အပိုင်း (၇၃)
Vol. 6 Ch. 73
ကျင်းရှီသည် နားထောင်ရန် တံခါးဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။ ရှန်ရှီရှန်းသည် သူ့အခန်းသို့ ပြန်သွားပုံရသည်။ အပြင်ဘက်တွင် ရှန်ရှီရှန်း၏ ခြေလှမ်းများ လှည့်ပတ်နေတာကို ကြားရသည်။
သူမသည် လသာဆောင်သို့ အမြန်ပြန်သွားခဲ့သည်။ ပေါ်ရန်သည် အကာအရံနံရံကို ကျော်တက်ပြီး သူမ အောက်ထပ်တွင် ရပ်နေသည်။
သူသည် တီရှပ်ပေါ်တွင် ကာမိုဂျာကင်အင်္ကျီကို ဝတ်ဆင်ထားဆဲဖြစ်သည်။ သူ့ကို လအတော်ကြာ မတွေ့ရပြီးနောက် ငယ်ရွယ်နုပျိုသော လန်းဆန်းမှု လွင့်ထွက်သွားပြီး သူ့အသွင်အပြင်က ပိုရင့်ကျက်လာပုံပေါ်သည်။
သူက သူမကို သူ့လက်ချောင်းထိပ်များဖြင့် သေးငယ်သော အသည်းသင်္ကေတတစ်ခုကို လုပ်ပြသည်။ သူ့ရဲ့နက်မှောင်ပြီး နစ်ဝင်နေသော ဖီးနစ်မျက်လုံးများသည် အနည်းငယ် ကျယ်လာသည်။ "ကောင်မလေး မတွေ့တာကြာပြီ"
ကျင်းရှီသည် သူမ၏နှလုံးသားသည် သူမရင်ဘတ်ထဲမှ ခုန်ထွက်တော့မည်ဟု ခံစားရသည်။ "အဲဒီမှာ ခဏစောင့်နေ၊ ကျွန်မ အခုချက်ချင်း ဆင်းလာမယ်"
"မလိုပါဘူး"
ပေါ်ရန်သည် နံရံဘေးရှိ အပင်ကြီးကြီးတစ်ပင်ပေါ်သို့ တက်ခဲ့သည်။ သူသည် လှုပ်ရှားမှုအနည်းငယ်ဖြင့် သစ်ပင်တွင် တွယ်တက်နေသော စပျစ်နွယ်ပင်ကို အသုံးပြု၍ လသာဆောင်လက်ရန်းကို တက်လိုက်သည်။ သူ့ရဲ့သန်မာသော ကြွက်သားများ အားနှင့် သူ့ခန္ဓာကိုယ်သည် လသာဆောင်သို့ ကျကျနန ကျော်တက်လာသည်။
လုပ်ငန်းစဉ်တစ်ခုလုံးသည် နှစ်မိနစ်ထက်မကြာပေ။
သူ၏ သွက်လက်သော ပုံစံကို မြင်လိုက်ရတော့ ကျင်းရှီသည် သူမလူ၏ ပုံစံဖြင့် ရှေးခေတ်မှာဆို သူက နေအိမ်များကို လုယက်သော ဓားပြတစ်ယောက် သေချာပေါက် ဖြစ်ခဲ့မည်ဟု ခံစားရသည်။
လသာဆောင် နံရံမီးအိမ်များက အရိပ်က သူ့ရဲ့ သက်တောင့်သက်သာရှိသော မျက်ခုံးများနှင့် မျက်လုံးများပေါ်တွင် ကျနေသည်။ သူသည် သူမရှေ့တွင် အရင်က ဒီလိုရပ်ခဲ့ဖူးပြီး သူမမျက်နှာလေးကို ညှစ်ရန် လက်ဆန့်လိုက်သည်။
နူးညံ့ပြီး ကောင်းမွန်တဲ့ အသားအရည်ကို သူ့လက်ချောင်းတွေအောက်မှာ တကယ် ခံစားရသည်။
ကျင်းရှီသည် သူမ၏နူးညံ့သော မျက်ခုံးမွှေးများကို မျက်မှောင်ကြုတ်ကာ ညှစ်ခံရတာကြောင့် နာကျင်သွားသောပါးကို ဆွဲလိုက်သည်။ "ရှင် ဘာလုပ်နေတာလဲ ရောက်ရောက်ချင်း ရှင် ကျွန်မကို အနိုင်ကျင့်..."
သူမစကားမဆုံးခင် ပေါ်ရန်က ရုတ်တရက် သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူ့လက်တွေက သူမကို သူ့ခန္ဓာကိုယ်ထဲ ဆွဲသွင်းချင်သလို ပိုပြီးတင်းတင်းကျပ်ကျပ် ဖြစ်ညှစ်လိုက်သည်။
"ကိုယ် မင်းကို တကယ် ရက်ရက်စက်စက် အနိုင်ကျင့်ချင်နေတာ"
လွန်ခဲ့သောရက်များအတွင်း ပြင်းထန်သော ကာယလေ့ကျင့်ခန်းများကြောင့် သူ၏အသံက ပို၍ဩရှလာသည်။ "ကိုယ် မင်းကို အရမ်းလွမ်းတယ်၊ ကိုယ် ရူးတော့မယ်"
ကျင်းရှီ၏ မျက်နှာကို သူ့ရဲ့သန်မာသော ရင်ဘတ်ထဲတွင် အတင်းနစ်မြှုပ်ထားသည်။ သူမသည် သူ့အနံ့ကို ရှူလိုက်တော့ တောတောင်မှ မြေကြီးနှင့် မြက်ခင်းတို့၏ သဘာဝအနံ့ကို ရနေသည်။
သူမမျက်လုံးများ စိုစွတ်လာတာကြောင့် သူမ၏ မျက်လုံးများ ရုတ်တရက် နီရဲလာကာ နှုတ်ခမ်းများ စူသွားသည်။ "ဒီနေ့ ကျွန်မ ရှင့်ကို အကြာကြီး စောင့်နေတာ ဒါပေမယ့် ရှင် ပေါ်မလာဘူး။ နောက်ဆုံး ရှင်ပေါ်လာတော့ ရှင် ကျွန်မကို လျစ်လျူရှုခဲ့တယ်"
"ကိုယ်က...အဲဒါ ထင်ယောင်ထင်မှား တစ်ခုလို့ ထင်ခဲ့တာ" ပေါ်ရန်က သူ့ရင်ဘတ်မှာ စိုစွတ်လာသည်ကို ခံစားလိုက်ရတာကြောင့် သူ့နှလုံးသား တုန်လှုပ်သွားသည်။ "ကိုယ်ပြန်ရောက်တော့ ပိုတွေးလေလေ မှန်တယ်လို့ မခံစားရလေပဲ။ ဒါကြောင့် မင်းရောက်နေတယ်လို့ ခန့်မှန်းခဲ့တာ"
ကျင်းရှီက သူ့ခါးကို သူမလက်တွေနဲ့ ဖက်တွယ်ထားကာ သူ့ကို မော့ကြည့်ပြီး စိုစွတ်နေသော သူမမျက်တောင်များကို ခတ်ကာ ပြောခဲ့သည်။ "ရှင် ကျွန်မကို မတွေ့ချင်ဘူးလို့ ကျွန်မထင်ခဲ့တာ"
ပေါ်ရန်၏ ကြမ်းတမ်းသော လက်ချောင်းထိပ်များက သူမ ပါးများကို ပွတ်သပ်ကာ သူမမျက်နှာပေါ်ရှိ မျက်ရည်စများကို သုတ်ပေးလိုက်သည်။ သူက ကူကယ်ရာမဲ့ ညည်းညူခဲ့သည်။ "အရူးမလေး"
ကျင်းရှီက သူမ မျက်လုံးများကို မှိတ်ပြီး သူ့လက်ကို ကြောင်တစ်ကောင်လို ချစ်မြတ်နိုးစွာ ပွတ်သပ်နေသည်။
"ဒီနေရာကို ရှင် ဘယ်လိုရှာတွေ့တာလဲ"
"ဒါက မီးရောင်တွေနဲ့ တစ်ခုတည်းသော အိမ်လေ၊ ဒါကြောင့် ကိုယ် တံခါးအပြင်ဘက်ကနေ လှမ်းကြည့်ဖို့ စီစဥ်ထားတာ။ ဒါပေမယ့် လသာဆောင်မှာ မင်းရပ်နေတာကို ကိုယ်မြင်တော့ သည်းမခံနိုင်တော့ဘူး" ပေါ်ရန်၏ မျက်လုံးများ မည်းမှောင်သွားသည်။
"ဘာကိုသည်းမခံနိုင်တာလဲ"
ကျင်းရှီ မတုံ့ပြန်ခင်မှာ ပေါ်ရန်က သူမမျက်နှာကို မော့ပြီး သူမနှုတ်ခမ်းတွေကို နမ်းလိုက်သည်။
ကျင်းရှီသည် သူ့နှုတ်ခမ်းများမှ အနည်းငယ်ခြောက်သွေ့ပြီး ခါးသက်မှုကို ရှင်းရှင်းလင်းလင်း ခံစားရသည်။ သူမသည် သူတို့ကို စိုစွတ်စေကာ သူတို့ကို အားနဲ့စုပ်ခဲဘသည်။
ပေါ်ရန်သည် သူ့အတွက် တတ်နိုင်သလောက် ကျယ်အောင် သူမပါးစပ်ကိုပွင့်အောင် လုပ်ရန် သူမ၏ မေးရိုးကို အတင်းညှစ်ကာ အတွင်းနက်နက်ထိ စုပ်ယူလိုက်သည်။
ကျင်းရှီသည် သူ့အနမ်းများကြောင့် မူးလာသလို ခံစားရပြီး သူမ၏ ပါးစပ်ထောင့်များမှ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော ညည်းညူသံများကို မသိလိုက်ဘဲ ထုတ်မိသွားသည်။
ပေါ်ရန်သည် သူမကို ဖြည်းဖြည်းချင်း ချီလိုက်ပြီး သမီးလေးကို ချီသကဲ့သို့ ချီသွားကာ သူမနဲ့ အခန်းထဲကို လျှောက်သွားခဲ့သည်။
ကျင်းရှီက သူ့လည်ပင်းကို ဖက်ထားပြီး သူမ တစ်ကိုယ်လုံးက သူ့ကိုမှီထားခဲ့သည်။
သူ့တစ်ကိုယ်လုံး မီးပူတစ်ခုလို မာကျော၍ အလွန်ပူလောင်နေသည်။
ပေါ်ရန်က သူမကို ကုတင်ပေါ် တင်လိုက်ပြီး သူမအပေါ်ကို ဖိလိုက်သည်။
သူ့အောက်ရှိ နူးညံ့သော မိန်းကလေးကို ထိမိမှာစိုး၍ သူက နူးညံ့သော အိပ်ရာပေါ်တွင် ဒူးထောက်လိုက်သည်။ ဤကြာရှည်သော အနမ်းများအတွင်း ကျင်းရှီက မသိလိုက်ဘဲ သူ့လက်ကို သူမလက်ဆယ်ချောင်းနဲ့ ချိတ်ဆက်ထားသည်။
သူတို့လက်တွေရဲ့ ခွန်အားက သူတို့ရဲ့ ချစ်ခြင်းမေတ္တာရဲ့စွမ်းအားကို ကိုယ်စားပြုပြီး နီးကပ်စွာ ဆုပ်ကိုင်ထားကြသည်။
ပေါ်ရန်သည် ကျင်းရှီကို သူမအသက်ရှူမဝသည်အထိ နမ်းခဲ့သည်။ ချက်ခြင်း သူမကို ပြန်မနမ်းခင် သူက သူမအသက်ရှူဖို့ ခဏလောက် လွှတ်ပေးခဲ့သည်။
ကျင်းရှီ၏ အသိစိတ်များ စတင်ပျံ့လွင့်သွားသည်။ သူမ၏ လက်က သူ့လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး သူတို့ နှုတ်ခမ်းများနှင့် လျှာများကို ရစ်ပတ်နေကာ အနည်းငယ် စိတ်လှုပ်ရှားစရာ နူးညံ့သော မျိုချသံများဖြင့် ရောယှက်နေသည်။
သူ့အနမ်းများသည် ပြင်းပြ ရိုင်းစိုင်းစွာ သူမလည်ပင်းဆီသို့ ရွေ့သွားခဲ့သည်။
သူမ တိမ်တွေထဲ ပစ်ချခံလိုက်ရပြီး ကမ္ဘာကြီးလည်ပတ်နေသကဲ့သို့ သူမစိတ်တွေ ရီဝေသလို ခံစားရကာ ကျင်းရှီသည် မျက်နှာကျက်ကို မော့ကြည့်လိုက်မိသည်။
သူမက သူ့မျက်နှာကို သူမလက်ထဲတွင် ကိုင်ထားသည်။ သူ့မျက်တောင်များက သူ့မျက်လုံးထဲတွင် လှိမ့်တက်နေသော အမှောင်ထုနှင့်အတူ ကျဆင်းလာသည်။
ပေါ်ရန်က သူမနှာခေါင်းကို ပွတ်သပ်ပြီး နူးညံ့စွာ မေးခဲဘသည်။ "မင်း ကိုယ့်ကို လွမ်းနေလား"
ကျင်းရှီသည် သူမရဲ့စိုစွတ်၊ ပြောင်လက်နေသော နှုတ်ခမ်းများကို ဟလိုက်သော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ပေ။
ပေါ်ရန်သည် သူမ၏ ရှက်ရွံ့မှုကို စိတ်ဝင်စားကာ သူမ၏ တုံ့ပြန်မှုကို စိတ်ရှည်စွာ စောင့်မျှော်နေသည်…..
အခန်း ခပ်မှိန်မှိန်နှင့် ညဝတ်ဂါဝန်ပါးပါးလေးနဲ့သာ သူတို့ခန္ဓာကိုယ်ကို ခြားထားပြီး သူ့အောက်မှာ ကောင်မလေးက လဲလှောင်းနေသည်။
"နည်းနည်းတော့ ကြီးလာပုံရတယ်" ပေါ်ရန်က မှတ်ချက်ချသည်။
ကျင်းရှီ၏ မျက်နှာသည် ရုတ်တရက် နီမြန်းလာသည်။ သူမက သူ့ကို ညင်သာစွာ တွန်းထုတ်လိုက်ပြီး တစ်ဖက်ကို လှည့်လိုက်သည်။ "အရှက်မရှိလိုက်တာ"
ပေါ်ရန်က သူမမျက်လုံးတွေကို ကြည့်ကာ ညင်သာစွာ မေးခဲ့သည်။ "ထိလို့ရမလား"
ကျင်းရှီက လုံးဝရှက်သွားသည်။ "ရှင် ထိချင်ရင် ထိလိုက်။ ဘာလို့မေးနေတာလဲ"
သူမငြင်းရင် သူက သူမကို မထိမှာ မဟုတ်တာကို။
ပေါ်ရန်၏လက် ထိခါနီးတွင် ရုတ်တရက် တံခါးဖွင့်သံ ကြားလိုက်ရသည်။ ရှန်ဖျင်ချွမ်က သူ့သွားတွေကို တိုက်ရင်း ဝင်လာသည်။ "သေအောင်ပျင်းဖို့ကောင်းတယ်။ ညီမလေး ထွက်လာပြီး ငါနဲ့ ဂိမ်းဆော့လေ"
"......"
သူတို့သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
ရှန်ဖျင်ချွမ်က သူရဲ့သွားတိုက်တံ ပါးစပ်ကနေ ပြုတ်ကျသွားသည်။ လက်တစ်ဖက်က ကုတင်ပေါ်ရှိ စုံတွဲကို ညွှန်ပြပြီး ကျန်တစ်ဖက်က သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားသည်။ "မင်း...မင်းတို့... ဘာလုပ်နေတာလဲ"
ပေါ်ရန်က ကျင်းရှီကို သူ့အောက်ကို ဖိထားဆဲပင်။ ရှန်ဖျင်ချွမ် တိုးတိုးနေရန်အတွက် လက်ဟန်ခြေဟန်ပြ၍ သူ့နှုတ်ခမ်းဆီသို့ လက်ချောင်းတစ်ချောင်းကို တင်လိုက်ပြီး "ရှူးးးးး"
ကျင်းရှီရဲ့မျက်နှာက နီရဲနေပြီး သူမက အသဲအသန် ပြောလိုက်သည်။ "အစ်ကို၊ ထွက်သွား!"
ရှန်ဖျင်ချွမ်က သူ့သွားတိုက်တံကို ကောက်ကိုင်ပြီး သူ့နောက်က တံခါးကို ပိတ်၍ အမြန်ထွက်သွားသည်။
ပေါ်ရန်နှင့် ကျင်းရှီသည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး တစ်ချိန်တည်း ရယ်မောလိုက်ကြသည်။
စိုးရိမ်နေတုန်း ရှန်ဖျင်ချွမ်က အပြင်ဘက်ကနေ တံခါးကို မှီပြီး ခိုးနားထောင်ကာ ခဏခဏ ခေါက်ခဲ့သည်။ "ဟေး မင်းတို့နှစ်ယောက်... ကောင်းကောင်းနေကြ။ ရယ်စရာမရှိဘူး"
ကျင်းရှီက ပေါ်ရန်ကို တွန်းကာ ထထိုင်ပြီး မေးလိုက်သည်။ "ရှင် ခိုးထွက်ဖို့ အဆင်ပြေလို့လား"
"ကိုယ် လစ်ထွက်လာတာ။ ရှုချောင်းယန်က ကိုယ့်အတွက် ဖုံးထားပေးတယ်။ ညဘက် လေ့ကျင့်မှု မရှိသရွေ့ ဘယ်သူမှ မသိဘူး"
ပေါ်ရန်သည် ဆိုးသည်၊ စည်းကမ်းကို ဘယ်တော့မှ လိုက်နာသူ မဟုတ်မှန်း သူမ သိသည်။ စစ်တက္ကသိုလ်မှာ သူက နည်းပြဆရာတွေကို အဆုံးမရှိ ခေါင်းကိုက်စေသည်။
"ရှင် မြန်မြန်ပြန်သင့်တယ်။ ဖမ်းမိရင် ရှင် သေချာပေါက် အပြစ်ပေးခံရလိမ့်မယ်"
သူ့လက်ဖဝါးကို သူမလက်နဲ့ ကစားရင်း သူ့မျက်ခုံးတွေက အနည်းငယ် မြင့်တက်ကာ "ကိုယ့်ကို စိတ်ပူလို့လား" လို့ မေးလိုက်သည်။
"ဒီလိုပါပဲ"
"မင်းစကားတွေနဲ့ နှလုံးသားက ဘာမှမဆိုင်ဘူး"
ကျင်းရှီသည် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး နှုတ်ခမ်းစူလိုက်သည်။ သူမသည် သူမ၏ အိမ်တွင်းစီး ဖိနပ်တစ်ရံကို စီးကာ သူမလွယ်အိတ်ကို ဆွဲပြီး ခြင်ဆေး၊ အရည်အသွေးမြင့် ဘီစကွတ်တွေ၊ အခြားစားစရာတွေနှင့် ရိက္ခာတွေကို ထုတ်ယူကာ ပေါ်ရန် ရင်ခွင်ထဲသို့ အကုန်လုံး ထည့်ပေးလိုက်သည်။
ပေါ်ရန်က ကူကယ်ရာမဲ့ ပြောခဲ့သည်။ "ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေ အားလုံး အသိမ်းခံရတယ်။ ဒါတွေကို ရှာတွေ့ရင် အဆင်မပြေဘူး"
ကျင်းရှီက ရပ်တန့်ရုံသာ။ သူမ စိတ်ဓာတ်ကျပြီး မေးလိုက်သည်။ "လေ့ကျင့်ရေးက ဘယ်အချိန်ပြီးမှာလဲ"
"ရက်အနည်းငယ်လောက်ပါပဲ" ပေါ်ရန်က သူမလက်ကို ကိုင်ကာ နမ်းလိုက်ပြီး "မင်း ကိုယ့်ကို လာတွေ့တာ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုပဲ"
ရှန်ဖျင်ချွမ်ရဲ့ခေါက်သံက သူတို့နှစ်ယောက်ကို အနှောင့်အယှက် ပေးလာခဲ့သည်။ "ဟေး၊ မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ။ ငါ ဝင်လာတော့မယ်"
"မဝင်နဲ့!" ကျင်းရှီက ငြီးတွားသည်။ "အရမ်းစိတ်အနှောင့်အယှက်ပေးတာပဲ"
"ကိုယ်သွားရတော့မယ်"
"အရှေ့တံခါးကိုသုံး"
"ဒုက္ခအရမ်းများတယ်" ပေါ်ရန်သည် လသာဆောင်သို့သွားကာ လက်ရန်းပေါ်မှ မြန်မြန်ခုန်ချလိုက်သည်။
"ရှင်..."
သူခိုးလို ခိုးကြောင်ခိုးဝှက်နဲ့။
အပြင်ရှိ စပျစ်နွယ်ပင်များကို တွယ်ဆင်းနေသော ပေါ်ရန်သည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူက ကျင်းရှီကို "ကိုယ့်မွေးနေ့က မကြာခင်ရောက်တော့မယ်။ မင်း ကိုယ့်ကို ဘာပေးမလဲ ဆုံးဖြတ်ပြီးပြီလား"
ကျင်းရှီက အေးဆေးပြောလိုက်သည်။ "ကျွန်မ သေချာစဉ်းစားလိုက်မယ်"
"စဉ်းစားဖို့ မလိုပါဘူး။ ကိုယ့်ကို ကတိတစ်ခုပဲပေး"
ကျင်းရှီသည် လသာဆောင်လက်ရန်းကို မှီကာ လရောင် ဖြာကျနေသော သူမ၏ မျက်ခုံးကွေးကွေးများနှင့် မျက်လုံးများက "ပေါ်ရန်မှာ ဘာဆန္ဒရှိလဲ။ ကျွန်မကိုပြောပြ၊ ကျွန်မ လုပ်ပေးမယ်"
ပေါ်ရန်၏ နှုတ်ခမ်းထောင့်များက အပြုံးဖျော့ဖျော့တစ်ခု ဖြစ်သွားသည်။ "ကိုယ့်မှာ တစ်ခုတော့ရှိတယ်၊ ဒါပေမယ့် မင်းသဘောမတူမှာစိုးတယ်"
"နားထောင်ကြည့်ရအောင်"
"ကိုယ့်မွေးနေ့မှာ ပန်းချီစတူဒီယိုကိုလာပြီး ကိုယ့်အတွက် မော်ဒယ်လုပ်ပေး"
ကျင်းရှီက ရွှင်မြူးစွာ ရယ်မောပြီး ရက်ရက်ရောရော ပြောလိုက်သည်။ "လွယ်ပါတယ် ကျွန်မ ကတိပေးတယ်"
သူမ၏ ကော်လာကို ပြင်ဆင်ရင်း ပေါ်ရန်၏ မေးစေ့သည် အနည်းငယ် မြင့်တက်သွားသည်။ "ကိုယ်က ကိုယ်တုံးလုံးမော်ဒယ်လုပ်တာကို ဆိုလိုတာ"
"......"
အားလပ်ရက်အတွက် စန်းနန်တောင်ကို လာရတာ မဖြူစင်တဲ့ ရည်ရွယ်ချက်တွေ ရှိပေမယ့် ကျင်းရှီက ရှန်ရှီရှန်းနဲ့အတူတူ နေ့တိုင်း ငါးဖမ်းခြင်း၊ တောင်တက်ခြင်း၊ လက်ဖက်ရည်သောက်ခြင်းနှင့် စစ်တုရင်ကစားခြင်းကို လုပ်ခဲ့သည်။
သူမက သူမပထွေးနဲ့ ဆက်နွယ်မှုကို လုံးဝ လစ်လျူမရှုခဲ့ပါ။ သူမသည် ပုံမှန်အတိုင်း ချိုမြိန်သော ပါးစပ်ကလေးနှင့် ချစ်စရာကောင်းပြီး ချစ်စရာကောင်းအောင် ဘယ်လို ပြုမူရမလဲကို သိသည်။ အဘိုးကြီးရှန်သည် သူမကို လုံး၀ ကျေနပ်နေခဲ့သည်။
ရှန်ဖျင်ချွမ်သည် အဘိုးကြီးရှန်၏ မျက်လုံးထဲတွင် ဤမယားပါသမီး၏ အဆင့်အတန်းသည် သူ့သားအရင်းကို ကျော်လွန်နေပြီဆိုတာကို သံသယမရှိပေ။
သူ၏အဖိုးတန်သမီးလေး အရွယ်ရောက်လာသည်ကို မြင်လိုက်ရတော့ အဘိုးကြီးရှန်သည် သူမအတွက် ကမ္ဘာပေါ်တွင် အကောင်းဆုံး ကောင်လေးကို အသဲအသန် ရှာဖွေချင်ခဲ့သည်။
ထိုညတွင် မောင်နှမတွေက အဘိုးကြီးရှန်နှင့်အတူ တီဗီကြည့်ကြသည်။ ထုံးစံအတိုင်း သူတို့သည် ရီမုအတွက် အပြင်းအထန် တိုက်ခိုက်ကြသည်။
အဘိုးကြီးရှန်သည် သူ၏စမတ်ဖုန်းကြီးကို ကိုင်ထားပြီး မျက်နှာပြင်ကို လက်တစ်ချောင်းဖြင့် ထိတွေ့နေကာ လုံးဝ အာရုံစိုက်နေသည်။ သူက ရန်ဖြစ်နေကြသော မောင်နှမတွေကို ခေါ်လိုက်သည်။ "ရန်ဖြစ်နေကြတာကိုရပ်လိုက်၊ ကောင်းကောင်းနေကြ၊ လာကြည့်စမ်း။ မင်းတို့ ဒီကလေးကို ဘယ်လိုထင်လဲ"
ရှန်ဖျင်ချွမ်နှင့် ကျင်းရှီ၏ ဦးခေါင်းလေးများသည် အဘိုးကြီးရှန်၏ ဖုန်းက မျက်မှန်နဲ့ကောင်လေး၏ဓာတ်ပုံကို ကြည့်ရန် အတူတူ လှည့်လာကြသည်။
ရှန်ဖျင်ချွမ်က စိတ်ဝင်စားစွာ မေးလိုက်သည်။ "ဒီကောင်ကဘယ်သူလဲ"
"သူက မင်းဦးလေးရှင်းရဲ့သား။ Cambridge က ဗိသုကာပညာရှင်တစ်ယောက်၊ ၆ ပေ ၁ လက်မ။ ကျင်းရှီ ဒီကောင်လေးရဲ့ပုံစံကို မင်းကြိုက်လား"
ကျင်းရှီသည် အဘိုးကြီးရှန်၏ ရည်ရွယ်ချက်က သူမကို ကောင်လေးနှင့် မိတ်ဆက်ပေးဖို့ဆိုတာကို ချက်ချင်း ခံစားလိုက်ရသည်။
သူမစကားမပြောမီ ရှန်ဖျင်ချွမ်က ချက်ချင်းပြောသည်။ "အဘိုးကြီးရှန်၊ ဒါက မစောလွန်းဘူးလား။ သူမက ဆယ့်ကိုးနှစ်တောင် မပြည့်သေးဘူး၊ အဖေ သူမအတွက် အိမ်ထောက်ဖက် အသဲအသန် ရှာပေးနေတယ်"
"မင်း ဘာမှမသိပါဘူး။ အခုခေတ်မှာ ယောက်ျားကောင်းလေးတွေက လိုချင်တဲ့သူများတယ်။ နောက်နှစ်နှစ်လောက်ဆိုရင် သူတို့အားလုံးမှာ သေချာပေါက် ကောင်မလေးရှိနေမှာ သေချာတယ်။ ငါ ငါတို့ ကျင်းရှီအတွက် အကောင်းဆုံးကို ရွေးပြီး သူ့ကို စောစောဦးထားရမယ်၊ ဒါမှစိတ်ချရမှာ"
ရှန်ဖျင်ချွမ်က ရွံရှာစွာ ရှုံ့မဲ့ခဲ့သည်။ "သူက ဘာတွေကြီးမြတ်နေလို့လဲ။ သူက ကြည့်ရတာ အသုံးမကျသလိုပါပဲ"
"မင်းဘာမှမသိဘူး" အဘိုးကြီးရှန်က သူ့ကို ဂရုမစိုက်စွာ တွန်းထုတ်လိုက်သည်။ "ရုပ်ကြည့်ပြီး မဆုံးဖြတ်နဲ့၊ အရည်အချင်းနဲ့ စရိုက်ကိုကြည့်။ ကျင်းရှီ ကောင်လေးကို မင်းဘယ်လိုထင်လဲ"
"အင်း...တကယ်တော့ သမီးမှာ..."
ရှန်ဖျင်ချွမ်က သူမစကားကိုရပ်ရန် ကန်လိုက်သည်။ အဲ့လိုသာပြောလိုက်ရင် အဘိုးကြီးရှန်၏ ချစ်လှစွာသော အကျင့်စရိုက်အရ သူက ပေါ်ရန်၏ ဘိုးဘေးမျိုးဆက်သုံးဆက်ကို စုံစမ်းမည်ဖြစ်သည်။
"မဟုတ်ဘူး၊ ကျွန်တော် သဘောမတူဘူး။ ဒီကောင့်ကိုသဘောမကျဘူး"
"ဒါ မင်းနဲ့ဘာဆိုင်လို့လဲ!"
"ကျင်းရှီ၊ မင်း ကိုယ့်ဘာသာပြော"
ကျင်းရှီက မျိုချလိုက်ပြီး ပြောလိုက်သည်။ "သမီး ဒီလိုပုံစံကို မကြိုက်ဘူး။ သမီးက ကြွက်သားတွေနဲ့ ကြည့်ကောင်းတာကို ကြိုက်တာ"
"ကြည့်ကောင်းတဲ့သူတွေလည်းရှိတယ်၊ မင်း ကိုယ်တိုင်ရွေးလိုက်" ရှန်ရှီရှန်းက သူ့ဖုန်းကို ကျင်းရှီကို ပေးလိုက်သည်။
သူ၏ WeChat အဖွဲ့ရှိ ဦးလေးများနှင့် ယောက်ဖများအားလုံးသည် ၎င်းတို့သားတွေရဲ့ ဓာတ်ပုံများ ပေးပို့ခဲ့ကြောင်း ကျင်းရှီ တွေ့ရှိခဲ့သည်။ အောက်ကိုဆွဲလိုက်တော့ တစ်ဒါဇင်ကျော်ရှိသည်။
ရှန်ဖျင်ချွမ်က သူ့ခြေထောက်ကို ကိုင်ကာ ရယ်လိုက်သည်။ "အဘိုးကြီးရှန်၊ အဖေက အိမ်ထောင်ရေးကြော်ငြာတစ်ခုကို ပို့စ်တင်နေသလိုပဲ။ အဖေ့ရဲ့လိမ္မာရေးခြားရှိတဲ့ သမီးလေးက ကောင်လေးတစ်ယောက်ရှာလို့ မတွေ့ဘူးထင်လို့ စိတ်မချဖြစ်နေတာလား"
"ကောင်လေးတစ်ယောက်ကို ဖြစ်သလိုရှာရမလား!" ရှန်ရှီရှန်းက ပြောခဲ့သည်။ "အပြင်က ကောင်လေးတွေက အရမ်းဆိုးတယ်။ ကျင်းရှီ သစ္စာဖောက်ခံရရင် ဘာဖြစ်မလဲ။ ငါ ကျင်းရှီအတွက် ကောင်လေးရှာရမယ်၊ အနာဂတ်မှာ ကျင်းရှီအတွက် ဘယ်သူက ကောင်းမလဲ ငါကောင်းကောင်းသိတယ်၊ "
ကျင်းရှီသည် ထိုကောင်လေးများ၏ ဓါတ်ပုံများကို အသေအချာ ကြည့်နေခဲ့သည်။
"ဟမ်၊ ဒီအစ်ကိုက ကြည့်ကောင်းတယ်"
"ဒီအစ်ကိုလည်းကြည့်ကောင်းတယ်"
"ဝိုး၊ ဒီအစ်ကိုက အရမ်းချောတာပဲ၊ ကျွန်မ သူ့ကို သဘောကျတယ်"
ရှန်ရှီရှန်း၏ မျက်လုံးထောင့်များက ရယ်မောကာ နက်နက်ရှိုင်းရှိုင်း တွန့်သွားသည်။ "ကောင်းပြီ၊ ကောင်းပြီ၊ မင်းကြိုက်တဲ့ သူကို ဆေ့ဖ်ထားလိုက်"
ရှန်ဖျင်ချွမ် ပြုံးလိုက်သည်။ သူ့ညီမက ကွင်းပြင်မှာ ကစားနိုင်စွမ်းရှိတာကို သူ ဘယ်လိုလုပ် မသိတာလဲ။ ပေါ်ရန်သိရင် ဒေါသကြောင့် သွေးအန်မလားပဲ။
ကျင်းရှီသည် ယောက်ျားလေးများ၏ ဓာတ်ပုံများကို ယောကျာ်းပီသမှုကိုဦးတည် ရွေးချယ်ခဲ့သည်။ သူမ ရည်းစားမထားခင် သူမ ဘယ်လို ယောက်ျားလေးတွေကို ကြိုက်လဲဆိုတာ သူမ မသိခဲ့ပေ။ အခုတော့ သူမ၏ အလှတရား ကြီးစိုးမှုသည် ပေါ်ရန်၏ လွှမ်းမိုးမှု အပြည့်ရှိသည်။ ပေါ်ရန်နဲ့ တူတဲ့သူတိုင်းက ကြည့်ကောင်းသည်။
ကျဉ်းမြောင်းကာ မျက်ရစ်မရှိသည့် မျက်လုံးများ၊ အရသာရှိသော အကြည့်များ၊ နူးညံ့ပြီး သန့်ရှင်းသော အသွင်အပြင်နှင့် ကြွက်သားတည်ဆောက်ပုံများဖြင့်...
ပေါ်ရန်နဲ့ပတ်သက်သမျှ အရာအားလုံးကို သူမ သဘောကျသည်။