← Chapters

အပိုင်း (၇၅)

Vol. 6 Ch. 75

အပိုင်း (၇၅)

Vol. 6 Ch. 75

ယောက်ျားလေးများက ဖန်ခွက်တွေထုတ်ပြီး ဒီည သူနဲ့အတူသောက်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

"ခွက်တွေက ဘာလဲ" ရှုချောင်းယန်သည် ဘီယာပုလင်းကို တိုက်ရိုက်ဆွဲယူလိုက်သည်။ "ယောက်ျားအစစ်တွေက ပုလင်းနဲ့ပဲ သောက်တယ်"

လင်းလောသည် သူ့လက်ထဲမှ ပုလင်းကို ယူလိုက်သည်။ "ရှင်တို့ မူးရင် ကောင်မလေးတွေက ရှင်တို့ကို အိမ်ပြန်ပို့ရမှာလား"

"မင်း ဘာလို့ အဲ့လောက်ကပ်နေတာလဲ" ရှုချောင်းယန်က မျက်မှောင်ကြုတ်လိုက်သည်။ "ကောင်းပြီ၊ မင်းတို့ခွက်တွေ သုံးကြ၊ ငါ ပုလင်းပဲ သုံးမယ်။ အဆင်ပြေလား"

"ချက်ချင်းကြီး အရက်မသောက်နဲ့လေ" ကျင်းရှီက အကြံပေးဖို့ ဝင်လာသည်။ "ရှင့်အတွက် ကျွန်မ သီချင်းနည်းနည်းဆိုပြမယ်။ ရှင်က ကာရာအိုကေကို ကြိုက်တယ်မဟုတ်လား။ ဒီညတော့ တစ်ချိန်လုံး ကျွန်မ ရှင့်ကို မိုက်ခရိုဖုန်း ပေးထားမယ်"

ထိုအချိန်တွင် သီးသန့်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ချွီရွှမ်ရွှမ်သည် သူမရဲ့ခြေတံရှည်များဖြင့် ယုံကြည်မှုရှိရှိ အထဲသို့ ဝင်လာသည်။ သူမ၏ လက်များကို အိတ်ကပ်ထဲတွင် ပေါ့ပေါ့ပါးပါး ထည့်ထားပြီး သူမက ထူးခြားပြီး မရင်းနှီးသောပုံစံဖြင့် ခေါ်လိုက်သည်။ "ရှုချောင်းယန်"

ရှုချောင်းယန်က လှည့်လိုက်သည်။ "ရွှမ်ရွှမ်…."

"ထွက်လာခဲ့၊ ကျွန်မ ရှင့်ကိုပြောစရာရှိတယ်"

"အိုး ကောင်းပြီ"

သူသည် ဘီယာပုလင်းကို ချလိုက်ပြီး ချွီရွှမ်ရွှမ် နောက်လိုက်သွားခဲ့သည်။

ချူးကျောက်၏ အကြည့်သည် ရှုချောင်းယန်ထွက်သွားသည့် နောက်သို့လိုက်သွားပြီး ကျင့်ချီသည် အနည်းငယ် မကြည်မလင်သော အမူအရာဖြင့် သူမကိုကြည့်နေသည်။

ပေါ်ရန်၏ လက်သည် ကျင်းရှီ၏ ပခုံးကို ဖက်ထားပြီး သူက သူမပြောသမျှကို စိတ်ရှည်စွာနားထောင်ရင်း သူမကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားသည်။

"ရှုချောင်းယန်က အဆင်မပြေတဲ့ ဆက်ဆံရေးနဲ့ ရင်ဆိုင်ရတော့မယ်ထင်တယ်။ သူ အရမ်းမသောက်အောင် နောက်မှ သူ့ကိုတားရမယ်" ဟု ကျင်းရှီကပြောသည်။

ပေါ်ရန်က နာခံမှုရှိစွာ "အင်း" ဟု ပြန်ဖြေသည်။

"ပြီးတော့ ကျင့်ချီ တစ်ခုခုအဆင်မပြေသလို ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကို ရှင် ဂရုစိုက်" သူမ ထပ်ပြောလိုက်သည်။

"အင်း"

ကျင်းရှီက သူ့မျက်နှာကို ကိုင်ကာ ပြုံးလိုက်သည်။ "အင်း အပြင် ရှင်ဘာပြောတတ်လဲ"

"ကိုယ်‌ပြောတတ်တယ်…" သူက ခေါင်းငုံ့ကာ သူမနှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်သည်။

နူးညံ့သော နှုတ်ခမ်းများမှာ နွေးထွေးသော ခံစားမှုကို ချန်ထားခဲ့သည်။ ကျင်းရှီက ရှက်သွားပြီး သူ့ကို တွန်းထုတ်လိုက်သည်။ "ရှင် ဘာလုပ်တာလဲ"

"ကျင်းရှီ ဂိမ်းကစားရအောင်"

ပေါ်ရန်က စိတ်အဆင်ပြေနေပုံရပြီး ကျင်းရှီ၏ နှုတ်ခမ်းဆီသို့ သူ့လက်ချောင်းထိပ်မှ စီးကရက်ကို ပေးလိုက်သည်။ "တစ်ငွေ့ရှိုက်လိုက်"

"အာ၊ မလုပ်ဘူး"

ရှန်ဖျင်ချွမ်သိရင် သူမကို သေချာပေါက် ပြောဆိုလိမ့်မည်။

"တစ်ခါပါပဲ၊ မင်းပါးစပ်ထဲ ထိန်းထား" မှိန်ဖျော့ဖျော့ အလင်းရောင်တွင် ပေါ်ရန်၏ စွဲမက်ဖွယ်မျက်လုံးများသည် အထူးဆွဲဆောင်မှုရှိနေသည်။

ကျင်းရှီလည်း သူဘာလုပ်နေလဲသိချင်သည်။ "ကောင်းပြီ... တစ်ခါပဲ"

သူမက စီးကရက်ကို ကိုက်ပြီး ဖြည်းညှင်းစွာ စုပ်ယူကာ သူမအဆုတ်ထဲသို့ မရှူသွင်းဘဲ ပါးပြင်များကို ဖောင်း၍ ပါးစပ်ထဲ ထိန်းထားသည်။

ညစ်တစ်တစ် အပြုံးတစ်ခု ပေါ်ရန်၏ နှုတ်ခမ်းပေါ်မှာ ပေါ်လာသည်။ "အခု၊ နည်းနည်းချင်း ကိုယ့်ဆီမှုတ်ထုတ်လိုက်"

သူပြောပြီးသည်နှင့် သူ့ပါးစပ်ကိုဖွင့်ကာ သူမနှင့် ထိကပ်လိုက်သည်။ သူတို့၏ နှုတ်ခမ်းများနှင့် သွားများသည်ရောယှက်၍ ပရုတ်ရွက်နှင့်ဆေးရွက်ကြီး၏ ရနံ့များ ရောနေသည်။

ကျင်းရှီသည် တာဝန်တစ်ခု လုပ်ဆောင်‌နေသကဲ့သို့ တူညီသောလေးနက်မှုဖြင့် ချဉ်းကပ်၍ သူ့အတွက် လေကို အပြည့်အဝ ရှူထုတ်လိုက်သည်။ သူ့အဆုတ်ထဲသို့ မီးခိုးငွေ့ကို ရှူသွင်းပြီးနောက် ပေါ်ရန်သည် နီကိုတင်းက သူ့ကို လှုံဆော်လိုက်သဖြင့် ချက်ချင်း အလျင်စလို ဖြစ်သွားသည်။ သူက သူမကို ဆိုဖာပေါ် ဖိချလိုက်ပြီး စိတ်အားထက်သန်စွာ နမ်းခဲ့သည်။

ကျင်းရှီသည် နူးညံ့ညင်သာသော ညည်းညူသံကို ထုတ်လွှတ်ပေမယ့် သူ့အသက်ရှူသံက သူမကို ချောင်းဆိုးလာစေသည်။ သူမမျက်နှာက နီရဲလာပြီး သူက သူမပါးစပ်ကို ထိကပ်ပြန်သည်။ စိုစွတ်ပြီး ပူလောင်သော အနမ်းသည် သူမကို အသက်ရှူကျပ်စေသော်လည်း ပျော်ရွှင်မှုလှိုင်းလုံးများက လိုက်ပါသွားခဲ့သည်။ သူမသည် မူးဝေလာပြီး မူးလဲတော့မည်။

ဒီလူ၊ ကောက်ကျစ်တဲ့ မြေခွေး။

ချူးကျောက်သည် ရေဝယ်ရန် ကောင်တာသို့ သွားခဲ့သည်။ သူမပြန်လာသောအခါ ရှုချောင်းယန်နှင့် ချွီရွှမ်ရွှမ်တို့သည် စင်္ကြံတွင် စကားပြောနေတာ တွေ့လိုက်ရသည်။

သူမ ထွက်သွားချင်ပေမယ့် ရှုချောင်းယန်က ချွီရွှမ်ရွှမ်ရဲ့လက်ကောက်ဝတ်ကို ဆွဲပြီး အသဲအသန် မေးနေသည်။ "မင်း ငါ့ကိုဘာလို့လိမ်တာလဲ။ မင်းသူငယ်ချင်းတွေနဲ့ လျှောက်သွားမယ်လို့ ပြောလို့ရတယ်လေ။ ငါ မင်းကိုတားမယ်လို့ မင်းထင်နေတာလား"

ချွီရွှမ်ရွှမ်က သူ့လက်ကို ခါလိုက်ပြီး သူ့ထက် ပိုစိတ်ဆိုးနေသည်။ "မင်း ငါ့ကိစ္စတွေကို လိုက်ရှုပ်နေတာကို ရပ်နိုင်မလား။ ငါ ဘယ်သူ ထိန်းချုပ်တာကိုမှ မကြိုက်ဘူး။ ရှင့်ကိုရှင် ဘယ်သူလို့ ထင်နေတာလဲ"

ရှုချောင်းယန် အံ့အားသင့်သွားသည်။ "ငါဘယ်မှာ လိုက်ရှုပ်ခဲ့လို့လဲ၊ ငါပြောတာ….. မင်းလိမ်မယ့်အစား ငါ့ကိုပြောသင့်တယ်ဆိုတာပဲ"

"ရှုချောင်းယန် ငါတကယ်စိတ်ပျက်နေပြီ။ လမ်းခွဲကြရအောင်"

ရှုချောင်းယန်သည် သူမမျက်လုံးများကို ကြည့်ကာ ခဏလောက် အံ့အားသင့်သွားပြီး နှိမ့်ချပြီး ထိန်းချုပ်စွာ ပြောသည်။ "မင်းအလုပ်ရဲ့ဖိအားတွေကြောင့် အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောနေတယ်လို့ ငါသတ်မှတ်လိုက်မယ်။ ကျေးဇူးပြုပြီး ဒီစကားလုံးနှစ်လုံးကို ထပ်မပြောပါနဲ့၊ မဟုတ်ရင် ငါအတည်သတ်မှတ်လိုက်မယ်"

သူ့ရဲ့စွန့်ပစ်ခံရသော မျက်လုံးများက ချူးကျောက်၏ နှလုံးသားကို နားမလည်နိုင်စွာ စူးရှသွားစေခဲ့သည်။

လွန်ခဲ့သည့်နှစ်လတွင် နေ့တိုင်း သူမသည် ပြဿနာများကို ဖြေရှင်းရန် အာရုံစိုက်၍ သူ့အကြောင်း မတွေးရန် သူမကိုယ်သူမ ဖိအားခဲ့သည်။ သူမ အဆင်‌ပြေသွားပြီလို့ ထင်ခဲ့ပေမယ့် အခု... သူနာကျင်နေတာမြင်တော့ သူမအဆင်မပြေပေ။

"ရှုချောင်းယန်၊ ငါ နင်နဲ့ စနောက်နေတာမဟုတ်ဘူး၊ လမ်းခွဲရအောင်"

"ဒါ... အကြောင်းပြချက်ရှိရမယ်"

"ငါ နင့်ကို ဘယ်တုန်းကမှ သဘောမကျဖူးဘူး။ ဒီအကြောင်းပြချက်က လုံလောက်လား"

ရှုချောင်းယန် အေးခဲသွားသည်။ "မင်းဘာပြောနေတာလဲ"

"ငါ နင့်ကို ဘယ်တုန်းကမှ သဘောမကျဖူးဘူး။ နင်နဲ့တွဲခဲ့တာက ချူးကျောက်ကို စိတ်ထိခိုက်စေဖို့ပဲ"

"ဘာလို့လဲ။ မင်းကို ဖိအားပေးဖို့ သူဘာလုပ်ခဲ့လို့လဲ"

ချွီရွှမ်ရွှမ်က လှောင်ပြောင်ခဲ့သည်။ "မင်းတကယ်တုံးတာပဲ။ အဲဒီကောင်မလေးက မင်းကိုအရမ်းသဘောကျနေတာ၊ သူက နင့်ကို ရူးနေတာ။ နင်လုံးဝမမြင်ဘူးလား!"

ရှုချောင်းယန်၏ နှလုံးသားကို စာနာမှုမရှိသော လက်တစ်စုံက ရုတ်တရက် ဖြစ်ညှစ်လိုက်ပြီး သူ့ကို အသက်ရှူရခက်သွားခဲ့သည်။ "မင်း သူ့ကို နာကျင်အောင်လုပ်ဖို့ ငါနဲ့တွဲခဲ့တာလား"

"ဟုတ်တယ်၊ နင့်အတွက် သူ ဘယ်နှစ်ခါ ငိုရမှန်း နင် မသိဘူးပဲ။ အဲဒါကိုတွေးကြည့်ရုံနဲ့ ငါကျေနပ်တယ်" ယုတ်မာတဲ့အမူအရာ၊ နက်မှောင်တဲ့နှလုံးသားနဲ့ သူမက ပြန်ဖြေသည်။

ရှုချောင်းယန် မယုံနိုင်ပေ။ သူ့ရှေ့က အမျိုးသမီးသည် သူ့စိတ်ကူးထဲက လှပကာ စိတ်ကောင်းရှိပြီး နူးညံ့သိမ်မွေ့သော နတ်သမီး စီနီယာဖြစ်ကာ ခက်ထန်သောအမူအရာနှင့် နက်မှောင်နေသော နှလုံးသားကို နားမလည်နိုင်ပေ။

ချွီရွှမ်ရွှမ်က ရှုချောင်းယန်ကို သဘောမကျတာကြောင့် သူ့ရဲ့အတွေးတွေကို လုံးဝ ဂရုမစိုက်ပေ။

သူမက ပခုံးတွန့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ငါပျင်းနေပြီ၊ နင်တို့နဲ့ မကစားချင်တော့ဘူး။ ဘိုင့်"

ရှုချောင်းယန်က လက်သီးကို တင်းတင်းဆုပ်ထားပြီး သူ့မျက်နှာသည် သိသိသာသာ မည်းမှောင်သွားသည်။ ခဏနေတော့ သူသည် ချွီရွှမ်ရွှမ်ကို စကားတစ်ခွန်းတည်း ပြောလိုက်သည်။

"သွား!"

ရှုချောင်းယန်သည် အမြဲတမ်း ပြုံးရွှင်နေပြီး အခြားသူများကို ကူညီတတ်သည်။ သူက မိန်းကလေးတွေကို အမြဲတမ်း ယဉ်ကျေးသည်။

အထူးသဖြင့် သူတို့စချိန်းတွေ့ပြီးနောက်တွင် သူသည် ချွီရွှမ်ရွှမ်ကို စိတ်တိုင်းမကျတိုင်း လိုက်လျောညီထွေ၍ သူမကို အရမ်းနူးညံ့ပြီး ငဲ့ညှာသည်။

ယခုတော့ သူသည် ဒေါသတကြီး ပေါက်ကွဲပြီး သူမကိုအော်ကာ ချွီရွှမ်ရွှမ်ကို လွှတ်‌ပေးခဲ့သည်။

သူမကိုတကယ်ဒေါသထွက်နေပြီး သူမသည် သီးသန့်ခန်းထဲ ပြန်သွားခဲ့သည်။

ရှုချောင်းယန်သည် တုန်ရီနေသော လက်များကို သူ့အိတ်ထဲသို့ထည့်ကာ စီးကရက်ဗူးကို ဆွဲထုတ်၍ နံရံကိုမှီလိုက်သည်။

ခပ်မှိန်မှိန် နွေးထွေးသော အဝါရောင် အလင်းရောင်က သူ့ကို ဖြာကျ‌နေပြီး သူ့မျက်လုံးထဲတွင် အရင်ကမမြင်ဖူးခဲ့သော ဝမ်းနည်းမှုတစ်ခု တိုးဝင်လာသည်။

ကျရှုံးသွားသော အချစ်ရေးသည် ယောက်ျားလေးတစ်ယောက်ရဲ့ရင့်ကျက်မှုမှာ အလျင်မြန်ဆုံးဖြစ်သည်။

သီးသန့်ခန်းထဲမှာ ရှုချောင်းယန်က ဆိုဖာအစွန်းမှာ တစ်ယောက်တည်း ထိုင်ပြီး အရက်သောက်သည်။ ကျင့်ချီက သူ့ဘေးမှာထိုင်ပြီး မေးသည်။ "မင်း လမ်းခွဲခဲ့တာလား"

"ဟုတ်တယ်" ရှုချောင်းယန်က သူ့ကို စီးကရက်တစ်လိပ် ပေးကာ ပြန်ဖြေခဲ့သည်။

ကျင့်ချီက သူ့ပါးစပ်ထဲ စီးကရက်ကို ထည့်လိုက်သော်လည်း မီးမညှိပေ။ သူသည် ဆေးလိပ်သောက်ရတာ မကြိုက်သလို စီးကရက်ဝယ်ရန် ပိုက်ဆံအပိုမရှိပေ။

"ဒီကစားပွဲမှာ ငါရှုံးခဲ့တယ်" ရှုချောင်းယန်က ရေရွတ်သည်။

ကျင့်ချီက သူ့ပခုံးကို ပုတ်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ကျရှုံးတဲ့ အချစ်ဇာတ်လမ်းကို ဘယ်သူက မကြုံဖူးလို့လဲ။ ဆက်မတွေးနဲ့တော့။ ကမ္ဘာကြီးက အကျယ်ကြီး အပြင်မှာ မိန်းကလေးတွေ အများကြီးရှိတယ်။ မင်းကောင်မလေး မရှာနိုင်မှာစိုးနေတာလား"

ရုတ်တရက် ရှုချောင်းယန်က ကျင့်ချီကိုမေးသည်။ "မင်းအကုန်သိတာပဲ"

"ဘာလဲ" စီးကရက်ကို ကိုင်ထားသည့် ကျင့်ချီ၏ လက်က တုန်လှုပ်သွားသည်။ အဲဒီလိုလုပ်ဖို့ သတ္တိမရှိတာကြောင့် သူ ပြန်မဖြေခဲ့ပေ။

သဘောကျခံရသော သူသည် သတိလက်လွှတ် ပြုမူတတ်သော်လည်း သဘောကျသူသည် ဖုန်မှုန့်ကဲ့သို့နိမ့်ပါးစွာ တိတ်ဆိတ်နေရသည်။

ရှုချောင်းယန်က ဆက်ပြောခဲ့သည်။ "အဲဒီနေ့က မင်းငါ့ကို ထင်အောင်လုပ်ခဲ့တာ... မင်းနဲ့ ချူးကျောက် တွဲနေတယ်လို့"

"ငါ အဲဒီလို မပြောပါဘူး။ သူမ ဘယ်လိုလုပ်မလဲဆိုတာ သူ့အပေါ်မှာပဲ မူတည်တယ်။ အဲဲဒါတွေ အကုန်လုံးက မင်းရဲ့ အဖိုးတန် ကောင်မလေးရဲ့လုပ်ဆောင်ချက်တွေပါ" လို့ ကျင့်ချီက အေးစက်စွာ ပြန်ဖြေသည်။

ရှုချောင်းယန်က အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အရက်တစ်ခွက်ကို ငဲ့လိုက်သည်။ "ငါက အဲ့လောက်တုံးတာလား"

"အခုသိပြီဆိုတော့ မင်းဘယ်လိုထင်လဲ" ကျင့်ချီ၏ အသံက ဩရှရှဖြစ်နေသည်။

ရုတ်တရက် သူကြောက်သွားသည်။ တကယ်တော့ သူက ကိုယ်ချစ်ရသူ ပျော်ရွှင်စေဖို့ ကိုယ်ကျိုးမဖက်ဘဲ အနစ်နာခံတတ်သော သူတော်စင်မဟုတ်ပေ။

အနက်ရှိုင်းဆုံးဆိုလျှင် ရှုချောင်းယန်နှင့် ချွီရွှမ်ရွှမ်တို့ အတူတူရှိနေသ၍ သူ... အခွင့်အရေးရှိနိုင်တယ်လို့ တိတ်တဆိတ် မျှော်လင့်နေခဲ့သည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ရှုချောင်းယန်က ပြောသည်။ "ဒါ ငါ့အမှားပါ။ ငါ စောစော သိခဲ့ရင်..."

ကျင့်ချီက သူ့ကို နှောင့်ယှက်လိုက်ပြီး "မင်းသိခဲ့ရင် ချူးကျောက်နဲ့ မင်းအတူတူရှိနေမှာလား"

"ဟုတ်တယ်! ပြီးတော့ ငါ သူ့ကို ဘယ်သူကမှ နာကျင်အောင်မလုပ်စေရဘူး" ရှုချောင်းယန်က ခိုင်မာစွာ ပြောလိုက်သည်။

ရှုချောင်းယန်၏ စိတ်ခံစားချက်ကမ္ဘာသည် ရိုးရှင်းပြီး ဖြူစင်သည်။ တစ်ယောက်ယောက်က သူ့ကို သဘောကျတယ်ဆိုရင်တော့ သူက သူတို့ကို နည်းလမ်းတိုင်းနဲ့ ချစ်ခင်ပေးလိမ့်မည်။

ချူးကျောက်သည် ချွီရွှမ်ရွှမ်၏ သီးသန့်ခန်း တံခါးကို တွန်းဖွင့်လိုက်ပြီး အတွင်းတွင် ပျော်ရွှင်နေသော အမျိုးသားနှင့် အမျိုးသမီးများက သူမကို လှည့်ကြည့်သည်။

ချူးကျောက်၏ မျက်နှာမှာ တင်းမာနေပြီး အသံတိုးတိုးဖြင့် "ချွီရွှမ်ရွှမ်၊ ထွက်ခဲ့"

ထောင့်တွင်ထိုင်နေသော ချွီရွှမ်ရွှမ်သည် သူမ၏ခြေတံရှည်များကို ဆန့်ပြီး အေးစက်သောအမူအရာဖြင့် ချူးကျောက်ဆီသို့ လျှောက်သွားပြီး တံခါးကို မှီလိုက်သည်။ "ရှုချောင်းယန်နဲ့ ငါ လမ်းခွဲလိုက်ပြီ။ နင် သူ့ကို သွားရှာလို့ရပြီ။ ငါ သူ့ကို မလိုချင်တော့ဘူး၊ ငါ နင့်ကို စေတနာသဒ္ဒါတရားထက်သန်စွာ ပေးတယ်နော်..."

သူမစကားမဆုံးမီတွင် ကျယ်လောင်သော အသံတစ်ခု "ဖြောင်း" ခနဲထွက်ပေါ်လာပြီး ချူးကျောက်၏ လက်ဖဝါးသည် သူမမျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ချွီရွှမ်ရွှမ်၏ ပါးသည် ချက်ချင်း နီရဲလာသည်။

သူမမျက်နှာကို အုပ်ကာ ချူးကျောက်ကို မယုံနိုင်စွာ ကြည့်နေသည်။ အများအားဖြင့် နူးညံ့သော ချူးကျောက်သည် ဤကဲ့သို့လုပ်နိုင်မယ်လို့ သူမ လုံးဝမမျှော်လင့်ခဲ့ပေ။

ချူးကျောက်က ဒေါသကြောင့် တုန်နေပြီး ထပ်ရိုက်ချင်ပေမယ့် ချွီရွှမ်ရွှမ်က သူမရဲ့ လက်ကောက်ဝတ်ကို ဖမ်းလိုက်သည်။

သီးသန့်ခန်းထဲမှာ ဝုန်းတိုင်းကျဲဖြစ်တာက တခြားသူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပြီး သူတို့က ဒေါသထွက်စွာ ထွက်လာကြသည်။

"နင်က ဘယ်သူလို့ထင်နေတာလဲ၊ တစ်ယောက်ယောက်ကို သူတို့အိမ်တံခါးဝမှာ အနိုင်ကျင့်နေတယ်"

"သူ့ကိုသင်ခန်းစာပေးလိုက်!"

မိန်းကလေးတွေက ချူးကျောက်ကို ချုပ်ကာ အခန်းထဲသို့ ဆွဲခေါ်သွားကြသည်။ ချူးကျောက်က ခုခံပြီး သူမ၏ အဝတ်အစားများနှင့် ဆံပင်များ ဖရိုဖရဲဖြစ်သွားသည်။

"ငါ့ကိုလွှတ်! ငါ့ကိုမထိနဲ့!"

ချွီရွှမ်ရွှမ်က အခု ဒေါသထွက်နေပြီး အေးစက်စွာ ‌ပြောခဲ့သည်။ "သူ့ကို ဆွဲသွားပြီး သူ့လုပ်ရက်အတိုင်း ပြန်ခံခိုင်းလိုက်"

အပြင်ဘက်တွင် ဖရိုဖရဲဖြစ်မှုသည် ကြည့်ရှုသူများကို ဆွဲဆောင်ခဲ့သည်။ ချူးကျောက်က အတော်ကြာ ပြန်မလာတာကို ကျင့်ချီ သတိထားမိပြီး သူမကို ရှာဖို့ ထွက်လာခဲ့သည်။ တံခါးဖွင့်လိုက်သည်နှင့် ရုန်းကန်နေသည့် မြင်ကွင်းကို သူမြင်လိုက်ရသည်။

"သေစမ်း"

သူသည် လျင်မြန်စွာ ပြေးသွားပြီး မိန်းကလေးများကို အဝေးတွန်းကာ ချူးကျောက်ကို သူ့ဘေးသို့ ဆွဲလိုက်သည်။

မိန်းကလေးတစ်ဦးကို နံရံသို့ အားနဲ့တွန်းခဲ့ပြီး ကျင့်ချီ၏ အပြုအမူသည် ကြမ်းတမ်းသည်။ သူတို့က မိန်းကလေးတွေမို့လို့ သူက ထိန်းမှာမဟုတ်ပေ။ သူက ချူးကျောက်ကို အနိုင်ကျင့်တဲ့ မည်သူ့ကိုမဆို ကျားမသတ်မှတ်မနေဘဲ လွယ်လွယ်နဲ့ လွှတ်မပေးချေ။

သူသည် ချူးကျောက်ကို ကာကွယ်ခဲ့ပြီး ထွက်သွားတော့မည်အချိန် ယောက်ျားလေးတွေက ရှေ့သို့ပြေးလာကာ ကျင့်ချီကို လက်သီးထိုး ကန်ကြသည်။

ရုန်းရင်းဆန်ခတ်အသံက ပေါ်ရန်နဲ့ ရှုချောင်းယန်ရဲ့ အာရုံကို ဖမ်းစားလိုက်သည်။

သူ့ညီအစ်ကို တိုက်ခိုက်ခံနေရတာကို မြင်လိုက်ရတော့ ရှုချောင်းယန်ရဲ့မျက်လုံးတွေ နီရဲသွားသည်။ သူသည် ရှေ့သို့ အမြန်ပြေးလာပြီး ပြင်းထန်စွာ ထိုးသည်။ တစ်ဖက်တွင် ပေါ်ရန်သည် တည်ငြိမ်နေပြီး အခြေအနေ ထပ်မဆိုးအောင် တားဆီးဖို့ အုပ်စုနှစ်စုကိုခွဲရန် လျှောက်သွားသည်။

"ရန်ဖြစ်‌နေတာ ရပ်လိုက်!" ပေါ်ရန်က ကျင့်ချီကို ပြန်ဆွဲလိုက်သည်။ "ကောင်မလေးတွေ ဒီမှာရှိတယ်။ ရန်မဖြစ်နဲ့တော့"

သူ့ညီအစ်ကိုနှစ်ယောက်ကို သူချုပ်နှောင်ထားလိုက်စဥ် ချွီရွှမ်ရွှမ်ရဲ့ဘေးက ကောင်လေးတွေက ရန်စနေတုန်းပင်။ သို့သော် ပေါ်ရန်ဆီမှ အေးစက်သော အကြည့်ကြောင့် သူတို့ နောက်ဆုတ်သွားခဲ့သည်။

ကျင့်ချီသည် ပြင်းထန်စွာ မောဟိုက်ပြီး ကြောက်လန့်နေသော ချူးကျောက်ကို အနားသို့ ဆွဲကာ စိုးရိမ်စွာ မေးသည်။ "မင်း နာနေလား"

ချူးကျောက်က ခေါင်းခါပြီး သူ့ကို စိတ်ပူစွာကြည့်နေသည်။ "ရှင်ကော"

"ကိုယ်အဆင်ပြေတယ်"

တိုက်ခိုက်ရေးနဲ့ ကိုယ်ခံပညာတွေကို လေ့ကျင့်သင်ကြားခဲ့တဲ့ စစ်တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ အဲဒီကောင်လေးတွေ အားလုံးစုလိုက်ရင်တောင် သူ့ကို မနိုင်ပါပေ။

ချွီရွှမ်ရွှမ်၏ မျက်လုံးများ နီရဲလာပြီး သူမမျက်နှာကို အုပ်ကာ ရှုချောင်းယန်ကို ငိုသံဖြင့် မကျေမနပ်ကြောင်းပြောသည်။ "အမှားအမှန်ကို မသိဘဲ သူက ကျွန်မကို ချက်ချင်း ပါးရိုက်လိုက်တာ။ ရှုချောင်းယန် ရှင် ကျွန်မအတွက် ရပ်တည်ပေးရမယ်!"

ထိုအချိန်တွင် လူတိုင်း၏ အကြည့်များသည် ရှုချောင်းယန်ဆီသို့ ရောက်သွားကြသည်။

ရှုချောင်းယန်သည် ချွီရွှမ်ရွှမ်ကို ကြည့်လိုက်ပြီး ကျင့်ချီ၏ နောက်ကွယ်တွင် ကွယ်နေသော ချူးကျောက်ကို ကြည့်လိုက်သည်။

"မင်း သူ့ကိုရိုက်ခဲ့တာလား"

ရှုချောင်းယန်က ထိုမေးခွန်းကို မေးလိုက်တော့ ချူးကျောက်၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲလာပြီး သူမ နှလုံးသားထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

"ကျွန်မ... ကျွန်မရိုက်ခဲ့တယ်"

ရှုချောင်းယန်သည် ချွီရွှမ်ရွှမ်ကို ဘယ်လောက် သဘောကျသည်ကို သူမ သိသည်။ အခု ချွီရွှမ်ရွှမ် အနိုင်ကျင့်ခံရသောကြောင့် သူက သူမအတွက် သေချာပေါက် ပြောပေးပြီး တောင်းပန်ခိုင်းလိမ့်မည်။

ကျင့်ချီသည် ချူးကျောက်ကို သူ့အနားသို့ ဆွဲလိုက်ပြီး ရှုချောင်းယန်ကို အေးစက်စွာ စိုက်ကြည့်ကာ "မင်း အခြေအနေကို ပိုနားလည်ပြီး ဘယ်သူက မင်းဘက်ကလဲဆိုတာ သိသွားပြီပဲ။ မင်း လူတွေကို ကျောမခိုင်းနဲ့"

ချွီရွှမ်ရွှမ်သည် ရှုချောင်းယန်၏ အင်္ကျီလက်ကို ကိုင်ပြီး ငိုနေသည်။ ပြီးတော့ သူမက သူနဲ့ လအတော်ကြာတွဲခဲ့ပြီး ရှုချောင်းယန်က သူ့ရပ်တည်ချက် ပြောင်းမှာ သေချာသည်။ သူသေချာပေါက်...

ရှုချောင်းယန်သည် ချွီရွှမ်ရွှမ်ကိုကြည့်ကာ ညင်သာစွာ မေးသည်။ "နာလား"

သူမမျက်လုံးထဲတွင် မျက်ရည်များ စီးကျ၍ ချွီရွှမ်ရွှမ်က ခေါင်းညိတ်လိုက်သည်။ "အင်း၊ အရမ်းနာတယ်"

"ဒါဆို ဒါကိုမှတ်ထား"

ရှုချောင်းယန်သည် ချွီရွှမ်ရွှမ်၏ လက်မှ အေးစက်စွာ ပြန်ဆွဲလိုက်ပြီး သူမကို အားနဲ့တွန်းလိုက်တာကြောင့် သူမသည် ဟန်ချက်ပျက်ကာ လဲကျလုနီးပါးဖြစ်ခဲ့သည်။

ချွီရွှမ်ရွှမ်သည် သူ့ကို အံ့ဩတကြီးကြည့်ပြီး အများအားဖြင့် နာခံတတ်တဲ့ ရှုချောင်းယန်က သူမကို ဒီလောက် ကြမ်းတမ်းစွာ ဆက်ဆံတာကို မယုံနိုင်ဖြစ်နေသည်။

"ဘယ်သူ့ကိုမှ ငါနဲ့ ကစားဖို့ ဒုတိယအခွင့်အရေးကို လုံးဝမပေးဘူး" ဟု သူက အေးစက်စွာပြောသည်။ "ငါက ချူးကျောက်ရဲ့ နည်းပြဆရာပါ၊ ငါ အမြဲရှိနေမှာ။ မင်းသူ့ကို ထပ်ပြီး အနိုင်ကျင့်ရဲရင် ငါ မင်းကိုရိုက်မယ်"

All Chapters