အပိုင်း (၈၇)
Vol. 7 Ch. 87
မနက်တိုင်း ကျင်းရှီသည် ကဗျာရွတ်ဆိုသည့်နေရာအဝင်ဝ လှေကားထစ်များပေါ်၌ ကဗျာရွတ်ဆိုရန် သူမ၏အတန်းဖော်များကို ဦးဆောင်ခဲ့သည်။
ထိုအချိန်တွင် ရှန်ဖျင်ချွမ်နှင့် ရှုချောင်းယန်တို့ကဲ့သို့ ဖြောင့်မတ်သော ကျောင်းသားများသည် ကျန့်စစ်ရွင်း၏ ယဥ်ကျေးသိမ်မွေ့သော မျက်နှာတဆင့် မြင်နေရသည်။ အကယ်ဒမီရဲ့ရှားပါးသည့် ယောက်ျားလေး ကျောင်းသားတွေကို နူးညံ့လွန်းတဲ့သူတွေဖြစ်အောင် ဖျက်ဆီးခဲ့သည်ဟု သူတို့သည် သူ့ကို ဒေါသနှင့် ရှုံ့ချကြသည်။
မနက်တိုင်း ရှန်ဖျင်ချွမ်သည် စာကြည့်တိုက်သို့ သွားသည့်လမ်းရှိ ကဗျာရွတ်ဆိုသည့်နေရာမှ ဖြတ်သွားသည့်အခါ သူသည် တဖြည်းဖြည်းချင်း လှမ်းလာပြီး ကျင်းရှီကို လှောင်ပြောင်ပေသည်။
ကျင်းရှီကပြောသည် "အစ်ကိုက စီနီယာကျန့်စစ်ရွင်းရဲ့အရည်အချင်းကို မနာလိုဖြစ်နေတာ။ အစ်ကို့ရဲ့အရည်အချင်းက သူ့ကိုယှဉ်လို့မရဘူး"
"သူ့ကိုမနာလိုဘူး?" ရှန်ဖျင်ချွမ်က တုံးတိပြန်ပြောသည်။ "ငါ့ရဲ့လုပ်ဆောင်ချက်တွေက သူ့ထက် ပိုအောင်မြင်တယ်။ ငါ နွေဦးရာသီတိုင်းနဲ့ ဆောင်းရာသီတိုင်းမှာကျင်းပတဲ့ ကျောင်းဝင်းအတွင်း ယှဉ်ပြိုင်ပွဲတွေကိုကြည့်လေ၊ ကျောင်းဝင်းထဲမှာ အဲဒါတွေက လှုပ်ရှားအသက်ဝင်ဆုံး စုဝေးပွဲတွေလေ။ ငါ့ရဲ့စံနှုန်းက အသေးအမွှား ကလပ်ဥက္ကဌတွေထက် ပိုကောင်းတယ်။ သူသာ အရည်အချင်းရှိတယ်ဆို သူဘာလို့ ကျောင်းသားကောင်စီကို မဝင်တာလဲ"
"ကျွန်မတို့ရဲ့ ကလပ်ဥက္ကဌက သူ့ကိုယ်ပိုင် စိတ်ကူးတွေနဲ့ မျှော်လင့်ချက်တွေ ရှိတယ်" လို့ ကျင်းရှီက ပြန်ပြောပြီး သူ့ကိုကန်ထုတ်ပေသည်။ "ပြီးတော့ အစ်ကို ကျွန်မတို့ စာပေကလပ်ကိုတောင် အထင်သေးနေတာလား။ အစ်ကို့ရဲ့ပွဲတွေမှာ ယောက်ျားလေးတွေချည်းပဲ၊ မိန်းကလေးဆိုတာရှိခဲတယ်။ အစ်ကိုပိုပြီးတော့ကြိုးစားသင့်တယ်"
ရှန်ဖျင်ချွမ်က ကျင်းရှီ၏ကျစ်ဆံမြီးလေးကို ဆွဲပေသည်။ "သူအရမ်းတော်တယ်ဆို၊ သူနဲ့ ပေါ်ရန်က နင့်ကို တစ်ယောက်ပြီး တစ်ယောက် ဝန်ခံခဲ့တာကို နင်ဘာလို့သူ့ကိုမရွေးခဲ့တာလဲ"
"ကျွန်မ... စီနီယာကျန့်စစ်ရွင်းကို စံပြအနေနဲ့ပဲ သဘောကျတာလေ" လို့ ကျင်းရှီက ရှက်ရွံ့စွာ ပြောခဲ့သည် "ဒီလိုအဓိပ္ပာယ်မရှိတဲ့စကားတွေ တော်လိုက်တော့၊ ဘယ်လောက်ကလေးဆန်လဲ"
ရှန်ဖျင်ချွမ်ကို မောင်းထုတ်ပြီးနောက် မကြာမီ နံနက်လေ့ကျင့်ခန်းပြီးသွားပြီးနောက် ရင်ပြင်တွင်လမ်းလျှောက်လာသည့် စစ်တက္ကသိုလ်မှဗိုလ်လောင်းများသည် သူ့တို့၏ကာမိုအင်္ကျီများကို ပခုံးမှာပတ်ထားသည်။ သူတို့ထဲမှာပေါ်ရန်လည်းပါသည်။
နံနက်ခင်းနေရောင်ကို ကျောပေးထားသည့် သူ့တို့၏ပုံသဏ္ဌာန်များသည် ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုဆီသို့ ပြင်းထန်သည့် ထူးခြားမှုက ဖြာကျနေသည်။
"ဘော့စ်ပေါ်၊ ဘယ်သူကမရီးလဲ။ သူနဲ့တွေ့ချင်နေတာကြာပြီ၊ ဘယ်တော့မှအခွင့်အရေးမရှိခဲ့ဘူး"
"ပေါ်ရန်ရွေးထားတဲ့ ကောင်မလေးဆိုတော့ အဲဒီကအလှဆုံးပဲဖြစ်ရမယ်"
ပေါ်ရန်က လုံးဝမဖုံးကွယ်ဘဲ လှေကားထိပ်၌ ရပ်နေသည့် ကောင်မလေးကို လက်ညှိုးထိုးပြပြီး "အလှဆုံးတစ်ယောက်ကသူပဲ"
"ဘယ်လောက်ချစ်စရာကောင်းတဲ့မရီးလဲ! အိုး၊ သူ တစ်ခုခုရွတ်နေတာ၊ စိတ်အားထက်သန်မှုကိုကြည့်စမ်း"
ပေါ်ရန်၏ပါးစပ်ထောင့်က ဂုဏ်ယူစွာ တွန့်တက်သွားသည်။ "ငါ့ကောင်မလေးကတော်တယ်မဟုတ်လား"
"အရမ်းတော်တယ်"
ကျင်းရှီက ကောင်လေးများ၏အကြည့်များနှင့် ရယ်သံကို သတိထားမိသည်။ ပေါ်ရန်သည် အောင်နိုင်မှုကဲ့သို့ သူ့သူငယ်ချင်းများကို သူမကို ထပ်ပြီးကြွားဝါနေမှန်း သူမသိသည်။
ဒီကောင်လေးတွေက ဘယ်လောက်တောင် ကလေးဆန်တာလဲ။
ဒါပေမယ့် သူမဝန်ခံရမည်က ပေါ်ရန်သည် လူတိုင်းနှင့်သူငယ်ချင်းဖြစ်ပုံရသည်။ စစ်သင်တန်းကျောင်းရှိ ယောက်ျားလေးတိုင်းသည် သူ့သူငယ်ချင်းများဖြစ်မည်၊ မျက်နှာသစ်များက ကျင်းရှီကို အဆက်မပြတ် လာလာကြည့်ကြသည်။
သူ၏ဆွဲဆောင်မှုက တကယ်တစ်မျိုးပင်။
ပေါ်ရန်ရော၊ ရှန်ဖျင်ချွမ်ရောက ကျင်းရှီရဲ့ကဗျာရွတ်ဆိုသည့်နေရာကို လှမ်းလှမ်းကြည့်ကြသည်။ ပေါ်ရန်က အချစ်ပြိုင်ဖက် မှန်ဘီလူးဖြင့်ကြည့်ရှုပြီး ကလပ်အသင်းဥက္ကဌအသစ်အနေနဲ့ ဒါက ကျန့်စစ်ရွင်း၏"နိုင်ငံရေးဆိုင်ရာအောင်မြင်မှုပရောဂျက်" (T/n မျက်နှာသာရစေဖို့လုပ်ဆောင်မှု) သက်သက်ဟုသာ ယုံကြည်ခဲ့သည်။
ထိုအချိန်တွင် အဘိုးတစ်ယောက်သည် သူတို့၏ရွတ်ဆိုမှုများကို နားထောင်ရန် ဒီရက်ပိုင်း ကဗျာရွတ်ရာနေရာသို့ ပုံမှန် လာရောက်လည်ပတ်ခဲ့သည်။
သူ့ရဲ့မနက်ခင်းလေ့ကျင့်ခန်းအတွက် ထိုက်ချီယူနီဖောင်းကို ၀တ်ဆင်ထားပြီး သူ့ဆံပင်များသည် မီးခိုးရောင်ဖြစ်နေပြီဖြစ်သော်လည်း သူသည်ခွန်အားအပြည့်ဖြင့် သူ့ရဲ့အမူအရာက တည်သော်လည်း ကြင်နာတတ်သည်။ တစ်ခါတရံတွင် သူသည် ကျင်းရှီကဗျာတစ်ပုဒ်ရွတ်ဆိုသံကို ကြားသောအခါတွင် လက်ခုပ်တီး၍ပြုံးသည်။
အဘိုးသည် ကဗျာကို နှစ်သက်သည်ကို သတိပြုမိ၍ ကျင်းရှီက သူ့ကို ကဗျာရွတ်ဆိုရာတွင် ပါဝင်ရန် စဖိတ်ကြားခဲ့သည်။
အစပိုင်းမှာတော့ ရှက်တာကြောင့် အဘိုးကလက်ဝှေ့ယမ်းပြီး ငြီးတွားသည်၊ ငါကအိုနေပြီ၊ ဘာကဗျာရွတ်တာလဲ။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ လူတိုင်းက သူတို့ရွတ်ဆိုချိန်မှာ ပျော်ရွှင်လာသည်ကို မြင်လိုက်ရတော့ သူကပါဝင်ဖို့ စိတ်လှုပ်ရှားသွားသည်။ သူသည် ကဗျာဆရာအိုက်ချင်းရဲ့ "ငါချစ်သည့်မြေ" ကို ရွတ်ဆိုရန် ဆန္ဒရှိလာခဲ့သည်။
"ငါသာငှက်တစ်ကောင်ဆိုလျှင် ငါသည် မုန်တိုင်းတွေ တိုက်ခတ်နေသည့် ဤမြေမှာ လည်ချောင်းကွဲသည်အထိ တေးသီဆိုမည်... ငါ့မျက်လုံးတွေမှာ မျက်ရည်တွေ မကြာခဏ ဘာလို့ပြည့်နှက်နေရသလဲ။ အဘယ်ကြောင့်ဆိုသော် ဤမြေပေါ် ငါ့အချစ်က နက်ရှိုင်းလွန်းလို့ပင်"
အသက်ခုနစ်ဆယ်ကျော်ရှိသော်လည်း အဘိုးပေါ်သည် ကျန်းမာပြီးသန်မာသည်။ သူသည် ခက်ခဲသည့်အချိန်များကို ဖြတ်သန်းခဲ့ရသောကြောင့် ဤကဗျာရွတ်ဆိုခြင်းမှ ပို့လွှတ်လိုက်သည့် သူ့ရဲ့စိတ်ခံစားချက်သည် ကျောင်းသားများထက် ပိုသာလွန်ပေသည်။
သူရွတ်ဆိုပြီးသည်နှင့် ကျင်းရှီက ချက်ချင်း အားပါးတရ လက်ခုပ်တီးပြီး သူမနှင့်အဘိုးကြီးသည် တစ်ယောက်နှင့်တစ်ယောက် သိလာခဲ့ကြသည်။
အဘိုးသည် သူနှင့်ပေါ်ရန်ရဲ့ဆက်ဆံရေးကို ဖော်ထုတ်ခြင်းမရှိဘဲ သူသည် ကျောင်းမိသားစုဝင်ဟု ပြောခဲ့သည်။ ကျင်းရှီသည် သူက ကျောင်းမှအငြိမ်းစားဆရာတစ်ယောက်ဟု ထင်ခဲ့သည်။ တစ်ခါတရံ သူမသည် ကလပ်မှာ ပြဿနာတွေကြုံလာရသည့်အခါ သူ့ကိုအကြံဉာဏ်တွေလည်း တောင်းခဲ့သည်။
မြေးချွေးမလေးသည် သူနှင့် ပိုပြီးရင်းနှီးလိုပြီး အဘိုးပေါ်သည် သဘာဝကျကျ ပျော်ရွှင်နေခဲ့သည်။ သူသည်လည်း သူမကို နားလည်ဖို့ အခွင့်အရေးလိုချင်သည်မို့ သူသည် လွတ်လွတ်လပ်လပ် ပြောဆိုခဲ့သည်။
သူတို့နှစ်ယောက်သည် အသက်အရွယ် ကွာခြားသော်လည်း သူငယ်ချင်းများဖြစ်ခဲ့သည်။
ထိုနေ့နံနက်တွင် ကျင်းရှီသည် မွေးနေ့ကိစ္စများ ဆွေးနွေးရန် ပေါ်ရန်ထံမှ အသံမက်ဆေ့ချ်ရရှိခဲ့သည်။
အဘိုးပေါ်က ချက်ချင်း နားစွင့်ပြီး သေသေချာချာ နားထောင်ခဲ့သည်။
ကံကောင်းထောက်မစွာ ကျင်းရှီက အသံမက်ဆေ့ချ်ကို နားထောင်စဉ် အနားရှိကျောင်းသားများက အမြင့်ဆုံးအသံဖြင့် ကဗျာများရွတ်ဆိုနေကြသောကြောင့် သူမသည် လုံးဝသတိမထားမိခဲ့ပေ။
"ဒါဆို ကိုယ့်မွေးနေ့အတွက် အဘိုးနဲ့အဘွားအိမ်ကို သွားမလား"
"ဘာမှမဆုံးဖြတ်ရသေးပါဘူး၊ ကိုယ်ကဆွေးနွေးရုံပဲ။ မင်းမသွားချင်ဘူးဆို၊ ကိုယ်တို့မူလအစီအစဉ်ပဲ ဆက်လုပ်မယ်လေ"
"ဒါဆို… အဘိုးနဲ့အဘွားစိတ်ဆိုးမှာပေါ့"
"မဆိုးပါဘူး၊ ကိုယ့်အဘိုးအဘွားတွေက သဘောကောင်းပါတယ်"
အဘိုးပေါ်သည် သူ့နှသားထဲတွင် ကျိန်ဆဲလိုက်သည်၊ ဤကောင်စုတ်လေးက မိန်းမရှာတွေ့တော့ သူ့အမေကို တကယ်မေ့သွားတာပဲ။ သူစိတ်မဆိုးဘူးလို့ ဘယ်သူကပြောလဲ။ သူစိတ်ဆိုးတယ်။ သူချက်ချင်းကိုစိတ်ဆိုးသွားပြီ။
ကျင်းရှီက ခဏလောက်စဉ်းစားပြီး နောက်ထပ် အသံမက်ဆေ့ချ်တစ်ခု ပို့လေသည် "အဆင်ပြေတယ်လေ၊ လူကြီးတွေကို စိတ်ပျက်စေတာ မကောင်းပါဘူး။ ကျွန်မတို့ကအများကြီးဖြစ်နေလို့သာ ကျွန်မ သူတို့ကို နှောင့်ယှက်မိမှာစိုးတယ်"
အဘိုးပေါ်က ရုတ်တရက်ပြောပေသည် "လုံးဝအနှောင့်အယှက်မဖြစ်ဘူး၊ လုံးဝအနှောင့်အယှက်မဖြစ်ဘူး"
မှားသွားမှန်းသူကသဘောပေါက်သွားသည် "ငါပြောချင်တာက လူကြီးတွေဆိုတာ မင်းတို့ကလေးတွေ အိမ်လာပြီး သက်ဝင်လှုပ်ရှားနေတာကို သဘောကျကြတယ်"
ကျင်းရှီက ကြောင်တောင်တောင် ပြုံးပေသည် "တကယ်တော့ ကျွန်မနည်းနည်းစိတ်လှုပ်ရှားနေတယ်၊ ကျွန်မတို့ ကလေးလေးရဲ့အဘိုးအဘွားတွေနဲ့ ကျွန်မမဆုံဖူးသေးဘူး"
"မင်းသူ့ကိုဘယ်လိုခေါ်တာ"
"ကလေးလေး"
အဘိုးပေါ်ကရယ်သည် "ဒီနေ့ ကလေးတွေက တကယ်ပဲ... သူက မင်းရဲ့ကောင်လေးလေ၊ ဘာလို့သူ့ကိုကလေးလေးလို့ခေါ်တာလဲ။ မရှက်ဘူးလား"
ကျင်းရှီ၏အကြည့်များ ငုံ့ဆင်းသွားသည်၊ သူမ၏ရှည်လျားသောမျက်တောင်များက ထူထဲပြီးကော့ညွှတ်၍ သူမ၏မျက်လုံးများတွင် ကြင်နာမှုများပြည့်နှက်နေ၏ "ကျွန်မကောင်လေးက တခြားကောင်လေးတွေနဲ့ မတူဘူး။ သူ…သူ့မှာအမေမရှိဘူး၊ အဲ့ဒါမို့ ကျွန်မက သူ့ကိုပိုဂရုစိုက်ရမယ်"
အဘိုးပေါ်သည် ခဏလောက် အံ့ဩသွားပြီး အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သည်။ သူသည် သူ့လက်ကို ကျင်းရှီ၏ပခုံးပေါ်တင်လိုက်ပြီး "မင်းကလိမ္မာတဲ့ကလေးလေးပဲ"
ရှန်ဖျင်ချွမ်လိုပင် ပေါ်ရန်သည် ကဗျာရွတ်ဆိုသည့်နေရာမှ ဖြတ်သွားသည့်အခါတိုင်း သူသည် သူတို့ကို လှောင်ပြောင်ရန် ရောက်ရောက်လာသည်။ ဒါပေမယ့် တစ်နေ့ သူသည် သူ့အဘိုးက ဖိုင်တွဲတစ်ခုကိုင်ပြီး "ငါ့နက်ရှိုင်းစွာချစ်သည့်မြေ" ကို စိတ်အားထက်သန်စွာ ရွတ်ဆိုနေသည်ကို တွေ့လိုက်တော့ သူ့မေးရိုးတွေ ပြုတ်ကျတော့မည်။
ကျင်းရှီက အားရပါးရ လက်ခုပ်တီးပြီး ချီးကျူးသည် "အဘိုး၊ နောက်နှစ် မိုးစပါးကဗျာစုရုံးမှုမှာလည်း ပါဝင်ဖို့ လာရမယ်နော်"
"လုံးဝကိစ္စမရှိပါဘူး၊ သူငယ်ချင်းလေး။ အချိန်တန်ရင် ငါ့ကိုဆက်သွယ်လိုက်"
"ဟုတ်ကဲ့၊ အဘိုးမှာ ဝီချက်ရှိလား"
"ဝီချက်လား" အဘိုးပေါ်က အဲဒါဘာလဲဆိုတာမှတ်မိဖို့ အချိန်အကြာကြီး စဉ်းစားခဲ့သည်။ "အိုး၊ အိုး၊ ငါ့မြေးက ငါ ဝီချက်စာရင်းသွင်းဖို့ ကူညီပေးခဲ့တယ်၊ ဒါပေမယ့် ငါကသုံးခဲတယ်"
သူသည်လက်ကိုအကြာကြီးဝေ့ဝဲနေပြီး "လူဘယ်လိုအပ်ရမှာလဲ"
ကျင်းရှီသည် အဘိုးအတွက် QR ကုဒ်ကို ဖွင့်ပေးခဲ့သည် "အဘိုးကျွန်မကိုစကင်န်ဖတ်လိုက်"
အဘိုးပေါ်ကထပ်မေးသည် "မင်းမှာတင်ထားတာတွေရှိလား"
"ရှိတယ်၊ ကျွန်မတင်တယ်"
"ဒါဆို မင်းရဲ့လှုပ်ရှားမှုတွေ ငါမြင်ရမှာပေါ့"
ကျင်းရှီက ရှက်ရွံ့စွာပြုံးသည် "ကျွန်မ အကြောင်းအရာတွေ သိပ်မတင်ပါဘူး၊ ဆယ်လ်ဖီဓာတ်ပုံတွေ၊ အစားအစာပုံတွေနဲ့ ပစ္စည်းပုံတွေလောက်ပဲ"
"ရတယ်၊ လူငယ်တွေပဲ။ ငါ့မြေးလေးကတော့ သူ့ရဲ့ရုပ်ဆိုးဆိုးပုံတွေကိုတင်ရတာ ကြိုက်တယ်၊ အဲ့ဒါတွေက ဘယ်လောက်ဆိုးတယ်ဆိုတာ သူသိတောင်မသိဘူး"
ပေါ်ရန် - ...
အဘိုးသည် မော့ကြည့်လိုက်ပြီး တိုင်တစ်ခုလို ရပ်နေသည့်ရှိ ပေါ်ရန်ကို တွေ့သွားခဲ့သည်။ "ဘာကြည့်နေတာလဲ။ ငါ မင်းအကြောင်းပြောနေတာ"
ပေါ်ရန်ကရောက်လာပြီး အားကိုးရာမဲ့ပြောသည်။ "အဘိုး ဒီမှာဘာလုပ်နေတာလဲ"
ကျင်းရှီအံ့သြသွားသည်။ "ရှင်၊ ရှင်ဒီအဘိုးကိုသိတာလား"
ပေါ်ရန်က သူ့မျက်လုံးထောင့်အတွင်းကို ပွတ်သပ်ပြီး "သူ့ကိုကောင်းကောင်းသိတာပေါ့။ ရှီရှီ၊ မင်းကိုမိတ်ဆက်ပေးတယ်၊ ဒါငါ့အဘိုး၊ သူ့ကိုအဘိုးလို့ခေါ်"
ကျင်းရှီသည် ရုတ်တရက် တုန်လှုပ်မှုက သူမရင်ဘတ်ကို ဖုံးလွှမ်းသွားသည်။ "လာနောက်မနေနဲ့။ ဒီအဘိုးက ကျွန်မ ကဗျာရွတ်အဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်နော် ဘယ်လိုလုပ်...ဘယ်လိုလုပ် ရှင်ရဲ့အဘိုးဖြစ်နေတာလဲ"
ပေါ်ရန်သည် သူ့အဘိုးကို မကျေမနပ်ကြည့်၍ အမြန်ရှင်းပြရန် အချက်ပြလေသည်။
အဘိုးပေါ်က ပေါ့ပေါ့ပါးပါး ချောင်းဟန့်ပြီး "မိန်းကလေး ဒီကြောင်တောင်တောင်ပုံနဲ့ကလေးက ငါ့မြေးပါ"
"အာ"
ကျင်းရှီသည် အဘိုးအဘွားများနှင့် ရုတ်တရက် တွေ့ဆုံဖို့ လုံးဝမပြင်ဆင်ထားခဲ့ပေ။ မဟုတ်ဘူး၊ သူမသည် သတိမထားမိဘဲကို အဘိုးနဲ့တွေ့ခဲ့ရသည်။
ဒါက… ကိုးရိုးကားရားနိုင်လွန်းသည်!
သူမသည် အဘိုးကို လျှို့ဝှက်အတွေးများကို ပြောပြခဲ့သည်။ အခုပြန်တွေးကြည့်တော့...သူမမှာ မျက်နှာမကျန်တော့ပေ။
"အာ၊ မင်္ဂလာပါအဘိုး။ ကျွန်မကျင်းရှီပါ၊ အသက်ဆယ့်ကိုးနှစ်..." သူမက ရှက်ရွံ့ပြီး သူ့ကိုယ်သူ ပြန်မိတ်ဆက်ခဲ့သည်။
"အဘိုး ကျွန်တော့်ကိုကြိုမပြောဘဲ ကျောင်းကိုလာတယ်။ ကြည့်ဦး၊ ကျွန်တော့်ကောင်မလေးကို ကြောက်အောင်လုပ်တယ်…"
ပေါ်ရန်ကလာပြီး ကျင်းရှီကိုဖက်ကာ သူမကိုစိတ်သက်သာအောင် "အဆင်ပြေတယ်၊ ကိုယ့်အဘိုးက အနားယူထားတာမို့ တစ်နေကုန် ဘာမှလုပ်စရာမရှိဘူး၊ နေရာတိုင်းလျှောက်သွားနေတာ။ ကံကြမ္မာက မိုင်ထောင်ချီကနေ ကိုယ်တို့ကို ဆုံစည်းစေတယ်၊ မင်းကိုမိသားစုနဲ့တွေ့စေတယ်"
"မဟုတ်တာတွေမပြောနဲ့တော့" ကျင်းရှီက တိုးတိုးလေးပြောပြီး သူ့ကိုတွန်းထုတ်ပေသည်။ သူမက အဘိုးပေါ်ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီး သူ့ကိုအဘိုးဟုခေါ်သည်။
အဘိုးပေါ်က အားရပါးရ ရယ်လိုက်ပြီး "ကောင်းတယ်၊ ကောင်းတယ်။ ကောင်စုတ်လေး ကျင်းရှီနဲ့ငါ မင်းရဲ့မွေးနေ့အတွက် မင်းရဲ့အတန်းဖော်အားလုံးကို အိမ်မှာ ညစာအတူတူစားဖို့ ဖိတ်မယ်လို့ သဘောတူထားပြီးပြီ။ အိမ်ကအစားအသောက်က စားသောက်ဆိုင်ထက် ပိုကောင်းပါတယ်။ စားသောက်ပြီးရင် မင်းတို့ဘာပဲလုပ်လုပ် မင်းအဘွားနဲ့ငါ ဝင်မစွက်ဖက်ပါဘူး"
"မင်းတို့နှစ်ယောက်သဘောတူလား"
ကျင်းရှီက ခေါင်းညိတ်သည်။ "ဒါဆိုအဘိုးအိမ်သွားပြီး သူနဲ့ညစာစားမယ်လေ"
အဘိုးပေါ် ထွက်သွားပြီးနောက် နောက်ဆုံးတွင် ကျင်းရှီက သက်ပြင်းချပြီး ပေါ်ရန်ကို လက်သီးဖြင့်ထိုးသည်။ "ရှင်တို့မိသားစုရဲ့လူကြီးတွေနဲ့ ကလေးတွေက ဘယ်လိုလုပ်… လှည့်စားတတ်တာလဲ!"
ပေါ်ရန်သည် သူမ၏ နူးညံ့သောလက်သီးကို ညှစ်လိုက်ပြီး "ကိုယ့်အဘိုးငယ်ငယ်က အထူးအေးဂျင့်လေ။ ကြံစည်တတ်တဲ့နေရာမှာ ကိုယ်က သူ့မမှီဘူး။ ကလေးတုန်းက သူကကိုယ့်ကို ခဏခဏ လှည့်စားတယ်၊ မင်းလိုအရူးမလေးဆိုထားလိုက်တော့"
ကျင်းရှီက နှုတ်ခမ်းစူပြီး "ကျွန်မ အဘိုးကို လျှို့ဝှက်ကိစ္စတွေအများကြီးပြောခဲ့တယ်၊ အရမ်းရှက်စရာကောင်းတာပဲ"
"မင်း သူ့ကိုဘာပြောလိုက်လို့လဲ"
"အများကြီးပဲ၊ ယန်ရှောင်ယွမ်နဲ့ ကျွန်မရဲ့ပဋိပက္ခတွေ ပြီးတော့…ပြီးတော့ ရှင့်ကိစ္စတွေ"
ကျင်းရှီက သူမ၏ နီရဲနေသောမျက်နှာကို ဖုံးအုပ်ပြီး သူမလုံးဝကိုရှက်နေခဲ့သည်။ "အိုးမိုင်ဂေါ့၊ ကျွန်မက အရူးပဲ"
ပေါ်ရန်က အခု အနည်းငယ် စိုးရိမ်သွားသည်။ သူကမရေမရာမေးမြန်းခဲ့သည်။ "မင်း ကိုယ့်ရဲ့လျှို့ဝှက်ချက်အကုန်လုံးကို ပြောလိုက်တာလား"
"ဟုတ်တယ်"
"မင်း…" ပေါ်ရန်က တုံ့ဆိုင်းသွား၍ သူမနားကို တိုးကပ်ပြီး "ကိုယ် မင်းကို ကူညီခိုင်းတဲ့အကြောင်း မင်းသူ့ကိုမပြောလိုက်ဘူးမလား"
"..."
"ပေါ်ရန်၊ ရှင်က ဝက်လား။ ကျွန်မ ဒါတွေကို တခြားသူတွေကို ဘယ်လိုလုပ် ဖြစ်သလိုပြောနိုင်မှာလဲ"
ဤအချစ်ဇာတ်လမ်းတွင် ကျင်းရှီသည် အသစ်တစ်ယောက်သာသာ ဖြူစင်ပြီး ပေါ်ရန်က ယောက်ျားလေးတစ်ယောက်ဖြစ်တာကြောင့် သူမထက် သဘာဝကျကျ ပိုနားလည်ခဲ့သည်။
သူသည် သူမကို ကိစ္စများကို ဖြည်းဖြည်းချင်း သင်ကြားပေးခဲ့သည်။
နက်ရှိုင်းသော အနမ်းများ၊ အထိအတွေ့များနှင့် တစ်ယောက်နဲ့တစ်ယောက် ကျီစားမှုများကဲ့သို့။
ကျင်းရှီသည် ဤအရာများကို လေ့လာရသည်ကို သဘောမကျတာတော့ မဟုတ်ပေ။ သူမသည် ကမ္ဘာသစ်တစ်ခု၏တံခါးဝတွင် ရပ်နေခဲ့သော ကလေးတစ်ယောက်ကဲ့သို့ စပ်စပ်စုစုနှင့် အထဲကို ချောင်းကြည့်နေမိခဲ့သည်။
သူတို့ပန်းချီဆွဲတုန်းက သူမရဲ့ကိုယ်လုံးတီးကို သူမြင်ပြီးတာကြောင့် သူမလည်း သူ့ကို ကိုယ်လုံးတီး တစ်ကြိမ်လောက်မြင်ရမှ တရားမျှတမည်ဟု သူမက အကြံပေးခဲ့သည်၊ မဟုတ်ရင် နည်းနည်းတော့ မတရားဘူးလို့ ခံစားရစေသည်။
ကျင်းရှီက ပေါ်ရန်၏ခန္ဓာကိုယ်နှင့်ပတ်သက်၍ သိချင်ခဲ့ရုံပင်။
ပေါ်ရန်သည် ယောက်ျားတွေအားလုံးက အတူတူပဲ သိပ်ကြည့်စရာမရှိဘူးဟုဆို၍ ရှက်တောင်ရှက်နေခဲ့သည်။
ကျင်းရှီက သူ့ကို စိတ်ချစေဖို့ သူ့ပခုံးကို ပုတ်ပြီး "ယောက်ျားအားလုံးက အတူတူပဲဆိုတာ ကျွန်မသိပါတယ်၊ အရင်က ကျွန်မ မမြင်ဖူးခဲ့တာမှ မဟုတ်ဘဲ"
"မင်းဘယ်မှာတွေ့ခဲ့တာလဲ"
"ဘိုင်အိုဖတ်စာအုပ်တွေထဲမှာလေ အစိတ်အပိုင်းတွေကို ခွဲခြားပြထားတာ တွေ့ဖူးပါတယ်"
"..."
ဇီဝဗေဒဖတ်စာအုပ်များတွင် နမူနာပုံများသည် လက်တွေ့နှင့် မတူညီနိုင်ဘူး။
ကျင်းရှီက ဤကဲ့သို့တောင်းဆိုလာသည့်အတွက် ယောက်ျားတစ်ယောက်အနေနဲ့ ပေါ်ရန်သည် စိတ်ရှုပ်သွားခဲ့သည်၊ စိတ်လှုပ်ရှားသော်လည်း ရှက်သည်၊ သူမကို ပြချင်ရင်တောင် ပြဖို့ ကြောက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့စိတ်ခံစားချက် အခြေအနေသည် မိန်းကလေးထက် ပိုရှုပ်နေခဲ့သည်။
အတွဲအားလုံးသည် အနှေးနှင့်အမြန် ဒါတွေကို ဖြစ်ကျော်ရသည်ဟု ပေါ်ရန်သည် သူ့ကိုယ်သူ ဖြောင်းဖြခဲ့သည်။
နှစ်ယောက်သားသည် အခု သူတို့၏လျှို့ဝှက်နေရာဖြစ်လာသည့် ပန်းချီစတူဒီယိုကို ပြန်သွားခဲ့သည်။
အပေါ်ထပ်တွင် ကျင်းရှီသည် လိုက်ကာများအားလုံးကို ပိတ်လိုက်ပြီး လင်းထိန်နေစေရန် မီးများကို ဖွင့်၍ ပေါ်ရန်ပေါ် တောက်ပစေရန် ထောင့်ကနေ မီးမောင်းတစ်ခုကို ယူလာ၍ ဖွင့်ခဲ့သည်။
ပေါ်ရန်:...
သူမ ဒီနေရာမှာ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူ့ကိုခွဲစိတ်မို့လား။
သူက ဆိုဖာဘေးမှာ ထိုင်ချလိုက်ပြီး အားကိုးရာမဲ့ ပြောသည် "မီးတွေအကုန်ပိတ်လိုက်ပါ"
"မီးပိတ်လိုက်ရင် ကျွန်မဘယ်လိုလုပ်မြင်ရမှာလဲ"
"ဘယ်လောက်တောင် ရှင်းရှင်းလင်းလင်း မြင်ရဖို့ မင်းကြိုးစားနေတာလဲ"
"အမ်..."
သူ့ရဲ့မေးခွန်းကြောင့် စိတ်လှုပ်ရှားသွား၍ ကျင်းရှီ၏မျက်နှာသည် နီရဲလာပြီး သူမသည် ပြန်မဖြေခဲ့ပေ။
ကောင်းပြီ၊ ကောင်းပြီ ဒီနေ့ ရှင်ကဘော့စ်ပဲလေ။
မီးတွေပိတ်လိုက်တော့ စတူဒီယိုသည် ရုတ်တရက် မှောင်ကျသွားပြီး လိုက်ကာများမှ ဝင်လာသည် အလင်းရောင် ဖျော့ဖျော့သာ လင်းနေခဲ့သည်။
ပေါ်ရန်က သူ့အင်္ကျီကို စတင်ချွတ်ပြီး ကျင်းရှီက ဆိုဖာထောင့်မှာ ထိုင်၍ သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။
သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေက အရင်ကထက် ပိုပြီးတောင် ပုံကျလာပြီး ကြံ့ခိုင်လာသည်၊ အထူးသဖြင့် သူ့ဗိုက်ကြွက်သားက နှစ်ခုပိုရှိလာပေသည်။
ဤအရာက မကြာသေးမီက သူ့ရဲ့လေ့ကျင့်မှုက ဘယ်လောက်တောင် ပြင်းထန်သည်ဆိုတာကို ပြသနေခဲ့သည်။
ကျင်းရှီက သူ့ရဲ့လက်ချောင်းရှည်ရှည်များကို ခါးပတ်ခေါင်းပေါ် တင်ထားသည်ကို ကြည့်နေခဲ့သည်။ တဖြည်းဖြည်းချင်း သူက ချိတ်ကို ထပ်ခါထပ်ခါ ဖြုတ်နေပြီး သူမကို ထပ်ထပ်မေးခဲ့သည် "မင်းကြည့်ချင်တာသေချာလား"
"အင်း"
"မင်းစဉ်းစားပြီးပြီလား"
"အင်း"
"နောင်တမရဘူးလား"
"..."