အပိုင်း (၆၅)
Vol. 5 Ch. 65
ကျင်းရှီရဲ့ နောက်ကျောက နံရံပေါ်က ခလုတ်ကို မတော်တဆ ထိမိပြီး တောက်ပတဲ့ မျက်နှာကြက်မီးက အပေါ်ကနေ လင်းကျလာသည်။ ပေါ်ရန်၏ မျက်နှာပေါ်တွင် နီမြန်းနေသည်များကို ရှင်းရှင်းလင်းလင်း မြင်နေရသည်၊ သူ၏ နက်နဲသော နဖူးရိုးအောက် နစ်မြုပ်နေသော မျက်လုံးများက တပ်မက်စိတ်များ တဟုန်ထိုး တက်လာသည်။
ပေါ်ရန်သည် "လျှပ်တစ်ပြက်" ခလုတ်ကို ပြန်နှိပ်လိုက်ရာ ပတ်ဝန်းကျင်သည် အမှောင်ကျသွားပြန်သည်။
ကျင်းရှီက အနည်းငယ် လှုပ်လိုက်ပြီး "ပေါ်...ပေါ်ရန်၊ ကျွန်မကို လွှတ်ပါ"
"ဟမ်?"
"အောက်က နာတယ်။"
သူ့ဒူးက သူမကို နာကျင်စေသည်။
ပေါ်ရန်သည် ရုတ်တရက် ရယ်လိုက်ပြီး သူ့ဒူးကို တမင်ပြန်ရွေ့သွားပုံရသည်။ ကျင်းရှီ၏ ခန္ဓာကိုယ်သည် အထိန်းအကွပ်မရှိ တုန်ခါသွားခဲ့သည်။
"အာ့၊ မလုပ်နဲ့။"
"မလုပ်ရဘူးလား?"
သူ့လက်က သူမခါးပေါ် ကျသွားသည်။ သူ့ဒူးက သူမကို ညင်သာစွာ ပွတ်သပ်ပေးရင်း၊ သူ့နှုတ်ခမ်းထောင့်က အပြုံးက မကောင်းတာတွေ လုပ်တိုင်း နက်နဲလာသည်။
ကျင်းရှီ၏ မျက်နှာနှင့် နားများသည် နီရဲသွားကာ သူ့ကိုကြည့်ရသည်မှာ ရှက်လွန်းသည်။ သူမခေါင်းကို ငုံ့ထားကာ မျက်လုံးများကို ဘေးသို့ လွှဲလိုက်ပြီး သူ့ပခုံးပေါ်မှ သူမလက်များ အားပျော့သွားကာ သူမ၏ တစ်ကိုယ်လုံး လျော့ရဲလာသည်။
ပေါ်ရန်သည် သူမကို အောက်ချဖို့ တွန့်ဆုတ်နေပြီး သူမ၏ နှုတ်ခမ်းနီနီများကို ငုံ့နမ်းပြန်သည်။
ကျင်းရှီသည် သူ့အောက်မှာ ငါးတစ်ကောင်လို လျင်မြန်စွာ လျှောကျလာပြီး အိမ်ထဲသို့ ဝင်ပြီးနောက် လေအေးပေးစက်ကို ဖွင့်ထားခဲ့သည်။
တံခါးဝမှာ သူနဲ့အတူ အရူးလိုလှည့်ပတ်နေတဲ့ သူမရဲ့ အတွင်းခံအင်္ကျီက ချွေးတွေစိုနေပြီ။
ပေါ်ရန်သည် ခေါင်းငုံ့ကာ ဒူးကိုထိလိုက်ကာ တစ်နေနေရာရာက စိုနေသည်၊ ချွေးထွက်နေလား မဟုတ်ရင် တခြားအရာလား မသိပေ...
ကျင်းရှိသည် လေအေးပေးစက်ရှေ့တွင် ရပ်နေကာ ရုတ်တရက် လေအေးက သူမပါးပြင်ပေါ် တိုက်ချလာသည်။ နောက်လှည့်ကြည့်လိုက်တော့ ပေါ်ရန်က ပျော့ပျောင်းတဲ့ ဆိုဖာပေါ်မှာ မှောက်လျက် သူ့မျက်နှာကို ကူရှင်ထဲ မြှုပ်နေတာ တွေ့လိုက်ရသည်။
"ကိုယ့်ကို မကြည့်နဲ့ ကိုယ် နည်းနည်းရှက်နေတယ်"
"..."
ကျင်းရှီ စကားမပြောနိုင်ခဲ့ပေ။
သူက အိမ်သွားဖို့ အကြံပေးသူ၊ နမ်းခိုင်းပြီး မကောင်းမှုတွေ လုပ်ခဲ့သူပါ။ အခုလည်း သူက ရှက်ချင်ယောင်ဆောင်နေသည်...
တကယ့်ကို မကောင်းဆိုးဝါး ရည်းစားပဲ။
ကျင်းရှီသည် တီဗီဖွင့်ရန် ထိန်းချုပ်ခလုတ်ကို အသုံးပြု၍ ဆိုဖာအနားသို့ တွားသွားကာ ဒူးကို ပွေ့ဖက်ထားလိုက်သည်။
သူမ နှုတ်ခမ်းကို စေ့လိုက်သည်။ သူမနှုတ်ခမ်းက နမ်းရှိုက်မှုကြောင့် တုန်ယင်နေသေးသည်။
ပေါ်ရန်သည် ခေါင်းအုံးကို ဖယ်လိုက်ပြီး မျက်လုံးတစ်ဖက်ဖြင့် သူမကို ချောင်းကြည့်သည်။ သူ့မျက်လုံးလေးတွေက တော်တော်ရှက်နေသည်။ အတင့်ရဲသူသည် မကောင်းမှုပြုရာမှ ဘယ်ရောက်သွားသလဲ။
ကျင်းရှီသည် သူ့ကို လျစ်လျူရှုပြီး တီဗွီအသံအတိုးအကျယ်ကို ဖွင့်လိုက်သည်။
မကြာမီ ပေါ်ရန်သည် သူမဘက်သို့ ရွေ့သွားကာ သူ့လက်မောင်းကို သူမအား ပတ်ကာ သူ့ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။
ထို့ကြောင့် ကျင်းရှီသည် ပျော့ပျောင်းသော ကြောင်ကလေးကဲ့သို့ နာခံမှုရှိစွာ သူ့ရင်ဘတ်တွင် တွယ်ကပ်နေသည်။
"ရှီရှီ၊ ကိုယ် တကယ်မထွက်သွားချင်ဘူး"
စိုစွတ်ပြီး ပူပူနွေးနွေး သူ့အသက်ရှုသံက သူမဦးခေါင်ထက်မှာ တဖျပ်ဖျပ်လွင့်နေသည်။ "ကိုယ် မင်းကို အရူးလိုပဲ လွမ်းနေမှာ"
ကျင်းရှီသည် နောက်ပြန်လှည့်ကာ သူ၏မာကျောသော ရင်ဘတ်ပေါ်တွင် မှီလိုက်ပြီး သူ၏ပျော့ပျောင်းသောလက်ကို ဆုပ်ကိုင်ကာ တဖြည်းဖြည်း ဂရုတစိုက်နဲ့ သူ့လက်ချောင်းထိပ်များရှိ ကြမ်းတမ်းသော အဖုအပိန့်များကို ကိုင်လိုက်သည်။ သူမ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "အိုး"
"အိုးပဲလား"
သူက စိတ်အားထက်သန်စွာ ဝန်ခံနေတာကို မင်းက "အိုး" လို့ပဲ ပြောရလား။
ကျင်းရှီသည် မျက်ခုံးပင့်ကာ ရယ်လိုက်ပြီး "မြန်မြန် ပျောက်ကွယ်သွားလိုက်!"
ပေါ်ရန်က သူမကို စိတ်ဆ်ိုးကာ ဖိလိုက်သည်။
ကျင်းရှီသည် ထိုလူ၏ ကြမ်းတမ်းသော ခန္ဓာကိုယ်က တောင်တစ်ခုလို မာကြောပြီး သူမအပေါ်တွင် လေးလံနေခဲ့သည်။ ၎င်းသည် လေးလံသော်လည်း သူမ အပြည့်အဝ ထမ်းနိုင်သည့် အလေးချိန်၊ သူမ လူ၏ အလေးချိန်။
သူမ၏ အသက်ရှုသံက အနည်းငယ် တင်းကြပ်သွားသည်။
သို့သော် ပေါ်ရန်သည် အရှိန်အဟုန်ဖြင့် မလုပ်ဆောင်ခဲ့ပေ။ သူသည် ဂရုတစိုက်ဖြင့် သူမနဖူးပေါ်ရှိ ရှုတ်ထွေးနေသော ဆံချည်မျှင်များကို ဖယ်လိုက်ပြီးနောက် ရှည်လျားသော နှာတံဖြင့် သူမကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"ပေါ်ရန်၊ ရှင့်အနံ့"
"ကိုယ်က ယောက်ျားပဲ၊ အနံ့ရှိတာပေါ့"
"နို့ချဉ်အနံ့လိုပဲ"
"မင်းအရင်က နို့နံ့လို့ ပြောဖူးတယ်၊ အခုချဉ်သွားပြီ"
ကျင်းရှီက ရယ်ပြီး "ဟုတ်တယ်၊ ချဉ်တယ်၊ ရေချိုးလိုက်"
"နောက်မှ လုပ်ရအောင်။" ပေါ်ရန်သည် အလွန်မိုက်မဲစွာ သူမလည်ပင်းမှာ သူ့ခေါင်းကို ခါယမ်းလိုက်သည်။ သူ့ရဲ့နူးညံ့ပျော့ပျောင်းသော ဆံပင်များက သူမ၏လည်ပင်းကို ကလိနေသည်။
ကျင်းရှီသည် မျက်လုံးများကိုဖွင့်ကာ ထိုလူ၏အသွင်အပြင်ကို အနီးကပ်ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်အပေါ် ချစ်မြတ်နိုးမှုကို ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျင်းရှီသည် သူ့မျက်လုံးထဲတွင် နက်နဲသောအလင်းရောင်ကို မြင်လိုက်ရသည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ခဏလောက် တိတ်တဆိတ်ကြည့်ရင်း နောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို တိတ်တဆိတ် သတိထားမိကြသည်။
"နာကျင်မှာလား?" သူမက သူ့ကိုမေးသည်။
"အဆင်ပြေပါတယ်" သူက သူမနှုတ်ခမ်းတွေကို ပေါ့ပေါ့ပါးပါး နမ်းလိုက်ရင်း သူ့အသံက ချိုမြိန်ပြီး "မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားဖို့ လိုတယ်။ မင်းရည်းစားက ကြီးတယ်... သေချာပေါက် နာကျင်လိမ့်မယ်"
ကျင်းရှီအပေါ် ထိတ်လန့်တုန်လှုပ်သော ခံစားမှုတစ်ခု လွှမ်းသွားသည်။
သူ့လက်သည် အောက်သို့ လျှောကျလာသည်နှင့်အမျှ ဖြတ်သွားသော နေရာတိုင်းသည် သူမ၏ ခန္ဓာကိုယ်မှတဆင့် ထူးဆန်းသောလျှပ်စီးကြောင်းများ ပို့လွှတ်ကာ တုန်လှုပ်သွားစေသည်။
သို့သော် ထိုအချိန်တွင် ဒိုရေမွန်ဖုန်းမြည်သံက ဟန်ချက်ညီညီ ထွက်ပေါ်လာခဲ့သည်။
ပေါ်ရန်၏လက်သည် သူမ၏ ဘောင်းဘီပေါ် ရောက်သွားသော်လည်း စိတ်ရှည်စွာ စောင့်ဆိုင်းနေသကဲ့သို့ ဆက်၍မလုပ်ခဲ့ပေ။
ကျင်းရှီသည် လွယ်အိတ်ထဲမှ ဖုန်းကို ခက်ခက်ခဲခဲ ထုတ်ယူကာ စခရင်ကို ကြည့်လိုက်သည်။ ရှန်ဖျင်ချွမ်ဟု သူမက အံ့အားသင့်စွာ အော်ဟစ်ခဲ့သည်။
"မင်း ဖြေမှာလား"
ကျင်းရှီသည် ရှန်ဖျင်ချွမ်ကို ကောင်းစွာသိသည်။ မရှင်းမလင်းသော အကြောင်းပြချက်ဖြင့် သူမ ပြန်မဖြေပါက၊ သူက ဖုန်းဆက်ခေါ်နေမှာ သေချာသည်။ သူ တကယ်ခေါ်လို့မရရင် သူ့အစ်ကိုက ရဲကို တကယ်ခေါ်လိမ့်မည်။
ကျင်းချီသည် ဖုန်းခေါ်ဆိုမှုကို ဖြေကြားခဲ့သည်။ ရှန်ဖျင်ချွမ်၏ အသံသည် အခြားတစ်ဖက်တွင် ပုံမှန်အတိုင်းဖြစ်နေသည်။ "မင်းဖြေဖို့ ဘာကြောင့် ဒီလောက်ကြာနေတာလဲ"
"အမ်...ကျွန်မ…ရေချိုးနေလို့" သူမသည် ထိုနေရာတွင် အကြောင်းပြချက်တစ်ခု ဖန်တီးခဲ့သည်။
"မင်းအဆောင်မှာလား?"
"အာ"
"ငါ မင်းရဲ့ အဆောက်အဦး အောက်ထပ်မှာ။ မြန်မြန်ဆင်းခဲ့"
"အိုး"
"အိုး မင်းဘာကိုဆိုလိုတာလဲ။ မြန်မြန်လာ။ ဆရာရှန်က ငါ့အလုပ်ကိစ္စနဲ့ ခရီးကနေပြန်လာတော့ မင်းအတွက် အရသာရှိတဲ့ အစားအစာတွေ ပြန်ယူလာပေးတယ်။ မင်းမဆင်းရင် ငါစားလိုက်မှာ"
ပေါ်ရန်၏ ရှည်လျားသော လက်ချောင်းများက သူမ၏ ဆံပင်များကို ဆုပ်ကိုင်ထားပြီး ကျဉ်းမြောင်းသော မျက်လုံးများက သူမကို ပြုံးပြနေသည်။
"အစ်ကိုစားလို့ရတယ်။ ငါ မစားတော့ဘူး။" ကျင်းရှီက "ငါညဝတ်လဲပြီးပြီ။ အဆင်မပြေဘူး"
"အဝတ်အစားလဲဖို့ သိပ်အားစိုက်စရာမလိုပါဘူး။ မြန်မြန်လာ၊ ငါစောင့်နေမယ်"
"ငါ တကယ် ဆင်းလာမှာ မဟုတ်ဘူး"
ရှန်ဖျင်ချွမ်သည် အခြားတစ်ဖက်တွင် ခေတ္တတိတ်ဆိတ်နေသည်။ ကျင်းရှီ၏ နှလုံးသားလေးသည် ကျယ်လောင်စွာ ခုန်နေသည်။ ခဏအကြာတွင် သူပြောတဲ့ "ကောင်းပြီ" ဆိုတာကို သူမ ကြားလိုက်ရသည်။
သူမ ရုတ်တရက် သက်တောင့်သက်သာ ခံစားရသည်။
"ဒါဆို လသာဆောင်ကို ထွက်လာခဲ့၊ ငါ မင်းကိုတွေ့မယ်။"
"အိုး။"
"လုပ်ပြန်ပြီး အိုး မင်း ဘာကိုဆိုလိုတာလဲ။ ငါ မင်းရဲ့အဆောက်အဦး အောက်မှာရှိနေတယ်၊ ငါ့ကို တစ်ချက်ထွက်ကြည့်၊ ဒါဆို ငါထွက်သွားမယ်"
ကျင်းရှီက ထိတ်လန့်သွားပြီး "အဲ့မှာ ဘာကြည့်စရာရှိလို့လဲ"
"ကျင်းရှီ၊ မင်းဘယ်မှာလဲ"
ပေါ်ရန်က သူမကို စနေတာကို ရပ်လိုက်ပြီး ထထိုင်ကာ သူ့တံတောင်ဆစ်ကို ဒူးပေါ်တင်ကာ သူမကို ကြည့်နေသည်။
"ငါ..."
အချိန်အတော်ကြာပြီးနောက် သူမသည် နောက်ဆုံးတွင် "ငါ ပေါ်ရန်နဲ့ အတူရှိနေတယ်" လို့ အမှန်အတိုင်း ပြောခဲ့သည်။
"ကျင်းရှီ ဆယ်နာရီထိုးနေပြီ" ရှန်ဖျင်ချွမ်၏ အသံသည် နှိမ့်ချပြီး ငြိမ့်ညောင်းလှသည်။ "မင်း သူနဲ့ မင်းအိမ်စာတွေ ပြန်ကြည့်နေတုန်းလား"
"မဟုတ်ဘူး၊ ငါတို့ အိမ်စာတွေ မကြည့်ဘူး။ ငါတို့က..."
ပေါ်ရန်သည် ကျင်းရှီ၏ အေးစက်နေသောလက်ကို ဆုပ်ကိုင်လိုက်ပြီး သူမရဲ့တောက်ပနေသော လက်သည်းများကို ကစားနေသည်။
ကျင်းရှီက အသက်ပြင်းပြင်းရှူပြီး "ကျွန်မ သူ့နေရာမှာရှိနေတယ်" လို့ပြောလိုက်သည်။
လေသည် အခြားတစ်ဖက်သို့ ဖြတ်သွားကာ လက်ခံသူဆီသို့ တုန်လှုပ်ချောက်ချားသော ဆူညံသံများ သယ်ဆောင်လာသည်။
ရှန်ဖျင်ချွမ်သည် အချိန်အကြာကြီး စကားမပြောဘဲ ကျင်းရှီက သူ ဖုန်းချလိုက်နိုင်သည်ဟု တွေးလိုက်မိသည်။
ခဏအကြာတွင် ရှန်ဖျင်ချွမ်သည် နောက်ဆုံးတွင် သူ့အသိစိတ်ဝင်လာပြီး "မင်းတို့နှစ်ယောက် အခုတွဲနေတာလား?"
"ဟုတ်တယ်" သူမက တိုးတိုးလေးပြောသည်။ "ငါတို့ချစ်နေကြတာ"
ထို့နောက် ကျင်းရှီသည် ဘာမှထပ်မပြောတော့ပေ။ သူမသည် ဖုန်းကို ကြောင်အမ်းအမ်းဖြစ်ကာ ချလိုက်သည်။
"ရှန်ဖျင်ချွမ်က မင်းကို ဘာပြောလိုက်တာလဲ၊ သူက မင်းကို ဆူနေတာလား"
"မဟုတ်ဘူး"
သူ့ကိုမြင်တော့ ပေါ်ရန်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး "ကိုယ် ဒီကောင်ကို ခေါ်လိုက်မယ်" လို့ အသံတိုးတိုးနဲ့ ပြောလိုက်သည်။
ကျင်းရှီက သူ့လက်ကို ဖိထားပြီး ခေါင်းယမ်းလိုက်သည်။ သူမ၏ အနက်ရောင် မျက်ဆံများနှင့် ဖြူစင်သော အသားအရည်သည် အလွန် တောက်ပနေသည်။ သူမ ခေါင်းခါသည်။
"ရှန်ဖျင်ချွမ်က ကျွန်မကို ဂရုစိုက်ပြီး လုံခြုံအောင်နေဖို့ပဲ ပြောတယ်"
ကျင်းရှီသည် ပေါ်ရန်၏ ပါးလွှာသောမွေ့ယာပေါ်တွင် သူမ၏ အဖြူရောင်ခြေဖဝါးလေးများနှင့်အတူ ထိုင်ကာ ရံဖန်ရံခါ စိတ်လှုပ်ရှားစွာဖြင့် လသာဆောင်ဘက်သို့ ခေါင်းစောင်းကြည့်ခဲ့သည်။
လေက ကုလားကာတွေကို ညင်သာစွာ လှုပ်ခတ်သွားပြီး အပြင်မှာ ညက လေးလံနေသည်။
လသာဆောင်တွင် ပေါ်ရန်သည် ရှန်ဖျင်ချွမ်််နှင့် ဖုန်းပြောကာ ဟိုဟိုဒီဒီ လျှောက်နေခဲ့သည်။
ကျင်းရှီ သူ့ဖုန်းထဲက အချိန်ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက် စကားပြောနေတာ မိနစ်လေးဆယ်ကျော်နေပြီ။ သူမကိုယ်တိုင်တောင် ပေါ်ရန်နဲ့ ဒီလောက်အကြာကြီး ဖုန်းမပြောဖူးဘူး။
သူမ တကယ် သိချင်တာကြောင့် သူမ ဖိနပ်ကို စီးကာ တံခါးဆီသို့ ခြေထိုးလိုက်သည်။ လသာဆောင်ဘက်သို့ ခေါင်းစောင်းကြည့်တော့ သူတို့က ဖုန်းပြောနေကြရုံသာမက ဗီဒီယို chatting လည်း စတင်နေကြသည်ကို သူမတွေ့လိုက်ရသည်။
ဒီမှာ ဘာဖြစ်နေတာလဲ။
တံခါးအက်ကွဲရာကနေ ချောင်းကြည့်နေတဲ့ ကလေးမလေးကို ပေါ်ရန်က မြင်လိုက်ရတော့ သူက တိုက်ရိုက်ဝင်လာပြီး ခေါင်းကို အထဲကို ပြန်တွန်းချလိုက်ပြီး လသာဆောင်တံခါးကို ပိတ်လိုက်ပြီး သူမကို ခိုးကြောင်ခိုးဝှက် ကြည့်ခွင့်မပေးခဲ့ချေ။
ကျင်းရှီသည် မေးခွန်းများ ပြည့်နေသည်။ သူမသည် တစ်ဝက်တစ်ပျက်မှာ တွန်းထုတ်ခံလိုက်ရတဲ့ အာရုံကို ရုတ်တရက် ခံစားလိုက်ရသည်။
နောက်ထပ် မိနစ်နှစ်ဆယ်လောက်ကြာတော့ ညီအစ်ကိုနှစ်ယောက် စကားစမြည်ပြောလို့ ပြီးသွားသည်။ ပေါ်ရန်က အခန်းထဲသို့ ပြန်ဝင်လာပြီး အားသွင်းရန် ဖုန်းကို ကုတင်ဘေး စားပွဲပေါ် တင်လိုက်သည်။ ကျင်းရှီသည် စခရင်ကို တစ်ချက်ကြည့်လိုက်ပြီး ဘက်ထရီ ၁၀ ရာခိုင်နှုန်းသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။
ဒါဆို စကားမပြီးသေးဘဲ ဖုန်းဘက်ထရီကုန်သွားတာပဲ။
သူမသည် ပေါ်ရန်၏ အင်္ကျီကို ဆွဲကိုင်လိုက်ပြီး "ရှန်ဖျင်ချွမ် ရှင့်ကို အခက်တွေ့စေခဲ့သေးလား" လို့ စိုးရိမ်စိတ်နဲ့ မေးလိုက်သည်။
"မဟုတ်ဘူး"
"ရှင်တို့ ဘာတွေပြောနေကြတာလဲ၊ အကြာကြီး"
"အမှတ်တမဲ့ အရာတွေချည်းပဲ။"
ကျင်းရှီက မျက်တောင်ခတ်လိုက်သည်။ သူက အကျယ်တဝင့်ပြောရန် လိုလားပုံမပေါ်သည်ကို မြင်လိုက်ရသည်မှာ လျှို့ဝှက်ချက်အချို့ ရှိပုံပင်။
သူမသည် ပျော့ပျောင်းသောကုတင်ပေါ်မှ လှဲချလိုက်ပြီး ခေါင်းအုံးကို အားမလိုအားမရဖြင့် ရိုက်လိုက်သည်။ "ရှင် ကျွန်မကို လျှို့ဝှက်ချက်တွေကို ထိန်းနေတာ၊ ကျွန်မ ဒီအတိုင်း ဆက်သွားလို့မရဘူး"
ပေါ်ရန်က ရယ်လိုက်သည်။ "တကယ်တော့ ဒါက ယောက်ျားတွေကြားက သီးသန့်စကားပြောဆိုမှုတစ်ခုလို့ ယူဆပေမယ့် မင်းကို မပြောနိုင်စရာတော့ မရှိပါဘူးလေ။ ရှန်ဖျင်ချွမ်််က နည်းနည်းလေးစိတ်မကောင်းဖြစ်နေတယ်"
ကျင်းရှီက ထိုင်လိုက်သည်။ အောက်ကိုငုံ့ကြည့်ရင်း နှုတ်ခမ်းကို ကိုက်ကာ “ကျွန်မ သိပါတယ်” လို့ ပြောလိုက်သည်။
သူက လက်ဆန့်ပြီး သူမရဲ့ ပျော့ပျောင်းတဲ့ ဆံပင်တွေကို သပ်ပေးခဲ့သည်။ "မင်း မသိပါဘူး"
သူမ သူ့ကို အံသြစွာ ကြည့်လိုက်သည်။
ပေါ်ရန်က "သူက မင်းကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းတယ်လို့ မင်းထင်နေပေမယ့်၊ အဲဒါ မဟုတ်ဘူး။ သူက မင်းရဲ့ အရင်းနှီးဆုံး အစ်ကိုကလွဲလို့ ဘယ်သူ့ကိုမှ လျှို့ဝှက်မထားခဲ့လို့ ဝမ်းနည်းနေတာ။ သူက နောက်ဆုံး သိလိုက်ရတဲ့သူပဲ"
"ကျွန်မ..."
ကျင်းရှီက ပါးစပ်ကို ဖွင့်လိုက်သော်လည်း စကားတစ်ခွန်းမှ မထွက်နိုင်ပေ။ သူမ၏ မျက်လုံးများက ရုတ်တရက် နီရဲလာသည်။
ပေါ်ရန်သည် သူမဘေးတွင် ထိုင်ချလိုက်ပြီး သူ့၏ သွယ်လျသော လက်ချောင်းထိပ်များဖြင့် သူမ၏ မျက်ခွံများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"စောစောက သူက အတိတ်တုန်းက သူ မင်းအပေါ် အရမ်းရက်စက်ခဲ့တာ ဖြစ်နိုင်တယ်တဲ့၊ ဒါကြောင့် ချိန်းတွေ့တာလောက် အရေးကြီးတာတောင် မင်း သူ့ကို မပြောရဲဘူး။ သူက အစ်ကိုကောင်းမဟုတ်ဘူးလို့ ပြောတယ်"
ကျင်းရှီသည် ခေါင်းကို အကြိမ်ကြိမ်ခါလိုက်သည်။ "မဟုတ်ပါဘူး၊ လုံးဝမဟုတ်ပါဘူး၊ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးအစ်ကိုပါ။"
ဆိုးတာက သူမ။
ပေါ်ရန်သည် နီမြန်းနေသော သူမမျက်နှာလေးကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ သူမ၏ မျက်လုံးများသည် မျက်ရည်များ စီးကျလာရန် အဆင်သင့်ဖြစ်နေသည်။ သူမမျက်လုံးများကို သူ့လက်ဖဝါးဖြင့် ညင်သာစွာ သုတ်လိုက်သည်။
ကျင်းရှီက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "ရှင်တို့ ဘာအကြောင်းတွေ ပြောနေတာလဲ"
"ရှန်ဖျင်ချွမ်််က သူ ကိုယ်နဲ့ အကောင်းဆုံး ညီအစ်ကို ဖြစ်ချင်တယ်လို့လည်း ပြောခဲ့တယ်"
ကျင်းရှီက အံ့သြသွားသည်။ "သူ...ရှင့်ကို ဒီလိုပဲလက်ခံခဲ့တာလား၊ ရှင်နဲ့ ညီအစ်ကိုဖြစ်ချင်တာလား"
"အမ်း"
"အဲလောက်မလွယ်နိုင်ပါဘူး"
"ကိုယ် သူ့ကို ထိန်းထားဖို့ ရည်ရွယ်တဲ့ ကတိတစ်ခု ပေးခဲ့တယ်။"
ကျင်းရှီက စိတ်ဝင်တစား မေးလိုက်သည်။ "ဘာကတိလဲ"
ပေါ်ရန်က လက်ဆန့်ပြီး သူမရဲ့ စိုစွတ်နေသော နှုတ်ခမ်းများကို ညင်သာစွာ နမ်းလိုက်သည်။ "မင်းက ဒီနှစ် ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်။"
ကျင်းရှီက ထောက်ခံသံ ထွက်လာသည်။ "ဟုတ်တယ်၊ ကျွန်မ ဇွန်လမှာ ဆယ့်ရှစ်နှစ်ပြည့်တာ၊ ဒါနဲ့ ဘာဖြစ်လို့လဲ"
ပေါ်ရန်သည် မမြင်နိုင်လောက်သော သက်ပြင်းကို ထုတ်လိုက်သည်။ "အရမ်းငယ်တယ်။"
"ဒါဆို ရှင် သူ့ကို ဘာကတိပေးခဲ့တာလဲ။"
"ကိုယ် မင်းကို မထိမိဘူးလို့ ကတိပေးခဲ့တယ်... မင်း အရမ်းငယ်သေးတဲ့အရွယ်မှာ မထိဘူးလို့"
ကျင်းရှီက တိတ်ဆိတ်စွာ အံ့သြသွားသည်။ သို့သော် သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု တိုးလာသည်။
ပေါ်ရန်က ကွန်ဒုံးဗူးကို အမှိုက်ပုံးထဲ ပစ်ချလိုက်သည်။ တစ်ကိုယ်လုံး မောပန်းနွမ်းနယ်နေသဖြင့် သူက ကုတင်ပေါ် လှဲချကာ “မင်း ငယ်မှန်း ကိုယ် မသိလိုက်ဘူး” ဆိုတဲ့ စကားတွေကို ဆွဲထုတ်လိုက်သည်။
သူမက ပြုံးပြီး စောင်အောက်သို့ တိုးဝင်သွားပြီး ပေါ်ရန်ရဲ့ခြေထောက်ကို ကန်လိုက်သည်။ "ဒါဆို ရှင် ဆိုဖာပေါ်မှာ အိပ်တော့"
"ခေါင်းမူးနေတယ်" ပေါ်ရန်သည် သူမဘေးနားသို့ လှဲချလိုက်ပြီး သူ့မျက်နှာပေါ် ခေါင်းအုံးတစ်ခုတင်လိုက်သည်။ "ကိုယ် သည်းမခံနိုင်တော့ဘူး။ မီးကို မြန်မြန်ပိတ်လိုက်"
"ရှင်ဘယ်လိုလုပ်...ရှင် ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ ရှင် ဒီကနေ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား။"
မျက်လုံးများကိုမှိတ်ထားရင်း ပေါ်ရန်သည် စောင်ကိုဆွဲယူကာ ခါးတွင် တင်လိုက်ပြီး သူ့ကိုယ်သူ ခြုံလိုက်သည်။ "မင်းကို မထိဘူးဆိုပြီး ကတိပေးခဲ့တယ်လေ၊ မင်းကို ပွေ့ဖက်လို့မရဘူးလို့ မပြောခဲ့ဘူး"
ကျင်းရှီက တိုးတိုးလေး ရယ်လိုက်သည်။ "ရှင်ကတကယ်ကိုခွေးတစ်ကောင်ပဲ"
ပေါ်ရန်က သူ့လက်ကို သူမခါးလေးပေါ်တင်ကာ ပွေ့ဖက်ထားသည်။ "ဒါက မိန်းမတစ်ယောက်ကို ပွေ့ဖက်တာ ပထမဆုံးကြိမ်ပဲ"
"ဘယ်သူ...ဘယ်သူက ဒါကို ပထမဆုံးအကြိမ် လုပ်တာ မဟုတ်လို့လဲ"
သူ့လက်က အပေါ်ကို မငြိမ်မသက် ရွေ့လျားသွားပြီး ကျင်းရှီက ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ "ကောင်းကောင်းပြုမူပါ" လို့ ပြောလိုက်သည်။
သူက စိတ်မရှည်သော ညည်းညူသံကို ထုတ်လိုက်ပြီး သူမကို ပို၍ပင် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ "ကိုယ် သိပ်အဆင်မပြေဘူး။"
"ဘယ်မှာ အဆင်မပြေတာလဲ"
"အောက်က"
"..."
သူမ မျက်လုံးတွေကိုမှိတ်ပြီး "အင်း၊ ကျွန်မ အခုအိပ်တော့မယ်" လို့ ကြင်နာမှုကင်းစွာ ပြောလိုက်သည်။
"ဟမ်။"
ကျင်းရှီက စိတ်ချလက်ချ အိပ်ပျော်သွားသည်။ အေးချမ်းစွာ အိပ်စက်ရတဲ့ညတော့ မဟုတ်ပါချေ။ သူမသည် အကြိမ်များစွာ ကြောင်တက်တက်ဖြင့် လန့်နိုးလာကာ ကြိမ်ဖန်များစွာ လူးလှိမ့်ကာ တစ်ခါတစ်ရံ သူ့လက်မောင်းကို ပွေ့ဖက်ထားကာ တစ်ခါတစ်ရံ ပါးချင်းကပ်ကာ တစ်ခါတစ်ရံ ရင်ဘတ်ထဲသို့ တိုးဝင်သည်။
သူမ ကောင်းကောင်းအိပ်မပျော်ပေမယ့် အရမ်းလုံခြုံတယ်လို့ ခံစားရသည်။