← Chapters

အပိုင်း (၇၆)

Vol. 6 Ch. 76

အပိုင်း (၇၆)

Vol. 6 Ch. 76

ထိုညတွင် ကျင်းရှီက ရှန်ဖျင်ချွမ်၏ အိပ်ရာပေါ်တွင် လှဲလျောင်းပြီး ဒီနေ့ ဖြစ်ခဲ့တာတွေအကြောင်း ပြောပြခဲ့သည်။

"အင်း၊ အခု ချွီရွှမ်ရွှမ်က နောက်ခံမရှိတော့ဘူးဆိုတော့ အရာအားလုံးက ပိုလွယ်သွားပြီ။ ရှုချောင်းယန်ရဲ့ နွေးထွေးတဲ့နှလုံးသားကြောင့် သူ ချူးကျောက်ကို လုံးဝလက်ခံနိုင်မယ်လို့ ကျွန်မ ထင်တယ်" သူမက ပြောလိုက်သည်။

ရှန်ဖျင်ချွမ်က ကွန်ပျူတာ‌ရှေ့မှာထိုင်ပြီး ဂိမ်းဆော့နေသည်။ သူ နားကြပ်ကို ချွတ်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ကြောင်တောင်တောင် ကလေးတွေပဲ"

ကျင်းရှီက သူ့ကို ခေါင်းအုံးတစ်လုံးနဲ့ ပစ်လိုက်သည်။ "ကြောင်တောင်တောင်ကလေးတွေဆိုတာ ဘယ်သူ့ကို ခေါ်တာလဲ"

"ဒါက cliché သုံးပွင့်ဆိုင်အချစ်ပဲ။ မင်းအစ်ကိုက အထက်တန်းမှာ အဲ့လိုကြုံဖူးတယ်" လို့ သူ ပြောလိုက်သည်။

"အစ်ကိုကြွားနေတာလား"

"ဒါကြွားတာ မဟုတ်ဘူး။ အထက်တန်းကျောင်းတုန်းက မင်းအစ်ကိုကို သဘောကျတဲ့ မိန်းကလေးက လာပြီး ဝန်ခံခဲ့ပေမယ့် သူ့ကို ပြတ်ပြတ်သားသား ငြင်းခဲ့တာ၊ သူမနဲ့ စကားထပ်မပြောတော့ဘူး။ ဒီလိုနဲ့ သူမက မင်းနဲ့စစ်မှန်တဲ့ဆက်ဆံရေးကို ဆက်ထိန်းထားခဲ့တာ။ အခုတောင် မင်းအစ်ကိုက မင်းရဲ့ ကြီးမြတ်မှုကို မှတ်မိနေသေးတယ်" သူက ပြောခဲ့သည်။

"တကယ်လား" ကျင်းရှီ စိတ်လှုပ်ရှားစွာ ထထိုင်လိုက်သည်။ "အစ်ကို့မှာ ဒီလောက်လေးနက်တဲ့ သူငယ်ချင်းဆက်ဆံရေး စမ်းသပ်မှုရှိတယ်လို့ အစ်ကို ကျွန်မကို တစ်ခါမှ မပြောဖူးပါဘူး!"

ကျင်းရှီသည် ငယ်စဉ်ကလေးဘဝကတည်းက ရှန်ဖျင်ချွမ်၏ အကောင်းဆုံး သူငယ်ချင်းဖြစ်ကြသည်။ သူတို့နှစ်ယောက်က ညီအစ်ကိုတွေလို အတူတူ ကြီးပြင်းလာကြပြီး ဘောင်းဘီ အတူတူဝတ်ကြပြီး မြစ်ထဲမှာတောင် အတူတူ ရေချိုးကြသည်။

"ကျွန်မမှတ်မိပြီ၊ အစ်ကို့ကို သဘောကျတဲ့ မိန်းကလေးက ကျောင်းရဲ့အလှလေးလေ။ သူက အစ်ကို့ကို ဝန်ခံခဲ့တာလား" ကျင်းရှီ ပြောလိုက်သည်။

"ဒါပေါ့၊ မင်းအစ်ကိုက ထူးချွန်ပြီး ထက်မြက်တဲ့ ကျောင်းသားတစ်ယောက်ဆိုတော့ မိန်းကလေးတော်တော်များများက သဘောကျကြတယ်လေ"

ဒီဖော်ပြချက်က လုံးဝမမှန်ကန်တာ‌တော့ မဟုတ်ပေ။ အထက်တန်းကျောင်းတက်စဉ်အတွင်း ရှန်ဖျင်ချွမ်သည် ရှပ်အင်္ကျီအဖြူကို ၀တ်ဆင်ရတာ ကြိုက်ကာ သီးသန့်ဆန်ပြီး စည်းခြားတယ်ဆိုတဲ့ လေထုကို လွှတ်ထားသည်။ သူသည် သူ့အတန်း၏ ထိပ်ဆုံးတွင် အမြဲတမ်း ရပ်တည်ခဲ့ပြီး နှစ်တိုင်း ကိုယ်စားလှယ်အဖြစ် ထူးချွန်ကျောင်းသားတစ်ယောက်အ‌နေနဲ့ နိုင်ငံတော် အလံအောက်မှ မိန့်ခွန်းများ ပြောကြားရသည်။ သူ့ကို သဘောကျတဲ့ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရှိခဲ့သည်။

"ပြီးတော့ကော" ကျင်းရှီ၏ အတင်းပြောရတာကြိုက်တဲ့ စိတ်က ပွင့်ထွက်လာသည်။ "ကျောင်းရဲ့အချောအလှလေးက အရမ်းလှပြီး ထက်မြက်တယ်လေ။ ကျောင်းတွင်းသီချင်းဆိုပြိုင်ပွဲမှာ သူ ပထမနေရာကိုတောင်ရခဲ့တာ။ ဘာကြောင့် အစ်ကို သူ့ကို ငြင်းခဲ့တာလဲ"

"သူက ငါ့ပုံစံမဟုတ်ဘူး၊ ငါက နည်းနည်း ပိုသန်မာပြီး ခက်ထန်တဲ့ မိန်းကလေးတွေကို ကြိုက်တာ..."

ကျင်းရှီ သူမ၏နှုတ်ခမ်းတွေကို စေ့ပြီး သူတို့က သူတို့ရဲ့တခြားသူတွေရဲ့အရေးပါမှုဖြစ်တဲ့အတွက် တန်ဖိုးထားတယ်ဆိုတဲ့အဆင့်ကိုမျှထားကြတဲ့ တကယ့်ကို မောင်နှမအရင်းတွေဖြစ်တယ်လို့ သူမဘာသာ တွေးနေသည်။

ရှန်ဖျင်ချွမ် သူ့လည်ချောင်းကို ရှင်းပြီးပြောလိုက်သည် "ဟုတ်တယ်၊ ဒါက အဓိက မဟုတ်ဘူး။ အဓိကအချက်က သူမက ကျင့်ချီတစ်ဖက်သတ် သဘောကျနေတဲ့သူ။ ရှုချောင်းယန်က သူနဲ့အတူရှိရင် ကျင့်ချီက သူ့ကျန်တဲ့တစ်သက်လုံး သူ့ကို အသိအမှတ်ပြုပါ့မလား"

"ဒါဆို အစ်ကိုတို့က ညီအစ်ကိုတွေအတွက် အစ်ကိုတို့ သဘောကျတဲ့ မိန်းကလေးကို လက်လျှော့မှာလား"

"ဟုတ်တယ်၊ ဒါကကျင့်ဝတ်ပဲ!"

မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေရဲ့ တွေးခေါ်မှုတွေက ကွဲပြားကာ ကျင်းရှီ ချက်ချင်းပင် ပြောလိုက်သည် "ရှုပ်လိုက်တာ!"

"ဒါဆို၊ ရှုချောင်းယန်က ကျင့်ချီလည်း ချူးကျောက်ကို ကြိုက်တယ်ဆိုတာသိရင် သူ ချူးကျောက်ကို လုံးဝလက်မခံဘူးပေါ့ ဟုတ်လား"

ကျင်းရှီသည် ကုတင်ပေါ် လှဲလိုက်ပြီး မျက်နှာကျက်ကို မော့ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ "ငါ့ရဲ့သနားစရာချူးကျောက်လေး"

"ဒီလိုတွေးလို့မရဘူး" ရှန်ဖျင်ချွမ် လျှောက်လာပြီး သူမဘေးမှာ ထိုင်လိုက်သည်။ "ချူးကျောက်နဲ့ ရှုချောင်းယန် အတူတူရှိတာက ပျော်ရွှင်မှုကို အာမမခံနိုင်ဘူး။ ကျင့်ချီကို လက်ခံတာက ပျော်ရွှင်မှုဆီ ဦးတည်တယ်။ ငါ့အမြင်အရတော့ ကျင့်ချီက ရှုချောင်းယန်ထက် ရေတွက်လို့မရနိုင်အောင် သာတယ်"

"အဲ့လိုလား" ကျင်းရှီ ထထိုင်လိုက်ပြီး သူ့ကို စိတ်အားထက်သန်စွာ မေးလိုက်သည်။ သူမ ရှန်ဖျင်ချွမ်ကို အမြဲတမ်း ယုံကြည်ခဲ့သည်။ သူ၏အပြင်ပန်းပုံစံက ပုံမှန်မဟုတ်သော်လည်း သူက ဉာဏ်ကောင်းပြီး ထိုးထွင်းသိမြင်သူဆိုတာ ငြင်းလို့မရပါဘူး။

ကျင်းရှီ အရွယ်‌ရောက်လာသည်နှင့်အမျှ သူမသည် ပြဿနာများကြုံလာတိုင်း ရှန်ဖျင်ချွမ်ဆီက အကြံယူတတ်သည်။

ရှန်ဖျင်ချွမ်က သူ့လည်ချောင်းကို ရှင်းပြီး ပြောခဲ့သည် "ရှုချောင်းယန်က ချမ်းသာတဲ့ မိသားစုကလာတာ၊ သူက မွေးချင်းမရှိတဲ့ တစ်ဦးတည်းသောသား။ သူ အများကြီး အားထုတ်စရာမလိုဘဲ အားလုံးကို ရနိုင်တဲ့ သခင်လေးလို့ပြောတာက အပိုမဟုတ်ဘူး။ ဒါပေမယ့် တစ်စုံတစ်ခုကိုရလိုက်တာနဲ့ အဲဒါကို တန်ဖိုးထားမယ်လို့ မဆိုလိုဘူး"

"တကယ်လား။ နည်းပြရှုက လူကောင်းတစ်ယောက်လို့ ကျွန်မထင်တယ်။ သူက တခြားသူတွေကို ကူညီတတ်ပြီး ကြင်နာတယ်၊ ပြီးတော့ အမြဲတမ်း တက်ကြွနေတာ"

"ဟုတ်တယ်၊ ပြီးပြည့်စုံပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်က သူ့လို တက်ကြွတဲ့ ကောင်လေးဖြစ်အောင် ပျိုးထောင်ပေးခဲ့တာ။ ပြီးတော့ ဒီကောင်လေးက အတော်လေး သဘောကျချင်စရာကောင်းတာ ဝန်ခံပါတယ်။ ဒါပေမယ့် သူ့မှာ အားနည်းချက်တစ်ခုတော့ ရှိတယ်" ရှန်ဖျင်ချွမ်က ကျင်းရှီကိုကြည့်ပြီး အတည်ပေါက်လေသံနဲ့ ပြောခဲ့သည် "အဲဒါက အဆင်မပြေမှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိပဲ"

ကျင်းရှီ သူ့စကားတွေကို ဂရုတစိုက်နားထောင်ပြီး အတော်လေး ကျိုးကြောင်းဆီလျော်တာကို သိရှိခဲ့သည်။

"ရှုချောင်းယန်ရဲ့တည်ရှိမှုက သူ့အတွက် ယာယီပျော်ရွှင်မှုကို ယူဆောင်လာပေးနိုင်ပေမယ့်၊ သူက သင့်တော်တဲ့တွဲဖက် တစ်ယောက်ဖြစ်ဖို့တော့ ဝေးတယ်။ သူ့မှာမရှိတဲ့ အရည်အချင်းတွေက ကျင့်ချီရဲ့အရည်အချင်းတွေဖြစ်တဲ့ တည်ငြိမ်မှု၊ စိတ်ရှည်မှု၊ ခံနိုင်ရည်ရှိမှု၊ ကိုယ်ကျိုးစွန့်မှုနဲ့ တစ်စုံတစ်ယောက်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တာတွေပဲ"

ခပ်မှိန်မှိန် အလင်းရောင်အောက်တွင် သူ့အသံက မြန်မြန် သို့မဟုတ် ဖြည်းဖြည်းလည်း မဟုတ်ဘဲ တည်ငြိမ်သော အသံကို သယ်ဆောင်ထားသည် "ဒီအရည်အချင်းတွေနဲ့ သူ့ဆီကို တစ်ဘဝလုံး အပ်နှံထားတဲ့ မိန်းကလေးတိုင်းနှင့် ထိုက်တန်တယ်"

"ဝိုး၊ အစ်ကို့ရဲ့ကျင့်ချီပေါ် အကဲဖြတ်မှုက တကယ်ကို မြင့်တာပဲနော် မိုက်တယ်!"

ရှန်ဖျင်ချွမ် ကျင်းရှီ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ "ငါ့ညီမလေး အနာဂတ်မှာ ယောက်ျားတစ်ယောက်ကို ရွေးချယ်တဲ့အခါ မင်းမျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ထားရမယ်နော်"

ကျင်းရှီ သူ့လက်မောင်းကို ချက်ချင်း ဖက်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဒါဆို ပေါ်ရန်ကို အစ်ကို ဘယ်လိုထင်လဲ"

ရှန်ဖျင်ချွမ်က မျက်ခုံးပင့်ပြီး ပြောလိုက်သည် "မင်းတို့နှစ်ယောက်တွဲနေပြီပဲ၊ ငါမှတ်ချက်ပေးမရတော့ဘူး"

"မဟုတ်ဘူး၊ ကျွန်မ အစ်ကို့ရဲ့အမြင်ကို ကြားချင်တယ်!"

"တကယ်သိချင်တာလား"

ကျင်းရှီ စိတ်ရင်းဖြင့် ခေါင်းညိတ်ခဲ့သည် "ဟုတ်ကဲ့!"

ရှန်ဖျင်ချွမ်ညဟန်လုပ်ပြုံးလိုက်သည် "ဒါဆို နံ့စော်နေတဲ့ ခြေအိတ်အပုံလိုက်ကို သွားကူလျှော်ပေး"

"..."

သူမရဲ့နှာခေါင်းကို ညှစ်ရင်း ကျင်းရှီသည် ရှန်ဖျင်ချွမ်၏နံ့စော်နေတဲ့ ခြေအိတ်တွေကို လျှော်ရန် လသာဆောင်သို့ ယူသွားခဲ့သည်။ ထိုအချိန်တွင် ရှန်ရှိရှန်းက ဖြတ်သွား‌ပြီး အခြေအနေကိုမြင်တော့ ဒေါသတကြီးနဲ့ ရှန်ဖျင်ချွမ်၏တံခါးကို တွန်းလိုက်ကာ ခြေအိတ်များကို သူ့မျက်နှာဆီသို့ ပစ်ပြီး သူ့ကိုပြောဆိုခဲ့သည် "အပျင်းထူတဲ့ကောင်၊ မင်းရဲ့ညီမကို ခြေအိတ်လျှော်ခိုင်းရဲတာလား။ မင်းကိုယ်မင်း သခင်လေးလို့ တကယ်ထင်နေတာလား!"

ရှန်ဖျင်ချွမ် သူ့မျက်နှာပေါ်မှ ခြေအိတ်ကို ဖယ်လိုက်ကာ တံခါးနောက်တွင် ကျေနပ်စွာ ရပ်နေသော ကျင်းရှီကို လက်ညိုးထိုးပြီး အော်လိုက်သည် "အဖေ့ရဲ့ အဖိုးတန်သမီးက ကျွန်တော့်အတွက် လျှော်ပေးတာ! ကျွန်တော်တားချင်ရင်တောင် မတားနိုင်ဘူး! ကျွန်တော် သူ့ကိုလျှော်ခွင့်မပြုရင်၊ သူ ကျွန်တော့်ကို စိတ်ဆိုးလိမ့်မယ်"

ရှန်ရှိရှန်းက ကျင်းရှီကို လှည့်ကြည့်လိုက်ပြီး သူမ နှုတ်ခမ်းကို တိတ်တဆိတ် ကိုက်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်"

ဤအခြေအနေက ရှန်ရှိရှန်းကို ပို၍ ဒေါသထွက်စေပြီး သူ သူ့ဖိနပ်ကိုချွတ်ကာ ရှန်ဖျင်ချွမ်အား ရိုက်ခဲ့သည်။ "မင်းညီမကို မင်းဘာတွေလုပ်ခဲ့လဲကြည့်စမ်း။ အစ်ကိုတစ်ယောက်က သူ့ကို ဘယ်လိုဆက်ဆံသင့်လဲ"

သူ့တင်ပါးတွေကိုကိုင်ရင်း ရှန်ဖျင်ချွမ် ခုန်ပေါက်ပြီး ကြမ်းပြင်ပေါ်ကနေ ခြေအိတ်ကို ယူလိုက်သည်။ "ကျွန်တော် ကိုယ့်ဘာသာ လျှော်ပါ့မယ်၊ ကိုယ့်ဘာသာလျှော်တာ အဆင်ပြေတယ်!"

ကျင်းရှီ တခစ်ခစ်ရယ်ပြီး အော်ပြောလိုက်သည် "ကျေးဇူးတင်ပါတယ် အဖေ!"

"ကောင်စုတ်၊ မင်းက သခင်လေးလို့ တကယ် ထင်နေတာပဲ"

ရှန်ရှိရှန်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပုံရပြီး ကျင်းရှီကိုကြည့်ဖို့ လှည့်လိုက်သည်။ "မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ"

ရှန်ဖျင်ချွမ်သည် ရှန်ရှိရှန်းကို "ငါတို့ရဲ့အဖေ" ဟု အမြဲ ခေါ်တာကြောင့် ကျင်းရှီ ကျင့်သားရနေပြီး သူ့ကို "အဖေ" ဟုခေါ်မိလိုက်တာကို ရုတ်တရက် သဘောပေါက်သွားသည်။

"အဖေလို့ ကျွန်မခေါ်လို့ရမလား" ကျင်းရှီ ရှန်ရှိရှန်းကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

ရှန်ရှိရှန်း ခြေတစ်ဖက်ဗလာနှင့် သူ့လက်ထဲတွင် ဖိနပ်တစ်ရံကိုကိုင်ထားရင်း သူ့မျက်လုံးများက ရုတ်တရက် မျက်ရည်များဝဲလာသည်။

"အာ!" သူကတုံ့ပြန်ခဲ့သည်။ "ဘာလို့မခေါ်ရမှာလဲ။ အဲဒါကပိုအဆင်ပြေတယ်!"

ကျင်းရှီ အနည်းငယ် ရှက်ရွံ့၍ "အဖေ" ဟု ချစ်စရာကောင်းအောင် ထပ်ခေါ်လိုက်ပြီး သူမအခန်းထဲသို့ အမြန်ပြန်ပြေးသွားခဲ့သည်။

တံခါးအပြင်ဘက်မှာ ရှန်ရှိရှန်းက သူ့ဖိနပ်ကို စီးပြီး အဝတ်လျှော်တဲ့နေရာကို လျှောက်သွားပြီး ရှန်ဖျင်ချွမ်ကို ပေါ့ပေါ့ပါးပါး ‌ပြောလိုက်သည်။"အခုကစပြီး မင်းညီမရဲ့ ခြေအိတ်တွေကို မင်း လျှော်ပေးသင့်တယ်"

"..."

.....

မြင့်မားတဲ့နွေရာသီ အပူဒဏ်ကြောင့် ပုစဉ်းရင်ကွဲတွေရဲ့အော်သံတွေက ကျယ်လောင်ပြီး စူးရှနေသည်။

ဘတ်စကက်ဘောကွင်းတွင် ချွေးတွေစိုရွှဲနေကြတဲ့ လူငယ်လေးတွေက လွတ်လပ်စွာ ဆော့ကစားနေကြပြီး ပါးများနီမြန်းကာ သူတို့ခန္ဓာကိုယ်မှာ ချွေးတွေစီးကျနေသည်။

ရှုချောင်းယန် က ဘတ်စကတ်ခြင်းအောက်သို့ ခဏခဏသွားပြီး ဖုန်းကိုစစ်ဆေးဖို့ကောက်ယူပြီး မက်ဆေ့ချ်ရိုက်ကာ သူ့နှုတ်ခမ်းထောင့်တွေက အပြုံးတစ်ခု တွန့်ကွေးသွားသည်။

ကျင့်ချီသည် သုံးမှတ်ရပြီး သာယာ‌နေတဲ့ရှုချောင်းယန် ၏ဘေးမှာ ဘောလုံးကို ပုတ်နေခဲ့သည်။

"မင်းကစားမှာလား၊ မကစားဘူးလား။ အာရုံစိုက်စမ်းပါဦး!"

ခေါင်းမမော့ဘဲရှုချောင်းယန်ပြောလိုက်သည်"ငါ ချူးကျောက်ကို စာပို့နေတာ"

ကျင့်ချီရဲ့ပုတ်နေတဲ့လက်က ရုတ်တရက် အေးခဲသွားပြီး ဘောလုံးက ခြင်းအဝေးသို့ ရောက်သွားပြီး နောက်ကျောဘက်အစွန်းကို ရိုက်မိသွားသည်။ သူ အဲ့တာကို အမြန်ပြန်ယူပြီး ရှု‌ချောင်းယန်ကို ဘာမှမဖြစ်သလိုပုံစံဖြင့် ပြန်ကြည့်လိုက်သည်။ "မင်းတို့ ဒီအတောအတွင်း စကားအများကြီးပြောဖြစ်ကြတာလား"

"အရင်ကထက်တော့…နည်းနည်းပိုတယ်" ရှုချောင်းယန် ရဲ့ပြုံးနေတဲ့ မျက်နှာက တော်‌တော်လေး ကသိကအောက်ဖြစ်စရာပဲ။

ကျင့်ချီ ရေသန့်တစ်ဘူးကို လှည့်ဖွင့်ပြီး အများကြီးသောက်လိုက်ကာ အဆင်မပြေမှုကို ထပ်မပြောတော့ပေ။

ဒါက တကယ်ကောင်းပါသည်၊ အစကတည်းက ဒီနှစ်ယောက်အတူတူရှိဖို့က သူ့ပန်းတိုင် မဟုတ်လား။ အနာဂတ်မှာ သူမ ပျော်ရွှင်မည်ဖြစ်ပြီး ရှုချောင်းယန် က ယုံကြည်မှီခိုလို့ရနိုင်သည့် ကောင်လေးတစ်ယောက် ဖြစ်သည်။

ရူးသွပ်တဲ့ အချစ်ငှက်နှစ်ကောင်က သူတို့ရဲ့ချိုမြိန်တဲ့ ဆက်ဆံရေးမှာ ပျော်ရွှင်နေမည်ကို သူခန့်မှန်းနိုင်သည်။

သူ့ရင်ထဲမှာ နာကျင်မှုတွေ အဆက်မပြတ် တိုးဝင်နေသည်၊ သူ အသက်ပြင်းပြင်းရှူရင်း သူ့ဘေးနားက ရေ‌ဘူးကို ရုတ်တရက် ရိုက်လိုက်သည်။

"သေစမ်း"

စာပို့တာကိုရပ်လိုက်ပြီး ရှုချောင်းယန်က သူ့ကို မော့ကြည့်လိုက်သည် "မင်းဘာဖြစ်နေတာလဲ"

"ငါ မင်းကိုတစစီဖြစ်အောင် ရိုက်ပစ်ချင်တယ်"

ရှုချောင်းယန်က ရှုပ်သွားပြီး မျက်မှောင်ကျုံ့လိုက်သည်။ "ဆိုက်ကိုကောင်"

ထို့နောက် ပေါ်ရန်၏ဖုန်းမြည်လာသည်။ သူက ပခုံးပေါ်မှာတင်ထားတဲ့ မျက်နှာသုတ်ပဝါဖြင့် သူ့မျက်နှာကိုသုတ်ကာ စကားအနည်းငယ်ပြောပြီး သူသွားတော့မည်ဟု ပြောခဲ့သည်။

ကျင့်ချီ မေးလိုက်သည် "ကျင်းရှီ မင်းကိုထပ်ရှာနေပြန်ပြီလား"

"အဘိုးက ငါ့ကို ဒီညညစာလာစားစေချင်တယ်တဲ့။ ငါအရင်သွားနှင့်မယ်။" ပေါ်ရန်က သူ့ရဲ့အနက်ရောင် ကျောပိုးအိတ်ကိုယူပြီး အားကစားရုံမှ ထွက်လာခဲ့သည်။

အိမ်၌ရေချိုးပြီးနောက် ပေါ်ရန် စက်ဘီးစီးပြီး လေးထောင့်ခြံဝင်း အိမ်ဟောင်းဆီသို့ တိုက်ရိုက်သွားခဲ့သည်။ စက်ဘီးကို သူက သူ့ဦးလေး ရှန်ဖျင်ချွမ်ထံမှ ဌားခဲ့သည်။ ထိုညနေခင်းတွင် အပူချိန်ကျဆင်းသွားပြီး နေဝင်ချိန်ကို ကြည့်၍ မြစ်ကမ်းတစ်လျှောက် စက်ဘီးစီးရန် ကျင်းရှီကိုခေါ်သွားချင်သည်။

လေးထောင့်ခြံဝင်းတစ်ဝိုက်ရှိ လမ်းမကြီးကို နေရောင်အရိပ်ကျသော ထူထဲသည့် parasol သစ်ပင်တွေက စီတန်းနေသည်။ ဒီကအပူချိန်က တခြားနေရာတွေထက် ပိုအေးသည်၊ အရမ်းသက်တောင့်သက်သာရှိသည်။

ကျယ်ဝန်းသော လေးထောင့်ခြံဝင်းတွေက ယခုအခါ B မြို့တွင် ရှားပါးလာသည်။ ပိုက်ဆံရှိရင်တောင် နှစ်ပိုင်းခွဲပြီး လေးဘက်လေးလံရှိပြီး ကျယ်ဝန်းသော အဆောက်အဦးကို ရှာဖွေရန် ခက်ခဲသည်။ ဒီနေရာတွင် နေထိုင်ကြသူများမှာ အတော်အတန်ရှိသော အဆင့်အတန်းနှင့် ရာထူးရှိသည်။

ပေါ်ရန်သည် စက်ဘီးနှင့် ဝင်ပေါက်ကိုဖြတ်သွားတာနှင့် ပူပူနွေးနွေး အစားအသောက်အနံ့ကို ချက်ချင်းရလိုက်သည်။

ထိုအချိန်တွင် အခန်းတွင်းမှ ကြည်လင်သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ "ပြန်လာပြီလား"

ပေါ်ရန် လှည့်ကြည့်လိုက်တော့ တီရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က တံခါးဝမှာ သူ့ကိုရပ်ကြည့်နေတာကို တွေ့လိုက်ရသည်။

သူမ၏အသားအရည်က အနည်းငယ်မည်းသော်လည်း သူမမှာ နူးညံ့တဲ့အသွင်အပြင်နှင့် တောက်ပသော မျက်လုံးများရှိသည်။ သူမက ကျင်းရှီနှင့် အရပ်တူတူလောက်ပင်။

ပုံမှန်ဆို အိမ်မှာ အဘိုး၊ အဘွားနှင့် အများဆုံး ဟင်းကူချက်ပေးတဲ့ အဒေါ်ပဲရှိသည်။ ရုတ်တရက် တခြားကောင်မလေးတစ်ယောက်က ဘာလို့ဒီမှာရှိနေတာလဲ။

"မင်းကဘယ်သူလဲ"

ပေါ်ရန်က သူ့စက်ဘီးကို ငြိမ်အောင်လုပ်ကာ နေရာမှားပြီး မဝင်မိစေရန် သေချာအောင် လှည့်ပတ်ကြည့်လိုက်သည်။

ခဏနေတော့ အဘိုးက သူ့ရဲ့ဆေးတံနဲ့ ဘေးအခန်းက ထွက်လာပြီး ရှင်းပြခဲ့သည် "ဒါမင်းညီမယန်ရှောင်ယွမ်"

ပေါ်ရန်သည် ထိုသို့သော ညီမတစ်ယောက်ရှိတာကို မမှတ်မိပေ။ သူမက အဘိုးမိသားစုရဲ့ဆွေမျိုးဖြစ်မည်ဟုထင်ကာ ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည် "မင်္ဂလာပါ၊ ငါကပေါ်ရန်"

ပေါ်ရန်ကိုကြည့်ပြီး ယန်ရှောင်ယွမ်၏မျက်နှာက အနည်းငယ်နီသွားသည်။

သူ၏အသွင်အပြင်က ချောမောသော်လည်း သီးသန့်ဆန်ပြီး သူ့ရဲ့မော့ကြည့်လာတဲ့ ဖီးနစ်မျက်လုံးတွေက အနည်းငယ် စူးရှပြီး အေးစက်ကာ ချဉ်းကပ်ရခက်တယ်ဆိုတဲ့ အမြင်ကိုပေးစွမ်းသည်။

သူမက သူ့ကို တည့်တည့်မကြည့်ရဲဘဲ တခြားကိုကြည့်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည် "ရှင်က အစ်ကိုပေါ်ရန်ဖြစ်မယ်။ ဒီနေ့လယ်က ကျွန်မ ရှင့်အကြောင်း အဘိုးပြောတာကို အများကြီးကြားခဲ့တယ်"

ပေါ်ရန်က အသိအမှတ်ပြုတဲ့အနေနဲ့ ပြောလိုက်သည် "ငါ မီးဖိုချောင်ထဲမှာ အဘွားကို သွားကူလိုက်ဦးမယ်"

"သွားလေ" အဘိုးက သစ်ပင်နားမှာ သူ့ဆေးတံထဲက ပြာတွေကို ခါထုတ်ပြီး ပြောလိုက်သည်။

ပေါ်ရန်က သူ့အင်္ကျီလက်တွေကို လိပ်တင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ အဘွားက ခါးမှာ အေပရွန်ကို ချည်နှောင်ထားပြီး ဟင်းရွက်အချို့ကို အိုးထဲထည့်နေသည်။ လှည့်ကြည့်လိုက်ပြီး သူ့မြေးရောက်လာတာကိုမြင်တော့ သူ့မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

"ကောင်စုတ်လေး၊ ဧည့်သည်ကို သွားဧည့်ခံလိုက်ဦး။ မင်းဒီမှာဘာလုပ်နေတာလဲ"

"ဆွေမျိုးလား။ ကျွန်တော် သူမကို တစ်ခါမှ မတွေ့ဖူးဘူး"

"အဘိုးက မင်းကို မိတ်ဆက်မပေးလိုက်ဘူးလား"

"ဟင့်အင်း"

"ငါသိပြီ။ သူမရှေ့မှာ စကားတွေအများကြီး လျှောက်မပြောနဲ့" အဘွားက အိုးထဲက ဟင်းရွက်တွေကိုမွှေပြီး အသံတိုးတိုးဖြင့်ပြောခဲ့သည် "ယန်ရှောင်ယွမ်က ဆင်းရဲလို့ အဘိုးက မူလတန်းကတည်းက ထောက်ပံ့ပေးထားတဲ့ ကလေးမလေး။ သူက အမြဲတမ်း ကြိုးစားတယ်၊ အခု သူမ တက္ကသိုလ်ရောက်နေပြီ၊ မင်းအဘိုးက ပျော်နေတာ။ ကျောင်းမဖွင့်ခင်ထိ သူမကို ဒီမှာထားဖို့ သူကိုယ်တိုင် ရထားဘူတာကနေသွားကြိုလာတာ"

"ကျွန်တော်သိပြီ"

ပေါ်ရန်က ရေပိုက်ခေါင်းကိုဖွင့်ပြီး မုန်လာဥနီနှစ်လုံးကို ရေဆေးကာ လှီးဖို့ စဥ့်တီးတုံးပေါ်သို့ ယူသွားခဲ့သည်။

မကြာခင်မှာဘဲ အဘိုးက ကိုယ်တိုင် မီးဖိုချောင်ထဲဝင်လာပြီး ပေါ်ရန်ကိုပြောခဲ့သည် "ဧည့်သည်ကို သွားဧည့်ခံလိုက်ဦး။ ရှောင်ယွမ်က မင်းနဲ့တူတူ ဒီနှစ် B တက္ကသိုလ်တက်မှာ။ သူနဲ့ တက္ကသိုလ်ကျောင်းသားဘဝအကြောင်းပြောကြ"

အပြုံးတစ်ခုဖြင့် လှည့်ကြည့်ကာ ပေါ်ရန်က ပြောလိုက်သည် "ကျွန်တော်ညစာအတွက်ကူညီလိုက်မယ်။ သူနဲ့ ကျွန်တော်က မရင်းနှီးဘူး၊ အခု တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် စိုက်ကြည့်နေရတာနဲ့တင် ကိုးရိုးကားရားဖြစ်နေပြီ"

တခြားသူများ အထူးသဖြင့် မိန်းကလေးတွေနဲ့ ရင်းနှီးရန်ခက်ခဲ၍ သူ့မြေး၏သီးသန့်ဆန်ပြီး အေးစက်သော ပုံစံကို အဘိုးက သိသည်။

ဒါတောင် သူက တိုက်တွန်း‌နေသေးသည် "ရှောင်ယွမ်က အရမ်းအရည်အချင်းရှိတယ်။ သူမက ဒီနှစ် သူ့ခရိုင်မှာ ထိပ်တန်းမှာရှိတဲ့ စာပေအတတ်ပညာကျောင်းသူလေးလေ ။ သူ မင်းရဲ့ကျောင်းကိုရောက်ရင် သူ့ကို စောင့်ရှောက်ရမယ်နော်၊ နားလည်လား"

ပေါ်ရန်က နောက်ပြောင်ကာ ပြောခဲ့သည်။ "အဲ့လိုမလုပ်နိုင်ပါဘူး။ အခု ကျွန်တော့်မှာ ကောင်မလေးရှိတယ်၊ တခြားမိန်းကလေးတွေကို စောင့်ရှောက်ပေးရင် သူမ သဝန်တိုနေမှာပေါ့ "

အဘိုးက ဘာမှပြန်မပြောနိုင်ခဲ့ပေ။ သူ လက်ဆန့်ပြီး ပေါ်ရန်၏နောက်စေ့ကို ရိုက်ကာ ငြီးတွားလိုက်သည် "ကောင်စုတ်လေး၊ မဟုတ်တာတွေ ပြောနေတယ်။ ရှောင်ယွမ်ကို ညီမလေးတစ်ယောက်လို ဆက်ဆံခိုင်းတာ!"

....

စာရေးသူ၏မှတ်ချက်

ရှန်ဖျင်ချွမ် - ငါကသာ အမှိုက်ပုံးထဲက ကောက်ရလာခဲ့တဲ့သူပဲ။

All Chapters