အပိုင်း (၈၆)
Vol. 7 Ch. 86
သူ့အဘွားက ဆက်ပြောခဲ့သည်။ "ရန်ရဲ့ကောင်မလေးက ဘယ်လိုမိန်းကလေးမျိုးလဲ မသိဘူးလေ။ အလိုလိုက်ခံရပြီး ကြီးပြင်းလာတယ်လို့ကြားတယ်။ သူကနည်းနည်းတော့ဆိုးလောက်တယ်"
"ဆိုးတယ်၊ ဟမ့်" အဘိုးကြီးပေါ် နှာမှုတ်လိုက်သည်။ "အဲ့ကောင်စုတ်ရဲ့စရိုက်နဲ့ဆို သူတို့ နေ့တိုင်းရန်ဖြစ်နေမှာ မဟုတ်ဘူးလား"
သူ့ဇနီးကရယ်ခဲ့သည်။ "ရှင်ဘာသိလို့လဲ။ သူ ကောင်မလေးကို တော်တော်လေးချစ်တာ ကျွန်မသိတယ်။ ကောင်မလေးက ဆိုးတယ်ဆိုရင်တောင် သူကသည်းခံမှာ။ သူ ကောင်မလေးကို ထမင်းစားဖို့ အိမ်ပြန်ခေါ်လာရင် ကျွန်မပိုနားလည်လာလောက်မယ်"
"သိပ်မကြာခင် ခေါ်လာလောက်မယ်ထင်တယ်" ဟု အဘိုးကြီးပေါ်ကလှည့်၍ သိုလှောင်ခန်းသို့ လျှောက်သွားရင်း ပြောလိုက်သည်။ ဒါပေမယ့် ခြေလှမ်းနှစ်လှမ်းလောက်လှမ်းပြီးနောက် သူက နောက်ပြန်လှည့်လာပြီး ချောင်းအနည်းငယ်ဆိုးကာ ပြောခဲ့သည်။ "အိုး၊ ဟုတ်ပြီ... မွေးနေ့အတွက် ငါတို့ဧည့်သည်တစ်ချို့ကို ထမင်းစားဖို့ ဖိတ်မယ်လေ၊ သူ့အတန်းဖော်ဘာညာနဲ့ပေါ့ အသက်ဝင်ပြီး ပျော်စရာကောင်းတာပေါ့"
သူ့မိန်းမကပြုံးလိုက်သည်။ "ရှင့်မြေးရဲ့ကောင်မလေးနဲ့ တွေ့ချင်နေတာပေါ့လေ"
"အဓိပ္ပာယ်မရှိတာ! မဟုတ်ဘူး!"
မိနစ်အနည်းငယ်ကြာတော့ အဘိုးကြီးက သူ့ဆေးတံကိုပုတ်ဟန်ဆောင်၍ ထွက်လာပြန်သည်။ သူက သူ့ဇနီးကို ညွှန်ကြားခဲ့သည်။ "ရန်ပြန်လာရင် ဒီနှစ်သူ့မွေးနေ့အတွက် စားသောက်ဆိုင်ကို မသွားဖို့သတိပေးလိုက်။ အဲဒီအစား ငါတို့အိမ်မှာကျင်းပမယ်"
သိပ်မကြာခင်မှာ ပေါ်ရန်က သူ့စက်ဘီးကိုစီးပြီး တံခါးကိုဖြတ်လာကာ အပေါက်ဝမှာ ရပ်လိုက်သည်။
"အဘိုး၊ အဘွား၊ ကျွန်တော်ရောက်ပြီ!"
သူ့အဘွားက သူ့ကိုနှုတ်ဆက်ရန် ထွက်လာပြီး သူ့ပခုံးပေါ်က ကျောင်းလွယ်အိတ်ကို ချွတ်ယူလိုက်သည် "ရန်၊ မြန်မြန်အထဲဝင်။ အိမ်ထဲမှာ လတ်လတ်ဆတ်ဆတ် အသီးတွေရှိတယ်"
ဒါပေမယ့် ပေါ်ရန်က ခြံသန့်ရှင်းဖို့အတွက် အများအားဖြင့် သူတို့သုံးလေ့ရှိသည့် ဥယျာဉ်ရေပိုက်ကိုယူပြီး ပြုံး၍ပြောလိုက်သည် "အလျင်မလိုပါနဲ့ဦး အဘွား။ ကျွန်တော်စက်ဘီး အရင်ရေဆေးဦးမယ်"
"အဘွား မင်းအတွက် အဝတ်စုတ် ရှာပေးမယ်"
သူမမြေးလေး အိမ်ပြန်ရောက်လာတာကိုမြင်တော့ အဘွားက အရမ်းပျော်သွားခဲ့သည်။ သူက သူ့စက်ဘီးကို တောက်ပြောင်သည်အထိ ပွတ်တိုက်နေသည်ကို သူမက သဘောကျစွာ ကြည့်နေခဲ့သည်။
ယန်ရှောင်ယွမ်က အကူကို စားပွဲဝိုင်းကူပြင်ပေးခဲ့သည်။ သူမသည် ပေါ်ရန်ကို မြင်သောအခါ စိတ်အားထက်သန်မှုနှင့် ရှက်ရွံ့မှုတို့ ရောယှက်သွားပြီး သူ့မျက်လုံးကို တိုက်ရိုက်မဆုံရဲပေ။
သူ၏အသွင်အပြင်သည် ပြတ်သားမှုအရိပ်အမြွက်နှင့် သိသိသာသာကို ချောမောသည်။ မိန်းကလေးအများစုက သူ့ကိုတိုက်ရိုက်ကြည့်ဖို့ ရှက်ရွံ့ကြသည်။
ကျင်းရှီတောင် သူနှင့် အမှုမဲ့အမှတ်မဲ့ ထိတွေ့ပြီး သူနှင့်ငြင်းခုံတာတွေမတိုင်မီ အချိန်အတော်ကြာအောင် ရင်းနှီးခဲ့ရသည်။ သူတို့နှစ်ယောက်စချိန်းတွေ့တုန်းကဆို စာကြောင်းနှစ်ကြောင်းလောက်သာ အပြန်အလှန်ပြောပြီးနောက် သူမသည် ရှက်လာခဲ့သည်။ သူက သူမကို ပေါ့ပေါ့ပါးပါးလေး ထိရင်တောင် သူမက ခုန်ပေါက်နေသည့် ယုန်တစ်ကောင်ကဲ့သို့ တုံ့ပြန်လိမ့်မည်။
လူတွေကြားက ရင်းနှီးသည့်ဆက်ဆံရေးဟူသည် တစ်ရက်တည်းနှင့် တည်ဆောက်တာမဟုတ်ပေ။ သူတို့သည် သတ်မှတ်ချက်များကို စမ်းသပ်ပြီး ပိုမိုနက်ရှိုင်းသော နှောင်ကြိုးကို တည်ဆောက်ဖို့ အချိန်အတော်ကြာ လိုအပ်သည်။
ထို့ကြောင့် ချိန်းတွေ့တာက စကေးတစ်ခုလည်းဖြစ်သည်။
ထမင်းစားနေတုန်း အဘွားက အိမ်မှာ ရန်ရဲ့အတန်းဖော်တွေနဲ့ မွေးနေ့ပါတီလုပ်ဖို့ ပြောခဲ့သည်။ ပေါ်ရန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည် "သူတို့ကကောင်စုတ်တွေ။ အကုန် ဗရုတ်သုတ်ခဖြစ်ပြီး အဘိုးနဲ့ အဘွားကို အနှောင့်အယှက်ပေးလိမ့်မယ်"
"အဆင်ပြေပါတယ်၊ မင်းအဘိုးနဲ့ငါက လှုပ်ရှားသက်ဝင်နေတဲ့အချိန်တွေကို သဘောကျတယ်"
"ကောင်းပြီ၊ ကျွန်တော် ရှီရှီနဲ့ဆွေးနွေးလိုက်မယ်"
သူ့အဘွားကရယ်လိုက်သည်။ "ငါတို့မိသားစုထဲက ကောင်ဆိုးလေးကိုကြည့်စမ်း၊ အခုကိစ္စတွေကို ဆွေးနွေးပြီး မဆုံးဖြတ်ခင် သူ့ကောင်မလေးနဲ့ တိုင်ပင်နေရတယ်"
"မွေးနေ့အစီအစဥ်တွေကို ရှီရှီက အမြဲတမ်း ကိုင်တွယ်ပေးခဲ့တာ။ ကျွန်တော်တို့ရဲ့အရင်အစီအစဉ်က ကျွန်တော့်တိုက်ခန်းမှာ ပါတီလေးတစ်ခု ကျင်းပဖို့။ သူက အွန်လိုင်းကနေ အလှဆင်တာတွေအများကြီး မှာထားတာ ကျွန်တော် သူ့ရဲ့ထင်မြင်ချက်ကို မေးဖို့လိုတယ်"
ယန်ရှောင်ယွမ်က ရုတ်တရက် ပြောလိုက်သည် "အဘိုးက အိမ်မှာပွဲလုပ်စေချင်တာ၊ စီနီယာအစ်မကျင်းက မလုပ်ချင်ဘူးဆိုရင်တောင် အဘိုးရဲ့ဆန္ဒကို အရင်စဉ်းစားသင့်တယ် မဟုတ်ဘူးလား။ ပြီးတော့ သူက မိသားစုမှာအကြီးဆုံးလေ"
ဒါကိုကြားတော့ ပေါ်ရန်က အနည်းငယ် အနှောင့်အယှက်ဖြစ်သွားသည်။ "ငါသူနဲ့ဆွေးနွေးရုံပဲလေ"
"အဘိုး၊ စိတ်မဆိုးပါနဲ့။ ပေါ်ရန်က သေချာပေါက် ဦးစားပေးဖို့ကို နားလည်မှာပါ"
အဘိုးကြီးပေါ်က သူ့တူနှင့် ယန်ရှောင်ယွမ်ရဲ့ပန်းကန်ထဲ ဟင်းတစ်တုံးကို ထည့်ပေးခဲ့သည် "မင်းတို့ အစီအစဉ်ချပြီးပြီဆိုလည်း အဆင်ပြေပါတယ်၊ ငါတို့က နောက်မှလုပ်လို့ရတယ်"
"အဘိုးနားလည်မှုလွဲနေပြီ။ ကျွန်တော် ရှီရှီကိုပြောလိုက်မယ်..."
"ရတယ်၊ အဆင်ပြေတယ်" အဘိုးကြီးပေါ်က သူ့လက်ကို ဝှေ့ယမ်းပေသည်။ "ဒါတွေက အသေးအဖွဲကိစ္စတွေပါ။ မပြောနဲ့တော့။ ထမင်းစား"
ပေါ်ရန်သည် ယန်ရှောင်ယွမ်က အမြဲတမ်း ပေါ့ပေါ့ပါးပါး စကားဝိုင်းမှ တင်းမာမှုဆီသို့ ပြောင်းလဲတတ်သည့် အရည်အချင်းရှိသည်ဟု ခံစားရသည်။ သူမစကားကြောင့် ကျင်းရှီသည် သူ့အဘိုးကို ဆန့်ကျင်နေပုံပေါက်သွားခဲ့သည်။
ထမင်းစားနေစဉ် ပေါ်ရန်က တိတ်ဆိတ်နေခဲ့သည်။
ယန်ရှောင်ယွမ်က အဘိုးအဘွားများထံ သူမ၏တစ်နှစ်တာ လေ့လာမှုနှင့် အစီအစဉ်များကို တင်ပြခဲ့သည်၊ သူမသည် အရင်ဆုံး CET-4 စာမေးပွဲဖြေဆိုပြီးနောက်၊ ဆရာအရည်အချင်းစစ်စာမေးပွဲအတွက် ပြင်ဆင်မည်။ သူမသည် IELTS စာမေးပွဲအတွက် အတန်းဖော်များ ပြင်ဆင်နေသည်ကို ပေါ့ပေါ့ပါးပါးပြောပြပြီး သူမလည်း သဘောကျကြောင်း အရိပ်အမြွက်ပေးခဲ့သည်။
အဘိုးကြီးပေါ်က တည့်တိုးမေးလိုက်သည် "မင်းနိုင်ငံခြားမှာကျောင်းတက်ချင်လား"
ယန်ရှောင်ယွမ်က ရှက်သွားသည်။ "ကျွန်မ… အဲ့လိုမရည်ရွယ်ပါဘူး"
"မင်းကိုယ်မင်း တိုးတက်အောင် ကြိုးစားနေသရွေ့ အဘိုးက မင်းကိုထောက်ပံ့ပေးမယ်"
"မဟုတ်ဘူး၊ အဘိုး။ အဘိုး ကျွန်မကို အများကြီးကူညီပြီးပြီ။ အဘိုးကို ကျွန်မ ဘယ်လိုပြန်ဆပ်ရမှန်းတောင် မသိဘူး"
"အနာဂတ် မင်းရဲ့အောင်မြင်မှုက အကောင်းဆုံးပြန်ဆပ်မှုပါပဲ"
အဘိုးကြီးပေါ်သည် ကြင်နာတတ်သည့်လူဖြစ်သည်။ သူ့မိသားစုသည် ကလေး၏ပညာရေးအတွက် ထောက်ပံ့ရန် ငွေရေးကြေးရေး လုံလောက်မှုရှိသည်။ သူ ယန်ရှောင်ယွမ်ကို ထောက်ပံ့ပေးနေတာ ဆယ်နှစ်ကျော်ပြီ။ နိုင်ငံခြားမှာ နှစ်အနည်းငယ်ကြာ သူမကိုပညာသင်ရန် ထောက်ပံ့ပေးဖို့က ပြဿနာမရှိပါဘူး။
ယန်ရှောင်ယွမ်က ပေါ်ရန်ကိုကြည့်ပြီး "စီနီယာ၊ အစ်မကျင်းမှာ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အစီအစဉ်ရှိလား။ အဲ့လိုဆို ကျွန်မသူနဲ့အကြံဉာဏ်တွေ ဖလှယ်လို့ရတယ်"
ပေါ်ရန်ကပြတ်ပြတ်ပြန်ဖြေခဲ့သည် "သူ့မှာအဲ့လိုအစီအစဥ်မရှိဘူး"
ယန်ရှောင်ယွမ်က ခေါင်းညိတ်လိုက်သည်။ "ကျွန်မသိတယ်။ အစ်မကျင်းရှီရဲ့ မိသားစုနောက်ခံနဲ့ဆို သူက နိုင်ငံခြားသွားပြီး ဒီလိုအခက်အခဲ ခံစားစရာမလိုဘူး"
ပေါ်ရန်က သူတူတွေကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်၊ ဒါပေမယ့် အဘိုးအဘွားက ညစာစားပွဲမှာရှိတာကြောင့် သူက သူ့ဒေါသကို ထိန်းထားခဲ့သည်။
သူ့ရဲ့စပ်စုတတ်တဲ့အဘွားက ပေါ်ရန်ကိုမေးလိုက်သည် "ရှီရှီရဲ့မိသားစုက ချမ်းသာတာလား။ သူတို့ဘာစီးပွားရေးလုပ်ကြတာလဲ"
"စီးပွားရေး"
ယန်ရှောင်ယွမ်က ဆက်ပြောလိုက်သည်။ "အဘွား၊ အစ်မကျင်းရှီရဲ့ဖေဖေလေးက ရှန်Gpအိမ်ခြံမြေကုမ္ပဏီကြီးရဲ့ သူဌေးလေ။ အဘွားသိပါတယ်၊ တီဗွီမှာပါတဲ့ အိမ်တွေရောင်းတဲ့ဟာလေ"
"အိုး၊ ရှန်ဂရုက အံ့ဩစရာပဲ"
"ဘာအံ့ဩစရာလဲ" ဟု အဘိုးကြီးပေါ်က ဖြတ်ပြောလိုက်သည်။ "ကလေးတွေမှာ ကံကြမ္မာကိုယ်စီရှိတယ်။ မိဘတွေက ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ ကလေးတွေက သူတို့ကိုင်တိုင် မကြိုးစားရင် အိမ်ရဲ့ဝန်ထုပ်ဝန်ပိုးတွေပဲ"
ပေါ်ရန်ကမနေနိုင်ဘဲပြောလိုက်သည်။ "အဘိုး၊ ရှီရှီက အဘိုးပြောနေတဲ့ ကလေးမျိုးမဟုတ်ဘူး"
"ငါက ဒီတိုင်းပြောတာပါ၊ သူ့ကိုမဆိုလိုပါဘူး"
သူ့အဘွားက အကြောင်းအရာကို ပြောင်းလိုက်သည်။ "မင်း အနာဂတ်မှာ ပိုအချိတ်အဆက်ရှိမှာပါ။ ရှောင်ယွမ် မင်းနားမလည်တာရှိရင် ရှီရှီကို မေးလို့ရတယ်။ သူက မင်းအတွက် အစ်မလိုပဲ"
ယန်ရှောင်ယွမ်က မဝံ့မရဲဖြင့် ပြောခဲ့သည်။ "သူ... စီနီယာအစ်မက ကျွန်မကို သိပ်သဘောမကျလောက်ဘူး"
အဘိုးကြီးပေါ်ရဲ့အမူအရာက ပြောင်းသွားသည်။ "ဘာဖြစ်ကြတာလဲ"
ယန်ရှောင်ယွမ် ခေါင်းငုံ့လိုက်သည်။ "ကျွန်မ တကယ်မသိပါဘူး။ အဲ့ဒါ... ကျွန်မ သူနဲ့စကားပြောတိုင်း သူက ကျွန်မကို တော်တော်လျစ်လျူရှုတယ်။ လူတွေ ကျွန်မကို မကြိုက်တာ တစ်ခုခုတော့ရှိမယ်ထင်တယ်"
အဘိုးကြီး၊အဘွားကြီး လင်မယားက တိတ်ဆိတ်သွားကြပြီး ဘာဖြစ်တာလဲဆိုတာ အကြမ်းဖျင်း ခန့်မှန်းခဲ့ကြသည်။
အလိုလိုက်ခံရပြီး စိတ်ကြီးဝင်နေသည့် သူဌေးသမီး၊ ယန်ရှောင်ယွမ်၏ စကားအပေါ်အခြေခံ၍ သူတို့၏မြေးချွေးမလောင်းပေါ် ပထမဆုံးသော အမြင်ဖြစ်သည်။
"ယန်ရှောင်ယွမ်၊ ကျင်းရှီကို မင်းဘာနားလည်မှုလွဲနေတာလည်း ငါမသိဘူး" ပေါ်ရန်က သူ့တူတွေကို ချပြီး အသံဩဩဖြင့်ပြောလိုက်သည်။ "သူ မင်းကိုသဘောမကျဘူးဆိုရင် သူ့မှာသဘောမကျရတဲ့ အကြောင်းပြချက်တွေရှိမှာပဲ"
"ပေါ်ရန်၊ ကျွန်မ ဒီလိုဆိုလိုတာမဟုတ်ဘူး၊ ဒါပေမယ့် ရှင်ကျွန်မကို ဒီလိုမစွပ်စွဲနဲ့။ ကျွန်မဘာမှမလုပ်ခဲ့ဘူး" ယန်ရှောင်ယွမ်၏ မျက်နှာက နီရဲပြီး မှားနေသည့်ပုံပေါ်သွားခဲ့သည်။
ပေါ်ရန်က သူ့အဘိုးအဘွားတွေရှေ့မှာ ဤကိစ္စတွေကို ပြောဖို့မရည်ရွယ်ပေမယ့် ဒီနေ့ ညစာစားပွဲမှာ ယန်ရှောင်ယွမ်က ကျင်းရှီကို မကောင်းပြောခဲ့တာကြောင့် သူမက အဘိုးအဘွားတွေကို အထင်အမြင်မှားစေခဲ့သည်။ ပေါ်ရန် သည်းမခံနိုင်တော့ပေ။
"ပထမ၊ ငါ့ကို ပေါ်ရန်လို့မခေါ်နဲ့၊ ဒုတိယ၊ မင်းက ငါ့ကောင်မလေးဆိုတဲ့ ကောလဟာလတွေ တစ်ကျောင်းလုံးမှာ ပျံ့နေတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းမှာရှင်းပြစရာရှိလား"
ယန်ရှောင်ယွမ်က ချက်ခြင်း တုန်လှုပ်သွားသည်။ "အားယားနေတဲ့သူတွေက အခြေအမြစ်မရှိတဲ့ အတင်းအဖျင်းတွေ လျှောက်ပြောနေတာလေ၊ ကျွန်မက သူတို့ရဲ့ပါးစပ်ကို ဘယ်လိုထိန်းရမှာလဲ"
ထိုအချိန်တွင် အဘိုးက နှစ်ယောက်ကြားအငြင်းပွားမှုကို အချိန်ကိုက် ဖြတ်ပြောခဲ့သည်။ "ကောင်းပြီ ရန်ရန်၊ သူ့ကိုအပြစ်မပြောပါနဲ့၊ ရှောင်ယွမ်က ငါတို့ဧည့်သည်"
ပေါ်ရန်က သူ့အဘိုးပြောတာကို အတော်လေး နားထောင်ပြီး ချက်ချင်း ပြောနေတာကို ရပ်ခဲ့သည်။
ယန်ရှောင်ယွမ်သည် သူမ၏တူတွေကို အမှတ်တမဲ့ ပြန်ကောက်ကိုင်လိုက်သည်။ သူမကို အဘိုးပေါ်က သူ့မြေးမကဲ့သို့ ဆက်ဆံသည်ဟု ထင်ခဲ့သော်လည်း ရုတ်တရက် "ရှောင်ယွမ်က ငါတို့ဧည့်သည်" ဟူသော စာကြောင်းတစ်ကြောင်းနဲ့ သူမကို ဖယ်ထုတ်လိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ၊ အဘိုးရဲ့စကားတစ်ခွန်းက သူမကိုနားလည်သွားစေသည်။
သူမက ပေါ်မိသားစု၏ မြေးမဟုတ်ပေ။ အဘိုးပေါ်က သူမအပေါ်ကောင်းသော်လည်း အပြင်လူတစ်ယောက်အနေနှင့် သူက ယဉ်ကျေးမှုအရပြုမူတာဖြစ်သည်။
အရာအားလုံးသည် သူမ၏ဆန္ဒသာဖြစ်သည်။
....
ထိုနေ့နေ့လယ်ခင်းတွင် အဘိုးပေါ်သည် မျိုးဆက်ဟောင်း စစ်ပြန်များအတွက် ဧည့်ခံပွဲတစ်ခုကို တက်ရောက်ဖို့ ခရိုင်ရုံးသို့သွားကြသည်။ ပွဲအပြီးတွင် သူသည် ယန်နည်းပြဆရာထံသွားခဲ့သည်။
ယန်နည်းပြဆရာသည် လက်ရှိ ပေါ်ရန်၏နည်းပြဆရာဖြစ်သည်။ အဘိုးပေါ်က အကယ်ဒမီမှာ ပေါ်ရန်ရဲ့လုပ်ဆောင်ချက်တွေကို မေးမြန်းခဲ့သည်။
"ဒီကလေးက လားတစ်ကောင်လို ခေါင်းမာပြီး ထိန်းချုပ်ဖို့ခက်တယ်" ဟု ယန်နည်းပြဆရာက မတတ်နိုင်စွာပြောပြသည်။ ပေါ်ရန်၏ပထမနှစ်နှင့် ဒုတိယနှစ်များတွင် သူသည် ပေါ်ရန်ကို ပိုတင်းကျပ်ပြီး နာခံမှုရှိသော ဗိုလ်လောင်းတစ်ယောက်အဖြစ် လေ့ကျင့်ပေးနိုင်မည်ဟု သူထင်ခဲ့သည်။ ဒါပေမယ့် ယခုတော့ သူက အခက်အခဲကို လျှော့တွက်လိုက်မိပုံပင်။
"သူ့စရိုက်နဲ့ဆို သူတကယ်စစ်တပ်ထဲဝင်ရင် ဘယ်လောက်တောင်အခက်အခဲတွေကို ခံနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ" ယန်နည်းပြဆရာက အဘိုးပေါ်ကို မေးစမ်းကြည့်သည် "ဆရာ သူ့ကို သူ့အဖေရဲ့ခြေရာနင်းဖို့ စီစဉ်နေတာလား"
အဘိုးပေါ်သည် သူ၏တစ်ဦးတည်းသောမြေးလေးကို ဝေးလံခေါင်သီသော နယ်စပ်ဒေသသို့ပို့ချင်စိတ် တကယ်မရှိပါ။ သူ့သားနဲ့ချွေးမသည် တိုင်းပြည်အတွက် သူတို့ကိုယ်တိုင် အနစ်နာခံခဲ့ပြီးပြီ။ ဤတစ်ဦးတည်းသော အမွေဆက်ခံသူကို သူ့ဘေးတွင်ပဲထားချင်သည်။
"ဒီကောင်လေး ဘာပဲလုပ်လုပ် ဘယ်သူကမှ သူ့ကိုတားလို့မရဘူး။ သူတစ်ခုခုမလုပ်ချင်ရင်လည်း ဘယ်သူမှ သူ့ကိုဖိအားပေးလို့မရဘူး။ သူ့သဘောအတိုင်းလုပ်ပါစေ" လို့ အဘိုးပေါ်က ပြောခဲ့သည်။
ယန်နည်းပြဆရာက ခေါင်းညိတ်ပေသည်။ "စွမ်းဆောင်ရည်အရဆိုရင် ကျွန်တော်တို့ အကယ်ဒမီမှာ ပေါ်ရန်လိုလူမျိုးမရှိတာ အမှန်ပဲ။ ဒီလိုရည်မှန်းချက်မျိုးနဲ့ဆို သူက အနာဂတ်မှာ ပေါက်မြောက်မှာ သေချာတယ်"
အဘိုးပေါ်က သူ့ခေါင်းကို မတတ်နိုင်စွာ ခါယမ်းပေးသည်။ "စစ်မှန်တဲ့စွမ်းဆောင်ရည်နဲ့ဆို လူတစ်ယောက်က နေရာတိုင်းမှာ အောင်မြင်နိုင်ပါတယ်"
ယန်နည်းပြဆရာသည် အဘိုးပေါ်က ပေါ်ရန်ကို အဝေးသို့ပို့ရန် ဝန်လေးကြောင်းမြင်တော့ သူသည် အတင်းအကျပ်မပြောတော့ပေ။
"အိုး၊ ဟုတ်သား" အဘိုးပေါ်က ပေါ့ပေါ့ပါးပါးပြောသည် "ပေါ်ရန်ချိန်းတွေ့နေတယ်လို့ငါကြားတယ်"
ယန်နည်းပြဆရာက ရယ်မောသည်။ "အဲဒီကောင်စုတ်လေးတွေက ကျောင်းသားသစ်တုန်းက နာခံမှုရှိကြတယ်၊ ဒါပေမယ့် အခု ဒုတိယနှစ်နဲ့ ဂျူနီယာနှစ်ကျ သူတို့အားလုံးမှာ ကောင်မလေးတွေနဲ့။ သူတို့ကိုထိန်းမရတော့ဘူး!"
"အိုး…မင်း ကောင်မလေးကို တွေ့ဖူးတာလား"
"အင်း၊ ကျွန်တော်တွေ့ဖူးတယ်။ အရင်တစ်ကြိမ်က ကျွန်တော် ပေါ်ရန်ကို အပြစ်ပေးတဲ့အနေနဲ့ နေပူထဲမှာ မတ်တပ်ရပ်ခိုင်းထားတာ၊ ကျွန်တော်ထွက်သွားတော့ ကောင်မလေးက သူ့နဲ့တစ်နေ့ခင်းလုံးနေပြီး သူ့ကိုရေနဲ့အစားအစာတွေ ခိုးကျွေးတယ်လေ။ ကောင်မလေးကတကယ်ချစ်စရာလေး"
"မင်းမှာသူ့ဓာတ်ပုံတွေရှိလား"
"ကျွန်တော့်မှာ ဘယ်လိုလုပ် သူများကောင်မလေးရဲ့ဓာတ်ပုံတွေရှိမလဲ" ယန်နည်းပြဆရာက ပြောခဲ့သည်။ "ဆရာပေါ်၊ ကောင်မလေးကို တွေ့ချင်ရင် ကျွန်တော် ဆရာ့ကို ကျွန်တော်တို့အကယ်ဒမီကို ခေါ်သွားပေးမယ်လေ"
"မဟုတ်ဘူး မဟုတ်ဘူး၊ ငါကဒီတိုင်းမေးကြည့်ရုံပါ" အဘိုးပေါ်က သူ့လက်ကို အလျင်အမြန် ဝှေ့ယမ်းလေသည်။ "ငါလုံးဝစိတ်မဝင်စားပါဘူး။ သူတို့ကဆော့ကစားနေတဲ့ကလေးတွေပါပဲ၊ မြဲပါ့မလားဆိုတာ ဘယ်သူသိမလဲ"
ဒါပေမယ့် သိပ်မကြာခင်မှာပဲ ယန်နည်းပြဆရာသည် အကယ်ဒမီကျောင်းက ကျောင်းသားတွေရဲ့ အချက်အလက်တွေကို သူ့ဖုန်းနဲ့ရှာကြည့်ခဲ့သည်။ "သူက တော်တော်လေး လှတာ၊ ဆရာပေါ် မတွေ့ချင်ဘူးဆိုတာ သေချာလား"
"ငါ..ငါ.မကြည့်ချင်ပါဘူး"
ယန်နည်းပြဆရာက သိနေသည်ဟု ပြုံးလေသည်။ သူသည် အဘိုးပေါ်၏စရိုက်ကို သတိထားမိသည်၊ ပါးစပ်က ဂရုမစိုက်ဟု ပြောနေပေမယ့် သူ့စိတ်ထဲမှာ သိချင်စိတ်ကြောင့် ကလိကလိဖြစ်နေလိမ့်မည်။ ထို့ကြောင့် သူက သူ့ဖုန်းကို ရိုးရိုးရှင်းရှင်း ကမ်းပေးပေသည်။ "လုပ်ပါ၊ ကြည့်ကြည့်။ ဓာတ်ပုံချည်းပဲမဟုတ်ဘူး၊ သူရဲ့ကိုယ်ရေးအကျဉ်းနဲ့ အဆင့်တွေလည်းရှိတယ်"
အဘိုးပေါ်သည် ဖုန်းကို တွန့်ဆုတ်စွာလက်ခံပြီး သူ့ရင်ဘတ်အိတ်ကပ်ထဲမှ စာဖတ်မျက်မှန်ကိုထုတ်၍ ဓာတ်ပုံကို တုန်ရီနေသောလက်ချောင်းများဖြင့် သေသေချာချာ ချဲ့ကြည့်ခဲ့သည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေတုန်းက ရိုက်ကူးခဲ့သော ကျင်းရှီရဲ့ ကျောင်းအပ်တုန်းကပုံဖြစ်သည်။ အဘိုးပေါ်က မျက်မှောင်ကျုံ့၍ ခဏလောက် ကြည့်နေသည် "သူကကလေးလေးပဲ။ ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
ယန်နည်းပြဆရာက ရယ်သည်။ "သူအခုအရွယ်ရောက်နေပါပြီ၊ ဆရာပေါ်ရယ်"
"တကယ်လား။ မထင်ရဘူးနော်"
"သူကကလေးလေးလိုပဲ"
အဘိုးပေါ်သည် အနည်းငယ် စိတ်အေးသွားခဲ့သည်။ သူက သူမရဲ့အချက်အလက်တွေကို ကြည့်ဖို့ အောက်ကိုရွှေ့ပေသည် "အိုး၊ သူပညာသင်ဆုတောင်ရထားတာပဲ၊ မဆိုးပါဘူး"
"လုံးဝမဆိုးဘူး"
အဘိုးပေါ်သည် ကျင်းရှီ၏အဆင့်များကိုကြည့်ရင်း သူက "မဆိုးပါဘူး" ဟု ထပ်ခါထပ်ခါ မြည်တမ်းနေခဲ့သည်။ သူတို့သည် ခရိုင်ရုံးအ၀င်ဝသို့ရောက်သောအခါ သူသည် ယန်နည်းပြဆရာ၏ဖုန်းကို ပြန်မသေးဘဲ၊ ပေးရမှာစိုးနေသည်။ ဒါပေါ့၊ ယန်နည်းပြဆရာကလည်း သူ့ကို အလျင်စလိုမလုပ်ဘဲ ပြုံးပြုံးလေးပြောသည် "ဆရာတကယ်စိတ်ဝင်စားတယ်ဆို ကျွန်တော်တို့အကယ်ဒမီကို လာလည်လေ။ ကောင်မလေးက မနက်တိုင်း စာကြည့်တိုက်အဝင်ဝမှာ သူ့ကလပ်အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ကဗျာရွတ်တတ်တယ်။ ကျွန်တော် သူတို့ကို ခဏခဏ မြင်ဖူးတယ်"
အဘိုးပေါ်က သူ့ဖုန်းကိုပြန်ပေးပြီး သူစကားတွေကို ဆွဲထုတ်ပေသည်။ "ငါစိတ်မဝင်စားပါဘူး။ စိတ်ဝင်စားတဲ့သူသွားပေါ့၊ ငါတော့မသွားဘူး"
"တကယ်မသွားဘူးလား"
"မသွားဘူး၊ မသွားဘူး"
သူ့စကားများနှင့်မတူဘဲ နှစ်ရက်အကြာတွင် အဘိုးပေါ်သည် ပေါ့ပေါ့ပါးပါး အဝတ်အစားများလဲပြီး အကယ်ဒမီသို့ ဦးတည်သွားခဲ့သည်။
ကျန့်စစ်ရွင်းသည် ယခု စာပေကလပ်၏ဥက္ကဌဖြစ်သည်။ သူတာဝန်ယူလိုက်သည်နှင့် သူသည် ဆောင်းဦးကဗျာရွတ်ဆိုပွဲကျင်းပပြီး အရုဏ်တက်ချိန်တွင် ကလပ်အဖွဲ့ဝင်တွေကို စုစည်း၍ မတူညီသော ကျောင်းဝင်းထောင့်များတွင် ကဗျာရွတ်ကြသည်။
အချိန်တစ်ခုအထိ ကျောင်းဝင်းသည် ကဗျာစာသား၏ကျက်သရေရှိမှုများနှင့် ကဗျာရွတ်ဆိုသော လူငယ်များနှင့် ပြည့်နှက်နေသည်။
ကျန့်စစ်ရွင်းသည် ကဗျာနှစ်သက်သော ကျောင်းသားများက နံနက်တိုင်း ကဗျာရွတ်ဆိုမည့်နေရာတွင် အလိုလိုစုစည်းပြီး ရွတ်ဆိုမည်ကို မျှော်လင့်၍ ဒီအစီအစဉ်ကို ပြုလုပ်ခဲ့သည်။
ကျန့်စစ်ရွင်း၏ အကူအနေဖြင့် ကျင်းရှီနှင့် ကလပ်၏ များလှစွာသော ဖန်ဂဲလ်လေးများက သူပြောသမျှမှန်သည်နှင့် သူလုပ်သမျှက အောင်မြင်မည်ဟု ယုံကြည်ကြသည်။ သူတို့သည် သူ့ကို အခိုင်အမာ ထောက်ခံကြသည်။