အပိုင်း (၈၁)
Vol. 7 Ch. 81
ပိတ်ရက်တွင် Meow Meow Club တွင် ကြောင်များကို သူတို့ရဲ့ပုံမှန်စစ်ဆေးဖို့အတွက် ကျင်းရှီနှင့် ပေါ်ရန်၏ အလှည့်ဖြစ်သည်။
ကြောင်စာများ ယူဆောင်လာပြီး သူတို့သည် ကျောင်းဝင်းအတွင်း ကြောင်တွေအများကြီးရှိသော နေရာများကို သွားကြသည်။ ကြောင်လေးတွေက ဘယ်လောက်ပဲ ချစ်စရာကောင်းတဲ့ ခြေသည်းတွေနဲ့ သူ့ကိုကုတ်ခြစ်ရန် ထုတ်ပြပါစေ ပေါ်ရန်က ကြောင်လေးတွေကို ချော့မြူတာတွေမလုပ်တာတွေ့ရတော့ ကျင်းရှီအံ့သြသွားသည်။
ကြောင်လေးတွေက အတော်လေး စိတ်ပျက်သွားသည်။ ကြောင်ဖြူကြီးက ပေါ်ရန်ကို ခပ်ဝေးဝေးမှ လှမ်းကြည့်ကာ အော်ပြသော်လည်း သူက နောက်တောင်လှည့်မကြည့်ဘဲ ထွက်သွားသည်။
ဤအခြေအနေသည် ရက်အတော်ကြာ ဆက််ဖြစ်နေခဲ့သည်။ နောက်ပိုင်းတွင် ကျင်းရှီသည် သူမ၏စီနီယာက စည်းခြားနေဖို့ ကိုယ့်စိတ်ကိုယ် ဖိအားပေးခဲ့ကြောင်း ကျင့်ချီထံမှသိခဲ့ရပြီး မိန်းကလေးများကို ကပ်ခွင့်မပေးဘဲ ကြောင်မများကိုပင် ပွေ့ဖက်ရန်ငြင်းဆိုခဲ့သည်။
ထို့ကြောင့် ကျင်းရှီ၏အလုပ်ဝန်သည် သိသာစွာ တိုးလာခဲ့သည်။ ကြောင်တွေကို သယ်ဖို့ကလည်း သူမ၏ပခုံးတွေပေါ် ပြုတ်ကျသွားသည်။ သူမသည် ကြောင်များကို ပိုးသတ်ခွဲစိတ်မှုပြုလုပ်တိုင်းတွင် အယ်လစ်ဇဘက်ခေတ်ကော်လာများကို ၀တ်ဆင်ပြီး ပင်ပန်းစွာအလုပ်မျိုးစုံကို တစ်ယောက်တည်း ကိုင်တွယ်ရသည်။
ကြောင်နှစ်ကောင်ကိုချီထားရင်း ကျင်းရှီက ပေါ်ရန်ကို ဒေါသတကြီး အပြစ်တင်ခဲ့သည် "ရှင် ဒီလိုဆက်လုပ်နေရင် ကျွန်မကိုလည်း မထိနဲ့!"
ထို့နောက် ပေါ်ရန်က သူ၏စည်းခြားနေမှု အတိုင်းအတာမှ ကြောင်မများကို တွန့်ဆုတ်စွာ ဖယ်ခဲ့သည်။
စက်တင်ဘာလလယ်တစ်ညတွင် ကျင်းရှီနှင့် ပေါ်ရန်သည် လေ့ကျင့်ရေးကွင်းပေါ်ရှိ မြက်ခင်းပြင်တွင်ထိုင်ကာ အဝေးက ကျောင်းသားသစ် စစ်ရေးလေ့ကျင့်မှုကို ကြည့်ကြပြီး အမျိုးသားနေ့အားလပ်ရက်အပြီး ပေါ်ရန်၏ ၂၁ နှစ် မွေးနေ့ပါတီအတွက် ဘယ်သူ့ကို ဖိတ်ရမလဲ၊ ဘာစားရမလဲ၊ ဘာတွေလုပ်ကြမလဲ အစီအစဉ်ဆွဲနေကြသည်။
"အဲဒီနေ့က ပိတ်ရက်ဆိုတော့ သူငယ်ချင်းတွေကို ကျွန်မအိမ်မှာ ပျော်ပါးဖို့ဖိတ်ပြီး ကျွန်မအစ်ကို့ကို ချက်ခိုင်းလိုက်မယ်လေ"
"လူဦးရေကတော့ ကျွန်မတို့အဆောင်နှစ်ခုရယ်၊ တခြားရှင်ဖိတ်ချင်တဲ့သူတွေနဲ့၊ လူများလေ ပိုပျော်ဖို့ကောင်းလေပဲ"
"ရှင်ဘယ်လိုထင်လဲ"
တောက်ပသောနေဝင်ချိန်က သူမအပေါ်တွင် ဖုံးလွှမ်းနေပြီး သူမရဲ့နှုတ်ခမ်းရဲရဲလေးတွေနဲ့ မျက်တောင်ထူထူကော့ကော့များကို တောက်ပစေသည်။
သူမရဲ့ဆန့်ကျင်ဘက်မှာ တင်ပျဉ်ခွေထိုင်နေသော ပေါ်ရန်သည် သူမရဲ့ကျဉ်းမြောင်းသော မျက်လုံးများကို သူ့ရဲ့မျက်လုံးများတွင် နူးညံ့မှုအပြည့်ဖြင့် ကြည့်နေသည်။ "ပေါ်မိသားစုမှာ အမျိုးသမီးတွေက ကိစ္စတွေကို ဆုံးဖြတ်ရတယ်"
ကျင်းရှီသည် နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုဖြင့် ခေါင်းငုံ့ကာ ပေါ်ရန်ဘေးတွင် ထိုင်လိုက်သည်။ "ကောင်းပြီ၊ ရှင် ကျွန်မစကားကို အခုကတည်းက နားထောင်ရမယ်"
"ဒါပေါ့၊ ကိုယ် မင်းပြောတာကို နားထောင်မယ်"
ပေါ်ရန်က ကျင်းရှီ၏ပခုံးပေါ် ခေါင်းတင်ပြီး နေဝင်ချိန်ကို သူမနှင့် အတူကြည့်နေခဲ့သည်။
သူမ၏ပခုံးပေါ်မှ လေးလံသောအလေးချိန်ကို ခံစားနေရသော ကျင်းရှီက ဒီကိစ္စနှင့်ပတ်သက်၍ ထူးဆန်းမှုကို ခံစားရသည် "ရှင်က ကျွန်မကို ရှင့်ပခုံးပေါ်မှီခိုင်းတဲ့သူ ဖြစ်သင့်တာမဟုတ်ဘူးလား"
"ရှူးးး"
"ဘာလဲ"
"လေထုကိုမဖျက်ဆီးနဲ့"
"..."
ကျင်းရှီသည် သူမ၏ပခုံးကျဥ်းကျဉ်းလေးကို မှီခွင့်ပေးခဲ့သော်လည်း ဒီယောက်ျားက အခွင့်ကောင်းယူလိမ့်မယ်လို့ မမျှော်လင့်ထားဘဲ သူ့ရဲ့ခေါင်းကို သူမ၏ရင်ဘတ်နေရာသို့ ရောက်လုမတတ် ငုံ့ထားသည်။
ယခုအချိန်တွင် သူ၏ဆံပင်တွေက စူးနေပြီး သူမလည်ပင်းကို ကလိနေသည်။
ရယ်မောရင်း ကျင်းရှီက သူ့ဆံပင်တွေကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည် "ကောင်းကောင်းနေ"
အားရပါးရရယ်မောရင်း ပေါ်ရန်က တည့်တိုးပဲ ညှိနှိုင်းတဲ့လေသံနဲ့ မေးလိုက်သည် "ကိုယ့်မွေးနေ့လက်ဆောင် အဆင်သင့်ဖြစ်ပြီလား"
"အဆင်သင့်ဖြစ်တာကြာပြီ။ ကျွန်မ ရှန်ဖျင်ချွမ်နဲ့အတူ ဈေးဝယ်ထွက်ပြီး အချိန်အတော်ကြာအောင် ရှာခဲ့တာ။ ရှင် သဘောကျမှာ သေချာတယ်"
"ကိုယ်ပြောတာတခြားတစ်ခု"
"ဘယ်တစ်ခုလဲ"
"စန်းနန်တောင်မှာ မင်း ကိုယ့်ကို ကတိပေးခဲ့တဲ့ဟာလေ"
ကျင်းရှီက ပြန်မပြောဘဲ ခေါင်းငုံ့လိုက်ပြီး သူမပါးတွေ နီရဲလာ၍ မျက်တောင်ခတ်လိုက်သည်။
ပေါ်ရန်က လက်ဆန့်ပြီး သူမရဲ့နူးညံ့တဲ့ နားရွက်ကို ပွတ်သပ်၍ ပြောလိုက်သည် "အဲဒီနေ့က ဖိတ်တဲ့သူတွေများတော့ အဆင်မပြေလောက်ဘူး။ ကိုယ်တို့စောစောလုပ်သင့်တယ်လို့ မင်းထင်လား"
"ဘာကိုထင်လားလဲ" ကျင်းရှီ၏အသံက တိုးလျလှသည်။
ပေါ်ရန်က သူ့လက်ဖဝါးကို သူမပခုံးပေါ်တင်ပြီး သူမမျက်လုံးတွေကို သူနဲ့ဆုံခိုင်းသည်။ "ကျင်းရှီ ကိုယ် မင်းရဲ့ပုံတူပန်းချီဆွဲချင်တယ်။ ဒါကိုယ့်ဆန္ဒ"
သူမက သူ့အကြည့်ကို ရှောင်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည် "ကျွန်မမလုပ်ဘူးလို့ မပြောပါဘူး"
ပေါ်ရန်ကို ကျေနပ်သွားစေခဲ့သည်။ သူက သူမကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။
ကျင်းရှီကို သူမ အသက်မရှူနိုင်သည်အထိ ဖိညှစ်ခဲ့သည်။ "ဟေး...နည်းနည်းလောက် လျှော့ပါဦး"
ပေါ်ရန်က သူမကို လွှတ်ပေးလိုက်ပြီး သူမပါးနှစ်ဖက်လုံးကို စိုစွတ်သောအနမ်းဖြင့် ဆုချခဲ့သည်။
ကျင်းရှီက သူမမျက်နှာပေါ်ရှိ တံတွေးကို ရွံရှာစွာဖြင့် သုတ်လိုက်ပြီး ပြောခဲ့သည် "ရှင် ဘယ်တော့လုပ်ချင်တာလဲ။ ကျွန်မပြင်ဆင်ထားမလို့"
"အခုအချိန်ရှိတာပဲ။ စတူဒီယိုကို သွားရအောင်" ပေါ်ရန်က စိတ်အားထက်သန်စွာ ထရပ်ကာ သူမကို ပန်းချီစတူဒီယိုသို့ ဆွဲခေါ်သွားခဲ့သည်။
စိတ်မြန်လိုက်တဲ့ယောက်ျား။
"မဟုတ်ဘူး ဒီနေ့မဖြစ်ဘူး!" ကျင်းရှီက သူ့လက်ကို ရုန်းလိုက်သည် "တခြားနေ့ရွေးရအောင်"
"ဒီနေ့ကဘာလို့မဖြစ်တာလဲ"
"ကျွန်မ...ကျွန်မ အဆင်သင့်မဖြစ်သေးဘူး"
"မင်းဘာတွေပြင်ဆင်ဖို့လိုလို့လဲ"
ကျင်းရှီက သူမ၏စကတ်စကိုကိုင်ပြီး ခဏလောက် တွေးနေသည်။ "ကျွန်မ အဝတ်အစားဝယ်ရမယ်"
ပေါ်ရန် ရယ်လိုက်သည်။ သူ့မျက်လုံးတွေက ဆွဲဆောင်မှုရှိစွာ တောက်ပနေသည်။ "ဘာပဲဖြစ်ဖြစ် မင်း အဲဒါတွေကို ချွတ်ရမှာပဲဟာ"
ကျင်းရှီက သူ့ကိုတွန်းခဲ့သည်။ သူမက အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ "ကျွန်မအဲ့တာတွေဝတ်ချင်တယ်"
"ခက်တယ် မဟုတ်လား"
"မဟုတ်ပါဘူး" သူမ၏မျက်နှာက လုံးဝ နီရဲသွားသည်။ သူမကတိုးတိုးလေးပြောလိုက်သည် "ကျွန်မ အတွင်းခံဝတ်ချင်တယ်။ မဟုတ်ရင် ကျွန်မအရမ်းရှက်နေလိမ့်မယ်"
ပေါ်ရန် ခဏလောက် တိတ်ဆိတ်သွားပြီး သူ့ဘာသာ ရယ်မောလိုက်သည်။ သူ့စိတ်ထဲတွင် ညှို့အားပြင်းသော ပုံရိပ်အချို့ကို ပုံဖော်နေပြီဖြစ်သည်။
ကျင်းရှီက သူ့ပါးစပ်ကို အုပ်လိုက်သည်။ "မရယ်နဲ့။ ရှင်ဆက်ရယ်ရင် ကျွန်မစိတ်ဆိုးမှာ!"
"ကောင်းပြီ ကိုယ်မရယ်ဘူး"
ပေါ်ရန်က သူ့ကော်လာကိုကိုင်ပြီး သူ့ရယ်သံတွေကို နှစ်မိနစ်လောက် ထိန်းထားခဲ့ပြီးနောက် ထပ်ပေါက်ကွဲထွက်လာသည်။
ကျင်းရှီက သူ့ကို စကားမပြောချင်တော့၍ လှည့်ထွက်သွားသည်။
အဲဒီအချိန်မှာ ပေါ်ရန်က သူမကို အွန်လိုင်းပေါ်က sexy အတွင်းခံအမျိုးမျိုးရဲ့ လင့်ခ်တွေ ဆက်တိုက်ပို့ခဲ့သည်။
တစ်နေ့ အတန်းထဲတွင် ကျင်းရှီသည် ပေါ်ရန်ထံမှ ဆိုးဝါးစွာ ဆွဲဆောင်မှုရှိသော ဘရာကို ပေးပို့ခံခဲ့ရသည်။
ပေါ်ရန် -"ဒါမင်းဝတ်ထားတာတွေ့ချင်တယ်"
ကျင်းရှီ - "ရှင့်ရဲ့ရည်းစားကို အထင်ကြီးလွန်းတယ်။ ကျွန်မ ဒီဘရာအရွယ်အစားကို မဖြည့်နိုင်ဘူးလေ"
ပေါ်ရန် - ...
ပေါ်ရန် "ကိုယ့်ထက် ရင်သားသေးတဲ့ကောင်မလေးပဲ၊ ဒါက တော်တော်မတရားဘူး"
ကျင်းရှီ - "အခု ကျွန်မ ရှင့်ကိုစိတ်တိုလာပြီနော်!"
ခဏလောက်နေတော့ သူက ကျင်းရှီကို ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သော စတော်ဘယ်ရီ အတွင်းခံကို ပို့ပေးခဲ့သည်။
"ဒါဘယ်လိုလဲ"
ကျင်းရှီက ကာတွန်းဒီဇိုင်းကိုကြည့်ပြီး ပြန်ဖြေသည် "စီနီယာပေါ်ရန်၊ ရှင့်ကောင်မလေးက ဒီပုံစံကို မူလတန်းကျောင်းမှာတည်းက မဝတ်တော့ဘူး"
ပေါ်ရန် - "ကောင်းပြီ၊ ကိုယ်ထပ်ကြည့်လိုက်မယ်"
ကျင်းရှီ - "ကျေးဇူးပြုပြီး ကြည့်နေတာကို ရပ်လိုက်တော့!"
သူမဖုန်းစခရင်ကို ပိတ်လိုက်ပြီး အနောက်ကနေ အသံထွက်လာသည်။ ချူးထန်၊ လင်းလောနှင့် ချူးကျောက်တို့သည်ဝိုင်းနေပြီး သူမ၏ဖုန်းစခရင်ကို ကြည့်နေကြသည်။
"ဝိုး၊ နင့်အတွက် စီနီယာပေါ်ရန်က အတွင်းခံရွေးပေးနေတာလား"
"နင်တို့နှစ်ယောက် အိပ်ခန်းထဲမှာ ဂိမ်းတွေတော်တော်လေး ဆော့ကြတာပဲ!"
"ဒါပေမယ့် စီနီယာပေါ်ရန်လို ခပ်ဖြောင့်ဖြောင့်ကောင်လေးရဲ့ အရသာက မကောင်းဘူးပဲ"
ကျင်းရှီ - ..
ဝေးဝေးသွားစမ်းပါ!
ထိုပိတ်ရက်တွင် သူမ၏အခန်းဖော်များက ကျင်းရှီကို Times Square Mall သို့ ဆွဲခေါ်သွားခဲ့သည်။
ကောင်မလေးတွေက ကောင်လေးတွေထက် အရသာပိုကောင်းသည်။ အတွင်းခံဆိုင်တွင် သူတို့သည် ကျင်းရှီအတွက် စတိုင်အမျိုးမျိုးကို သွက်သွက်လက်လက်ကို ရွေးယူနေကြသည်။
ချူးကျောက်၏ ရွေးချယ်မှု အများစုသည် အရောင်ဖျော့ဖျော့၊ ချိုမြိန်ပြီး အပြစ်ကင်းသော ဘရာစီယာဖြစ်ကာ ရှက်ရွံ့ပြီး ချစ်စရာကောင်းသည်။
လင်းလောသည် ဆွဲဆောင်မှုရှိသော အရာများဆီသို့ သဘာဝကျကျ သွားလိုက်သည်။ သူမသည် ကျင်းရှီကို ခင်းကျင်းပြသထားသော ပြတင်းပေါက်သို့ ဆွဲကာ အရုပ်မပေါ်က ဇာဘရာကို ညွှန်ပြပြီး သွားရည်ကျနေသည်။ "သေစမ်း၊ နင် ဒါဝတ်ထားတာ တွေ့ချင်လိုက်တာ!"
ချူးကျောက်က သူမရဲ့မေးစေ့ကို ပွတ်သပ်ပြီး စဉ်းစားတွေးခေါ်ခဲ့သည်။ "ကျင်းရှီ နင် ဒါကိုဝတ်ရင် မနက်ဖြန် အိပ်ရာက မထနိုင်လောက်တော့ဘူး"
ကျင်းရှီ၏နှုတ်ခမ်းထောင့်က တွန့်သွားသည်။
ကျင်းရှီသည် အပြစ်ကင်းစင်သော ပန်းဖူးလေးသာဖြစ်ပြီး အရင်က မသင့်လျော်တာတွေကို လုံးဝမဟုတ်ဖူးခဲ့ပေ၊ အခုမတိုင်မီထိပေါ့...
သူမကိုယ်တိုင် အွန်လိုင်းကနေ ဆွဲဆောင်မှုရှိတဲ့ ပန်းရောင်ဇာဘရာစီယာကို တိတ်တဆိတ်မှာယူခဲ့သည်၊ ပုံထဲမှာကြည့်ရုံနဲ့ တစ်ယောက်ယောက်ကို ရှက်သွားစေမယ့် ဘရာစီယာမျိုးပင်။
သူမ အိမ်ကိုပို့ခိုင်းဖို့ ရွေးချယ်ရသည့် အကြောင်းရင်းကတော့ သူမအခန်းဖော်တွေတွေ့သွားမှာကိုရှောင်ဖို့ပင် မဟုတ်ရင် အဲဒီကောင်မစုတ်လေးတွေက အနည်းဆုံး သုံးနှစ်လောက် သေချာပေါက် သူမကို စနောက်နေမှာ။
နေ့ရောညရောသတိကြီးစွာနေနေသော်လည်း အိမ်ကသူခိုးကို တားဆီးရန် ခက်သည်ဆိုတာကို ကျင်းရှီ လုံးဝမမျှော်လင့်ထားခဲ့ပေ။
မနက်စောစော သူမအိပ်ရာမထမီ ရှန်ဖျင်ချွမ်သည် တံခါးမှူးထံမှ ဖုန်းလက်ခံရရှိပြီး လာယူရမည့် ပါဆယ်အထုပ်တစ်ထုပ်ရှိသည်လို့ ပြောခဲ့သည်။ ရှန်ဖျင်ချွမ် မျက်နှာတောင်မသစ်ဘဲ ခုန်ပေါက်ပြီး အောက်ထပ်သို့ အထုပ်ယူရန် အမြန်ဆင်းခဲ့သည်။
အထုပ်ရဲ့အလေးချိန်ကိုခန့်မှန်းပြီး သူဝယ်ထားတဲ့ NBA All-Star အမှတ်တရ ဂျာစီဖြစ်မည်ဟုထင်ပြီး အခန်းထဲကို အမြန်ပြန်သွားခဲ့သည်။ သူ မျက်နှာ၊ လက်၊ ခေါင်းတို့ကို ဆေးကြောရေချိုးပြီး အမွှေးနံ့သာနှင့် ပိုက်ဆံစက္ကူမီးရှို့ခြင်းကဲ့သို့ အထုပ်ကို ဂရုတစိုက် ဖွင့်ခဲ့သည်။
ပစ္စည်းထုပ်တွင် အနက်ရောင်နှင့် ပန်းရောင်အစင်းကြောင်းများပါရှိပြီး ၎င်းပေါ်တွင် ရွှေရောင်စာလုံးအနည်းငယ် ရိုက်ထားသည် - ဗစ်တိုးရီးယားစီးကရက်
ရှန်ဖျင်ချွမ် အနည်းငယ် မျက်မှောင်ကျုံ့ပြီး ဤအမေရိကန် အဝယ်ကိုယ်စားလှယ်က ဘာလို့ ဤကဲ့သို့ ဆွဲဆောင်မှုရှိသော ထုပ်ပိုးမှုကို အသုံးပြုရတာလဲ တွေးနေမိသည်။
ဒါပေါ့၊ ဆွဲဆောင်မှုရှိတဲ့ ထုပ်ပိုးမှုက NBA All-Star အမှတ်တရဂျာစီအတွက် မျှော်လင့်ထားတဲ့ ရှန်ဖျင်ချွမ်ရဲ့စိတ်လှုပ်ရှားမှုကို မထိခိုက်စေပေ။ သူက လက်နှစ်ဖက်ကို ရင်ဘက်ပေါ်တင်ပြီး အသက်ပြင်းပြင်းရှူကာ သူ့ရဲ့စိတ်လှုပ်ရှားမှုကို လျှော့ချရန်နှင့် သူအချိန်အတော်ကြာအောင် မျှော်လင့်နေသည့် ဂျာစီကို အကောင်းဆုံးအခြေအနေဖြင့် ကြိုဆိုရန် ပြင်ဆင်နေခဲ့သည်။
သူ ဘူးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
ဘူးအတွင်းရှိ နူးညံ့သောကတ္တီပါပေါ်တွင် ဖောက်ထွင်းမြင်ရသည့် ဇာဖြင့် ပြုလုပ်ထားသော ပန်းရောင်ဘရာစီယာကို ဖြန့်ထားသည်။
ရှန်ဖျင်ချွမ် ရုတ်တရက် သူ့မျက်လုံးများပြူးသွားပြီး မိနစ်ဝက်ခန့် ကြောင်သွားကာ ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အော်တော့သည်။
အား အား အား အား!
ဒါဘာကြီးလဲ! သူ့ရဲ့ All-Star အမှတ်တရ ဂျာစီက ဘာလို့ အမျိုးသမီး ဘရာစီယာဖြစ်သွားတာလဲ။
ရှန်ဖျင်ချွမ်၏အင်အားတွေ ကုန်ဆုံးသွားသည်၊ သူ ခေါင်းထဲဘာမှမရှိတော့ဘဲ ခြေထောက်တွေက အားနည်းသွားသလို ခံစားခဲ့ရသည်။ သူ အမှိုက်ပုံးကို ရှာပြီး ပစ္စည်းအိတ်ကိုယူလိုက်ကာ ၎င်းတွင် ရေးထားသည့် နာမည်ကို တွေ့ရှိခဲ့သည်၊ ကျင်းရှီ
ရှန်ဖျင်ချွမ် :...
သူ ကျင်းရှီ အိပ်ပျော်နေကြောင်း သေချာအောင်လုပ်ပြီး တံခါးကို တိတ်တဆိတ် လော့ခ်ချ၍ ပစ္စည်းအိတ်ကို သူ့အခန်းထဲသို့ အမြန်ပြန်ယူသွားပြီး ဖွက်လိုက်သည်။
ဒါတွေအားလုံးလုပ်ပြီးနောက် ရှန်ဖျင်ချွမ်က ကုတင်စွန်းမှာထိုင်ပြီး လက်မနဲ့လက်ညှိုးလေးနဲ့ သူမရဲ့ဘရာစီယာကို ယူလိုက်သည်။
ဘရာစီယာတွင် အနက်ရောင်ကြိုးများနှင့် ပန်းရောင်ဇာကွက်များပါရှိပြီး ဆွဲဆောင်မှုရှိသော အတွင်းခံစတိုင်ဖြစ်သည်။
လုံးဝကိုထွင်းဖောက်မြင်နေရသည်!
သူ ရှောခ့်ရစွာ ကုတင်ပေါ်တွင်ထိုင်၍ သူ့စိတ်တွေကထပ်ပြီးဗလာဖြစ်နေပြန်သည်။
ရည်စားကောင်လေးရှိပြီးနောက် သူ့ညီမလေး ပြောင်းလဲသွာပြီး သူမက သူ့ရဲ့လိမ္မာတဲ့ ညီမလေး မဟုတ်တော့ပေ။
ရှန်ဖျင်ချွမ် ဘရာစီယာကို ဘူးထဲသို့ ပြန်ထည့်ပြီး တံတောင်ဆစ်တွေကိုထောက်ကာ ဘာလုပ်ရမလဲစဉ်းစား၍ စိုးရိမ်စွာ ခေါင်းကို ပွတ်သပ်နေခဲ့သည်။
ကျင်းရှီက သူမရဲ့ပစ္စည်းထုပ်ကို သူ ဖွင့်လိုက်ကြောင်းသာ သိသွားမယ်ဆိုလျှင် သူတို့ မောင်နှမမဖြစ်နိုင်တော့ပေ။ သူ့ညီမကပေါက်ကွဲလွယ်သည်။ သူမ ဒေါသထွက်လျှင် ညလယ်မှာ သူ့အခန်းထဲ ခိုးဝင်ပြီး သူ့ဘောတွေကို တစ်စစီဖြစ်အောင် ကန်လိမ့်မည်။
ကျင်းရှီ၏ခြေသံများ တဖြည်းဖြည်း တံခါးမှ ထွက်လာပြီး သူမ ရေချိုးခန်းထဲသို့သွားကာ စတင်ဆေးကြောသန့်စင်ခဲ့ပြီး ရေများ တဖြောက်ဖြောက် တစက်စက်ကျနေသည်။
ရှန်ဖျင်ချွမ် ကုတင်ပေါ်မှ ခြေဖျားထောက်ဆင်းကာ ဘရာစီယာကို ဗီရိုထဲတွင် ဖွက်ခဲ့သည်။
ကျင်းရှီသည် သူမ၏ဖုန်းတွင် ပစ္စည်းပို့ဆောင်သည့် အခြေအနေကို စစ်ဆေးကြည့်ရင်း သူမ အမြန်ချောပို့သူထံ ဖုန်းဆက်တော့ သူက အစောင့်ရုံးခန်းတွင် ထားခဲ့ပြီဖြစ်ကြောင်း ပြောခဲ့သည်။ သူမသည် တံခါးမှူးထံသွားပြီး သူမရလာတဲ့ အထုပ်တစ်ခုကို ဖွင့်ကြည့်တော့ ရှန်ဖျင်ချွမ်ရဲ့ဂျာစီဖြစ်ပြီး သူမရဲ့ဘရာစီယာကို အစပင် ရှာမတွေ့ပေ။
ဒါက ကျင်းရှီကို အနည်းငယ် လန့်သွားစေသည်။ ပြီးတော့ ဒါကလျှို့ဝှက်ကိစ္စဖြစ်သည်။ ပျောက်သွားမည်ဆိုလျှင် သိပ်ကိစ္စမရှိပါဘူး၊ အဲဒါက တခြားသူရဲ့လက်ထဲကို ရောက်သွားမှာကို သူမစိုးရိမ်နေခဲ့သည်။
ကျင်းရှီ တံခါးမှူးရုံးခန်းသို့ အခေါက်များစွာ ပြေးသွားခဲ့သော်လည်း လုံခြုံရေးအစောင့်သည် သူက နေ့တိုင်း ပစ္စည်းထုပ်များစွာကို လက်ခံရရှိသဖြင့် သူမ၏အထုပ်ကို လက်ခံခဲ့လား၊ လက်မခံခဲ့သလားဆိုတာကို တကယ် မမှတ်မိတော့ပေ။
ကျင်းရှီ ဒီကိစ္စကို စိတ်ပူပြီး စားချင်စိတ်ပျောက်ရှ၍ ကောင်းစွာအိပ်မပျော်နိုင်ခဲ့ပေ။ ညစာစားချိန်၌ သူမ သတိလက်လွတ်ဖြင့် သူမ၏တူတွေကိုကိုင်ပြီး သူမပန်းကန်ထဲက ထမင်းဖြူကို ယောင်ဝါးဝါး မွှေနေသည်။ ဒါကိုမြင်တော့ ရှန်ဖျင်ချွမ်က သူမထမင်းပန်းကန်ကို ပုတ်လိုက်သည် "ကောင်းကောင်းစားလေ၊ ဘာတွေစဉ်းစားနေတာလဲ"
ကျင်းရှီ မဝံ့မရဲဖြင့်မေးလိုက်သည် "အစ်ကို၊ ဒီရက်ပိုင်း ပစ္စည်းထုပ်တစ်ခုခု ရထားသေးလား"
ရှန်ဖျင်ချွမ်၏တူတွေက လက်ထဲတွင် ရုတ်တရက် ရပ်တန့်သွားပြီး မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည် "ဘာပစ္စည်းထုပ်လဲ"
"အစ်ကို့ရဲ့ဘတ်စကတ်ဘောဂျာစီလေ ညီမအဲ့တာကို အစ်ကို့အတွက်ယူပေးထားတယ်"
"အိုး ဟုတ်သားပဲ"
"အစ်ကို ကျွန်မပစ္စည်းထုပ်ကို မှားလက်ခံမိပြီး တံခါးမှူးကို သွားမမေးခဲ့ဘူးလား"
ရှန်ဖျင်ချွမ်၏မျက်လုံးများက ရှောင်နေသည် "ငါဘာအထုပ်မှ မရခဲ့ပါဘူး"
"တကယ်မရဘူးလား"
"မရဘူး၊ မရဘူး!"
ကျင်းရှီ သက်ပြင်းချပြီး ပြောလိုက်သည် "ကျွန်မရဲ့ပစ္စည်းထုပ် ပျောက်သွားပြီ"
"ပျောက် ပျောက်တယ် ...နောက်တစ်ခု ထပ်ဝယ်လိုက်လေ" ရှန်ဖျင်ချွမ်က စိတ်လှုပ်ရှားစွာ သူ့ဖုန်းကို ထုတ်ခဲ့သည်။ "ပိုက်ဆံမရှိဘူးလား ဟမ် အစ်ကို မင်းကို အခုချက်ချင်း ပိုက်ဆံလွှဲပေးမယ်"
"ပိုက်ဆံနဲ့မဆိုင်ပါဘူး" ကျင်းရှီ၏ပါးစပ်က တွန့်သွားသည်။ "ထားလိုက်ပါတော့၊ ရပါတယ်"
ရှန်ဖျင်ချွမ်၏ ဂနာမငြိမ်ဖြစ်နေသော နှလုံးသားလေးက သူ့ရင်ဘတ်တွင် ကျယ်လောင်စွာ ခုန်နေသည်။ ထမင်းစားပြီးနောက် သူ သူ့အခန်းထဲကို အမြန်ပြန်သွားခဲ့သည်။
အခန်းထဲတွင် သူသည် သူ့ညီမ၏ ဘရာစီယာဘူးကို ကိုင်ထား၍ အချိန်အတော်ကြာ စဉ်းစားကာ ဘရာစီယာကို သူမလက်ထဲသို့ပြန်မပို့မီ လမ်းလွှဲဖို့ ဆုံးဖြတ်လိုက်ပြီး ဒါဆိုအရာအားလုံးသည် သူနှင့်မဆိုင်တော့ပေ။
ဉာဏ်ကြီးရှင်ပဲ။