားကောင်းလွန်းတဲ့ နေရောင်ခြည်အောက်မှာတော့ ဖြူဖျော့ပြီး အားနည်းနေသလို ထင်နေခဲ့ရတယ်။ ဆေးဗားရက် ဆီကနေ ထွက်ပေါ်လာတဲ့ ကြောက်မက်ဖွယ် စွမ်းအား အရှိန်အဝါကလည်း ဒီအလင်းတန်းတွေကို ပိုပြီး သေးငယ်သွားစေပါတယ်။ သူတို့နှစ်ယောက်ကြားက စွမ်းအားကွာခြားချက်က သိသာလောက်အောင်ကို ကြီးမားနေခဲ့တယ်..။

​ဒါပေမဲ့လည်း ဆည်းဆာချိန်သားရဲ ကတော့ ဆက်လက် တောင့်ခံနေဆဲပါပဲ..။

​အခုဆိုရင် ဆင်စွယ်ရောင်အရှင်သခင် ဟာ ရူးသွပ်မှုနောက်ကို ပါသွားပြီး အသိဥာဏ်အားလုံးကို စွန့်လွှတ်လိုက်ပြီဖြစ်လို့ အသိစိတ်နေတဲ့ သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ ကြီးမြတ်တဲ့ သားရဲဖြစ်ပေမယ့်လည်း သားရဲက သားရဲပါပဲ။ အားနည်းနေတဲ့ အခြေအနေမှာတောင် မှော်ဆရာဟာ သူရဲ့ ပါးနပ်မှုနဲ့ လှည့်ဖြားမှုတွေကို သုံးပြီး ရန်သူ့ထက် ခြေတစ်လှမ်း အမြဲသာနေခဲ့ပါတယ်..။

​ဖြူဖျော့တဲ့ အလင်းတန်းတွေဟာ အမြဲတစေ ပုံသဏ္ဌာန်ပြောင်းလဲနေခဲ့ပြီး နဂါးကြီးကို ဝန်းရံထားခဲ့တယ်..။ပြီးတာနဲ့ ကြေးခွံတွေကြားထဲကနေ အသားထဲထိ နစ်ဝင်အောင် ကိုက်ဖြတ်နေခဲ့ကြပါတယ်။ ဒဏ်ရာတစ်ခုချင်းစီက သေးငယ်ပြီး အရေးမပါသလို ထင်ရပေမယ့် ဒီဒဏ်ရာတွေက သားရဲကြီးကို အတော်လေး နာကျင်စေပါတာ အမှန်ပါပဲ..။တစ်ခါတစ်ရံမှာ အလင်းတန်းတွေက ကြီးမားတဲ့ ဝံပုလွေကြီးအဖြစ် စုစည်းသွားပြီး နဂါးကြီးရဲ့ ကြေးခွံတွေကို အစွယ်နဲ့ ကိုက်ဖြတ်နေခဲ့တယ်..။

​နိုတစ်ဟာ ဆေးဗားရက် နဲ့ ဆင်စွယ်ရောင်မြို့တော် ကြားမှာ အမြဲ နေရာယူထားတာကြောင့် ရူးသွပ်နေတဲ့ ချိန်းအရှင်သခင် တိုက်ခိုက်လာတဲ့ အချိန်တိုင်းမှာ သူ့မြို့ကို ပိုပြီး ပျက်စီးစေပါတယ်..။

​ဆေးဗားရက် နာကျင်ခံစား ရလေလေ ၊ သူချစ်ရတဲ့ မြို့ကို သူကိုယ်တိုင် ပိုပြီး ဖျက်ဆီးလေလေပါပဲ။ သူ့ရဲ့ ရူးသွပ်မှုနဲ့ စိတ်ပျက်အားငယ်မှုတွေက ပိုနက်ရှိုင်း လာနေခဲ့ပါပြီ။ သူ့ရဲ့ စိတ်ထဲမှာ အသိတရားတွေ လျော့နည်းလာတာနဲ့အမျှ ရက်စက်တဲ့ မှော်ဆရာအတွက် တိုက်ခိုက်ရတာ ပိုလွယ်ကူလာနေခဲ့တယ်..။နဂါးကြီးအပေါ် သူပေးခဲ့တဲ့ သေးငယ်တဲ့ ဒဏ်ရာလေးတွေဟာလည်း တဖြည်းဖြည်းနဲ့ များပြားလာခဲ့ပါပြီ..။

​သို့ပေမယ့် နိုတစ် ကိုယ်တိုင်လည်း အတော်လေး ထိခိုက်ဒဏ်ရာ ရနေခဲ့တယ်။ သူက မီးတောက် အများစုကို ရှောင်တိမ်းနိုင်ပေမယ့် တစ်ခါတစ်လေမှာတော့ သူ့ရဲ့ အစိတ်အပိုင်း အချို့က ပြန်ပြင်လို့မရအောင် ဖျက်ဆီးခံလိုက်ရပါတယ်။ သူ့ကို ဖွဲ့စည်းထားတဲ့ အလင်းတန်းတွေဟာ အခုဆိုရင် အတော်လေး ဖြူဖျော့နေခဲ့ပါပြီ..။

​ဒီကြောက်မက်ဖွယ် တိုက်ပွဲမှာ ဘယ်သူ အနိုင်ရမှာလဲ ဆိုတာ ကို ဆန်နီ မပြောနိုင်တော့ပေ။ သူကတော့ ရလဒ်နှစ်ခုလုံးအတွက် ပြင်ဆင်ထားရမှာပါပဲ..။

​…နိုတစ် ပြောခဲ့သလိုပဲ ၊ ကောင်းကင်မှာ တိုက်ခိုက်နေတဲ့ အထွတ်အထိပ် သူတော်စင် နှစ်ယောက်ဟာ တဖြည်းဖြည်း နဲ့ ဆင်စွယ်ရောင်တာဝါ ဆီကို ရောက်လာခဲ့ကြတယ်။ ဆန်နီလည်း အဲ့နားကို နီးကပ်လာနေခဲ့ပါပြီ။ သူဟာ ကျွန်းပေါင်း ခြောက်ခုလောက်ကို ဖြတ်ကျော်လာခဲ့နိုင်ခဲ့တယ်..။ အခုချိန်အထိ သူ့မှာ အပူလောင်ဒဏ်ရာ အနည်းငယ်ပဲ ရခဲ့တာကြောင့် ကံကောင်းတယ်လို့ ဆိုရမှာပါ..။ လက်ရှိမှာတော့ သူ့နဲ့ ကြီးမြတ်တဲ့ ဆင်စွယ်ရောင် စေတီကြားထဲမှာ ချိန်းကြိုး အနည်းငယ်လောက်သာ ကွာခြားပါတော့တယ်။

​သူ ခုန်ကူးရမယ့် နောက်ဆုံး ကျွန်းပေါ်ကို တက်လိုက်တဲ့အချိန်မှာတော့ ကောင်းကင်ကနေ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီး တစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်..။ဒီအသံကြီးက တစ်ကမ္ဘာလုံးကို တောင် တုန်ခါသွားစေခဲ့ပါတယ်။

​ဆန်နီ ဒူးထောက်ကျသွားပြီး သူ့ရဲ့နားတွေကို လက်နဲ့အုပ်ကာ အံဩစွာပဲ အပေါ်ကို မော့ကြည့်လိုက်မိတယ်..။

​သူ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အေးခဲသွားစေပါတယ်..။

​ကြီးမြတ်တဲ့ နဂါးကြီး ဆေးဗားရက် က…

​အောက်ကို ပြုတ်ကျနေခဲ့ပါပြီ..။

​သူ့ရဲ့ ဆင်စွယ်ရောင် ကြေးခွံတွေက သွေးနီရောင် ပြောင်းလဲနေခဲ့တယ်..။ သူ့ရဲ့ လည်ပင်းမှာတော့ ကြီးမားတဲ့ အသားစတစ်ခု ပြတ်ထွက်နေခဲ့ပါတယ်။ အဲ့ဒီ ကြောက်မက်ဖွယ် ဒဏ်ရာထဲကနေပဲ သွေးတွေက မြစ်တစ်စင်းလို စီးကျနေပြီး သူ့ရဲ့ သန်မာတဲ့ တောင်ပံတစ်ဖက်ကလည်း ကျိုးသွားတဲ့ ပုံပါပဲ..။ ကောင်းကင် ပေါ်မှာ ခန္တာကိုယ် အလေးချိန်ကို မထိန်းနိုင်တော့ဘဲ နဂါးကြီးဟာ အောက်ကို ထိုးကျလာခဲ့ပြီး ဆင်စွယ်ရောင်ကျွန်း ပေါ်ကို ပြင်းထန်စွာ ကျရောက် သွားခဲ့တယ်။ ဖုန်မှုန့်တွေက အလိပ်လိုက် တက်လာခဲ့ပြီး သူ့ရဲ့ ပုံရိပ်ကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ..။

​ဆန်နီ ယိမ်းယိုင်နေပြီးမှ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်တယ်..။

​'ဒီ .ရူးသွပ်နေတဲ့ ခွေးသားလေး… သူ တကယ် လုပ်နိုင်ခဲ့တာပဲ…'

​နိုတစ်က နိုင်သွားတာလား…။

​သူ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တဲ့အခါမှာတော့ ဝံပုလွေပုံစံ သတ္တဝါတစ်ကောင်ကို မီးတောက်တွေက ဝါးမြိုနေတာ မြင်လိုက်ရတယ်။ ဖြူဖျော့တဲ့ အလင်းတန်းတွေ လျင်မြန်စွာပဲ စားသုံးခြင်းခံလိုက်ရပြီး လုံးဝ ကွယ်ပျောက်သွားခဲ့ပါတယ်။

​အဲ့ဒီနောက်မှာတော့ သေးငယ်တဲ့ လူသားပုံရိပ်တစ်ခုက မြို့ပေါ်ကို ပြုတ်ကျလာခဲ့တယ်..။

​နိုတစ် က အသက်ရှင်နေသေးတယ်ဆိုတာ သူ သိထားပြီးသားပါ.။ မှော်ဆရာက အင်မော်တယ် တစ်ယောက် မဟုတ်ဘူးလား။သို့ပေမဲ့ သူ ချက်ချင်း ပြန်ကောင်းလာနိုင်လိမ့်မယ်လို့ တော့ ဆန်နီ မထင်မိပေ..။

​သို့ပေမဲ့ အဲ့ဒါက အရေးမကြီးပါဘူး..။

​မှော်ဆရာက သူ့ရဲ့ တာဝန်ကို လုပ်ဆောင်ခဲ့ပြီးပါပြီ။အခုချိန်မှာ ဆေးဗားရက် က အပြင်းအထန် ဒဏ်ရာရသွားပြီဖြစ်တာကြောင့် အမှန်တကယ် သေဆုံးသွားအောင် ဒီဒဏ်ရာကို ဓားနဲ့ ထိုးနှက်ဖို့ပဲ ရှိပါတော့တယ်..။

​ဆန်နီ ရှေ့ကို ပြေးတက်သွားခဲ့တယ်။ ဆင်စွယ်ရောင်တာဝါ က သူ့ရဲ့ အထက်မှာ ရှိနေပြီး ကောင်းကင်ကို ကွယ်ထားသလို တောင် ဖြစ်နေခဲ့ပါတယ်။ သူက ကျွန်းရဲ့ အစွန်းကို ရောက်အောင်သွားပြီး တာနဲ့ တာဝါရဲ့ အောက်ခြေကို ရောက်ဖို့အတွက် နောက်ဆုံး ချိန်းကြိုးတစ်ခုကို ဖြတ်ကျော်ရမှာပါ..။

​အခု သူ ဖြတ်ကျော်နေတဲ့ ကျွန်းမှာတော့ ဘာအဆောက်အဦးမှ မရှိခဲ့ပေ။ အဲ့ဒီအစား ကျွန်းရဲ့ အလယ်ဗဟိုမှာ ချွန်ထက်တဲ့ အဖြူရောင် ကျောက်တုံးကြီးတစ်ခုသာ ရှိနေခဲ့တယ်..။ အဲ့ဒီမှာ မီးခိုးတွေ စွဲနေတဲ့ ချိန်းကြိုးတွေ တွဲလောင်းကျနေခဲ့ပါတယ်..။

​ ဆန်နီဟာ ဒီကျောက်တုံးကို ဂရုမစိုက်ဘဲ ဆင်စွယ်ရောင်ကျွန်းဆီကို ဦးတည်ထားတဲ့ ကောင်းကင်တံတားဆီကိုသာ ပြေးသွားလိုက်တယ်။

​သို့ပေမဲ့ သူ တံတားနားကို ရောက်သွားတဲ့ အချိန်မှာတော့ သူ့ရဲ့ ခြေလှမ်းတွေ နှေးကွေးသွားပြီး လုံးဝ ရပ်တန့်သွားခဲ့ပါပြီ။

​…တံတားဆီကို သွားတဲ့ လှေကားထစ်တွေပေါ်မှာတော့ လူတစ်ယောက်က အေးအေးဆေးဆေးပဲ ထိုင်နေခဲ့တယ်..။

​သူစိမ်းရဲ့ ပုံစံက သက်သောင့်သက်သာ ဖြစ်နေခဲ့ပြီး ခုနက ဖြစ်ပျက်သွားတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲကြီးကိုလည်း လုံးဝ ဂရုမစိုက်သလိုရှိနေခဲ့တယ်..။ဒီလူက ဆင်စွယ်ရောင်တာဝါ ကို ကျောခိုင်းထားရင်း ဆန်နီ့ကိုသာ တည့်တည့် ကြည့်ကာ..

စောင့်ဆိုင်းနေခဲ့ပါတယ်..။

အပိုင်း ( ၇၃၃ ) ပြီး၏။

All Chapters