← Chapters

အပိုင်း (၇၁)

Vol. 6 Ch. 71

အပိုင်း (၇၁)

Vol. 6 Ch. 71

ထိုမနက်ခင်းတွင် နွေးထွေးတောက်ပသော နေရောင်ခြည်သည် ဧည့်ခန်းရှိ အလင်းပိတ် ကုလားကာများပေါ်သို့ ကျရောက်လာခဲ့သည်။ အခန်းသည် နူးညံ့၊ သာယာသော နွေးထွေးမှုဖြင့် လွှမ်းခြုံထားသည်။

ရှန်ဖျင်ချွမ်သည် ခေါင်းအုံးကိုဖက်ထား၍ ဆိုဖာပေါ်တွင် လဲလျောင်းနေသည်။ သူ့နှာခေါင်းတွေ နီလာသည်အထိ သူ့နှာခေါင်းကို ပွတ်သပ်လိုက်သည်။ အရက်နာကျရာမှ နိုးလာသောအခါတွင် သူ့ခေါင်းက အလွန်ကိုက်နေပြီး မူးဝေနေသေးကာ မထချင်ပေ။

ကျင်းရှီသည် ဆိုဖာဘေးတွင်ဝပ်ကာ သူ့နှာခေါင်းပေါက်များကို ညင်သာစွာ ကလိရန် ဆိုဖာအောက်ကနေ ဆွဲထုတ်ထားတဲ့ အဖြူရောင် ကြက်မွှေးကို အသုံးပြုခဲ့သည်။ သူမအသံက အလွန်နူးညံ့သည်။ "အစ်ကို အစ်ကို~"

"မအိပ်နဲ့တော့~~"

"နိုးထပြီး အစ်ကို့ရဲ့အပြစ်ဒဏ်ကို လက်ခံပါ~"

ရှန်ဖျင်ချွမ်သည် သူမ၏လက်ကို တွန်းထုတ်လိုက်ပြီး အိပ်ရာပေါ်တွင် လှဲလျောင်းကာ သူ့ပခုံးများကို ပွတ်သပ်သည်။ "ငါ ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်ခဲ့တယ်"

"ဘာအိပ်မက်လဲ"

ရှန်ဖျင်ချွမ်က လက်ဆန့်ပြီး သူမရဲ့ခပ်ပြည့်ပြည့် ပါးတွေကို ညှစ်လိုက်ပြီး "ငါ ထန်ယွမ်ဖက်ထုပ်၊ ကြီးကြီးလုံးလုံး တစ်လုံးကို လုပ်နေတယ်လို့ အိပ်မက်မက်တယ်"

ကျင်းရှီက ဗိုက်ကိုကိုင်ကာ သတိလက်လွတ် အော်ဟစ်ရယ်မောခဲ့သည်။ "ခွေးအိုကြီး!"

ရှန်ဖျင်ချွမ်က သူမရဲ့ခြေထောက်ကို ကန်လိုက်သည်။ "မင်းဘာရယ်တာလဲ"

ကျင်းရှီက နောက်ဆုံးတွင် ရယ်တာကို ရပ်နိုင်ခဲ့ပြီး "မနေ့ညက ဖြစ်ခဲ့တာကို အစ်ကို မှတ်မိလား"

"မနေ့ညက ဘာဖြစ်လို့လဲ"

ကျင်းရှီသည် သူမ၏လက်ကို သူ့ပခုံးပေါ်တင်ကာ သူ့ကို အားနဲ့လှုပ်ယမ်းပြီး "မနေ့ညက အစ်မရှချင်းက အစ်ကို့ကို စက်ဘီးစီးပြီး ပြန်လာပို့တယ်!"

ရှန်ဖျင်ချွမ်က သူ့မျက်နှာမှာ အံ့သြမှုအပြည့်နဲ့ ရုတ်တရက်ထလိုက်သည်။ "တကယ်လား"

ကျင်းရှီ - "သူက အစ်ကို့ကို အဆောက်အဦး အောက်ကို ခေါ်လာတာ။ အဘိုးကြီးရှန်က မပြန်လာသေးဘူး၊ ကျွန်မလည်း အစ်ကို့ကို တစ်ယောက်တည်း မသယ်နိုင်ဘူး၊ ဒါကြောင့် အစ်မ ရှချင်းက အစ်ကို့ကို သူ့ကျောပေါ် တင်လိုက်တယ်"

ရှန်ဖျင်ချွမ် အံ့သြသွားပြီး "သူ ငါ့ကို သယ်သွားတာလား? မင်းနောက်နေတာလား!"

ကျင်းရှီက လေးနက်စွာ ခေါင်းညိတ်ပြပြီး ကော်ဖီ စားပွဲပေါ်ရှိ သစ်သီးဗန်းမှ ပန်းသီးတစ်လုံးကို ကိုင်ကာ နည်းနည်း ကိုက်လိုက်သည်။ "အစ်ကိုသိပါတယ်၊ အစ်ကိုက တကယ် မင်းသမီးလေး တစ်ယောက်ပဲ"

ရှန်ဖျင်ချွမ်သည် သူမလက်မှ ပန်းသီးကို ဆွဲယူလိုက်ပြီး တစ်ဖက်မှ ကိုက်ကာ "ငါတော့သွားပြီ။ ဘယ်လောက်တောင် ရှက်စရာကောင်းလဲ"

ကျင်းရှီက ပန်းသီးကို တစ်ဖန်ပြန်လုယူလိုက်ပြီး "ပိုတောင်ဆိုးတာတစ်ခုရှိသေးတယ်။ အစ်ကို့ရဲ့ ပျော့လွန်းတဲ့ ခံနိုင်ရည်ကို မြင်တော့ ကျွန်မ မပြောရဲတော့ဘူး"

"ဒါထက်ပိုရှက်စရာကောင်းတာက ဘာများဖြစ်နိုင်မှာလဲ" ရှန်ဖျင်ချွမ်က မယုံဘူး။

"အစ်ကို့အိပ်မက်ထဲက ထန်ယွမ်ဖက်ထုပ်ဆိုတာ ဘာလဲသိလား"

"ဘာ...ဘာလဲ"

"အဲဒါက အစ်မရှချင်းရဲ့ရင်ဘတ်….ကြီးတွေပဲ"

ရှန်ဖျင်ချွမ်၏ မျက်ခုံးများသည် ရုတ်တရက် ကျုံ့သွားသည်။

"အစ်ကို့လက်တွေနဲ့ သူ့ရင်ဘတ်ကို အရှက်မရှိ ဆုပ်ကိုင်ပြီး သူ့မျက်နှာနီမြန်းသွားတဲ့အထိ ဖိညှစ်ခဲ့တာ။ သူ အစ်ကို့ကို အထဲကို ခေါ်လာပြီးတော့ ရေတောင် မသောက်ဘူး။ အစ်ကို့ကိုလှဲချပြီး ပြေးထွက်သွားတယ်။"

သူမစကားပြောရင်း ကျင်းရှီသည် သွေးကြောများဖုံးလွှမ်းနေသော ရှန်ဖျင်ချွမ်၏ ကြီးမားချောမွတ်သော လက်များကို ဆုပ်ကိုင်လိုက်ပြီး "ကျွန်မရဲ့မိုက်မဲတဲ့ အစ်ကိုက ဒီလိုလုပ်နိုင်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူး။ အားကောင်းတဲ့ လှုပ်ရှားမှုတစ်ခုနဲ့ အစ်ကိုက ယောင်းမကို လိုက်ဖို့မကြိုးစားဘဲ၊ အစ်ကို့မျက်ရည်တွေ ထောင်ဘားတန်းပေါ် စီးကျလာပြီး အစ်ကို ထောင်ထဲကို တန်းတန်းမတ်မတ် ရောက်သွားတယ်"

ရှန်ဖျင်ချွမ်သည် သူ့လက်များကို ကြည့်ကာ မိနစ်ဝက်လောက် ထိတ်လန့်နေခဲ့သည်။ သူက ဗန်းပေါ်က သစ်သီးဓားကို လှမ်းယူလိုက်သည်။

"ငါ့လက်တွေကြောင့် ငါ အရှက်ကွဲတာပဲ!"

ကျင်းရှီသည် သစ်သီးဓားကို ဆွဲယူလိုက်ပြီး "အစ်ကို၊ သေချာစဉ်းစားပါဦး"

ရှန်ဖျင်ချွမ်က စိတ်ဓာတ်ကျစွာ သူ့မျက်နှာကို ခေါင်းအုံးဖြင့် ကာပြီး "ငါ စဉ်းစားပြီးပြီ၊ လုပ်လိုက်တော့!"

ကျင်းရှီက ဓားကို မြှောက်လိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ "ညီမ လာပြီ!"

ချွန်ထက်သောဓားသည် ကျဆင်းလာပြီး ရှန်ဖျင်ချွမ်၏ လက်ဖဝါးမှ လက်မဝက်ခန့်တွင် ရပ်တန့်သွားသည်။

"အားးးးးးးး!"

"ကျွန်မ အစ်ကို့ကို မထိရသေးပါဘူး၊ အစ်ကို ဘာလို့အော်နေတာလဲ"

ကျင်းရှီသည် သူ့လက်ကို ရွံရှာစွာ ခါထုတ်လိုက်ပြီး ကော်ဖီစားပွဲပေါ် သစ်သီးဓားကို ပစ်ချကာ "ဒုက္ခရောက်လို့ အော်နေတဲ့ သခင်လေး၊ ဒါကို မေ့လိုက်ပါ"

ရှန်ဖျင်ချွမ်သည် ခေါင်းအုံးကို ထပ်မံဖက်၍ ဆိုဖာပေါ်ပြန်လှဲချလိုက်ပြီး သူ့တစ်ကိုယ်လုံး အားမရှိတော့ပေ။ "အခု ငါ တကယ် ပြီးသွားပြီ"

ကျင်းရှီက ထိုင်ချကာ ဆိုဖာကို မှီလိုက်ပြီး "စိတ်မပျက်ပါနဲ့ဦး၊ စဉ်းစားကြည့်ကြည့်။ သူ့ရဲ့ အတိုက်အခိုက်စွမ်းရည်နဲ့ အစ်ကို သူ့တို့ဟူးကို မျက်နှာပြောင်တိုက် စားတာကို သူ သည်းခံနိုင်ပါ့မလား။ သူ အစ်ကို့ကို မှောက်ပစ်ခဲ့တာ ကြာပေါ့"

ရှန်ဖျင်ချွမ်က ကျင်းရှီ၏ ကျောကို ခြေဖဝါးကြီးဖြင့် ထိလိုက်ပြီး "မင်းဘာပြောဖို့ ကြိုးစားနေတာလဲ"

"ကျွန်မပြောမယ် အစ်ကို၊ အစ်ကို့မှာ အခွင့်အရေးကောင်းတစ်ခု ရှိတယ်"

ရှန်ဖျင်ချွမ်က ထထိုင်ပြီး ကျင်းရှီကို မျက်မှောင်ကြုတ်ကာ "ငါ့မှာအခွင့်အရေးရှိတာလား"

"မနေ့က သူ့အမူအရာတွေကို ကျွန်မ သတိပြုမိခဲ့တယ်။ သူက ရှက်နေပုံပေါ်ပေမယ့် ဒေါသမထွက်ဘူး။ ဒါက အစ်ကို ထိတွေ့တာ သူမကြိုက်တာ မဟုတ်ဘူးဆိုတာ ပြနေတာပဲ"

ရှန်ဖျင်ချွမ်၏ဖြူဖျော့သော မျက်နှာသည် ချက်ချင်းပင် ပြန်နီမြန်းလာသည်။ သူက ခေါင်းကို ဖုံးရန် ကာတွန်းခေါင်းအုံးကိုသုံးပြီး ဆိုဖာမှာ သူ့ခေါင်းကိုနစ်မြှုပ်ပြီး "မပြောနဲ့တော့၊ ငါ အရမ်းရှက်လာပြီ"

ကျင်းရှီသည် အလွန်စိတ်အပြောင်းအလဲ မြန်လွန်သော ဤလူကို ပြောစရာစကားမရှိကာ ပခုံးတွန့်ပြပြီး သူ့ကို အနှောင့်အယှက် မပေးချင်တော့ဘဲ သူမသည် စာဖတ်ရန် သူမအခန်းသို့ ပြန်သွားသည်။

တစ်နာရီကြာပြီးနောက် ရှန်ဖျင်ချွမ်သည် အလွန်လတ်ဆတ်ကာ အရည်ရွှမ်းသော အသီးများနှင့် ဆေးကြောထားသော လတ်ဆတ်သည့် ချယ်ရီသီးတစ်ပန်းကို ကိုင်ဆောင်ကာ ကျင်းရှီ၏ အခန်းထဲသို့ ကိုးရိုးကားရား ဝင်လာခဲ့သည်။

ကျင်းရှီ - "အစ်ကို ဒါတွေဝယ်ဖို့ အပြင်သွားတာလား"

"အမ်း"

ကျင်းရှီသည် ပန်းကန်လုံးထဲမှ ချယ်ရီသီးများကို ပျော်ပျော်ရွှင်ရွှင် စားလိုက်သည်။ တစ်လုံးပြီးတစ်လုံး စားမယ့်အစား၊ သူမသည် ရေသောက်သလိုမျိုး ချယ်ရီသီးတွေကို လောင်းချလိုက်ပြီး သူမပါးစပ်ကို ချိုမြိန်တဲ့အရည်တွေနဲ့ ပြည့်စေသည်။ ထို့နောက် သူမ ပါးစပ်ထဲက အစေ့တွေကို ထွေးထုတ်လိုက်သည်။

"အကြောင်းပြချက်မရှိဘဲ လက်ဆောင်တွေပေးတယ်၊ ဆက်လုပ် အစ်ကို့ရဲ့စိတ်ကို ပြောလိုက်"

ရှန်ဖျင်ချွမ်က ခုံတစ်ခုကို ချက်ချင်းဆွဲလိုက်ပြီး ကျင်းရှီရဲ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ "ညီမလေး၊ မင်း အစ်ကိုကို ကူညီပေးရမယ်နော်။ ငါ အခု တကယ်ကို ကျဥ်းထဲကြပ်ထဲရောက် နေတယ်"

ကျင်းရှီက ရှန်ဖျင်ချွမ်ကို ကြည့်ပြီး "အစ်ကို သူ့ကို လိုက်ချင်လား"

"ငါ..." ရှန်ဖျင်ချွမ်က တုံ့ဆိုင်းနေပြီး "ငါ့မှာ အခွင့်အရေးရှိလား"

"ကျွန်မ ဘယ်လိုသိမလဲ။ စမ်းကြည့်ပေါ့။ ကျွန်မ အစ်ကို့ရဲ့နည်းပြ ဖြစ်ပေးမယ်"

"ချစ်ညီမလေး!" ရှန်ဖျင်ချွမ်သည် ကျင်းရှီ၏ လက်မောင်းကို ဖက်ကာ သူ့လက်ဖြင့် ညှစ်လိုက်ပြီး "ဒါဆိုအဆင်ပြေပြီ၊ မင်းက ငါ့ရဲ့နည်းပြပဲ"

ကျင်းရှီက သူ့ဆီက လွတ်မြောက်အောင် ပြင်းပြင်းထန်ထန် ရုန်းကန်ရင်း "ခဏ၊ ခဏ၊ ခဏစောင့်ဦး။ ကျွန်မ မပြီးသေးဘူး"

ရှန်ဖျင်ချွမ်သည် သူ့ရင်ဘတ်ကို လက်ဖြင့်ပုတ်၍ စိတ်အားထက်သန်မှုဖြင့် ကျေနပ်နေသည်။ "မင်းဘာပဲလိုချင်လိုချင် အစ်ကို သဘောတူမှာပါ"

ကျင်းရှီသည် ခဏလောက် တိတ်ဆိတ်နေပြီး ရှန်ဖျင်ချွမ်ကို ကြည့်ကာ "အစ်ကို၊ အဘိုးကြီးရှန်က စန်းနန်တောင်ပေါ်မှာ အပန်းဖြေဗီလာ မရှိဘူးလား"

ရှန်ဖျင်ချွမ်သည် ဒီမိန်းကလေး၏ နက်မှောင်သော မျက်လုံးများကို ကြည့်လိုက်သည်။ သူမ ပြင်ဆင်လာပုံရသည်။

"အဲဒီမှာ နွေရာသီ အပန်းဖြေဗီလာတစ်ခု ရှိတယ်၊ မင်းဘာတွေစီစဉ်နေတာလဲ"

ကျင်းရှီက ရှက်ရွံ့စွာ ပြုံးပြီး "ကျွန်မတို့ နွေရာသီ ခရီးတစ်ခုထွက်ဖို့ မစီစဉ်ဘူးလား။ ကျွန်မတို့ ဘာလို့ စန်းနန်တောင်ကို မသွားတာလဲ"

"နွေရာသီက အရမ်းပူတယ်။ ခြင်တွေက တောင်ပေါ်တက်တော့ ခြင်အောင်းတဲ့နေရာတွေ ပေါတယ်။ မင်းမှာ ဘယ်မှာသုံးရမှန်းမသိတဲ့ သွေးတွေ အရမ်းများနေတာလား။ မေတ္တာတွေနဲ့ သွေး လှူဖို့ သွားမလို့လား။"

ကျင်းရှီက သူ့ကို တွန်းထုတ်လိုက်ပြီး "အစ်ကို ဒါကိုတောင် သဘောမတူရင် မေ့လိုက်ပါ။ ကျွန်မတို့က အသုံးမဝင်တဲ့ မောင်နှမတွေပဲ၊ တစ်ယောက်ဆီက တစ်ယောက် ဘာကိုမှ မမျှော်လင့်နဲ့။"

"ငါတို့ မသွားဘူးလို့ ငါ မပြောဘူးလေ။ ငါတို့ သွားမယ်။ ညီမလေး သွားချင်တာ ဘယ်နေရာပဲဖြစ်ဖြစ် သွားကြမယ်!" ရှန်ဖျင်ချွမ်က ကျင်းရှီရဲ့ ခေါင်းကို ပွတ်ရင်း "ဒီည အဘိုးကြီးရှန်ကို ပြောပြလိုက်မယ်။ ငါတို့ နွေရာသီခရီးက စန်းနန်တောင်ပေါ်က အပန်းဖြေဗီလာကို သွားမယ်။"

"အစ်ကိုက အရမ်းကောင်းတဲ့လူပဲ! အစ်ကို့ကို ကျွန်မကို စောင့်ရှောက်ပေးတဲ့ အစ်မကြီးလို့ မှတ်ယူပါ့မယ်။"

"အဆင်ပြေပြီနော်!"

သူတို့၏ လက်ဖဝါးကြီးကြီးနှင့် သေးသေးလေး ရိုက်ပြီး ကိစ္စပြီးသွားသည်။

ရှန်ဖျင်ချွမ် တံခါးအပြင်ကို လျှောက်သွားရင်း ရုတ်တရက် သတိရသွားသည်။

သူ ကျောင်းသားကောင်စီရဲ့ ဖိုင်ခန်းထဲ၌ အချိန်ဇယားတွေ စီစဉ်နေချိန်မှာ ဒီနှစ် စစ်သင်တန်းကျောင်းရဲ့ ပြင်ပလေ့ကျင့်ရေးက စန်းနန်တောင်ပေါ်မှာ ရှိတာကို သူတွေ့လိုက်သည်။

မောင်နှမများ သဘောတူညီမှု ရရှိပြီးနောက် ကျင်းရှီနှင့် ရှန်ဖျင်ချွမ်တို့သည် စားသောက်ဆိုင်တွင် နေ့တိုင်း ဟော့ပေါ့စားကြသည်။ ရှန်ဖျင်ချွမ်သည် ရှချင်းနှင့် စကားပြောရန် အခွင့်အရေးတိုင်းကို ရယူခဲ့ပြီး မောင်နှမတွေက အတူတူ ရှချင်းကို ညဘက်တွင် သူမ၏ အဆောင်သို့ ပြန်ပို့ပေးခဲ့သည်။

တစ်ပတ်ခန့်အကြာတွင် ရှန်ရှိရှန်းသည် ခွေးမောင်နှမကြောင့် ပင်ပန်းလာသည်။ အခု သူတို့ရဲ့ချီးနံ့တွေတောင် ဟော့ပေါ့ အနံ့တွေ ထွက်နေခဲ့သည်။

ဒါတင်မကဘဲ ကျင်းရှီရဲ့ဖင်ဟာ မနက်တိုင်း ခံစားနေရသည်။ အဲဒါက ဆိုးရွားလွန်းတဲ့ နာကျင်မှု!

ကျင်းရှီက သူ့အစ်ကိုအား သူ့ကောင်မလေးကို လိုက်တာကူညီဖို့ သူမအသက်ကို တကယ် ဒုက္ခရှာနေသလို ခံစားရသည်။

ဩဂုတ်လအစောပိုင်း ပူသောညတစ်ညမှာ ရှချင်းကို သူ့အဆောင်ကို ပြန်ပို့တဲ့ လမ်းမှာ ရှချင်းက ရှန်ဖျင်ချွမ်ကို အခုအချိန်ကစပြီး မလာတော့ဖို့ ပြောခဲ့သည်။

"ကျွန်မရဲ့အချိန်ပိုင်းအလုပ်က ပြီးခါနီးပြီ။ ကျန်တဲ့အချိန်တွေကို ကျောင်းဝင်းထဲ စာကြည့်တိုက်မှာနဲ့ စာပဲလုပ်ဖြစ်လိမ့်မယ်"

"ဒါဆို…ဒါဆို မင်းနဲ့စာလုပ်ဖို့ ကိုယ် ကျောင်းဝင်းကို လာရင် ဘယ်လိုလဲ။ ကိုယ်နဲ့ ကိုယ့်ရဲ့ညီမစုတ် အတူတူလာမယ်လေ" ရှန်ဖျင်ချွမ်က သူ့ခေါင်းကို ကုတ်လိုက်သည်။

ရှချင်းသည် သူမ၏ အိတ်ကို ကိုင်လိုက်ပြီး ခဏလောက် တုံ့ဆိုင်းသွားပြီး ခေါင်းကိုငုံ့ကာ နောက်ဆုံးတွင် ပြောလိုက်သည်။ " ရှန်ဖျင်ချွမ်၊ ရှင့်ရဲ့ ခံစားချက်ကို ကျွန်မသိပါတယ်၊ ဒါပေမယ့် ရှင်က ကျွန်မအတွက် အရမ်းကောင်းလွန်းတယ်။ ကျွန်မ ရှင်နဲ့ မထိုက်တန်ဘူး "

ဒါကိုပြောပြီးတော့ သူမက သူပြန်ပြောတာကို မစောင့်ဘဲ ပြေးလွှားကာ အဆောင်ကို အမြန်သွားခဲ့သည်။

ရှန်ဖျင်ချွမ်သည် ခဏတာ အေးခဲသွားပြီး ဖြည်းညှင်းစွာ ပြန်ပြောသည်။ "အိုး~"

ကျင်းရှီသည် သူမ၏ စက်ဘီးဖြင့် လျှောက်လာရင်း သူ့ရဲ့ကျရှုံးကာ စိတ်ဓာတ်ကျနေတဲ့ အသွင်အပြင်ကို မြင်လိုက်ရတော့ သူမလည်း အကြောင်းပြချက်မရှိဘဲ အသည်းကွဲသလို ခံစားခဲ့ရသည်။

သူမက ရှန်ဖျင်ချွမ်၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး "အစ်ကို"

ရှန်ဖျင်ချွမ် ရုတ်တရက် သူ့အသက်ရှူသံက အရမ်းနှေးကွေးပြီး နှေးကွေးလာသည်။ သူ့စိတ်တွေ ဗလာဖြစ်သွားပြီး အဲဒီအခိုက်အတန့်မှာ သူ့နှလုံးခုန်တာ ရပ်သွားပုံရသည်။ ထို့နောက် စူးရှသော နာကျင်မှုသည် သူ့နှလုံးသားမှ သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းသို့ ပျံ့နှံ့သွားသည်။

ဒါဆို...ဒါက ငြင်းပယ်ခံရတဲ့ ခံစားချက်ပဲ။

ကျင်းရှီက ခြေဖျားထောက်ပြီး ရှန်ဖျင်ချွမ်ရဲ့ ခေါင်းကိုပုတ်ရန် လက်ဆန့်ကာ "အစ်ကို၊ မငိုပါနဲ့"

"မင်းအစ်ကို မငိုပါဘူး!"

"ကျွန်မတို့ ဘာလို့ လက်မလျှော့တာလဲ" ကျင်းရှီက သက်ပြင်းချလိုက်ပြီး "ကျွန်မတို့ သူ့ကို တကယ်မသိဘူး"

"ဘာကို လက်လျှော့မှာလဲ၊ လက်မလျှော့ဘူး။" ရှန်ဖျင်ချွမ်သည် သူ၏နှာခေါင်းကို သူ့အင်္ကျီလက်ဖြင့် ပွတ်လိုက်ပြီး ရှချင်းကို အမီလိုက်နိုင်ရန် ရုတ်တရက် သူ့အရှိန်ကို မြှင့်လိုက်သည်။

"ကိုယ် မင်းကို တစ်ခုပြောချင်တယ်!" သူသည် သူမဆီသို့ လျှောက်သွားပြီး သူမရှေ့တွင် ရပ်ကာ "ကိုယ့်စကားကို အရင်နားထောင်၊ ပြီးမှ မင်းဆုံးဖြတ်"

ရှချင်းက သူ့ကို စိတ်ဝင်စားစွာ မော့ကြည့်လိုက်သည်။

ရှန်ဖျင်ချွမ်က အသက်ပြင်းပြင်းရှူရင်း သတ္တိကို ဆွဲထုတ်လိုက်ပြီး "ကိုယ့်ရင်ထဲမှာ အချစ်ထိန်းချုပ်မှုတွေ ရှိနေသေးတယ်၊ ကိုယ်က ရုပ်ပိုင်းဆိုင်ရာလည်း အရမ်း ကြံ့ခိုင်မှုမရှိဘူး။ ကျောင်းက ယောက်ျားလေးအများစုက ကိုယ့်ကို မုန်းတီးပြီး ပျော့ညံ့တဲ့ကောင်လို့ ခေါ်ကြတယ်။ ကိုယ်က ပုံမှန် IQ မြင့်ပေမယ့် EQ နိမ့်တဲ့သူ တစ်ယောက်။ ဘယ်သူမှ ကိုယ်နဲ့ သူငယ်ချင်း မဖြစ်ချင်ကြဘူး။ အိုး၊ ပြီးတော့ ကိုယ့်ခြေထောက် အနံ့လည်း တူတူပဲ ကိုယ့်ညီမဆို အနားမှာရှိတိုင်း အနံ့ဆိုးတွေ ရနေတာ"

ကျင်းရှီ ပါးစပ် ရွဲ့သွားသည်။ သူ အသဲအသန် ရုန်းကန်တော့မယ်လို့ သူမ ထင်ခဲ့ပေမယ့်… အဲဲဒါအစား သူဘာတွေပြောနေတာလဲ။ သူ့မှာ အနံ့နံသော ခြေဖဝါးရှိတဲ့ အဆုံးစွန်သော "လျှို့ဝှက်ချက်" ကိုပင် ထုတ်ပြခဲ့သည်။ ဒါက အစ်ကို့ကို ရည်းစားမရဖို့ အွန်လိုင်းက သင်ပေးနေတာပဲ။

ရှန်ဖျင်ချွမ် - "ရှချင်း မင်းက ကိုယ့်အတွက် မလုံလောက်ဘူးလို့ ပြောတဲ့ အကြောင်းပြချက်ကို ကိုယ်လက်မခံဘူး။ ကိုယ့်အမြင်အရ မင်းက ကိုယ်ခွေးညီမလေးထက် အဆတစ်သောင်း ပိုချစ်စရာကောင်းတယ်"

ကျင်းရှီ - ...

ရှချင်းက မရယ်ဘဲ မနေနိုင်ပေ။ သူမ မျက်နှာတည်ဖို့ ထိန်းထားဖို့ ကြိုးစားပေမယ့် နောက်ဆုံးတော့ သူမ တောင့်မခံနိုင်တော့ပေ။ သူမပါးစပ်ကို အုပ်ပြီး ခေါင်းငုံ့ကာ ရယ်သည်။ သူမ၏ ကျဉ်းမြောင်းသော မက်မွန်ပွင့် မျက်လုံးများသည် အနည်းငယ် ကွေးသွားကာ သူမ၏ နှုတ်ခမ်းထောင့်တွင် ချစ်စရာ ပါးချိုင့်လေး နှစ်ခုရှိသည်။

"အဲ့လို မပြောပါနဲ့ ရှင့် ညီမလည်း ဒီမှာပဲဟာ"

ကျင်းရှီက လိမ္မာပါးနပ်စွာ အဝေးကို လျှောက်သွားခဲဘသည်၊ ငါ့အစ်ကို ပျော်နေတာပဲလေ။

ရှန်ဖျင်ချွမ်က စမ်းမေးလိုက်သည်။ "ရှချင်း၊ မင်းဘာလို့ အဲ့ဒါကို နည်းနည်းလောက် ထပ်မစဉ်းစားတာလဲ"

"စီနီယာ၊ ရှင် ကျွန်မကိုတောင်မသိဘူး။ ရှင် ကျွန်မကို ဘာကြိုက်တာလဲ"

"မင်း ကိုယ်အလေးချိန်က ၉၆ ပေါင်၊ မင်းရဲ့ အတိုင်းအတာက ၃၂၊ ၂၅၊ ၃၉ ရှိတယ်။ မင်းမှာ သူငယ်ချင်း အများကြီး မရှိဘူး၊ အများအားဖြင့် ကန်တင်းမှာ တစ်ယောက်တည်း စားလေ့ရှိတယ်။ မင်းက ကြက်ဆီထမင်းနဲ့ ကန်စွန်းဥကြော်ကို ကြိုက်တယ်။ မင်း ပထမနှစ် ဖိုင်နယ်စာမေးပွဲမှာ တစ်ကျောင်းလုံးမှာ ပထမအဆင့်။ ဒါပေမယ့် မင်းဘယ်ကလပ်ကိုမှ မ၀င်ထားတာကြောင့် မင်းရဲ့ အကျင့်စာရိတ္တရမှတ်က မမှီဘူး၊ ဒါကြောင့် ပထမအဆင့် ပညာသင်ဆုရဖို့အတွက် မင်းအတွက် ခက်ခဲမယ်။ စိတ်မပူပါနဲ့၊ ကိုယ် မင်းကို ကျောင်းသားသမဂ္ဂမှာ ဒီနှစ် ဝင်ခွင့်ပြုတယ်၊ မင်းရဲ့အကျင့်စာရိတ္တရမှတ်ကို တိုးတက်အောင် သေချာပေါက် ကိုယ်ကူညီပေးမယ်"

ရှချင်းက သူမပါးစပ်ကို ဖွင့်လိုက်ပြီး ပြန်ပိတ်လိုက်သည်။

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးအနေဖြင့် ရှန်ဖျင်ချွမ်သည် သူမ၏ ကိုယ်ရေးအချက်အလက်ကို ဝင်ရောက်ကြည့်ရှုရန် လွယ်ကူသည်။

"ပြီးတော့ ကိုယ်နဲ့ အတူရှိရင် မင်း အချိန်ပိုင်းအလုပ်တွေ လုပ်စရာ မလိုတော့ဘူး။ မင်းကြိုက်တာလုပ်၊ စာကြည့်တိုက်သွားပြီး စာအုပ်များများဖတ်ပါ။ ကိုယ်မင်းနဲ့လိုက်မယ်"

သူမ၏ ပါးများ အနီရောင်သန်းလာသည်။ ကျောက်စရစ်ခဲပေါ်ရှိ သူမခြေဖဝါးအောက်က ကင်းဗတ်ဖိနပ်ပေါ်က ခြေချောင်းများကို လိမ်ကာ "စီနီယာ၊ ကျွန်မက အများကြီးစားတယ်" လို့ အသံတိုးတိုးနဲ့ ပြောလိုက်သည်။

ရှန်ဖျင်ချွမ်က မြန်မြန်ဆန်ဆန်ပဲ "တတိယနှစ်ပြီးရင် ကိုယ့်အဖေနဲ့ ပရောဂျက်တွေမှာ ဖြည်းဖြည်းချင်း အလုပ်သင်စလုပ်မယ်။ ကိုယ် ပိုက်ဆံအများကြီးရှာမယ်။ အဲဒါတွေအားလုံးက ကိုယ့်ကိုယ်ပိုင်ငွေတွေ။ အနာဂတ်မှာ မင်း ကြက်ဆီထမင်းကို မင်းစားချင်သလောက်စား... ကိုယ့်ကျောင်းဝင်းကတ်ကို မင်းကို သုံးခွင့်ပေးမယ်"

သူစိတ်လှုပ်ရှားလွန်းတာကြောင့် ထစ်ထစ်သွားသည်။ ရှချင်း၏ လေသံသည်လည်း နူးညံ့သွားပုံရသည်။

ကျင်းရှီလည်း သူ့အတွက် တိတ်တဆိတ် ချွေးပျံနေခဲ့သည်။ သူ့အစ်ကိုမှာ တခြားတော်တာတွေ အများကြီးမရှိပါဘူး၊ ဒါပေမယ့် သူ့မှာ သန့်စင်တဲ့နှလုံးသား ရှိသည်။ ပိုကောင်းသည်ဖြစ်စေ၊ ပိုဆိုးသည်ဖြစ်စေ သူသည် အားလုံးကို ဖြေရှင်းသည်။

ဒီတစ်ခါ သူက အလေးအနက်ထားပုံရသည်။ အဆင်ပြေရင်ကောင်းသည်။ မဟုတ်ရင် သူ အိမ်ပြန်ပြီး ငိုရလိမ့်မည်။

ရှချင်း ရုတ်တရက် မျက်ရည်များဝဲလာသည်။ တစ်ဆို့တာကနေ စငိုပြီး သူမ ရပ်လို့ မရပေ။ သူမသည် ငုတ်တုတ်ထိုင်ကာ ဒူးကိုဖက်ပြီး မျက်နှာကို အုပ်ကာ ခန္ဓာကိုယ် လှုပ်ယမ်းပြီး ... ကျယ်လောင်စွာ ငိုကြွေးနေသည်။

ရှန်ဖျင်ချွမ် အံသြသွားသည်။

ကျင်းရှီလည်း အနည်းငယ် အံ့သြသွားသည်။ စိတ်လှုပ်ရှားသွားရင်တောင် ဒီလိုဖြစ်စရာ မလိုပါချေ။ ဒီလိုဖြစ်စရာမလိုဘူးလေ...

သူမ အမြန်သွားပြီး ရှချင်း၏ ကျောကို ပုတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် တော်တော်လေး တုန်ခါနေပြီး သူမ ခံစားချက်များက ချက်ခြင်း ပြိုလဲသွားသည်။

ရှချင်း ကွဲကြေသွားသော စိတ်ပျက်အားငယ်မှုသည် ကူးစက်သွားပြီး ကျင်းရှီနှလုံးသား အနက်ဆုံးထိ တုန်လှုပ်သွားစေခဲ့သည်။ သူမငယ်ငယ်က သူမအမေ ထွက်သွားချိန်ကို ပြန်သတိရမိသည်...

"ဝါး" ကျင်းရှီလည်း စတင်ငိုတော့သည်။

ကျင်းရှီ ငိုနေတာကိုမြင်တော့ ရှချင်းက သူမရဲ့မျက်ရည်တွေကို လက်ကောက်ဝတ်နဲ့ သုတ်လိုက်ပြီး "ငါတောင်းပန်ပါတယ်၊ တကယ်တောင်းပန်ပါတယ်..."

သူမသည် ကျင်းရှီ သို့မဟုတ် ရှန်ဖျင်ချွမ်ကို ဘာအမှားမှ မလုပ်ထားသော်လည်း ငိုနေချိန်တွင် ဘာကြောင့်မှန်းမသိ "တောင်းပန်ပါတယ်" ဟု ဆက်တိုက်ပြောခဲ့သည်။

နောက်ဆုံးတွင် ရှချင်းသည် ရှန်ဖျင်ချွမ်ကို ငြင်းဆိုဆဲဖြစ်ပြီး ရှန်ဖျင်ချွမ်လည်း ထပ်အတင်းမလုပ်တော့ပေ။

ပြီးတော့ ကျင်းရှီက အစ်ကို နည်းနည်းထပ်ပြောရင် ရှချင်းက သဘောတူလိမ့်မယ်ဆိုပြီး သူ့ကိုပြောသည်။ သူ့ကို သူမလည်း သဘောကျတယ်ဆိုတာ သိသာပါသည်။

"ရှင်းရှင်းပြောမယ်ဆို၊ အစ်မ ရှချင်းက ကျွန်မတို့မိသားစုမှာ လက်ထပ်ရင် လစဉ် ဆေးဖိုး သောင်းနဲ့ချီက ဘာမှမဟုတ်ဘူး။"

ရှန်ဖျင်ချွမ်က ကူကယ်ရာမဲ့ ပြောလိုက်သည်။ "ဒါက မပြောရဘူးဆိုတာ မင်းသိပါတယ်"

ကျင်းရှီ ရုတ်တရက် တုံ့ဆိုင်းသွားသည်။ ရှန်ဖျင်ချွမ်၏ ကြင်နာသော ရည်ရွယ်ချက်ကို သူမ နောက်ဆုံး နားလည်သွားခဲ့သည်။

သူ ဒီထက်ပိုပြီး တောင်းဆိုနေမယ်ဆိုရင် အရာအားလုံးဟာ ခြားနားတဲ့ အရသာတစ်ခုဆီ ချက်ချင်းရောက်သွားပြီး တခြား… အ‌ပေးအယူ ဆက်ဆံရေးမျိုးအဖြစ် ပြောင်းလဲသွားလိမ့်မည်။

"အစ်ကို လက်လျှော့လိုက်ပြီလား"

"ငါ ဘယ်လိုလုပ်ရမလဲ"

"ပြီးတော့..."

"မင်းအစ်ကို အရင်ဆုံး ငွေရှာရမယ်"

ကျင်းရှီသည် အစ်ကိုများသည် အမြဲတမ်း လုံးဝ အစ်ကိုများဖြစ်သည်ဟု ခံစားမိသည်။ သူမက ကလေးပဲရှိသေးပေမယ့် သူမအစ်ကိုက အရွယ်ရောက်နေပြီပင်။

All Chapters