အပိုင်း (၈၂)
Vol. 7 Ch. 82
ဒါပေမယ့် ရှန်ဖျင်ချွမ်၏ ဒုတိယအကြိမ်ပေးပို့ခြင်း ကျင်းရှီ၏ လက်ထဲသို့မရောက်မီတွင် ပေါ်ရန်က သူမကို ပန်းချီစတူဒီယိုသို့ လာခိုင်းခဲ့သည်။
ကျင်းရှီ တကယ်ကို အတွေးလွန်နေခဲ့သည်။ သူမ အဝတ်အစားချွတ်ဖို့ တုံ့ဆိုင်းနေချိန်မှာ ပေါ်ရန်က သစ်သားဘောင်ကို ပြင်ဆင်ပြီး ဆေးခွက်ကိုပြင်ဆင်ကာ အားလုံးက အဆင်သင့်ဖြစ်နေပြီဖြစ်သည်၊ အဆင်သင့်စဖို့ ဒီအရမ်းပရော်ဖက်ရှင်နယ်မဆန်တဲ့ မော်ဒယ်ဖြစ်တဲ့ သူမကိုစောင့်ဖို့ပဲ။
"ကိုယ်က ပန်းချီကို ဆယ်နှစ်လောက် လေ့လာခဲ့တာပါ၊ အရမ်းကျွမ်းတယ်"
ပေါ်ရန်က ထိုင်ခုံမြင့်မြင့်ပေါ်တွင်ထိုင်နေပြီး ဘယ်ခြေထောက်ကိုကွေးကာ ထိုင်ခုံအတွင်း၌ထည့်၍ ညာဘက်ခြေထောက်ကို ထိုင်ခုံရှေ့တွင် ဆန့်ထုတ်ထားသည်။ အပေါ်မှ အလင်းတစ်ခုက သူ့အပေါ်သို့ကျရောက်၍ သူ့မျက်ခုံးအရိပ်က မျက်လုံးများကို ဖုံးလွှမ်းထားပြီး သူ့မျက်ခွံအောက်တွင် နက်ရှိုင်းသော အရိပ်တန်းများရှိသည်။
သူက ကျင်းရှီကိုကြည့်ပြီး သူမကို နူးညံ့စွာ ချောမော့ပြောခဲ့သည် "စိတ်မပူပါနဲ့ ကိုယ့်မှာ ထူးဆန်းတဲ့ အတွေးတွေမရှိပါဘူး"
ကျင်းရှီက တုံ့ဆိုင်းနေပြီး မေးလိုက်သည် "ဒါဆို ကျွန်မ ထိုင်ရမှာလား၊ ထရမှာလား၊ ရှင့်ကို နောက်ကျောပေးထားရမလား ဒါမှမဟုတ် ရှင်နဲ့မျက်နှာချင်းဆိုင်နေရမလား"
ပေါ်ရန်က သူ့လက်ထဲမှာ စုတ်တံကို ကိုင်၍ ပန်းချီကားချပ်ပေါ်တွင် နောက်ခံအရောင်ကို ရေးဆွဲပြီးနေပြီ "မင်းအဆင်ပြေသလိုလုပ်လေ"
ကျင်းရှီ ဘေးပတ်လည်ကိုကြည့်လိုက်ပြီး စတူဒီယိုကို ပရိဘောဂမျိုးစုံနှင့် ပစ္စည်းများဖြင့် ပြင်ဆင်ထားပေမယ့် မရှုပ်နေပေ။ အရှေ့တောင်ထောင့်တွင် အနားယူရန်ဆိုဖာလေး တစ်ခုရှိသည်။ အဝါနုရောင် ကြမ်းပြင်မှ မျက်နှာကျက်ပြတင်းပေါက်များကို သေချာပိတ်ထားသော်လည်း ပြတင်းပေါက်များကို ဖွင့်ထားပြီး လေပြေများတိုးဝင်နေ၍ လိုက်ကာက လှိုင်းများလွင့်နေသည်။
ကျင်းရှီသည် သူမ၏လက်နှစ်ဖက်ကို သူမဟူဒီအိတ်ထဲသို့ ထည့်ပြီး ပေါ်ရန်ရှေ့မှာ တောင့်တောင့်ကြီး မတ်တပ်ရပ်ပြီး စိတ်မသက်မသာဖြစ်နေသည်။
ပေါ်ရန်က သူ့စုတ်တံကိုချပြီး အကူအညီမဲ့စွာပြောလိုက်သည် "ကောင်မလေး၊ ကိုယ်တို့ သဘောတူထားတယ်နော်"
ကျင်းရှီက သူမ၏အိတ်ထဲမှ ချည်မျှင်များကိုလုံးနေပြီး ပါးတွေနီမြန်းကာ ခေါင်းငုံ့နေသည် "ဘာလုပ်ရမလဲကျွန်မမသိဘူး"
"မင်းအတွက် ကိုယ် ပိုစ့်လုပ်ပြဖို့လိုလား"
"မလိုပါဘူး၊ ကျွန်မရဲ့သတ္တိကို နည်းနည်းလောက် ထပ်မွေးလိုက်ဦးမယ်"
သူမ အဝတ်ရဲ့တစ်စိတ်တစ်ပိုင်းကို မချွတ်ခင် မိနစ်နှစ်ဆယ်ကြာအောင် သတ္တိမွေးခဲ့ရသည်။
ပေါ်ရန် စုတ်တံကိုချပြီးထကာ သူမဆီသို့ လျှောက်သွားသည်၊ သူက သူမကို ကွေးညွှတ်ပြတင်းပေါက်ဆီသို့ ဆွဲခေါ်ပြီး သူမကိုထိုင်ရန် ပခုံးကို ဖိလိုက်သည်။
ကျင်းရှီက ပြတင်းပေါက်နားတွင် နာခံမှုရှိပြီး တိတ်ဆိတ်စွာ ထိုင်ကာ နက်မှောင်တောက်ပသော မျက်လုံးတစ်စုံက သူ့ကိုကြည့်ရန် ပင့်တက်လာသည်။
ပေါ်ရန် တဖြည်းဖြည်းငုံ့သွားပြီး သူမနားနားကပ်ကာ အလွန်ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်။
"အခု မင်းမျက်လုံးတွေကိုမှိတ်ပြီး ကိုယ့်စကားကို နားထောင်နော်"
ကျင်းရှီ သူမ၏မျက်လုံးများကို နာခံစွာမှိတ်ပြီး ခက်ခဲစွာ တံတွေးမျိုချလိုက်သည်။
အမှောင်ထဲတွင် ပေါ်ရန်၏အေးစက်နေသော နှုတ်ခမ်းများက သူမ၏နှုတ်ခမ်းထောင့်ကို ညင်သာစွာ နမ်းလိုက်တာကို သူမ ရှင်းလင်းစွာ ခံစားလိုက်ရပေမယ့် သူမပါးစပ်ကို ဖွင့်လိုက်တော့ သူဆုတ်ခွာသွားခဲ့သည်။
သူ့လက်က သူမအဝတ်အစားရဲ့အောက်နားကို ကျသွားပြီး အနည်းငယ် စဆွဲတင်လိုက်သည်။ ကျင်းရှီက သူ့ကိုတားဖို့ သူ့လက်ကို ချက်ချင်း ဖိလိုက်သည်။
"ကိုယ့်ကိုယုံပါ"
"အမ်းး..."
ခဏအကြာတွင် ကျင်းရှီက သူ့လက်ကို လွှတ်လိုက်ပြီး ပေါ်ရန်က သူမရဲ့ဟူဒီကို တဖြည်းဖြည်း ချွတ်လိုက်သည်။
ကျင်းရှီသည် နေရာအနှံ့မှ တိုးဝင်၍ သူမကို လွှမ်းခြုံထားတဲ့ အေးမြသောလေကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သူမ၏ခန္ဓာကိုယ်က အခု ပေါ်ရန်နှင့် လုံးဝကိုထိတွေ့နေကြောင်း သိတာကြောင့် သူမက သူမရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကာထားခဲ့သည်။
အခု သူမ ရှက်စရာကောင်းတဲ့ ဆွဲဆောင်မှုရှိသော အတွင်းခံ မဝတ်မိတာ စိတ်သက်သာရာရသွားသည်။ သူမသည် အလွန်ရိုးရှင်းသော အဖြူရောင် ဘရာစီယာကို ၀တ်ထားပြီး ရင်သားသေးသေးလေးကို ချည်သားအုံခွက်ဖြင့် မတင်၍ ဖုံးအုပ်ထားပြီး အဲဒါတွေကမကြီးသော်လည်း အနည်းဆုံးတော့ ကျန်းမာသည်။
ကျင်းရှီ သူမ၏မျက်လုံးများကို ဖွင့်မကြည့်ရဲဘဲ အခုချက်ချင်း ပေါ်ရန်၏အမူအရာကို မကြည့်ရဲပေ။
ပေါ်ရန်၏လက်က သူမ၏နောက်ကျောဆီသို့ ကျရောက်လာသည်ကို ခံစားလိုက်ရသည်၊ သူ၏အေးစက်နေသော လက်ထိပ်တွေက နူးညံ့သော စုတ်တံတစ်ခုကဲ့သို့ သူမ၏ခါးပေါ် လျှောကျပြီး ဘရာစီယာချိတ်ကို မထိလာမီ ခဏတာ သူမပခုံးနှစ်ဖက်ပေါ်တွင် ရှိနေခဲ့သည်။
ကျင်းရှီသည် သူက သူမဘရာစီယာပေါ်ရှိ ချိတ်လေးခုကို အလွယ်တကူဖြုတ်ရန် လက်တစ်ဖက်တည်းကို အသုံးပြုနေတာကို ခံစားရပြီး တင်းကျပ်တဲ့ ဘရာစီယာက ချက်ချင်းပင် ချောင်ချိသွားသည်။
"မလုပ်နဲ့"
အရမ်းနောက်ကျသွားပြီ။
ကျင်းရှီက သူမ၏ဖူးငုံစလျှို့ဝှက်ချက် အရာများကို ဖုံးကွယ်၍ သူမ၏ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကာထားသည်။
ပေါ်ရန် ခေါင်းငုံ့ပြီး အနည်းငယ်တုန်နေသော သူမခန္ဓာကိုယ်ကို ကြည့်နေသည်။ သူမက လိပ်ပြာတစ်ကောင်၏အတောင်ပံများ တဖျပ်ဖျပ်ခတ်သလို သူမရဲ့ဖြူဖွေးပြီးနူးညံ့ ဆွဲဆောင်မှုရှိသော ပခုံးများက သူ့ကို ကျောပေးထားသည်။
ပေါ်ရန်က သူမခါးကိုကိုင်ပြီး သူမရဲ့ဒူးကိုကွေး၍ သူမကို ကွေးအောင်လုပ်ကာ သူမရင်ဘတ်နှင့်ဝမ်းဗိုက်ကို ခြေထောက်များဖြင့်ဖိပြီး မျက်လုံးများကိုမှိတ်၍ ခွေခေါက်နေသော ဘေးပုံစံကိုပြသစေသည်။
ကျင်းရှီက သူပြောတဲ့အတိုင်းလုပ်ခဲ့သည်။
ထို့နောက် ပေါ်ရန်၏ခြေသံများ တဖြည်းဖြည်း အဝေးရောက်သွားသည်ကို သူမ ကြားလိုက်သည်။
သူမမျက်လုံးဖွင့်လိုက်တော့ ထိုင်ခုံမြင့်မြင့်ပေါ်မှာ သူက ထိုင်နေပြီး သူ့ရဲ့သွယ်လျလှသော ဘယ်လက်ချောင်းများက ဆေးစုတ်တံကိုကိုင်၍ နက်မှောင်သော မျက်လုံးများက သူမကို ကြည့်နေသည်။
ကျင်းရှီသည် သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖော်ထားပြီး ဂျင်းဘောင်းဘီအပြဲကို ၀တ်ထားသည်။ အသေအချာဆို ဤထောင့်မှ သူမြင်နိုင်တာက သူမ၏ချောမွေ့ဖြူဖွေးသော နောက်ကျောနှင့် လက်များဖြစ်သည်။ သူမ၏ရှေ့မှ ဆွဲဆောင်ရှိသောအရာများကို သူမခြေထောက်များဖြင့် ဖိထားသည်။
သူမ၏ဆံပင်ရှည်ရှည်တွေက နားရွက်နားတွင် ပေါ့ပေါ့ပါးပါး လွင့်ကျနေသည်။ ပေါ်ရန်ကို ကြည့်လိုက်ပြီး သူမ မေးလိုက်သည် "ခုနက...မြင်လိုက်လား"
ပေါ်ရန်က စကားပြောရင်း ပန်းချီဆွဲနေသည်။ "မြင်လိုက်တယ်"
"ရှင်အရမ်းစိတ်ပျက်သွားလား"
သူက အမူအရာသိပ်မပြဘဲ ညင်သာစွာပြောလိုက်သည် "အရင်က ကိုယ့်လက်တွေ မင်းရဲ့အရွယ်အစားကို တိုင်းဖူးပါတယ်၊ ဘာစိတ်ပျက်စရာရှိလို့လဲ"
"ဒါဆို အံ့သြစရာလည်းမရှိဘူးပေါ့ ဟုတ်လား"
ပေါ်ရန်၏ပါးစပ်က အနည်းငယ် ကွေးတက်သွားပြီး ပုံမှန်မဟုတ်သော အပြုံးကို ဖော်ပြထားသည် "အချစ်လေး၊ မင်းတကယ် ကိုယ့်ကိုပြန်တွေးစေချင်ရင် ဒီညအိမ်မပြန်ဖို့ ပြင်ဆင်ထား"
ကျင်းရှီ ပုံမှန်မဟုတ်လက္ခဏာတစ်ခု ပြသနေသော ယောက်ျား၏အန္တရာယ်ရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို သူမမြင်လိုက်ရသောကြောင့် ဉာဏ်ကောင်းစွာ တိတ်ဆိတ်နေခဲ့သည်။
မိနစ်လေးဆယ်အကြာ ကျင်းရှီသည် ဤပျင်းရိစွာ ခွေခေါက်နေသည့် ကိုယ်ဟန်ကို ထိန်းထားခဲ့သည်။ မကြာခင်မှာပဲ သူမ အိပ်ငိုက်လာခဲ့သည်။
သူမနိုးလာတော့ ဘယ်လောက်ကြာသွားပြီမှန်း မသိဘဲ သူမသည် ပေါ်ရန်ရဲ့ကုတ်အင်္ကျီနဲ့ အုပ်ထား၍ ဆိုဖာပေါ်မှာ လဲလျောင်းနေခဲ့သည်။
စတူဒီယိုက လွတ်နေပြီး သူ့အင်္ကျီအောက်က သူမမှာဘာမှမရှိပေ။
အဲ့ဒါတောင် သူက သူမကိုမထိဘူးပေါ့။
ကျင်းရှီက ပေါ်ရန်၏ကုတ်အင်္ကျီကော်လာကို ကိုင်လိုက်သည်။ နူးညံ့သော အင်္ကျီက ရင်းနှီးသော သူ့ရနံ့ကို သယ်ဆောင်လာပြီး သူမကိုစိတ်အေးစေခဲ့သည်။
အချိန်ဆွဲမနေတော့ဘဲ ကျင်းရှီသည် ရှုပ်ပွနေသော စတူဒီယိုတွင် ဘယ်သူမှမရှိခင် အင်္ကျီအမြန်၀တ်လိုက်သည်။
ထို့နောက် သူမ ခြေဖျားထောက်ကာ သစ်သားဘုတ်ဆီသို့ လျှောက်သွားခဲ့သည်။
သူမ၏စိတ်ကူးနှင့် ဆန့်ကျင်၍ ပန်းချီကားချပ်တွင် ရဲတင်းပြီး ပြင်းထန်သော စုတ်ချက်များမရှိပေ။ ပေါ်ရန်သည် အပေါ့ပါးဆုံးသော အထိအတွေ့များဖြင့် သူမ၏ပုံစံကို ဆွဲထားသည်။
သူမသည် ပြတင်းပေါက်နားတွင်ထိုင်၍ ဒူးကွေးကာ ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းထားသည်။ သူမ၏ ကျယ်ပြန့်၊ နူးညံ့၊ လှပစွာ ကွေးညွှတ်နေသော နောက်ကျောနှင့် သူမ၏နူးညံ့ဆွဲဆောင်မှုရှိသော ပခုံးတွေက ပျံသန်းချင်နေသလို လွင့်နေသည်။ ဒူးကြားတွင် ခပ်ဖွဖွ ဖိထားသော သူမရဲ့နူးညံ့သော ရင်သားများ အနားစွန်းတွေက ပြည့်လျှံနေသည်ကို သိသိသာသာ ပြသထားသည်။
သူမသည် အချိန်ကိုမေ့ပြီး ထောင့်တစ်နေရာတွင် အိပ်ပျော်နေသကဲ့သို့ ကြော့ရှင်းပြီးငြိမ်သက်၍ သူမ၏ဘဲဥပုံမျက်နှာကို ဒူးတွေပေါ် မှာတင်ထားသည်။
သူက ကျွမ်းကျင်တဲဘ ပန်းချီဆရာ မဟုတ်ပေမယ့် သူသည် သူမကို သူ၏အလှပဆုံးသော စိတ်ကူးများနှင့် ချစ်မြတ်နိုးမှုများကို ပေးခဲ့သည်။ ကျင်းရှီသည် ဤပန်းချီကားမှ သူ၏ခံစားချက်နှင့် အချစ်ကို ခံစားနိုင်သည်။
ကျင်းရှီ အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။ သူမ အရမ်းလှမှန်း သူမမသိခဲ့ပေ။
ထို့နောက် စတူဒီယိုတံခါး ပွင့်လာသည်။ ပေါ်ရန်သည် အစားအစာအိတ်များကို ကိုင်၍ လျှောက်လာကာ ကျင်းရှီကိုကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြုံးပြခဲ့သည် "မင်း အင်္ကျီဝတ်တာ မြန်လိုက်တာ"
ကျင်းရှီ ရှက်သွား၍ မျက်နှာလွှဲလိုက်သည်။ သူမက အ၀တ်အစားမဝတ်ထားဘဲ သူ့ကိုစောင့်နေရမှာလား။
ပေါ်ရန်က စားပွဲပေါ် အိတ်များကို တင်ပြီး ပြောလိုက်သည် "လာစား၊ မင်းအကြိုက်ဆုံးယုန်သား ကြွတ်ကြွတ်ယွယွလေး"
ကျင်းရှီ မကျေမနပ် ညည်းညူလိုက်သည် "ယုန်တွေက အရမ်းချစ်စရာကောင်းတယ်၊ သူတို့ကိုဘာလို့စားတာလဲ"
လျင်လျင်မြန်မြန်ပဲ ပေါ်ရန်က တစ်ခါသုံး တူတစ်စုံကို ခွဲလိုက်ပြီး သူမခေါင်းလေးကို ပုတ်လိုက်သည် "မင်း သူများထက် ပိုစားတာကို ဘာတွေဟန်ဆောင်နေတာလဲ"
ကျင်းရှီသည် သွားအစွယ်နှစ်ချောင်းကို ထုတ်ဖော်၍ ရှက်ကိုးရှက်ကန်းပြုံးပြီး အိတ်တွေကိုကူဖွင့်ပေးကာ ပေါ်ရန်ဘေးတွင် ထိုင်လိုက်သည်။
မွှေးကြိုင်သောအနံ့များ ထွက်နေသည်။ အသားအနံ့က အနံ့အားလုံးတွင် အမြဲတမ်း ဆွဲဆောင်မှုအရှိဆုံးဖြစ်သည်။ ကျင်းရှီလည်း ဗိုက်ဆာပေမယ့် သူမက အရင်ဆုံး နူးညံ့သော အရိုးမပါသည့် အသားတစ်ပိုင်းကို တူများဖြင့် ယူပြီး ပေါ်ရန်ကို ကျွေးခဲ့သည်။
"ပေါ်ရန် အလုပ်ကြိုးစားခဲ့တယ်၊ ပန်းချီကလှတယ်၊ ကျွန်မအရမ်းကြိုက်တယ်"
စားပွဲပေါ် သူ့တံတောင်ဆစ်ကိုထောက်ပြီး ပေါ်ရန်က သူမကို ချစ်မြတ်နိုးစွာ ကြည့်ကာ နူးညံ့စွာ ရယ်မောကာပြောလိုက်သည် "မင်း ဘယ်လောက်ပဲကြိုက်ကြိုက်၊ ကိုယ်မပေးဘူး"
"ဘာလို့လဲ"
သူမက ပန်းချီကားက သူမအတွက်လို့ထင်ခဲ့သည်။ သူမက သူ့အတွက် ကြိုးကြိုးစားစားနဲ့မော်ဒယ်လ် လုပ်ပေးခဲ့တာလေ။
"ဘာလို့ ကျွန်မကိုမပေးတာလဲ" ကျင်းရှီ ဆက်မေးခဲ့သည်။
ပေါ်ရန်က ပန်းချီကားထဲက အိပ်ပျော်နေတဲ့ ကောင်မလေးကိုကြည့်၍ သူ့မျက်လုံးတွေက နူးညံ့နေပြီး ပြန်ဖြေခဲ့သည် "ဒီပန်းချီကားကို အိပ်ခန်းထဲမှာ ချိတ်ထားချင်လို့ "
ကျင်းရှီ ခဏရပ်တန့်သွားပြီး ကပျာကယာ ပြောလိုက်သည်"မချိတ်ရပါဘူး"
"အို"
"ဘာလို့ အိပ်ခန်းထဲမှာ ချိတ်ထားမှာလဲ၊ ထူးဆန်းတယ်လေ"
"အဆင်ပြေပါတယ်"
"ဘာအဆင်ပြေတာလဲ"
ပေါ်ရန်၏ပါးစပ်ထောင့်တွင် ညစ်တစ်တစ် အပြုံးတစ်ခု ပေါ်လာသည်။ သူကဘာမှမပြောဘူး။
ကျင်းရှီသည် မဟုတ်သည့်မြင်ကွင်းများအားလုံး သူ့စိတ်ထဲတွင် ထပ်ပေါ်နေမည်ကို သိသည်။ သူမ ငြီးတွားလိုက်သည် "တစ်ယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ"
ပန်းချီကားက အလုံးစုံဖော်ပြထားတာ မရှိသော်လည်း အလုံးစုံ ဖုံးကွယ်ထားတာလည်း မဟုတ်ပေ။ အနည်းဆုံး သူမဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်သည်။
"ကိုယ့်အိပ်ခန်းက ကမ္ဘာပေါ်မှာအလုံခြုံဆုံးနေရာပဲ၊ ယုံတယ်မလား"
"အချိန်မရွေး ကျွန်မ ဝင်ထွက်နိုင်တာပဲကို၊ ဘယ်လိုလုံခြုံတာလဲ"
"မင်းကကိုယ့်မိန်းမမို့လေ"
"ဒါဆို……အရင်က ရှင့်အခန်းထဲ တခြားသူကို လုံးဝ ဝင်ခွင့်မပြုဖူးဘူးလား"
"ဒါပေါ့မဝင်ခိုင်းဘူး"
ပေါ်ရန်သည် အနည်းငယ် သန့်ရှင်းမှုကို စွဲလမ်းသည်။ သူ့အိမ်မှာတောင် လူတွေကို ဖိတ်ခေါ်ရတာမကြိုက်ဘဲ အိပ်ခန်းလို သီးသန့်နေရာဆို တစ်ယောက်တည်းနေသည်။
ကျင်းရှီ ကျီစယ်ကာပြောလိုက်သည် "တနေ့က ရှန်ဖျင်ချွမ် အဖေနဲ့ ရန်ဖြစ်ပြီး ရှင့်ဆီမှာနေခဲ့တာလေ။ ရှင့်ရဲ့ အိပ်ရာက ကြမ်းပြီး သက်တောင့်သက်သာမရှိဘူးလို့ သူပြောတယ်၊ ဒီတစ်သက် ရှင်နဲ့ ဘယ်တော့မှ မအိပ်တော့ဘူးတဲ့"
"..."
ပေါ်ရန်သည် သူ့နှလုံးသားထဲတွင် ရှန်ဖျင်ချွမ်၏ ကျေးဇူးမသိတတ်သော သစ္စာဖောက်မှုကို ကျိန်ဆဲခဲ့သည်။ သူက မတတ်နိုင်ဘဲ ရှင်းပြလိုက်သည်။ "မင်းသား ရှန်ဖျင်ချွမ်က ဘယ်လိုပဲလုပ်လုပ် ဆိုဖာပေါ်မှာအိပ်ဖို့ ငြင်းတယ်လေ၊ သူက ကုတင်မှာပဲ အတင်းအိပ်ချင်နေတာ"
ကျင်းရှီသည် ယုန်သားတစ်ပိုင်းကို ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ "အဲ့တော့သူအိပ်ရာကိုယူပါစေပေါ့၊ ကိစ္စကြီးမှမဟုတ်တာ။ ရှင်တို့နှစ်ယောက် အတူတူတောင် အိပ်ကြတာပဲ။ အဲ့ကောင်က ဟောက်ပြီး စောင်အောက်မှာ ချီးတောင်ပေါက်တယ်၊ ဘယ်လောက်ရွံရှာစရာကောင်းလိုက်လဲ"
ပေါ်ရန်သည် အိပ်ရာကိုတူတူသုံးသည့် အဆင်မပြေသော ထိုညကို သတိရပြီး သူ့တစ်ကိုယ်လုံး ချဉ်လာသလို ခံစားရသည်။
"သူက မင်းအတွက် ကိုယ့်အိပ်ရာကို စမ်းကြည့်ချင်တယ်လို့ ပြောတယ်" ပေါ်ရန်က ချောင်းဟန့်ပြီး ရှင်းပြလိုက်သည်။ "အိပ်ရတာ အဆင်ပြေရင် ကိုယ်နဲ့မင်းကို သူ မတားလောက်ဘူး..."
ပေါ်ရန် သူ့စကားမဆုံးခင် သူ့မျက်နှာပေါ်မှာ မရေရာသော အပြုံးများ ပေါ်လာပြန်သည်။
ကျင်းရှီ - ...
ရှင်တို့နှစ်ယောက်ပဲလုပ်ကြ၊ ကျွန်မကို ဖယ်ထားလိုက်။
...
ထိုည၌ ပေါ်ရန်သည် ကျင်းရှီကို လွယ်လွယ်နဲ့ လွှတ်မပေးခဲ့ပေ။
အတွဲများကြားတွင် ပတ်သက်ဆက်နွယ်သောအချိန်က အမြဲတမ်း မရေမရာဘဲ ကြာရှည်သည်။ ကျင်းရှီသည် ပေါ်ရန်၏ပြင်းထန်သောအနမ်းများမှ ကျောက်တုံးကဲ့သို့ သူ၏ဇွဲနပဲနဲ့ ခံနိုင်ရည်ကို ခံစားရသည်။
သူက သူမကို ဆိုဖာပေါ်မှာဖိထားပြီး သူ့အနမ်းများက သူမကို သူ့ဗိုက်ထဲ မျိုချချင်သလို ပြင်းထန်သည်။
ကျင်းရှီ၏အသိစိတ်က အနည်းငယ် လွတ်ထွက်နေပြီ။ သူမ လက်ဆန့်ပြီး အလိုလို သူ့ပခုံးကို ဆုပ်ကိုင်၍ သူမရဲ့ခေါင်းကိုမော့ကာ သူ့ကို သူမထံမှ ရပ်တန့်မှုမရှိ ဆွဲငင်ခွင့်ပေးခဲ့သည်။
တိတ်ဆိတ်နေသော စတူဒီယိုထဲတွင် လူနှစ်ယောက်၏နှုတ်ခမ်းနှင့် လျှာများ စပ်ယှက်နေသောအသံများထွက်နေပြီး လူတွေရဲ့နှလုံးသားကို လှုပ်ခတ်သွားစေသည်။
ကျင်းရှီ အသက်ရှုမဝနီးပါးပင်။ သူမ ပါးစပ်ထောင့်မှ ကျေနပ်သံများကဲ့သို့ ညည်းညူးသံများ ထွက်လာသည်။
ဤအသံသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ထိန်းချုပ်မှုအားလုံးကို အနမ်းများဖြင့် လွှတ်လိုက်သကဲ့သို့ စိတ်အားထက်သန်မှု တိုးလာပြီး သူမကိုမျိုချတော့မည်။
ကောင်မလေးက ငိုချလုနီးပါးပင်။ သူ့ရဲ့ပြင်းထန်ပြီး မြန်ဆန်သော အနမ်းများကြားတွင် သူမ ခက်ခဲစွာ ရှူသွင်းရှူထုတ်လုပ်နေရသည်။
"ပေါ်ရန်"
သူ့နာမည်က သူမရဲ့ကယ်တင်ရှင်ဖြစ်ပုံရသည်။ သူမ သူ့ကို တိုးတိုးလေး ခေါ်လိုက်သည်၊ သူမအသံက နူးညံ့ပြီးသာယာသည်။
ပေါ်ရန်က တုံ့ပြန်တဲ့အနေဖြင့် သူမနှာခေါင်းကို သူ့နှာခေါင်းနဲ့ ချစ်မြတ်နိုးစွာ ပွတ်သပ်ခဲ့သည်။
သူ့အနမ်းတွေက သူမစကားလုံးတွေကို အမြဲတမ်း နှောင့်ယှက်ခဲ့သည် "ကျွန်မ ကျွန်မကို ဒီလိုမလုပ်ပါနဲ့..."
သူမသည် သူ၏ပြင်းထန်သော အနမ်းများသာမကဘဲ မြန်ဆန်ပြီး နာခံမှုမရှိသော လက်ချောင်းများကိုလည်း ဆိုလိုသည်။
ကျင်းရှီသည် ပေါ်ရန်၏ပြင်းထန်သော ထိုးစစ်ဆင်မှုကို မခုခံနိုင်ပေ။ ကောင်လေးက ဘယ်လိုလုပ် ဒီလောက်ဆိုးနိုင်ရတာလဲ။
သူမ၏ပါးတွေက သဘာဝမကျစွာ နီမြန်းလာသည်။
ပေါ်ရန်က သူ့လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်သည်။ သူက သူမကို လက်တစ်ဖက်ဖြင့်ရစ်ပတ်ပြီး ညင်သာစွာ ဖက်ထားသည်။
ကောင်မလေး၏ခန္ဓာကိုယ်က ချိုမြိန်သော နို့နံ့သင်းသင်းလေးနဲ့ ခန္ဓာကိုယ်ကနူးညံ့နေသည်။
သူမ၏နက်မှောင်သော မျက်လုံးတွေက ပြူးကျယ်သွားပြီး မလှုပ်ရှားရဲဘဲ သူ့ရဲ့လှပတဲ့လည်ပင်းကို တည့်တည့်မတ်မတ်ကို စိုက်ကြည့်နေသည်။
အချိန်အတန်ကြာပြီးနောက် ပေါ်ရန်ရဲ့လည်စလုတ်က လှုပ်ရှားသွားပြီး ထိန်းချုပ်မှုနှင့် ဖိနှိပ်မှု အနည်းငယ်ကို မျိုချလိုက်သည့်အသံကို သူမကြားလိုက်ရသည်။
သူ၏နွေးထွေးသော လက်ဖဝါးများက သူမမျက်နှာဆီ ရွှေ့လျားသွားပြီး သူ့လက်မ၏ကြမ်းတမ်းသောအရေပြားက သူမ၏ဘယ်ဘက်ပါးပြင်ကို ခဏခဏ ပွတ်သပ်နေခဲ့သည်။
"မင်းဘယ်တော့မှ နည်းနည်းလောက် အရွယ်ရောက်လာမှာလဲ"
ကျင်းရှီသည် သူမကို သက်တောင့်သက်သာအဖြစ်ဆုံး အစိတ်အပိုင်းဖြစ်သည့် လည်ပင်းတွင် သူမခေါင်းကို မှိီထား၍ ပေါ်ရန်၏ခါးပေါ် သူမလက်ကို တင်ထားသည်။
ရှန်ဖျင်ချွမ်က သူမကိုမထိဖို့ သူ့ကိုကတိတောင်းထားတာကြောင့် သူက ရံဖန်ရံခါ အရမ်းဝေးသွားရင်တောင် သူ့ကတိကို လိုက်နာပြီး သူမလက်ခံနိုင်သော အတိုင်းအတာအထိပဲလုပ်ပြီး လုံးဝမပိုပါချေ။